ငြိမ်သက်ခြင်းနှင့် တိတ်ဆိတ်ခြင်း
တစ်ယောက်တည်းနေရတာ ကြာလာတော့
တစ်ယောက်တည်းနေရတာေလးကို သဘောကျနှစ်သက်လာတယ်။
ဝမ်းနည်းတဲ့အချိန် နှစ်သိမ့်ပေးမယ့်လူ မလိုအပ်ေတာ့သလို
ပျော်ရွှင်ကြည်နူးတဲ့အချိန်မှာလည်း နှောက်ယှက်မယ့်လူလည်း မရှိဘူးေတာ့ဘူးပေါ့
အေးအေးချမ်းချမ်းနဲ့ မိမိရဲ့ အတွေးကမ္ဘာေလးထဲမှာ အမှီအခို ကင်းကင်းနဲ့လည်း နေတတ်လာခဲ့တယ် ။
ကိုယ်နဲ့ပတ်သတ်သည် ဖြစ်စေ ကိုယ်နဲ့ မပတ်သတ်သည် ဖြစ်စေ ဘာအတွက်မှ တခြားလူတွေကို အပြစ်မတင်ဖြစ်တော့ဘူးပေါ့ ။
ဘယ်သူပဲဖြစ်ဖြစ် ကိုယ်က စကားပြောပေးေနဖို့ အဖော်လုပ်ပြီး နေပေးဖို့ မလိုတော့ဘူး ။ အဲ့ဒီတော့ အဖော်တွေကို ဂရုစိုက်ေပးဖို့ အရေးစိုက်နေဖို့ ငဲ့ကွက်မနေရတော့ဘူး ။
တစ်ယောက်တည်းနေရတာ နွေးထွေးမှုတော့ မရှိဘူးပေါ့ ၊ ဒါပေမယ့် လွတ်လပ်တယ် ပေါ့ပါးတယ် ၊ ကိုယ်အတွေးနဲ့ကိုယ် စီးမျှောခွင့် စိတ်ကြိုက်ရတယ် ။
အချစ်တွေလည်း မလိုအပ်ဘူး အမုန်းတွေဆိုတာကုိလည်း နားလည်ပေးတတ်လာတယ် ၊ နားလည်းခွင့်လွှတ်ပေးတတ်တော့ ကိုယ်စီမှာ အမုန်းတွေ နည်းနည်းလာတယ် ။
အမုန်းတွေ နည်းပါးလာသလောက် ပိုပြီးပျော်တတ်လာတယ် ။
တစ်ယောက်တည်း ဆိုတော့ အချိန်တွေ ပိုလာတယ် ဘယ်လိုလူအတွက်မှ ကိုယ်အချိန်တွေ အချိန်ကုန်ပေးစရာ မလိုအပ်တော့ဘူး ။
အချိန်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေး 🤗
ထဲမှာ
မဖတ်ဖူးသေးတဲ့စာတွေ ဖတ်မယ် မလေ့လာဖူးသေးတဲ့ ပညာရပ်တွေထဲ စပ်စုကြည့်မယ်
ဖတ်ဖူးထားတဲ့ စာတွေထဲ အတွေးတွေနယ်ချဲ့ကြည့်မယ်
တစ်ယောက်တည်း နေရတဲ့ တိတ်ဆိတ်ခြင်းအရသာကို အပြည့်အဝ မြည်းစမ်းကြည့်မယ် ။
တွေးကြည့်နိူင်သမျှ အတွေးတွေကို ဖြန့်ကျက်ထားမယ် ။
ဒီလောက်ပါပဲ ။
ဘာကြီးကျယ်ခမ်းနားမှုမှ မတက်မက်တော့ဘူး ၊
ဘယ်လိုအသိအမှတ်ပြုမှုကိုမှ မလိုအပ်တော့ဘူး ၊
ငါဟာငါနဲ့ ငြိမ်းချမ်းဖို့ပဲ လိုချင်တက်မက်တယ် ။
အဓိပတိကမ်မ 🇲🇲
23082021
No comments:
Post a Comment