Saturday 23 July 2022

 လက်စားချေလိုတဲ့ ဆန္ဒမရှိပမယ့် 

သူတို့တ‌ေတွ မှာ‌ေးနတာကို‌ေတာ့ သိစေချင်တယ် 

 သတိရတဲ့ စိတ်တွေပေါ်နေလို့

ညဘက်တွေမှာ မအိပ်ရဲ‌ေသးဘူး 

Tuesday 5 July 2022

 

မနှစ်ကရေးခဲ့တာလေး မတင်ရဲလို့ ရေးပြီး မတင်ဖြစ်ခဲ့တာ ဒီနှစ်မှ ပြန်တွေ့လို့ တင်ပေးလိုက်ပါတယ် ။


အခုအချိန်အခါမှာ အညာဒသတခွင်မှာ ဗိုလ်နဂါးတို့ ဗိုလ်ဂဠုန်တို့ ဗိုလ်သံမဏီ တို့စသည့်နာမည်‌ေတွ နေ့ချင်းညချင်း အရမ်းကြီးနာမည်ကြီးထွားလာကြပြီး တော်လှန်ရေးကိုပဲ အရွေ့တစ်ခုထိ ရောက်လိမ့်မယ်လို့ မေ

 ‌ေျှာ်လင့်ချက်‌ေတွနဲ့ ‌ေမြပြင်ကနေ ရုန်းကန်ရုန်းထနေကြသော အစုအဖွဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ ကို မီဒီယာတွေကနေ အထပ်ထပ်ပေါ်လာပြီး နေ့စဉ်နီးပါး မီဒီယာ‌ေတွ စာနယ်ဇင်းသမား‌ေတွရဲ့ အင်တာဗျုးတွေ ခဏခဏ‌ေတွ့မြင်လာတယ် ။ 


(ဒါနဲ့စကားမစပ် ပထစ အစိုးရ‌ေခတ်တုန်းက "ငနု အစိုးရ အပြုတ်ချ အပြုတ်ချ" နဲ့ အော်ခဲ့ကြသလို ငနုအစိုးရ ထောက်ခံသူတွေကလည်း "ပိုက်လုံး ဖင်ခု နိူင်ငံလု ရပါလိမ့်မယ် အားကြီးကြီး "လို့ ပြန်သရော်ခဲ့တာလေးကို သတိရ‌ေနမိတယ် ။😁


အခုလည်း ဗိုလ်‌ေတွ ဘာတွေနဲ့ သံပိုက်တွေ ကို လက်နက် ထုတ်လိုက် ကော်ပိုက်‌ေတွနဲ့မိုင်းတွေထောင်လိုက် နဲ့ နာမည်အ‌ေတာ်ကြီး‌ေနတဲ့ အညာသူရဲ‌ေကာင်း‌ေတွ ဘယ်လိုဘယ်ပုံ

လက်နက်အပြည့်အစုံနဲ့ တပ်မတော်ကို ရေှ့ဆက်‌ေတာ်လှန်ကြမလဲ စဉ်းစားနေမိတယ် ။


အခုလိုတွေ မြင်ရ‌ေတွ့ရ‌ေတာ့ ဟိုအရင် ကိုလိုနီ‌ေခတ် 1913 ခုနှစ် ဝန်းကျင်လောက် က အထက်မြန်မာနိူင်ငံ မြင်းမူနယ်ဘက်မှာ ပေါ်ထွန်းခဲ့ဖူးတဲ့ "မင်းလောင်း မောင်သန့်" ဆိုတဲ့တစ်ယာက်‌အကြောင်း ကို ဖတ်ဖူးတာလေးကို ပြန်ပြီး သတိရမိပါ‌ေသးတယ် ။


အဲ့စာအုပ်က‌‌ ဖဆပလ ဝန်ကြီးဟောင်း ဦးထွန်းဖေ စာအုပ်ထဲမှာ ဖတ်ဖူးတာဗျ ။ 


မောင်သန့်က ရိုးရိုးသာမာန် တောင်သူလယ်သမားတစ်ဦးဖြစ်၏ ၊ တစ်နေ့မှာ သူဘာသာသူ ပြောင်းရိုးစဉ်းနေစဉ် ဆေးလိပ်မီးပွားကျ၍ သူဝတ်ဆင်ထားသာ အင်္ကျီကို မီးလာင်ခဲ့၏ ၊ ဒဏ္ဏာရီကျမ်းထုတ်သူက ""ဟ လက်ရုံးက မီးတာက်တယ် "" ဟု ဆိုပြီး ဤဒဏ္ဏာရီကို လက်ကိုင်ပြုပြီး သူပုန်ထခဲ့ကြတယ်တဲ့ ၊ ဘွဲ့ထူး ဂုဏ်ထူး‌ေတွကို သတင်းသမား‌ေတွ ဒဏ္ဏာရီ ဆရာ‌ေတွ မိုက်ဇာတ်သွင်းတဲ့အကျိုးဆက်‌ေကြာင့် မောင်သန့်ကတာ့ မြှောက်တိုင်း လိုက်ကမိ‌ေတာ့ နောက်ဆုံး ပုန်ကန်မှုနဲ့ပဲ ကြိုးပေးခံခဲ့ရတယ် ၊ 

သူတစ်ယာက်တည်းလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး သူနဲ့အတူအပါင်းအပါ‌ေတွလည်း တရားရုံးဂိတ်ရှေ့မှာ ပန်ချာပီကုလားက သေနတ်နှင့်ခုခံရာက အားလုံးနီးပါး အသက်ဆုံးရှုံးခဲ့ရပါ‌ေသးတယ် ။


အဲ့ဒီနောက်လည်း အထက်အညာ‌ေဒသမှာ သူပုန်တစ်ခေတ် ပျက်သုန်းခဲ့ပြီး အလံနီ အလံဖြုခေတ်မှ ပြန်လည်၍ သူပုန်ထလာခဲ့တဲ့ သမိုင်းလည်းးရှိခဲ့ပြီးပါပြီ ။ 

အခုလည်း ဗိုလ်‌ေတွ ဘာတွေနဲ့ လက်နက်‌ေတွ ထုတ်လိုက် မိုင်းတွေထောင်လိုက် နဲ့ နာမည်အတာ်ကြီး‌ေနတဲ့ အညာသူရဲ‌ေကာင်‌ေ‌ေးတွ ဘယ်လိုဘယ်ပုံ ရှေ့ဆက်ကြမလဲ စောင့်ကြည့်ရုံမှတပါး တစ်ခြား ကျနော်လည်း ဘာမှမတတ်နိူင်‌ေသးပါ ။ 

မင်းလောင်းမောင်သန့် သမိုင်းလေး ကြားဖူးနားဝရှိ‌ေန‌ေသာ မိမိမှာဖြင့် ရင်တလေးလေးနဲ့ တော်လှန်‌ေရးသူရဲ‌ေကာင်းဆရာသမားတွေ ဘယ်လိုနိဂုံးချုပ်မလဲ စောင့်နေမိပါ‌ေသးတယ် ။🤗


(သမိုင်းဆိုတာ သင်ခန်းစာယူဖို့ပါ ဆက်ပြီး မှားယွင်းဖို့တော့ မဟုတ်ပါဘူးဆိုတာ လောက်တော့ သိသင့်ပါ၏)


အဓိပတိကမ္မ

02062021




 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...