Thursday 30 July 2020

ရှင်နွေတမ်းခြင်း

#ဟစ်ပီ chaos

အသက်နှစ်ဆယ်ကျော်တာနဲ့ လင်ယူသားမွေးဖို့တွေးနေတဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေကို ငါက သောက်မြင် သိပ်ကတ်တဲ့ အကောင်။

ငါက ဘာမှမလိုဘူး။

ငါ့သွေးဟာ ယစ်မူးပြီး အာရုံက လန်းဆန်းတက်ကြွနေဖို့ပဲလိုတာ။

ဘဝဆိုတာ မီးညှိထားတဲ့ စီးကရက် ပဲ။

ငါ မဖွာရှိုက်လည်း သူ့အလိုလို ကုန်သွားမှာ။

ငါ့ဆံပင်တွေ ရှည်လာဖို့ပဲလိုတယ်။

ငါမပိုင်ဆိုင်တဲ့အရာအားလုံး တစ်ခုမှ မကောင်းဘူး။

အဲဒိစိတ်နဲ့ ငါရှင်သန်တယ်။

HIPPIE. ဟစ်ပီ


ဟစ်ပီ
လူကြားသူကြားထဲမှာနေလ ို့အထီးကျန်နေရတဲ့အခါ
ဂစ်တာတစ်လက်ကို လွယ်ပိုးပြီး ခပ်လှမ်းလှမ်းက တောင်ပေါ်ကို တက်မယ်။
သစ်ရိပ်ကောင်းကောင်းကျနေတဲ့ ကျောက်တုံးကောင်းကောင်းပေါ်မှာ ထိုင်ပြီး သိပ်ကြိုက်တဲ့ သီချင်းကို ဆိုမယ်။
ရက်စက်ကြမ်းကြုတ်တဲ့ သားရဲအော်သံထဲက ရိုးသားခြင်းတွေကို ချစ်မယ်။
ဂီတတွေကို ကြောက်လန့်တတ်ကြတဲ့ တောကောင်လေးတွေကို ပြုံးပြမယ်။
ဉာဉ့်ငှက်တွေရဲ့ အိပ်စက်ချိန်တွေကို အနည်းအပါး ဖဲ့ယူလိုက်မယ်။
မာယာမဲ့ တောင်ပေါ်လေတွေကို တဝကြီး ရှူရှိုက်မယ်။
ပြင်းရှတဲ့ စိတ်ခံစားမှုတွေကို ဖောက်ခွဲမယ်။
ကိုယ့်ရူးသွပ်မှုကို ကိုယ့်ဘာသာ သီကုံးရင်း ကျေကျေနပ်နပ်ကြီး ပြုံးမယ်။
လွတ်လွတ်လပ်လပ်ကြီး ရယ်မယ်။
စိတ်လွတ်ကိုယ်လွတ် ကခုန်မယ်။
သိပ်မောလာတဲ့အခါ တောင်ပေါ်က စီးကျလာတဲ့ စိမ့်ရေအေးအေးကို ကလိုရင်း မခတ်ပါပဲ တဝကြီးသောက်မယ်။
ချောက်ရေ တဝေါဝေါ အောက်က ကျောက်တုံးကောင်းကောင်း တစ်တုံးမှာ ခြေဖျားတွေကို ရေထဲချရင်း သီချင်းအေးအေး တစ်ပုဒ်ကိုလည်း ညည်းမယ်။
(မြို့ကြီးပြကြီးက လူသားတွေကိုလည်း ဝေငှပေးချင်မိရဲ့....
အဲ့ဒီအရသာကို နှုတ်ဖျားက မညွှန်းဆိုတတ်လို့....)
သိပ်ကိုဆာလောင်လာတဲ့အခါ တောင်ခြေကို သီးချင်းညည်းရင်း ပြန်ဆင်းမယ်။ 
တောင်ခြေက လယ်စောင့်တဲမှာ အဟင်းရွက်ချိုပူပူတစ်ခွက်နဲ့ ကမ္ဘာ့အိမ်မက်တွေကို မေ့မယ်။
ကြယ်ရောင်တွေ သီလာတဲ့အခါ ဂစ်တာကို တီးလို့ ဓမ္မတေး ခပ်ရေးရေးကို ဆိုမယ်။
အိမ်မက်တွေမရှိခင် မီးဖိုနဘေးမှာ ခေါင်ရည် စေးစေးအပေါ်အာရုံစိုက်ရင်း အချမ်းလည်း ပျောက် အိမ်မက်လည်းရောက်လာပါစေ...။
ဘုရားသခင်အပေါ် ဆုတောင်းသံနဲ့ ဝါသနာကို မစွန့်ပစ်ရက်ဘူး။
ရိုးရာတွေရဲ့အပေါ်မှာ ချစ်တဲ့စိတ်တစ်ခုနဲ့ အရာရာ ခွင့်လွှတ်...။
likeမရှိ comment မရှိ shareမရှိ အဆဲမရှိ စကားလုံးတွေမရှိပဲနဲ့ နှလုံးသားတွေရှိတဲ့ အရပ်....
ရုပ်ဝတ္ထုအပေါင်းရဲ့ လွတ်မြှောက်ရာ အရပ်မှာ
ငါ့ကို ဟစ်ပီလို့ ခေါ်လိုက ခေါ်နိုင်ပါတယ်....
I have a hippy..

I'm ATM.

ရှင်နွေတမ်းခြင်း ၂၂

တကယ်‌ေတာ့ ငါတို့တစ်တွေ မနီးစပ်ခဲ့ကြပါဘူး   ။

ဒါပေမယ့်ဝေးကြရမှာက အသေချာပါ ။

 စိတ်ဆိုးချိန်တိုင်း ငါတို့ဝေး‌ေနတာ ကိုကောင်းပါတယ်လို့ ငြီးငူကြ ပေမယ့်
ဝေးကွာခြင်းမှာ ငါတို့ နှစ်ယောက်လုံး မပျော်မွှေ့ကြခဲ့ဘူး ။


ရှင်နွေတမ်းခြင်း ၂၁

ငါဟာ လူသားဆန်ဆန် ချစ်ခဲ့တာပါ
လူသားတစ်ယောက်လို ခံစားတတ်တယ် အရှုံးပေးတတ်သလို အနိူင်လည်း ယူတတ်တယ် ။

အချစ်နဲ့ပတ်သတ်လာရင် အနိူင်မရှိခဲ့ဘူးတဲ့ အရှုံးထဲမှာ ဝမ်းနည်းစွာ ပျော်မွှေ့နေတဲ့ အကောင်တစ်ကောင်ပဲ ဖြစ်တယ် ရှင်နွေ

ချစ်ခဲ့မိတာပဲ ငါအမှားပါ မိရှင်နွေ
လှည့်စားလိုက်ပါ နောက်ဆုံးအချိန်ထိ လှည့်စားလိုက်ပါ
လှည့်မကြည့်နဲ့ ဘယ်တော့မှ ပြန်လှည့်မကြည့်နဲ့ ငါအပေါ်ကို နင်လှည့်ကြည့်စရာ မလိုဘူး

 ပျော်စရာတွေ ငါမှာ မရှိခဲ့ရင်တောင် နင့် လှည့်မကြည့်ပါနဲ့ အမှန်တွေ အမှားတွေ လည်း ငါ့အချစ်နဲ့ ပတ်သတ်လာခဲ့ရင် နင်ဟာ အမြဲမှန်တယ် ။
အငြိုးကြီးကြီး နဲ့ ငါကို ရက်စက်ခဲ့ရင်တောင် ငါနင့်ကို ရူးရူးမူးမူးချစ်နေမှာ ရှင်နွေ ။

ကောက်ကျစ်ခြင်းတွေပဲလား ရှင်နွေ

ဂုဏ်တွေ မက်နေဆဲပဲလား ရှင်နွေ
ပကာသန ငွေတွေ မက်နေဆဲပဲလား ရှင်နွေ
ငါကတော့ ဆန့်ကျင်ဘက်ဆန်တဲ့ အတွေးတွေနဲ့ အိမ်မက်တွေ မက်နေရင်း အိပ်စက်လို့ မရသေးဘူး မိရှင်နွေ
ငါက ဟန်ဆောင်မှု  မပါဘူး   ငါမှာ သောက်ပိုတွေ မပါဘူး ငါမှာ လိုချင်တက်မက်မှုတဏှာ မပါသလို ရုပ်အခြေခံဝတ္ထု အတ္တလည်း မပါဝင်ဘူး မိရှင်နွေ့
နင့်ကို ချစ်တဲ့ စိတ်ကတော့ ငါရဲ့ အိမ်အိုလေးထဲက အိပ်စက်မရသေးတဲ့ အိမ်မက်တစ်ခု လေးအဖြစ် သပ်သပ်ရပ်ရပ် ကျကျနန တည်တည်တံ့တံ့ နှလုံးသားထဲမှာ တည်ရှိနေပါသေးတယ် မိရှင်နွေ ။

အချစ်က ဟို အဝေးဆီမှာက ငါက အချစ်နဲ့ ကင်းကွာကင်းဝေးရတဲ့ အချစ်မရှိခဲ့သူ တစ်ယောက်ပါ။

ဒါပေမယ့် ငါသိမ့်လွမ်းနေတယ် သတိရစိတ်တွေ က ရင်ကို တုန်ရီစေတယ် ရှင်နွေ့ ရီဝေဝေအပြုံးလေးတွေ ကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါဝင်တာပေါ့ ။

ခြေရာပျောက်နေတဲ့ အရိပ်အရောင်တွေ ကို မြင်နိူင်မလား ရှင်နွေ ဘဝတစ်ခုလုံး သွေးပျက်ခြင်းများနဲ့  စုတ်ပြတ်သွားတာတောင် ငါရဲ့ ခံစားမီုကို အရေးပေးခြင်း မခံစားလိုက်ဘူး ဒီလို ခံစားမှုတွေကို ဖက်တွယ်နေမိတာ ငါ့ရဲ့ မိုက်မဲမှု သက်သက်မျှသာ ဖြစ်တယ် ရှင်နွေ ။

ငါ့ကို လွတ်ချလိုက်တဲ့ လက်တစ်စုံကို လက်မလွှတ်နိူင်သေးတဲ့ ရမက်ဇောတွေကို နင့်ပြန်လည်လို့ နားလည်ပေးသင့်တယ် ။
အချစ်ကလွဲပြီး ဘာဆိုဘာမှ ငါဆီမှာ မရှိဘူး ရှင်နွေ အခြားသော အသိစိတ်တွေလည်း မရှိသလို နင်နဲ့ပတ်သတ်လာရင် ခံစားချက်မဲ့နေတဲ့  ခံစားမှုတွေ တစ်နေ့နေ့တော့ နင်မြင်လာမှာပါ ။

နင်မမြင်နိူင်တဲ့ တစ်နေရာက လူရေးတဲ့ ကဗျာအတိုအဆ လေးတွေကို ဖတ်ရှုရင်းနဲ့ နင်မြင်နိူင်ပါစေ နားလည်မှုတွေ ပေးနိူင်ပါစေ ။

အရာရာ ပြောင်းလဲ နေပေမယ့် မပြောင်းမလဲပဲ ဖြစ်တည်နေတဲ့ ရှင်နွေ့ အတ္တတွေကိုလည်း ငါနားလည်ပေးပါတယ် ။

တစ်နေ့နေ့တော့ နင်နားလည် လာမှာပါ …………

ဒီစိတ်နဲ့ပဲ ငါရှင်သန်နေတယ်

ဒီလိုခံစားမှုနဲ့ပဲ ငါဖြစ်တည်နေတယ် ။

ဒါတွေကလည်း တစ်နေ့နေ့တော့ တစ်နေ့နေ့မှာ နင်နဲ့ပတ်သတ်တဲ့ တစ်ခုခုပေါ့ မိရှင်နွေ့……………

                   #အဓိပတိကမ္မ                                                              .                  30JULY2018

Tuesday 28 July 2020

ရှင်နွေတမ်းခြင်း ၂၀



နင်ကျန်းမာရေးရော ရနင်ကျန်းမာရေးရောကောင်းဲ့ရလား 
နင်မျက်နှာ သိပ့်ပြီး မလန်းဆန်းဘူး 
အဆင်မပြေဘူးလား
...

နင်ရွးချယ်ခဲ့တဲ့ လမ်းတစ်ခုမှာ န
ပျေ‌ာ်‌ေအာင်‌ေနပါ ။

ငါဘဝ ငါ့အချစ်တွေက ပေးတိုင်းမခဲ့သလို မထိုက်လို့မရခဲ့တဲ့ မေတ္တာ တရားတွေ သစ္စာတရား‌ေတွ အတွက် ငါမနာကျင်ချင်ဘူး ။

မင်းမရှိတော့ ဘဝရဲ့ အဓိပ္ပာယ်လည်း ပျောက်ခဲ့ရပေမယ့် ငါ့ရဲ့ချစ်ခြင်းတွေကတော့ အမှောင်ထဲမှာ အရိပ်ပျောက်သလို ဆက်ပြီး တည်ရှိနေမှာပါ ။

မသေခြာတဲ့မနက်ဖြန်မှာ ပျက်နိူင်တဲ့ ဘဝတစ်ခုဖြစ်လို့ မပေါ့ဆပါနဲ့ ။

ငါက ဘဝပဲပျက်ခဲ့ရတာ နင်မှာက ဘဝတစ်ခုလုံးပေးဆပ်လိုက်ရမှာကို အမြဲတွေးပေးပါ ။

တစ်ခါတစ်ခါ ဘဝက ငါမျှော်မှန်းထားသလို ဖြစ်မလာတတ်လို့ သတိပေးနေတာပါ ။

နင်အစဉ်ပြေပါစေ အစစအရာရာ ဂရုစိုက်ပါ မပေါ့ဆလိုက်ပါနဲ့ ။ 

@အဓိပတိကမ္မ
  28jULY2020



ရှင်ရှင်နွေတမ်းခြင်း ၁၉

အချစ်အကြောင်းဆို အများကြီး မပြောချင်ဘူး ၊
 ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းရယ် ။
 မုန်းတယ် ဆိုတဲ့စကားတစ်ခွန်းလောက်ကိုပဲ ပြောချင်တာ့တယ် ။

ချစ်တယ်နဲ့ မုန်းတယ် ဆိုသော စကားကြားထဲက အဖြစ်အပျက်‌ေတွက  ပျော်ရွှင်စရာတွေကြည်နူးစရားတွ အများကြီး ရှိခဲ့ပေမယ့်

ဒီစကား‌ေတွ  ပြီးဆုံးသွားရင်‌ေတာ့ နာကျင်စရာတွ ကြေကွဲစရာတွေနဲ့ပဲ ဘဝမှာ ကျန်ခဲ့တာက‌ေတာ့  အသေအချာပါပဲ ။

အတူတူပျာ်ပါးခဲ့ဖူး‌ေတာ‌ေတွ  က တစ်သက်တာမေ့လို့မရတဲ့တဲ့ အမှတ်တရကောင်းလေးအဖြစ် ငါတို့ရင်ထဲမှာ စွဲကျန်ရစ်နမှာပါ ။

ဒါဟာ သံယောဇဉ်ဆိုရင်လည်း ပြန်ပြီး မချည်‌ေနှာင်သင့်တော့ပါဘူး ။

အဓိပတိကမ္မ

ရှင်နွေ တမ်းခြင်း ၁၈

ဘဝတစ်‌လျှာက်လုံး အချစ်မပါတဲ့ အမုန်းတွေနဲ့သာ တွေ့ကြုံခဲ့ရပေမယ့် ။


အမုန်းမပါဝင်သာ အချစ်‌ေတွ‌ေတာ့ ရချင်‌ေသးတယ် ။

ဘဝတစ်‌ေ လျှာက်လုံး အချစ်နဲ့သာ ပျော် မွှေ့ချင်ပေမယ်  အချစ်မပါသော အမုန်းဥပေက္ခာတရားတွေနဲ့သာ ကြုံတွေ့ရခြင်းက ငါ့ရဲ့ ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုပေါ့ ။

#အဓိပတိကမ္မ
28JULY2020


Monday 27 July 2020

ရှင်‌နွေတမ်းခြင်း ၁၇

အလွတ်ရထားတဲ့ နင်ဖုန်းနံပါတ်လေးကို
ဖုန်းကီးဘုတ်ထဲကနေ ငါလက်တွရေက်နေပေမယ်

နင့်ဆီကို ဖုန်းခေါ်ဖို့ ငါလက်တွေ ကြောက်ရွံ့ခြင်းတွေ ကြောင့် ဖုန်းမခေါ်ပဲ အိပ်ယာပေါ်ကိုပဲ ငါပစ်ချထားခဲ့တာ အခါခါပါပဲ မိရှင်နွေရယ်.. ...

အရမ်းကောင်းတဲ့ ကဗျာတွေကို အဆက်မပျက် ငါထပ်ရေးနေတယ် ၊ ငါကဗျာတွေကို အကောင်းဆုံးဖြစ်အောင် ငါရေးနေတယ် နင်ဖတ်ပေးမလား နင်ခံစားပေးမလား

 ငါတွေးရင်း ငါရေးရင်းနဲ့ ဘဝခရီးလမ်း ကြမ်းကြမ်းကို ငါခရီးနှင်နေတယ်......

နင်မပါတဲ့ လမ်းတွေက လွမ်းစရာကဗျာတွေပဲ ငါရေးနေရတယ် ၊နင်ပြန်ချစ်မယ့် ရက်တွေကို လက်ချိူးရေတွက်ရင်း ငါရဲ့ မွေးရာပါ လက်ဆစ်တွေ ကြီးမှန်းမသိ ကြီးနေတာ ငါသတိထားသင့်နေပြီ......

နင်မသိထားတဲ့ ငါအချစ်တွေက အပြစ်မရှိဘူးလို့ ငါသတ်မှတ်ထားလည်း ရှင်နွေရဲ့ အပြစ်ပေးချင်း သတ်သတ်ကို ငါခံနေရတယ်.......

တစ်ခါတစ်လေ ရှင်နွေ ပျော်ဖို့ ဟာသလေးတွေပဲ ကျွန်တော်ပြောဖြစ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ဖို့ ရယ်စရာလေး တွေပဲ

ကျွန်တော် လုပ်ပြတတ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ရွှင်ရဖို့ ကျွန်တော် ထွက်သွားသင့်ပြီ ဆိုတာ ကျွန်တော်နားလည်ပေမယ့်......

ကျွန်တော် ရူးရူးမိုက်မိုက် ရှင်နွေ ဓာတ်ပုံတွေ ခိုးပြီး save လုပ်မိတယ်
တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း ရှင်နွေကို ခိုးခိုး ကြည့်မိတယ်၊

အသည်းကွဲချိန်တွေမှာ
နှလုံးသားအတွက် ခွန့်အား ဖြစ်စေမယ့် အကြောင်းအရာ တွေကိုပဲ ရွေးပြီးတွေးနေရမယ် ဆိုတာကို သိနေလျက်နဲ့

အဆိပ်ခတ် ထားတဲ့ အပြုံးတွေကို ခုံမင်မိနေတာ ကျွန်တော် ရဲ့ မိုက်မဲမှုသက်သက်ပါပဲ ......
အသာလွတ်ကြီး စောက်သဲခွဲခံလိုက်ရတဲ့ ငါအသည်းနှလုံးက ရှင်နွေထင်နေသလောက် အသည်းမမာခဲ့ဘူး ဆိုတာကို ရှင်နွေ တစ်ယောက် မသိခဲ့ဘူး .......

တကယ်ပဲ လွမ်းရသည်
တကယ်ပဲ လွမ်းခွင့်ရှိသည်
တကယ်ပဲ နမ်းခွင့်မရှိသော နင့်ရဲ့ ပါးပြင်နုနုကို တမ်းတမိနေတာ ငါရဲ့ အချစ်တစ်ခုရဲ့ လုပ်ပိုင်ခွင့်တစ်ခုပါကွာ.....

မိမိကိုယ်မိမိ အဆုံးစီရင်ချက်ချမှတ်ပြီးမှ
မိမိရရ ခံရမယ် အပြစ်တွေကို ငါကိုယ်တိုင်ပဲ အမိန့်ချပစ်ချင်တယ် မိရှင်နွေရယ်.....

ငါအိပ်စက်အနားယူချင်ပြီ......

ငါရဲ့.....
နောက်ဆုံးအချိန်ထိ နင့်ကို ချစ်သွားချင်တယ်....
အိပ်စက်လို့မရပေမယ့်
အိမ်မက်တစ်ခုအကြောင်းတွေပဲ ငါ တွေးနေရတယ် .......


အဓိပတိကမ္မ

ရှင်နွေ ရယ်

®သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၁ .......

အိမ်မရတဲ့ညတွေမှာတောင် နင်အိမ်မက်လှလှမက်ပါစေလို့ ဆုတောင်းနေမိတာ ငါပါကွာ....

ငါတို့ လမ်းခွဲတဲ့နေ့ကလေ
မျက်ရည်စက်တွေကို နင်မသိအောင် သုတ်ပစ်ပြီးမှ အိမ်ပြန်ခဲ့ရတာလည်း ငါပါကွာ.....

.
လွမ်းရဲတယ်ဆိုပြီး လမ်းခွဲနှုတ်ဆက်သွားခဲ့လည်း လွမ်းဆွေးကျန်ခဲ့သူလည်း ငါပါပဲ....

ကံဆိုးရတဲ့ကြားတည်း နင်မပါတဲ့ ဒီလမ်းတွေက အလွမ်းတွေကိုပဲ ရင်မှာ ကျန်နေခဲ့တာ ရှင်နွေတစ်ယောက် သိသင့်ပါတယ်။

ငါဟာ ငါပါပဲ...
နင်ကို ချစ်တဲ့့ စိတ်ကြောင့် အစိမ်းသက်သက် အသည်းခွဲခံရလည်း ငါကျေနပ်ပါတယ် ၊ အရင်လို အလိမ်အညာစကားတွေနဲ့ ပလီပလာ အချိန်တွေ လာဖြုံန်းပးပေါအုံး မိရှင်နွေလေး.....

အနံ့အသက်မရှိတဲ့ ရောင်စုံစက္ကူပန်းတွေက လန်းဆန်းနေပေမယ့် မြင်သူတိုင်းကို ကြည်နူးမှု မပေးနိူင်ပါဘူး ရှင်နွေ.....

နင်ဟာ အနံ့အသက်မရှိသော ရောင်စုံစက္ကူပန်းလေးလား ငါမတွေးရဲတော့ဘူး ရှင်နွေရယ်... ..

ကျွန်တော်ထင်ပါတယ် နင်ရဲ့မယာတွေပါတဲ့ စူးစူးရှရှ အပြုံးတွေ နဲ့ အချွန်အတက်တွေပါနေပေမယ့့် အနှစ်မပါတဲ့ နင့် အပြုံးတွေနဲ့
စကားလုံးတွေနဲ့စီကာပတ်လုံးထားသော နင့်ရဲ့ အမုန်းတွေက ငါကို ကျိန်းသေပေါက် စောက်သည်းကွဲစေတာပါပဲ မိရှင်နွေရယ်.. ....

အိမ်မက်လှလှပဲမက်နေမလား အိမ်စက်ခြင်းတွေကိုမှ ရှင်နွေတစ်ယောက် ပိုင်ဆိုင်နိူင်ပါမလား .......

ကျွန်တော်တွေးရင်းတွေးရင်းနဲ့ လွမ်းဆွေးသတိရစိတ်တွေက ရင်ကို ဆွေးမြေ့စေလာတယ်၊ ကျွန်တော်တွေးထားသင့်တယ်.....

အရင်လို ညကြီးဉာဉ့်တဲ့အထိ စကားပြောစရာတွေ အများကြီးပြောစရာ မရှိတော့တာလား အပြစ်မရှိအပြစ်ရှာ ပစ်ခွာထွက်သွားပြီး

တကယ့်ဖြစ်တည်နေတဲ့ မဖြစ်ချင်သော အဖြစ်အပျက်တွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာ ဘာကြောင့်လည်း မစဉ်းစားတတ်တော့ဘူး ရှင်နွေရယ်......

အတွေးကအတွေးပါပဲ အသည်းခွဲနည်း အမျိူးမျိူးနဲ့ ငါရဲ့အသည်းကို ရှင်နွေအထပ်ထပ်ခွဲရလို့ ဝမ်းသာနေတယ်မလား မိရှင်နွေ......

ငါဟာ နင်အသည်းခွဲတမ်း ကစားလို့ရတဲ့ နင့်အတွက် အစုတ်ပလုတ် အရုပ်တစ်ခုပါ .....

နင် ပြင်းတဲ့ အချိန်တိုင်း အားကြီးကြီး ငါရဲ့အသည်းကို အစိမ်းသက်သက် ခွဲပစ်နိူင်ပါတယ်၊

ဒီကစားပွဲ နင်အနိူင်ရဖို့ ငါအသည်းကွဲလည်း အကွဲခံနိူင်ရမှာပေါ့ ငါဟာ ရှင်နွေကို အရမ်းချစ်တဲ့ ချစ်သ ူကြီးလေ......

ငါတို့ရဲ့ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အတူတူပုန်းတမ်း ထုပ်ဆီးတိုးတမ်း
 မြန်မာရိုးရာ ကစားနည်းတွေကို နင် မကစားချင်တော့တာလား ....

မြန်မာရိုးရာ ကစားနည်းတွေက နင်အတွက် ရိုးနေပေမယ့် ငါအတွက်မရိုးနိူင်တဲ့ ကစားနည်းတွေအဖြစ်နဲ့ပဲ ငါရင်ထဲမှာ ဖြစ်တည်နေခဲ့ပါတယ်......

ကြယ်တွေ ကောင်းကင်ယံမှာ ပျော်မြူး ထွန်းလင်းချိန် ညအခါတွေဆို ငါအိပ်စက်လို့ မရဘူး ရှင်နွေရယ်....

အလွတ်ရထားတဲ့ နင်ဖုန်းနံပါတ်လေးကို
ဖုန်းကီးဘုတ်ထဲကနေ ငါလက်တွရေက်နေပေမယ်

နင့်ဆီကို ဖုန်းခေါ်ဖို့ ငါလက်တွေ ကြောက်ရွံ့ခြင်းတွေ ကြောင့် ဖုန်းမခေါ်ပဲ အိပ်ယာပေါ်ကိုပဲ ငါပစ်ချထားခဲ့တာ အခါခါပါပဲ မိရှင်နွေရယ်.. ...

အရမ်းကောင်းတဲ့ ကဗျာတွေကို အဆက်မပျက် ငါထပ်ရေးနေတယ် ၊ ငါကဗျာတွေကို အကောင်းဆုံးဖြစ်အောင် ငါရေးနေတယ် နင်ဖတ်ပေးမလား နင်ခံစားပေးမလား

 ငါတွေးရင်း ငါရေးရင်းနဲ့ ဘဝခရီးလမ်း ကြမ်းကြမ်းကို ငါခရီးနှင်နေတယ်......

နင်မပါတဲ့ လမ်းတွေက လွမ်းစရာကဗျာတွေပဲ ငါရေးနေရတယ် ၊နင်ပြန်ချစ်မယ့် ရက်တွေကို လက်ချိူးရေတွက်ရင်း ငါရဲ့ မွေးရာပါ လက်ဆစ်တွေ ကြီးမှန်းမသိ ကြီးနေတာ ငါသတိထားသင့်နေပြီ......

နင်မသိထားတဲ့ ငါအချစ်တွေက အပြစ်မရှိဘူးလို့ ငါသတ်မှတ်ထားလည်း ရှင်နွေရဲ့ အပြစ်ပေးချင်း သတ်သတ်ကို ငါခံနေရတယ်.......

တစ်ခါတစ်လေ ရှင်နွေ ပျော်ဖို့ ဟာသလေးတွေပဲ ကျွန်တော်ပြောဖြစ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ဖို့ ရယ်စရာလေး တွေပဲ

ကျွန်တော် လုပ်ပြတတ်တယ်
တစ်ခါတစ်လေ ရှင်နွေပျော်ရွှင်ရဖို့ ကျွန်တော် ထွက်သွားသင့်ပြီ ဆိုတာ ကျွန်တော်နားလည်ပေမယ့်......

ကျွန်တော် ရူးရူးမိုက်မိုက် ရှင်နွေ ဓာတ်ပုံတွေ ခိုးပြီး save လုပ်မိတယ်
တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း ရှင်နွေကို ခိုးခိုး ကြည့်မိတယ်၊

အသည်းကွဲချိန်တွေမှာ
နှလုံးသားအတွက် ခွန့်အား ဖြစ်စေမယ့် အကြောင်းအရာ တွေကိုပဲ ရွေးပြီးတွေးနေရမယ် ဆိုတာကို သိနေလျက်နဲ့

အဆိပ်ခတ် ထားတဲ့ အပြုံးတွေကို ခုံမင်မိနေတာ ကျွန်တော် ရဲ့ မိုက်မဲမှုသက်သက်ပါပဲ ......
အသာလွတ်ကြီး စောက်သဲခွဲခံလိုက်ရတဲ့ ငါအသည်းနှလုံးက ရှင်နွေထင်နေသလောက် အသည်းမမာခဲ့ဘူး ဆိုတာကို ရှင်နွေ တစ်ယောက် မသိခဲ့ဘူး .......

တကယ်ပဲ လွမ်းရသည်
တကယ်ပဲ လွမ်းခွင့်ရှိသည်
တကယ်ပဲ နမ်းခွင့်မရှိသော နင့်ရဲ့ ပါးပြင်နုနုကို တမ်းတမိနေတာ ငါရဲ့ အချစ်တစ်ခုရဲ့ လုပ်ပိုင်ခွင့်တစ်ခုပါကွာ.....

မိမိကိုယ်မိမိ အဆုံးစီရင်ချက်ချမှတ်ပြီးမှ
မိမိရရ ခံရမယ် အပြစ်တွေကို ငါကိုယ်တိုင်ပဲ အမိန့်ချပစ်ချင်တယ် မိရှင်နွေရယ်.....

ငါအိပ်စက်အနားယူချင်ပြီ......

ငါရဲ့.....
နောက်ဆုံးအချိန်ထိ နင့်ကို ချစ်သွားချင်တယ်....
အိပ်စက်လို့မရပေမယ့်
အိမ်မက်တစ်ခုအကြောင်းတွေပဲ ငါ တွေးနေရတယ် .......

နင်ကတော့ အိပ်စက်ခြင်းတွေရဲ့ နောက်ကွယ်ကနေ အိမ်မက်လှလှတွေနဲ့ အိပ်ပျော်နေမှာပေါ့ ......

ငါတွေးပူနေတာက နင် အိမ်မက်ထဲမှာ ငါ ဗီလိန် တစ်ယောက်မဖြစ်ချင်ဘူး.....

ငါဟာ နင်အတွက် အိမ်မက်ထဲမှာတောင် ဗလိန်မဖြစ်ချင်ဘူး......

ကောင်းသော အိပ်စက်ခြင်းတွေထဲမှာ
ကောင်းသောအိမ်မက်တွေကို
ရှင်နွေတစ်ယောက်ပိုင်ဆိုင်နိူင်ပါစေလို့
တောင်းဆုခြွေရင်း ရှင်နွေကို
 ပိုင်ဆိုင်ခွင့်မရှိတဲ့ ကျွန်တော် ညဘက်တွေမှာ အိပ်စက်လို့မရခဲ့ဘူး......

နင့်ရဲ့ အိပ်စက်ခြင်းတွေမှာ အိမ်မက်လှလှလေးတွေကို ညစဉ်ညတိုင်း ပိုင်ဆိုင်နိူင်ကြပါစေကွာ........

     အဓိပတိ ကမ္မ
     26-11-2017

Sunday 26 July 2020

ရှင်နွေ တမ်းခြင်း ၁၆



အချစ်ဆိုတာ

ရိုးရိုးကလေးဖွဲ့ထားတဲ့ တိမ်ပါပဲ

မင်းရောငါရောရပ်ငေးခွင့်ရှိတယ်

နည်းနည်းလေး စောက်ပိုလုပ်ချင်ရင်တော့

တိုက်ဆိုင်မှုမရှိပဲ

သတိရခြင်းတွေကိုဖုန်းခေါ်ပါ ။


အဆန်းတကြယ် တော့မဟုတ်ဘူး
ရိုးရိုးရှင်းရှင်း ပဲ ချစ်ခဲ့ကြတာပဲ ။

ဒါပေမယ့် ရိုးရိုးသားသားနဲ့ မချစ်နိူင်ခဲ့တော့
လွမ်းဆွတ် တမ်းချင်း တွေနဲ့သာ ဖက်တွယ်ရစ်ကြတာပေါ့ ။

အများကြီး ဝမ်းနည်းမနေပါနဲ့ ဘယ်သူမှမရှိတဲ့ ကမ္ဘာထဲမှာ မင်းနဲ့ငါသာ ဒီအချစ်အတွက် ဝမ်းနည်း ကြေကွဲ နေရတာလေ ။

ဘယ်သူမှ မပါသလို ဘယ်လိုလူကမှလည်း မစာနာကြဘူး ။

တကယ်တမ်း တော့ နင်နဲ့ငါပဲ နှစ်ယောက်တည်း ကြေကွဲဖွယ်ရာဖြစ်ရပ် တွေနဲ့ ရင်ဆိုင်တာပါပဲ ။

@အဓိပတိကမ္မ 
  • 27JULY2020

ရှင်နွေတမ်းခြင်း ၁၅



ရှင်နွေ

ငါသရဲကြောက်ပေမယ့်
သရဲကားကြိုက်တယ်
သရဲကားလည်းအမြဲကြည့်တယ်
ဒါ သရဲအပေါ်မှာထားတဲ့ငါ့ရဲ့သစ္စာပဲ


ငါ ချစ်ရမှာ ကိုကြောက်အားပို  လာတယ်
အချစ်စိတ် ကို ငါနှစ်သက်တယ် ။
အမြဲတမ်း လဲ ချစ်နေမယ်
ဒါဟာ နင့်အပေါ်ငါထားတဲ့ အချစ်စိတ် သစ္စာတစ်ခုပဲ ။

ငါအချစ်ကို နင်နားလည်ချင်ရင်  ငါမှာ

ဒီတစ်ခုပဲ ရှိတယ် အများကြီးမပါဝင်ဘူး ။

အဓိပတိကမ္မ 



Saturday 25 July 2020

ရှင်နွေတမ်းခြင်း ၁၄



(အိမ်မက်နှင့်အတူ ပျက်ဆီးစေလျက် ချစ်ခြင်း)


ချစ်စရာ အသံချိုချိုလေးကိုလည်း ချစ်တယ် ၊

နှစ်သိမ့်မှု အပြုအမူ အပြုံးချိုချိုလေးကိုလည်း လွမ်းတယ် ၊

လွမ်းဆွတ်မှု သတိရစေသော ခွဲခွာခါနီး စကားလုံးများ နှင့် အတူတူ ပျော်နေခဲ့သော အချိန်ကာလ တွေကိုလည်း တမ်းတမ်းတတ ရင်ထဲမှာ ရှိနေကြတယ် ။

လက်ခုတ်လေးတီးပြီး သီချင်းလေးတွေကို အသံတိုးတိုးညင်းညင်းလေး လိုက်ပြီး သီချင်းတွေသီဆိုခဲ့သော အမှတ်တရ တွေနဲ့ ရင်ကို နာကျင်စေခဲ့တယ် ။

တစ်ချို့သော ဝမ်းနည်းကြေကွဲမှုတွေက အချိန်လွန်မှ သိချင်ခဲ့တာ ငါရဲ့ပျော်ရွှင်ခြင်းကို အချိန်ဆွဲခြင်း တစ်ခုဖြစ်ပေမယ့် အချိန်မတန်သေးခင်မှာပဲ အိမ်မက်တွေ ပျက်ခဲ့သလို အိပ်ရေးပျက် လည်း ပျက်ခဲ့ရတယ် ။

နေဝင်ရိုးရီ  ဆည်းဆာအချိန် တစ်ခုမှာ ဝင်လာပြီး နေဝင်ဖျိုးဖျ အရောင်ပျိုးပျိုးပျက်ပျက် ညနေခင်း တစ်ခုမှာပဲ ခဏတဖြုတ် မက်ခွင့်ရသော အိမ်မက်တွေလည်း ပျက်ဆီးစေခဲ့တယ် ။

အချစ်လို့ခေါ်တဲ့ ခံစားမှုကြောင့် အခြေအတင်ပြောဆိုမှု မရှိပဲနဲ့ အခြေအနေ မပျက် ပျက်ပြယ်သွားသော မျှော်လင့်ခြင်းတွေလည်း တိတိကျကျ ပျက်ဆီးစေခဲ့တယ် ။

@အဓိပတိကမ္မ 
  25JULY2020

ရှင်နွေတမ်းခြင်း ၃

အဝေးက ငှက်ငယ်လေး
အတောင်ဖျားလေး အေးလို့
ခပ်ဆွေးဆွေး ညည်းဆို
လောကဟာ အပိုပါတဲ့။

သူကလည်း လူလို
အားတင်းလျက် ငိုတယ်
ကြင်ဖော်ပဲ ဝေးသလား
အချိန်တွေပဲ နှေးသလား။

ရှင်နွေတမ်းခြင်း ၂

ဝလုံးအက္ခရာ လေးတောင် ဝိုင်းအောင်မရေးတတ်ခင်ကတည်းက လောဘနဲ့ဖက်တွယ်ပြီး ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းတောင်ခဲ့တာ အခုလည်း ငါမရနိူင်တာတွေကို လောဘတက်ရင် လိုချင်ပိုင်ချင် လာတယ် ။

နင်းပြား ဘဝနဲ့ ဓနရှင် လူတန်းကြီး တွေနဲ့ က လူမျိုုုးး ဘာသာမကွာခြားပေမယ့် လူတန်းစား ကအလွန်အလှမ်းဝေးလွန်းပါတယ် ။

ချစ်နေရင်တောင် မပေါင်းဖက်ရသော ဘဝနှစ်ခုကို ပေါင်းဆုံဖို့ ကြိုးစားမိခဲ့သော ငါတို့ နှစ်ယောက်ပဲ ပင်ပမ်းခဲ့ရသလို နှစ် ဝမ်းနည်း ရတာပါပဲ မဟုတ်လား ။

မဟုတ်တမ်းတရမ်း တွေကို စွံ့တရွတ်လုပ်ခဲ့ကြတယ် ။ ကဗျာစာဆို မဟုတ်ကြသော်လည်း ကဗျာဆန်ဆန် ချစ်ခဲ့ကြတယ် လို့ ထင်မှတ်ရ လောက်အောင် ရူးသွပ် ခဲ့ကြတယ် ။ အရူးအနှမ်း လိုလို အတွေးတွေ ဘာတစ်ခုမျှ မယ်မယ်ရရ မစုတ်ကိုင်နိူခဲ့ကြဘူး ။

ချစ်တာပဲ သိခဲ့သော ဇာတ်ထုပ် တွေကြောင့် လွမ်းဆွေးတမ်းတခြင်းပဲ သိသော အခြေအနေ တစ်ခုရောက်လာခဲ့ပြန်ပြီ မိရှင်နွေ ။

ငါဘာပဲပြောပြော ငါတို့တတွေက ဝေးခဲ့ကြပြီပဲလေ ဘယ်လိုပြဲဖစြဖစ် ပြန်မဆုံနိူင်တော့သော မျက်နှာချင်းတေ့လွဲလေးကို တွေးတောငေးမောခြင်း လွမ်းဆွေးကြသေးတာပေါ့ ။

အဓိပတိကမ္မ
2572020


ရှင်နွေတမ်းချင်း




နေ့ခင်းမှာ တစ်နေကုန်တစ်နေခန်း အိပ်နေပြီး ညဘက်မှာ တစ်ညလုံးအချိန်ဖြုန်းသည့် ကျနော် ဘာတွေမှားနေမှန်း မသိသလို ဘာသာရေး လည်းနားမလည်ခဲ့့့ဘူဘး

နေ့တာညတာ အချိန်အတူတူပါ ပဲ ဒါပေမယ့် ညဖက်တွေရဲ့ ကြယ်နီ ကြယ်ဖြု ကြယ်ဝါတွေနဲ့ ကြယ်တာယာနက္ခတ် တွေကို ကြည့်ရှု ရင်း ရင်းနှီးခဲ့သူ တစ်ယောက်အကြောင်း ပြန်ပြောင်းပြောဆို တွေးနေမိပြန်ရော ။

မုန်းသည်ပဲ ဆိုဆို ချစ်ခဲ့သည် ပဲ ဆိုဆို  ကဗျာဆန်ဆန် အချစ်တွေနဲ့ ကဗျာစာပေ တွေ ရွတ်ဖတ်ရွတ်ဆိုခဲ့သော အခိုက်အတန့် တွေက အခိုင်အမာ ငါတို့ ရင်မှာစွဲလမ်းနေမှာပါ ။

အဓိပတိကမ္မ
2472020

ရှင်နွေတမ်းခြင်း ၄

Add caption
ရှင်နွေ ……………

နင်လိုရင်ခေါ်လိုက်ပါ ၊ နင့်အတွက် လိုသုံးတစ်ယောက် ဟာ ငါပဲ ဖြစ်တယ် ။
လိုအပ်ရင် ခေါ်လိုက် နင့်အတွက် အသင့်ရှိနေပါတယ် ။

 နင့်ရဲ့အတွေးကမ္ဘာလေးထဲက ဘယ်တော့မှ ငါရုန်းထွက်ပြေးနိူင်မယ် မထင်မိဘူး......
ငါ မယုံဘူး။

 နင့်ပါးစပ်က မုသားတွေ ပြောခဲ့တာတွေကို ပေါင်းသင်းရောင်းရင်းတွေက ပြောခဲ့တုန်းကပေါ့ ။

အခုထက်ထိ နင် ညာနေတာတဲ့ တွေးတိုင်းလည်း ငါမှာ  ရင်နာမိတယ် ရှင်နွေ......

အသေအလဲ ကြေကွဲဝမ်းနည်းနေတဲ့ ငါကို ပြေးကာမကြိုဆိုတော့တဲ့ လမ်းဟောင်းကြီးကို တွေးရင်းငေးရင်း ဆွေးနေရတယ် မိရှင်နွေ........

ငါ့ကို နောက်ထပ်မနှိပ်စက်ပါနဲ့တော့ မိရှင်နွေ.........

ဒီလို  စိတ်ကူးယဉ်မှုတွေရဲ့ အဝေးကို ငါပြေးထွက်ခဲ့တယ် ။နင့်အတွက် ငါစိတ်ပူနေတာတွေကို နင့်မသိခဲ့ဘူး...... ။

တစ်ချို့သော ဟန်ဆောင် အနမ်းတွေကြောင့် ငါ နှခမ်းတွေ တုန်အောင် ငိုခဲ့ရဖူးတယ် ၊ နှလုံးသားကို ဒဏ်ရာတွေ ပေးနေတဲ့

နင့်ရဲ့ ဖုန်းကာဗာလေး နဲ့ ဖိနပ်အဟောင်းလေးကို ကြည့်ပြီး ငါဘဝနောက်ဆုံးအချိန်တွေထိ နင့်မရှိတော့ဘူး ဆိုတာ ငါသိလာခဲ့တယ် ။

ဟုတ်ပါတယ် ငါက အရှုံးသမား ။
ဒါပေမယ့် ငါ အားတင်းပြီး ပြုံးထားပါတယ် ။ အချစ်ကို ရူးသွပ်ခဲ့တဲ့လူတွေတောင် တစ်ခါတစ်လေ အချစ်က အရူးလုပ်ခြင်းတွေ ခံရသေးတာပဲလေ ၊

ငါဘက်မှာက အချစ်ပဲ ရှိတယ် ၊
အဆင့်ရှိတဲ့ အခြားတစ်ဖက် နင် ယိမ်းခဲ့တာ နင်သိမ့်ကို မှန်တယ် ရှင်နွေ အသွင်အပြင် မတူညီတာတွေက တချိန်ချိန်မှာ

 ဘဝအနေအထားတွေပါ ကင်းကွာသွားမယ် ဆိုတာ
ငါ ကြိုသိနေခဲ့လို့ပဲ မိရှင်နွေ ....

ဒါဟာ ငါရဲ့ အနာဂတ် ကို ငါ နမိတ်ဖတ်ခြင်းပဲ ရှင်နွေ........ ။

ငါ အနီးဘေးမှာ နင့်မရှိတော့ပေမယ် ငါရင်ထဲမှာ နင့်ကို ချစ်တဲ့ အချစ်တွေ ရှိနေသေးတဲ့အတွက် ငါနင့်ကို ချစ်မိအုံးမှာပဲ ရှင်နွေ...……

ငါက..မျှော်လင့်ခဲ့တဲ့ အချစ်တွေကိုတော့ မမျှော်လင့်တော့ဘူး

 မိရှင်နွေ
ငါအချစ်ဟာ မျှော်လင့်ချက်မပါပေမယ် မှေးမိန်ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ဆိုတာ
နင်တစ်ယောက် သိထား စေချင်မိတယ် မိရှင်နွေလေးရယ်...

        #အဓိပတိကမ္မ              25JULY2018

Friday 24 July 2020

ရှင်နွေတမ်းခြင်း ၅

ရှင်နွေ

ငါနင့်ကိုချစ်တယ်ဆိုတာ ငါ့တို့အတွက် ရာသက်ပန်သေရာပါ အမှတ်တရတွေပါပဲ ။

ဘဝနှစ်ခု အတူတူဖြတ်သန်းရတယ်ဆိုတာက စက္ကူဖြု စာရွက်ဖြုပေါ် စာတွေရေးသလို မိမိရေးချင်ရာရေးလို့ မရဘူးဆိုတာလေးကိုတောင် ငါအစက ကြိုမသိခဲ့ဘူး ။

ဒီလိုပဲ အချစ်ကို တစ်ယောက်က တစ်ယောက်ကို ချစ်နေရင် ပြီးပြည့်စုံတာပဲလို့ တစ်ဖက်သတ် တစ်ယူသန်ကာ တွေးထင်ခဲ့မိသမျှ တစ်ယောက်တည်းနာကျင်ရလိမ့်မယ်လို့လည်း အစကတည်း ကြိုမသိခဲ့ဘူး ။

ဘတ်စ်ကားပေါ်က အပြုံးတွေရယ် အရပ်မနား‌ေအာ်ဆိုခဲ့တဲ့ သီချင်းတွေရယ် မျက်ရည်တွေနဲ့ကြည်နူးခဲ့ရတဲ့ ကဗျာရွတ်သံတွေက သေနိူင်လောက်တဲ့ သေရာပါ အမှတ်တရတွေပါပဲ ။

ငါ့မျက်လုံးနဲ့ မြင်တွေ့ဖူးသမျှ အပြုံးတွေဆိုတာ နင့်နဲ့ငါနဲ့ကြားက နောက်ဆုံးနှုတ်ဆက်တဲ့ အချိန်ကအပြုံးတွေပဲ အဲ့ဒီအပြုံးတွေအတွက် ဘဝတစ်သက်တာ အချိန်ကာလတွေသုံးပြီး အစွမ်းကုန် လွမ်းပြီး ကျန်ရစ်နေမယ်။ ဒါဟာ ငါရဲ့ အဘိဓမ္မာပဲ ။

ငါနင့်ကို ချစ်တယ်ဆိုတာ ရာသက်ပန် ငါ့အတွက် အမှတ်တရဖြစ်သွားပါပြီ ။

နင်လည်းအမှတ်တမဲ့ ငါအကြောင်းတွေ‌ကို တစ်ခါတစ်ရံ ‌ေတွးမိရင် ငါပြောခဲ့ဖူးတဲ့ " နင် အစဉ်ပြေပါစေ " ဆိုတဲ့ စကားလေးကို ဘယ်သူမှမကြားနိူင်အောင် ခပ်တိုးတိုးလေး ရေရွတ်ပေးပါ ။

အချစ်နဲ့ပတ်သတ်ပြီး စာနာတာ သနားတာ ဂရုဏာသက်တွေမျိုးတွေကို ငါမလိုအပ်ဘူး ၊
ငါလိုအပ်နေတာ နင့်မျက်ဝန်းထဲကို အမြဲပြုံးနေစေ‌မယ့် ကြည်နူးမှုတစ်ခုပါပဲ ။

ဒါတွေ နင်နားလည်နိူင်ပါစေ ။

@အဓိပတိကမ်မ
    15JULY2020

ရှင်နွေတမ်းခြင်း ၆

ကြယ်တွေစုံတဲ့ ညလယ်ယံမှာ ငါဆီလာခဲ့သမျှက အလင်းရောင်မဟုတ်ခဲ့ဘူး ။

ရင်မှာစွဲတဲ့ ဒဏ်ရာတွေရဲ့ ကြေကွဲမှုတွေကို လူတွေ မကြားကြတော့ဘူး ။

ကြယ်တွေ ငိုတဲ့ လမ်းက အိမ်မက်တွေက အုံအုံမှုိင်းမှိုင်းနဲ့ ရွာမချတဲ့ မိုးတိမ်တိုက်တွေပါပဲ ။

အမှန်တရားပျောက်တဲ့ လောကကြီးကို ခွင့်လွှတ်ပေးတတ်တဲ့ စိတ်ခံစားမှုတွေကို ကဗျာတွေထဲ ကျကျနန ရောစပ်ပြီး လောကကြီးကို သရော်ကြရင်း ရှင်သန်ကြတာပေါ့ ။

တစ်သက်တာ ဒုက္ခ‌ေတွနဲ့ ရှင်သန်ရခြင်းကို ဘဝလို့ခေါ်ပြီး မျက်စိက ငါကြားတဲ့ ရင်ခုန်ခြင်းတွေနဲ့ အတူ လွမ်းတေးက‌ဗျာတွေကို နားမလည်ပေမယ့် တိတ်ဆိတ်ခြင်းတွေနဲ့အတူ ဘူတွေမကြားနိူင်အောင် အော်ဟစ်ရွတ်ဆိုကြတာ‌ပေါ့ ။

ငါချစ်တဲ့ အရာတွေရဲ့ ငိုသံတွေ

ငါမြတ်နိူးမှုတွေရဲ့ ရူးသွပ်မှုတွေ

ငါတန်ဖိုးထားတဲ့ အမှန်တရားတွေရဲ့

နားလည်မှု‌ေတွကို လုံးဝမမြင်နိူင်သော အခန်းလွတ်ထဲက အဟယ်ခံ လူသားတစ်ယောက်ကို ဘယ်လိုလူကမှ မမြင်နိူင်ကြဘူး ။

ရင်မခုန်တတ်တဲ့ကြယ်တွေကို ကြည့်ပြီး တုန်ရီနေသော တောင်တန်းတွေကို အရူးတစ်ယောက်လို တစ်ယောက်တည်း စကားတွေ အများကြီး ပြောမယ် ။

လူတွေနားမလည်သော အ‌သိစိတ်တွေ လူသားဆန်ခြင်းတွေကို မိုးတိမ်ထဲက ငိုသံတွေနဲ့အတူ ချစ်တဲ့အကြောင်းတွေ တေးဖွဲ့ရင်း တဖြေး‌ဖြေးပျေက်ကွယ်သွားတတ်သော ဆေးလိပ်ငွေ့တွေလို လူတွေကို ဟားတိုက်ပြီး ရယ်ပြနေမယ် ။

မပျော်ရွှင်ရသော ရယ်သံတွေနဲ့ ပြုံးရယ်ကြရင်း
ကမ္ဘာကြီးကပေးသော ဒုက္ခတွေနဲ့
တစ်သက်တာ ငါငိုနေပါပြီ ။

ပန်းပွင့်မီးလျှံတွေကြားက ကြယ်တံခွန်တွေကို နားလည်တတ်ဖို့ ကြိုးစားကြရင်း ရူးသွပ်ကြသေးတာပေါ့ ။

ရူးသွပ်ခြင်းတွေ ဘာ်လောက်ပဲ ပြင်းထန်နေပါစေ
ဒဏ်ရာဒဏ်ချက်တွေကတော့ မပျောက်ကွယ်သေးပါဘူး ။

အားလုံးနားမလည်တဲ့ ချစ်ခြင်းတွေကို ဒုက္ခနဲ့ တုန်ပြန်ခြင်းကိုပဲ ပြန်ပေးတတ်သော လူတွေကို လက်မြှောက်အရှုံးမပေးသေးခင်အထိတော့ ချစ်ခင်တွယ်တာရင်း ရှင်
သန်ကြသေးတာပေါ့ ။

@အဓိပတိကမ်မ

ရှင်နွေတမ်းခြင်း ၇

ဘယ်သူနဲ့ မဆုံနိူင်တဲ့ လမ်းတွေ ကြမ်းတမ်းလိုက်တာ

ဘယ်လိုလူနဲ့မှ မတိုက်ဆိုင်ခဲ့သော လမ်းမတွေမှာ လူသူကင်းမဲ့နေလျက် ------

ဆုံချင်လျက်နဲ့ မတွေ့ဆံုခဲ့မှုတွေ
မဆုံချင်ပေမယ့် တွေ့ဆုံခဲ့ရသော သေရာပါ အမှတ်တရတွေရယ်
ငါရင်မှာ စွဲစွဲမြဲမြဲနဲ့ တည်ရှိနေပါသေးတယ် ။

မျက်ရည်တွေနဲ့ ပွေ့ဖက်ခဲ့သော အိမ်မက်တွေကလည်း
တဖြေးဖြေးမှေးမှိန်ခဲ့သော အမှတ်မထင်ရေရွတ်ခဲ့သော ငါတို့ အမှတ်တရတွေလည်း
 ပိန်ကားထက် ပုံရိပ်တွေလိုပဲ တဖြေးဖြေး ပျောက်ကွယ်ခဲ့ရတယ် ။

တုန်ရီနေသော လက်တွေကို ဆုပ်ကိုင်ခဲ့ဖူးသော လက်တွေနဲ့ပဲ မျက်ရည်တွေ သုတ်ခဲ့ရပြန်‌ေသးတယ် ။

ပူဆွေးမှုတွေ‌ေြကာင့် အေးစက်ခဲ့သော လက်တွေကလည်း နှုတ်ဆက်စကားကလွဲပြီး ခံစားတတ်သော ခံစားမှုတွေကို ထုတ်ဖော်မပြောတတ်ခဲ့ဘူး ။

ဝေဖန်တတ်သော လူတွေစကားတွေကို မရင်ဆိုင်
ရဲသော စိတ်တွေကြောင့်ပဲ

နင်နဲ့အတူ ထွက်သွားသော ငါကျကျနနတည်ဆောက်ခဲ့တဲ့ အချစ်တွေကလည်း မလှမပနဲ့ ငါ့အဝေးကို လွင့်စင်ထွက်သွားသော လေလွင့်ခြင်းတွေပါပဲ ။

နင်နဲ့အတူတူ သွားမယ့် ခရီးတွေလည်း ငါ့နဲ့ အဝေးကြီးမှာပါ ။

အဲ့လို နင်နဲ့ မသွားဖြစ်ခဲ့သော ခရီးတွေမှာ
ရင်ထဲ ကျတ်မှိတ်ကာ မြိုသိပ်ထားခဲ့သမျှ ဘယ်သူမှမကြားနိူင်လောက်အောင် အော်ဟစ်ခဲ့သော မျှော်လင့်ခြင်းတွေလည်း ရှိနေခဲ့တယ် ။

ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ဘာတွေလုပ်ခဲ့လုပ်ခဲ့ အရာအားလုံးကို မေ့ပစ်မယ်ဆိုတဲ့ အသိတစ်ခုကို မေ့မပစ်နိူင်သေးသော အချစ်တွေကိုလည်း သတိတရလွမ်းစွတ်ရင်း ငါရှိနေပါအုံးမယ် ။

#အဓိပတိကမျမ
  11JULY2020

ရှင်နွေတမ်းခြင်း ၈

ဘယ်သူနဲ့ မဆုံနိူင်တဲ့ လမ်းတွေ ကြမ်းတမ်းလိုက်တာ 

ဘယ်လိုလူနဲ့မှ မတိုက်ဆိုင်ခဲ့သော လမ်းမတွေမှာ လူသူကင်းမဲ့နေလျက် ------

ဆုံချင်လျက်နဲ့ မတွေ့ဆံုခဲ့မှုတွေ 
မဆုံချင်ပေမယ့် တွေ့ဆုံခဲ့ရသော သေရာပါ အမှတ်တရတွေရယ် 
ငါရင်မှာ စွဲစွဲမြဲမြဲနဲ့ တည်ရှိနေပါသေးတယ် ။

မျက်ရည်တွေနဲ့ ပွေ့ဖက်ခဲ့သော အိမ်မက်တွေကလည်း 
တဖြေးဖြေးမှေးမှိန်ခဲ့သော အမှတ်မထင်ရေရွတ်ခဲ့သော ငါတို့ အမှတ်တရတွေလည်း
 ပိန်ကားထက် ပုံရိပ်တွေလိုပဲ တဖြေးဖြေး ပျောက်ကွယ်ခဲ့ရတယ် ။

တုန်ရီနေသော လက်တွေကို ဆုပ်ကိုင်ခဲ့ဖူးသော လက်တွေနဲ့ပဲ မျက်ရည်တွေ သုတ်ခဲ့ရပြန်‌ေသးတယ် ။

ပူဆွေးမှုတွေ‌ေြကာင့် အေးစက်ခဲ့သော လက်တွေကလည်း နှုတ်ဆက်စကားကလွဲပြီး ခံစားတတ်သော ခံစားမှုတွေကို ထုတ်ဖော်မပြောတတ်ခဲ့ဘူး ။

ဝေဖန်တတ်သော လူတွေစကားတွေကို မရင်ဆိုင်
ရဲသော စိတ်တွေကြောင့်ပဲ 

နင်နဲ့အတူ ထွက်သွားသော ငါကျကျနနတည်ဆောက်ခဲ့တဲ့ အချစ်တွေကလည်း မလှမပနဲ့ ငါ့အဝေးကို လွင့်စင်ထွက်သွားသော လေလွင့်ခြင်းတွေပါပဲ ။

နင်နဲ့အတူတူ သွားမယ့် ခရီးတွေလည်း ငါ့နဲ့ အဝေးကြီးမှာပါ ။

အဲ့လို နင်နဲ့ မသွားဖြစ်ခဲ့သော ခရီးတွေမှာ 
ရင်ထဲ ကျတ်မှိတ်ကာ မြိုသိပ်ထားခဲ့သမျှ ဘယ်သူမှမကြားနိူင်လောက်အောင် အော်ဟစ်ခဲ့သော မျှော်လင့်ခြင်းတွေလည်း ရှိနေခဲ့တယ် ။

ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ဘာတွေလုပ်ခဲ့လုပ်ခဲ့ အရာအားလုံးကို မေ့ပစ်မယ်ဆိုတဲ့ အသိတစ်ခုကို မေ့မပစ်နိူင်သေးသော အချစ်တွေကိုလည်း သတိတရလွမ်းစွတ်ရင်း ငါရှိနေပါအုံးမယ် ။

#အဓိပတိကမျမ
  11JULY2020

ရှင်နွေတမ်းခြင်း ၉

ငါတို့နှစ်‌ေယာက်အချစ်တွေနဲ့ ဘဝတွေကို အလင်းပေးလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ၊

အမှန်တကယ်လက်တွေ့ ဘဝမှာတော့ နှစ်ယောက်လုံးရဲ့ ဘဝတွေ အမှောင်ကျရောက်
်ပြီးအလင်းပျောက်ခဲ့ရတယ် ။

ခဏလေးပဲ ချစ်ခဲ့ကြပြီး ခဏလေးနဲ့ပဲ ပြတ်ဆဲသွားကြပေမယ့် ၅ နှစ် ၆ နှစ်အထိ ငါနဲ့မင်းနဲ့ ချစ်နေလျှက်နဲ့ ဝေးနေခဲ့ရတယ် ။
အခုထိမဆုံဖြစ်နိူင်ကြသေးဘူး ။နောင်လည်း ဆုံဖြစ်ကြမှာ မဟုတ်‌ဘူး ။

မသိချင်ယောင်ဆောင် ‌ေန‌ကြရင်း နဲ့ တကယ်မသိသလို ဖြစ်သွားတဲ့ ဇာတ်လမ်းလေးက ဝဋ်ကြွေးသက်သက်ဆိုပေမယ့် ချစ်နေကြပါသေးတယ် ။

တစ်ယောက်နဲ့တစ်ယောက် မမြင်နိူင်စေဖို့ ကြားလူတွေ မမြင်‌နိူင်စေဖို့ တံခါးတွေ တစ်ယောက်တစ်ချပ် ပိတ်ကြရင်း အဝေးဆုံးလမ်းတွေဆီ ထွက်ခွါကြပြီး အဝေးကြီး ဝေးကြတာပေါ့ မိရှင်နွေ -------

အစစအရာရာ အစဉ်မပြေလည်း ငါအစဉ်ပြေပါတယ်လို့ ခေါင်းလေးငုတ်ပြီး ဖြေပါ ၊
 ငါလည်း အစီအစဉ်မကျခဲ့တဲ့ ဘဝကိုမေ့ပစ်ပြီး နင်မရှိလည်း ငါအစဉ်ပြေပါတယ်တယ်လို့ အောက်သပ်သပ်နဲ့ ‌ေြဖပေးပါ့မယ် ။

အဆုံးအဆ မရှိတဲ့ အချစ်တွေ ကုန်ဆုံးနေကြပေမယ့် ဟန်မဆောင်တတ်တဲ့ အပြုံးအတုအယောင်တွေနဲ့ ဟန်ဆောင်ကောင်းနေသေးတာပေါ့ မိရှင်နွေ ------။

ချစ်နေကြပေမယ့် နင်လည်း ငါကို မလိုအပ်တော့ဘူး ငါလည်း နင့်ကို မပိုင်ဆိုင်ရတော့ဘူး ဟုတ်တယ်မဟုတ်လား ။
ဒီလိုနဲ့ မဆုံနိူင်ဖြစ်ကြတာကလည်း အဆုံးအဆမဲ့ ပါပဲ ။

ငါ့အိတ်ကပ်ထဲက ကောက်ကွေးနေတဲ့ ဆေးလိပ်တွေကို ပြန်ဖြောင့်ပြီး ငါသောက်နေပေမယ့် စိတ်ကောက်ပြီး ထွက်သွားတဲ့ နင့်ကို စိတ်ပြေလောက်အောင် ငါမချော့လိုက်မိဘူး ------။

နင့်မရှိတော့တဲ့ ငါ့ကမ္ဘာမှာ အတွေးတွေနဲ့ ဆေးလိပ်မီးခိုးငွေ့တွေ ပျောက်ကွယ်သွားတဲ့အထိ ငါမှာ နာနာကျင်ကျင် ထိုင်နေငေးနေမိတယ် ▪️▪️▪️
▪️▪️။

အဓိပတိကမျမ

ရှင်နွေတမ်းခြင်း ၁၀

သိမ့်ချစ်တာပေါ့ ရှင်နွေရယ်.

ရှင်နွေရယ်
အလံဖြုပြနေတာတောင်
ဘာကြောင့် အကြမ်းဖက်ကာ ငါကို
မုန်းလို့ ထွက်သွားရတာလည်း မိရှင်နွေ

ရင်ထဲနှလုံးသားထဲမှာ
လောင်တဲ့မီးတွေလည်း
အသည်းတွေကွဲခဲ့တာ
ပြန်လည် လို့ ပါလာစတာကပ်လို့တောင်
မဆက် တော့ဘူးလား.....

နင့်နဲ့ငါတို့အချစ်တွေလည်း အဆက်အသွယ်မရတော့ဘူး
အဆက်ဖြတ်သွားတဲ့ နင် ကျေနပ်နေမှာပါ ။

အိမ်မက်တွေနဲ့ မျှော်လင့်ခဲ့တဲ့
ငါ့ရည်မှန်းချက်လေး နင့်ရဲ့
လိမ်ညာလှည့်ဖျားတတ်တဲ့ အပြုံးတွေအောက်မှာ
လဲပြိုကျခဲ့ရပြီ
ငါဘယ်လိုမှ မရုန်းမထနိူင်တော့ဘူး....

နောက်တစ်ခါ မေ့ပစ်ဖို့ မပြောပါနဲ့

နင့်စိတ်နဲ့ အိပ်မရတဲ့ အချစ်တွေက
နင့်အသုံးမကျဘူးလို့ ပြောခဲ့တဲ့ အချစ်တွေကလည်း ငါတို့အချစ်တွေအတွက်
အသုံးမကျတော့ပါဘူး မိရှင်နွေ

ထွက်မသွားပါနဲ့လို့ ငါထားနေလည်း နင်က အခြားတစ်ယောက်နဲ့
တိမ်လွှာထုတွေ ကြားထဲမှာ
ပျော်ပါးနေတာ မြင်တွေ့နေရတော့လည်း

ငါ့ နှလုံးသားကွဲကြေမှုကြောင့်
ကျတဲ့ သွေးမျက်ရည်တွေက
ငါ့ရဲ့ အခန်းကျဉ်းလေးထဲက
နင့်ဓာတ်ပုံ အပြုံးချိုချိုလေးတွေကြောင့်လို့
ပြောလို့ ရပါတယ် ရှင်နွေ

နင်နောက်ထပ် မသိချင်ရောင်ဆောင်ပြီး
မနေပါနဲ့တော့
ဘယ်လိုမှ နင့်နဲ့ ငြိမ်းချမ်းရေး မရနိူင်တော့ဘူးလား....

ငါအလံဖြုပြနေပါတယ် မိရှင်နွေ
ငါဘက်ကို တစ်ချက်လောက်ပဲ ဖြစ်ဖြစ်
ပြန်လည်လို့ လှည့်ကြည့်ပေးပါ မိရှင်နွေ

နင့်မရှိတော့တဲ့နောက်
ပျော်ပျော်ပါးပါး နေတတ်တဲ့ ငါ
ဝမ်းနည်းလွန်းလို့ တစ်ခါတစ်လေတော့
မျက်ရည်တွေတောင် ကျတတ်နေပြီ ၊

နင်က မသိသလိုနဲ့ ထွက်သွားပေမယ့်
နင့်ပေးတဲ့ ကတိစကားတွေကို
တစ်ဖက်သတ် ငါမှာ ယုံကြည်နေမိသေးတယ် မိရှင်နွေ

တစ်ချိန်က
အတူသွား အတူစားနဲ့
ဒီအချိန်မှာ
သူအနားတောင် နေခွင့်မရှိတော့ ငါကိုပဲ နင်မုန်းပစ်လိုက်ပါတော့.....

နင့်ရဲ့ မာယာလှည့်ဖျားမှုတွေကြောင့်
အခုတော့
ငါ့အိမ်မှာ ငါတစ်ယောက်တည်း
အိပ်မရတဲ့ ညဘက်တွေကို အဖော်ပြုပြီး
ကမ္ဘာတွေပျက်လို့ နေတယ် ရှင်နွေ ။

နင့်အသုံးမပြုတော့တဲ့ ငါရဲ့အသည်းနှလုံးလဲ
လဲပြိုရပေမယ့် အခုထိ အိပ်စက်လို့ မရသေးဘူး

အချိန်က ကုစားသွားမယ်တဲ့
တကယ်ပဲ အိပ်လို့မရသေးတဲ့ အိမ်မက်တွေ ကြားထဲမှာ ငါတစ်ယောက်တည်း အထီးကျန်စွာ
သံခေါင်ယံ ဉာဉ်နက်တွေကို နာကျင်စွာ ဖြတ်သန်းနေနေရတယ် ။

ငါစိုးရိမ်နေတာ နင်မသိဘူး
ငါရဲ့ အချစ်တွေက
တစ်ချိန်က ကျိန်စာတွေလား
 ငါတွေးနေမိတယ် မိရှင်နွေ ........

အရင်ကတော့ ပျော်ပါတယ်ဆို
အခုတော့ ငါခေါ်တာတောင်
ပြန်လှည့်လို့ မကြည့်တော့ဘူးလား
နင့်ဆီဆက်နေတဲ့ တယ်လီဖုန်းသံတွေမှာ
ငါ ငိုကြွေးရတာ
အခါခါပါပဲ မိရှင်နွေ.......

          #အဓိပတိကမ္မ
         24JULY2018

Saturday 4 July 2020

ရှင်နွေတမ်းခြင်း ၁၂

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ ရည်းစားကြောင့်ပဲ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား ။

နင့်အတွက် ဒုတိယ နေရာတောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် နင်နဲ့ငါ ဒဏ်ရာတွေအပြည့်နဲ့ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ မေ့ပစ်လို့မလွယ်ကူမှန်း သိနေပေမယ့် မေ့ပစ်ဖို့ကြိုးစားရတော့မယ် ။

ရှင်နွေ နှခမ်းများက ရှီရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး ဒါပေမယ့်
အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊

ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်
အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းကင်းရှင်းစွာ
မဖြစ်ခဲ့တဲ့အချစ် သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူး ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ ပဲ ပင်လယ်ပြင်က ကောင်းကင်ပြာပြာမှာ အပြာရောင်အချစ်တွေ ရွက်လွင့်ရင်း
နင့်အချစ်ကို ငါမျှော်လင့်နေပါတယ် ။

တစ်ခါလောက်တော့ နင့် နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမမြ

ရှင်နွေတမ်းခြင်း ၁၁

ခွင့်လွတ်ပါလို့ တောင်းပန်လိုက်ပါတယ် မိရှင်နွေ ။

မမုန်းပဲနဲ့ မုန်းချင်ယောင်ဆောင်ခဲ့မိတဲ့ ငါရဲ့ အလိမ်အညာတွေ နင်ခွင့်လွတ်ပေးပါ ။

မချစ်ပဲနဲ့ ချစ်တယ်ပြောခဲ့သောစကားသံတွေ မကြားရတာ ကြာခဲ့ပြီ ။

ကျနော်လေ ▪️▪️▪️
ခါးသီးတဲ့ အနမ်းတွေကို ရူးရူးမိုက်မိုက် မုန်းမိနေသော အမျိုးသမီးငယ်တစ်ယောက်ကို မုန်းမိနေတာ ကြာပြီ ။

ချစ်တယ်လို့ လိမ်ခဲ့တဲ့သူမနဲ့
မုန်းတယ်လို့ ညာခဲ့တဲ့ ငါနဲ့
ခံစားမှုခြင်း ထပ်တူမကျခဲ့‌ေသာ
ညီမျှခြင်းတွေလည်း ပြိုလဲခဲ့ရပြန်ပြီ ။

အချစ်တစ်ခုမှာ ပျော်ခဲ့လားလို့ ကိုယ်ကိုကိုယ် ပြန်မေးပြီး ခံစားချက်အတိုင်း ငိုချလိုက်ပါ ။

အရောင်စုံတဲ့မြို့ပြရဲ့ အယောင်ဆောင် အပြုံးအတုတွေကြောင့် ပင်ပမ်းခဲ့သော အသိစိတ်တွေကို လူသူကင်းမဲ့သော တောအုပ်ထဲက ပေါက်ပန်းပင်တွေကို သွားကြည့်ပြီးရင် သဘာဝတရားကပေးတဲ့ သင်ခန်းစာကို အရယူပြီး ပြန်လာခဲ့ပါ။

အချစ်နဲ့ပတ်သတ်ပြီး ကျနော်တို့ နှစ်ယောက်လုံး မှားခဲ့ကြတယ် ၊
အချစ်ကို နှစ်ယောက်လုံးက ပိုင်ခဲ့တယ်လို့ ထင်နေခဲ့ကြတာ အမှန်တကယ်ကတော့ အချစ်က ကျနော်တို့နှစ်ယောက်စလုံးကို ပိုင်ဆိုင်ခဲ့တာပါ ။

အချစ်ကို ပိုင်ဆိုင်ဖို့ပဲ ကြိုးစားနေခဲ့ကြတယ် ။
ပိုင်ဆိုင်ထားတဲ့ အချစ်ကိုတော့ ခိုင်မြဲဖို့ အတွေးမိခဲ့တဲ့ အမှားတွေကြောင့်ပဲ အချစ်ကပေးတဲ့ ဒဏ်ရာတွေက နှစ်ယောက်စလုံးရဲ့ နှလုံးသားကို အပြစ်ဒဏ်သင့့်ခဲ့တယ် ။

တစ်ယောက်နဲ့တစ်ယောက် ဆုံးရှုံးရမှာ ကြောက်ရွံ့တဲ့စိတ်ခံစားမှုတွေကြောင့်လဲ ဘဝတစ်သက်စာ အချစ်ကြောင့် ချုံးပွဲချငိုကြရင်း မရဏလမ်းရဲ့ တိတ်ဆိတ်ခြင်းဆီကို တစ်ယောက်တစ်လှမ်း လှမ်းရင်း တစ်လမ်းဆီ တဖြေးဖြေးသွားကြတာပေါ့ ။

အဓိပတိကမျမ

ရှင်နွေတမ်းခြင်း ၁၃

အချစ်ဆိုတာ အချိန်တို အတွင်းမှာ
ပင်ကူအိမ်တွေလို လွယ်လင့်တကူ
ပျက်စီးလွယ်တဲ့ အမျိုးအစားလား ?

အချစ်ဆိုတာ အချိန်တိုအတွင်းမှာ
လွယ်လွယ်ခိုနားပြီး အချိန်တိုအတွင်းမှာပဲ
လွယ်လွယ်လေး ထားခဲ့လို့ရတဲ့ အမျိုးအစားလား ?

အချစ်ဆိုတာ ဝင်ချင်သလိုဝင်လာပြီး
ထွက်ချင်တဲ့အချိန် ကျောခိုင်းလို့ရတဲ့ အမျိုးအစားလား..

ဘာပဲပြောပြော ချစ်မိတဲ့လူက ရှုံးရတာတော့
အခုချိန်မှာ ကောင်းကောင်းကြီးနားလည်လိုက်တယ် ......

နင်တကယ်ချစ်ရင် ငါဆီပြန်လာခဲ့ပါ ...
နင်အလိုမရှိရင် နင်ဆီက ငါထွက်သွားပေးပါ့မယ် ...

နင်မှာ တကယ်မရှိတဲ့ အချစ်တွေကို ငါ‌ေနာက်ထပ် ထပ်ပြီး မမျှော်လင့်တော့ဘူး .....

သံယောဇဉ်ဆိုတာ လူကို ပင်ပမ်းစေတယ်တဲ့ ။
သံယောဇဉ် ဆိုတာ ဘာတပ်မက်မှုမှ မပါတဲ့ ဖြုစင်ခြင်းတွေ ပြည့်နက်နေရင်တောင် သံယောဇဉ်ဆိုတာ တပ်မက်အပ်သော အရာမဟုတ်ဘူး .....

ဒီသံယောဇဉ်ကြီးကို ခင်တွယ်ရင်း ကိုယ် ပင်ပန်းမှာဆိုးလို့ ဘာမျှော်လင့်ချက်မှ မထားပဲ

ကိုယ်ကိုကိုယ် သတိပေးနေတာတောင် မင်းနဲ့ပတ်သတ်လာရင် သတိလက်လွတ်နဲ့ အရင်ကလို ခံစားနေရတုန်းပဲ မိရှင်နွေ....

ကျနော်မရှိလည်း ဖြစ်တယ်ဆိုတဲ့ လူတွေကို မရှိမဖြစ်လိုအပ်နေတာက ကျနော် ။

ကိုယ့်ဒုက္ခကို ကိုယ်က ထွေးပိုက်ပြီး ဒီဒုက္ခကြီးက ပင်ပန်းတယ် လို့ ပြောနေသူကလည်း ကျနော်ပါပဲ ။

       #အဓိပတိကမျမ
ဦးသန်းရွှေသည် မြန်မာပြည်အတွက် ဒီမိုကရေစီမျိုးစေ့ချပေးခဲ့သူဖြစ်ပါသည်။

        #PLEASE_SHARE ! ! !

ဦးသန်းရွှေအစိုးရသည် ယခင်ကွန်မြုနစ်အဖွဲ့ဟောင်းများ လူမျိုးစုသူပုန်အဖွဲ့များနှင့် နိူင်ငံရေးစစ်ရေး ပေါင်းစပ်ပြုလုပ်ခြင်းထက် အပတ်အခတ်ရပ်စဲရေး သဘောတူဘီချက်များကို လုပ်ဆောင်ခဲ့ရာ အောင်မြင်မှုအများအပြားရရှိခဲ့ပါသည် ။

တိုင်းရင်းသားလူမျိုးစု သူပုန်များ၏တောင်းဆိုချက်များအရ နယ်စပ်တစ်လျှောက်နေရာများတွေ အစိုးရနဲ့စစ်တပ်မသွားရဇုန်များကိုလည်း ဖော်ဆောင်၍ တိုင်းရင်းသားအချင်းချင်း ဆက်ဆံရေး အစဉ်ပြေအောင် လိုက်လျော့ပေးခဲ့ပါသည် ။

မြန်မာ့စီးပွားရေးကိုလည်း မဟာဗျုဟာကျကျ ကဏ္ဍအနည်းမှလွဲ၍ နိူင်ငံခြား ရင်းနှီး မြုပ်နှံမှုများ အား ဖွင့်လှစ်ပေးခဲ့ပါသည် ။

တိုင်းရင်းသားစွန့်ဦးတီထွင်သူ စီးပွားရေး လုပ်ငန်းများကို ဖော်ထုတ်သတ်မတ်ပြီး နိူင်ငံတော်အရင်းအမြစ်များနှင့် မြေနေရာနှင့်ကုန်ကြမ်းပစ္စည်းများကို ခွဲဝေသုံးစွဲခြင်းကိုလည်း အကောင်အထည်ဖော်ပေးခဲ့ပါသည် ။

က္ဘ္ဘ္ဘမ္ဘာ္ဘ္ဘ္ဘ္ဘ္လလှည့်ခရီးသည်များ လာရောက်မှုကိုလည်း ကြိုဆိုခဲ့ပြီး နိူင်ငံခြားသားပိုင် ဟိုတယ်များ နှင့် အပန်းဖြေလုပ်ငန်းများ အပါအဝင် ကြီးမားသော ပမာဏဖြင့် ခရီးသွားလုပ်ငန်း စီမံကိန်းများ ချမှတ်လုပ်ဆောင်ခဲ့သည် ။

လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းများကို အပြင်းအထန် နိူင်ငံတကာသိလာအောင် ငြင်းဆန်ပြီး
နိူင်ငံတကာမှ အအဖွဲ့အစည်း အများပြားပါဝင်သော ဘဏ္ဌာရေး အေဂျင်စီများက ထိန်းချုပ်ထားသော လုပ်ငန်းများနှင့် ဆက်သွယ်၍ အိမ်နီးချင်း နိူင်ငံများနှင့် ချိတ်ဆက်၍ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် နှင့် ကုန်သွယ်မှုများ လည်း ဆောင်ရွက်စီမံခဲ့သည် ။

အခြေခံဆောက်လုပ်ရေးများလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး နိူင်ငံတော်၏ လမ်းပန်းဆပ်သွယ်ရေးကဏ္ဍများမှာလည်း အမြန်လမ်းမနှင့် မီးရထားသယ်ယူပိုဆောင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ရ ဆောင်ရွက်စီမံခဲ့သည် ။

          ပြည်ပနိူင်ငံများနှင့် နိူင်ငံတကာမှ အရေးယူပိတ်ဆို့မှုတွေ ကြားထဲကနေ လမ်းနှင့်ရထား တံတားနှင့်လေဆိပ် ဆောက်လုပ်ရေးလုပ်ငန်းများတွေကို လည်း အရှိအဟုန်မြှင့်ဆောင်ရွက်ခဲ့သည် ။

စစ်ရေးအသုံးစရိတ်ကို ဦးနေဝင်းလက်ထက်ကထက် ပထမတစ်နှစ်အတွင်းမှာတောင် နှစ်ဆကျော် မြှင့်တင်ခဲ့ပြီး တပ်အင်အားကိုလည်း ဖြည့်တင်းလိုက်သည် ။

နိူင်ငံတော်၏အခြေခံအဆောက်အအုံ ဖွဲ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ္ဘ ငွေစက္ကူများကို လိုသလောက် ပုံနှိပ်ထုတ်ဝေခဲ့ပါသည် ။

တိုင်းပြည်ရဲ့ ပညာရေးနှင့် ကျန်းမာရေးဘက်မှာ တဖြေးဖြေး ဝန်ဆောင်မှုများဘက်မှာ အနည်းငယ် အားခဲ့သည်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ် ။

ပြည်တွင်းလူမျိုးစု ပြဿနာများနှင့် လက်နက်ကိုင် သူပုန်ပြဿနာကိုလည ညှင်သာပျော့ပြောင်းစွာ ကိုင်တွယ်ခဲ့ပြီး အပတ်အခတ်ရပ်စဲရေးများကိုလည်း အကောင်းဆုံး ဆောင်ရွက် ဆွေးနွေးနိူင်ခဲ့ပါသည် ။

ဦးနေဝင်းအသုံးပြုခဲ့သော နိူင်ငံတော်၏အင်္ဂလိပ်ဘာသာနှင့် အနောက်နိူင်ငံများ၏ဘာသာစကားများဖြင့်ခေါ်ဝေါ်ခဲ့သော အမည်များကိုလည်း မြန်မာ(Myanmar) ဟု ပြောင်းလဲခေါ်စေခဲ့သည် ။

        ဘာသာရေးနှင့်ပတ်သတ်၍လည်း ဝါရင့်အစိုးရ ဝန်ကြီးများက ဝါရင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို အကြီးအကျယ် ခမ်းခမ်းနားနား ပူဇော်ကတော့ပွဲများကိုလည်း ဆောင်ရွက်ခဲ့သည် ။

စစ်တပ်တွင်လည်း
အရည်အချင်းကိုလိုက်၍ ရာထူးတိုးမြှင့်ပေးခြင်း အဆင့်တိုးမြှင့်ပေးခြင်းများဆောင်ရွက်စီမံခဲ့သည် ။
စစ်တပ်အင်းအား ၂၀၀ ၀၀၀ အောက်မှ ၄၀၀ ၀၀၀ အထက်သို့ရောက် အလျင်အမြန်တိုးမြှင့်ပေးနိူင်ခဲ့သည် ။

ကာကွယ်ရေးသတန်းများနှင့် စစ်ပညာရပ်ဆိုင်ရာ သင်တန်းများကိုလည်း တိုးချဲ့ခဲ့ပြီး နှစ်စဉ် စစ်သင်တန်းခေါ်ယူသည့် လူဦးရေတွေကိုလည်း တိုးမြှင့်ခဲ့သည် ။

အနောက်နိူင်ငံများမှ လက်နက် ခဲယမ်း ဝယ်ယူရာတွင်လည်း အရှေ့ဥရောပနှင့် အများအားဖြင့် တရုတ်လက်နက်ပစ္စည်းများကို လမ်းကြောင်းပြောင်း၍ အလျင်အမြန်ဝယ်ယူခဲ့သည် ။

မြန်မာပြည်၏ ကြားနေဝါဒတွင် အပေးအယူ အလျော့အတင်းများ များစွာလုပ်ခဲ့သော်လည်း အနောက်နိူင်ငံများနှင် နိူင်ငံတကာတို့ဘက်၏စီးပွားရေး ပိတ်ဆို့ခြင်းများကျဆင်းသွားခဲ့ခြင်းမျိုး မရှိပါ ။

မြန်မာပြည်၏ ဂျီဒီပီတွင် ကုန်သွယ်ရေးကဏ္ဍပါဝင်မှုအချိုးမှာ
ဖွဲ့ဖြိုးဆဲ နိူင်ငံများစာရင်းအထိ ပါဝင်နိူင်ခဲ့သော်လည်း ၄င်းနိူင်ငံများကြားတွင် အနှိမ့်ဆုံးအဆင့် ဖြစ်နေပါသည် ။
မြှောကိုရီးယားနိူင်ငံ (သို့) အယ်လ်ဘေးနီးယား နိူင်ငံတို့နှင့် နှိုင်းယှဉ်လျင် လေးရာခိုင်နှုန်းအောက်တွင်သာ ရှိခဲ့သည်ကိုလည်း မြင်တွေ့ရသည် ။

ဖွဲ့စည်းပုံအခြေံ အမျိုးသားညီလာခံကိုလည်း ၁၄နှစ်ကြာ ဆွေးနွေးတိုင်ပင်ကြပြီး ဒီမိုကရေစီဆန်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေ နှင့် ဒီမိုကရေစီမျိုးစေ့ချပေးခဲ့ပြီ တိုင်းပြည်ကို အပြောင်းအလဲများ ဆောင်ရွက်ခဲ့သည် ။

တိုင်းပြည်အတွက် အပြောင်းအလဲမူဝါဒများ ရဲရဲဝင့်ဝင့် စွန့်စားခဲ့သော ဘဘဦးသန်းရွှေကို လေးစားမိပါသည် ။

မြို့သစ်စီမံကိန်းအသစ်များ ဆောင်ရွက်ရေးစွဲ၍ နိူင်ငံတော် အစိုးနယ်မြေ (ဝါ) ပြည်ထောင်စုနယ်မြေ အသစ်များအသစ်များနှင့် ထီးသစ်နန်းသစ် လွှတ်တော် အဆောက်အအုံနှင့် မြို့သစ်တည်နေရာတွေကိုလည်း တိုးမြှင့် ဆောင်ရွက်စီမံခဲ့သည် ။

    ဘဘဦးသန်းရွှေသည် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အစွမ်းဆောင်နိူင်သော တပ်မတော်အရာရှိခေါင်းဆောင် ဖြစ်ပါသည် ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာသာသာသနာအတွက် ခြေကုန်လက်ပန်း မကျခဲ့ခြင်းကိုလည်း လေးစားမိပါတယ် ။

    တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ဆိုရှယ်လစ်စနစ်မှ ဒီမိုကရေစီစနစ်ကူပြောင်းရေး ကို ဆောင်ရွက်ခဲ့ခြင်းတွေအတွက်လည်း အလွန်ကြည်ညိုလေးစားမိပါတယ် ဂုဏ်ပြု အလေးပြုပါတယ် ဘဘဦးသန်းရွှေ ။

ဘဘဦးသန်းရွှေသည် နှုတ်ထွက်သင့်သောအချိန်တွင် နှူတ်ထွက်အာဏလွှဲပြောင်းပေးခဲ့ပြီး
ဒီမိုကရေစီစနစ်ဖြင့် စည်းစနစ်ပါပါ
နည်းလမ်းကျကျ အာဏာခွဲဝေခဲ့ပြီး နိူင်ငံခေါင်းဆောင်နေရာမှ နှုတ်ထွက်ပေးခဲ့ပါသည် ။

စစ်ပွဲဆိုသည်မှာ စစ်တပ်၏အဓိကလုပ်ငန်းပင် ဖြစ်ပါသည် ။
စစ်ပွဲကို ကောင်းစွာအသုံးချ၍ ဆန်းပြားသော မဟာမိတ်များကိုလည်း ဖန်းတီးယူလိုက ယူလို့ရပါသည် ။
အကျိုးတူပူပေါင်းကြသည့် မဟာမိတ်များသည် အခြေခံမူဝါဒများ မတူညီသော လူမျိုးစု နှင့် ၄င်းတို့၏ ရည်မှန်းချက် ပန်းတိုင်များ မတူညီကြသဖြင့် တစ်ခါတစ်ရံ မဟာမိတ်ဆက်ဆံရေးတွင် ကြီးမားသော ကွဲလွဲမှုများ မကြာခဏရှိလာတတ်ကြတာ သဘာဝတရားပင် ဖြစ်ပါသည် ။

ထို့အတူ စစ်ဆိုသည်မှာလည်း တစ်နည်းအားဖြင့် နိူင်ငံရေးပင်ဖြစ်ပါသည် ။
စစ်တပ်သည် စစ်တပ်သည် နိူင်ငံတိုင်းတွင် အဓိကအကျဆုံးသော အဖွဲ့အစည်းပင်ဖြစ်ပါသည် ။
လက်နက်ကိုင်တိုက်ပွဲများတွင် စိတ်ဓာတ်ရေးရာ နှင့် နိူင်ငံရေးသဘောတရားတို့ကို ချိတ်ဆက်မှု ကြီးမားသော အဖွဲ့အစည်းပင် ဖြစ်ပါသည် ။

စစ်တပ်နှင့် နိူင်ငံရေးကို ခွဲခြား၍မရ
နိူင်ငံအရေးနှင့် စစ်တပ်သည်လည်း ဘယ်တော့မှ ကွဲပြား၍ မရပါ ။

အားလုံသိထားရမှာ တစ်ခုကတော့

( တပ်မတော်ဟာ တာဝန်ကင်းမဲ့ စည်းကမ်းကင်းမဲ့ အဓိပ္ပါယ်မရှိ ကျပန်းထင်ရာ လုပ်တတ်သော အဖွဲ့အစည်း မဟုတ်ပါ )
https://m.facebook.com/story.php?story_fbid=772816943107040&id=100011362251163
PLEASE SHARE NOW©®©®

         အဓိပတိကမ္မ
        4JULY2018

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...