Monday 31 July 2023

 လွန်ခဲ့သော ငါးနှစ်လောက်က အချစ်နဲ့ ထိခဲ့တယ်


အချစ်နဲ့ပြတ်ဆဲပြီး 

မူးယစ်စေတဲ့ အငွေ့‌ေတွနဲ့လဲ ငြိတွယ်ခဲ့တယ်


အသည်းလဲ ကွဲဖူးတယ်

အမြဲလည်း ကွဲဖူးတယ် 



တစ်ခါတခါ သောက်ပေါတွေနဲ့ မူးလည်းမူးတယ် 

တစ်ခါတစ်ရံ သောက်ရူးတွေနဲ့ ရူးလည်းရူးခဲ့တယ်


ရူးရူးမူးမူးနဲ့ ရှင်သန်ချိန်တွေ ရှိခဲ့သလို 

ပေါတောတောနဲ့ပေါကြောင်ကြောင် လုပ်ခဲ့တာတွေလည်း ရှိတယ် ။


ပေါပျက်ပျက် စကားတွေပြောပြီး ပေါ့ပျက်ပျက် မိန်းမတွေနဲ့လည်း 

အတူတူဖြတ်သန်းခဲ့တာတွေကလည်း များစွာပဲ ။


လမ်းဘေးဓာတ်တိုင်တွေအောက်မှာ သောင်းကြမ်းခဲ့ဖူးတယ်

တံတားအောက်တွေ တံတိုင်းအောက်တွေမှာလည်း ရူးခဲ့မူးခဲ့ဖူးတယ် 

ကျွန်တော် လူငယ်တစ်‌ေယာက်ပါ ၊

လူငယ်မပီမသနဲ့ ပီသချင်‌ေယာင်‌ေဆာင်ခဲ့ဖူးတယ် ၊


အချစ်ဝတ္ထုအတိုအဆတွေ တစ်စွန်းတစ်စ ဖတ်ခဲ့ဖူးတယ် ၊

အလွမ်းအ‌ေဆွးကဗျာ အတိုအစတွေကို အပေါင်းအသင်းတွေစုပြီး ဖတ်ခဲ့ဖူးတယ် ။


လူငယ်ဆိုပေမယ့် လူမပီသဘူးလို့ ဘယ်သူပြောချင်သေးလဲ?


ဘုရားကျောင်းမတက်လို့ လူပီသဘူးပြောတဲ့ လူကြီးတွေ‌ေလာက်လည်း‌ ငါက သိက္ခါမမဲ့ဘူး ။

ဆေးလိပ်နဲ့အရက်သောက်လို့ ငါ့ကို အမြင်မကြည်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေလောက်လည်း ငါက မစင်ကျယ်ဘူး ။


လူက လူလိုရှင်သန်တာ အပြစ်ဆိုလည်း သောက်ဂရုမစိုက်‌ေတာ့ဘူး ။

လူက လူလိုတွေးပြီး လူသားဆန်စွာ အရိုင်းဆန်ခြင်းတွေက သဘာဝပဲလေ ဘာအကြောင်းကြောင့် သဘာဝနဲ့ဆန့်ကျင်ပြီး နေထိုင်တွေးခေါ်နေ

ချင်ရမှာလဲ ?


အဓိပတိကမ္မ 




 #ဝေးကွာမှု


မဆုံကြ‌ေတာ့ဘူး 

နှစ်ကာလတွေ ကြာခဲ့ပြီ...


လမ်းကျဥ်းကလေးတစ်ခုမှာ

အတူတူ လျှောက်ခဲ့ကြရင်း

တစ်လမ်းဆီ ခွဲခွာခဲ့ကြတယ်


တစ်ချို့က ချစ်လျှက်နဲ့ ဝေး

တစ်ချို့က လိုအင်ဆန္ဒတွေကြောင့် ဝေး


ကျွန်တော်တို့က 

မထင်မှတ်တဲ့ အမှားတစ်ခုကနေ


သူစိမ်းတွေ အဖြစ်နဲ့ တစ်ဘဝစာ တည့်လွဲကလေးတွေနဲ့

ဝေးခဲ့လိုက်တာ ကမ္ဘာအဆုံးထိတောင် 

ပြန်မဆုံနိူင်လောက်အောင် ဝေးခဲ့ကြတယ် ။


ဝေးခဲ့ကြပြီ.......။

ဝေး........။

             အဓိပတိကမ္မ

တဂိုး

 ❝ နိုးထလိုက်တယ် ❞

    ➖➖➖➖💞

တစ်ခါက ငါတို့ဟာ သူစိမ်းတွေလို့

အိပ်မက်, မြင်မက်ခဲ့တယ်…။


တစ်ယောက်ကို တစ်ယောက် 

ချစ်ကြတယ်ဆိုတာကို တွေ့ရဖို့

ငါတို့ နိုးထလိုက်တယ်…။

                       ရာဗိန္ဒြာနတ်တဂိုး

                          ဇော်လွင်ထွန်း

                    (မြန်မာပြန်ဆိုသည်။)


[လေလွင့်ငှက်များကဗျာအမှတ်-၉]

Sunday 30 July 2023

 အဲ့ဒီန့တွကို လွမ်းတယ် 

ကော်ဖီအတူသောက်ခဲ့ရတဲ့ အချိန်တွေကို လွမ်းတယ် 

လမ်းအတူလျှာက်ခဲ့တဲ့ အချိန်တွေကို လွမ်းတယ် 

အငြင်းအခုံတွေနဲ့ စကားတွ များခဲ့တဲ့ အချိန်တွေကို လွမ်းတယ် 

ကဗျာတွေရွတ်ပြီး ပေးခဲ့ဖူးတဲ့ အနမ်းတွကို လွမ်းတယ် 

ဂစ်တာတွေတီးပြီး အတူဆိုခဲ့တဲ့ သီချင်းတွကြားတိုင်း လွမ်းတယ် 

အတူကုန်ဆုံးခဲ့တဲ့ နေရီရီ ညနေအချိန်တွကို လွမ်းတယ် 

မရောက်ဖူးတဲ့နရာတွေကို နှစ်ယောက်အတူသွားခဲ့အချိန်တွေကို လွမ်းတယ် 


ဘာပဲပြာပြာ လွမ်းတယ် 

ဘယ်နေရာနေန လွမ်းတယ် 

ဘယ်အချိန်ဖြစ်ဖြစ် လွမ်းတယ် 

ဘယ်သူနဲ့ရှိနေရှိနေ လွမ်းတယ် 

ငါသိတာတစ်ခုက လွမ်းတာပဲ ရှိတယ် 

နင်‌‌‌နင်နင်ဘယ်‌ာက်‌ေနမှန်း ငါမသိပေမယ့် လွမ်းတယ် 

နင်ဘယ်သူနဲ့ရှိမလဲ ငါမသိပမယ့် လွမ်းတယ် 

နင်ဘာတွေလုပ်နမှန်း မသိပေမယ့် လွမ်းတယ် ။


ငါလွမ်းတယ်

 ငါလွမ်းတယ် မိရှင်နွေရယ် 

တစ်ချို့တွအမြင်မှာ သေ

ာက်ပိုလို့ ထင်ရင် ထင်နေကြမှာပေါ့ 

ငါအလွမ်းတွကတာ့ နည်းနည်းတောင် လိုအပ်နသေးတယ် ထင်တာပဲ မိရှင်နွေရ‌ယ် 


ဒါပဲ ပြန်မဆုံနိူင်တော့ပေမယ့် ပြန်ဆုံဖြစ်ရင် ပထမဆုံးနင့်ကို ပေ

ြာပြမယ့် စကားလုံးက နင့်ကို လွမ်းတယ် ဆိုတဲ့စကားပဲ ပြောဖြစ်ဖြစ်မယ် ထင်တယ် ......



အဓိပတိကမ္မ



 ဖွင့်ပြောရဲတဲ့ သတ္တိတာင် အပြည့်အဝ ရှိမနေတဲ့ ဒီအကာင်ကို နင်ဘက်က မေတ္တာမထားနိူင် မထူးဆန်းပါဘူး 

ထူးဆန်းတာက ချစ်နေပါလျက်နဲ့ မပိုင်ဆိုင်ရဲတဲ့ သတ္တိတွနဲ့ 

ပက်ပက်စက်စက်ချစ်နတာကမှ သိပ်ကို အရူးဆန်တဲ့ချစ်ခြင်းတွေပါပဲ 


အဓိပတိကမ္မ

 ငါဘက်ကတာ့ အလိုက်တသိ ထွက်ခွါပးခဲ့တာပဲ မင်းအနားဘေးကနေ မင်းဘက်ကသာ အလိုက်မသိ အကြိုက်မသိ ငါ့အချစ်တွ ဆန့်ကျင်ဘက်အရပ်ဆီကို တစိုက်မတ်မတ် ထွက်သွားလိုက်တာ ကမ္ဘာတွေတာင် ခြားနားတဲ့အထိပါပဲ မိရှင်နွေရယ် 


အဓိပတိကမ္မ

Wednesday 26 July 2023

 အမှန်တကယ်ဆို ငါဟာလူလိမ်တစ်ယာက်ပဲ 

အရမ်းလွမ်းနေတာကို ဘယ်တုန်းကမှ ထုတ်မပြေခဲ့ာဘူး

သတိရခြင်းတွေကိုရော ဘာမှ ဖွင့်ဟတယ်ဆိုတာ မရှိဘူး 

အမြဲတမ်း ဘာမှမဖြစ်သလိုဲပဲနေတယ်

တစ်ခါတစ်ခါ ပေ

ါက်တတ်ကရ ဟာသပါပြောလိုက်သေဲ့နး။

ငါသည်အတာ်လး အဖြုစင်တာတော့ သေ

ချာပါသည်။ 

အဓိပတိကမ္မ


 ဆန့်ကျင်ဘက် 😞

လူအဖြစ်ဆိုတာ အပြစ်တင်လို့ မရတဲ့ အရာပါ။ ဖြစ်ပြီးပြီလေ၊ ဘယ်သူ ဘာတတ်နိုင်တော့လို့။ ဘယ်မှာ ဖြစ်ဖြစ်၊ ဘယ်မိသားစုမှာ ဖြစ်ဖြစ်ပေါ့။


NL ( 20, Jun, 2023 )

 နှုတ်ဆက်ခဲ့ပြီးပြီပဲ ပြန်လိုချင်နေရင်တောင် ပြန်မယူတော့ဘူး ။ 


အတိတ်ကို အပြီးတိုင် နှုတ်ဆက်ခဲ့ပြီးပြီ နောင်တစ်ခါပြန်သွားဖို့ လုံးအစီအစဉ်မရှိဘူး 


တစ်ခါတခါ ပြေးတွေ့ချင်တဲ့စိတ်တွေ ရေကုန်ရေခမ်းဝင်လာပါရဲ့ သို့ပေမယ့်လည်း ပြေးထွက်ဖို့သာ အပတ်တကုတ်ငါကြိုးစားအားထုတ်နေမိတယ် ။


နာကျင်ချင်ရင် နာကျင်လိုက်ပါ ၊ 

ကြေကွဲမယ်ဆို ကြေကွဲပစ်လိုက်မှာ 

နောက်တစ်ခါတော့ အဲ့ဘူတာကို ပြန်မသွားတော့တာတာတော့ သေးချာတယ် ။

ငါတို့ သူငယ်ချင်း

 ❝ငါ့တို့ သူငယ်ချင်း ❞ 


နှစ်ကာလ ရှည်ကြာစွာ ငါတို့အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေက မနည်းမနောပါ ၊


တစ်ရက်ကွက်စီ တစ်နေရာစီ ဆိုပေမယ့် 

ငါတို့ လ္ဘက်ရည်ဆိုင် အရက်ဆိုင် လမ်းဘေးဂစ်တာဝိုင်းတွေထိ 

ငါတို့အတူတူရှိခဲ့ကြတာပဲ ၊ 


သီချင်း‌သံတွေ ဆူညံ့နေတဲ့ အထည်ဆိုင်ကျဉ်းလေးထဲမှာ အရက်တွေ တစ်ယောက်တစ်ခွက်သောက်ပြီး မူးရူးဟော်ဟစ်ခဲ့ကြတာတွေလည်းရှိတယ် ။


အခုချိန်‌မှာ ငါက တစ်နေရာ မင်းတို့တွေလည်း တစ်ယောက်တစ်နေရာစီ ဝမ်းရေးနဲ့ ဘဝရှေ့ရေးအတွက် ပြည်ပထွက် အလုပ်လုပ်နေတာတွေလည်း ရှိပါသေးတယ် ။


တချို့ကတော့ အကြောင်းအမျုိးမျုိးကြောင့် အထဲမှာပေါ့ကွာ

အဲ့ကောင်ကြီးကိုလည်း သတိတွေ အရသားပဲကွာ ။


နိူင်ငံရေးအယူအဆတွေအရ

အနီအစိမ်းတွေ ကွဲနေပေမယ့် ငါတို့ရင်းနှီးမှုတွေ အစိမ်းခဲ့ဘူး

Online ပေါ်မှာ မီးတွေစိမ်းနေတိုင်း ငါတို့‌တတွေ အနေအစိမ်းခဲ့ဘူး ။


ငါတို့မှာ 

ထူးပြီး ပြောစရာ ဘာစကားကျန်ဦးမှာလဲ

ဘာမှပြောစရာ မလိုလောက်အောင် တစ်ယောက်စိတ်တစ်ယောက် သိနေတာပဲလေ ။


နှစ်များစွာ နေရာတစ်ခုမှာပဲ အတူတူကြီးပြင်းလာခဲ့တယ်


လူဟာ တစ်ယောက်ချင်းဖြစ်နေလည်း

အားလုံးနဲ့ အတူရှိနေတဲ့ ထင်ယောင်မှားမှုဟာ

တကယ့်ဘ၀နဲ့ ထပ်တူကျချင်ကျ‌ေနနိူင်တယ်‌ေလ။

  

တစ်ယောက်တည်းလည်း လ္ဘက်ရည်ဆိုင်ထိုင်ပြီး လမ်းဘေးကို ငေးမိငေးရာ ငေးနေတတ်တာ ငါ့အကျင့်ပဲလေ 


တွေးမိတွေးရာ တွေးမယ် ....

ငေးမိငေးရာ ငေးမယ် ....

ဆွေးမိဆွေးရာ ဆွေးမယ် ....

မေးမိမေးရာ မေးမယ် ......ပေါ့ 


မင်းတို့လိုတော့ ငါကျေ‌နပ်အောင် ဖြေပေးမယ့် 

မသူငယ်ချင်းအရင်းတွေတော့ အနားမှာ တစ်ယောက်မှ မရှိဘူး .....


#

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...