Saturday 25 July 2020

ရှင်နွေတမ်းခြင်း ၄

Add caption
ရှင်နွေ ……………

နင်လိုရင်ခေါ်လိုက်ပါ ၊ နင့်အတွက် လိုသုံးတစ်ယောက် ဟာ ငါပဲ ဖြစ်တယ် ။
လိုအပ်ရင် ခေါ်လိုက် နင့်အတွက် အသင့်ရှိနေပါတယ် ။

 နင့်ရဲ့အတွေးကမ္ဘာလေးထဲက ဘယ်တော့မှ ငါရုန်းထွက်ပြေးနိူင်မယ် မထင်မိဘူး......
ငါ မယုံဘူး။

 နင့်ပါးစပ်က မုသားတွေ ပြောခဲ့တာတွေကို ပေါင်းသင်းရောင်းရင်းတွေက ပြောခဲ့တုန်းကပေါ့ ။

အခုထက်ထိ နင် ညာနေတာတဲ့ တွေးတိုင်းလည်း ငါမှာ  ရင်နာမိတယ် ရှင်နွေ......

အသေအလဲ ကြေကွဲဝမ်းနည်းနေတဲ့ ငါကို ပြေးကာမကြိုဆိုတော့တဲ့ လမ်းဟောင်းကြီးကို တွေးရင်းငေးရင်း ဆွေးနေရတယ် မိရှင်နွေ........

ငါ့ကို နောက်ထပ်မနှိပ်စက်ပါနဲ့တော့ မိရှင်နွေ.........

ဒီလို  စိတ်ကူးယဉ်မှုတွေရဲ့ အဝေးကို ငါပြေးထွက်ခဲ့တယ် ။နင့်အတွက် ငါစိတ်ပူနေတာတွေကို နင့်မသိခဲ့ဘူး...... ။

တစ်ချို့သော ဟန်ဆောင် အနမ်းတွေကြောင့် ငါ နှခမ်းတွေ တုန်အောင် ငိုခဲ့ရဖူးတယ် ၊ နှလုံးသားကို ဒဏ်ရာတွေ ပေးနေတဲ့

နင့်ရဲ့ ဖုန်းကာဗာလေး နဲ့ ဖိနပ်အဟောင်းလေးကို ကြည့်ပြီး ငါဘဝနောက်ဆုံးအချိန်တွေထိ နင့်မရှိတော့ဘူး ဆိုတာ ငါသိလာခဲ့တယ် ။

ဟုတ်ပါတယ် ငါက အရှုံးသမား ။
ဒါပေမယ့် ငါ အားတင်းပြီး ပြုံးထားပါတယ် ။ အချစ်ကို ရူးသွပ်ခဲ့တဲ့လူတွေတောင် တစ်ခါတစ်လေ အချစ်က အရူးလုပ်ခြင်းတွေ ခံရသေးတာပဲလေ ၊

ငါဘက်မှာက အချစ်ပဲ ရှိတယ် ၊
အဆင့်ရှိတဲ့ အခြားတစ်ဖက် နင် ယိမ်းခဲ့တာ နင်သိမ့်ကို မှန်တယ် ရှင်နွေ အသွင်အပြင် မတူညီတာတွေက တချိန်ချိန်မှာ

 ဘဝအနေအထားတွေပါ ကင်းကွာသွားမယ် ဆိုတာ
ငါ ကြိုသိနေခဲ့လို့ပဲ မိရှင်နွေ ....

ဒါဟာ ငါရဲ့ အနာဂတ် ကို ငါ နမိတ်ဖတ်ခြင်းပဲ ရှင်နွေ........ ။

ငါ အနီးဘေးမှာ နင့်မရှိတော့ပေမယ် ငါရင်ထဲမှာ နင့်ကို ချစ်တဲ့ အချစ်တွေ ရှိနေသေးတဲ့အတွက် ငါနင့်ကို ချစ်မိအုံးမှာပဲ ရှင်နွေ...……

ငါက..မျှော်လင့်ခဲ့တဲ့ အချစ်တွေကိုတော့ မမျှော်လင့်တော့ဘူး

 မိရှင်နွေ
ငါအချစ်ဟာ မျှော်လင့်ချက်မပါပေမယ် မှေးမိန်ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ဆိုတာ
နင်တစ်ယောက် သိထား စေချင်မိတယ် မိရှင်နွေလေးရယ်...

        #အဓိပတိကမ္မ              25JULY2018

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...