Friday 24 July 2020

ရှင်နွေတမ်းခြင်း ၈

ဘယ်သူနဲ့ မဆုံနိူင်တဲ့ လမ်းတွေ ကြမ်းတမ်းလိုက်တာ 

ဘယ်လိုလူနဲ့မှ မတိုက်ဆိုင်ခဲ့သော လမ်းမတွေမှာ လူသူကင်းမဲ့နေလျက် ------

ဆုံချင်လျက်နဲ့ မတွေ့ဆံုခဲ့မှုတွေ 
မဆုံချင်ပေမယ့် တွေ့ဆုံခဲ့ရသော သေရာပါ အမှတ်တရတွေရယ် 
ငါရင်မှာ စွဲစွဲမြဲမြဲနဲ့ တည်ရှိနေပါသေးတယ် ။

မျက်ရည်တွေနဲ့ ပွေ့ဖက်ခဲ့သော အိမ်မက်တွေကလည်း 
တဖြေးဖြေးမှေးမှိန်ခဲ့သော အမှတ်မထင်ရေရွတ်ခဲ့သော ငါတို့ အမှတ်တရတွေလည်း
 ပိန်ကားထက် ပုံရိပ်တွေလိုပဲ တဖြေးဖြေး ပျောက်ကွယ်ခဲ့ရတယ် ။

တုန်ရီနေသော လက်တွေကို ဆုပ်ကိုင်ခဲ့ဖူးသော လက်တွေနဲ့ပဲ မျက်ရည်တွေ သုတ်ခဲ့ရပြန်‌ေသးတယ် ။

ပူဆွေးမှုတွေ‌ေြကာင့် အေးစက်ခဲ့သော လက်တွေကလည်း နှုတ်ဆက်စကားကလွဲပြီး ခံစားတတ်သော ခံစားမှုတွေကို ထုတ်ဖော်မပြောတတ်ခဲ့ဘူး ။

ဝေဖန်တတ်သော လူတွေစကားတွေကို မရင်ဆိုင်
ရဲသော စိတ်တွေကြောင့်ပဲ 

နင်နဲ့အတူ ထွက်သွားသော ငါကျကျနနတည်ဆောက်ခဲ့တဲ့ အချစ်တွေကလည်း မလှမပနဲ့ ငါ့အဝေးကို လွင့်စင်ထွက်သွားသော လေလွင့်ခြင်းတွေပါပဲ ။

နင်နဲ့အတူတူ သွားမယ့် ခရီးတွေလည်း ငါ့နဲ့ အဝေးကြီးမှာပါ ။

အဲ့လို နင်နဲ့ မသွားဖြစ်ခဲ့သော ခရီးတွေမှာ 
ရင်ထဲ ကျတ်မှိတ်ကာ မြိုသိပ်ထားခဲ့သမျှ ဘယ်သူမှမကြားနိူင်လောက်အောင် အော်ဟစ်ခဲ့သော မျှော်လင့်ခြင်းတွေလည်း ရှိနေခဲ့တယ် ။

ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ဘာတွေလုပ်ခဲ့လုပ်ခဲ့ အရာအားလုံးကို မေ့ပစ်မယ်ဆိုတဲ့ အသိတစ်ခုကို မေ့မပစ်နိူင်သေးသော အချစ်တွေကိုလည်း သတိတရလွမ်းစွတ်ရင်း ငါရှိနေပါအုံးမယ် ။

#အဓိပတိကမျမ
  11JULY2020

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...