Tuesday 31 March 2020

★ ❆ အလ္လာပ သလ္လာပ ❆ ★ 
_____________________

၁)
အတွေးတွေ တစ်ပိုင်းတစ်စနဲ့
အတိတ်ကို ပြေးကြည့်မိပါသေးတယ် ။
အနာဂတ် အတွက် ရပ်တန့်သွားတာကို ကျွန်တော် မသိခဲ့လိုက်ဘူး ။

၂)
အမြင့်ဆုံးဆိုတဲ့ တောင်ထွတ်ကို
တက်ဖို့ကြိုးစားရင်း ငါရဲ့
ခြေထောက် နှစ်ဖက်လုံး ကွဲအက်ဒဏ်ရာတွေ ရှိနေတာကို ကျွန်တော် သတိမထားမိခဲ့ဘူး ။

၃)
စကားလုံးအသစ် ၊ အတွေးအခေါ်အသစ် ၊
အရာရာအသစ်စက်စက်တွေ ရှိဖို့အတွက်
ရေးလိုက် မှတ်လိုက် ဖတ်လိုက် မေ့လိုက်နဲ့
စကားတွေ ထစ်ငြော့နေတာကို ကျွန်တော် သတိထားပြီး ရေရွတ်ရွတ်ဆိုနေရတယ် ။

၄)
တစ်ချို့သော အရိပ်တွေက အတိတ်ကို
မေ့ပြီး အစစ်လို့ ထင်ယောင်ထင်မှား ဖြစ်နေကြတယ် ။
သူတိုတစ်တွေဟာ အစစ်သွားရာကို လိုက်ပါရတဲ့ အရိပ်အရောင်တွေပဲ ဖြစ်တာကို ကျွန်တော်မသိရှိခဲ့ဘူး ။

၅)
ကြည့်တဲ့လူတွေကလည်း ကြည့်တယ် ။
ပြတဲ့အရိပ်တွေကိုလည်း မြင်ကြတယ် ။
မြင်တွေ့ရတဲ့ အရိပ်အရောင်တွေကိုပဲ
အစစ်အမှန်တွေပဲလို့ မြင်နေကြတယ် ။
အရိပ်ကို အစစ်လို့ မမြင်ကြဖို့ ကျွန်တော် သတိအထပ်ထပ်ပေးနေသော်လည်း အရိပ်ကိုသာ အစစ်ထင်လို့ နေကြသေးတယ် ။

၆)
ဖိနပ်တွေ တောက်ပြောင်လာဖို့ ပွတ်တိုက်ပြရ ၊ ကိုယ်ခန္ဓာတွေ တောက်ပြောင်လာအောင် ပွတ်တိုက်နေရတာနဲ့ တစ်ချို့သော လူတွေမှာ အလုပ်တွေရှုပ်နေကြသေးတယ် ။
ရင်ထဲမှာတောက်လောင်နေသော ဒေါသမီး ၊ မောဟမီး ၊ သောကမီးတွေ ငြိမ်းချမ်းဖို့ ကိုယ့်ကျင့်သီလ နဲ့ မေတ္တာကို ပွတ်တိုက်ဖို့ကိုကြ မေ့နေကြတယ် ။

၇)
ဟိုရောင်ရောင် ၊ ဒီရောင်ရောင်နဲ့ ဟိုငေး ဒီငေး အတွေးတွေကလည်း လူရဲ့စိတ်ကို ရောင်လည်လည် ဖြစ်နေပေမယ့် တစ်ပတ်ပြည့်အောင် လည်ပတ်ခြင်းမရှိတော့လည်း ငါရဲ့ အလှည့်ကျလာဖို့ မရှိပဲ ဖြစ်နေတယ် ။

၈)
တိတ်ဆိတ်ခြင်းတွေကို အမှောင်ထဲကနေ တိတ်တဆိတ်ချောင်မြောင်းကြည့်ရင်း တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ကို လက်နဲ့ဖိပစ်ပြီး သက်ပြင်းခပ်ပြင်းပြင်း ကို တိတ်တခိုးချပစ်ခဲ့ဖူးတယ် ။

၉)
လောကရဲ့ အရူးဆန်ခြင်း များစွာကို တစ်ခါက ကြီးကြီးမားမား စောင့်မျှော်မိပါသေးတယ် ။
ရည်မှန်းချက်များစွာနဲ့လည်း ရူးသွပ်ခဲ့ဖူးတယ် ၊ အနှစ်မပါတဲ့ ရယ်မောခြင်းတွေနဲ့ စိတ်ကို ပျော်အောင် ရယ်ခဲ့ဖူးတယ် ။
အခန်းတံခါးကို ပိတ်ပြီး ကမ္ဘာအနှံလျှောက်ခဲ့သလို ကောင်းကင် တိမ်တိုက်ဖြုဖြုတွေထဲမှာလည်း ပျံဝဲဖူးခဲ့ပါသေးတယ် ။

၁၀)
မလန်းမဆန်း စိတ်ဆန္ဒကို လွယ်အိတ်နဲ့ လွယ်ပြီး သစ်ပင်ပန်းပင် မရှိသော လမ်းမတွေမှာ ခေါင်းကို ငြုတ်ပြီး လျှောက်လှမ်းသော ခြေလှမ်းတွေက တစ်ခါတစ်ရံ လေးလံလွန်းလှပါတယ် ။

၁၁)
ပတ်ဝန်းကျင်က စကားသံတွေ ၊ လေယူလေသိမ်း အသံတွေက လမ်းဘေးက ခွေးဟောင်သံလောက် ငါကို ပျော်ရွှင်မှု မပေးနိူင်ဘူး...။

၁၂)
တစ်ချိုသော ပျော်ရွှင်ခြင်းတွေက ုာကို ရှောင်ခွာထွက်သွားခဲ့တယ် ။ တစ်ချို့သော စ်တ်ဆင်းရဲစရာတွေကိုတော့ ငါက ရှောင်ခွာနေတာတောင် ငါဆီကို စိုက်စိုက်မြိုက်မြိုက် ဝင်လာပြီး ပြန်မထွက်ကြပဲနဲ့ ခိုအောင်းနေကြပါသေးတယ် ။

၁၃)
လူတွေတော်တော်များများက အနုပဘာသမားတွေ မဟုတ်ကြဘူး ၊ ဒါပေမယ့်လို့ အနုပညာသမားတွေထက် သရုပ် ၊ ဟန်ပန် ၊ နဲ့ ၊ ဟန်ဆောင်ခြင်း အတတ်ပညာတွေက တကယ်လည်း ဟန်ဆောင်ကောင်းနေကြတယ် ။ အနုပညာတွေကို သင်ယူကြပြီး အတုအရောင်အလုပ်တွေနဲ့သာ ဟန်ဆောင်ကောင်းနေကြတယ် ။

၁၄)
သောက နွံ့ထဲမှာ အတွေးတွေ လက်ပစ်ကူးခတ်ရင်း ခြေကုန်လက်ပန်း ကျသော ခံစားမှုမျိုးကို အားလုံးခံစားဖူးကြမှာပါ ၊ ဒါပေမယ့် ကျွန်တော်တို့အားလုံး အမှတ်မရှိခဲ့ကြဘူး ။

၁၅)
လည်ပတ်နေသော နာရီတစ်လုံးကို အဖော်ပြုပြီး ခရီးရှည်ထွက်လာခဲ့တယ် ။ ကျွန်တော် ခရီးမထွက်လည်း ဒီလက်ပတ်နာရီက လည်ပတ်နေတယ် ၊ ကျွန်တော်အတွေးတွေက နောက်ကို သွားနေသော်လည်း နာရီလက်တံတွေက ရှေ့ကိုပဲ လည်ပတ်နေတယ် ။

၁၆)
ရူးသွပ်ခြင်းများစွာနဲ့ ကောင်းကင်က ကြယ်တွေကို တစ်ယောက်တည်းလည်း ငေးကြည့်ခဲ့ဖူးသလို ၊ လူတွေရဲ့ အရိုင်းအဆိုင်း တစ်ယောက်လိုလည်း ထင်ခံခဲ့ရဖူးသေးတယ် ။

၁၇)
စကားလုံးလှလှလေးတွေပဲ အမြဲတမ်းသုံးနေရတော့ မျက်လုံးတွေနဲ့ပဲ ကျွန်တော်တို့ စကားပြောကြရအောင် ၊ တစ်ချို့သော လူတွေက စကားလုံးတွေနဲ့ မထိုက်တန်လှဘူး ။

၁၈)
အတွေးအခေါ်ရသလည်း မတူ ၊ စိတ်ခံစားမှုလည်း မတူ ၊ လူနေထိုင်မှု စရိုက်တွေလည်း တူညီမှု မရှကြပဲနဲ့ တစ်ယောက်နဲ့တစ်ယောက် အမှီပြုပြီး နေထိုင်နေကြတယ် ။ ဒါဟာလောက သဘာဝပါ ၊ သဘာဝမကျလှတဲ့ အတွေးတွေနဲ့ ကျွန်တော်တစ်ယောက် ကွဲပြားနေတယ် ။

၁၉)
တစ်ခါတစ်လေ လောကကြီးရဲ့ အပြင်တစ်နေရာမှာ တစ်ယောက်တည်း ခွဲထွက်ပြီး ပျံဝဲနေချင်တယ် ။ ကွဲပြားတဲ့ အတွေးတွေ ကြားထဲမှာ လုံးဝတူညီမှု မရှိပဲနေတယ် ။

၂၀)
နောက်ဆို
မမြင်ချင်တာတွေကို မကြည့်ချင်တော့ဘူး ၊
မပြောချင်တာတွေကိုလည်း ပါးစပ်ကြီးဖြဲဖြဲပြီး မပြောချင်ဘူး ။ ဘာညာအပိုတွေနဲ့ ဟန်လုပ်ပြီး နေထိုင်နေရတာ အတော်လေး ခံစားချက် ဆင်းရဲလွန်းပါတယ် ။

~~~~~ဪ~~~~~~

            လောကကြီးရယ်.....!!!! တစ်ခါတစ်လေတော့ ကိုယ်နေထိုင်ချင်သော နေထိုင်မှု ကိုယ့်ခံစားချင်သော စိတ်ခံစားမှု ၊ ကိုယ်ဖြစ်ချင်သော အဖြစ်အပျက်တွေကို စက္ကန့်ပိုင်းလေးပဲ ဖြစ်ဖြစ် ဖြတ်သန်းချင်တာပေါ့....။

‌ဆက်ရန်..........................................................................


            အဓိပတိ ကမ္မ
        31-3-2018,17.00
@ ပြည်တွင်းစစ်ကစလို့ မူးယစ်ဆေးဝါး ပြသနာအဆုံး ဒီအိုကြီးအိုမ ခေါင်းဆောင်တွေ
 ဗျူရိုကရက်အရာရှိဆိုး ကြီးတွေရဲ့ သူငယ်နာမစင်တဲ့ ဆုံးဖြတ်ချက် အမှား တွေကြောင့် မြန်မာ့ပြည်သူလူထုကြီးဟာ အလူးအလိမ့်ခံနေခဲ့ရတာကြာပါပြီ.....။

မြန်မာပြည်မှာ ခုအချိန်ထိ မသေနိုင်သေးတဲ့ ခွေးအို ကြီးများရဲ့အောက်မှာ ပြည်သူလူထုကြီးဟာ
မျက်နှာမွဲမျက်နှာငယ်နဲ့လေးလံထိုင်းမှိုင်းလျှက်ရှိနေကြဆဲပါ..။

ကျတော်ပြောပြမယ် မြန်မာပြည်အဆက်ဆက် အုပ်ချုပ်လာတဲ့ ကောင်တွေကောင်မတွေ မှန်သမျှ အသက် ခြောက်ဆယ်ကျော်တွေ ချည့်ပဲ..။

လူငယ်တွေကို ဘယ်နေရာပေးကြတာလည်း ၊ လူငယ်တွေကို ဘယ်လို အခန်းကဏ္ဍထဲမှာ ပါဝင်ခိုင်းကြမှာလည်း ။
တိုင်းပြည်အတွက် လူငယ်တွေ ဘယ်လိုအရေးပေးတာ ရှိခဲ့သလဲ ။
အတော်လေးဆိုးသော ပြသနာ ပဲ ဖြစ်ပါတယ် ။

ဒါတွေဟာ
ဒီနိုင်ငံ ကြီး ခုအချိန်အထိ သူတောင်းစား ဘဝကမတက်ရခြင်းရဲ့ အဓိက စောက်ပြသနာ တွေပဲဖြစ်ပါတယ်..။
2018 3 30

Monday 30 March 2020

ဘယ်လိုနည်းဖြင့် ဆုံခဲ့ကြသည်မသိ ၊
ဘယ်လိုဘယ်နည်းဖြင့် ဝေးသွားကြသည်မသိပေါ့..။

ထူးထူးခြားခြားတော့ မဟုတ်ပါဘူး
ဝေးသွားကြပါသည်ပေါ့ ....။
အလွှမ်းခြုံထားတဲ့

ငါရဲ့

ချစ်ခြင်းတွေကို ဘယ်လိုမာယာတွေနဲ့

ထပ်ပြီး ဖြားယောင်းချင်သေးလည်း မိရှင်နွေ....။

           #အဓိပတိကမ္မ
တန်ဖိုးထားတတ်ပါစေ

မတရားတာ မမျှတတာတွေကို လုပ်တဲ့သူတွေများနေရင်
တရားမျှတမှုမရှိတဲ့ အသိုင်းအဝိုင်း ဖြစ်နေမယ်။ တရားမျှတ
မှုမရှိတဲ့ အသိုင်းအဝိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအဝိုင်း
ဖြစ်တယ်လို့ ဘယ်လို ပြောနိုင်မလဲ။ မတရားတာလုပ်တဲ့သူ
ရှိရင် ခံရတဲ့သူရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို
လေးစားမှာမဟုတ်ဘူး။ တဦးကိုတဦးမလေးစားနိုင်တဲ့
အသိုင်းအဝိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်း
မဖြစ်နိုင်တော့ဘူး၊၊ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်းမရှိတဲ့
အသိုင်းအဝိုင်းမှာ နေရတဲ့သူဟာ စိတ်အေးချမ်းမှု ဘယ်လို
လုပ်ရနိုင်တော့မလဲ။ လူတချို့ မတရားတာကို
လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတဲ့ အသိုင်းအဝိုင်းဟာ
လွတ်လပ်တဲ့အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့
အသိုင်းအဝိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။
တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ
ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ ဒီ
(human values) သုံးပါး မရှိရင် အဆင့်မြင့်တဲ့လူ့အသိုင်းအဝိုင်း
မဖြစ်သေးဘူး။

 @@!!!!!!©©@Please share now©©®!!!!!!!!

Saturday 28 March 2020

★ ★ ★ ၇၃ နှစ်မြှောက် မြန်မာ့မျိုးချစ်တပ်မတော်နေ့ အားဂုဏ်ပြုအပ်ပါသည် ★ ★ ★
                    ,၂၇.၃.၂၀၁၈ (တပ်မတော်နေ့)

တပ်မတော်သားများသည် အမိမြန်မာမြေအတွက် မိမိတို့၏အသက်ကိုအမြဲတမ်း ပေးလှုထားကြသည် ။

ငါတို့ဟာ အမိမြန်မာမြေကို ကာကွယ်ကြတဲ့ သားကောင်းဇာနည် ၊ စစ်သည် ဇာမဏီတွေ ဖြစ်တယ် ။

ရေထု ၊ မြေထု ၊ လေထု ကို ကာကွယ်ကြတဲ့ သူရဲကောင်းစစ်သားဇာနည်တွေ ဖြစ်ကြတယ် ။

သေနတ်ကိုထမ်း ကျောပိုးအိတ်ကိုလွယ်လို့ တစ်တောဝင် တစ်တောင်တက် ဗုံးသံ သေနတ်သံ ဆူဆူညံတဲ့ တောနက်တွေထဲက ခြင်္သေ့မင်း တွေလို ရဲရဲဝံ့ဝံ့ ရှေ့သို့ ခရီးနှင်ခဲ့ကြတယ် ။

ရှေ့ကတောင်ကုန်းမှာ ရန်သူရှိတယ် ၊ နောက်က ပြည်မမှာ ငါတို့ မိဘပြည်သူတွေ ရှိတယ် ၊ ငါတို့ချစ်တဲ့ တိုင်းပြည်အတွက် ငါတို့ချစ်တဲ့ ပြည်သူပြည်သားအားလုံး အတွက် ငါတို့အသက်တွေကို ဒိုင်းကာလိုသဘောထားပြီး ဇာတိသွားဇာတိမာန်ကို တိုက်ပွဲတွေရဲ့
ရှေ့တန်းကနေက ပြနေကြတယ် ။

ငါတို့ ချစ်တဲ့ တိုင်းရင်းသားညီအကိုတွေ ပြည်ပတိုင်းတစ်ပါးသားတွေရဲ့ သွေးခွဲသော စကားတွေကြောင့် ငါတို့ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲတွေ ဖြစ်နေရတာ ကြာပြီ ။

တိုင်းရင်းသားသွေးချင်းညီအစ်ကိုရယ်
လက်နက်တွေချပြီး လက်မှတ်ထိုးကြရအောင် ငါတို့ ပြည်တွင်းငြိမ်းချမ်းရေး ကမ္ဘာထဲ ဝင်လာဖို့ အမြဲ ကြိုဆိုနေပါတယ် ။

ငါတို့ စစ်သားဇာနည်တပ်မတော်သား တွေက လက်နက်ဆွဲကိုင် တော်လှန်နေသူတွေ မဟုတ်ကြဘူး ၊ လက်နက်ကိုင်စွဲ ကာကွယ်နေသူတွေပဲ ဖြစ်တယ် ။

မြုခိုး မြုမှုံန်မီးခိုးငွေ့တွေ ကြားထဲက ယမ်းစိမ်းနံ့တွေ ကလည်း တစ်ထောင်းထောင်းထလို့ ငါတို့ လက်က သေနတ်တွေကလည်း တစ်ဒိုင်းဒိုင်း ပစ်ခတ်နေသော်လည်း ရဲရဲတောက် သွေးနီနီတွေက အငွေ့ပျံမသွားခဲ့ကြဘူး ။

ပြည်သူအသက်အိုးအိမ်ကို ကာကွယ်ရင်း ငါတို့ရဲ့ ရဲဘော်ရဲဘက် တွေ သေကြတာ မနည်းတော့ပါဘူး ။

 ရဲဘော်ရဲဘက် အချင်းချင်း တစ်ယောက်အသက်ကို တစ်ယောက်ကာကွယ် ၊ ဖေးမကူညီ ကူညီရိုင်းပင်း သေဖော်သေဖက် အသက်ကို စွန့်လွှတ် ၊ ခြေထောက်တွေ လက်တွေ ၊ ဆုံးရှုံးခဲ့ရတာတွေလည်း မနည်းတော့ဘူး ။

သူတို့ပေးလိုက်ကြရတာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေတင်မကပါဘူး ၊ သူတို့ဘဝတွေ ၊ သူတို့ ရည်မှန်းချက်တွေ ၊ သူတို့မျှော်လင့်ချက်တွေ ၊ သူတို့ရဲ့ သာယာမှုတွေကိုယ်ပါ ပေးဆပ်လိုက်ကြတာပါ ။

တက်သစ်စ ရောင်နေခြည်တွေ တစ်ဖြာဖြာ ထွက်နေချိန် ငါတို့သွေးနဲ့ရေးတဲ့ စစ်သမိုင်းတွေကလည်း ကောင်းကင်ယံမှာ သက်တန့်တွေလို့ ထွန်းလင်းနေမှာ အသေအခြာပါပဲ ။

အစိမ်းရောင် တောင်တန်းတောနက်ထဲမှာ အစိမ်းရောင်ယူနီဖောင်း စစ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ငါတို့ ကိုယ်ပေါ်မှာ ရဲရဲတောက်အနီရောင်သွေးတွေ ဆီးကျနေပါစေ ရဲရင့်တဲ့ မျိုးချစ်သွေးတွေ နည်းနည်းလေးမှ အပြင်ကို ယိုဖိတ်မသွားစေရဘူး ။

တောနက်ထဲ တောင်ကျိုတောင်ကြားတွေ ထဲမှာ အမြှောက်ကားတွေ လေယဉ်ပျံတွေ တင်းကားတွေ နဲ့ တိုက်ခိုက်ရေး စစ်ပွဲတွေ ဖြစ်နေတာပါ ၊ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေကြတာ မဟုတ်ကြပါဘူး ။

ရှေ့တန်းစစ်မြေပြင်တွေဟာ ကြမ်းတမ်းခက်ထန်လွန်းတယ် ၊ စိတ်ကူးယဉ် အိမ်မက်ထဲကစစ်ပွဲတွေနဲ့တော့ မတူညီလှပါဘူး ။

တပ်မတော်သားတွေရဲ့ လက်ထဲမှာ သေနတ်တွေကိုင်ထားပေမယ့် နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေကတော့ ကျည်ဆံတွေမှ မဟုတ်တာဗျာ ငါတို့ကလည်း လူသားတွေထဲက စစ်သားတစ်ယောက်ပဲလေ ။

တိုင်းပြည်ရဲ့ ယဉ်ကျေးမှု နဲ့ ရိုးရာအစဉ်အလာကို ကာကွယ်တဲ့နေရာမှာ ငါတို့တပ်မတော်သားတွေ ရှေ့ဆုံးက ပါဝင်ခဲ့ကြတာကို သမိုင်းက သက်သေတည်ပါလိမ့်မယ် ။

ကြုံသလိုအိပ် ကြုံသလိုစားနဲ့ ကြုံတွေ့ရတဲ့ ဘဝအထွေထွေကို တိုက်ပွဲတွေကြားထဲမှာ ဖြတ်သန်းနေရတယ် ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်ဆီဘယ်ဝယ်မှာ ရှိတယ်ဆိုတာ ဘယ်မှာမသိ ရန်သူဘယ်မှာ စခန်းချတယ်ဆိုတာပဲ ငါတို့ စစ်သည်တွေသိတယ် ။

ငြိမ်းချမ်းရေး ဂျိုးဖြုငှက်တွေ ဘယ်မှာပျံဝဲနေမလည်းဆိုတာ ငါတို့ စစ်သားတွေ မသိ ၊
ကောင်းကင်ပြာပြာထက်မှာ စစ်လေယာဉ်တွေ ပျံသန်း နေတာပါ မြင်ကြတယ် ။

ပင်လယ်ပြာပြာမှာ ငြိမ်းချမ်းရေး သဝဏ်လွှာစာတော်ပါးမည့် ချိုးငှက်ဖြုဖြုကို အလေးမပေးနိူင်သေး ၊ ငါတို့ တပ်မတော်သားတွေ စစ်ရေယာဉ်တွေနဲ့ ကူးသန်းနေကြတာပဲ သိတယ် ။

မျိုးရိုးအဆက်ဆက် တန်ခိုးရှိတဲ့မြေက ရွှေထီး ရွှေနန်းအပြည့်အစုံ နဲ့ စံမြန်းလာခဲ့တဲ့ အမိမြန်မာပြည်ရဲ့ တန်ဖိုးကြီးမြင့်လှတဲ့ ယဉ်ကျေးမှုတွေ ကို ထိမ်းသိမ်းစောင့်ရှောက်ကြမှာ ငါတို့ အမျိုးသားရေး တာဝန်တစ်ရပ်ပဲ ဖြစ်တယ် ။

စိတ်ကူးထဲမှာတောင် ရန်လိုမှု ရန်ဖြစ်တာမျိုး မရှိခဲ့တဲ့ အမိသားကျွန်တော် စစ်သားကြီးက အမိမြန်မာမြေအတွက် သေနတ်ကိုထမ်း ကျောပိုးအိတ်ကိုလွယ်လို့ တိုင်းပြည်တာဝန်ထမ်းဆောင်လို့ စစ်ပွဲတစ်ရာ နွဲ့နေရပြီ မေမေ ။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးတွေ စုပေါင်းစည်း ထားတဲ့ အမိတပ်မတော်က နိူင်ငံတော်တိုးတက်ရေးဖွဲ့ဖြိုးရေး မနှေးဆောင်ရွက်နေကြတာ ကျည်း ရေ လေ မြန်မာ့တပ်မတော်ပဲ ဖြစ်တယ် ။

အမျိုးဘာသာ ဒို့သာသနာနဲ့ ဒို့တာဝန်အရေး သုံးပါးကို ဦးထိမ့်မှာ ထားတဲ့ ပြည်သူတပ်မတော်ကြီးဟာ ငါတို့ မြန်မာ့တပ်မတော်ပဲ ဖြစ်တယ် ။

ငါတို့တပ်မတော်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ရယူလိုမှု အနည်းဆုံးနဲ့ ပေးဆပ်မှု အများဆုံးသော ပြည်သူအဖွဲ့အစည်း ဖြစ်ပါသည် ။

နိူင်ငံတော်ကို လွတ်လပ်ရေး ရယူခဲ့တဲ့ သမိုင်း ၊ နိူင်ငံတော်ကို ကာကွယ်ရင်း ခဲ့တဲ့သမိုင်း
သမိုင်းထဲက သမိုင်းတွေထဲမှာ မြန်မာ့တပ်မတော်ဟာ ရဲရဲတောက် စိတ်ဓာတ်တွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာ သမိုင်းထဲက သမိုင်းက သက်သေတည်နေပါတယ် ။

ငါတို့ အသွေးအသားတွေကိုပဲ အပွန်းအပဲ့ခံမယ် ၊ ငါတို့ရဲ့ မြေကို ဘယ်တော့မှ အပွန်းအပဲ့ခံမခံဘူး ၊ ငါတို့သိမ့်ချစ်တဲ့ မြန်မာမြေကြီး အေးချမ်းသာယာရေးအတွက် ငါတို့ စစ်ပွဲတွေကို တိုက်ခိုက်ကြရလိမ့်မယ် ။

လွမ်းစရာ ဆွေးစရာတွေ များပြားနေတဲ့ စစ်မြေပြင်မှာ ကြမ်းတမ်းလွန်းလှပါတယ် ၊
ရန်သူတွေ ပတ်ချာလည်နေတဲ့ ရှေ့တန်းက တိုက်ပွဲမှာ လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်ခတ်နေကြရတယ် ။

ရဲရင့်သော ရဲရဲတောက် စစ်သည်တွေ ရှိနေတဲ့ အမိမြန်မာမြေမှာ တစ်လက်မမှ အထိမခံနိူင်ဘူး ၊
ရဲရဲဝံ့ဝံ့ ရဲရဲလုပ်ဆောင်နေတဲ့ မြန်မာ့သတ္တိကို မြန်မာ့တပ်မတော်က သက်သေတည်နေပါတယ် ။

ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးညီညွတ်တဲ့ ဒို့တပ်မတော်ကြီးရဲ့ တွဲလက်တွေ ဘယ်တော့မှ မဖြုတ်ဘူး ၊ ကမ္ဘာတည်နေ၍ မြန်မာ့တပ်မတော် တည်တံ့ခိုင်မြဲ နေမယ်လို့ ကျွန်ုပ်တို့ ယုံကြည်ထားကြတယ်.....။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေး၍ ကာကွယ်ခဲ့ကြသော တပ်မတော်သားဇာနည်ရဲဘော်များအား လေးစားသောအားဖြင့်
ဂုဏ်ပြုအပ်ပါသည် ။

★ Please share now©®©® ★
                   အဓိပတိ ကမ္မ
             27-3-2018,10.15AM
Photo by Than Htay

Friday 27 March 2020

လမ်းခွဲခြင်းတွေနဲ့အတူ
ငါ့အချစ်တွေလည်း သေဆုံးခဲ့ရပြီ
အရာရာ တိတ်ဆိတ်ခြင်းတွေနဲ့
ငြိမ်စက်ခဲ့တာ အညိုးကြီးကြီးနဲ့ ရွာသွန်းခဲ့တဲ့
ဒီမိုးကြောင့်တော့ မဟုတ်ဘူး ။

#အဓိပတိကမ္မ👽

ဆုံစီးခွင့်တွေနဲ့ မထိုက်တန်တဲ့ ငါက
အဝေးကြီးကို ထွက်ခွာသွားဖို့ ငါ အားလုံး ပြင်ဆင်ပြီးပါပြီ.....

#အဓီပတိကမ္မ

ကြင်နာမှုတွေ ပေးတတ်ကြတဲ့ လက်တွေ ကို

လောက က နာကျင်မှုတွေပဲ ပေးတတ်ကြတယ်ဆိုတာ

တစ်ခုကိုတော့ ငါကောင်းကောင်းကြီး သဘောပေါက်ခဲ့ရတယ် ။

#အဓိပတိကမ္မ👽

တစ်ချို့သော အချိန်တွေမှာ

ငါနင့်ကို စောင့်နေမိတယ်

 မျှော်လင့်ချက်မရှိတဲ့

 စောင့်မျှော်မှုသက်သက်ပါ ။

း#အဓိပတိကမ္မ👽

မျှော်ရတာတွေ များလာတော့ ငါလည်း မောလာပြီ

ငေးရတာတွေ များလာတော့ ငါလည်း ဆွေးလာပြီ

တွေးရတာတွေ များလာတော့ ငါလည်း ပြေးချင်လာပြီ

#အဓိပတိကမ္မ👽

Wednesday 25 March 2020

ဆွေး ၆

အချစ်ရဲ့ ကြည်နူးမှုက ငါ့ တစ်ဘဝလုံးထိ အလေးအနက် ယစ်မူးမှတော့ ရင်နာလည်း ဆက်ချစ်နေရအုံးမှာပါ ။

သံယောဇဉ် မခိုင်လည်း နင့်ကိုငါ ခိုးခိုးကြည့်ပြီး အရင်ကကြည်စယ်ခဲ့တဲ့ ရင်ခုန်သံတွေကို ကြည်နူးစွာ ခံစားနေမှာပေါ့ ။

အချစ်ကို ဗန်းပြပြီး နှခမ်းဖျားတွေနဲ့ ငါကိုဖမ်းစားခဲ့တယ် ၊ အခုတော့ ဗရမ်းပတာ င့ါအချစ်ကို နင့်က ပစ်ခွာခဲ့ပြီးပြီပဲ ငါတို့အချစ်တွေ အသစ်ကနေ အဟောင်းပြောင်းသွားတာ အဆန်းအပြား မဟုတ်ပါဘူး မိရှင်နွေ ။

ငါတို့ကြားမှာရှိတဲ့ အတားအဆီးတွေကို တိုက်ဖျက် ိချင်တယ် ၊
တစ်ယောက်နဲ့တစ်ယောက် ဇာတ်ရံတွေမပါပဲနဲ့ ကြည်နူးချင်မိတယ် ။
ငါ့ မှာ ဒီလိုမျော်လင့်ချက် နေ့ရက်လေး ခပ်သေးသေးလေး တစ်ခုပဲ ရှိခဲ့တာပါ မိရှင်နွေ ။

ငါဘက်ကသာ မျှော်လင့်နေရတာ နင့်ဘက်က အခြားလူတွေနဲ့ ပေါ်တင်တွဲပြီး ငါအချစ်ကို နင်းခြေကာ ငြင်းပြစ်ခဲ့တုန်းက ငါ ငြင်းခုံ ခဲ့ဖူးလို့လား မိရှင်နွေ ၊ ငါ ငြင်းဆန် ခဲ့ဖူးလား ။
နင် ဖြေစမ်းပါအုံး ။

ငြင်းဆန်ဖို့လည်း ငါမှာ ခွင့်အားလည်း မရှိဘူး ၊ နင့်ဘက်ကလည်း ခွင့်ပြုမပေးခဲ့ဖူးဘူး။
ငါလည်း အတိတ်ကို သတိရတိုင်း လူဖြစ်ချင်စိတ်တောင် တဖြေးဖြေးနည်းပါးလာပြီ မိရှင်နွေ
အနာဂတ်ကို တွေးတာတွေ ငါထည့်မပြောချင်တော့ဘူး ရှင်နွေရယ်

ငါနင့်ကို အရမ်းချစ်တယ် ရှင်နွေ

ငါ ဘဝထဲက ဘယ်တော့မှ ရုန်းမထွက်လိုက်နဲ့ ရှင်နွေ
ငါနင့်ကို ချစ်နေချင်သေးတယ် ။
ရင်နာနာနဲ့ပေါ့ ။

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား မိရှင်နွေ ။

ဒုတိယ အဆင့်တောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် ရှင်နွေနဲ့ကျွန်တော် အဝေးကြီးပဲ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ ကျွန်တော် မေ့ပစ်လို့ရမယ် မထင်ဘူး ။

ရှင်နွေ နှခမ်းများက ရှိရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး မိရှင်နွေ

အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊
ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်

အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းတွေလည်း ရှင်နွေဘက်က ကင်းရှင်းစွာ
သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူးလေ ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ လေသံတွေနဲ့ပဲ ပင်လယ်ပြာပြာမှာ အပြာရောင်အချစ်တွေနဲ့ ရွက်လွင့်ရင်း
နင့်အချစ်ကို ငါမျှော်လင့်နေပါတယ် မိရှင်နွေ ။

တစ်ခါလောက်တော့ နင့် နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငါ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမ္မ
              30AUG2018                   

Uni
.
.
.
ဆွေး ၆

အချစ်ရဲ့ ကြည်နူးမှုက ငါ့ တစ်ဘဝလုံးထိ အလေးအနက် ယစ်မူးမှတော့ ရင်နာလည်း ဆက်ချစ်နေရအုံးမှာပါ ။

သံယောဇဉ် မခိုင်လည်း နင့်ကိုငါ ခိုးခိုးကြည့်ပြီး အရင်ကကြည်စယ်ခဲ့တဲ့ ရင်ခုန်သံတွေကို ကြည်နူးစွာ ခံစားနေမှာပေါ့ ။

အချစ်ကို ဗန်းပြပြီး နှခမ်းဖျားတွေနဲ့ ငါကိုဖမ်းစားခဲ့တယ် ၊ အခုတော့ ဗရမ်းပတာ င့ါအချစ်ကို နင့်က ပစ်ခွာခဲ့ပြီးပြီပဲ ငါတို့အချစ်တွေ အသစ်ကနေ အဟောင်းပြောင်းသွားတာ အဆန်းအပြား မဟုတ်ပါဘူး မိရှင်နွေ ။

ငါတို့ကြားမှာရှိတဲ့ အတားအဆီးတွေကို တိုက်ဖျက် ိချင်တယ် ၊
တစ်ယောက်နဲ့တစ်ယောက် ဇာတ်ရံတွေမပါပဲနဲ့ ကြည်နူးချင်မိတယ် ။
ငါ့ မှာ ဒီလိုမျော်လင့်ချက် နေ့ရက်လေး ခပ်သေးသေးလေး တစ်ခုပဲ ရှိခဲ့တာပါ မိရှင်နွေ ။

ငါဘက်ကသာ မျှော်လင့်နေရတာ နင့်ဘက်က အခြားလူတွေနဲ့ ပေါ်တင်တွဲပြီး ငါအချစ်ကို နင်းခြေကာ ငြင်းပြစ်ခဲ့တုန်းက ငါ ငြင်းခုံ ခဲ့ဖူးလို့လား မိရှင်နွေ ၊ ငါ ငြင်းဆန် ခဲ့ဖူးလား ။
နင် ဖြေစမ်းပါအုံး ။

ငြင်းဆန်ဖို့လည်း ငါမှာ ခွင့်အားလည်း မရှိဘူး ၊ နင့်ဘက်ကလည်း ခွင့်ပြုမပေးခဲ့ဖူးဘူး။
ငါလည်း အတိတ်ကို သတိရတိုင်း လူဖြစ်ချင်စိတ်တောင် တဖြေးဖြေးနည်းပါးလာပြီ မိရှင်နွေ
အနာဂတ်ကို တွေးတာတွေ ငါထည့်မပြောချင်တော့ဘူး ရှင်နွေရယ်

ငါနင့်ကို အရမ်းချစ်တယ် ရှင်နွေ

ငါ ဘဝထဲက ဘယ်တော့မှ ရုန်းမထွက်လိုက်နဲ့ ရှင်နွေ
ငါနင့်ကို ချစ်နေချင်သေးတယ် ။
ရင်နာနာနဲ့ပေါ့ ။

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား မိရှင်နွေ ။

ဒုတိယ အဆင့်တောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် ရှင်နွေနဲ့ကျွန်တော် အဝေးကြီးပဲ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ ကျွန်တော် မေ့ပစ်လို့ရမယ် မထင်ဘူး ။

ရှင်နွေ နှေခမ်းများက ရှိရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး မိရှင်နွေ

အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊
ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်

အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းတွေလည်း ရှင်နွေဘက်က ကင်းရှင်းစွာ
သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူးလေ ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ လေသံတွေနဲ့ပဲ ပင်လယ်ပြာပြာမှာ အပြာရောင်အချစ်တွေနဲ့ ရွက်လွင့်ရင်း
နင့်အလျစ်ကို ငါမျှော်လင့်နေပါတယ် မိရှင်နွေ ။

တစ်ခါလောက်တော့ နင့်နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငါ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမ်မ
              30AUG2018                   

#PhotoByAmaraBo
ခဏလေးလို့ပြောပြီးတစ်ဘဝလုံးထားခဲ့မယ့်သူကို
မျှော်နေရဲတဲ့သတ္တိဆိုတာ
ကိုယ့်ကိုလောင်ကျွမ်းဝါးမြိုသွားမယ့်မီးကို
ကိုယ်တိုင်ပျိုးရသလိုပေမနက်ဖြန်ဆိုတာသေချာရှိရင်တော့
မင်းကိုပိုချစ်မှာပါ
ဒီနေ့မှာသေသွားခဲ့ရင်လည်း
မနေ့ကဆိုတာဆီသွားပြီး
ဒီနေ့မှာပိုချစ်ဖို့ပဲစဉ်းစားမှာပါ
အရာရာပြောင်းလဲတတ်တဲ့စိတ်ဆိုတာထဲမှာ
မင်းထိုက်နဲ့မင်းကံဖြစ်သလို
ငါ့ထိုက်နဲ့ငါ့ကံပျော်ရွှင်ခြင်းစစ်စစ်တွေနဲ့ခရီးသွားဖူးချင်တယ်
မင်းရဲ့ကျောပိုးအိတ်ကလေးထဲကနေပြီး
မိုးကုတ်စက်ဝိုင်းကိုချောင်းကြည့်ချင်တယ်
တစ်ခုမှမလွယ်တာတွေနဲ့ပဲ
သဲကြိုးပြတ်သွားတဲ့အိပ်မက်ကလေးက
ခုထိအိပ်ယာမနိုးချင်သေးဘူးပဲပေါ့ါ့
သတိရတယ် ဆိုတာထက် မပိုခဲ့သော အလွမ်းတွေနဲ့ မင်းနားတားကပ်ပြီး တိုးတိုးလေး ငါလွမ်းတဲ့အကြောင်းတွေ ပြောပြမယ် ။

အဝေးဝေးကြီးဝေးလို့ ပင်လယ်ကမ်းစပ်တွေ အလွမ်းကယပ်တွေ တိုက်ခတ်လည်း ယုံကြည်ရာ မင်းသစ္စာတွေကို နှလုံးသားရဲ့စေညွန်ရာ လွမ်းနေမှာ ငါ့ရဲ့အချစ်ပါပဲ ။

မနှစ်သက်မှာတွေကို စက္ကူလှေလေးတွေထဲမှာ ကျကျနနထည့်ပြီး ရေစီးရာပါသွားဖို့ ငါဆုတောင်းပြီး ရေလယ်မှာ ချပစ်ပြီး လေထုထဲ မှာ လေတိုက်ရာ လွှင့်ဖို့ ကြိုးစားတေသူက ငါပါပဲ ။

မင်းအတွက် သာယာမှု ရှိချင်မှရှိမှာပေါ့
မယာ‌‌ေတွနဲ့ ဟန်ဆောင်မှုကင်းသော အချစ်တွေ အလွမ်းတွေကတော့ မင်းအတွက်ပဲ ြဖစ်မှာပါ မိရှင်နွေ ။

မြုတိမ်တွေလို မတည်မြဲခဲ့တဲ့ အချစ်မျက်နှာတစ်ခုက အလွမ်းအဆွေးအဖြစ်ရှိနေခဲ့သော်လည်း ဆေးလိပ်အခိုးအငွေ့တွေလို ခဏတာအတွင်း မပျောက်ကွယ် ှုတွေကြောင့် ငါရဲ့ပျော်ရွှင်မှုတွေ ပျောက်ကွယ်ပျောက်ကွယ် သွာခဲ့တာ မင်းမှသတိမထားမိပဲ။

အဓိပတိကမ်မ
င်

Tuesday 24 March 2020

@ဟစ်ပီတွေလို ဖြစ်ချင်လာတယ် (၃)

 ဪ......
လောကကြီးရယ် ငါကပဲ လောကကြီးကို ခြေဆုံကန်ထွက်သွားသူတဲ့ ၊ ငါကို လောကကြီးက ပစ်ထားခဲ့တာကြ လောကကြီးက လူသားတွေ ဘယ်သူမှ မသိလိုက်ကြဘူး...။

တကယ်ပဲ တရားမျှတမှု မရှိတဲ့ သောက်ရူး လူ့အဖွဲ့အစည်းကြီးကို ငါမှာ အလွန်မုန်းတတ်နေပြီ ။ ။ ။

ငါမှာက
 ဖြစ်ခဲ့ပြီးသော အတိတ်ကိုလည်း မေ့ပစ်လို့မရသလို ဖြစ်မလာသေးတဲ့ အနာဂတ် ကိုလည်း အမြဲတွေးနေရတယ် ။

တစ်ခါတစ်လေ လောကကြီးက ကိုယ်အရူးဆန်တာတွေကို မေ့ထားပြီး သူများကို အရူးလုပ်ချင်ကြသူတွေ အများကြီးနဲ့ သောကပင်လယ်ကြီးထဲမှာ ဖောင်ဖွဲ့ပြီး လှော်ခတ်နေကြသူတွေပဲ ရှိနေတတ်ပါတယ် ။

ရယ်စရာတွေကို လိမ်ညာပြောဆိုလိုက်ကြ ၊ ငိုစရာတွေကို ရယ်ရွှင်ပြလိုက်ကြနဲ့ တကယ်ပဲ စောက်ရှက်မရှိတဲ့ ကမ္ဘာမြေကြီးက လူသားတွေပဲ ဖြစ်တယ် ။

သစ္စာဆိုတဲ့စကားကို နှုတ်ဖျားမှာပဲ ထားတတ်ကြတဲ့ လူတွေကြောင့် အာပုပ်စော် အနံ့တွေ ပါးစပ်တွေမှာ ထွက်လာတတ်တယ် ။

အပေါ်ယံ ဟန်ဆောင် အပြုံးတွေနဲ့ အချင်းချင်းမုန်းတီးနေကြတာတွေကို ဖုံးဖိချင်မနေကြပါနဲ့တော့ ။
တစ်ယောက်လက်မှာ တစ်ယောက် အပြန်အလှန် အပြုံးတွေကြားထဲကနေ ဓားတစ်ချောင်းစီရောထည့်လိုက်ပြီး အပြန်အလှန်သာ တစ်ယောက်မာနကို တစ်ယောက် ခုတ်ထစ် ပိုင်းဖြတ်ကြလော့.....။

ဟန်ဆောင်အပြုံးတွေနဲ့ ရင်ထဲက အမုန်းတရား တွေကို ဖုံးဖိထားကာ လူ့အသိုက်အဝန်းကနေ ရုန်းထွက်လာခဲ့မိတယ် ။

လူဖြစ်လာတဲ့ ခဏတာ အချိန်အပိုင်းအခြားလေးအတွင်းမှာ ဟန်ဆောက်မှု ကင်းကင်းနဲ့ပဲ ဘဝကို ဖြတ်သန်းချင်တယ် ။

ဒါပေမယ့် လောကကြီးက ဟန်ဆောင်တတ်မှုကသာ ရိုးသားမှုထက် ပိုပြီးတန်ခိုးကြီးနေတယ် ဆိုတော့လည်း တစ်မျိုးခက်ပြန်ရောပေါ့ဗျာ .....။

လူကို လူလိုမဆက်ဆံချင်ကြတဲ့ လူအဖွဲ့အစည်း ကြီးကို ငါမှာ မုန်းတတ်လာတယ် ။

အလကား စောက်ရူးလူ့အသိုက်အဝန်းကြီး ။

 လူကြီးလူကောင်းတစ်ယောက် ဖြစ်လာဖို့ အရောင်ဆောင် အမူအရာတွေကို အမြဲလုပ်ပြနေရမယ်တဲ့ တကယ်ပဲ ဟာသဆန်နေတဲ့ လူအဖွဲ့အစည်း ကြီးကို ငါမှာ ဟားတိုက်ပြီးရယ်ပစ် နေရတယ် ။

ကမ္ဘာကျော်တွေ ဖြစ်ဖို့ ကမ္ဘာပေါ်မှာ ဟန်ဆောင်ခြင်းမာယာ အတတ်ပညာကောင်းကောင်းကြီး တတ်မြှောက်မှ ကမ္ဘာ့အကျော်အမော်ကြီး ဖြစ်လာမယ်တဲ့ ၊ ငါမှာ ရယ်လိုက်ရတာမှ ဝမ်းဗိုက်တွေထဲက အူတွေတောင် အခွေလိုက်နာတယ် ၊ ရင်နာတာက ပိုဆိုးပါတယ် ။

အလင်းရောင်တွေ ရှိနေတဲ့ အလင်းရောင်ကမ္ဘာမြေကြီးတဲ့ တကယ်တမ်းတော့ ထွန်းလင်းချင်ရောင်ဆောင်ပြီး အမှောင်ကမ္ဘာထဲကို ငါကို ဆွဲမခေါ်ပါနဲ့တော့ ၊ ငါပဲ ခင်များတို့ ပြောနေတဲ့ လူသားဆန်မှုနဲ့ ခပ်ခွာခွာပဲ နေပေးလိုက်ပါ့မယ် ။

သူတို့တစ်တတွေက သူတော်ကောင်းကြီးတွေတဲ့ သူတော်ကောင်းရောင်ဆောင်ပြီး သူတို့ကောင်းမယ် ထင်တာတွေကိုပဲ ရွေးလုပ်ပြတဲ့ လူတွေကပဲ သူတို့ဟာ သူတော်စင် သူတော်ကောင်းကြီးတွေတဲ့ ။

ငါမှာပဲ သူတို့နဲ့မတူတာနဲံ့ လူဆိုးလူမိုက် လူ့ရမ်းကားကြီးကို ဖြစ်လို့ ၊

အဲဒီအချိန် အမှန်တရားဘက်က အမြဲတမ်းရပ်တည်တဲ့
 ငါကို လောကကြီးကို ဆန့်ကျင်သူလို့ သူတို့တတွေက သတ်မှတ်ပစ်လိုက်တယ် ။

ဟုတ်ပါတယ် .....။
 ငါပဲ လောကကြီးနဲ့ မထိုက်တန်သူတစ်ယောက်ပါ .....။
 ငါကပဲ လောကကြီးကို ခြေဆုံကန် ထွက်သွားခဲ့သူ တစ်ယောက်ပါ....... ။
ငါကပဲ လူသားတွေနဲ့ ဆန်ကျင်ဘက် အရပ်ဒေသတွေကိုပဲ ခရီးနှင်နေသူ တစ်ယောက်ပါ ။

 ဘယ်တော့မှ ပြန်မလာနိူင်တော့တဲ့ လောကခရီးလမ်းကို လျှောက်လှမ်းရင်း ငါရဲ့ အမှာစာ ကဗျာအတိုအဆတွေကို ငါဘဝလမ်းမှာ ချနင်းပေးခဲ့မယ် ....။

ငါကို မျှော်မနေကြပါနဲ့တော့ ငါပြန်လာမှာ မဟုတ်လို့ စကားတွေထဲလည်း ထည့်ပြီး ငါအကြောင်းအချင်းအရာတွေကို ပြောဆိုမနေကြပါနဲ့တော့......။
ငါဟာ ခင်များတို့ ပုံဖော်ဖန်တီးထားတဲ့ အတ္တကမ္ဘာ ပုံစံခွက်ထဲကို မနေနိူင်လို့ ၊

ငါခွင့်အားကို ငါသုံး ငါရုန်းထခဲ့ပြီးပြီ ၊

မာယာတွေ ဟန်ဆောင်ခြင်းတွေ ပြည့်နက်နေသော လူ့အသိုက်အဝန်းကြီးကနေ အပြီးသတ် နူတ်ထွက်ခွင့်ပြုပါ စကြ၀ဠာကမ္ဘာမင်းတွေကို တိုင်တယ်ပြီး
မယိုင်လဲတဲ့ နှုတ်ဆက်စကား နဲ့ နှုတ်ဆက်ခဲ့ပါသည် .....................။ .......။.......။

             အဓိပတိ ကမ္မ
        24-3-2018,1.15AM

မင်းမရှိလည်း
ကမ္ဘာကြီးကလည်ပတ်နေမှာပဲ
ရာသီ တွေလည်း သူ့နေသားတကျ
ရွေ့လျားနေမှာပဲ…

ဒီအတွက် မင်းလည်းဘာမှ
စိတ်ပူမနေနဲ့ မင်းမရှိလည်း
သူ့နေရာနဲ့သူအဆင်ပြေနေကြတာပဲ
ဒါတွေကိုမင်းသိဖို့လိုတယ်။

Friday 20 March 2020

★ @ မိမိတို့တပ်မတော်၏ အဓိကတာဝန်ဖြစ်သော
 နိုင်ငံတော်ကာကွယ်ရေးတာဝန် ဆိုသည်မှာ စစ်ရေးတစ်ခုတည်းသာမဟုတ်ဘဲ
မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဘာသာသာသနာ၊
ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်
ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်စသဖြင့် အားလုံးကို
ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း” ပြောကြားလိုပါတယ် ။★

 (့ မတ်လ ၂ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် မြိတ်မြို့မှာ ပြောခဲ့တဲ့ မိန့်ခွန်း ကောက်နှုတ်ချက်)
Please share now©®©®
         အဓိပတိ ကမ္မ
      20-3-2018,7.17am
@ အထူးအဆန်းမှ မဟုတ်တာဗျာ! ! !
________________________

ထောင်ထွက် ရာဇ၀တ်သားအဟောင်းတွေ
အုပ်ချုပ်တဲ့ တိုင်းပြည်မှာ ရာဇဝတ်မှု များပြားလာတာ
 အထူးအဆန်းမှ မဟုတ်တာဗျာ။

တစ်လင်တစ်မယားစနစ်ကို ကန့်ကွက်ခဲ့ကြတဲ့ လူတွေအုပ်ချုပ်မှတော့ သက်ငယ်မုဒိမ်း မှုတွေ တိုးပွားလာတာ
 အထူးအဆန်းမှ မဟုတ်တာဗျာ။

လူသတ် ခေါင်းဖြတ်တတ်တဲ့ မျိုးစက်တွေမှ ဆင်းသက်လာတော့ ကွန်မြုနစ်အနွယ်ဝင်တွေ ပါဝင်အုပ်ချုပ်သော လက်ရှိသက္ကရာဇ် တွေမှု လူသတ်အလောင်းဖျောက်ဖျက် ရာဇဝတ်မှုကြီးတွေ ဖြစ်ပေါ်လာတာ
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

ဗကပနဲ့တောထွက်ပြီးပူးပေါင်း ၊ ဥပေဒေအရ ဖမ်းဆီးခြင်းထောင်ချခြင်း ခံရမှာကြောက်ရွံ့ကြလို့ တောထွက် လက်နက်စွဲကိုင် တော်လှန်ခဲ့ကြသော လက်နက်ကိုင်အဖွဲ့အစည်းထွက်တွေ အုပ်ချုပ်မှတော့ ပြည်တော်ပြန် ငြိမ်းချမ်းရေး အထမမြှောက်တာ
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

တိုင်းပြည်စီးပွားရေး ယိုင်လဲချိန်တွေမှာ ပြည်ပနိူင်ငံတကာရဲ့ အရေးယူပိတ်ဆို့ခြင်းတွေကို ထောက်ခံခဲ့ကြသော လူတွေ ၊ EU (Europian Union) နှင့် ARCO (အမေရိကန်ရေနံကုမ္မဏီ) တို့၏ အရေးယူပိတ်ဆို့မှု နဲ့ အလုပ်မဖြစ်ရင် ဘက်ပေါင်းစုံက ပိတ်ဆို့ကြပါလို့ ပြောခဲ့သော လူတွေ အုပ်ချုပ်မှတော့ တိုင်းပြည်စီးပွားရေး အခြေအနေ ကောင်းမလာတာကလည်း
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

ဝတ်စရာ အဝတ်အထည် ၊ စားစရာ အစားအစာ အပြည့်အဝ မရှိတာကို အရေးတစ်ယူလုပ် ပြောဆိုမနေကြပါနဲ့ ထမင်းတစ်နပ်လျှော့စားခိုင်းတဲ့ဝန်ကြီး နဲ့ ဟင်းတစ်မယ် လျော့စားခိုင်းတဲ့ဝန်ကြီးတွေ အုပ်ချုပ်မှတော့ ကုန်စျေးနှုန်းတိုးမြှင့်လာတာ
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

အစိုးရဝန်ကြီးတွေ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုတွေ ခဏခဏ ပြောင်းလဲနေတာကို အပြစ်ပြောမနေကြပါနဲ့တော့ တက်မလာခင်ကတည်းက ပြောင်းလဲချိန်တန်ပြီ (Time to change) ဆိုပြီး တက်လာတာ ဆိုတော့ ဒါတွေက
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

အစိုးရဘတ်ဂျက်(budget)လိုငွေ ပြနေတာတွေ ၊အကောက်ခွန်တွေ(Customs) တိုးမြှင့်ကောက်တာကို အပြစ်ပြောမနေကြပါနဲ့တော့ တက်မလာခင်ကတည်းက အလှုခံ ၊ ရန်ပုံငွေကောက်ခံ ၊ ပါတီအင်္ကျီရောင်းနဲ့ တက်လာဆိုတော့
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

ကျေးလက်ဒေသ ဖွဲ့ဖြိုးတိုးတက်မလာတာပဲ အပြစ်ပြောကြပါနဲ့ လက်ရှိအုပ်ချုပ်နေသော အစိုးရလူကြီးမင်းတွေ က ကျေးလက်အရပ်ဒေသကို ဘယ်နှစ်ခေါက်လောက် ရောက်ဖူးသေးလို့ ကွင်းဆင်းလေ့လာခြင်း(Field Trip) ဘယ်လောက်ရှိပြီ မလို့လည်း ၊ ဒီလိုလူတွေအုပ်ချုပ်မှတော့ တိုးတက်မှုမရှိတာ
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

လက်နက်ကိုင် သောင်းကျန်းသူတွေ လက်ခမောင်းခတ် နေတာပဲ ပြောမနေကြပါနဲ့ ဒီတိုင်းပြည်မှာ တပ်မတော်နဲ့ သူပုန်ကို တန်းတူ သဘောထားသော လူတွေ အုပ်ချုပ်နေမှာတော့ သူပုန်တွေက ဇောင်းထပြီး ဖောင်းထုနေကြတာ
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

နိူင်ငံတာကာ၏ ပျက်ရယ်ပြုကြပုံတွေကိုပဲ ပြောမနေကြပါနဲ့ လူရွှင်တော် (လူပျက်)တွေ ဝန်းရံကြတဲ့အဖွဲ့အစည်းက တက်လာမှတော့ အပြုသဘောမျိုးထက် အပျက်တွေကိုပဲ အပုပ်ချ နေကြတာတွေဟာ
 အထူးအဆန်းမှ မဟုတ်တာဗျာ ။

Please share now©®©®

       အဓိပတိ ကမ္မ
     20-3-2018,TUE

Thursday 19 March 2020

မင်းတို့အားလုံး ဒီမိုကရေစီ နှင့် ထိုက်တန်ကြသလား......

ထိုက်တန်တာ မတန်တာခဏထားပါ ။ ကဲ ဒီမိုကရေစီ ရပါပြီပေါ့ကွာ မင်းတို့ရရှိထားသော ဒီမိုကရေစီ ဆိုတာကြီးကို ထိန်းသိမ်းစောင့်ရှောက်နိူင်မှာလား ငါမေးချင်မိတယ် ။

"ဒီမိုကရေစီ ကို လိုချင်ရင် ဒီမိုကရေစီ ကို ထိန်းသိမ်းတတ်ရတယ် ၊ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ပျော့ကွက် ဟာကွက် အားသာချက် အားနည်းချက်တွေကို အခြေခံ သဘောတရားလောက်တော့ နားလည်ထားရမယ် ရှင်းတယ်မလား ”

လူများ ဒီမိုကရေစီ ဆိုတိုင်း ဒီမိုကရေစီ အော်နေရုံနဲ့ ဒီမိုကရေစီ ဘက်တော်သား ဖြစ်မလာဘူး ၊ ဒီမိုကရေစီ ကို ချစ်တယ်ဆိုရင် ဒီမိုကရေစီ အနှစ်သာရ သဘောတရား က ိုနားလည်သဘောပေါက်ထားရမယ် ။

နိူင်ငံရေးသမားတွေ အားလုံးက နိူင်ငံရေး အခြေခံ သဘောတရားလောက်ကိုတော့ ဘယ်လိုခေတ် ဘယ်လိုကာလကိုပဲ ရောက်ရောက် နိူင်ငံရေး၏ အခြေခံ တစ်ခုခုကိုတော့ နက်နက်နဲနဲ လေ့လာထားမှ နိူင်ငံကို ချစ်တဲ့ နိူင်ငံရေးသမား ပီသမှာ ဖြစ်ပါတယ် ။

ဒီမိုကရေစီ ၏ အခြေခံသဘောတရားကို လက်ကိုင်ထားပြီး ပြောမည်ကြံလျင် ထိုသို့ပြောမည့်သူကို ဝိုင်းပယ်ခံရမည်က သေချာသလောက်ဖြစ်ပါသည် ။
ဒါဟာ ပြည်သူတွေက ဒီမိုကရေစီ သဘောတရားကို ကောင်းစွာ မသိခြင်း၏ အခြေခံပဲ ဖြစ်ပါသည် ။

ဟိုလူကို ဝေဖန်ရင် မကြိက်ဘူး
ဒီပုဂ္ဂိုလ်ကို ဝေဖန်ရင် မကြိုက်ဘူး

ဟိုလိုပြောလို့ ဖမ်းမယ် ဒီလိုဟောလို့ ထားဆီးဖမ်းစီးမယ် ဆိုတာ ဒီမိုကရေစီ ရဲ့ အနှစ်သာရပျောက်ဆုံးခြင်း၏ အစပဲ ဖြစ်ပါတယ် ။
လွတ်လပ်စွာပြောဆိုခွင့် လွတ်လပ်စွာ ရှင်သန်ခွင့်မှ အပြည့်အဝမရှိရင် ဒီမိုကရေစီ လို့ ခေါ်နိူင်ပါ့မလား ။
အဖြေက ရှင်းရှင်းလေးပါ ။

မြန်မာနိူင်ငံ၌ အနာခံပြောသော ပြည်သူမရှိခြင်း ၊ စုန်းကြိုက်လျင် စုန်းကိုပေးမည် ။ နတ်ကြိုက်လျင်လည်း နတ်ပေးမည်ဟူသော အယူအဆတွေကြောင့် သမိုင်းလိမ်တွေ များစွာရှိနေတာ သိစေချင်တယ် ။

သမိုင်းမှန်ကိုတောင် မသိနိူင်လောက် သမိုင်းမှန်တွေ မြန်မာပြည်မှာ လွန်စွာရှားပါနေပါပြီ ။

ဒီလိုအမုန်းခံ အပစ်ပယ်ခံပြီး တိုင်းပြည် နှင့် လူမျိုးအတွက် အနစ်နာခံ မည့် နိူင်ငံရေးသမား မြန်မာပြည်မှာ လက်ချိုးရေလို့ ရပါတယ် ။

မြန်မာ့ဒီမိုကရေစီသည် တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီတူညီမျှ ရှိခြင်း တည်းဟူသော လောကပါလ တရားများကို အခြေတည်သည် ဆိုထားသော်လည်း ထိုသို့သော အခြေခံ သဘောထားမျိုးသာ မရှိခဲ့ရင် ပြည်သူဒီမိုကရေစီစနစ်ကြီးလည်း တဖြေးဖြေး ကျဆုံးလာမည် ဖြစ်ပါသည် ။

အခြေခံဥပဒေ၏ ဝိဉာဉ်ကျဆင်းလာသည်မှာ ကျွန်ုပ်တို့၏ မျက်စိအောက်တွင်သာ ဖြစ်ပါတယ် ၊ မိမိတိုင်းပြည်မှာ မိမိတို့၏ အခြေခံဥပဒေများကို သေတွင်းတူးပြီး သင်္ချိူင်း မှာ မြုပ်ဖို့ ကြံစည်နေသူတွေ ရှိနေပါတယ် ၊

မြန်မာပြည်သူပြည်သားတွေ သတိရှိကြပါ ။

အုပ်ချုပ်သူတွေကို ပြောချင်တာတစ်ခုက "အာဏာမြဲဖို့ထက် သစ္စာရှိခြင်း မြဲဖို့ လိုအပ်ပါတယ် ၊ သစ္စာရှိခြင်း ထမင်းကို အရသာရှိရှိ ဝဝလင်လင် စားသုံးရင်း ုပြည်သူ့အကျိုး တိုင်းပြည်အကျိုးကို ဆောင်ရွက်စေချင်ပါတယ် ”

ပြည်သူကို သစ္စာဖောက်သော လုပ်ရပ်တွေ မလုပ်မိဖို့ အထူးသတိရှိကြပါ ၊ တိုင်းပြည်အတွက် သစ္စာစောင့်သိကြပါ ။

ပြည်သူကို သစ္စာမဲ့ရင် ပြည်သူက ပစ်ချခဲ့မှာ အမှန်ပင်ဖြစ်သည် ။
တိုင်းပြည်အပေါ်သစ္စာဖောက်ရင် တိုင်းပြည်က ဒဏ်ခတ်လိမ့်မယ်ဆိုတာ မြဲမြဲမှတ်ထားကြပါ နိူင်ငံခေါင်းဆောင်လူကြီးမင်းများ.......

ဒီမိုကရေစီကို ချစ်ရင် မြတ်နိူးတတ်ရပါမယ် .....
ဒီမိုကရေစီကို မြတ်နိူးရင် တန်ဖိုးထားတတ်ရပါမယ်......

( အာဏာရှင်ဆန်နေသော ဒီမိုကရေစီ ရုပ်ပုံကချေသည်ဆိုရင်တော့ ပြည်သူတွေအားလုံးက ဝိုင်းဝန်းတော်လှန်ကြမှာပဲ ဖြစ်တယ်)

         ကျေးဇူးတင်ပါတယ် ။
PLEASE SHARE NOW©®©®
                           #အဓိပတိကမ္မ

                         08AUG2018

PhotoByFB

Tuesday 17 March 2020

ကျွန်တော်က အာဏာ ရှင်တွေကို
မုန်းတီး မှုတွေ ကရင်ထဲမှာ အပြည့်ပါ
ပြည်သူတွေရဲ့ အသက် အိုးအိမ်တွေကို
ဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်ဗျာ :-) :-)
ရင်ထဲ မခံစားနိုင်ဘူး ဗျာ:-) :-) :-) :-)

ဒေါစုကြည် ခင်များတို့ ပါတီက အာဏာ ရှင်တွေကို
ဆန့်ကျင်နေတယ်လို့ ခဏခဏ
ပြောကြပါတယ်:-) :-)

ဒါပေမယ့် ခင်များ ဒေါ်စုကြည်ကိုတိုင်
အာဏာ ရှင် ဆန်မှုတွေ :-)
အာဏာ ရှင် လုပ်သလိုလုပ်တာတွေ ကို
မီဒီယာ နဲ့ ပေါင်းပြီး ဖုံးကွယ်ထားကြပါတယ်

ညိုညိုသင်းကို ဘာလို့ NLD က အရွေးချယ်အခံခိုင်းတာလည်း:-) ဒါက အာဏာ ကို သုံးပြီး လုပ်ခဲ့တာပဲ
မဟုတ်လား:-)

ကိုကိုကြီးကို ရော ဘာလို့ NLD က အရွေးချယ် မခိုင်းတာလည်း ဒါလည်း အာဏာ သုံးပြီး

ခင်များ တစ်ဦးထဲ အနေနဲ့ လုပ်ခဲ့တာပဲ မဟုတ်လား
လုက်ပိုင်ခွင့် ကို အပြည့်အဝ လုပ်တယ်
ပြည်သူကို ဘာမှ မပြောခဲ့ဘူးဗျာ:-)

ကျောင်းသား အရေး အခင်းတွေလည်း အားပေးခဲ့သလား ဖြေကြစမ်းပါ:-)
NLD ဆိုတာ ကျောင်းသား ကျောင်းသူ တွေနဲ့
စပြီး ပြုစု ပျိုးထောင် ခဲ့တယ် ဆို ဧကန်မုချပင်ဖြစ်တယ်ဆိုတာ အားလုံး သိကြပါတယ်

NNER ကဦး သိန်းလွင်ကို ဘာလို့ ထုတ်ပစ်ရတာလည်း:-) ဒါကျောင်းသားအရေး အခင်းကို ကန့်ကွက်ခဲ့တာ မဟုတ်ဘူးလား

တကယ် ကျောင်းသား ကျောင်သူတွေ ကို ထောက်ခံခဲ့ရင် ဒီလို့ ထုတ်ပစ်မလား စဉ်းစား
ကြည့်စေချင်ပါတယ်

သတင်းလွတ်လပ်ခွင့် ပွင်းလင်းမြင်သာမှု တွေကလည်း တဖြေးဖြေး ဆုံးရှုံး လာတယ်လို့ ရော
ပြည်သူတစ်ယောက် အနေ နဲ့ မခံစားရဘူးလား
လွှတ်တော် ထဲ NLD ရောက်ခါမှ NO INTERVIEW AREA!! တဲ့ ဘာတဲ့ ပေါ်ကလာသေးတယ်

အာဏာ ရှင် မှန်သမျှ တွန်းလှန်မယ်ဆို ကိုကိုယ် အရင် တွန်းလှန် ကြတော့
တွေးကြည့် စမ်းပါ ရင်နာစရာ တစ်ခု ပေါ့
သမ္မတ ဘယ်သူဘယ်ဝါ လုပ်မယ် မသိဘဲနဲ့
ပေးလိုက်ကြတဲ့ မဲ ကတော့ပါရဲ့ဗျာ ယိ်းဆန်တယ်

မျက်စိ စုံလုံး ကန်းနေကြတယ်လို့ ကျွန်တော်ကတော့ အဲလိုမြင်တယ်:-) :-)

မဲနိူင်လည်း သမ္မတ ဘယ်သူမသိရ
ဘယ်တိုင်းပြည်မှာ ကြားဖူးသလည်း
သမ္မတ ဘယ်သူလုပ်မယ် မသိပဲနဲ့
ျပေးလိုက်တဲ့ မဲ မနာလိုတောင် ဖြစ်မိတယ်ဗျာ

ကိုထင်ကျော် လို့လည်း ပြောရော
Our president U thin kyaw လေး ဘာလေး

အရင်က ဘယ်မီဒီယာ က မောင်ထင်ကျော် အကြောင်း ကောင်းကြောင်း ဆိုးကြောင် း ရေးတာ မြင်ထူးလည်း အဖေတော်တာ ရော မိန်းမတော်တာတွေရော

ဟာ .... လျှောက်ဖွတော့တာပဲ တင်တောင်မတင်ရသေးဘူး ပြောလိုက်ကြတယ် ကောင်းကြောင်း တော်ကြောင်း စဉ်းစားပေါ့ လို့ ပြောချင်ပါတယ် :-)

ဘာမှမလုက်ရသေးတဲ့ သမ္မတ ကို စွန်ဆက် ပြီး
စောက်ထင်ကြီး နေရအောင် စောက်ရူးတွေ လည်း မဟုတ်ပါဘူး ဟ... .....

ကျေးဇူးတင်ပါတယ် ဗျာ
@!!#!!@@©®Please share now©®!!@!!@
PPA


စိတ်ထဲမှာချိတ်ဆွဲထားတဲ့သောကြာသက်တန့်တွေ
----------------------------------------------------------

နွေမွန်...
လောကမှာအချစ်ကိုဖယ်ထုတ်လိုက်ရင်
အရာရာလိုအပ်နေတဲ့ဟင်းလင်းပြင်ကြီးဖြစ်သွားတော့မှာ ။
ဘဝထဲကိုတန်းတူညီမျှတဲ့အချစ်ကလေးတွေထည့်ပြီး
သောကပင်လယ်တွေနဲ့ဒုက္ခတောင်တန်းတွေကို
ရင်ဆိုင်ဖြတ်ကျော်ရတာဟာ
အဲဒါဟာငရဲဆိုလည်းနိဗ္ဗာန်ဆန်တယ် ။

ချစ်ရသူတစ်ယောက်ရဲ့လက်ကိုဆွဲပြီး
ဘဝကိုဖောက်ထွက်ရရင်ဆိုတဲ့အတွေးမျိုး
ငါရဲရဲရင့်ရင့်တွေးဖူးပါတယ် ။
ဒုက္ခနဲ့တွေ့တဲ့အခါအချစ်ဟာထွက်ပြေးသွားမှာ
ငါသိပ်ကိုစိုးရိမ်တာပေါ့ ။
တဲအိုပျက်မှထမင်းရည်အတူလျက်တဲ့ဘဝမျိုး
နွေမွန့်ကိုစိတ်ကူးတောင်မှမယဉ်စေချင်တာ
ငါ့တစ်ယူသန်မေတ္တာတရားပါ ။

ငါမပါပဲမိုးလင်းရတဲ့နေ့စွဲတွေ
မင်းဘဝမှာများလာရင်
သေသေချာချာနေသားကျသွားမှာပါမိနွေမွန် ။
နောက်ထပ်ချစ်ရသူအသစ်နဲ့
အိင်္ကျီဆင်တူဝတ်ပါ
အတူလျှောက်လည်ပြီး
နှစ်ယောက်တစ်ဘဝသီချင်းကိုဆိုပါ
ငါနဲ့အတူမရခဲ့တဲ့ပျော်ရွှင်မှုမျိုးတွေ
လှလှပပမင်းပျိုးထောင်ပါ
ငြိမ်းချမ်းအေးမြတဲ့အနာဂတ်ကို
ချစ်သူ့နှလုံးသားဆီကတောင်းယူပါ ။

ငါ့ရဲ့ချစ်လှစွာသောနွေမွန်ရေ
မင်းနှလုံးသားထဲကငါအပြီးအပိုင်ထွက်ခွာသွားတဲ့အခါ
မိုးရွာထဲမှာခိုးငိုတဲ့အကျင့်ကိုဖျောက်ပါ
လောကကြီးကိုစိတ်မကောက်ဖြစ်အောင်နေပါ
မင်းဖိနပ်လှလှလေးတွေကခေါ်ဆောင်သွားမယ့်
မာယာများတဲ့လမ်းတွေကိုသတိထားဖြတ်ကျော်ပါ ။

နွေမွန်
ချစ်သောနွေမွန်
အတော်ဆုံးတွေမှအသက်ရှင်ကျန်နေရတဲ့
နိုင်ရာစားလောကကြီးကိုမင်းမြင်ကြည့်စမ်း
မင်းကသာမေတ္တာမပေးနိုင်ဘူးဆိုရင်
ဘယ်သူမှမင်းကိုအေးမြမှုပေးကြမှာမဟုတ်ဘူး
အသွားအလာအပေးအယူများတဲ့ဒီလောကကြီးမှာ
အချစ်ဆိုတာလည်းသေချာပေါက်လိုအပ်တယ်
နှလုံးသားအသစ်ခံစားမှုအသစ်တွေနဲ့
အချစ်အသစ်ကိုမင်းဘာလို့မဖန်တီးနိုင်ရမှာလဲ
သိပ်တိုတောင်းလွန်းတဲ့လူ့ဘဝမှာ
ဆွေးလျနာကျင်ခြင်းတွေနဲ့
မင်းကိုနစ်မွန်းမနေစေချင်ဘူး
ရဲရဲချစ်ရဲရဲမုန်းရဲရဲပြုံးနေနိုင်တာဟာဘဝပဲ
အဲဒါမင်းကိုငါရရှိစေချင်တဲ့ဘဝပါပဲမိနွေမွန် ။ ။

                                  saw jonathan aye

Share by ><<>အဓိပတိ ကမ္မ
       17-3-2018,8.15am

Sunday 15 March 2020

ငါမပါတဲ့ ခရီးတွေထက်မှာ နင်ပျော်ခဲ့ရင် ငါကို မေ့ထားလိုက်ပါ ။ကျနော်ရဲ့ပျော်ရွှင်ခြင်းတွေကို သတ်ခဲ့တဲ့ အချစ်ပဲ ။

အဲ့ဒီအချစ်ကိုပဲ တမ်းတမ်းတတ ဖက်တွယ်ထားမိတာကိုက ကျ‌ေနာ်ရဲ့ ဝဋ်ကြွေးတစ်ခုပဲ ။

စွန့်လွှတ်ချင်လျက်နဲ့ ဖက်တွယ်ခဲ့မိတယ် ။
ပစ်ခွါချင်လျက်နဲ့ လွမ်းဆွေးခဲ့မိတယ် ။
တစ်ချို့သော အပြုအမူတွေ မေ့ချင်သော်လည်း သတိတရဖြစ်နေခြင်းမျိုးက အချစ်နဲ့ပတ်သတ်ပြီး တွေးရသိပ့်ကိုခက်တယ် ။

စိတ်ကူးယဉ်ခဲ့မှုတစ်ခုက စိတ်ကူးထဲမှာပဲ ရူးခဲ့ရတာ မှန်နေသော်လည်း ရူးလောက်အောင် ချစ်ခဲ့တာကတော့ အသေအခြာပါပဲ ။

အဓိပတိကမ္မ

Thursday 12 March 2020

ကောင်းကင်ကြီးက သက်သေတဲ့လား တိမ်တွေလိုပဲ အခိုးအငွေ့အဖြစ်နဲ့ ခဏတာ အတွင်းမှာပဲ ပျောက်ကွယ်သွားတတ်တာပဲ မဟုတ်လား ။

တောင်တန်းကြီး က သက်သေတဲ့လား ဘာထူးသေးလို့လည်း အတက်အဆင်းတွေနဲ့ လျှိုမြှောင်တွေနဲ့ မျက်စိလည်အောင် လှည့်စားတတ်ကြတာပဲ မဟုတ်လား ။

မြစ်ပင်လယ်တွေကရော သက်သေတွေပဲလား အမြဲတမ်းသာ စီးဆင်‌းနေတာ အဘယ်မှာနားခိုခွင့်ပြုခဲ့လို့လည်း ကမ်းပါးတွေကို တိုက်စားသလို နှလုံးသားတွေကို တစ်စချင်း ဖဲ့ဖဲ့စားတတ်တာ သဘာဝတွေပဲ မဟုတ်လား ။

ကျေးငှက်တွေရဲ့‌ေတးးသံသာတွေတဲ့လား ဥဩငှက်ရဲ့ အလွမ်းတွေ အဆွေးတွေကို ခင်များတို့ ဘယ်မြင်တတ်ပါ့မလည်း ။ 
အောက်ချင်းငှက်တွေရဲ့ အချစ်ကိုသာ အမွှန်းတင်နေကြတာ အဘယ်မှာ ခင်များတို့က သစ္စာထားခဲ့ဖူးလို့လည်း လူကြုံ‌နဲ့တောင် လမ်းကြုံမှာပြီး လမ်းခွဲစကားဆိုတတ်ကြသေးတာပဲ မဟုတ်လား ။

စွဲလမ်းတတ်တဲ့ ခံစားမှုတွေက လမ်းခွဲပြီးသည်အထိ မပြီးမဆုံးနဲ့အောင် မဆုံဖြစ်ခဲ့ကြတဲ့ နေညိုချိန်တွေကို တမ်းတမ်းတတ ရှိနေသေးတယ် ။

ကောင်းကင်ကြီးညိုမည်းနေဆဲ လိပ်ပြာတွေအဖော်မဲ့နေကြဆဲ
မြစ်ပင်လယ်တွေလည်း ပျော်မြုးနေဆဲ ကျေးငှက်တွေလည်း ကမ်းပျောက်နေကြဆဲ
တေ‌ာတောင်တန်းတွေလည်း တည်ရှိနေဆဲ တစ်ချို့အချစ်တွေကလည်း မပြောင်းမလဲပဲ ရှိနေကြဆဲပါပဲ ။

 #အဓိပတိကမ်မ
12MARCH2020
သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၃၆..

တစ်စိမ်းဆန်တဲ့ အပြုအမူတွေနဲ့ ငါတို့နှစ်ယောက် မဝေးကွာချင်ဘူး ရှင်နွေ...။

မခင်တွယ်ရင်လည်း တစ်နေရာစီတော့ မနေပါနဲ့ ပန်းကလေးတွေမလန်းဆန်းတဲ့ အဖြစ်နဲ့တော့ ငါမပျော်ရွှင်နိူင်ဘူး မိရှင်နွေ...။

တစ်မင်တကာ ကျောခိုင်းထွက်ခွာသူတစ်ယောက်ကို တိုင်တယ်ပြီး ငါမှာ ဘုရားစေတီပုထိုးတွေမှာ တောင်းဆုခြွေနေရရှာတယ် ...။

မခွဲချင်ဘူး ပြောခဲ့တာလည်း မင်းပဲ..၊ မတွဲချင်တော့ဘူးလို့ ပြောခဲ့တာလည်း မင်းပဲ..၊ သစ္စာစကားတွေ ပြောခဲ့တာလည်း မင်းပဲ ..၊ မေတ္တာမထားတော့တာလည်း မင်းပဲ ၊
မင်းပဲ ပြုံးပြလိုက် မင်းပဲ မုန်းပြလိုက်နဲ့ မင်းဟာ ငါရဲ့ အရှင်သခင် မင်းဖုရားတစ်ပါးပါပဲ မိရှင်နွေ.....။

အဖြစ်အပျက် အဆိုးအမွှေတွေကို ပြုစုပျိုးထောင်ပြီးမှ ငါ အသည်းနှလုံးကို ပက်ပက်စက်စက် ခွဲပစ်လိုက်ပါ မိရှင်နွေ....၊

မပြေလည်နိူင်သော ကြေကွဲမှုတွေ ထွေးပွေ့ပြီး ငါတစ်ယောက်တည်း စိတ်ကူးယဉ် နေမှာပေါ့ ....။

ငါရဲ့ အတွေးထဲမှာ အမြဲ နေရာယူထားတဲ့ ရှင်နွေကို ငါ ဘဝထက် ပိုပြီးချစ်မြတ်နိူးနေမိပေမယ့်လည်း အချစ်ရဲ့ မှတ်တိုင်တစ်ခုမှ မစိုက်ထုနိူင်ခဲ့ဘူး......။

အလင်းရောင် လေးတွေကလည်း ကွယ်ပျောက်စ ပြုနေတဲ့ ဒီနေရာလေး မှာ
ဒီလိုအချိန် မှောင်ရည်ပျိုး ညနေခင်းလေးတွေမှာဆို နင့်ကို အသည်းစွဲအောင်ချစ်တဲ့ လူတစ်ယောက် အသည်းကွဲရင်းနဲ့ ငိုနေရရှာတယ် ...ဆိုတာကို မေ့ပစ်မထားပါနဲ့......။
                အဓိပတိ ကမ္မ
            12-3-2018,10.18am

Saturday 7 March 2020

©မေ့တတ်လိုက်ကြတာ ®
______________________

မင်း ဆိုတဲ့ ဘုရင်တွေဟာ လွန်စွာ မေ့လျော့ တတ်ကြတယ် ။

နေပြည်တော်ရွှေနန်သို့ ရောက်တော့ မင်းစည်းစိမ် ယစ်မူးကြသဖြင့်
ကာလအတော်ကြာအောင် မိမိတို့ တာဝန်ယူ တာဝန်ခံခဲ့တဲ့ စာကားတွေ ၊
ဟောပြောပွဲ တွေမှာ ပြောကြားခဲ့သော အချက်အလက်တွေ
ဂတိပေးခဲ့သော ကတိက၀တ် တွေကို သတိမရပဲ မေ့လျော့ နေတတ်ကြသည် ။

နားလည်ပါတယ် မင်းစည်းစိမ် ယစ်ပြီ ဆိုမှဖြင့် အဲသည်လို မေ့တတ်ကြစမြဲပါပဲ ။

ခေတ်အဆက်ဆက် ဖြစ်နေသော အမူအကျင့်တွေနဲ့
ကျွန်ုပ်တို့က ကျင့်သားရနေပါပြီ .......။

နောက်နောင် ပြည်သူအားလုံးမှတ်ထားပါ ၊ နိုင်ငံရေးသမားများ
ပြောကြသော စကားတွေနဲ့ ကတိက၀တ် တွေကို
 ဘယ်တော့မှ မယုံကြည်ကြပါနဲ့ ။

 မိမိတို့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား ပြုတတ်ကြတာ မိမိတို့ရဲ့
ယုံကြည်ကြတဲ့ ခေါင်းဆောင်တွေ ပဲ ဖြစ်တယ် ။

ကျွန်ုပ် လုံးဝ နားမလည်တာက လူထုခေါင်းဆောင် ဆိုသူကြီးတွေ က
မေ့တတ်တာလား မေ့ပစ်လိုက်တာလား ဆိုတာကိုပါ ။

(သေချာတာကတော့ မေ့ချင်ရောင်ဆောင်နေတာကတော့ သေချာပါလိမ့်မယ် )
သူတို့ရဲ့ မှတ်ဉာဏ် အဲလောက်မညံ့ကြဘူးဗျ......။
Please share now©®©®
                      အဓိပတိ ကမ္မ
   
              7-3-2018,6.15pm
လူ့ဘဝက သိပ်တိုပေမယ့်
ရဲရဲချစ်ပြီး ရဲရဲမမုန်းဖို့တော့ လိုတာပေါ့

ဘယ်တော့မှ အမုန်းမပါတဲ့အချစ်မျိုးဆိုတာ
မေတ္တာစိတ်ကို ကိုယ်စားပြုတယ်

မင်းလက်ကလေးကို ငါကိုင်ထားရတဲ့အခိုက်အတန့်ပါနိုရာ

Friday 6 March 2020

© ဘာသာရေးက အသုံးချခံ မဟုတ်ပါ ®

လူအချင်းချင်း လက်အုပ်ချီ ဦးချ ထိုင်ကတော့
 လုပ်နေတာတွေကို မြင်ရတွေ့ရတော့ အတော်လေး စိတ်ထဲမကောင်းဖြစ်မိတယ် ။

ရဟန်းလည်း မဟုတ် သံဃာလည်း မဟုတ်ပဲနဲ့ ဗျာ ၊ အတော်မြင်ရ ရှုရ မကောင်းဘူး။

စီးပွားရေး လုပ်တာ မကောင်းခဲ့ရင် ဒီဘဝခံရလိမ့်မယ် ၊ နောင်ဘဝအထိလည်း အကျိုးပေးနိူင်တယ် ၊
နိူင်ငံခေါင်းဆောင် တွေ
နိူင်ငံရေး လုပ်ဆောင်ချက် မကောင်းခဲ့ရင် ဒီရာစုနှစ်တစ်ခုတော့ ခံရလိမ့်မယ်၊

ကိုးကွယ်မှုဆိုင်ရာ မှားယွင်း နေရင်တော့ သံသရာ
တစ်လျှောက်လုံး အတွက်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့
အကျွန်ုပ်ပြောချင်ပါတယ် ။
တစ်ချို့သောလူတွေက ကိုးကွယ်မှုဆိုင်ရာ လွဲမှားနေကြတာကို မြင်တွေ့နေရတယ်။

မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြည့်ပါ ၊
အကျွန်ုပ် တို့ အခုလက်ရှိ ဗုဒ္ဓသာသနာ နဲ့ ကြုံတွေ့နေရပါတယ် ၊ ဗုဒ္ဓ တရားတော်တွေကို ထိန်းသိမ်းပေးသော ဘုရားသားတော် ရဟန်းတော်တွေ နှင့်
ဗုဒ္ဓသံဃာတော်တွေနဲ့လည်း တွေ့ဆုံကြပါတယ် ၊
ဗုဒ္ဓဘာသာဝင်အဖြစ့်လည်း ကုသိုလ်ကံအကျိုး ကျေးဇူးကြောင့်
ကောင်းမွန်သော စည်းစနစ်ကျနသော ဘာသာ အယူဝါဒတစ်ခုနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ် ။

ဘာအတွက်ကြောင့် ဘိုးတော်ရောင်ရောင် နတ်ရောင်ရောင် လူတွေကို ဗုဒ္ဓဘာသာဝင်အများစုက ဘာကြောင့်
 ကိုးကွယ်နေကြတာကို အကျွန်ုပ် လုံးဝ
နားမလည်နိူင်ဘူး ဖြစ်နေတယ် ။

ကိုယ်လုပ်မှ ကိုယ်ရမယ် ၊ ကောင်းတာလုပ်ရင် ကောင်းဖြစ်မယ် ၊ ကံ ကံ၏အကျိုးကို နားလည်ထားရမယ် ၊
စသည့် အဆိုအမိန့်တွေ ရှိနေသော ဘာသာဝင် တစ်ယောက်ဖြစ်နေပါလျှက်နဲ့
ဟို ဘိုးတော်အားကိုး ဒီနတ်အားကိးုနဲ့ အဲဒီ အတုအရောင် အဲလို
လူစားမျိုးတွေက သင့်တို့ကို စီးပွား လဒ်လာဘ တိုးပွားအောင်
လုပ်မယ်ပြောဆိုပြီး သင့်တို့မှာရှိတဲ့ စီးပွားကို မ မသွားတာ သင့်တို့ သိသင့်နေပြီ......။

ဗုဒ္ဓ ဘာသာဝင် တစ်ယောက်ဖြစ်ပြီး အခြားသော
အယူဝါဒတစ်ခုနဲ့ ငြိစွန်းနေမယ် ဆိုရင် မကောင်းဘူးနော် ၊
အဂတိတရား လေးပါးနဲ့ ညီနေသော်လည်း ၊

ကျွန်တော်တို့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာမှာတော့
ထေရဝါဒဘာသာဝင် တစ်ယောက်အနေနဲ့ အခြားသော အယူဝါဒ ကိုးကွယ်ရာကို
မရှာမှီးရလို့ သတ်မတ်ထားတာတွေကို ဖတ်ဖူးမှတ်ဖူး ပါတယ် ။

မြန်မာနိုင်ငံ မှာ ကျွန်ုပ် တို့ ဗုဒ္ဓဘာသာဝင်တွေ အမြှောက်အများ ရှိပါတယ် ၊
အဲဒီအထဲမှာ ထေရဝါဒ အနည်းငယ်သာ ရှိပါတယ် ။
အဲဒီထေရဝါဒ အနည်းငယ်ထဲမှာတောင် ထေရဝါဒ စစ်စစ်က
 အလွန်ပဲ နည်းပါးလွန်းပါတယ် ၊ မိရိုးဖလာ ကိုးကွယ်မှု အဆင့်လောက်သာ
 ရှိတဲ့ ဘာသာဝင်တွေလည်း ရှိနေပါသေးတယ် ၊
ဒီကြားထဲ နတ်ရောင်ရောင် ဓာတ်ရောင်ရောင် ဘာသာဝင်တွေလည်း
အများအပြား ရှိနေပါသေသည် ။
သင်တို့က ဘယ်အခန်း ကဏ္ဍမှာ ပါဝင်နေသလဲ ဆိုတာကို
သင်ကိုသင် ပြန်ကြည့်ပေးပါ။

ကျွန်တော် ကြားဖူးတာ တစ်ခုရှိတယ် ၊
ခေတ်ပျက်တစ်ခု ဖြစ်တော့မယ်ဆိုရင် လူစွမ်းကောင်း တွေ
အပြိုင်းအရိုင်း ပေါ်ပေါက်လာတတ်တယ် တဲ့ ၊
ဘာသာရေးတစ်ခု ပျက်ချိန်နီးလာရင်လည်း ၊ ဘာသာရေးကို အခြေပြု၍ ဘိုးတော်တွေ နတ်တွေ အပြိုင်းအရိုင်း
ပေါ်ပေါက်လာတတ်ပါတယ် တဲ့ ၊ အမှန်တကယ်တော့
ဘိုးတော်တွေ နတ်တွေက ဘာသာရေးအကျိုးပြုသလိုလို
 ဘာသာရေး ထွန်းကားရေး လုပ်သလိုလိုနဲ့ ဘာသာရေးကို
ဖျက်နေတာကို ဘာသာဝင်တိုင်း သိဖို့ လိုအပ်ပါလိမ့်မည် ။
ဘာသာရေး ဆိုတာ ကိုးကွယ်မှု တစ်ခုပဲ ဖြစ်ပါသည် ။
ဘာသာသာသနာက အသုံးချခံ တစ်ခု မဟုတ်ပါဘူး ။

(ဘယ်သူဘယ်သူကိုမှ ရည်ညွှန်း ခြင်းမဟုတ်ပါ )

ဘာသာရေးကို အသုံးချနေသူတွေ အများကြီး ရှိနေသောကြောင့် ပြောဆိုရခြင်းပဲ ဖြစ်ပါတယ်။

Photo by FB
Please share now©®©®
               အဓိပတိ ကမ္မ
           1-3-2018,7.47am

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...