Tuesday 8 March 2022

 ▪️ဘာသာရေး

ဘုရားသား‌ေတာ်ရဟန်းသံဃာတော်တွေ မရှိတော့ဘူး ဆိုရင် အနာဂတ် ကုသိုလ်ရေး သာသနာကြီး ပျက်သုဉ်းသွားမှာပါ။ သာသနာ့တာဝန် ထမ်းဆောင်နေသော တရားပြ စာချ စာချီ တရားကျင့်ကြံနေကြသော ရဟန်းသံဃာ ဆရာတော်ဘုရားတွေသာ မရှိတော့ရင် သာသနာပျက်သုန်းသွားရုံတင်သာမက ယဉ်ကျေးမှု စရိုက်လက္ခဏာနှင့် အမျိုးသားရေးစိတ်ဓာတ်တွေပါ ပျက်ဆီးသွားမှာပါ ။ 

အဲ့ဒီလိုပျက်သုန်းအောင် လုပ်ဆောင်တဲ့ အထဲကုိ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကျနော်တို့ မပါဝင်မိစေနဲ့။ 


▪️ပညာရေး

စာသင်ကျောင်းတွေမှာ စာသင်ပေးမယ့် ဆရာ/မရှိတော့ရင် ‌ကျောင်းသား/သူတွေရဲ့ ပညာရေးက 

ပျက်ဆီးသွားပါတယ် ၊ စာပေသင်ယူကြမယ့်ကျောင်းသား/သူတွေသာ ကျနော်တို့တိုင်းပြည်မှာ မရှိတော့ဘူး ဆိုရင် လူငယ်တွေရဲ့ အနာဂတ် ပညာရေးပျက်သုဉ်းသွားမှာအ‌ေသအချာပါပဲ ။ ပညာဆိုတာ တိုင်းပြည်က အခြေခံပါပဲ ပြည်သူတွေ ပညာမတတ်ကြရင် တိုင်းပြည်ကို ဖျက်ဆီးကြပါလိမ့်မယ် ။ ပညာမဲ့အောင် လုပ်ဆောင်နေရင် တိုင်းပြည်ကို ဖျက်ဆီးတာနဲ့ အတူတူပါပဲ ။


အဲ့ဒီလိုပျက်သုန်းအောင် လုပ်ဆောင်တဲ့ အထဲကုိ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကျနော်တို့ မပါဝင်မိစေနဲ့။ 


▪️ကျန်းမာရေး

ကျန်းမာရေးကဏ္ဍလည်း ထို့အတူပါပဲ ၊ ဆေးဝါးကုသပေးမယ့် ဆရာဝန် သူနာပြုတွေ မရှိတော့ရင် ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုကဏ္ဍ ပျက်ဆီးပြီး အသက်တွေ အလွယ်တကူ သေဆုံးကြရမှာပါ ။ 

အဲ့ဒီလိုပျက်သုန်းအောင် လုပ်ဆောင်တဲ့ အထဲကုိ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကျနော်တို့ မပါဝင်မိစေနဲ့။ 


▪️ကာကွယ်ရေး

တိုင်းပြည်နှင့်လူမျိုးကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်သားတွေသာ မရှိတော့ဘူးဆိုရင်

အနာဂတ် နိုင်ငံ့ လုံခြုံရေး ပျက်သုဉ်းသွားမှာပါ။

နိူင်ငံတော်လုံခြုံရေးမရှိရင် ပြည်သူလူထုအများစုက အကြောက်တရား နဲ့ စိုးရိမ်သောကတွေနဲ့ ရှင်သန်ကြရမှာပါ ။ 

အဲ့ဒီလိုပျက်သုန်းအောင် လုပ်ဆောင်တဲ့ အထဲကုိ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကျနော်တို့ မပါဝင်မိစေနဲ့။ 


▫️တိုင်းပြည်တစ်ခုအဖြစ် 

▫️နိူင်ငံတော်တစ်ခုအဖြစ် 

ကမ္ဘာ့အလယ်မှာ မားမားမတ်မတ်ရပ်တည်နိူင်အောင် အထက်ပါအဖွဲ့အစည်းတွေ ပြိုကွဲပျက်ဆီးလို့ မရပါ ၊ ပျက်ဆီးပြိုကွဲသွားခဲ့ရင်လည်း အင်္ဂါအစုံတဲ့ တိုင်းပြည်နိူင်ငံတော်ပဲ ဖြစ်ပါလိမ့်မယ် ။

 

၎င်းတို့ကို ပျက်ဆီး‌ေအာင် ပြိုကွဲသွားအောင်  

နည်းလမ်းအမျိုးမျိုးဖြင့် ပြည်တွင်းပြည်ပကနေ 

လုပ်ဆောင်နေကြသောလူတွေ ယနေ့ခေတ်မှာအများကြီး ရှိနေပါတယ် ။

အဲ့ဒီထဲက အများစုက ဒီမိုကရေစီနဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့စိတ်နဲ့ ရိုးသားစွာပါဝင်ခဲ့သူတွေလည်း ရှိသလို ယဉ်ကျေးမှုစရုိက်လက္ခဏာတွေကို ပျက်စီးစေလိုသောရည်ရွယ်ချက်နဲ့ သွေးထိုးလှုပ်ဆော် လုပ်ဆောင်နေသူတွေလည်း ရှိ‌ေနပါ‌ေသးတယ် ။


အဲ့ဒီလိုပျက်သုန်းအောင် လုပ်ဆောင်တဲ့ အထဲကုိ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကျနော်တို့ မပါဝင်မိစေနဲ့။ 


#အဓိပတိကမ်မ


 တိုင်းပြည်တစ်ခု ငြိမ်းချမ်းဖို့က ပြည်သူ‌အများစုအပေါ်မှာ အများကြီး မူတည်နေပါတယ် ။


ပြည်သူလူထု ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးရင် မြတ်နိူးသလောက် တိုင်းပြည်က ငြိမ်းချမ်းနေမှာပါ ။

တန်ဖိုးထားရင် တန်ဖိုးထားသလောက် အေးချမ်းသာယာပါလိမ့်မယ် ။

ပြည်သူတွေ ကိုယ်တိုင်က စစ်ကို ဖိတ်ခေါ်နေကြရင်တော့ အမြှောက်ဆံကျည်ဆံတွေ နဲ့အတူ စစ်ရဲ့ အနိဌာရုံတွေပါ တစ်ပါတည်း ပြည်သူလူထု‌ေတွဆီကို အမြန်ချောပို့နဲ့ ရောက်လာပါလိမ့်မယ် ။ 

တိုင်းပြည်တစ်ခု

မငြိမ်းမချမ်း ဖြစ်နေရခြင်းတွေကလည်း အုပ်ချုပ်သူအစိုးရနဲ့သာ သက်ဆိုင်တယ် ဆုိတာထက် ပြည်သူတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်လို့ ကျနော်ကတော့ ထင်မြင်ယူဆမိပါတယ် ။


ပြည်သူလူထု ကိုယ်တိုင်က

တိုင်းပြည် ငြိမ်းချမ်း‌ေနဖို့ အေးချမ်းသာယာ‌ေနဖို့ကို လိုလားမှု မရှိ‌ေသးရင် ပြည်သူ့ တွေပဲ

ဆင်းရဲဒုက္ခတွေနဲ့ တချိန်လုံး နေကြဦးမှာပါ။


ကိုယ်ရွေးချယ်တဲ့လမ်းကို ကိုယ်ကိုတိုင် လျှောက်ကြရမှာပါ ၊ 


မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ 🇲🇲

ပြည်သူအများအေးချမ်းကြပါစေ🇲🇲


#အဓိပတိကမ်မ 



 ကာချုပ်ဘေးလည်း သောက်တစ်လွဲကောင်တွေပဲ ရှိတာလား ဒါမှမဟုတ် ကာချုပ်ကပဲ သောက်တစ်လွဲ ဖြစ်နေတာလား သေချာတော့မသိဘူး ထွက်လာတဲ့အမိန့်တွေက သောက်တစ်လွဲတွေ ဖြစ်နေတာတော့ အသေအချာပဲ ။


နစကအစိုးရဆိုလား အိမ်စောင့်အစိုးရ ဆိုလားတော့ မပြောတတ်ဘူး ဖေဖော်ဝါရီ ၁ရက်နေ့ ဆိုင်တွေ မဖွင့်ပဲ ပိတ်ထားမိရင် ချိတ်ပိတ်မယ် ဖမ်းဆီးထောင်ချမယ်တဲ့ ၊


ဆိုင် ဖွင့်ပြန်ရင်လည်း ဗုံးခွဲမယ် လုပ်ကြံမယ် boycott လုပ်မယ် နဲ့ ချိန်း‌ေခြာက်ပြောဆို‌ေနကြတဲ့ အစိုးရဆန့်ကျင်နေတဲ့ အဖွဲ့ကလည်း ရှိနေပြန်သေးနဲ့ အတော်အခက်တွေ့နေမှာ အသေအချာပါပဲ ။


နစက ကတော့ တကယ်လုပ်မယ် မလုပ်မယ်သေချာမသိပေမယ့် တစ်ဖက်ကတော့ တကယ်အပြတ်‌ေဆာ်မှာက အသေအချာပါပဲ ။

(ရှေ့မှာလည်း မနည်းလုပ်ခဲ့ပြီးပြီ နောက်လည်း ထပ်လုပ်အုံးမမယ့် အနေအထား )

ဗုံးခွဲခံရ / လုပ်ကြံခံရလည်း နစက အစုိးရက သတင်းစာရှင်းလင်းပွဲရောက်ရင်တော့ တစ်ဦးချင်းလုံခြုံရေးတော့ အပြည့်အဝ မပေးနိူင်ပါဘူးလို့ ပြန်ကြားရေးဒုဝန်ကြီးကလည်း ခပ်တည်တည်ပဲ ပြောပါလိမ့်မယ် ။


အခုချိန်မှာ တော်လှန်ရေးလုပ်နေတဲ့ လူတွေကဘက်လည်း ကလေးကလား စကားတွေပြော‌ေနတယ် ပေါက်လွတ်ပဲစားလော်ဘီတွေက လည်း အောက်တန်းစားလိုပြောနေကြတယ် ။


အာဏာထိမ်း အိမ်စောင့်အစိုးရ ကလည်း ပြီးခဲ့‌ေသာ 2021 February 1 ရက်နေ့ တက်လာကတည်းက ထွက်လာတဲ့အမိန့်တွေက သောက်တလွဲဥပဒေအမိန့်တွေပဲ ထွက်ထွက်လာတယ်၊


(ဥပမာ- ဆိုင်ကယ်တစ်စီး ဥနှစ်လုံး မစီးနင်းရ ၊ 

VPNမသုံးရ သုံးရင်ထောင်သုံးနှစ် ၊ 

၁ ၂ ၂၀၂၂ ရက်နေ့ ဆိုင်ပိတ်ရင်/လက်ခုတ်တီးရင်/အပြင်မထွက်ရင် ချိတ်ပိတ်မယ် ဖမ်းဆီ‌းထောင်ချမယ် နည်းနည်းတောင်မဟုတ်ဘူး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ အနည်းဆုံး ၇ နှစ် ဆိုတာတောင်ပါသေးတယ်) 


အဲ့ဒါတွေထားပါ 

နှစ်ဖက်စလုံးကို အဓိက ပြောချင်တာက ခင်များတို့ အာဏာအဝေမတည်တဲ့ ပြဿနာတွေကြားထဲမယ် ကျနော်တို့ပြည်သူတွေကို တိုက်ရိုက် အထိအခိုက်မရှိအောင် လုပ်ဆောင်ကြပါဗျာ ၊ 


အခုဟာက နှစ်ဖက်စလုံးက ပြည်သူကိုပဲ ခုတုံးလုပ်ပြီး နိူင်ငံရေးကို ကစားနေကြတာတွေ ရပ်ကြပါတော့ဗျာ ။

နှစ်ဖက်စလုံး တိုက်မှာဆိုလည်း အမြန်ဆုံး နိူင်အောင်တိုက်ပါ ၊ ပြည်သူတွေ စီးပွားပျက်ရုံ အကြောက်တရားနဲ့ ရှင်သန်‌ေနကြရအောင်တော့ မလုပ်ကြပါနဲ့ ။


သေတဲ့လူတွေလည်း မနည်းတော့ဘူး၊ 

စိုးရိမ်ထိပ်လန့်စွာ ရှင်သန်နေရသူတွေလည်း မနည်းတော့ဘူး ၊

စီးပွားပျက်‌တဲ့လူတွေလည်း မနည်းတော့ဘူး၊

အိုးအိမ်ပျက်တဲ့ မိသားစုတွေလည်း မနည်းတော့ဘူး၊

အိုးပစ်အိမ်ပစ် ပြေးကြရတဲ့ လူတွေလည်း မနည်းတော့ဘူး၊


အထက်လူကြီးတွေ အာဏာအဝေမတည့်ချိန်တိုင်း ရိုးသားတဲ့‌ေကျာင်းသားပြည်သူတွေကို ချနင်းထိုးကြွေးနေကြခြင်းတွေ ဒီတိုင်းပြည်မှာ မရှိသင့်တော့ပါဘူး လို့ပဲ ပြောချင်ပါတယ် ။ 


@ဗိုလ်ချုပ် နေ မေးသလို ပြန်‌ေမးရရင်


''မြန်မာပြည်က နိုင်ငံရေးသမားတွေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ ကွယ်ရာမှာငါတို့အတူတူ တိုင်းပြည်ကို ဖျက်စီးကြရအောင်လို့ ကျိန်ဆိုထားကြသလား? လို့ မေးရမလို‌ဖြစ်နေပြီ ။


မြန်မာပြည် အမြန်ဆုံးငြိမ်းချမ်းစေ 🇲🇲


#အဓိပတိကမ်မ 🇲🇲


 ▪️နိူင်ငံ့ဝန်ထမ်းကောင်းတွေအတွက် နိူင်ငံတော်အစိုးရဆီကို မေတ္တာရပ်ခံတောင်းဆိုပါတယ် 🇲🇲


အခက်အခဲတွေများစွာထဲကနေ CDM မလုပ်ပဲ ဝန်ထမ်းကောင်းပီသစွာ နိူင်ငံအပေါ် သစ္စာရှိရှိ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို လှိုက်လှိုက်လှဲလှဲ ရင်ထဲကနေ ကေျးဇူးအများကြီး တင်ပါတယ် ။


အခြိမ်းခြောက်ခံ အရှက်ခွဲခံပြီး

NON CDM လုပ်ခဲ့သူတွေမှာတော့

အခုချိန်ထိ မလုံခြုံမှုတွေခံစားနေရတုန်းဖြစ်ပါတယ် ။


CDMလှုပ်ရှားမှုမှာမပါဝင်ပဲ ရုံးတက်နေလို့ အစိုးရဒေါက်တိုင်အမည်တပ်ပြီး အသတ်ခံရတာတွေ ၊ ရန်ပြုခံရတာတွေ ၊ ခြိမ်းခြောက်ခံရတာတွေ ၊ SP လုပ်ခံရတာတွေ ၊ နေအိမ်စွန့်ခွါထွက်ပြေးရတာ‌ေတွ ၊ နေအိမ်မီးရှို့ခံရတာတွေ နဲ့ တခြားဖိအားပေးတာတွေ အများအပြား ရှိခဲ့သလို ရှိလည်း ရှိနေပါသေးတယ် ။ဒါတွေကို နစက ပြန်ကြားရေးဝန်ကြီးကိုယ်တိုင် သတင်းစာရှင်းလင်းပွဲတွေ ဝန်ခံပြီးသားဖြစ်ပါတယ် ။


နစက အစိုးရအနေနဲ့ နိူင်ငံတော်တာဝန်‌ေတွယူထားစဥ် 

အထက်ပါအခက်အခဲတွေ များစွာကြားထဲကနေ တိုင်းပြည်အ‌ေပါ် သစ္စာရှိရှိ ၊ နိူင်ငံအပေါ် သစ္စာစောင့်သိစွာ ယနေ့အချိန်ထိ တာဝန်ထမ်း‌ေဆာင်‌ေနကြ‌ေသာ NonCDM ဝန်ထမ်းတွေအတွက် 

▪️ဝန်ထမ်းကောင်းဆုတံဆိပ် 

▪️နိုင်ငံသားကောင်းဆု၊ 

▪️နိူင်ငံအပေါ်သစ္စာစောင့်သိရိုသေသောဝန်ထမ်းကောင်းဆု စတာ‌တွေကို နစက အနေနဲ့ လုပ်‌ေဆာင် ဂုဏ်ပြုပေးအပ်သင့်တယ်လို့ ကျနော်အနေနဲ့ ယူဆမိ မျှော်လင့်မိပါတယ် ။ 


ဒါမှမဟုတ် နောက်တစ်ခုက ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုတွေကို 

▪️အခွန်သက်သာခွင့်တို့ ၊ 

▪️ကျန်းမာရေးပညာရေးသက်သာခံစားခွင့် စတာတွေပါ နစက အစိုးရ အနေနဲ့ လွယ်ကူစွာ စီမံဆောင်ရွက်နိူင်ပါ‌ေသးတယ် ။


အခုလို အသိအမှတ်ပြု ဂုဏ်ပြုခြင်းခံရသည့် ဝန်ထမ်းကောင်းတွေအနေနဲ့လည်း 

နိူင်ငံတာဝန်‌‌ေတွကုိ‌ေကျပြွန်စွာ ထမ်းဆောင်ရသည့်အတွက် လုပ်ငန်းခွင်မှာပျော်ရွှင်ခြင်း ကျေနပ်ခြင်း ဂုဏ်ယူရခြင်းတွေစသော စိတ်ကျေနပ်မှုတွေ ရရှိနိူင်မှာဖြစ်ပါတယ် ။ 


လက်ရှိ အန္တရာယ်တွေအခက်အခဲ‌ေတွ ကြားထဲ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတိုင်း ခံစားနေရသော သိမ့်ငယ်ခြင်း ၊ အားငယ်ခြင်း ၊ကြောက်ရွံ့ခြင်း နဲ့ အသိအမှတ်ပြုမခံရခြင်း တွေကိုပါ ထိုက်သင့်သလောက် ကုစားပြီးသား ဖြစ်သွားလိမ့်မယ်လို့ ကျနော်အ‌ေနနဲ့ ယူဆမိပါတယ် ။


တိုင်းပြည်ရဲ့အနာဂတ်မှာ မိမိတို့ဝန်ထမ်းကောင်းတွေ/နောင်မှာဖြစ်ပေါ်လာမည့် မိမိမျိုးဆက်ဝန်ထမ်း‌တွေ အတွက် အကျိုးကျေးဇူးများမှာ အသေအခြာပါပဲ ။ 


နောက်တစ်ခုက အစိုးရဝန်ထမ်းတိုင်း မိမိတို့ရဲ့ နိူင်ငံအယူအဆတစ်ခု နဲ့ နိူင်ငံရေးထဲ ပါဝင်ပတ်သတ်မှုတွေ‌ေကြာင့် တာဝန်လစ်ဟင်းတာတွေ တာဝန်မှအစုလိုက်အပြံုလိုက် အနားယူကြတာတွေနဲ့ အခုလို CDMမှာ ပါဝင်ခဲ့တာတွေပါ နောင်တစ်ချိန်မှာ ထိုက်သင့်သလောက် တာဆီးပြီးသား ဖြစ်သွားနိူင်ပါတယ် ။ 


အခုချိန်မှာ လူမသိသူမသိ တိုင်းပြည်အတွက် ရုန်းကန်ပေးနေသူတွေ၊ အနစ်နာခံပြီး လစ်ဟင်းသွားတဲ့ တခြားတာဝန်တွေကိုပါ တတ်အားသ၍ ထမ်းဆောင်နေကြသူတွေအတွက် ထိုက်သင့်တဲ့ ဂုဏ်ပြုမှု‌ေတွ အသိအမှတ်ပြုမှုလေးတွေကုိ‌ေတာ့ ပေးသင့်‌ချိန် ရောက်နေပါပြီ ၊ ပေးရလောက်အောင်လည်း ပေးဆပ်အနစ်နာခံလုပ်နေကြပါတယ် ။


အခုချိန်မှာ အစိုးရဝန်ထမ်းတိုင်း ထိုက်တန်စွာ ဂုဏ်ယူတတ်စေဖို့ အစိုးရအ‌ေနနဲ့ တရားဝင် အသိအမှတ်ပြု ဖေါ်ပြပေးနိုင်တဲ့ ဆုတံဆိ‌ပ်‌ေလးပဲဖြစ်ဖြစ်/certificate လက်မှတ်လေးဖြစ်ဖြစ်

ပေးသင့်ပါတယ်လို့ တောင်းဆိုချင်ပါတယ် 


နစကအစုိးရ အနေနဲ့‌ေရာ နိူင်ငံတော်အနေနဲ့လည်း အမြန်ဆုံး နိူင်ငံ့အပေါ်သစ္စာစောင့်သိတဲ့ဝန်ထမ်‌းကောင်းတွေ/ တာဝန်ကျေပြွန်သောဝန်ထမ်း‌ေကာင်းတွေအပေါ် အသိအမှတ်ပြုပေးသင့်ပါကြောင်း တင်ပြအပ်ပါတယ် ။


#အဓိပတိကမ်မ 🇲🇲


.

.

.

.

.


(ယခုပိုစ့်ကို နစက တာဝန်ရှိသူအဆင့်ဆင့်မြင်နိူင်ကြပါ‌ေစ)


#SAC #နစက #NONCDM #CDM #ဝန်ထမ်းကောင်း #ဆုတံဆိပ် #ဂုဏ်ပြုလက်မှတ် #Certificate

 ကာချုပ် မင်းအောင်လှိုင်ရဲ့ "မလုပ်ရဲတာ ဘာမှမရှိဘူး"ဆိုတဲ့ စကားဟာ အခုအချိန်မှာ နောက်စရာ မဟုတ်တော့ဘူးလို့ ထင်တယ် ။ 

နစကအစိုးရ တကယ်လုပ်နေပြီဆိုတာ အသေအချာပဲ ( မနေ့က မိုးဗြဲ ရေဦး ခင်ဦး တန့်ဆည်နယ်‌ေတွကုိသာကြည့် ) ။ 

ပြည်သူကို သားသမီးလို သဘောထားခဲ့တဲ့ အနိမ့်ဆုံးအဆင့်၊ အနည်းဆုံးအင်အားဆိုတာ ၂၀၂၁ မှာ ကျန်ခဲ့ပြီလို့ ယူဆရပါတယ် ။

 ပြည်သူကောင်းမှ - ဝန်ထမ်းကောင်းမည်


ဝန်ထမ်းကောင်းမှ - ဌာနကောင်းမည်


ဌာနကောင်းမှ - အစိုးရကောင်းမည်


အစိုးရကောင်းမှ - နိုင်ငံကောင်းမည်

 အ​​​ခြွေအရံနှင့်ထောက်ခံအားပေး၀န်းရံသူ‌ မရှိ

အောင်မြင်​ကျော်ကြားမှုတွေ မရှိကြလည်း အသိ/သတိ နဲ့ တိုင်းပြည်အတွက် လူမျိုးအတွက် ‌အဘက်ဘက် ကိုယ်စွမ်းဉာဏ်စွမ်းတွေနဲ့ ပေးဆပ်နေကြပါ‌ေ‌သးတယ် ။


ဘယ်ကောင်မှ အသိအမှတ်မပြုနေလဲ 

ဆက်လက် ရုန်းကန်နေဆဲ...၊ 

အဖက်ဖက်က တိုက်ခိုက်ရန်ပြုနေလဲ 

ယုံကြည်ချက်‌ေတွမယိုင်မလဲ အတွေးအခေါ်တွေက ခိုင်မြဲနေဆဲ...၊ 

တ​စ်ယောက်ထဲ‌တစ်ကောင်တည်း ဖြစ်​နေလဲ

ဘာကိုမှ ဂရုမစိုက် တိုင်းပြည်နဲ့လူမျိုးအတွက် တစိုက်မတ်မတ် အလုပ်အ‌ေကွျးပြုနေရရင် ကျေနပ်နေပါ‌ေသးတယ် ။


ကျနော်တို့မှာ 

အမျိုးချစ်တဲ့အ​တွေးအ​ခေါ်နဲ့ တိုင်းပြည်ကိုချစ်တဲ့မာန်မာနတခု​ပဲ ချမ်းသာကြပါတယ်။ 


ဘယ်လုိ အသိအမှတ်ပြုခြင်းကိုမှ မတောင်းတတတ်‌ေတာ့ဘူး ။

ဘယ်လို ဂုဏ်ပြုခြင်းကိုမှ မလိုအပ်တော့ဘူး ။

ငါတို့ဟာ ငါတို့ ဖြစ်တည်မှုနဲ့ ငါတို့ရှင်သန်နေထိုင်တတ်ပါ‌ေသးတယ် ။


ဒီဘ၀ဒီခရီးလမ်း‌ေတွမှာ ဗလငါးတန်ဖြစ်တဲ့ 

သဒ္ဓါ၊ သီလ၊ စာဂ၊ သုတ ၊ပညာ တို့က ၀န်းရံလို့ ချစ်ခြင်း​မေတ္တာ ဉာဏ်ပညာတွေကြီးစိုးတဲ့ ပတ်ဝန်းကျင်တွေသာရှိနေရင် ဘ၀ခရီးလမ်းဟာ ဘယ်​​လောက် အဓိပ္ပါယ်ပြည့်ဝလိုက်‌ေလမလဲ.....။ 


#အဓိပတိကမ်မ 🇲🇲

 စစ်ပွဲကြီးက ဖြစ်ပြီ။

သေတဲ့ သူတွေက သေ။ 

တချို့သော သူရဲကောင်းတွေ အချီးအနှီးသေသွားရတယ်။ 

တချို့ သူရဲဘောကြောင်သူတွေ ဆုတံဆိပ်တွေ ရလာတယ်။ 

ဆုတံဆိပ်ရတိုင်း သူရဲကောင်း မဟုတ်။ ဒါ စစ်ရဲ့ သဘောပဲ။ သူရဲကောင်းမှ၊ သူရဲဘောကြောင်သူမှ အသက်ရှင်ရမယ်လို့ ပြဌာန်းချက်မရှိဘူး‌ေလ။


" စစ် သည်အသက်တွေ အများကြီး စတေးရသလောက် ပရမ်းပတာနိုင်လွန်းတဲ့ သဘာဝ ရှိတယ်။စစ်အတွင်းလူ့အသက်တွေသည် တန်ဖိုးမဲ့တတ်တဲ့ သဘာဝရှိတယ် " ။


စစ်ဆိုတာကြီးကို လူသားတိုင်း စိတ်ပျက်သင့်တယ်။ 

ဒါပေမယ့်လူ့သမိုင်းတစ်လျှောက်လုံးကို ပြန်ကြည့်လိုက်ရင် ရက်စက်ယုတ်မာမှုနဲ့ စစ်ပွဲတွေကို မြင်ရတယ် ။

စစ်အတွင်းမယ် ဘာမှ အရသာမရှိ။ အသက်တွေတောင် တန်ဖိုးမဲ့စွာ အလဟသ သေရ‌ေသးတာပဲ မဟုတ်လား။ အဓိပ္ပါယ် မရှိ လူအသက်တွေ အလဟသ သေကြရ ကြေကြရနဲ့‌ေပါ့။ 


ဒီလိုနဲ့ စစ်ကြီး ပြီးသွားပါပြီ။ သေသူတွေ ကြေသူတွေ ကြားမှာ အရင်က မုန်းခဲ့သူ‌ေရာ၊ ချစ်ခဲ့ကြသူတွေပါ ပါသွားကြတာတွေ မြင်ခဲ့တွေ့ခဲ့ရတယ်။


"အသက်ရှင်‌ေနတုန်းလေး အမုန်းမရှိဘဲ နေတာက အကောင်းဆုံး ဘဝရဲ့ ငြိမ်းချမ်းခြင်း" ပဲလို့ ခဏခဏ ကျနော်တွေးမိ‌ေနသေးတယ်။  


#အဓိပတိကမ်မ

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...