@ဟစ်ပီတွေလို ဖြစ်ချင်လာတယ် (၃)
ဪ......
လောကကြီးရယ် ငါကပဲ လောကကြီးကို ခြေဆုံကန်ထွက်သွားသူတဲ့ ၊ ငါကို လောကကြီးက ပစ်ထားခဲ့တာကြ လောကကြီးက လူသားတွေ ဘယ်သူမှ မသိလိုက်ကြဘူး...။
တကယ်ပဲ တရားမျှတမှု မရှိတဲ့ သောက်ရူး လူ့အဖွဲ့အစည်းကြီးကို ငါမှာ အလွန်မုန်းတတ်နေပြီ ။ ။ ။
ငါမှာက
ဖြစ်ခဲ့ပြီးသော အတိတ်ကိုလည်း မေ့ပစ်လို့မရသလို ဖြစ်မလာသေးတဲ့ အနာဂတ် ကိုလည်း အမြဲတွေးနေရတယ် ။
တစ်ခါတစ်လေ လောကကြီးက ကိုယ်အရူးဆန်တာတွေကို မေ့ထားပြီး သူများကို အရူးလုပ်ချင်ကြသူတွေ အများကြီးနဲ့ သောကပင်လယ်ကြီးထဲမှာ ဖောင်ဖွဲ့ပြီး လှော်ခတ်နေကြသူတွေပဲ ရှိနေတတ်ပါတယ် ။
ရယ်စရာတွေကို လိမ်ညာပြောဆိုလိုက်ကြ ၊ ငိုစရာတွေကို ရယ်ရွှင်ပြလိုက်ကြနဲ့ တကယ်ပဲ စောက်ရှက်မရှိတဲ့ ကမ္ဘာမြေကြီးက လူသားတွေပဲ ဖြစ်တယ် ။
သစ္စာဆိုတဲ့စကားကို နှုတ်ဖျားမှာပဲ ထားတတ်ကြတဲ့ လူတွေကြောင့် အာပုပ်စော် အနံ့တွေ ပါးစပ်တွေမှာ ထွက်လာတတ်တယ် ။
အပေါ်ယံ ဟန်ဆောင် အပြုံးတွေနဲ့ အချင်းချင်းမုန်းတီးနေကြတာတွေကို ဖုံးဖိချင်မနေကြပါနဲ့တော့ ။
တစ်ယောက်လက်မှာ တစ်ယောက် အပြန်အလှန် အပြုံးတွေကြားထဲကနေ ဓားတစ်ချောင်းစီရောထည့်လိုက်ပြီး အပြန်အလှန်သာ တစ်ယောက်မာနကို တစ်ယောက် ခုတ်ထစ် ပိုင်းဖြတ်ကြလော့.....။
ဟန်ဆောင်အပြုံးတွေနဲ့ ရင်ထဲက အမုန်းတရား တွေကို ဖုံးဖိထားကာ လူ့အသိုက်အဝန်းကနေ ရုန်းထွက်လာခဲ့မိတယ် ။
လူဖြစ်လာတဲ့ ခဏတာ အချိန်အပိုင်းအခြားလေးအတွင်းမှာ ဟန်ဆောက်မှု ကင်းကင်းနဲ့ပဲ ဘဝကို ဖြတ်သန်းချင်တယ် ။
ဒါပေမယ့် လောကကြီးက ဟန်ဆောင်တတ်မှုကသာ ရိုးသားမှုထက် ပိုပြီးတန်ခိုးကြီးနေတယ် ဆိုတော့လည်း တစ်မျိုးခက်ပြန်ရောပေါ့ဗျာ .....။
လူကို လူလိုမဆက်ဆံချင်ကြတဲ့ လူအဖွဲ့အစည်း ကြီးကို ငါမှာ မုန်းတတ်လာတယ် ။
အလကား စောက်ရူးလူ့အသိုက်အဝန်းကြီး ။
လူကြီးလူကောင်းတစ်ယောက် ဖြစ်လာဖို့ အရောင်ဆောင် အမူအရာတွေကို အမြဲလုပ်ပြနေရမယ်တဲ့ တကယ်ပဲ ဟာသဆန်နေတဲ့ လူအဖွဲ့အစည်း ကြီးကို ငါမှာ ဟားတိုက်ပြီးရယ်ပစ် နေရတယ် ။
ကမ္ဘာကျော်တွေ ဖြစ်ဖို့ ကမ္ဘာပေါ်မှာ ဟန်ဆောင်ခြင်းမာယာ အတတ်ပညာကောင်းကောင်းကြီး တတ်မြှောက်မှ ကမ္ဘာ့အကျော်အမော်ကြီး ဖြစ်လာမယ်တဲ့ ၊ ငါမှာ ရယ်လိုက်ရတာမှ ဝမ်းဗိုက်တွေထဲက အူတွေတောင် အခွေလိုက်နာတယ် ၊ ရင်နာတာက ပိုဆိုးပါတယ် ။
အလင်းရောင်တွေ ရှိနေတဲ့ အလင်းရောင်ကမ္ဘာမြေကြီးတဲ့ တကယ်တမ်းတော့ ထွန်းလင်းချင်ရောင်ဆောင်ပြီး အမှောင်ကမ္ဘာထဲကို ငါကို ဆွဲမခေါ်ပါနဲ့တော့ ၊ ငါပဲ ခင်များတို့ ပြောနေတဲ့ လူသားဆန်မှုနဲ့ ခပ်ခွာခွာပဲ နေပေးလိုက်ပါ့မယ် ။
သူတို့တစ်တတွေက သူတော်ကောင်းကြီးတွေတဲ့ သူတော်ကောင်းရောင်ဆောင်ပြီး သူတို့ကောင်းမယ် ထင်တာတွေကိုပဲ ရွေးလုပ်ပြတဲ့ လူတွေကပဲ သူတို့ဟာ သူတော်စင် သူတော်ကောင်းကြီးတွေတဲ့ ။
ငါမှာပဲ သူတို့နဲ့မတူတာနဲံ့ လူဆိုးလူမိုက် လူ့ရမ်းကားကြီးကို ဖြစ်လို့ ၊
အဲဒီအချိန် အမှန်တရားဘက်က အမြဲတမ်းရပ်တည်တဲ့
ငါကို လောကကြီးကို ဆန့်ကျင်သူလို့ သူတို့တတွေက သတ်မှတ်ပစ်လိုက်တယ် ။
ဟုတ်ပါတယ် .....။
ငါပဲ လောကကြီးနဲ့ မထိုက်တန်သူတစ်ယောက်ပါ .....။
ငါကပဲ လောကကြီးကို ခြေဆုံကန် ထွက်သွားခဲ့သူ တစ်ယောက်ပါ....... ။
ငါကပဲ လူသားတွေနဲ့ ဆန်ကျင်ဘက် အရပ်ဒေသတွေကိုပဲ ခရီးနှင်နေသူ တစ်ယောက်ပါ ။
ဘယ်တော့မှ ပြန်မလာနိူင်တော့တဲ့ လောကခရီးလမ်းကို လျှောက်လှမ်းရင်း ငါရဲ့ အမှာစာ ကဗျာအတိုအဆတွေကို ငါဘဝလမ်းမှာ ချနင်းပေးခဲ့မယ် ....။
ငါကို မျှော်မနေကြပါနဲ့တော့ ငါပြန်လာမှာ မဟုတ်လို့ စကားတွေထဲလည်း ထည့်ပြီး ငါအကြောင်းအချင်းအရာတွေကို ပြောဆိုမနေကြပါနဲ့တော့......။
ငါဟာ ခင်များတို့ ပုံဖော်ဖန်တီးထားတဲ့ အတ္တကမ္ဘာ ပုံစံခွက်ထဲကို မနေနိူင်လို့ ၊
ငါခွင့်အားကို ငါသုံး ငါရုန်းထခဲ့ပြီးပြီ ၊
မာယာတွေ ဟန်ဆောင်ခြင်းတွေ ပြည့်နက်နေသော လူ့အသိုက်အဝန်းကြီးကနေ အပြီးသတ် နူတ်ထွက်ခွင့်ပြုပါ စကြ၀ဠာကမ္ဘာမင်းတွေကို တိုင်တယ်ပြီး
မယိုင်လဲတဲ့ နှုတ်ဆက်စကား နဲ့ နှုတ်ဆက်ခဲ့ပါသည် .....................။ .......။.......။
အဓိပတိ ကမ္မ
24-3-2018,1.15AM


No comments:
Post a Comment