Sunday 23 February 2020

လူထုက ရွေးချယ်တင်မြှောက် လိုက်သော NLD အစိုးရ အဖွဲ့ခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးကို တိုင်းပြည်၏ အဓိကဦးစားပေး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ကာ သူကိုယ်တိုင် ဦးစီးဆောင်ရွက်နေပါသည်။

သို့သော်ငြားလည်း သေနတ်သံတွေက
တိတ်မသွား စစ်ဘေးရှောင် ပြည်သူများ နေရပ်မပြန်နိုင်သေးတာကတော့ အတော်လေး ဝမ်းနည်းစရာကောင်း သော အဖြစ်အပျက်ပဲ ဖြစ်ပါသည် ။

တစ်တိုင်းပြည်လုံး ပစ်သံခတ်သံ ဆူဆူညံညံ ဖြစ်နေတာကလည်း လူထုခေါင်းဆောင် ၏ အစွမ်းအစ လို့လည်း မပြောလိုပါဘူး ၊ အရမ်းတော်နေသော ခေါင်းဆောင်တစ်ယောက်၏ အရိပ်အာဝါသ အောက်မှာ ပြည်သူပြည်သားအားလုံး အေးချမ်းစွာနေထိုင်ကြလိမ့်မယ်လို့ ကျွန်ုပ်ထင်မြင်မိတာတော့ အမှန်ပါပဲ ။

လူထုခေါင်းဆောင် ကြီး ဒေါ်အောင်ဆန်းစုကြည် ကို အားလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို ငြိမ်းချမ်းလုပ်ငန်းစဉ် တွေအတွက် ကျေးဇူးတင်ပါတယ် ။

မြန်မာပြည်ကြီး အေးချမ်းမှုအပေါင်းနဲ့ ပြည့်စုံနေသောကြောင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို ကျေးဇူးအများကြီး တင်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားရေး လုပ်ငန်း တွေကို စွမ်းစွမ်းတစ်မံ လုပ်နေသော အလုပ်တွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

နိူင်ငံခေါင်းဆောင် ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ နိူင်ငံအရေးဆောင်ရွက်ချက်တွေအတွက် နိူင်ငံသားတစ်ယောက်အနေနဲ့ အထူးပဲ ကျေးဇူးအများကြီး တင်ပါတယ် ။

ကုန်စျေးနှုန်းမြင့်တက်လာမှု ကို ထိမ်းချုပ်နိူင်သော ခေါင်းဆောင်ကောင်းအဖြစ်နဲ့လည်း အထူးကျေးဇူးတင်ပါတယ် ။

လွတ်လပ်စွာ ပြောဆိုခွင့်

လွတ်လပ်စွာ ရေးသားခွင့်

လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပိုင်ခွင့်

လွတ်လပ်စွာ .............

လွတ်လပ်စွာ.................

 လွတ်လပ်စွာ...............

လွတ်လပ်မှု အားလုံးအတွက် လည်း ကျေးဇူးအများကြီး တင်ပါတယ်။

Freedom of Burma ကိုရေးသားခဲ့သော
ခေါင်းဆောင်ကြီးရဲ့ လွတ်လပ်မှုသောဒီမိုကရေစီ တိုင်းပြည်ဖြစ်ခွင့်ပေးသော ဒေါ်အောင်ဆန်းစုကြည် ကို ကျေးဇူးအထူးအထူးတင်ရှိပါကြောင်း တင်ပြချင်ပါတယ် ။

အတည်လည်း ထင်မနေကြနဲ့ NLD လူကြီးမင်း အပေါင်း ရောင်းရင်း တို့ရယ်.......။

လူထုခေါင်းဆောင် ကြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြင်မှု တွေ လေးစားဂုဏ်ပြုသောအားဖြစ် ၊
ဟတ်ဟတ်ပက်ပက် တစ်ခါလောက် ရယ်မောလိုက်ခြင်းဖြင့် ဂုဏ်ပြုစေချင်ပါသည် ။
ပြည်သူအားလုံး ရယ်မောနိူင်ကြပါစေ။

Please share now©®©®

     
      အဓိပတိ ကမ္မ
        23-2-2018,7.25pm

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...