Wednesday 25 March 2020

ခဏလေးလို့ပြောပြီးတစ်ဘဝလုံးထားခဲ့မယ့်သူကို
မျှော်နေရဲတဲ့သတ္တိဆိုတာ
ကိုယ့်ကိုလောင်ကျွမ်းဝါးမြိုသွားမယ့်မီးကို
ကိုယ်တိုင်ပျိုးရသလိုပေမနက်ဖြန်ဆိုတာသေချာရှိရင်တော့
မင်းကိုပိုချစ်မှာပါ
ဒီနေ့မှာသေသွားခဲ့ရင်လည်း
မနေ့ကဆိုတာဆီသွားပြီး
ဒီနေ့မှာပိုချစ်ဖို့ပဲစဉ်းစားမှာပါ
အရာရာပြောင်းလဲတတ်တဲ့စိတ်ဆိုတာထဲမှာ
မင်းထိုက်နဲ့မင်းကံဖြစ်သလို
ငါ့ထိုက်နဲ့ငါ့ကံပျော်ရွှင်ခြင်းစစ်စစ်တွေနဲ့ခရီးသွားဖူးချင်တယ်
မင်းရဲ့ကျောပိုးအိတ်ကလေးထဲကနေပြီး
မိုးကုတ်စက်ဝိုင်းကိုချောင်းကြည့်ချင်တယ်
တစ်ခုမှမလွယ်တာတွေနဲ့ပဲ
သဲကြိုးပြတ်သွားတဲ့အိပ်မက်ကလေးက
ခုထိအိပ်ယာမနိုးချင်သေးဘူးပဲပေါ့ါ့

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...