Monday 17 February 2020

@ သိမ့်ချစ်တာပေါ့ ရှင်နွေရယ်. ၂၅..

တစ်ခါက ငါ ဆုတောင်းမှားခဲ့ဖူးတယ်....

တောင်းဆုလည်း မပြည့်ခဲ့သလို ဆုတောင်းတိုင်းလည်း မပြည့်နိူင်ဘူး ဆိုတာကို ရှေးလူကြီးတွေ ပြောပြတာကို ကြားဖူးနားဝါ ရှိခဲ့ပေမယ့် ငါ အများကြီး မျှော်လင့်ခဲ့မိတယ်......

နည်းနည်းပါးပါး လေးတောင်ပြည့်မလာတဲ့
ငါရဲ့ တောင်းဆုတွေအတွက် တစ်ယောက်တည်းလည်း ကျိတ်မှိတ်ပြီး ငိုခဲ့ရဖူးသေးတယ်.....၊

တစ်ချို့သော တစ်ခန်းရပ် စက္ကန့် လေးတွေမှာလည်း ငါတစ်ယောက်တည်း ကြေကွဲဖူးသေးတယ်.....၊

လူတစ်ချို့က စာနာတတ်မှု နည်းပါးတာကို တစ်ခါတုန်းက သိလာလို့ သတိထားပြီး နေထိုင်ပေမယ့်လည်း သတိရတဲ့ ငါစိတ်တွေကြောင့်ပဲ ငါစောင့်ထိမ်းမယ်လို့ ဆုံးဖြတ်ထားတဲ့ ငါသစ္စာတွေကို ဖောက်ဖျက်မိတယ် .....၊

မုသားစကား တွေနဲ့ မုန်တိုင်းလှိုင်းထန်နေတဲ့ ရှင်နွေ
အပြောတွေအောက်မှာ
 နစ်မျောခဲ့ဖူးသလို
အမုန်းတွေအောက်မှာလည်း အသက်ရှုကြပ်ခဲ့သလို
အရက်တွေသောက်ပြီး သက်ပြင်းခပ်ပြင်းပြင်းကိုလည်း
ခဏခဏဆိုသလို ချပစ်ဖူးသေးတယ်......။

ရှင်သန်မှုမရှိတော့တဲ့ ငါရဲ့ အသက်တွေလည်း သက်ပြင်းများစွာ ကို ခဏခဏ ချပစ်ခဲ့သော်လည်း ရင်ထဲမှာ အခုချိန်ထိ ရှင်နွေအကြောင်းတွေက တွယ်ကပ်နေဆဲပါပဲ......၊

ငါ အိမ်မက်တွေထဲမှာ စိတ္တဇဆန်လှတဲ့ စက္ကန့် မိနစ်တွေမှာ ရှင်နွေနဲ့ အိပ်စက်ခဲ့တယ်.....၊

 ဒီ အိမ်မက်တွေ ထပ်ပြီးတော့ မက်ဖို့ရာအတွက် ငါ အိပ်စက်ချင်ပေမယ့် ရှင်နွေဆီ ရောက်ရောက်နေတဲ့
ငါ စိတ်ရောဂါ တစ်စိတ်တစ်ပိုင်း ကြောင့်ပဲ ငါ အိပ်စက်လို့ မရဘူး ဖြစ်နေတယ်.....။

ညဘက်တွေမှာ အိပ်ရေးဝဝအိပ်ပါ ရှင်နွေ .....

ငါလို အတွေးတွေနဲ့ ညဘက်တွေမှာ မရှင်သန်မဖြတ်သန်းပါနဲ့ ......

တစ်ချို့သော ညချမ်းတွေက ညှိမ်းသတ်လို့ ခက်ခဲတဲ့ အလွမ်းတွေက နှလုံးသားတွေ ကို လှောင်ရယ်တဲ့ အပြုံးတွေကြောင့် အိပ်စက်ဖို့ ခက်ခဲခဲ့ရဖူးတယ်.......။

စိတ်ကူးစိတ်သန်း အိမ်မက်အမြှောက်အများနဲ့ အိပ်စက်လို့ မရတဲ့ လူတစ်ယောက်အတွက် အခုလိုညတွေမှာ အချစ်ရဲ့ အလင်းရောင်တွေ မရှိသလောက်ရှားပါးလွန်းတော့ ရှာရဖွေရ မလွယ်ကူသော အပြုံးတွေကို ပြေးကောက်ရနေသလိုပဲ မိရှင်နွေ.. ....၊

ငါသိခဲ့တယ် ငါသေသေချာချာ သိရှိတယ်.
တစ်ချို့သော အိမ်မက်တွေက ငါကို သတ်မှန်း သိနေပေမယ့် ငါ ဆက်လက် မက်ချင်နေသေးတယ်.....

ဒါဟာ ငရဲမှန်း ကောင်းကောင်းကြီး ငါ သိတယ် ....တစ်ဇွန်ထိုးပြီး ငါဟာ ငါရဲ့ ဘဝ နိဗ္ဗာန် လို့ ငါထင်နေခဲ့မိတယ်....

ငါ ကမ္ဘာဟာ နင့်တို့ ကမ္ဘာလိုတော့ ပျော်ရွှင်စရာ တွေ မရှိလှဘူး မိရှင်နွေ......

တစ်ခါတစ်လေ တစ်ချို့သော အပြာရောင်ကောင်းကင်ကြီးကို ငေးကြည့်ရင် တစ်ယောက်တည်း စကားတွေ လက်စုံကျခဲ့ဖူးတယ် ....၊

လက်ဆုပ်လက်ကိုင် မပြနိူင်တဲ့ အချစ်တွေကို စွဲကိုင်ပြီး တိုက်ပွဲတွေ အထပ်ထပ် ငါနွဲ့ခဲ့ဖူးတာကို ဘယ်သူမှာ မသိလိုက်တဲ့ ငါရဲ့ တိုက်ပွဲတွေထဲက အလွန်အကျွံ လွမ်းဆွေးရတဲ့ နှလုးံရည်တိုက်ပွဲတွေနဲ့ ကြုံနေရတယ် ရှင်နွေ......

ကိုယ့်မပိုင်ဆိုင်ရတဲ့ တစ်ချို့သော ခံစားချက်တွေကို တစ်ခါတစ်ရံ ကိုယ့်တိုင်ခံစားခဲ့ရဖူးရင် ငါအချစ်တွေကို နင်သတိထားမိမယ်လို့ အခုချိန်ထိ ငါ ယုံကြည်နေဆဲပါပဲ.ရှင်နွေ....၊

              အဓိပတိ ကမ္မ
       17-2-2018,9.55pm

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...