©မေ့တတ်လိုက်ကြတာ ®
______________________
မင်း ဆိုတဲ့ ဘုရင်တွေဟာ လွန်စွာ မေ့လျော့ တတ်ကြတယ် ။
နေပြည်တော်ရွှေနန်သို့ ရောက်တော့ မင်းစည်းစိမ် ယစ်မူးကြသဖြင့်
ကာလအတော်ကြာအောင် မိမိတို့ တာဝန်ယူ တာဝန်ခံခဲ့တဲ့ စာကားတွေ ၊
ဟောပြောပွဲ တွေမှာ ပြောကြားခဲ့သော အချက်အလက်တွေ
ဂတိပေးခဲ့သော ကတိက၀တ် တွေကို သတိမရပဲ မေ့လျော့ နေတတ်ကြသည် ။
နားလည်ပါတယ် မင်းစည်းစိမ် ယစ်ပြီ ဆိုမှဖြင့် အဲသည်လို မေ့တတ်ကြစမြဲပါပဲ ။
ခေတ်အဆက်ဆက် ဖြစ်နေသော အမူအကျင့်တွေနဲ့
ကျွန်ုပ်တို့က ကျင့်သားရနေပါပြီ .......။
နောက်နောင် ပြည်သူအားလုံးမှတ်ထားပါ ၊ နိုင်ငံရေးသမားများ
ပြောကြသော စကားတွေနဲ့ ကတိက၀တ် တွေကို
ဘယ်တော့မှ မယုံကြည်ကြပါနဲ့ ။
မိမိတို့ရဲ့ ယုံကြည်မှုကို အလွဲသုံးစား ပြုတတ်ကြတာ မိမိတို့ရဲ့
ယုံကြည်ကြတဲ့ ခေါင်းဆောင်တွေ ပဲ ဖြစ်တယ် ။
ကျွန်ုပ် လုံးဝ နားမလည်တာက လူထုခေါင်းဆောင် ဆိုသူကြီးတွေ က
မေ့တတ်တာလား မေ့ပစ်လိုက်တာလား ဆိုတာကိုပါ ။
(သေချာတာကတော့ မေ့ချင်ရောင်ဆောင်နေတာကတော့ သေချာပါလိမ့်မယ် )
သူတို့ရဲ့ မှတ်ဉာဏ် အဲလောက်မညံ့ကြဘူးဗျ......။
Please share now©®©®
အဓိပတိ ကမ္မ
7-3-2018,6.15pm


No comments:
Post a Comment