Wednesday 9 October 2019

သိမ့်ချစ်တာပေါ့ ရှင်နွေရယ်.၁၀.

ငါလွမ်းကြောင်းရေးထားသော
မာယန ကဗျာတွေကို နင်ဖတ်ဖြစ်သေးလား....

ကိုယ်ကို လှည့်မကြည့်တတ်သော လူတွေဆီ
အသနားခံစာတင်နေစရာ မလိုဘူး.....
ငါကိုငါ ဆုံးမရင်း အချစ်ရဲ့အဆုံးအဖြတ်တွေကို ငြင်းဆန်ဖို့ ကြိုးစားနေတယ်.....

အာလာဒင်ကတော့ ကော်ဇောနီကို စီးလို့
ဘယ်ဆီဘယ်ဝယ်မသိ ခရီးထပ်မံလျှောက်လှမ်းနေပြီ....

ငါတို့ အတူတူ မိုးမလုံပေမယ့် မိုးခိုခဲ့တဲ့ လမ်းဘေး
တဲအိုလေးတောင် ယိမ်းယိုင်ထိုးလို့ လဲကျတော့မယ်... 

ပျော်ရွှင်စရာ တွေက ရင်ကို မှီလို့ ပြောတဲ့စကားတစ်ခွန်းက အစဉ်ပြေလားတဲ့...
အငွေ့အသက်ဖြင့်သာ နင့်ရဲ့ အရိပ်အရောင်တွေကို စဉ်းစားပြီး ငါဆွေးနေရတယ်....

ငါမပါတော့တဲ့ နင့်ရဲ့ ခြေလှမ်းတွေက ခပ်ကြဲကြဲ ဆိုပေမယ့် နင့်အတွက် ရဲရင့်ခြင်းတွေမှ ပါမှပါရဲ့လား ငါတွေးနေမိတယ်....

ငါလည်း နင်နဲ့ လမ်းအတူလျှောက်လို့ စကားလေးတွေ ကို ရင်ခုန်စွာနဲ့ ပြောဆိုချင်သေးတယ်...
နင်လည်း တုန်ရီတဲ့ လက်တစ်စုံနဲ့ ငါဆီကို လက်မကမ်းချင်တော့ဘူးလား မိရှင်နွေရယ်.....

တစ်ဘက်သက်အချစ်တွေကို သက်သက်မဲ့ အသည်းခွဲသွားတာကတော့ လုံးဝ မဖြစ်သင့်သော အဖြစ်အပျက်တွေပါပဲ.....

နွဲ့ကာနွဲု့ကာ နွဲ့ဆိုး ဆိုးတဲ့ နင်ရဲ့ မျက်နှာလေးကို ရယ်စရာဟာသလေးတွေနဲ့ ငါလည်း ဆေးဆိုးချင်ပါသေးတယ်....

ငါမသိတဲ့ ကကြီး ခခွေးတွေကို အကြီးကြီးပြောပြီး အကြီးအကဲ မဖြစ်တဲ့ ငါကို စောက်ပြစ်တွေတစ်သီကြီးပြော ငါကို နောက်ထပ် ကလေးအထှာလေး ထပ်မံ ဖမ်းစမ်းပါအုံး မိရှင်နွေ....

ငါရဲ့ ရင်ခုန်သံတွေကို ပြောပြတော့ ရင်တုန်ပြခဲ့တာက ဘယ်သူလည်း....
နောက်ဆုံးတော့ ရင်နာစရာ အချစ်တွေကို နင်ပဲ ရှေ့ဆောင်လမ်းပြကာ ခေါ်ဆောင်သွားခဲ့တာပဲ ရှင်နွေ.....

အလုံခြုံဆုံး ငါရင်ခွင်က နင်အတွက် နွေးထွေးမှုတွေ ပေးခဲ့ပေမယ့် နင်က အေးချမ်းမှုကို လိုချင်တော့ ရင်ကိုခွဲကာငါကို ထားရစ်ခဲ့တယ်....

ငါရှိပါသေးတယ်.... နင်မရှိတော့တဲ့ ဒီလမ်းထဲမှာ ငါရပ်လို့စောင့်မျှော်နေဆဲပါပဲ..............

ဝေးကွာသွားကြပြီပေါ့....ငါတို့...
တစ်ယောက်တစ်ခရီးနဲ့ တစ်ယောက်တစ်လှမ်း လျှောက်လှမ်းခဲ့ကြလို့ 
တစ်ယောက်ခံစားချက်ကို တစ်ယောက်က မမြင်နိုင်လောက်အောင် ငါတို့တတွေ ဝေးကွာသွားခဲ့ကြတာ အမှန်တွေပါလား.....

ငါလည်း ပူလောင်တဲ့ ခွဲခွာခြင်းတွေကြောင့် နင်ကို ပြန်လှည့် မကြည့်ဖြစ်ခဲ့ဘူး.....
နင်လည်း အတ္တမာနတွေနဲ့ တစ်ချက်လေးမှ ပြန်မကြည့်ခဲ့ဘူး မဟုတ်လား......

တစ်ကြိမ်မှမရှိခဲ့ဘူးတဲ့ ချစ်ခြင်းတွေနဲ့ နင်ကို ငါ ချစ်မိခဲ့တာ အပြစ်လား....

တစ်ကြိမ်တစ်ခါသာ ချစ်ခဲ့မိလို့ တစ်ချိန်သာ လွမ်းချိန်ရှိတယ်....

တစ်ချိန်ချိန်မှာ နင်သာ ပြန်လည်လို့ လှည့်ပြန်လာခဲ့မယ်ဆိုရင် ငါနင်ကို ပြေးဖက်မိမှာ အမှန်ပဲ ရှင်နွေ....
ဒါလည်း စိတ်ကူးယဉ်မှု သက်သက်ပါပဲ...

နောက်ပြီး ရှိုက်ကြီးတစ်ငင်နဲ့ ငိုယိုပြမယ့် နင့်ရဲ့ မျက်ရည်တွေကို ငါရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သုတ်ပေးမယ် ရှင်နွေ.....
ဒါလည်း ရူးသွပ်ခြင်းတစ်မျိုးပါပဲ...

ရှင်နွေ.... 
ငါရဲ့ နှလုံးသားကို နင် လွှတ်ချခဲ့တာကို ငါကောင်းကောင်းကြီး သိပါတယ်... 
ဒါပေမယ့်..နင်လွတ်ကျခဲ့တာလို့ပဲ ငါသတ်မတ်ထားပါတယ်....
ကျေးဇူးပြုပြီး ငါနှလုံးသားကို ကောက်ယူပေးပါ...
ပြန်လည်ကောက်ယူဖို့် မကြိုးစားတော့ဘူးလား....ရှင်နွေ.....

ငါနင်ကို မေ့ပစ်လို့မရမှာ မဟုတ်ဘူး....
မေ့ပြစ်လို့မရတဲ့ နင်ကို ငါ မေ့ပြစ်ဖို့ ကြိုးစားနေမှာ မဟုတ်ဘူး.....
ဒါက နင်သိရှိနားလည်ဖို့ ပြောတာပါ...

ဒါပေမယ့် ရှင်နွေသိမှာ မဟုတ်ပါဘူး....
ကျွန်တော်ကဗျာတွေနဲ့ သူမနဲ့က အလှမ်းဝေးကွာလွန်းလှပါတယ်...

အဝေးက ခေါ်သံက
နင်ရဲ့ ခေါ်သံလား......

အနီးက အော်သံက
နင့်ရဲ့ အော်သံလား....

သဲသဲကွဲကွဲ ငါမသိပေမယ့် ပြေးပြေးကြည့်နေမိတယ်....ဒါပေမယ့် နင်မရှိတော့ဘူး....

ငါရဲ့ ပတ်ဝန်းကျင်မှာ နင်မနေတော့ဘူး.....
ငါရဲ့ အနီးဆုံးအရပ်ဒေသတွေကို နင်ပြန်မလာတော့ဘူး.....

ငါရဲ့ အချစ်တွေကို နင့်ရဲ့ အပြုံးတွေနဲ့ပဲ မြှောက်စားခဲ့တယ်....
ငါရဲ့ အရှုံးတွေကြောင့်ပဲ ကဲ့ရဲ့ရွံချခြင်းတွေနဲ့
ငါရဲ့ နှလုံးသားကို နင်းခြေဖျက်ဆီးခဲ့တယ်...
ငါရဲ့အချစ်တွေ သစ္စာတည်တဲ့အတွက် ကြေပွတဲ့ ဒီအသည်းနှလုံး မကွဲကြေခဲ့ဘူး ဆက်လက်တုန်လှုပ်နေတုန်းပါပဲ....
နှလုံးသားထဲက အချစ်တွေပတော့ ကြေပွလို့ကြွေကာပျက်ဆီလု ဖြစ်နေပါပြီ......

                အဓိပတိ ကမ္မ
                27-12-2017


No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...