သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၃၆..
တစ်စိမ်းဆန်တဲ့ အပြုအမူတွေနဲ့ ငါတို့နှစ်ယောက် မဝေးကွာချင်ဘူး ရှင်နွေ...။
မခင်တွယ်ရင်လည်း တစ်နေရာစီတော့ မနေပါနဲ့ ပန်းကလေးတွေမလန်းဆန်းတဲ့ အဖြစ်နဲ့တော့ ငါမပျော်ရွှင်နိူင်ဘူး မိရှင်နွေ...။
တစ်မင်တကာ ကျောခိုင်းထွက်ခွာသူတစ်ယောက်ကို တိုင်တယ်ပြီး ငါမှာ ဘုရားစေတီပုထိုးတွေမှာ တောင်းဆုခြွေနေရရှာတယ် ...။
မခွဲချင်ဘူး ပြောခဲ့တာလည်း မင်းပဲ..၊ မတွဲချင်တော့ဘူးလို့ ပြောခဲ့တာလည်း မင်းပဲ..၊ သစ္စာစကားတွေ ပြောခဲ့တာလည်း မင်းပဲ ..၊ မေတ္တာမထားတော့တာလည်း မင်းပဲ ၊
မင်းပဲ ပြုံးပြလိုက် မင်းပဲ မုန်းပြလိုက်နဲ့ မင်းဟာ ငါရဲ့ အရှင်သခင် မင်းဖုရားတစ်ပါးပါပဲ မိရှင်နွေ.....။
အဖြစ်အပျက် အဆိုးအမွှေတွေကို ပြုစုပျိုးထောင်ပြီးမှ ငါ အသည်းနှလုံးကို ပက်ပက်စက်စက် ခွဲပစ်လိုက်ပါ မိရှင်နွေ....၊
မပြေလည်နိူင်သော ကြေကွဲမှုတွေ ထွေးပွေ့ပြီး ငါတစ်ယောက်တည်း စိတ်ကူးယဉ် နေမှာပေါ့ ....။
ငါရဲ့ အတွေးထဲမှာ အမြဲ နေရာယူထားတဲ့ ရှင်နွေကို ငါ ဘဝထက် ပိုပြီးချစ်မြတ်နိူးနေမိပေမယ့်လည်း အချစ်ရဲ့ မှတ်တိုင်တစ်ခုမှ မစိုက်ထုနိူင်ခဲ့ဘူး......။
အလင်းရောင် လေးတွေကလည်း ကွယ်ပျောက်စ ပြုနေတဲ့ ဒီနေရာလေး မှာ
ဒီလိုအချိန် မှောင်ရည်ပျိုး ညနေခင်းလေးတွေမှာဆို နင့်ကို အသည်းစွဲအောင်ချစ်တဲ့ လူတစ်ယောက် အသည်းကွဲရင်းနဲ့ ငိုနေရရှာတယ် ...ဆိုတာကို မေ့ပစ်မထားပါနဲ့......။
အဓိပတိ ကမ္မ
12-3-2018,10.18am


No comments:
Post a Comment