💢အကြောက်တရားကိုကျော်ဖြတ်ပြီး ဒီမိုကရေစီကို ဘယ်လိုပြန်လမ်းရှာမလဲ
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခုအကြောင်းကို ဆွေးနွေးချင်ပါတယ်။ အခုဆိုရင် အရပ်သားပြည်သူတွေ လမ်းပေါ်သွားလာနေတာကအစ၊ လုံခြုံရေးအပြည့်နဲ့ သွားနေတဲ့သူတွေတောင် ဘေးကင်းတယ်လို့ မခံစားရတဲ့ အချိန်မျိုးကို ရောက်နေပါတယ်။
💢 ကျွန်တော်တို့ တိုင်းပြည်က အကြောက်တရားရဲ့ အောက်မှာ ပိတ်မိနေသလိုမျိုး ခံစားရတာ အားလုံးအသိပါပဲ။ ဒီအကြောက်တရားတွေကို ကျော်ဖြတ်ဖို့၊ ကျွန်တော်တို့ တကယ်တမ်း ဘာတွေလုပ်ဖို့လိုမလဲဆိုတဲ့ အချက် ၃ ချက်ကို ဒီနေ့ စကားပြောချင်ပါတယ်။
အခုလက်ရှိ အခြေအနေက တကယ်ကိုရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဒီအရှုပ်အထွေးတွေကြားထဲကနေ လမ်းကြောင်းတစ်ခုကို ပြန်ရှာဖို့အတွက် ကျွန်တော် တွေးမိထားတဲ့ အချက် ၃ ချက်ကို အတူတူ သုံးသပ်ကြည့်ရအောင်။
✨ပထမအချက် - တပ်မတော်နဲ့ ငြိမ်းချမ်းရေးရဲ့ အပေးအယူ
ပထမဆုံးတစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေကို ပြန်ကြည့်ရမယ်။ တပ်မတော်အနေနဲ့ သူတို့ လက်လွတ်ထားရတဲ့ မြို့တွေကို ပြန်သိမ်းနိုင်ဖို့ လိုအပ်တယ်။ အခုသိမ်းထားတဲ့ မြို့ပေါင်း ၁၀၀ နီးပါးထဲကနေ နောက်ထပ် မြို့ ၆၀ လောက်ကို ပြန်လည်ထိန်းချုပ်နိုင်မှသာ အပေါ်စီးကနေ ငြိမ်းချမ်းရေးစကား ပြောလို့ရမှာပါ။ ဥပမာ - MNDAA သိမ်းထားတဲ့ လောက်ကိုင်၊ ကွင်းလုံ၊ နောက်ပြီး AA လက်ထဲရောက်နေတဲ့ ပလက်ဝ၊ သံတွဲ၊ ဘူးသီးတောင်နဲ့ မောင်တောလို နေရာမျိုးတွေပေါ့။ ဒါတွေဟာ တပ်မတော်ရဲ့ သိက္ခာအတွက်ရော၊ နိုင်ငံရဲ့ အချုပ်အခြာအတွက်ပါ အရမ်းအရေးကြီးပါတယ်။ တကယ်လို့ တပ်မတော်က အဲဒီလိုမျိုး အပေါ်စီးကနေ ပြန်ထိန်းချုပ်နိုင်လာပြီဆိုရင် ငြိမ်းချမ်းရေးလမ်းကြောင်းက ပိုပြီး ပီပြင်လာပါလိမ့်မယ်။
✨ဒုတိယအချက် - လူထုရဲ့ အသက်ရှုပေါက် ကုန်ဈေးနှုန်း
ဒုတိယအချက်ကတော့ ကျွန်တော်တို့ ပြည်သူတွေ အခုထိ အခံရဆုံးဖြစ်တဲ့ ကုန်ဈေးနှုန်းပြဿနာပါ။ အိမ်ခြံမြေဈေး၊ ကားဈေး၊ စက်သုံးဆီဈေး... ဒီလိုအခြေခံလိုအပ်ချက်တွေက လူထုကို အသက်ရှုကျပ်စေပါတယ်။ အစိုးရအနေနဲ့ ဒီအချက်တွေကို တကယ်ကို ထိထိရောက်ရောက် ဖြေရှင်းပြဖို့ လိုပါတယ်။
အခြေခံလူတန်းစားတွေ အစဉ်ပြေရင် တိုင်းပြည်အတွက် 50% အေးချမ်းစေပါတယ် ။အုပ်ချုပ်သူအစိုးရရဲ့အရည်အချင်းကို လူထုကကြည့်ရင် ဘာကိုအရင်ကြည့်မလဲဆိုတော့ "ငါတို့ စားဝတ်နေရေး တကယ်သက်သာလာပြီလား" ဆိုတဲ့ အချက်ကိုပဲ ကြည့်မှာပါ။ ဒီအပြောင်းအလဲကိုသာ ချက်ချင်းလက်ငင်း လုပ်ပြနိုင်မယ်ဆိုရင် ပြည်သူလူထုရဲ့ ယုံကြည်မှုက အလိုလို ပြန်လည်ရရှိလာမှာပါ။
✨တတိယအချက် - PDF တွေနဲ့ နိုင်ငံရေးလမ်းကြောင်း
တတိယအချက်ကတော့ PDF တွေအကြောင်းပါ။ အထူးသဖြင့် ကျောင်းသားအရွယ်လေးတွေ၊ လူငယ်တွေ အများကြီးပဲ။ အခုပေးထားတဲ့ အလင်းဝင်ခွင့် ကမ်းလှမ်းချက်တွေက တကယ်ကောင်းပါတယ် ။ ဒါပေမယ့် ဝါဒဖြန့်ချီရေးအပိုင်းနဲ့ အလွယ်တကူအလင်ဝင်းဖို့အတွက်ကျ မလုံလောက်သေးဘူးလို့ ကျွန်တော်အေနနဲ့မြင်မိပါတယ်။ သူတို့အတွက် ပိုကောင်းတဲ့လမ်းကြောင်း၊ စာသင်ခန်းတွေ ပြန်ဖွင့်ပေးတာမျိုး၊ တခြားသော အလုပ်အကိုင်ဖန်တီးပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ် ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း စစ်ရေးအရ ဒီထက်ပိုပြီး ငြိမ်းချမ်းရေးလမ်းစဉ်ထဲ ပါဝင်နိူင်ရန် ဖိအားပေးဖို့လိုအပ်နေပါသေးတယ် ။ သူတို့ ဒီစနစ်ထဲ ပြန်ဝင်လာအောင် ဖန်တီးပေးလိုက်ရင် စစ်ရှုံးလာတဲ့ EAO တွေတောင် သူတို့ဘာသာ သူတို့ လမ်းကြောင်းပြောင်းလာမှာပါ။
ဒီအချက် ၃ ချက်ကိုသာ အောင်အောင်မြင်မြင် လုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာရော၊ ပြည်သူတွေပါ ဒီအစိုးရ တကယ်ပြောင်းလဲနေပြီဆိုတာကို လက်ခံလာမှာပါ။ အခုလောလောဆယ်မှာတော့ ဘာတစ်ခုမှ မပီပြင်သေးသလို ခံစားရတယ်။ ရက် ၁၀၀ စီမံကိန်းလို့ ပြောပေမယ့်လည်း ပြည်သူတွေ တကယ်ထိတွေ့ရမယ့် အပြောင်းအလဲမျိုး မတွေ့ရသေးဘူး။ ဒါတွေဟာ ဖိအားတွေကြောင့်လို့ ပြောကြပေမယ့် အချိန်က အတော် ကုန်နေပြီပဲ မဟုတ်လား ။
💢ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ၂၀၂၇ ခုနှစ်မှာ ဒီမိုကရေစီဆိုတာ ပုံပေါ်လာဖို့ဆိုရင် အပေါ်ကပြောခဲ့တဲ့ ၃ ချက်ကို အမှန်တကယ် လုပ်ဆောင်ပြဖို့ လိုပါတယ်။ အဲဒီလိုမှသာ အစိုးရက ထိန်းချုပ်ထားတာတွေကို လျှော့ချပြီး တကယ့်အပြောင်းအလဲရဲ့ အရသာကို ပြည်သူတွေ ခံစားရမှာပါ။
ဒါပေမဲ့ ကျွန်တော်တို့ သတိထားရမယ့် အချက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ ရခိုင်အရေးပါ။ ရခိုင်မှာဖြစ်နေတဲ့ စစ်ပွဲတွေ၊ နောက်ပြီး ၂၀၂၇ မှာ ရခိုင်ကို အပြီးသိမ်းမယ်ဆိုတဲ့ AA ရဲ့ ကြုံးဝါးသံတွေက ကျွန်တော်တို့ကို စိုးရိမ်စေတယ်။ အကယ်၍ ရခိုင်မှာ အခြေအနေတွေ ပိုဆိုးလာပြီး ခွဲထွက်ဖို့အထိ ဖြစ်လာမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ ဒီမိုကရေစီကို အကြီးအကျယ် ထိခိုက်စေပါလိမ့်မယ်။ AA ကနယ်မြေတွေထပ်တိုးပြီး မသိမ်းနိူင်ရင်တောင် အခုသူတို့သိမ်းပိုက်ထားတဲ့ နယ်မြေနဲ့ ခွဲထွက်ရေးလုပ်မယ် ဆိုရင် အချုပ်အခြာအာဏာ ပြိုပျက်မှုဟာ ဒီမိုကရေစီရဲ့ အဓိက အတားအဆီးဖြစ်လာမှာပါ။
ဒါကို အဓိကတာဝန်ယူရမှာက ဗဟိုအာဏာကို ပိုင်ဆိုးထားတဲ့ လူတွေမှာ ပိုပြီးတာဝန်ရှိပါတယ် ။
ဆိုတော့ကာ ဘာပဲပြောပြော... ကျွန်တော်တို့ဟာ ဒီအကြောက်တရားတွေကြားမှာ အချိန်တစ်ခုအထိတော့ ရုန်းကန်နေရဦးမှာပါ။ ဒါပေမဲ့ လမ်းကြောင်းတစ်ခုတော့ ရှိပါတယ်။ကျနော်တို့ အစိုးရအနေနဲ့ ခုနကပြောတဲ့ ၃ ချက်ကို တကယ်ကို စိတ်ရင်းနဲ့ အကောင်အထည်ဖော်ဖို့၊ ပြီးတော့ ရခိုင်အရေးကိုလည်း ဉာဏ်ပညာရှိရှိနဲ့ ပြတ်ပြတ်သားသား ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။
💢တချို့တိုင်းရင်းသားတွေအပေါ်တော့ အားနာပါတယ် ။ ဒါပေမယ့်
အားမနာတမ်း ပြောရရင် လူမျိုးရေးနဲ့လုပ်တဲ့စစ်ပွဲကို လူမျိုးရေးနဲ့ အပြုတ်တိုက်အပြတ်ရှင်းပစ်ရင် ဘယ်လူမျိုးစုအဖွဲ့အစည်းမှ မခံနိူင်ပါဘူး ။
ဒီအခြေအနေတွေသာ မပီပြင်သေးဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်က အခုလိုပဲ ဝေဝါးနေဦးမှာပါ။ ကျနော်တို့ရဲ့ ပြည်ထောင်စုကလည်း ကွဲလိုက်ပြဲလိုက် ဖြဲလိုက် ခွဲလိုက်နဲ့ပဲ လုံးလည်ခြာလည်လိုက်နေအုံးမှာပဲလို့ပဲ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။
ဒါပေမဲ့ အားမလျှော့ပါနဲ့၊ ကျွန်တော်တို့ အတူတူ စောင့်ကြည့်ကြမယ်၊ အတူတူ သုံးသပ်ကြမယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံ တကယ်ပြန်ကောင်းလာဖို့အတွက် ဒီအပြောင်းအလဲတွေကိုပဲ ကျွန်တော်တို့ အားလုံး တောင်းဆိုနေရမှာပါ။
ဒီနေ့ ပြောပြသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး မိတ်ဆွေတို့ ဘယ်လိုမြင်လဲ။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီခရီးလမ်းက လာမယ့်၂၀၂၇ မှာ တကယ်ပဲ ပုံပေါ်လာနိုင်ပါ့မလား။ ကိုယ့်ရဲ့ အမြင်လေးတွေကိုလည်း comment မှာ ဝေမျှပေးသွားပါဦး။
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ နောက်တစ်ခေါက်ကျမှ နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ ထပ်တွေ့ကြမယ်။ အားလုံးပဲ ကျနော်တို့ရဲ့ပြည်ထောင်စုသမ္မတ မြန်မာနိူင်ငံတော်အတွင်းမှာ ဘေးကင်းလုံခြုံကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် ။

No comments:
Post a Comment