ကောင်းကင်ကြီးက သက်သေတဲ့လား တိမ်တွေလိုပဲ အခိုးအငွေ့အဖြစ်နဲ့ ခဏတာ အတွင်းမှာပဲ ပျောက်ကွယ်သွားတတ်တာပဲ မဟုတ်လား ။
တောင်တန်းကြီး က သက်သေတဲ့လား ဘာထူးသေးလို့လည်း အတက်အဆင်းတွေနဲ့ လျှိုမြှောင်တွေနဲ့ မျက်စိလည်အောင် လှည့်စားတတ်ကြတာပဲ မဟုတ်လား ။
မြစ်ပင်လယ်တွေကရော သက်သေတွေပဲလား အမြဲတမ်းသာ စီးဆင်းနေတာ အဘယ်မှာနားခိုခွင့်ပြုခဲ့လို့လည်း ကမ်းပါးတွေကို တိုက်စားသလို နှလုံးသားတွေကို တစ်စချင်း ဖဲ့ဖဲ့စားတတ်တာ သဘာဝတွေပဲ မဟုတ်လား ။
ကျေးငှက်တွေရဲ့ေတးးသံသာတွေတဲ့လား ဥဩငှက်ရဲ့ အလွမ်းတွေ အဆွေးတွေကို ခင်များတို့ ဘယ်မြင်တတ်ပါ့မလည်း ။
အောက်ချင်းငှက်တွေရဲ့ အချစ်ကိုသာ အမွှန်းတင်နေကြတာ အဘယ်မှာ ခင်များတို့က သစ္စာထားခဲ့ဖူးလို့လည်း လူကြုံနဲ့တောင် လမ်းကြုံမှာပြီး လမ်းခွဲစကားဆိုတတ်ကြသေးတာပဲ မဟုတ်လား ။
စွဲလမ်းတတ်တဲ့ ခံစားမှုတွေက လမ်းခွဲပြီးသည်အထိ မပြီးမဆုံးနဲ့အောင် မဆုံဖြစ်ခဲ့ကြတဲ့ နေညိုချိန်တွေကို တမ်းတမ်းတတ ရှိနေသေးတယ် ။
ကောင်းကင်ကြီးညိုမည်းနေဆဲ လိပ်ပြာတွေအဖော်မဲ့နေကြဆဲ
မြစ်ပင်လယ်တွေလည်း ပျော်မြုးနေဆဲ ကျေးငှက်တွေလည်း ကမ်းပျောက်နေကြဆဲ
တောတောင်တန်းတွေလည်း တည်ရှိနေဆဲ တစ်ချို့အချစ်တွေကလည်း မပြောင်းမလဲပဲ ရှိနေကြဆဲပါပဲ ။
#အဓိပတိကမ်မ
No comments:
Post a Comment