Saturday 4 July 2020

ရှင်နွေတမ်းခြင်း ၁၂

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ ရည်းစားကြောင့်ပဲ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား ။

နင့်အတွက် ဒုတိယ နေရာတောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် နင်နဲ့ငါ ဒဏ်ရာတွေအပြည့်နဲ့ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ မေ့ပစ်လို့မလွယ်ကူမှန်း သိနေပေမယ့် မေ့ပစ်ဖို့ကြိုးစားရတော့မယ် ။

ရှင်နွေ နှခမ်းများက ရှီရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး ဒါပေမယ့်
အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊

ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်
အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းကင်းရှင်းစွာ
မဖြစ်ခဲ့တဲ့အချစ် သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူး ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ ပဲ ပင်လယ်ပြင်က ကောင်းကင်ပြာပြာမှာ အပြာရောင်အချစ်တွေ ရွက်လွင့်ရင်း
နင့်အချစ်ကို ငါမျှော်လင့်နေပါတယ် ။

တစ်ခါလောက်တော့ နင့် နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမမြ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...