လမ်းခွဲခြင်းတွေနဲ့အတူ
ငါ့အချစ်တွေလည်း သေဆုံးခဲ့ရပြီ
အရာရာ တိတ်ဆိတ်ခြင်းတွေနဲ့
ငြိမ်စက်ခဲ့တာ အညိုးကြီးကြီးနဲ့ ရွာသွန်းခဲ့တဲ့
ဒီမိုးကြောင့်တော့ မဟုတ်ဘူး ။
#အဓိပတိကမ္မ👽
ဆုံစီးခွင့်တွေနဲ့ မထိုက်တန်တဲ့ ငါက
အဝေးကြီးကို ထွက်ခွာသွားဖို့ ငါ အားလုံး ပြင်ဆင်ပြီးပါပြီ.....
#အဓီပတိကမ္မ
ကြင်နာမှုတွေ ပေးတတ်ကြတဲ့ လက်တွေ ကို
လောက က နာကျင်မှုတွေပဲ ပေးတတ်ကြတယ်ဆိုတာ
တစ်ခုကိုတော့ ငါကောင်းကောင်းကြီး သဘောပေါက်ခဲ့ရတယ် ။
#အဓိပတိကမ္မ👽
တစ်ချို့သော အချိန်တွေမှာ
ငါနင့်ကို စောင့်နေမိတယ်
မျှော်လင့်ချက်မရှိတဲ့
စောင့်မျှော်မှုသက်သက်ပါ ။
း#အဓိပတိကမ္မ👽
မျှော်ရတာတွေ များလာတော့ ငါလည်း မောလာပြီ
ငေးရတာတွေ များလာတော့ ငါလည်း ဆွေးလာပြီ
တွေးရတာတွေ များလာတော့ ငါလည်း ပြေးချင်လာပြီ
#အဓိပတိကမ္မ👽


No comments:
Post a Comment