ဗေဒင်ကျမ်းတွေဟာ လွန်စွာ နက်နဲတယ်လို့ ဆိုကြတယ် ။
ဗေဒင်ကျမ်းတွေကို လေ့လာကြည့်တော့ အားကိုးရလောက်အောင် အနှစ်သာရ ဘာမှမရှိတာကို သိခဲ့ရတယ် ။
ဗဒေင်ဆိုတာ လောကီရေးရာမှာသာ အသုံးနည်းနည်းကျတယ် ။
လောကီနယ်မှ လွတ်မြှောက်၍ ချမ်းသာကိန်း ပေါက်ဖို့ဆိုတဲ့ အရေးမှာတော့ သည် ကျမ်းကန်ဗေဒင်တွေဟာ စိတ်ကျေနပ်မှု ခဏတာပေးတဲ့ ပညာရပ်လို့ ကျွန်တော်မြင်မိပါတယ် ။
တစ်ခုစဉ်စားစကာ ဖြစ်နေတာက ဘာလဲ ဆိုတော့...၊
ရှေးဘုရင်မင်းမြတ် ရှေးပညာရှိတွေ ဟာ
ဒီ ဗေဒင် ကျမ်းကန်တွေကို ဘာအတွက်ကြောင့် လူ့အသက်တွေ လူတွေရဲ့ အသွေးအသားတွေ လူတွေရဲ့ အကျင့်သီလတွေကို
ပေးစပ်ရသည်အထိ
ယုံကြည်ကြတာလဲ.....¿¿
ကိုးကွယ်ကြတာလဲ.....¿¿
ကျွန်တော် လုံးဝ နားမလည်နိူင်သေးဘူး .။
အတွေးအခေါ်တွေက အလွန်ပဲ ဘာသာရေးနဲ့ ဆန့်ကျင်ဘက် တွေ ဖြစ်နေတယ် ၊
အယူအဆအစွဲတွေက လူတွေကို အကျိုးမပြု အကျိုးမရှိ တာတွေကို ခဏဘေးချထားပြီး
လူတွေအတွက် လောကအတွက် အကျိုးယုတ်စေသော အယူအဆအမှားအယွန်းတွေကို
ဘာကြောင့် ဒီလောက်ထိ မထားယွင်းခဲ့တာလည်း ကျွန်တော်လုံးဝ နားလည်မပေးနိူင်ဘူး...။
ဘာသာရေးနဲ့ပဲ ကြည့်ကြည့်
သာသနာရေးနဲ့ပဲ ကြည့်ကြည့်
လောကနိတိနဲ့ပဲ ကြည့်ကြည့်
လူသားအကျိုး ပတ်ဝန်းကျင်အကျိုး လောကအကျိုး ဘာမှမရှိ သော အတွေးတွေနဲ့ နှစ်တွေ အများကြီး ဖြတ်သန်လာခဲ့တာတွေက
အတော်လေး စိတ်ပျက်စရာ တစ်ခုပဲ ဖြစ်တယ် ။
ဗေဒင်တွေ ကျမ်းစာ တွေကို ဖတ်ရှုခြင်း
လေ့လာရင်း နဲ့ စိတ်ထဲမကြည်မလင် ဖြစ်ပျက်လို့ ရေးဖြစ်တာပါ..။
ကျွန်တော်လည်း လွတ်လပ်စွာ တွေးခေါ်ကြည့်ခြင်း ဖြစ်ပါသဖြင့် စာဖတ်သူလည်း
လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ် ။
Please share now©®©®
အဓိပတိ ကမ္မ
13-2-2018,7.30pm

No comments:
Post a Comment