Sunday 19 September 2021

 ကိုယ့်ကတော့ ကံမပါလို့ ဝေးရတယ်လို့ သတ်မှတ်ခဲ့ပေမယ့် ။


အမှန်တကယ်တော့ သူကခြေစုံကန်ပြီး ထွက်သွားခဲ့တာပါ ။


ကံပါရင်တော့ သူကိုယ်တိုင် ကိုယ့်ဆီလျှောက်လာလိမ့်မယ် ထင်ခဲ့ပေမယ့် ။


ဆယ်စုနှစ်တွေသာ ကြာသွားတယ် ၊ 

ကိုယ့်‌မှာ နေညိုချိန်တိုင်း သတိရနေတုန်းပါပဲ ။


အဓိပတိကမ်မ

 ကျ‌ေနာ်တို့ မိတ်ဆွေတွေရဲ့ အသက်‌ေတွဆုံးရှုံးနေရပါတယ် ၊ 

ရောဂါအခံလည်းမရှိ ၊ ဆေးလိပ်မသောက် ကွမ်းမစား ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ခံအားကောင်း‌ေသာ အသက် ၃၀ကျော်၄၀တွေတောင် ကိုဗစ်ဒဏ်မခံနိူင်‌ေတာ့ပါဘူး ။


ယခုလက်ရှိအချိန်မှာ

ဆရာဝန်တွေလည်း အားကိုးလို့မရနိူင်ဘူး။


အောက်ဆီဂျင်လည်း အားပြုလို့မရပါဘူး ။


အခြားဘယ်နည်း​လမ်းတွေမှ အားမကိုးပါနဲ့။

မထိရောက်နိူင်ဘူး ကယ်တင်နိူင်မယ့် အခွင့်အရေးအလွန်နည်းပါးပါတယ် ။


ကိုဗစ်ပိုး ကို ရင်ဆိုင်နိူင်ဖို့ အ​ကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်​ဆေးထိုးခြင်း သည်သာ အားကိုးရာ အားထားရာဖြစ်ပါတယ် ။


ကာကွယ်ဆေးကို ထိုးြပပါဗျာ အသက်ကိုဉာဏ်စောင့်ပါတယ် ။


 မိမိကိုယ်ကိုကာကွယ်ပါ ။ မိသားစုကိုကာကွယ်ပါ မိမိပတ်ဝန်းကျင်ကိုကာကွယ်ပါ ။


အဓိပတိကမ်မ

07082021


စူးရဲတဲ့ခြေလှမ်းတွေနဲ့

မြို့ပြမှာ ငါ့ကိုယ်ငါ

အမဲလိုက်နေရသလို...

 လေးစားရသော ရဲရင့်ထက်acc က ကျနော်ရေးထားတာလေး တင်ပေးလို့ ဝမ်းသာမိပါတယ် ။

▫️▪️▫️

အောက်ခြေ ပြည်သူ့ စားဝတ်ရေး တော်တော်အခက်ကြုံနေပြီ


ရပ်ကွက်‌ထဲမှာ အလှုလုပ်သူရှိရင် တန်းစီတိုးစားနေရတဲ့ လူတန်းစားတွေ အတော်များလာပါတယ် ။


အလူလုပ်သူ မရှိရင်တောင် လှုနေကြ ဝေနေကြ နေရာတွေ စောင့်နေကြသူတွေ အများကြီး ဖြစ်နေပါပြီ ။

တန်းစီ‌ေနရလို့ အများကြီး ပေး‌ေနတယ် လှူ‌ေနတယ် မထင်လိုက်ပါနဲ့ ချဉ်ပေါင်ရွက် ကန်စွန်းရွက် ဗူးရွက် ဖရုံရွက် ကြက်ဥ အများဆုံးပါပဲ ။


ဆန်ဝေတာမပြောနဲ့ ဆန်ကွဲဝေတာ‌ေတာင် တန်းစီတိုးပြီး စောင့်နေတဲ့လူတန်းြကီးက မျက်စိတစ်ဆုံးပါပဲ ။


အလုပ်အကိုင် အခွင့်အလမ်းမပြောနဲ့ ထမင်းစားရေသောက် နပ်မှန်ဖို့တောင် မလွယ်ကူတော့တဲ့ ဒီတိုင်းပြည်က အ‌ခြေခံလူတန်းစားတွေ ဘဝတွေ အတော်လေး နစ်မွှန်းနေပါပြီ ။


 နည်းလမ်း ရှာကြပါအုံး 


ဒီထက်သာ ပိုပြီးဆိုးဝါးလာမယ်ဆိုရင် ကျနော်တိုင်းပြည် အငတ်ဘေးဆိုက်တော့မယ် ထင်ပါတယ် ။


နိူင်ငံရေးက မတည်မငြိမ် စီးပွားရေးက တန်းစီတိုးစားနေရ ရောဂါကပ်ဘေးက အသက်မသေဖို့ကြိုးစားနေရ ဒီကြားထဲ ပြည်တွင်းစစ်ဖြစ်လာနိူင်တဲ့ အနေအထားတွေ အများကြီး ဖြစ်နေတာမို့ 


ကျနော် တိုင်းပြည်အတွက် နည်းလမ်းတစ်ခုခု ရှာကြည့်‌ေပးကြပါအုံး 

တိုင်းပြည်အုပ်ချုပ်နေတဲ့လူတွေရော ပညာရှင်အသိုင်းအဝိုင်းတွေရော ပြည်သူအတွက် နည်းလမ်းတွေ ရှာကြည့်ပေးကြပါအုံးဗျာ ။


အဓိပတိကမ်မ 🇲🇲

#စာနာစိတ်ရှိသောလူများဖြစ်ပါစေလို

 #စာနာစိတ်ရှိသောလူများဖြစ်ပါစေလို


မြန်မာနိုင်ငံမှာ အတ္တအကြီးဆုံး လူတန်းစားနှစ်ခု ပြပါဆို သေနတ်ကုိင်ထားတဲ့ စစ်တပ်ရယ် နဲ့ နားကြပ်တပ်ထားပြီးဆေးမကုတဲ့ ဆရာဝန်ရယ်ပဲ

လက်ညိုးထိုးပြချင်မိတယ် ။


ဆရာဝန်ရော စစ်သားရော

ပြည်သူအသက်ကို ကာကွယ်ပါမယ် ဆိုတဲ့ ဂတိသစ္စာပြုထားသော ပုဂ္ဂိုလ်တွေရဲ့ အတ္တကြီးမှုတွေကြောင့် ပြည်သူအသက်တွေ

ဆုံးရှုံးနေရတယ် ထပ်ပြီးလည်း မဆုံးရှုံးစေချင်တော့ဘူး ။


 

ခင်ဗျားတို့ရဲ့ အတ္တကြီးမှုတွေကြားထဲ ကျ‌ေနာ်တို့ပြည်သူအသက်တွေကို လောင်းကြေးထပ်ပြီး ပြည်သူ‌ေတွက မြေဇာပင်ဖြစ်ပြီး သေနေရပီ။ 


အာဏာသိမ်းတဲ့စစ်တပ်ကို လက်ညိုးထိုးအပြစ်တင်သူကတင် ၊ CDM doctorတွေကို အပြစ်မြင်သူကမြင်နဲ့ အပြန်ပြန်အလှန်လှန် အပြစ်တင်နေရမယ့် အချိန်မဟုတ်တော့ပါဘူး ။


အာဏာအားပြိုင်မှုကြောင့် မသေသင့်ပဲသေနေရတဲ့ ကိုဗစ်လူနာတွေပါ ။


မဟော်သဓာ သားတရားစီရင်ခန်းလို ပြန်သုံးသပ်ရရင် ဘယ်သူက ဘီးလူးမဖြစ်ပြီး ဘယ်လိုလူက မိခင်ဖြစ်လည်း စောင့်နေရတာ အချိန်တွေကုန် အသက်တွေကုန်နေရသလို ပိုးကူးစက်ခံရသူတွေလည်း နေအိမ်တွေမှာ အခြေခံဆေးဝါးက မရှိ အောက်ဆီဂျင်ကမလုံလောက်ဖြစ်လိုက်နဲ့ သေဖို့စောင့်နေရသလို ဖြစ်နေကြပါပြီ ။ 


  တစ်ဖက်ဖက်ကတော့ ပြည်သူအသက်ကို ငဲ့ညာပြီး အလျော့ပေးလိုက်ကြ‌ေစချင်ပါတယ် ။


အခုလက်ရှိချိန်မှာတော့ ကျုပ်တို့ပြည်သူတွေ အသက်ရှင်ရေးထက် ဘာမှအရေးကြီးစရာမရှိဘူးလို့ ကျနော်ယူဆပါတယ် ။


ဆဲချင်လည်း စိတ်ကြိုက်ဆဲကြပါ ။

Comment boxဖွင့်ထားသလို mail ကနေလည်း ဆဲ‌နိူင်ပါတယ် ။


 

အဓိပတိကမ်မ 

27072021


https://www.facebook.com/kmpyaephyoaung/

 ယခုအချိန်မျိုးမှာ ဘယ်သတင်းဖတ်လို့ဖတ်ရမယ်မှန်း မသိဖြစ်နေရင် အောက်ပါ သတင်းနှစ်ခုကို အမြန်ဖတ်ပါ ။


မြန်မာပြည်ရဲ့ စတ္တုထမဏ္ဍိုင်ကြီး အကြီးကျယ်ယိုင်လဲနေပြီ ဆိုတာ မြင်တွေ့ရပါလိမ့်မယ် ။

အဆိုးဆုံးက ဒေါ်လာစား ပြည်ပမီဒီယာကြီး ၅ခုပါပဲ ။


#1 ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း၌

နေထိုင်သောကိုဗစ်လူနာရှင်များအား အိမ်တိုင်

ရာရောက် လိုက်လံကုသပေးနေသော စေတနာရှင်

ပြည်သူဆရာဝန် ၅ ဦးအား အောက်ဆီဂျင်အိုးများနှင့်

တကွ စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ။ 


#2 ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း

၌ ကိုဗစ်လူနာတစ်ဦးလျှင်ကျပ်(၁၀)သိန်း

မှ(၁၅)သိန်းအထိတောင်းပြီး တရားမဝင်

ဆေးလှည့်လည်ကုသနေသည့် CDM

ဆရာဝန်များရှိနေကြောင်း သတင်းပေး

တိုင်ကြားချက်အရ သက်ဆိုင်ရာမှစုံစမ်း

ဖော်ထုတ်ခဲ့ရာ ဝိသမလောဘဆရာဝန် 

(၅)ဦးအား အောက်စီဂျင်အိုး(၂၃)လုံးနှင့်

အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါ

သည်။


ဆဲချင်ရင်ဆဲ shareချင်ရင်share 😂


အဓိပတိကမ်မ 🇲🇲

19072021


https://www.facebook.com/kmpyaephyoaung/

#ဆလိမ်လေး

 #ဆလိမ်လေး 


ဆလိမ်လေး အမြင်ကောင်းသလောက် ငါ့တို့အတွက် အကျိုးမပြု အကျိုးနည်းခဲ့ရတဲ့ ဆလိမ်လေး ။


ဆန် 

ဒီတိုင်းပြည်ကပဲ ထွက်တယ် ဒီတိုင်းပြည်မှာပဲ ဈေးကြီးပေးစားနေကြရတယ် ၊ ဆန်ဈေးကြီးလို့ လယ်သမားတွေရော ချမ်းသာရဲ့လား မမေးပါနဲ့ သူတို့ကစပြီး ထမင်းနပ်မမှန်နေတာပါ ။


ဆီ

ဒီတိုင်းပြည်က ထွက်တဲ့ မြေပဲဆီ နှမ်းဆီ အလွန်ပေါများပါတယ် ဒါပေမယ့် ပဲဆီ နှမ်းဆီကို လူတိုင်းမစားနိူင်ပါပဲ နေကြာဆီ စားအုန်းဆီ ပြည့်ဝဆီ 

စတဲ့ ဆီတွေကိုသာ စားသုံးနေကြရင်း နှလုံး သွေးတိုး အသဲအဆီဖုံးက အစ ကင်ဆာအဆုံး ရောဂါအစုံဖြစ်နေကြရတာပါ ။


ဆရာဝန် 

ဆရာဝန် အလုံအလောက်နီးပါး ဒီတိုင်းပြည်မှာ ရှိသင့်သလောက်ရှိပါတယ် ဒါပေမယ့် နိူင်ငံရေး မတည်ငြိမ့်မှု့တွေကြောင့် ဆရာဝန်အများစု အလုပ်မဆင်းကြတော့ဘူး ။

အခုလို ကိုဗစ်တွေက တတိုင်းပြည်လုံးဖြစ်လို့ သေသူသေ ပိုးကူးသူကူး ကုစရာနေရာမရှိ သွားစရာ ဆေးရုံဆေးခန်းမရှိနဲ့ မရှုမလှ သေကြရပြန်တယ် ။


ဆေးရုံ ဆေးဝါး

ဆေးရုံတွေ ဆေးပေးခန်းတွေ တတိုင်းပြည်လုံးအနှံ ရပ်ကွက်ကျေးလက် တောရော မြို့ပါမကျန် အမြှောက်အများရှိပါတယ် ကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းက အလုပ်မဆင်း နဲ့ အတိဒုက္ခလှလှ တွေ့ရတယ် ၊ ဖျားလို့နာလို တုတ်ကွေးချောင်းဆိုးတာတောင် ဆေးမီးတို က ဝေလို့မရ ။

ဆေးဝါးကုန်တိုက် ဆေးဝါးစက်ရုံတွေ ပြည်တွင်းမှာ ရှိပါလျက်နဲ့ ပြည်သူတွေ ဆေးဝါးအငတ်ဘေးနဲ့ ကျန်းမာရေး စောက်ရှောက်မှု ဗလာနတ္တိပါပဲ ။


ဆရာ/ဆရာမ

ဆရာ ဆရာမ တွေကလည်း တ‌ပြည့်တွေကို ပစ်ခဲ့ပြီး တောထဲတောင်ထဲ မှာ မြေဖြုအစား လက်နက်စွဲကိုင် ခေါင်းလောင်းလေးနဲ့ စာသင်ကျောင်းလဲ စာသံပေသံ ကျောင်းသားလူငယ်တွေ အသံမကြားရပါပဲ သေနတ်သံ ဗုံးသံတွေနဲ့ စာသင်ခုံတွေက စစ်တန်းလျား ဖြစ်လို့နေတဲ့ တို့တိုင်းပြည်လေး သနားစရာ ။


ကျနော်တို့ မြန်မာပြည်မှာ ပေါသလောက် လိုအပ်နေတာ "ဆလိမ်လေး" ပါပဲ ။

ပေါများသလောက် ချို့တဲ့နေတာ "ဆလိမ်လေး"ပါပဲ။

ဆလိမ်လေးရယ် ကျနော်တို့ အများကြီးမျှော်လင့်နေပါတယ် ။


ဆလိမ်လေးရယ် အမြန်ဆုံး နေရပ်ပြန်လာပေးပါ ဆလိမ်လေး😥


အဓိပတိကမ်မ 🇲🇲

 Dalai Lama ကပြောဖူးတယ် 


"ဘာသာရေးတစ်ခုရဲ့ ရည်ရွယ်ချက်က

သင့်ကိုသင် ထိန်းချုပ်ဖို့ဖြစ်တယ်။

သူတစ်ပါးကို ဝေဖန်အပြစ်တင်ဖို့ မဟုတ်ဘူး။" တဲ့


မြန်မာပြည်က ဘာသာရေးကို ပြစ်တင်စော်ကားပုပ်ခတ်ဝေဖန်ရေးလုပ်နေသူတွေ သိဖို့ ဖြန့်ဝေပေးလိုက်ပါတယ် ။


@အဓိပတိကမ်မ 🇲🇲

 ငြိမ်သက်ခြင်းနှင့် တိတ်ဆိတ်ခြင်း 


တစ်ယောက်တည်းနေရတာ ကြာလာတော့ 

 တစ်ယောက်တည်းနေရတာ‌ေလးကို သဘောကျနှစ်သက်လာတယ်။


ဝမ်းနည်းတဲ့အချိန် နှစ်သိမ့်ပေးမယ့်လူ မလိုအပ်‌ေတာ့သလို

ပျော်ရွှင်ကြည်နူးတဲ့အချိန်မှာလည်း နှောက်ယှက်မယ့်လူ‌လည်း မရှိဘူး‌ေတာ့ဘူးပေါ့ 


အေးအေးချမ်းချမ်းနဲ့ မိမိရဲ့ အတွေးကမ္ဘာ‌ေလးထဲမှာ အမှီအခို ကင်းကင်းနဲ့လည်း နေတတ်လာခဲ့တယ် ။


ကိုယ်နဲ့ပတ်သတ်သည် ဖြစ်စေ ကိုယ်နဲ့ မပတ်သတ်သည် ဖြစ်စေ ဘာအတွက်မှ တခြားလူတွေကို အပြစ်မတင်ဖြစ်တော့ဘူးပေါ့ ။


ဘယ်သူပဲဖြစ်ဖြစ် ကိုယ်က စကားပြောပေး‌ေနဖို့ အဖော်လုပ်ပြီး နေပေးဖို့ မလိုတော့ဘူး ။ အဲ့ဒီတော့ အဖော်တွေကို ဂရုစိုက်‌‌ေပးဖို့ အရေးစိုက်နေဖို့ ငဲ့ကွက်မနေရတော့ဘူး ။


တစ်ယောက်တည်းနေရတာ နွေးထွေးမှုတော့ မရှိဘူးပေါ့ ၊ ဒါပေမယ့် လွတ်လပ်‌တယ် ပေါ့ပါးတယ် ၊ ကိုယ်အတွေးနဲ့ကိုယ် စီးမျှောခွင့် စိတ်ကြိုက်ရတယ် ။ 


အချစ်တွေလည်း မလိုအပ်ဘူး အမုန်းတွေဆိုတာကုိလည်း နားလည်ပေးတတ်လာတယ် ၊ နားလည်းခွင့်လွှတ်ပေးတတ်တော့ ကိုယ်စီမှာ အမုန်းတွေ နည်းနည်းလာတယ် ။ 

အမုန်းတွေ နည်းပါးလာသလောက် ပိုပြီးပျော်တတ်လာတယ် ။


တစ်ယောက်တည်း ဆိုတော့ အချိန်တွေ ပိုလာတယ် ဘယ်လိုလူအတွက်မှ ကိုယ်အချိန်တွေ အချိန်ကုန်ပေးစရာ မလိုအပ်တော့ဘူး ။


အချိန်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေး 🤗

ထဲမှာ 

မဖတ်ဖူးသေးတဲ့စာတွေ ဖတ်မယ် မလေ့လာဖူးသေးတဲ့ ပညာရပ်တွေထဲ စပ်စုကြည့်မယ် ‌


ဖတ်ဖူးထားတဲ့ စာတွေထဲ အတွေးတွေနယ်ချဲ့ကြည့်မယ် 

တစ်ယောက်တည်း နေရတဲ့ တိတ်ဆိတ်ခြင်းအရသာကို အပြည့်အဝ မြည်းစမ်းကြည့်မယ် ။


တွေးကြည့်နိူင်သမျှ အတွေးတွေကို ဖြန့်ကျက်ထားမယ် ။


ဒီလောက်ပါပဲ ။

ဘာကြီးကျယ်ခမ်းနားမှုမှ မတက်မက်တော့ဘူး ၊

ဘယ်လိုအသိအမှတ်ပြုမှုကိုမှ မလိုအပ်တော့ဘူး ၊


ငါဟာငါနဲ့ ငြိမ်းချမ်းဖို့ပဲ လိုချင်တက်မက်တယ် ။


အဓိပတိကမ်မ 🇲🇲

23082021

တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ဖြစ်စေလို🇲🇲

 ▪️တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်းတွေ ဖြစ်စေလို🇲🇲


လက်ရှိနိူင်ငံရေး အခြေအနေက မတည်မငြိမ် ဖြစ်ရုံနဲ့တင်မက ပဋိပက္ခ သူနိူင်ကိုယ်နိူင် လူသတ်လက်နက်တွေနဲ့ တိုက်နေကြတဲ့ အနေအ‌ထားပါ ဒီပုံစံမျိုးတိုင်းသာ ဆက်သွား‌ေနရင် တပ်ကပြောထားတဲ့ ရွေးကောက်ပွဲ ဆိုတာက 2023 မပြောထားနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကတော့ နောက်ထပ် ဘုရားတဆူပွင့်တောင် မဖြစ်နိုင်တော့ပါ။


မိမိနှစ်သက်တဲ့ပါတီကို ရပ်ကွက်ထဲမှာ မဲဆွယ်ဖို့ မပြောနဲ့ ပါတီအိင်္ကျီကိုတောင် မဝတ်ရဲလောက်အောင် ဖြစ်နေတဲ့ အနေအထားပါ ။


ရပ်ကေျးအုပ်မှုးတောင် အသတ်မခံရဖို့ အိမ်ထဲ ကုတ်ကုတ်လေး နေနေရတာ ဘယ်လိုလုပ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်လို့ရပါ့မလဲ ။


တကယ်လို့

ရွေး‌ေကာက်ပွဲကို မဖြစ်မနေ မဖြစ်ဖြစ်တဲ့ နည်းနဲ့တပ်က လုပ်ရင်တောင် လွတ်လပ်ပြီး တရားမျှတတဲ့‌ေရွး‌ေကာက်ပွဲလို့ ပြောလို့မရပါ ။


ပြီးခဲ့တဲ့

2010 ကလို ရွေးကောက်ပွဲ ပုံစံမျိုးဆိုရင်လည်း

ပြည်သူဆန္ဒအမှန်မဲ ဖြစ်နိူင်ပါ့မလား ။


စဉ်းစားစရာ တွေးတောစရာပါ ။


တကယ်လို့ တပ်ထောက်ခံတဲ့ပါတီကပဲ ‌လွှတ်တော်ထဲ နေရာအများစုနဲ့ အစိုးရပြန်ဖွဲ့တော့ရော တိုင်းရေးပြည်ရေးက လက်ရှိအ‌ေခြအ‌ေနလို လက်နက်ကိုင် ပဋိပက္ခနဲ့ ဆူပူအုံကြွမှုတွေက ပြန်ပေါ်လာမှာပဲ မဟုတ်လား ။


တိုင်းပြည်ရဲ့အခြေအနေဟာ ယခုချက်ချင်းဖြေရှင်း

တည်ငြိမ်အေးချမ်းရေးလမ်း(ဒေါ်စုကိုလွှတ် ရွေးကောက်ပွဲရလဒ် အတည်ပြု )ဖို့ကိုလည်း တပ်ဘက်က လက်ခံမှာ မဟုတ်သလို NUG PDF တွေဘက်ကလည်း လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာမလို့ ဘာကိုမှ လက်ခံနိူင်မည် မဟုတ်ပါ ။(သူဘက်ကလည်း အပြုတ်တိုက် အပြတ်ရှင်း လမ်းစဉ်ကိုး )


ဒီတော့ ပြည်တွင်းတည်ငြိမ်အေးချမ်းသာယာရေးဆိုတာက မမျှော်လင့်သင့်တဲ့ တိုင်းပြည်ရဲ့အနာဂတ်တစ်ခုပါ 

ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ဖို့ ဆိုတာက ဒီအခြေနဲ့ဆို အနည်းဆုံး ဆယ်စုနှစ်နဲ့ချီ အချိန်ယူပြီး တည်ဆောက်ရလိမ့်မယ်လို့ ကျနော်က‌ေတာ့ ယူဆပါတယ်။


တပ်မ‌တော်အနေနဲ့လည်း နိူင်ငံတော်တာဝန်ယူထားတာ ၇ လ တင်းတင်းပြည့်ပြီဖြစ်လို့ တရားဥပဒေစိုးမိုးရေးကို တစိုက်မတ်မတ် လုပ်ဆောင်သင့်နေပါပြီ ။ 


ဒါမှမဟုတ် ဖမ်းဆီးထားသော ထိပ်ပိုင်း နိူင်ငံခေါင်းဆောင်ဟောင်းတွေကို လွှတ်ပေးပြီး နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းရေး လမ်းစဉ်ကို ရွေးချယ်သင့်ပါတယ် ။

နှစ်ဖက်တွေ့ဆုံညှိနှိုင်းလို့ အစဉ်ပြေသွားရင်တောင် လက်နက်အတိုအစတွေက ပြည်တွင်းမှာ မှိုလိုပေါက်နေတာဆိုတော့ တောပုန်း ဓားပြ လုယက်မှုတွေကတော့ ယခင်က‌ထက် ပိုပြီး များပြားလာမှာကလည်း အသေအခြာပါ ။


တပ် ဖက်ကလည်း တည်ငြိမ်အောင် မအုပ်ချုပ်နိူင် တခြားတစ်ဖက်ကိုလည်း တွေ့ဆုံညှိနှိုင်းရေး မလုပ်နိူင် တပ်ကို အပြုတ်တိုက်ဖို့လည်း မလွယ်ကူနဲ့ ဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်က ရှေ့လျှောက် လှပမည်မဟုတ်ပါ ။


တိုင်းပြည်အတွက်လို့ ‌ပါးစပ်မချတမ်း ပြောနေကြတဲ့ နှစ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ တိုင်းပြည်မျက်နာကြည့်ပြီး မိမိတို့ရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်သင့်တဲ့ အချိန်ရောက်နေပါပြီလို့ အကြံပြုချင်ပါတယ် ။


ငြိမ်းချမ်းလိုတဲ့ ပြည်သူ‌ေတွက‌ေတာ့

မဟော်သဓာရဲ့ သားတရားစီရင်ခန်းလို 

ဘယ်သူကအလျော့ပေးမလဲ စောင့်နေရုံအပြင်မရှိပါ ။ 


အဓိပတိကမ်မ 🇲🇲

19092021

မရှက်တတ်တဲ့ သောက်လော်ဘီတွေ ရှက်ရကောင်းမှန်းမသိတဲ့ အောက်တန်းစားတွေ

 သူခိုးတွေ ပေါ်တင်မိတာတောင် မသိချင်ယောင်ဆောင်ပြီး အဘဘောမလို့ ကောင်းနေကြတဲ့ ကြံ့ဖွတ်တွေကိုလည်း အံ့ဩမိတာ အမှန်ပါပဲ ။


အရင်ကလည်း အမအမနဲ့ ခိုးလိုက်ကြတာ ဒါကို ဖာတဲ့နီပိန်‌းတွေကိုလည်း ဆဲခဲ့ပြီးပြီ။


အခုလည်း အဘအဘနဲ့ သူခိုးတွေကို မသိချင်ယောင်ဆောင်နေသော အဘဘောမတွေ မသိချင်ယောင်ဆောင်နေလို့ ဆဲရပြန်ပြီ ။ 


ဒီဘက်ခေတ်မှာ ဒီလိုသူခိုးကြီး ရှိနေတာ‌ေတွကို အစိမ်းတွေက ရှက်ရကောင်းမှန်း မသိကြဘူး ။

အဘဘောမလို့ ကောင်းနေကြတုန်း ။ 

ကြာလာရင် နီပိန်းတွေအစား စိမ်းပိန်းတွေကို ပိုပြီး ဆဲရတော့မယ် ထင်တယ် ။


တိုင်းပြည်ရဲ့ငွေတွေ ပေါ်တင်ခိုးနေတာကို အဘဘောက မ လို့ကောင်းနေကြတုန်း ကမကလ တွေ ပတဆမ တွေ ဠီးတဲ့ 

ဒီလောက်ထိတော့ တိုင်းပြည်အပေါ်သစ္စာ မမဲ့သင့်ဘူးနော် ။ သိဖို့ ။


ကြာလာတော့ ကျနော်တို့ တိုင်းပြည်က သူခိုးတိုင်းပြည် ဖြစ်မှန်းမသိ ဖြစ်တော့မယ် သေချာတယ် ။


ဒီနိုင်ငံမှာ အဘဖက်ကကောင်တွေလည်း အဘစောက်ချိုးမပြေတာ ရှက်ရကောင်းမှန်းမသိ သေးဘူး ။

 အမဘက်ကကောင်တွေလည်း အမ စောက်ချိုးမပြေတာ ရှက်ရကောင်းမှန်းမသိကြဘူး ။


ဟိုဖက်ရော ဒီဖက်ရော လူ့ကျင့်ဝတ်မညီတဲ့ အပေါစား အောက်တန်းစားတွေ


ဒီလို‌ပြည်သူအများစုနဲ့ တူတူနေရတာ ငါ့အတွက် ငါ့ကိုယ်ငါတောင် စက်စုပ်ရွံရှာ ရှက်မိတယ်။


မရှက်တတ်တဲ့ သောက်လော်ဘီတွေ ရှက်ရကောင်းမှန်းမသိတဲ့ အောက်တန်းစားတွေ ဠီးပဲ ။


အဓိပတိကမ်မ 🇲🇲

ခေတ်ကောင်းစနစ်ကောင်းကို တန်ဖိုးထားသော ပြည်သူပြည်သားများ ဖြစ်ပါစေ ။

 လူသားတိုင်းက ကိုယ့်အနာဂတ် ကိုယ့်ကုိတိုင်ဖန်တီးကြရတာပါ 

ခေတ်ကောင်းရင်တော့ ကောင်းတဲ့အနာဂတ် ရမှာပါ ။

ခေတ်မကောင်းရင် အနာဂတ်ကောင်းကို မျှော်လင့်လို့မရပါဘူး ။


လက်ရှိ ပစ္စုပ္ပန်ကုိတောင် အစဉ်ပြေပြေနေနိူင်ဖို့ မနည်းရုန်းကန် လှုပ်ရှားနေကြရမှာပါ ။


ပြည်သူအားလုံးက ခေတ်ပျက်စနစ်ကို ရွံမုန်းကြမှ ဒီခေတ်ပျက်စနစ်ပျက်ကြီးထဲက အမြန်ဆုံးရုန်းထွက်နိူင်ပါ ။


မိမိတို့ဒေသ အေးချမ်းသာယာဖို့က မိမိတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်ပါတယ် ။

ကိုယ့်ကျင့်တရား ပျက်ယွင်းသူတွေ ပေါများလေ ခေတ်ပျက်မှာပါ ၊ ကိုယ်ချင်းစာတရား နည်းပါးလေလေ စနစ်ပျက်စီးမှာပါ ၊ အသိဉာဏ်ပညာ စဉ်းစားတွေးခေါ်မှု နည်းပါးလေ နည်းပါးသလောက် ငြိမ်းချမ်းရေး ကင်းပျောက်မှာပါ ။


ပြောချင်တာက

ခေတ်ပျက်ကြီးထဲ တွန်းပို့နေတဲ့ ဘယ်အဖွဲ့အစည်းရဲ့ နောက်ကိုမှ မလိုက်ကြပါပဲ ၊ ‌

အတူတကွငြိမ်းချမ်းစွာ နေထိုင်ကြရင် အမြန်ဆုံး အေးချမ်းပြီး ငြိမ်းချမ်းတဲ့ လွတ်လပ်‌ေသာ ခေတ်ကောင်းတစ်ခုကို မောင်းခတ်စရာမလိုပဲ ချက်ချင်းခံစားကြရမှာပါ ။


မြန်မာပြည်က ဒေသအချို့မှ ငြိမ်းငြိမ်းချမ်းချမ်းမရှိပါပဲ သူတစ်လို ငါတစ်မင်း လူ့အသက်တွေကို သတ်ဖြတ်ခြင်း ဖမ်းဆီးညှင်းဆဲခြင်း လုပ်ဆောင်နေသော မည်သည့်အဖွဲ့အစည်းကိုမှ ကျနော်သဘောမကျပါ ။


ကျနော်တို့ နိူင်ငံတော် တည်ငြိမ်မှု ပျက်‌ပြားစေရန် အားပေးအားမြှောက် လုပ်ဆောင်သော မည်သည့် လူပုဂ္ဂိုလ်ကို မဆို ရွံမုန်းပါတယ် ။ 


မြန်မာပြည်ကြီးရဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေ ‌ဒေသတိုင်းက ပြည်သူတွေ ခူးစွပ်သုံးဆောင်နိူင်ကြပါစေ ။ 


မြန်မာပြည်ကြီးမှာ လက်နက်ကိုင်ထားတဲ့လက်တွေကနေ ငြိမ်းချမ်းရေးတွဲလက်တွေနဲ့ အမြန်ဆုံး လက်တွဲနိူင်ကြပါစေ ။


ခေတ်ကောင်းစနစ်ကောင်းကို တန်ဖိုးထားသော ပြည်သူပြည်သားများ ဖြစ်ပါစေ ။


အဓိပတိကမ်မ 🇲🇲

တိုင်းပြည်အတွက်ဆိုပြီး ခေတ်ပျက်စနစ်ပျက်ထဲ ဆွဲချနေခြင်းတွေရပ် 🇲🇲

 တိုင်းပြည်အတွက်ဆိုပြီး ခေတ်ပျက်စနစ်ပျက်ထဲ ဆွဲချနေခြင်းတွေရပ် 🇲🇲


ဗုဒ္ဓဘာသာတိုင်းပြည် ဖြစ်ပေမယ့်

သာသနာကင်းမဲ့နေသလို 

လူသားချင်းစာနာထောက်ထားမှု

လူအချင်းချင်း တန်ဖိုးထားမှု နဲ့ 

သနားညှာတာ ထောက်ထားမှု့ မခံစားနိုင်

ကြပါပဲ နှလုံးသား ချွတ်ယွင်းသူ‌ေတွလို ရက်စက်ကြမ်းကျုပ်မှုတွေနဲ့ ပါ။


A sin, even if committed by many, remains a sin.

အပြစ်ဆိုတာ အများက ကျူးလွန်တာပဲဖြစ်ဖြစ် အပြစ်က အပြစ်ပါပဲ ၊ တဲ့ 


ဟန်ဂေရီစကားပုံ တစ်ခုပါ ။ မြန်မာပြည်မှာက လူများစုက ဘာပဲလုပ်လုပ် မှန်တယ်လို့ ထင်နေကြတယ် ။

လူများစုပဲဖြစ်ဖြစ် လူနည်းစုပဲ ဖြစ်ဖြစ် မိမိတို့ရဲ့လုပ်ရပ်တွေက တရားမျှတမှု ရှိရဲ့လား လူသားဆန်ရဲ့လား ပြန်လည်တွေးသင့်နေပြီ ။


ကိုယ်ချင်းစာတရား မရှိတော့ပါပဲ မေတ္တာ ချွတ်ယွင်းကင်းမဲ့‌ေနတဲ့ ငါတို့တိုင်းပြည်ကြီး ငရဲခန်းတွေနဲ့ ကြာလေပိုတူ‌လာလေပါပဲ ။


လူငယ်တွေရဲ့အနာဂတ်လို့ ပြောပြီး လူငယ်တွေရဲ့ အသက်တွေ လူငယ်တွေရဲ့ ငြိမ်းချမ်းမှုကို စတေးနေသူတွေ ကျဆုံးပါစေ ။


ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ ကိုယ်ကျင့်တရားပျက်ယွင်းသူတွေ ကြီးဆိုးနေတဲ့ ယနေ့လို ခေတ်ကြီး ပျက်သုန်းပါစေ မြန်မာပြည် ။ 


အသိပညာမရှိသူတွေက အမှန်ကို မမြင်နိုင် မျက်စိ ချွတ်ယွင်း‌ေနသူ‌ေတွလို အမှောင်ဖုံးနေအုံးမှာပါ ။


ပညာအသိ မရှိသူတွေက အမှန်တရားကို မကြားနိုင်ပါဘူး ကြားရရင်တောင် မကြားချင်ယောင်ဆောင်နေတဲ့ နား ချွတ်ယွင်းသူများလို ဆွံ့အနေမှာပါ။

ဒီအချိန်မှာ အမုန်းခံပြီး လမ်းမှန်ပြပေးမယ့် ပညာရှင်တွေ နူတ်ဆိတ်နေခြင်းက တိုင်းပြည်အပေါ်သစ္စာဖောက်ဖျက်တာပါပဲ ။


ပညာမရှိသူတွေက အမှန်ကိုလည်း မသိနိုင်

ဦးနှောက် ချွတ်ယွင်းလူ‌ေတွလို အမှန်အမှား အကောင်းအဆုိးခွဲခြားမထားပဲ လုပ်မိလုပ်ရာ လုပ်နေကြတယ် ။

ပညာမဲ့တဲ့လူတွေကို တိုင်းပြည်‌တည်ဆောက်ရေးမှာ အဓိက အသုံးချနေခြင်းက အလွန်အန္တရာယ်ကြီးတဲ့ တိုင်းဖျက်ပြည်ဖျက် လုပ်ရပ်တွေပဲလို့ ပြောချင်ပါတယ် ။


ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ ကိုယ်ကျင့်တရားပျက်ယွင်းသူတွေ ကြီးဆိုးနေတဲ့ ယနေ့လို ခေတ်ကြီး ပျက်သုန်းပါစေ မြန်မာပြည် ။


အဓိပတိကမ်မ 🇲🇲

 တစ်ချို့တွေက ဒေါ်လာဈေးတွေ

တက်ပြီး ပြည်တွင်းငွေဈေးတွေကျဆင်းလို့ စိတ်ပူနေကြတယ် ။

အားလုံးက ဒီအချိန်မှာ ပိုက်ဆံအတွက်စိတ်ပူနေကြတာလား ။

ကျနော်မှာ ဒေါ်လာတွေ မရှိလို့ ပျော်လည်း မပျော်ဘူး ။

ကျနော်မှာ ပြည်တွင်းငွေကလည်း ပေါပေါများများမရှိဘူး မနက်ဖြန် လ္ဘက်ရည်သောက်ဖို့တောင် အနိူင်နိူင်ဆိုတော့ ကျနော်ကတော့ ဘာမှ စိတ်မပူပါဘူး ။


🤗ကိုယ်မှာမှ ဘာမှမရှိတာ ဘာကို စိတ်ပူနေရမှာလဲ မဟုတ်ဘူးလား ။


အိမ်နားက လူ‌တစ်ချို့ရှိတယ် 

ရွှေဈေးက ၁၈သိန်းတဲ့ ဟော တက်သွားပြန်ပြီ ၁၉သိန်းတဲ့ဟ နဲ့ အမြဲပြောနေကြတာ 

"ခင်များတို့ကလည်း နိူင်ငံရေးက မတည်ငြိမ်ပါဘူးဆို ရွှေဝယ်မလို့လားလို့" သွားမေးမိပါတယ် 


"မဝယ်ပါဘူးတဲ့" ဒါဆို ပြန်ရောင်းမလို့လားလို့ ထပ်မေးကြည့်တော့ "ရောင်းစရာလည်း မရှိပါဘူး စားဖို့တောင် မနည်းရုန်းကန်နေရတာ ဘယ်လို့လုပ်ပြီး ရွှေကို ရောင်းဖို့ ဝယ်ဖို့ စိတ်ကူးမရှိပါဘူးတဲ့" 


ကြည့်အုံး ပြောပုံက ကျနော်ကတော့ ဘာမှမပြောပဲ လှည့်ပြန်လာခဲ့ပါတယ် ။ ဒါကို ရွှေဈေးတက်တာ ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောလိုပြော ဒေါ်လာဈေးတက်တာကို ငိုသံကြီးနဲ့ အော်လို့အော်နဲ့

တကယ်စိတ်ပျက်မိတယ် 😂


ဘာမှ မရှိတာတွေကို လူတွေ ပူနေကြသေးတယ် ။ ကျနော်ကတော့ အံ့ဩမိတယ် ။


ခေတ်ကိုက

ငွေတွေရှိတဲ့ ဘဏ်‌ေတွမှာ ဓားမြတိုက်ခံရ

ရွှေရှိတဲ့ အိမ်တွေ အနုကြမ်းဆီးခံရ 

ငွေထုတ်ပိုက်နိူင်တဲ့လူတွေ လုယက်ခံရ နဲ့ 


ကိုယ်တွေက ဘာမှမရှိတော့ ဘာမှစိတ်ပူစရာမလိုဘူး 😂 လာလုလဲ အိပ်ကပ်ထဲက ၅ရာတန်တစ်ရွက် ထုတ်ပေးလိုက်ရုံပဲ ဘာမှ နှမျောစရာ မလိုဘူး မဟုတ်လား ။ 


တစ်ချို့တွေ ရှိသေးတယ် 

ကိုယ့်မှာသာ ဘာမှမရှိတာ ဘာမှမရှိလို့ ဆိုပြီး စိတ်ပူနေကြတဲ့လူတွေ ၊ 


ဒီလောက်ခေတ်ပျက်ကြီးထဲမှာ ခင်များတို့က ဘာတွေ ထပ်ပြီး လိုချင်နေကြသေးတာလဲ ။

ဘာမှမလိုချင်ကြပါနဲ့ 

ဒါနဲ့ ရပ်ကွက်ထဲ ပိုရင်လှု လိုလျှင်ယူ ဆိုင်းဘုတ်ချိန်ထားရင်တော့ တန်းစီပြီး အပြေးယူကြအုံးပေါ့ 😂 ဒါက ခင်များတို့ မျှော်လင့်တောင်းတနေတဲ့ ခေတ်ပျက်ကြီးကိုးဗျ 🤗 


မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ 🤗👏🇲🇲


အဓိပတိကမ်မ 🇲🇲

In to the wild

 InToTheWild 


တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့ တောအုပ်ထဲကို ဘယ်သူမှ မသိအောင် ထွက်သွားမယ် ၊


တောင်ကျချောင်းရေသံ ကျေးငှက်တွေရဲ့ အသံပလံတွေ ဆူညံနေတဲ့ အနားက သစ်ပင်အိုကြီး အမှီပြုပြီး အကြိုက်ဆုံး သီချင်းတပုဒ်ကုိ အားပါးတစ်ရ အော်ဟစ်ပြီး ဆိုမယ်


မေ့တစ်ခါ ရတစ်လှည့်ဖြစ်နေတဲ့ ဟိုးမားရဲ့ ကဗျာတွေကို ရေရွတ်ရင်း 

ပါလာတဲ့ ဝီစကီနဲ့ စီးကရက်ကို သက်ပြင်းတွေနဲ့‌ေရာစပ်ပြီး သောက်မယ်၊


စိတ်လိုလက်ရနဲ့ လွင့်နေတဲ့ တိမ်တွေကိုငေးရင်း

အဆုံးလည်းမရှိ အစမရှိတဲ့ စိတ်ကူးနဲ့ တ​စ်ယောက်ထဲ စိတ်ကြုက်လွင့်‌ေမှျာနေမယ် ။


တစ်ခါတစ်ခါ စိတ်ထွက်ပေါက်ရအောင် တစ်ခုခုကို အော်ဟစ်ဆဲပစ်မယ် ။


ငါတစ်ယောက်တည်းပဲလေ 

ငါ့ဘေးမှာ ဖြတ်သွားဖြတ်လာ

ခွေးလေခွေးလွင့်တွေ မရှိသလို သောက်ကြီးသောက်ကျယ် လူကြီးလူကောင်းနာမည်‌ေကာင်းတွေနဲ့ လူပုဂ္ဂိုလ်‌ေတွလည်း ရှိမနေဘူး ။


ငါကမ္ဘာကို ငါကိုယ်တိုင် ဖန်တီးပြီး 

ငါကမ္ဘာမှာ ငါဟာ အဓိပတိပဲ 


ဘယ်လိုလူကိုမှ သောက်ဂရုစိုက်စရာ မလိုဘူး ဂရုစိုက်စရာလူလည်း မရှိဘူး ။


မွေးဖွားခြင်းကိုလည်း မေးခွန်းမထုတ်တော့ဘူး

ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ကိုလည်း မရှာ‌ေဖွတော့ဘူး 


အားလုံးကို ထားခဲ့ပြီး အားလုံးမရှိတဲ့ နေရာမှာ ငါပျော်ပျော်ကြီး ရှင်သန်မယ် ။


ငါဟာငါနဲ့ ငြိမ်းချမ်းနေဖို့ပဲ လိုတာပါ ။


အဓိပတိကမ်မ

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...