© ဘာသာရေးက အသုံးချခံ မဟုတ်ပါ ®
လူအချင်းချင်း လက်အုပ်ချီ ဦးချ ထိုင်ကတော့
လုပ်နေတာတွေကို မြင်ရတွေ့ရတော့ အတော်လေး စိတ်ထဲမကောင်းဖြစ်မိတယ် ။
ရဟန်းလည်း မဟုတ် သံဃာလည်း မဟုတ်ပဲနဲ့ ဗျာ ၊ အတော်မြင်ရ ရှုရ မကောင်းဘူး။
စီးပွားရေး လုပ်တာ မကောင်းခဲ့ရင် ဒီဘဝခံရလိမ့်မယ် ၊ နောင်ဘဝအထိလည်း အကျိုးပေးနိူင်တယ် ၊
နိူင်ငံခေါင်းဆောင် တွေ
နိူင်ငံရေး လုပ်ဆောင်ချက် မကောင်းခဲ့ရင် ဒီရာစုနှစ်တစ်ခုတော့ ခံရလိမ့်မယ်၊
ကိုးကွယ်မှုဆိုင်ရာ မှားယွင်း နေရင်တော့ သံသရာ
တစ်လျှောက်လုံး အတွက်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့
အကျွန်ုပ်ပြောချင်ပါတယ် ။
တစ်ချို့သောလူတွေက ကိုးကွယ်မှုဆိုင်ရာ လွဲမှားနေကြတာကို မြင်တွေ့နေရတယ်။
မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြည့်ပါ ၊
အကျွန်ုပ် တို့ အခုလက်ရှိ ဗုဒ္ဓသာသနာ နဲ့ ကြုံတွေ့နေရပါတယ် ၊ ဗုဒ္ဓ တရားတော်တွေကို ထိန်းသိမ်းပေးသော ဘုရားသားတော် ရဟန်းတော်တွေ နှင့်
ဗုဒ္ဓသံဃာတော်တွေနဲ့လည်း တွေ့ဆုံကြပါတယ် ၊
ဗုဒ္ဓဘာသာဝင်အဖြစ့်လည်း ကုသိုလ်ကံအကျိုး ကျေးဇူးကြောင့်
ကောင်းမွန်သော စည်းစနစ်ကျနသော ဘာသာ အယူဝါဒတစ်ခုနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ် ။
ဘာအတွက်ကြောင့် ဘိုးတော်ရောင်ရောင် နတ်ရောင်ရောင် လူတွေကို ဗုဒ္ဓဘာသာဝင်အများစုက ဘာကြောင့်
ကိုးကွယ်နေကြတာကို အကျွန်ုပ် လုံးဝ
နားမလည်နိူင်ဘူး ဖြစ်နေတယ် ။
ကိုယ်လုပ်မှ ကိုယ်ရမယ် ၊ ကောင်းတာလုပ်ရင် ကောင်းဖြစ်မယ် ၊ ကံ ကံ၏အကျိုးကို နားလည်ထားရမယ် ၊
စသည့် အဆိုအမိန့်တွေ ရှိနေသော ဘာသာဝင် တစ်ယောက်ဖြစ်နေပါလျှက်နဲ့
ဟို ဘိုးတော်အားကိုး ဒီနတ်အားကိးုနဲ့ အဲဒီ အတုအရောင် အဲလို
လူစားမျိုးတွေက သင့်တို့ကို စီးပွား လဒ်လာဘ တိုးပွားအောင်
လုပ်မယ်ပြောဆိုပြီး သင့်တို့မှာရှိတဲ့ စီးပွားကို မ မသွားတာ သင့်တို့ သိသင့်နေပြီ......။
ဗုဒ္ဓ ဘာသာဝင် တစ်ယောက်ဖြစ်ပြီး အခြားသော
အယူဝါဒတစ်ခုနဲ့ ငြိစွန်းနေမယ် ဆိုရင် မကောင်းဘူးနော် ၊
အဂတိတရား လေးပါးနဲ့ ညီနေသော်လည်း ၊
ကျွန်တော်တို့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာမှာတော့
ထေရဝါဒဘာသာဝင် တစ်ယောက်အနေနဲ့ အခြားသော အယူဝါဒ ကိုးကွယ်ရာကို
မရှာမှီးရလို့ သတ်မတ်ထားတာတွေကို ဖတ်ဖူးမှတ်ဖူး ပါတယ် ။
မြန်မာနိုင်ငံ မှာ ကျွန်ုပ် တို့ ဗုဒ္ဓဘာသာဝင်တွေ အမြှောက်အများ ရှိပါတယ် ၊
အဲဒီအထဲမှာ ထေရဝါဒ အနည်းငယ်သာ ရှိပါတယ် ။
အဲဒီထေရဝါဒ အနည်းငယ်ထဲမှာတောင် ထေရဝါဒ စစ်စစ်က
အလွန်ပဲ နည်းပါးလွန်းပါတယ် ၊ မိရိုးဖလာ ကိုးကွယ်မှု အဆင့်လောက်သာ
ရှိတဲ့ ဘာသာဝင်တွေလည်း ရှိနေပါသေးတယ် ၊
ဒီကြားထဲ နတ်ရောင်ရောင် ဓာတ်ရောင်ရောင် ဘာသာဝင်တွေလည်း
အများအပြား ရှိနေပါသေသည် ။
သင်တို့က ဘယ်အခန်း ကဏ္ဍမှာ ပါဝင်နေသလဲ ဆိုတာကို
သင်ကိုသင် ပြန်ကြည့်ပေးပါ။
ကျွန်တော် ကြားဖူးတာ တစ်ခုရှိတယ် ၊
ခေတ်ပျက်တစ်ခု ဖြစ်တော့မယ်ဆိုရင် လူစွမ်းကောင်း တွေ
အပြိုင်းအရိုင်း ပေါ်ပေါက်လာတတ်တယ် တဲ့ ၊
ဘာသာရေးတစ်ခု ပျက်ချိန်နီးလာရင်လည်း ၊ ဘာသာရေးကို အခြေပြု၍ ဘိုးတော်တွေ နတ်တွေ အပြိုင်းအရိုင်း
ပေါ်ပေါက်လာတတ်ပါတယ် တဲ့ ၊ အမှန်တကယ်တော့
ဘိုးတော်တွေ နတ်တွေက ဘာသာရေးအကျိုးပြုသလိုလို
ဘာသာရေး ထွန်းကားရေး လုပ်သလိုလိုနဲ့ ဘာသာရေးကို
ဖျက်နေတာကို ဘာသာဝင်တိုင်း သိဖို့ လိုအပ်ပါလိမ့်မည် ။
ဘာသာရေး ဆိုတာ ကိုးကွယ်မှု တစ်ခုပဲ ဖြစ်ပါသည် ။
ဘာသာသာသနာက အသုံးချခံ တစ်ခု မဟုတ်ပါဘူး ။
(ဘယ်သူဘယ်သူကိုမှ ရည်ညွှန်း ခြင်းမဟုတ်ပါ )
ဘာသာရေးကို အသုံးချနေသူတွေ အများကြီး ရှိနေသောကြောင့် ပြောဆိုရခြင်းပဲ ဖြစ်ပါတယ်။
Photo by FB
Please share now©®©®
အဓိပတိ ကမ္မ
1-3-2018,7.47am



No comments:
Post a Comment