Thursday 30 April 2020

ငါ့ရဲ့အတ္တကို ငါပုံမဖော်ချင်တော့ဘူး ။

အရာအားလုံးကို ငါမေ့ပစ်လိုက်ပြီ၊

အိမ်မက်ဆိုးဆိုတာ ငါ့မှာမရှိဘူး ။

အမှောင်ကျနေတဲ့ ငါ့ရဲ့အခန်းလေးထဲမှာ

အရာအားလုံးကို အရှုံးပေးခဲ့ရပြီးြပီ ။

နောက်ထပ် ကျဆုံးစရာ ငါ့မှာ မရှိတော့ဘူး ။

ဗလာနတ္ထိ နဲ့ ဘဝကြီးကိုလည်း ငါက ဘာတွေထပ်ပြီး ြဖည့်ပေးရအုံးမှာလည်း ။

ငါရဲ့အိမ်မက်လေးတွေထဲမှာ ထွေးပွေ့ထားခွင့်ြပုပါလို့ ဆုတောင်းရင်း ငါဟာ အိပ်စက်ခြင်းတွေနဲ့

တ‌ေြဖး‌ေြဖးြခင်း ဝေးလို့ ဝေးလို့ သွားခဲ့ပြီ ။

ဒုက္ခိတဆန်တဲ့ ဒီဝဋ်တွေကို ထမ်းပိုးရင်း ငါရဲ့ရှင်သန်မှုတွေက အလွန်ရှည်လျားလွန်းတယ် ။

ငါမှာက မုသားမရှိပါဘူး
လိုလည်းမလိုအပ်သလို လိုလားမှုလည်း မရှိဘူး ။

ငါကို‌ေြဖသိမ့်ပေးဖို့ ဘယ်လိုမာယာမှ ငါလက်မခံနိုင်ဘူး ၊

ငါဟာငါနဲ့ပဲ ငါအပြစ် ငါခံ ငါအချစ်ငါပဲ ထွေးပွေ့ပြီးထားချင်မိတာ ငါရဲ့ အတ္တစွဲ တစ်ခုပဲ ။

မကြားဖူးတဲ့ စကားတွေ ကြားြပီး မခံစားဖူးတဲ့ ခံစားမှုတွေနဲ့ ငါမှာ နာကျင်ရလွန်းပါတယ် ။

အချို့သော မျက်ဝန်းတွေကို စိတ်မှန်းနဲ့ ငေးမောတက်သူ တစ်ယောက်ကို အရင်လို လှန်ပြန်ကြည့်ပေးမယ့်လူ မရှိသူမှာလည်း

အတွေးတွေနဲ့ လွမ်းဆွေးမှုတွေ အ‌ေြမှာက်အများ ရှိနေခြင်းကို လစ်လျှုရှသူတွေလည်း ရှိနေဆဲပါပဲ ။

အရင်က မကြိုက်တတ်တဲ့ အရက်ပုလင်းတွေကိုလည်း အရက်ပုန်း ဘဝနဲ့ နေ့စဉ် ရက်စေ့သောက်သုံးရင်း ရက်စက်မှုတွေကို မေ့ပစ်ဖို့ ကြိုးစားရင်း

 ငါ့လည်ပင်းကို ကြိုးတပ်၍
ဆွဲချိတ် ဖို့ ပြင်နေသော လူတစ်ယောက်မှာ
ြပင်းထန်သော ခံပြင်းမှုတွေကို ခံတွင်းတွေ့ နေခြင်းကို ဘယ်သူမှ သတိထားမိပုံ မရဘူး ။

အချစ်တွေ ငတ်မွတ်ခြင်း တွေ‌ေြကာင့် ငါ့ရဲ့ ပျော်ရွှင်ခြင်းတွေ ပျောက်ရှသွားခဲ့ပြီ ၊

နင်မရှိတဲ့ ဒုက္ခ ကပဲ ချိုမြိန်စေတယ်တဲ့ ငါရဲ့လူမမြင်တဲ့ မျက်ရည်တွေနဲ့ ရူးနေတာကိုတော့ သူလည်း မသိလို ဘယ်သူမှလည်း မသိကြဘူး မဟုတ်လား ။

မျက်နှာကြက် ကပဲ ငါရဲ့ အကြည့်လား ၊
ငါကပဲ မျက်နှာကြက်ကိုပဲ ကြည့်နေတာလား ငါလည်း မတွေးတတ်တော့ဘူး ။

ငါအနာဂတ်မှာ လမ်းသစ်တွေ အများကြီးဖောက်မယ်လို့ စိတ်ကူးယဉ် ထားခဲ့ခြင်းတွေကလည်း ြကက်ပျောက်ငှက်ပျောက် ပျောက်ပြီး

အခန်းကျဉ်း လေးထဲမှာပဲ သီချင်းအဟောင်း နားထောင်လိုက် အတွေးအဟောင်းတွေ တွေးကြည့်လိုက်နဲ့ အိပ်လိုက်ထလိုက် အိပ်ရေးပျက် နေနေခဲ့တယ် ။

# အဓိပတိကမ်မ
 30.4.2019.3,33AM

Wednesday 29 April 2020

***"ဘယ်သူပြောလဲ..ကျနော်မယုံဘူး"***
CHAOS
၁။
"အထီးကျန်တဲ့!!!!..
 စကားလုံးလေး ကိုယ်တိုင်ကပဲ ငါ့ကိုမင်းဆီကနေ
ငါ့တစ်ကိုယ်တော် အတ္တဆီ ပြန်ပို့ပေးတဲ့ ခေါင်းလောင်းသံလိုပဲ။
သွားတော့..စိတ်ကူးယဉ်မှုဟာ နာမည်ကျော်သလောက် မလှည့်စားနိုင်စွမ်းပါဘူး။"
                                   #ဂျွန်ကိစ်(နိုက်တင်ဂေးလ်သို့ တမ်းချင်း..မှ)

အခန်းကျဉ်းလေးထဲမှာ စူးရှလာတာဆိုလို့ အတိတ်ထက်ရှည်လျားတဲ့ သတိရခြင်းတွေပဲ မမပါရီ။
ကောင်းကင်ပြာဆိုတာ စကြဝဠာရဲ့ အနားသတ်မျဉ်းမဟုတ်ဘူး။
သိမှုနယ်ပယ်ကို မကျော်နိုင်တဲ့ အမြင်ကန့်သတ်ချက်သက်သက်ပါ။
အချစ်ကို ကျနော်အဲ့လိုပဲပြဌာန်းခဲ့ပါတယ်။
တကယ်ပါ မမပါရီ။ခင်ဗျားဟာ ကျနော့်အတွက်တော့ စိတ်နဲ့တီးတဲ့ ဂီတ။ကျနော့်ဝိညာဉ်ရဲ့ ရစ်သမ်။တဆတ်ဆတ်တုန်ခါနေတဲ့ မှော်ဝင်ကဗျာ။

ကျနော်ကတော့ သိပ်တက်ကြွတဲ့ သူပုန်။ကျနော့်မျက်လုံးမှာ ရေခဲမြစ်။ဒါပေမယ့် တိတ်တဆိတ်ကြေကွဲတတ်တယ်။
နာကျင်မှုကို တုန့်ပြန်ရာမှာ ကာ့တ်ကိုဘိန်းနဲ့ ကျနော် အတူတူပဲ။
ရှန်ပိန်တစ်ခွက်။
အကိုက်ခဲပျောက်ဆေးပြား ၅၀။
ကျည်ဆန်တစ်တောင့်။
သေတမ်းစာမှာ ခင်ဗျားကိုချစ်တယ်လို့ အကျယ်ကြီးရေးခဲ့မှာ။
ခင်ဗျားကိုပြောရင် ယုံမှာမဟုတ်ဘူးး။

၂။
"အသံနုနုလေးများ သေဆုံးတဲ့အခါ ဂီတဟာ
အမှတ်ရစိတ်ထဲမှာ တုန်ခါလို့နေတယ်"
                                   #ရှယ်လီ(သို့.....မှ)

ခင်ဗျား အသံကို မကြားရတဲ့နေ့တွေဟာ ကိုယ်ကျိုးနည်းနေတော့တာပဲ မမပါရီ။
ခင်ဗျားက ဖုန်းမခေါ်ဘူး အသေခံပစ်တယ်။
ခင်ဗျား သွားကြားထဲက ထွက်လာတဲ့ အေးစက်စက်အသံတွေ မကြားရရင် ကျနော်က နေ့တိုင်းသေနေတယ်။
ဒါဟာ ကျနော့်ရဲ့ ခင်ဗျားရှိရာ ပျံသန်းခြင်း။
ဒါမှမဟုတ် ခင်ဗျားဆီ မရောက်မီ ပျက်ကျခြင်းပဲ မမပါရီ။
ခင်ဗျား အမှတ်တမဲ့ လှမ်းကြည့်မိတဲ့ နေရာတိုင်းဟာ ကျနော်လဲကျသေဆုံးခဲ့တဲ့ နေရာတွေပဲ။
ခင်ဗျားကို ပြောရင်ယုံမှာ မဟုတ်ဘူး..။

၃။
"ငါ့ရှေ့မှာ မင်းနာမည်ကို ထုတ်ပြောနေကြတယ်။
ငါ့နားမှာကြားရတာက သေမင်းခေါင်းလောင်းသံ"
                                            #ဘိုင်ရွန်(ခွဲခွာချိန်..မှ)

ဘယ်အချိန်ထိ အေးစက်နာကျင်နေရမှာလဲ။
ခင်ဗျား အသိအမှတ်မပြုတဲ့ နေ့တွေဆို ကျနော်ဘာမှ မကြားဘူး။
ကျနော် ဘာမှ မမြင်ရဘူး။
"သိပ်ရုပ်ပေါက်တာပဲ"တဲ့.. ခင်ဗျားက ပြန်မယ်ဆိုတာချည်းပဲ။
June လကုန်သွားတယ်..
July လကုန်သွားတယ်..
တိတ်ဆိတ်မှုဟာ အကျယ်လောင်ဆုံးပဲ..
ခင်ဗျားကို ပြောရင်ယုံမှာ မဟုတ်ဘူး..။

၄။
"လေရိုင်းတို့ ငိုနေကြတယ်။
ညကလဲ အေးစက်လို့...
လာခဲ့ပါ အိပ်စက်ခြင်းရယ်"
                                       #ဝီလျံဘလိတ်(အရူးတေး..မှ)

အမှောင်....။
ညဟာ တတိတိတောက်စားဖို့ မုဆိုးနှုတ်ခမ်းတွေနဲ့ ဓားသွေးနေကြပြီ.
စိတ်ဟာ ရှိုက်ဖွာထားတဲ့ စီးကရက်မီးပဲ။
အပူချိန်400°Cအနေအထားနဲ့ တငွေ့ငွေ့လောင်လို့...
အရင်လို ပြန်ကြားပါရစေ။..
ခင်ဗျား မကြားတော့ဘူး။
တိတ်ဆိတ်ခြင်းဟာ ကျနော့်ကို ခုတ်ချလိုက်ပြီ..
လေဟာနယ်ထဲ လွင့်ပျံနေတဲ့ အသံလှိုင်းတွေကို စိတ်အားနဲ့ ပြန်ဆွဲခေါ်နေမိတာပဲ။
ဘယ်မှာလဲ။တဖြေးဖြေး အေးစက်လာတဲ့အခါ ချစ်ခြင်းမေတ္တာဆိုတာ သောက်ကျိုးနည်း အနေအထားနဲ့..
ခုကြည့်လိုက်!!
ကျနော်တို့ စကားမပြောကြတော့ဘူး။ကျနော်တို့ ဝေးသွားကြပြီ။
ငါတို့က သိပ်နီးခဲ့လို့ ဝေးခဲ့ရတာ။
ဘယ်သူပြောလဲ??
ခင်ဗျားကိုယ်တိုင်လာပြောလဲ ကျနော်မယုံဘူး။

CHAOS
24/8/2015

***အချစ်ဆိုတာကို ငါအားရပါးရ ရယ်ပစ်လိုက်တယ်***

ချစ်ခြင်းတရား မရှိတော့တဲ့ အခါ စိတ်ဝိဥာည်ဟာ အလိုလို ခြောက်သွေ့သွားတယ်
ငါက__ ဝိဥာည်အသေနဲ့ အရာရာကို သံသယစိတ်နဲ့
မှုန်တေတေ အကြည့်တစ်စုံနဲ့
ဘောင်းဘီအိတ်ထဲမှာ WYဆေးပြားနဲ့
အတွေးထဲမှာ မိန်းမတွေကို shock ရစေမယ့် ကဗျာနဲ့
စိတ်တစ်ခုလုံး မီးတောက်တိမ်တိုက်တွေ တစ်ထွေးကြီး..
အလကားနေရင်း_ငါ့မှာ တရားနဲ့ ဖြေနေရတယ်

အို...ဘာတဲ့..
ရှင့်ကို ကျွန်မ သိပ်ချစ်တာပဲ
အို...ဘာတဲ့..
ကျွန်မက ကံကြမ္မာကို မယုံဘူး ရှင့်ကိုပဲ ယုံတယ်
အို...ဘာတဲ့..
ကတ်ကြေးတစ်လက်ရဲ့ အသွားက ကျန်တဲ့ အသွားတစ်ဖက်ကို လိုအပ်သလိုမျိုး
အို...ဘာတဲ့..

တော်စမ်း..တိတ်စမ်း..!!!
အဲ့ အသွားတစ်ဖက်ထဲနဲ့ပဲ ငါ့နှလုံးသားကို အတိအကျ ထိုးစိုက်ပစ်ခဲ့တာ
မိန်းမတွေဟာ ကြောင်နဲ့တူတယ် ဘာမှအသုံးမဝင်ပေမယ့် လူတိုင်းက ချစ်ကြတယ်
တွေ့ရာကို ကုတ်ခြစ်တတ်တဲ့ ကြောင်တစ်ကောင်ကိုမှ ငါကကြောင်တောင်တောင်နဲ့ နှလုံးသားထဲထည့်ခဲ့မိတာ

ဂျူးတွေက ဟစ်တလာကို မုန်းသလိုမျိုး
ဂျူးတွေကို ပါလက်စတိုင်းတွေက မုန်းသလိုမျိုး
ငါကလည်း မင်းကိုအတိအကျမုန်းတယ်

အလကား...ချစ်ခြင်းတရားဆိုတာ အလကားပဲ...
အချစ်ဆိုတာ ရေပေါ် အရုပ်ရေးခြင်း
အချစ်ဆိုတာ တခုတ်တရစုထားတဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရခြင်း
အချစ်ဆိုတာ ဦးဏှောက်ငယ်ကနေ အိုက်ဆိုဒင်း ဓာတ်ငွေ့ ထွက်ယုံမျှသာ
အချစ်ဆိုတာ လိင်စိတ်ကို အခြေခံထားတဲ့ သာယာနာပျော်ဖွယ် နာမ်စားတစ်ခု
အချစ်ဆိုတာ ငါ့စိတ်ဝိဥာည်တစ်ခုလုံး အေးစက်တောင့်တင်းစေတဲ့ အယူဝါဒတစ်ခုပဲ

ရှင်ပြောတော့ ကျွန်မက တစ်သံသရာလုံး လိုက်ရှာရမယ့် မှော်ဝင် ကဗျာတစ်ပုဒ်ဆို
တိတ်စမ်း!!!
မင်းဟာသိပ်ကြောက်ဖို့ကောင်းတဲ့ မိန်းမ
နှလုံးသားမှာ မြွေပွေးတစ်ကောင် ပတ်ခွေထားတဲ့မိန်းမ
ဆန့်ကျင်ဖက် သူစိမ်းတွေကို ကြည့်တဲ့ အကြည့်စူးစူးတွေဟာ မီးအချက်မပြပဲ ဆတ်ခနဲကွေ့လာတဲ့ ပြိုင်ကားတစ်စီးလို
မင်းအကြောင်းတွေ အကုန်သိလိုက်တဲ့အချိန်မှာပဲ လက်ထဲက စီးကရက်မီးပြာတောင့်လေး ကြွေသွားတယ်`ထောက်´ခနဲ

ကမ္ဘာဦးက လက်နက်တွေထုတ်သုံးမနေနဲ့တော့
မျက်ရည်တွေ သုတ်ပစ်လိုက်...
ရှင်မရှိရင် ကျွန်မက နေပူကျဲကျဲမှာ ခြေကားယား လက်ကားယားကျန်ခဲ့မယ့် ကန္တာရ ဆူးပင်ပါ...
အာ့တွေ တောမှာသွားပြော!!!...ဟား..ဟား..!!
ရှင့်ကို သိပ်ချစ်တယ်...ရေဒီယိုကလာတဲ့`မိဘပြည်သူများ ခင်ဗျား´ဆိုတာကိုပဲ မျက်လုံးလေးစင်းပြီး နားထောင်လိုက်တော့မယ်
ကိုယ့်ကိုယ်ကို ကလိထိုးပြီး အားရပါးရ ရယ်နေလိုက်တော့မယ်
ဟားဟား... ဟားဟား...ဟား..ဟား..ဟားးးးးးးး!!!!!

  CHAOS(ခေးအော့စ်)
    16/12/2014

***အရိပ်ရှည်သွယ်သွယ်လေးနဲ့ ဆေးစွဲနေတဲ့ ညများ***

ဆဲလ်ဖုန်းထဲက ငါ့သက်ပြင်းချသံ..နင့်ဖက်မှာလေတိုက်သံ အကျယ်ကြီး
ဆဲလ်ဖုန်းထဲက နင့်ရှိုက်သံ..ငါ့ဖက်မှာ တော်လဲသံ အကျယ်ကြီး
ဒါဟာ Butterfly Effect ဖြစ်မယ်..ဒါဟာ..ကစဉ့်ကလျား သီအိုရီဖြစ်မယ်..
ဒါဟာ..ငါတို့နှစ်ယောက်ဖြစ်နေတယ်..

ဆက်သွယ်မှု လှိုင်းတွေ 'တိ'ခနဲ ပြတ်ကျ....အသံတွေ လေဟာနယ်ထဲ တိုးတိတ်ဆွံ့အခဲ့..
အခန်းမီးခလုတ်ကို ပိတ်ပစ်လိုက်တယ်..ပြီးရင် နင့်ကို ချစ်တယ်လို့ အကျယ်ကြီး ငါ့စိတ်ထဲမှာ အကြိမ်ကြိမ်အော်ပစ်မယ်..
ဘုရားသခင်ကို စိန်ခေါ်နိုင်မယ့် စကားလုံးကို ဘယ်တော့မှ မမေ့အောင် ငါအော်ပစ်လိုက်သလိုမျိုး..ဒါပေမယ့်..နင်မကြားရဘူး..

ငါတို့တွေ ဘာမှ မဟုတ်သလိုမျိုး ဘာမှ မဟုတ်ဖို့..ဘာမှ မဖြစ်ခဲ့သလိုမျိုး ဘာမှ မဖြစ်ဖို့..
အကွာအဝေး မိုင်တိုင်တွေ..
အလွယ်တကူ ပျံသန်းနေတဲ့ စိတ်
တိတ်ဆိတ်နေတဲ့ သန်းခေါင်ယံ..
နာနာကျင်ကျင် လောင်ကျွမ်းနေတဲ့ မီးကျွမ်းရွက်ခြောက်လေး..
ငါဘာလုပ်ပစ်ရမလဲ အရိပ်လေးရယ်..
အခု..ငါ့ကိုယ်ငါ ပြန်မကြားရတော့ဘူးး

ကမ္ဘောဒီယား နိုင်ငံသား"ခေယူဖန်ဖန်"လို..
`အမေ သားပင်လယ်လေသွားရှူဦးမယ်´ဆိုပြီး ထွက်သွားလိုက်တာ
ကမ္ဘာကြီးထဲမှာ ဘယ်တော့မှ ပြန်မတွေ့ရသလိုမျိုး..
ငါ့မှာ အမှောင်ထုကြီးကို ထိုင်ငေးနေရ
ငါ့ကိုယ်ငါ ပြန်မမြင်ရတော့ဘူး
ငါ့ကိုယ်ငါ ပြန်မကြားရတော့ဘူး..
ငါ့ကိုယ်ငါ ကြားလို့မကောင်းတော့ဘူး..

ဒဏ်ရာထက် နက်ရှိုင်းတဲ့ ပင်လယ် မရှိနိုင်ဘူးဆိုတာ..
ငါတို့က ကိုယ်စီ အမာရွတ်တွေနဲ့..အဲ့အမာရွက်ပေါ်မှာ ဒဏ်ရာရဖို့ မသိစိတ်က ကြိုးစားနေကျ..
ဒဏ်ရာရ ငှက်ကလေးတစ်ကောင်လို တဆတ်ဆတ်တုန်ယင်လို့
ကြေကွဲခြင်းဆိုတာ ဝီစကီနဲ့ရောလိုက်ရင် အတိတ်မေ့သွားစေနိုင်တဲ့
့ Poisonတစ်မျိုးဆို ဘယ်လောက်ကောင်းမလဲ..

ငါတို့..မဝေးချင်ရင် .. ဒီထက် ပိုမနီးကျတာကောင်းပါတယ်
ချစ်ခြင်းမေတ္တာဆိုတာ ..
ကိုယ့်ဘာသာကိုယ် လိမ်ညာနေရတဲ့အခါ..
တိတ်တဆိတ် ကြေကွဲနေရတဲ့ အရာတစ်ခုပဲ..

ငါ့ရဲ့ အရိပ်ရှည်သွယ်သွယ်လေးရေ..
ငါတို့ ဘယ်တော့မှ မဝေးတော့ဘူး..ဘယ်တော့မှ မနီးခဲ့သလိုမျိုး ဘယ်တော့မှ....ဘယ်တော့မှ....

**အတူနေခဲ့စဉ်..အရင်းနှီးဆုံး အချိန်များမှာ..
နှလုံးသားချင်းနားလည်ပါသော်လည်း အချစ်မှာ..မပွင့်လင်းခဲ့ ဘာကြောင့်များ..
တိတ်တခိုးလေး စိတ်လှုပ်ရှား..ရင်ထဲက စကားများ ကြိတ်မှိတ်မျိုသိပ်ထား..**

ရုတ်တရက် မှုန်ဝါးသွားတဲ့ မြင်ကွင်းလောက်
နာကျင်စရာကောင်းတာ ငါရှာမတွေ့တော့ဘူး
တစ်ချို့အရာတွေက အရှိကို အရှိအတိုင်း ဖွင့်ချလိုက်တာထက်
ဘယ်သူမှ မသိလိုက်တာ အကောင်းဆုံးပဲလေ
ငါတို့ဟာ ဘာမှ မဟုတ်ခဲ့ကြသလို ဘာမှ မဟုတ်တော့ဘူး..
ဘာဆိုဘာမှ မဟုတ်ကြရင် သိပ်ကောင်းမယ်.အရိပ်ကလေး

**အကြင်နာ စကားတွေ အမြဲတမ်းပဲ အိပ်မက်မှာ..တရေးနိုးတဲ့ ညတွေဆို ပြန်အိပ်မရပါ..
သူရောပဲ ကိုယ့်လိုများ..ယောင်ယမ်းတမ်းတနေမလား..
ကိုယ်တွေးရင်း တွေးရင်း ဝမ်းနည်းနေသလိုပါ...**

အရက်အကြောင်းကို အရက်သမားက ပို သိသလို..
ပင်လယ်အကြောင်းကို ပင်လယ်ဓားပြက ပို သိသလို
ချစ်ခြင်းတရားကို ငါတို့ ဒဏ်ရာတွေက ကိုယ်စီသိနေကျတယ်

သစ်ရွက်ကြွေ အလွမ်း..ကြေကွဲမှုတွေ ကမ်းလုံးပြည့်နေတဲ့ မြစ်..
မီးလောင်နေတဲ့ မျက်ရည်စ..
အားလုံးဟာ နှလုံးသားကိုမှ တတိတိလှီးဖြတ်နေတဲ့ ရှုမျှော်ခင်း..
ဘုရားရေ..ငါတို့ဟာ ဆေးသားပျက်နေတဲ့ ဖလင်ကွက်တွေ...
အချစ်မှာ နှလုံးသားက မသွေးပဲနဲ့ မီးထ,ထပွင့်တယ်

##ကောင်းကင်ကို ကိုယ်မကြည့်ရဲတော့ဘူး
လရောင်ဟာ သူမနှာတံလေးလို စင်းလို့..
ကိုယ့်အိမ်အပြန်လမ်းပေါ် ဖြာကျလာတဲ့ ညတွေမှာ
ကိုယ်ဟာ..
ကိုယ့်လမ်းမကိုပဲ ပြန်မှောက်ထားခဲ့မိတယ်##

တိမ်သားအကျိုးအကြေထဲက နာနာကျင်ကျင် ပဲ့ထွက်လာတဲ့ အရိပ်ရှည်သွယ်သွယ်လေး
လှမ်းကြည့်လို့ မမြင်နိုင်တဲ့ အကွာအဝေးကနေ ချိန်သားကိုက် အမှတ်အသား
"ငါ နင့်ဖုန်းကို စောင့်နေတယ်နော်"..တဲ့
ဝမ်းနည်းနာကျင်မှုဟာ ငါ့ကို လက်ပြန်ကြိုးတုပ်ပစ်လိုက်တယ်
ငါ့ကို ရည်ရွယ်သော ထိခိုက်ရှနာ
ငါတို့ ဘယ်သူမှ မကြားနိုင်တဲ့ အော်သံတွေ ကိုယ်စီနဲ့
ငါတို့ဟာ..တစ်ယောက်ကို တစ်ယောက် မတွေ့ရရင်
ဘယ်သူ့ကိုမှ ကြည့်လို့မရတဲ့ စိတ်တွေနဲ့...
ငါဟာ နင့်စိတ်အတိုင်း စီးဆင်းလို့..
နင်ဟာ ငါ့စိတ်အတိုင်းစီးဆင်းလို့..ငါတို့ဟာ မျဉ်းကွေးတစ်ခု ဆွဲပစ်လိုက်တယ်
ငါတို့ရဲ့ ဆေးစွဲနေတဲ့ ညတွေမှာ.....

CHAOS

** ထူးအိမ်သင် သီချင်း
##အေဇင်လတ်၏ စာသား

***မမ,ကျနော်နှင့် ကြက်ခြေခတ်လေးများ**

မမ...မမ..
..မမ...မမရေ...
စိတ်ဝိညာဉ်အတွင်းသားထဲအထိ ပဲ့တင်ထပ်သွားအောင်
ကျနော့်ကို အကျယ်ကြီးအော် ခေါ်ခွင့်ပြုပါ မမရယ်
`လှေကားထစ်တွေ မလိုပဲ မိန်းမတစ်ယောက် အကူအညီနဲ့
ကြိုးစင်ပေါ်ကို တက်နိုင်တယ်´တဲ့
မိန်းမ တစ်ယောက်ကို ချစ်မိတဲ့အခါ
အချစ်ဆိုတာ Mercy Killingပဲ
လူငယ်တစ်ယောက်ရဲ့ ရူးသိပ်မှုပြင်အား,စိတ္တဇ အမှောင်,အဝါရောင် ကိုက်ခဲ့မှုတွေကြား
ကျနော်တစ်ယောက်ထဲ ကြင်နာစွာ သတ်သေနေရသလိုမျိုး
ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့ ပြန်ပြန်သပ်နေရတယ်

ကွေးညွှတ်နေတဲ့ သက်တန့်ကိုင်းလေးဆီ
မမနာမည်စာသုံးလုံးကို ပန်းလိုသီပြီး စိတ်ကူးအကြီးကြီးယဉ်နေတတ်တဲ့ ကောင်ဟာ ကျနော်ပါ မမရယ်. . .
မမနဲ့ရင်းနှီးခွင့်ရခဲ့တာကလည်း
အသစ်ပြန်မရနိုင်တော့တဲ့ ကိုယ့်ငယ်ဘဝကို တစ်ကပြန်စခွင့်ရသလိုမျိုး
မမဟာ ကျနော့်တစ်ကိုယ်စာ စိုရုံရွာတဲ့ ပေါက္ခရဝဿမိုးပဲ

အခါလွန်မိုးတွေဟာ အငြိုးနဲ့ ရွာတတ်တယ်တဲ့မမရယ်
မမ အမြဲစိမ်းတောလေးရဲ့ ကျောဘက်မှာ
ကျနော့်မိုးခေါင်ရေရှား ရပ်ဝန်းလေးရှိပါတယ်
မမရယ်...
ချစ်ခြင်းတရားမှာ ကျနော်ကိုယ်တိုင် လေပွေတစ်ခုဖြစ်သွားပြီး
ကျနော်ကိုယ်တိုင် တိုက်ခတ်မျောပါ သွားခဲ့ရတယ်
 မမခံယူထားတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာ...
 မျက်လှည့်ဆရာ လက်ထဲက မှော်သေတ္တာ....
ဟုမ်းရဲ့ ငါသာရှိ ဝါဒ....
ဟိုင်ဇင်ဘတ်ရဲ့ မရေမရာ ဓမ္မတရား...
ဘုရားသခင်ဟာ မမမှတ်ယူထားတဲ့ ချစ်ခြင်းအတွက် ကြွေအံ ကစားခဲ့ရမယ် ထင်ပါရဲ့
ကျနော့်မှာ ရင်ဘတ်လေးဖိပြီး ဆုတောင်းနေရတယ်...

     မမနှုတ်ခမ်းက တချို့လမ်းတွေလို
အကွေ့အကောက်အရမ်းများတာပဲ
ဗလာမှန်းသိရဲ့နဲ့ဖောက်ကြည့်ချင်သေးတဲ့
ကံစမ်းမဲတစ်စောင်လို
ကျနော်က မမအနမ်းနဲ့မှ ကျွတ်တန်းဝင်မယ့်ကောင်
မမ မရှိတဲ့ညတွေဆို အရမ်းမှောင်တာ သိလား
ကျနော့်မှာ တခုခုဆို မမပါးပေါ်က သနပ်ခါးလေးကို
ပြစ်မှားနေမိတာ. . .
မပြောဖြစ်တဲ့စကားတွေဟာ သိပ်ခါးတာပဲ မမရာ

မမနဲ့ကျနော့်မှာ ဟိုးတုန်းကလို့
ပြန်ပြောစရာ အတိတ်လည်း
သိပ်များများစားစားမရှိဘူး
တချို့အိပ်ယာဝင်ပုံပြင်တွေရဲ့ခေါင်းစဉ်မှာ
မမမျက်တောင် အဖွင့်အပိတ်လေးဘယ်နားကျန်နေခဲ့သလဲ
ကျနော့်အတွက် အနာဂတ်ဆိုတာ
မမရှိနေတဲ့ ပစ္စုပ္ပန်ဖြစ်ပြီး
မမအတွက် ပစ္စုပ္ပန်ဆိုတာ
ကျနော်ရှိနေမယ့် အနာဂတ်ဖြစ်ခဲ့ရင်
ဘယ်လောက်ကောင်းမလဲဆိုတဲ့အတွေးနဲ့
နံရံမှာ မမစကားသံတွေကိုပဲ
အထပ်ထပ်အခါခါ ရေးဆွဲပစ်ခဲ့

အချစ်ခံရတာနဲ့ ချစ်နေရတာ
ဘာကွာသလဲမေးတော့ မမက ရီတယ်
ဘယ်အရာမှမကောင်းဘူး
အဲဒီနှစ်ခုလုံး ဝဋ်ကြွေးပဲလို့မမကဖြေတော့ ကျနော်ရီဖြစ်တယ်
ချစ်တယ် မမရယ်
တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုထဲကလို ချစ်တယ်
ပစ်မှတ်ရှိရာကလွဲပြီး ဘယ်ကိုမှသွေဖီမသွားတဲ့
မြားတစ်စင်းရဲ့ တည်ကြည်ခြင်းမျိုးနဲ့ ချစ်တယ်
အမှောင်ထဲကသူစိမ်းတစ်ယောက်
အလင်းရောင်သူ့ဆီရောက်လာမှာကို မျှော်မက်သလိုမျိုး
မြတ်မြတ်နိုးနိုး ချစ်ပါတယ်ကွယ်

**မိန်းမတွေရဲ့အချစ်ဟာ မကောင်းဆိုးဝါးရဲ့ ပိုက်ကွန်ပဲ**
#ဆားဘီးယန်း စကားပုံ

ကျနော်က မကောင်းဆိုးဝါး ပိုက်ကွန်ကို ဝင်တိုးနေတဲ့ ငါး
အချစ်မှာ ပျော်ဝင်မိတဲ့ စိတ္တဇ ..
စေတသိတ်တစ်ခုလုံး တောက်လောင်စေတဲ့ အဝါရောင်
မမရယ်...
မမလက်သန်းလေး ချိတ်ခွင့်မရှိတော့တဲ့အခါ
ကျနော့်မှာ ရင်ဘတ်ဟင်းလင်းနဲ့
အထီးကျန်ခြင်းဟာ အာရုံတစ်လျောက် တောမီးလို လောင်လို့...
အချစ်ဆိုတာ....
အတိတ်ကစိတ်ဒဏ်ရာတွေထဲ ပြန်,ပြန်ခေါ်တတ်တဲ့ ရောဂါပဲ
ထားလိုက်ပါတော့မမရယ်..
ချစ်ခြင်းမေတ္တာဆိုတာ သိပ်စစ်မှန်တဲ့အခါ ထိရှကွဲကြေရတာ ထုံးစံပဲ မဟုတ်လား

`ကခုန်နေတဲ့ ကြယ်လေးတစ်စင်းမွေးဖွားဖို့အတွက် ခင်ဗျားရင်ထဲမှာ မုန်တိုင်းထန်နေဖို့ လိုတယ်´တဲ့
ဟုတ်တယ် မမရယ်..
မမက ကခုန်နေတဲ့ ကြယ်တစ်စင်း...
ကျနော်က ကောင်းကင်အသေ...
လူနှစ်ယောက် ဦးတည်ရာ မတူတဲ့အခါ ကြက်ခြေခတ်တဲ့ နေရာမှာပဲ ဆုံခဲ့ကြရတယ်ပေါ့...
ဘာတွေပဲဖြစ်ဖြစ် ...
မမဟာ ကျနော့်တစ်ကိုယ်စာ သိပ်လှတဲ့ ကြက်ခြေခတ်လေး
မှားတယ်ပဲပြောပြော မမဟာ သိပ်မှန်တဲ့ ကျနော့်ချစ်ခြင်းမေတ္တာ
အရာရာကို ကံကြမ္မာအပေါ်ပဲ ပုံချလိုက်တယ်
အဲ့လိုနဲ့ပဲ..ကြေကွဲခွင့် သက်တမ်းတိုးပါရစေတော့...မမရယ်..

ရိုးသားစွာ ချစ်ခဲ့ခြင်းဟာ ဝမ်းနည်းသိမ်ငယ်စွာ ကျန်ရစ်ခဲ့ရခြင်းပဲလေ
သာမန်လူငယ်တစ်ယောက်ဆိုတော့လည်း
ပြဿနာက နည်းနည်း အလွမ်းကများများ...
ချစ်ခြင်းတရားကို ကျနော် မယုံကြည်တော့ရင်တောင်
မမကိုတော့ ကျနော် ယုံကြည်နေဦးမယ်..


  • အရှိကို အရှိအတိုင်း ..အတည့်ကို vအတည့်အတိုင်း ရှိပါစေတော့

လက်ထဲက စက္ကူလေယာဉ်ပျံလေးလဲ လွှတ်ချလိုက်ပြီ
သွားလိုရာသွားပါစေတော့..မမရယ်

CHAOS &KHY SOE
""""MaMaism (2)""""
CHAOS
တိတ်တဆိတ်ပျံတက်သွားတဲ့ စက္ကူလေယာဉ်ပျံ တစ်စင်း။
ဒါမှမဟုတ်...။
ဝဲတက်သွားတဲ့ စီးကရက် မီးခိုးငွေ့။ညလိပ်ပြာ။မမ။
နာနာကျင်ကျင် ...။

ဘာမှမတတ်နိုင်ဘူးဗျာ။ကျနော် မမကို လွမ်းနေမိတာ။
ကျနော်သိတာပေါ့..ဒါကြယ်ကြွေတာပဲ။"ဖြာ"ခနဲ လင်းလက်ပြီး "ဖြုတ်"ခနဲ ကြွေဆင်းသွားတာ။ကျနော် သေတော့မှာပဲ။ဟုတ်တယ် ကျနော်က မမအတွက် ကြွေဆင်းသွားတဲ့ ကြယ်။

ကြယ်အကြွေတွေ မမလိုက်ကောက်ဖူးလား။ကျနော့်ကို အဲ့ဒိမျက်လုံးမျိုးနဲ့ မကြည့်နဲ့။ကျနော် မရူးဘူး။ကျနော်သိတာပေါ့။
"ဟော့ဘိစ်ရဲ့ အတွေးအခေါ်က ထာဝရဘုရားသခင် ဖန်းဆင်းရှင်ကို လက်မခံတဲ့ 'အနိဿရိယ နိမ္မာနဝါဒ'အပေါ် အခြေခံတာ"။ကျနော်ဘာမှမယုံဘူး။မမကိုပဲ ယုံကြည်တယ်။ထားလိုက်ပါဗျာ တကယ်က ကျနော် မမကို လွမ်းနေတာ။မမ ဘယ်ရောက်သွားတာလဲ။အတိတ်ဆိုတာ ပြန်တွေးလိုက်တိုင်း ပျော်ရွှင်ခဲ့ဖူးသမျှတွေက နာကျင်စရာ အဖြစ်နဲ့ ပဲ ပြန်လာတော့တာ။မမဟာ ကျနော့် အတိတ်ကာလပဲ။ပြန်တွေးတိုင်း ရယ်သံတွေက အစ သိပ်နာကျင်ရတယ်။မမ ပြန်မတွေးပါနဲ့။

**တချို့ ပုံပြင်တွေက "ဟိုး ရှေးရှေးတုန်းက " နဲ့ မ စ ကြဘူး
ဥပမာ - "ကျနော်တို့ အတူတူ ရှိကြရင် " ဆိုပြီး အစ ပြုတာမျိုးပေါ့။**

မမသိလား။ကျနော်က အချိန်ကို မယုံကြည်ဘူး။မမဘေးနား ရှိနေရင် ခဏလေးတွေပဲ။သေးလိစ်က ပြောတယ် ရေဓာတ်က အရာအားလုံးရဲ့ အခြေခံ တဲ့။မမကို တွေ့တဲ့အခါ ရေဓာတ်ကို ယုံကြည်မိပြန်တယ်။ဟီရာကလိတပ်စ်ကို စိတ်ထဲမှာ သတ်ပစ်လိုက်တယ်။မမက မြစ်တစ်စင်းမှ မဟုတ်တာ။ကျနော့် အရိုးထဲမှာ အကြိမ်ကြိမ် စီးဆင်းနေမှာပေါ့။ပန်းပွင့်လေးတွေက ပန်းပွင့်လေးတွေ အလျောက်၊မြက်ပင်လေးတွေက မြက်ပင်လေးတွေ အလျောက် လိုအပ်ကြသလို မမအတွက် ကျနော် ရူးမိုက်ပေးဖို့ လိုတယ်။စီးကရက်တွေ သောက်မယ်။ချောင်း ခဏခဏဆိုးမယ်။မမကို သတိရမယ်။

စိတ်နှလုံးကြည်မွေ့ဖွယ် ပြစ်ဒဏ်ခံရခြင်းဆိုတာ မမကို ချစ်နေရခြင်းပဲ။
ဥပမာ..သိပ်လှတဲ့ ရွှေငါးလေးတွေ လှောင်ကန်ထဲမှာ ကူးခတ်နေသလိုမျိုး။မမဟာ သိပ်လှတဲ့ အနာ။ဘယ်ဒဏ်ရာမှ မမလောက် မနာတော့ဘူး။ဘယ်လိုဆေးမျိုးနဲ့မှ မတိုးပါရစေနဲ့။ကျနော် ပျော်ပါတယ်။မမပိုပြီး ပျော်ပါစေ။ဂျယ်ရမီ ဘင်သန်..ပျော်ရွှင်ချမ်းမြေ့မှုပဓာန ဝါဒီ ။မမ ဖြစ်ပါစေ။

ဝါဖန့်ဖန့် မာကျူရီမီးရောင်တွေဆို ကျနော်သိပ်ချစ်တာ။သူတို့ကို ထိုင်ငေးနေကြ။အမှောင်ထဲမှာ မနေရဲဘူး။မမ မရှိတော့တဲ့ အခါ အားလုံးဟာ နှလုံးသားကိုမှ တတိတိ လှီးဖြတ်နေတဲ့ ရှုမျှော်ခင်းတွေချည်းပဲ။ကျနော် သေမှာပါ။ဒါမှမဟုတ် မမ ကျနော့်ကို လာသတ်ပါ။ချစ်ခြင်းမေတ္တာဆိုတာ ဆင်ခြင်တုံ့တရား မလာခင် ကြိုပြီး လာတတ်တယ်။ကျနော်သိပြီးသားပါ မမ။အနန္တဝိညာဉ်တော် ဝါဒမှာ ပြထားတယ်လေ။ထားလိုက်ပါဗျာ။ကျနော် မမကို သိပ်ချစ်တာ။ဒါ ကျနော့် မူရင်းပဲ။မရယ်ပါနဲ့ မမ။တစ်ခုခုဆို လက်ညှိုးထိုးရယ်ပစ်လိုက်တဲ့ ဒါဒါဝါဒီတွေကို သိပ်မုန်းတာ။ကျနော် မရယ်ဖြစ်တာ ကြာပြီ။

မမဟာ ကျနော် မဝယ်နိုင်တဲ့ ရှုမျှော်ခင်းပဲ။
ဘာမှ မတတ်နိုင်ဘူး။
တစ်သက်စာ ကျနော့် မျက်လုံးထဲမှာပဲ သိမ်းထားရတော့တာ။

ဘယ်သူမှ လာမကယ်နဲ့။ကျနော်က လူမမာ။မမကို ချစ်ရခြင်းမှာ နာဖျားပါရစေ။မမက မမစစ်လာဖို့ မမပိုဆန်ပေးပါ။ကျနော်မရူးဘူး။ဘဝကို မဆန့်ကျင်ဘူး။ချစ်ခြင်းတရားကို မဆန့်ကျင်ဘူး။ကျနော်ဟာ မမရဲ့ 'ဇရသုစရ'ပဲ။မမရှိနေပေးပါ။

မမရယ်..။
ကျနော်က ရုတ်တရက် ပျောက်ကွယ်ရခြင်းတွေကို နှစ်သက်တယ်။
မမ နေကောင်းပါစေ။

  • CHAOS
DEC/8/2015

**ဏေသစ်၏ စာသား

CHAOS

**နာကျင်ခြင်းဟာ..ချစ်ခြင်းမေတ္တာ**

သတိရစိတ်ဟာ ..အမာရွတ်ပေါ်ကဒဏ်ရာပဲ..
ငါ့လက်ကောက်ဝတ်ပေါ်က မင်းနာမည်လေး..ဘလိတ်ဓားနဲ့ လှီးပစ်လိုက်တယ်
ဟာသပဲ!!!!!
ဘယ်သူ့ အသဲကွဲဇာတ်လမ်းမှ ငါတို့လောက် သွေးစိမ်းရှင်ရှင်မထွက်ဘူး..
ဘုရားသခင်ဟာ..စေတန့်ကို ငရဲမှာပိတ်ထားပြီး..သူ့အစား မင်းကို လွှတ်လိုက်တာဖြစ်မယ်
အခုကြည့်လိုက်!!
ငါ့မှာ ဘာရာသီဥတုမှ မရှိတာကြာပြီ..
ငါမမြင်ရတော့ဘူး..ငါမကြားရတော့ဘူး..
တိတ်ဆိတ်ခြင်းဟာ..အရိုးကိုထိုးခွဲပစ်လိုက်ပြီ.

ဆက်သွယ်မှုလှိုင်းထဲ မူးမိုက်လဲကျ...
ချစ်ခြင်းမေတ္တာဟာ..ဆတ်ဆတ်ခါသွားတယ်
ချစ်ခြင်းမေတ္တာဟာ..ဆေးရုံပေါ်မှာ သတိလစ်သွားရပြီ..
အလင်းစတွေ ငါ့ကိုမြင်ခွင့်ပေးပါ...ငါ့ကိုမြင်ခွင့်ပေးပါ...
ငါအော်ပစ်လိုက်တယ်..အသံတွေ မထွက်တော့ဘူး.
မီးလိုပူနေတဲ့ အသံတွေကြားထဲ..ငါ့သူငယ်အိမ်တွေ အလုပ်မလုပ်တော့ဘူး..
စိတ်ဝိဥာည်ဟာ..အမှောင်ထုကြီးထဲ ထိုးစိုက်ကျသွားပြီ..
ငါ့ခံနိုင်ရည်တွေ...နင့်ရဲ့ ခပ်ထေ့ထေ့စကားတွေထဲ..ဒလှိမ့်ခေါက်ကွေး မျောသွားပြီ..
ငါမခံနိုင်တော့ဘူး..
ငါ့ကိုပေးပါ..ထုံကျင်စေတဲ့ ဝေဒနာတစ်ခု ငါ့ကိုပေးပါ...
ထုံကျင်စေတဲ့ ဝေဒနာတစ်ခု ငါ့ကို ခံစားခွင့်ပေးပါ..

ခ မ်းနားတဲ့ အထီးကျန်ခြင်း၊
စိတ်ပျက်လက်ပျက်ရယ်မောခြင်း..
နာကျင်တဲ့ ဟစ်အော်သံ.
.ငြီးတွားနေတဲ့ အမှောင်..
တစ်ယောက်ထဲ သေဆုံးနေရတဲ့ အဓိပ္ပာယ်တွေနဲ့ အသက်ဓာတ်မပါတော့တဲ့ မနက်ဖြန်တွေ..
ဘာမှ ..အရှိတရားမဟုတ်ဘူး..
ဘာမှ လာမပြောနဲ့တော့..အားလုံးဟာ..စောက်ပိုတွေ..
ခက်တယ်..ငါကလည်း စောက်ပိုပဲ..
ငါကလည်း..ရောမန္တိက ပဲ..
ငါကလည်း ..ခံစားမှုဝါဒီ နဲ့ သံသရာ ဝဋ်ဆင်းရဲကောင်..
ဘာထူးလို့လဲ...
ချစ်ခြင်းမေတ္တာဆိုတာလဲ 'ဖရီဒါခါလို'ရဲ့ ပန်းချီကားပဲ..
နာကျင်ခြင်းကို ဇိမ်ပြေနပြေ ခံစားနေရတာကိုက အရသာ..
သိပ်ရယ်ရတယ်..

"ငါ့ကိုယ်ငါထက် နင်ဆိုတဲ့ အတ္တပိုစွဲလာတော့..
ဘာမဆို စိတ်ကမဖြောင့်ဘူးး"
တိုးရှရှ အသံလေးဟာ..အမှောင်ထဲက သူစိမ်းပဲ..

"နောက်ဆို ငါခံစားရသမျှမျိုသိပ်ထားပါ့မယ်"
ဝမ်းနည်းနာကျင်ခြင်းဟာ ငါ့ခေါင်းကို ချောင်းရိုက်ပစ်လိုက်တယ်..

အရိပ်ရှည်သွယ်သွယ်လေး..
သူမ..သို့မဟုတ်..ချစ်ခြင်းမေတ္တာ...
တလက်လက်ထနေတဲ့ငါ့စိတ်ကို ဆေးခပ်ပစ်လိုက်တယ်..

ပြဿနာပဲ...
တဆစ်ဆစ်နာကျင်ရခြင်းကိုက ချစ်ခြင်းမေတ္တာရဲ့ အရသာ..
နာကျင်မှုတွေကို နင့်ဖုန်းရဲ့ my ring tuneထဲ ထိုးထည့်ပစ်လိုက်တယ်...
လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ..
လတ်တလောတွင် မဖြေကြားနိုင်သေးပါသဖြင့်...
...... ..... ......
ငါ့အသံနဲ့ငါ ကြေကွဲလို့ မဆုံးတော့ဘူး..
      ......နာကျင်မှုဟာ..ချစ်ခြင်းမေတ္တာ.......

CHAOS
**YMST၏ "ပျော်ပါစေ ချစ်သူ"ကဗျာနှင့် LAY PHYU၏ UNCONSCIOUS NIGHT သီချင်းအား ခံစားပါသည်..

**ငါ့ကဗျာကို ရင်ထိုး တစ်ခုလို မင်းရင်ဘတ်မှာ ထိုးထားလိုက် ဂျိုးဇက်ဖင်း......****

စိတ်တစ်ခုလုံး......
အမြီးထောင်ပြီး ချာချာလည်နေတဲ့ ပုရွတ်ဆိတ် တစ်ကောင်လို....
ငါက..
အလကားနေရင်းတောင် ထိုင်ပြုံးနေတဲ့ကောင်
အဲဒိ အပြုံးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေးဆုံးသွားတဲ့ တေးတစ်စ...
မင်း ရိုက်ချက်တွေ သိပ်..လှ..တယ်...
......... .......... ......... ..........

မင်းမသိတာလား မသိချင်ယောင်ဆောင်နေတာလား....

မင်းဟာ ငါ့တစ်သံသရာလုံး ပြဌာန်းထားတဲ့
သင်ရိုးညွှန်းတမ်း
မင်းအသံဟာ ငါ အကြားနာချင်ဆုံးသော ဒေသနာ
မင်းကို ချစ်တယ် လို့ ပြောရတာနဲ့
ကဗျာရေးနေရတာရယ်ဟာ
ငါအရှိုက်မက်ဆုံး`ယာမကာ´ပဲ

ရိုးရိုးလေး..
ငါက မင်းကို ချစ်တယ်
ဘာနဲ့မှ မတူအောင် ချစ်တယ်
မင်းဟာ ငါ့အတွက် သက်ရှိကဗျာတစ်ပုဒ်
ရုပ်နဲ့ နာမ်နဲ့ မတွဲမိလောက်အောင်
မင်းကို ငါချစ်တယ်
မင်းကြောင်ကလေး မင်းခြေဖမိုးကို တိုးဝှေ့နေသလိုမျိုး
မင်းကို ငါ ရိုရိုကျိုးကျိုးနဲ့ ချစ်ခဲ့တယ်

ငါ့ကို မေ့ပစ်လိုက်လို့ ပြောတုန်းကလဲ
မင်းငိုတာပဲ..
ငါအချစ်တွေအကုန်လုံး မင်းဆီမှာ အပ်လိုက်ပြီဆိုတော့မှ
မင်းက နောက်တစ်ယောက် ရှာပြန်ရော
မင်းက ဘယ်လို မိန်းမမျိုးလဲ ဂျိုးဇက်ဖင်း????

ငါက မင်းဆီလာဖို့ ပန်ဒိုရာ လက်ထဲက သေတ္တာကို ဆွဲလုတယ်
မင်းက နောက်ပစ်မှတ်ဆီ သွားဖို့ပြင်ဆင်တယ်
ဘာတွေလဲ ဘာတွေလဲ
ငါတို့ နှစ်ယောက် တွေ့ဆုံမှုဟာ
ဘုရားသခင် စေစားတာလား
ခပ်ပေါပေါ ကံကြမ္မာလား
ကစဉ့်ကလျား သီအိုရီလား
ရင်ဘတ်တစ်ခုလုံး ရှ,ရာတွေ ချည်း...
စိတ်ထဲ ရှိတဲ့အတိုင်း စာရွက်တွေပေါ်ချရေးလိုက်ရင်
အနန္တစကြဝဠာ တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကုန်တော့မယ်

တိတ်ဆိတ်တဲ့ ကုဒ် တစ်ခုဟာ
ကျွန်မ ရဲ့ ဒုတိယ ပစ်မှတ်ပဲ တဲ့
သေစမ်း.....လဲပြီးတော့သာသေလိုက်တော့
အဲ့လို ငါ့ကိုယ်ငါ အကျယ်ကြီး အော်ပစ်လိုက်တယ်
ဒီမယ် ဂျိုးဇက်ဖင်း.....
အသဲကွဲတာထက်
မိန်းမ တစ်ယောက်ရဲ့ သစ္စာဖောက်ခြင်း ခံရတာဟာ ခွေးကိုက်တာထက် နာတယ်

ထွက်သွား..ဂျိုးဇက်ဖင်း....အချစ်ဆိုတာ အလကားပဲ
အချစ်ဆိုတာ မကောင်းဆိုးဝါးရဲ့ သွားကြားမှာ ညပ်နေတဲ့ အသားစ
အချစ်ဆိုတာ ငါ့ဆောင်းခေတ် တစ်ခုလုံးက်ို တရွှမ်းရွှမ်း ရိုက်နှက်နေတဲ့
စေတန့် လက်ထဲက နှင်တံ..
မင်းဟာ မရိုးသားတဲ့ အစိုးရ
ငါမယုံကြည်နိုင်တဲ့ နိုင်ငံရေး
အဆိပ်အတောက်ဖြစ်စေတဲ့ အယူဝါဒ
မင်းဟာ ငါ့ဝိဥာည်ကို လာဟပ်နေတဲ့ ငရဲမီး
အသက်ဓာတ်ကို လှိုက်စားစေတဲ့ ကူးစက်ရောဂါ
မင်းဟာ ငါမတီးခတ်သင့်တဲ့ ဂစ်တာ တစ်လက်ပဲ

ထွက်သွား...ဂျိုးဇက်ဖင်း
ငါ့ဆီ ပြန်မလာနဲ့တော့.....
မင်းကို ချစ်မယ့်အစား သင်ဓုန်းဓားတွေကိုတက်နင်းပစ်လိုက်မယ်
အဆိပ်လူး မြှားတွေကို ရင်ဖွင့် ခံပစ်လိုက်မယ်
ဒီကဗျာနဲ့ငါ သစ္စာဆိုလိုက်ပြီ...
ငါ့ ကဗျာကို မှတ်ထားလိုက် ဂျိုးဇက်ဖင်း..
ရင်ထိုး တစ်ခုလို မင်းရင်ဘတ်မှာ
ထိုး...ထား...လိုက်...တော့...။

Chaos-ခေးအော့စ်

အချစ်မှာ သွေးအေးအေးနဲ့ ရယ်မောပစ်ဖို့ လိုတယ်
**********************************

ငါ့နံဘေးက သိပ်ကြည်နူးနေတဲ့ အထာနဲ့ဖုန်းပြောနေတဲ့ကောင်ကို ပိတ်ဆဲပစ်လိုက်တယ်
ကြောင်တောင်တောင်နဲ့ သိပ်သနားစရာကောင်းတဲ့ သတ္တဝါ....။
အသံသာသာလေးကြားရဖို့ ဘယ်ညာပြေးပြီးဆောင့်နေရတဲ့ ခေါင်းလောင်းဆံလိုပဲ
ကိုယ်က အဲ့လိုပဲမြင်တယ်...
ကျွတ်..ကျွတ်..ကျွတ်စ်.... ။

"တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ... သူတောင်းစားတစ်ယောက်က ကျန်တဲ့သူတောင်းစား တစ်ယောက်ဆီက ပိုက်ဆံကို မျှော်နေခြင်းပဲ"
#အိုရှိုး

သိပ်ရယ်ရတယ်...ငါရယ်နေမယ် အိပ်မက်ညို..။
တစ်ချို့အရာတွေက ငိုပစ်လို့မရတော့တဲ့ အခါ ရယ်ပစ်လိုက်ရတယ်ပေါ့
အချစ်က အလကားပါကွာ..အဲ့လို စိတ်ကိုသပ်ချပြီး ငါရယ်နေပါရစေ..။

`အချစ်ဆိုတာ စိတ်အမာရွတ်လေးတွေကို တစ်ယောက်နဲ့ တစ်ယောက် ပွတ်သပ် နှစ်သိမ့်ပေးရတာလေ´
ဟင်း..ပြောပေါ့...နှုတ်ခမ်းဖူးဖူးလေးမှာ အဆိပ်တေးသွားနဲ့
တယောထိုးသံကြားမှာ ငါ သေခဲ့တယ် ...
အသက်ရှူတယ်ဆိုယုံလေး ငါ...သေ...ခဲ့...ရ...
သတိရ စိတ်ဟာ ယင် ကောင်တွေလိုပဲ
ဒဏ်ရာဟောင်းကိုပဲ ဝိုင်းအုံနေတယ် ။

`အလှတရားဆိုတာ အလွန်ဆုံး အနှစ်၂၀ပဲ ခံတယ်´တဲ့
သူငယ်ချင်းတစ်ယောက်ကပြောတော့ ..
`ချစ်ခြင်းမေတ္တာဟာ ၂နှစ်တောင်မခံဘူး´လို့ ငါ့နှုတ်ခမ်းကို ဖိကိုက်ပြီးပြန်ပြောလိုက်တယ်
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် ငါက အဆိုးမြင်ဝါဒီ ပဲ
အချစ်မှာ သွေးအေးအေးနဲ့ ရယ်မောတတ်ဖို့လိုတဲ့အကြောင်း
မင်းကိုယ်တိုင် ငါ့အရိုးထဲထိ ထိုးသွင်းပစ်ခဲ့တာ ။

"အချစ်ဆိုတာ ကွဲကြေနေတဲ့ မှန်တစ်ချပ်ကို တစ်စစီ ပြန်ဆက်ပြီးမှ
ကွဲသမျှ ကြေသမျှ ..တဆစ်ဆစ် နာကျင်ခဲ့ရသမျှကို
နောက်တစ်ခါ ထပ်နာကျင်အောင် ပြန်ရိုက်ခွဲခြင်းပဲ..."

"အချစ်ဆိုတာ သေခြင်းတရားကို အရှင်လတ်လတ် ရှာဖွေခြင်း..
အချစ်ဆိုတာ ကိုယ့်ကိုယ်ကို အရစ်ကျ သေကြောင်း ကြံစည်ခြင်း"

အချစ်ဆိုတာ..အစွယ်လေးနဲ့....
အရွယ်ရောက်ပြီးသား အစွယ်လေးနဲ့..
အနာဂတ်ကို ပျောက်ရှစေတဲ့ အစွယ်လေးနဲ့
အတိတ် ဒဏ်ရာတွေထဲ ပြန်ပြန်ဆွဲခေါ်တတ်တဲ့ အစွယ်လေးနဲ့ပေါ့...
ယောက်ျားသားတွေဟာ...အဲ့ အစွယ်တွေကြားမှာ ဆတ်ဆတ်ခါအောင် သေနေကြရတယ် ငါ့အိပ်မက်ညို....။

`ရှင်တို့ ယောက်ျားတွေ လိုချင်တာ အတွေ့ကြုံရှိတဲ့ အပျိုစစ်စစ်ပဲ ဒါထက်မပိုဘူး´တဲ့
ဟင်း...ဟင်း...မင်းကရော ဘာထူးလဲ
အချစ်ကို အပြောင်အပျက်သဘောနဲ့ Foot Chain တစ်ခုလိုဆွဲထားချင်တဲ့ မိန်းမ
အချစ်ကို လက်ကိုင်ပဝါ အရောင်ရွေးသလို...
အပျင်းပြေ ကာတွန်းဖတ်သလို
စိတ်ပြေလက်ပျောက် နေကြာစေ့ ခွာစားသလို သဘောထားတဲ့ မိန်းမပဲ

မိန်းမတစ်ယောက်ရှေ့က ပိတ်နေရင် ဘုရားသခင်တောင် ဝင်လို့မရဘူးဆိုတဲ့ စကား...
သိပ်မှန်တယ် အိပ်မက်ညို....
မင်းဟာ သစ္စာမဲ့တဲ့ လျှာတစ်ချောင်းနဲ့ မကောင်းဆိုးဝါးမ ပဲ။
ငါ ရယ်နေလိုက်တော့မယ်....
သိပ်လှတဲ့ ဖန်ခွက်တစ်လုံး ကျကွဲသလိုပေါ့
ဘယ်တော့မှ အကောင်းပြန်မဖြစ်တော့ဘူး
ဟက်!!ဟက်!!!
အချစ်မှာ သွေးအေးအေးနဲ့ ရယ်မောပစ်ဖို့ လိုတယ်လေ....။

သိပ်ကြည်နူးတဲ့ အထာနဲ့ ဖုန်းပြောနေတဲ့ကောင်တွေ တွေ့ရင်တော့ ပိတ်ဆဲပစ်ဦးမယ်
သနားစရာ သတ္တဝါတွေ..
ကျွတ်...ကျွတ်...ကျွတ်စ်..... ။

Chaos
2/Aug/2014

##ဟောင်ဝပ်ဇာတွေကြားက ကလေးများသို့##

အသက်ရှူ တာကအစ
`သက္ကာယဒိဌိ´ကို ပယ်ထားတဲ့ ကလေးလေးတစ်ယောက်
အဖေ အမေ ပျောက်ကို လိုက်ရှာနေရဲ့...
........ ........ ...... .....
                 ....... ...... ........
တစ်ရက်ပဲ အသက်ရှင်မယ်ဆိုရင်
ကမ္ဘာကို ဖျက်ဆီးပစ်မှာပေါ့ဆိုတဲ့ စိတ်တွေနဲ့
ခေတ်ကိုက ဆုတ်ကပ်ကြီးပါ ကလေးရယ်...
ဂျင်းဘောင်းဘီဝတ် လူငယ်လေးတွေက
`ယဿာ နုဘာဝတော ယက္ခာ´
ခေါင်းပေါင်း တရမ်းရမ်နဲ့ လူတွေက
`ဖရုဿဝါစာ´တွေလွှတ်တယ်..
ကလေးရေ......
ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရ ဟာ
ဒီနေရာတွေ အတွက်တော့
`ဂြိုလ်သား´ဘာသာစကား တစ်ခုကွဲ့
ခုထိ..အဓိပ္ပာယ် ရှာမရဘူး...
       
`ထစ်´ခနဲရှိ စစ်ဖြစ်ချင်နေတဲ့ ခေတ်ကြီးထဲ
`အပစ်အခတ် ရပ်စဲရေး´ဆိုတဲ့ စကားကလဲ
`ဝတ်မှုံရွှေရည်´ဝိတ်မ,နေသလိုပဲ
ဘယ်လိုမှကို မအပ်စပ်တာကွဲ့
ရတဲ့နည်းနဲ့ ဖြေသိမ့်နေရတာပါပဲ ကလေးလေးရေ.....
`အတိတ်အကြောင်း တစ်လွှာ´ကြောင့်
`ပစ္စုပ္ပန် အကျိုး တစ်လွှာ´ဖြစ်ရတယ်ပေါ့
`ကံ-ကံ၏ အကျိုး´ကို ယိုးမယ်ဖွဲ့ရတာလဲ
အံသေနေကြပေါ့.....
         
ကချင်ပြည်နယ်မှာ
တစ်ဖက်နှင့် တစ်ဖက် ပစ်ချခဲ့ကြတဲ့
`ဟောင်ဝပ်ဇာ´တစ်လုံးဟာ
သိန်းလေးဆယ် တန်သတဲ့..
ဘုရား...ဘုရား!!!!!!
ယိုင်နဲ့နဲ့ စာသင်ခန်းလေးဟာ
`ဝုန်း´ခနဲ ပေါက်ကွဲသံ ကြားမှာ
ကြေမွခဲ့လေ သလား...
ဘုရား...ဘုရား..!!
ကလေးလေးရဲ့ မိဘတွေဟာ....
.......... .... ....
အဲဒိ အတွေးလေးဖြတ်ပြေးနေတုန်း
သူ့မျက်လုံးလေး ကြည့်လိုက်တော့
ဆွတ်..ပျံ့..ရီ..ဝေ..

`အလိုမရှိအပ်သော အာရုံကို အနိဌာရုံ ဟု ခေါ်၏´
အဘိဓမ္မာ ကျမ်းစာတွေချည်း ဖိဖိရွတ်နေရတယ်
         
ကလေးရေ....
နံပါတ်(၁) ခရိုနီကြီးတစ်ယောက်ရဲ့
တစ်ရက်ဝင်ငွေဟာ
သာမန်စစ်သား(၁၅၀၀၀)ကို
တစ်လ,လစာပေးလို့ရတယ် တဲ့
`ဘုရင်ခံချုပ်က နှစ်ယောက်စာ ဝတ်ထားလို့
ကျွန်တော် ဝတ်စရာ မလိုတော့ပါဘူး´ဆိုတဲ့
`မဟတ္တမ ဂန္ဒီ´နဲ့ မိတ်ဆက်ပေးလိုက်ချင်တယ်
ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပါပဲ
တစ်ကိုယ်ကောင်းဆန်တာကို
တရားစွဲလို့ ရရင်သိပ်ကောင်းမှာကွဲ့
. .........
 ရှက်တယ်ကွယ်...
ဧရာဝတီကို မချစ်တော့တာကို ...ရှက်တယ်
ငယ်ငယ်က အော်ကျက်ခဲ့ရတဲ့
စံပယ်တောင်,ကြေးစင်တောင်,
လက်ပံတောင်း တောင်.....ရှက်တယ်
မေ့လျော့ခံ ခြံစည်းရိုးက
အင်ဂျင်နီယာ စစ်သားလေး ၃ ယောက်...
ရှက်တယ်....
ရဟတ်ယာဉ် ပျက်ကျတဲ့ ခရိုနီကြီးကိုတော့
သဲကြီးမဲကြီး လိုက်ကယ်...ရှက်တယ်
မျက်စိတစ်ဖက်မှိတ်ထားတဲ့
Logo ကြီးရဲ့အောက်မှာ နေရတာ...
ရှက်တယ်....
...... ....... ......
မီးပျက်နေတဲ့ အခန်းထဲ
သတင်းစာဖတ်ရင်း ဓာတ်လိုက်ခံရတာကိုလည်း
ရှက်တယ်.....
ရည်းစားထားဖို့သက်သက်
တက္ကသိုလ်တွေ ဖွင့်ထားတာလည်း....
ရှက်တယ်......

ကလေးရေ.......
ချိုးဖြူငှက်ကလေးက
သံလွင်ခက်ကို ကိုက်ချည်ဖို့ဆိုတာ
ဒုလ္လဘ တရား တစ်ခုလိုဖြစ်နေတော့
တို့များမှာ ငတ်နေရတယ်
ငတ်တယ်ကွယ်....
.....ငတ်တယ်.........
Freedom from Fearကို ငတ်တယ်
Sympathyကို ငတ်တယ်
True Justiceကို ငတ်တယ်
Human Rightကို ငတ်တယ်
........ ......... ....
ရှင်တော် ဗုဒ္ဓကို ငတ်တယ်
ဒီမော့စ်သီးနီး ကို ငတ်တယ်
မဟတ္တမ ဂန္ဒီ ကို ငတ်တယ်
ဗိုလ်ချုပ်အောင်ဆန်း ကို ငတ်တယ်
မာသာထရီဇာ ကို ငတ်တယ်
ဒေါက်တာ ရှဝှိုက်ဇာကို ငတ်တယ်
ဘုန်းတော်ကြီး ဒစ်စမွန် တူးတူး ကို ငတ်တယ်
မာတင်လူသာကင်း(အငယ်) ကို ငတ်တယ်
သံမဏိ နှင်းဆီကို ငတ်တယ်
မာလာလာ ယူဆွတ်ဖ်ဇိုင် ကို ငတ်တယ်... 
.......ငတ်တယ်..... ...... 
ိုတို့များမှာ ငတ်နေကြရတယ်........

`နာ´တာထက် `ဆာ´တာဟာ ဆိုးပါသတဲ့
"သားက ဆာတာပါဗျာ
ငြိမ်းချမ်ရေးကို ဆာတာပါ"တဲ့
မှိုင့်ညို့နေတဲ့ မျက်ဝန်းအစုံရဲ့
မျက်ရည်စီးကြောင်းလေးတွေက.......
............ ........ ....... ....!!!!!

      Chaos- ခေးအော့စ်

***အချစ်က စားတယ် ဆိုဖီယာ***

ငါ့ကို မေ့ပစ်လိုက် ဆိုဖီယာ
ငါ့ စကားတွေကို မယုံနဲ့
မင်းစကားတွေလဲ ငါမယုံဘူး
'မိန်းမတွေရဲ့ ပုံမှန်စိတ်ဟာ `ရမ်´သုံးပက်သောက်ထားတာနဲ့ ညီတယ်'တဲ့
အဲ့တာ...
ငါသိပြီးသားကြီး ဆိုဖီယာရယ်
ငါကလဲ 'ဝီစကီ'ငါးပက်လောက်သောက်ပြီးမှ
မင်းကို စကားစပြောတာ

`ရှင့်မှာ ကြိုက်စရာ မိန်းမ အဲ့လောက်ရှားသလား´ ဆို
ငိုပစ်လိုက်စမ်း ဆိုဖီယာ
စိတ်လိုလက်ရ ငိုပစ်လိုက်
`ဂရိ ဒဏ္ဏာရီမှာ ဆိုဖီယာဆိုတာ
ဥာဏ်ပညာ´ဆို
`နယူတန်ခေါင်းပေါ်ကြွေတဲ့ ပန်းသီးကို
ဆိုဖီယာလို့ ခေါ်တယ်´ဆို
`ရီနေဆွန်း ခေတ်ကြီးဟာ
ဆိုဖီယာလို့ခေါ်တဲ့ ပန်းသီးကြောင့် စခဲ့တာ´ဆို
`အာဒံခူးလိုက်တဲ့ ပန်းသီးကို ဆိုဖီယာလို့ ခေါ်တယ်´ဆို
`အသဲခွဲနည်းဆိုတာ ကျွန်မအတွက်တော့
မွေးရာပါ ပရိုဂရမ်တစ်ပုဒ်´ဆို
ငါ ကိုင်ပေါက်လိုက်ရရင် တစ်စစီ ကြေမွကုန်တော့မယ်
အာ့တွေအကုန်လုံး
ကျမ်းစာအုပ်ထဲမှာ ထားခဲ့လိုက်တော့ ဆိုဖီယာ

ငါ့အတွက်တော့
မိန်းမတွေကို ယုံအောင်ပြောရတာ
ဖိနပ်ကြိုးထိုးရသလောက်တောင် မခက်ပေမယ့်
နားဖာချေး ကော်ရသလိုပဲ
သိပ်အရသာရှိတာ

`ရှင်က သိပ်တုံးတာပဲ´
အဲ့လိုပြောတုန်းက
မင်းမျက်လုံးတွေ အရောင် သိပ်လက်တယ် ဆိုဖီယာ
သိပ်ကြေကွဲမနေနဲ...့
အသဲကွဲတယ်ဆိုမှတော့ အထိအရှတော့ များမှာပေါ့

'မိန်းမတစ်ယောက်ကို တစ်ခါချစ်ရင်
နံရံကို ခေါင်းနဲ့ တစ်ခါဆောင့်ပါ 'တဲ့
ငါ့ခေါင်းမှာ ချုပ်ရာကြီးနဲ့ ဆိုဖီယာ
ငါ အဲ့လောက် မအ,တော့ဘူး
ကဲ..ကြည့်စမ်းကွယ်
ငါ ဘယ်လောက် ကြေးစားဆန်တယ်ဆိုတာ.....

သိပ်တော်တဲ့ မိန်းမတစ်ယောက်ရဲ့
အသဲခွဲပရိုဂရမ်ဟာ
သိပ်တုံးတဲ့ ယောက်ျား နဲ့တွေ့လို့ ကြောင်သွားတယ် ထင်ပ..
ကဲ..ကဲ .......
 အသက်၀၀ရှူ
သတိကို အသိစိတ်မှာကပ်ထား
ယောက်ျားတစ်ယောက်ကို ဘယ်လို ကြိုးညှိရမယ်ဆိုတာ သင်ထားလိုက်...
`အချစ်က စားတယ်´လို ငါပြောခဲ့သားပဲ ဆိုဖီယာရယ် ...

CHAOS
26/9/2013

Saturday 25 April 2020

#အိုရှိုး ( သို့မဟုတ် ) #ညရဲ့သခင်





အိုရှိုး ကို ဗုဒ္ဓဝါဒီ၊ မဟာယာနဂိုဏ်းသား၊ ဇင်ဘုန်းကြီး၊ ဘယ်ဝါဒီ ၊ ညာဝါဒီ စသဖြင့် ဘယ်လို တံဆိပ်ကပ်မလဲ မသိ။ နှစ်သက်ရာ တံဆိပ် ကပ်ပြီး ထားကောင်း ထားပါလိမ့်မယ်။ ဒါပေမယ့် သူဟောပြောခဲ့ရာ သဘော အများစု က ပုဂ္ဂိုလ်သတ္တဝါ ဘယ်သူမဆို ဘာတံဆိပ်မှ မကပ်မိစေဖို့ ဖြစ်ပါတယ်။ ဒီအတွေးရှိတဲ့ သူ တစ်ယောက်အတွက် သူ့ကိုရော ဘယ်တံဆိပ်နဲ့ ကပ်ပြီး ဘယ်လို နာမည် ပေး မလဲ။





မြန်မာပြည်မှာ အိုရှိုး ဆိုတဲ့ နာမည်ကို သိကြသူတွေ ရှိတယ်လို့ ဆိုပေမယ့် သိပ်အများကြီး မရှိဘူး။ ဇင်ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ဟိန္ဒူ၊ အိန္ဒိယ ဘာသာရေး၊ ဒဿန စသဖြင့် အဲ့နယ်ပယ် မှာ ကျင်လည် သူလောက်သာ အသိများကြမယ် ထင်ပါတယ်။ ဆရာပါရဂူက အိုရှိုး ရယ်လို့ တွင်တွင်ကျယ်ကျယ် မပြောခဲ့ပေမယ့် သူ့စာအုပ်တွေက အိုရှိုးရဲ့ အရိပ် စိုးမိုးထားတယ်လို့ ပြောထား ခဲ့တယ်။ ကျနော်မှာလည်း အလားတူပါပဲ ။ ဒါပေမယ့် ကျနော်က ဆရာပါရဂူရဲ့ ကြားခံ ဆက်စပ် ပေးတာကြောင့်သာ သိခဲ့ရတာ ဖြစ်ပါတယ်။



အခုနောက်ပိုင်း အိုရှိုးရဲ့ စာအုပ်တွေ တော်တော်များများ ကျနော့ဆီမှာ ရှိလာပါတယ်။ အိုရှိုး မူရင်းဘာသာ မဟုတ် တောင် အင်္ဂလိပ်လို အပြည့်အဝတော့ တိုက်ရိုက် ထိတွေ့ခွင့် ရတယ်။ အဲ့အထဲက ကြိုက်မိတာလေး ရှိခဲ့ရင် ကိုုယ်ထင်ရာ မြင်ရာနဲ့ ပေါင်းစပ်ပြီး တစ်ပုဒ်စ နှစ်ပုဒ်စ ရေးခဲ့တယ်။ အခုနောက်ပိုင်း ရေးသမျှမှာ လည်း အိုရှိုးရဲ့ စာတွေထဲက အာဘော်တွေ များပါတယ်။



တစ်နေ့က မိတ်ဆွေတစ်ယောက်က မေးတယ်။ “မင်းက အိုရှိုးလို့သာ ပြောပြောနေတာ၊ အိုရှိုးဆိုတာ ဘယ်သူလဲ” တဲ့ ။ ကျနော် ပြန်ရှင်းပြမယ့် အစား http://www.osho.com/, http://www.oshoworld.com/ တို့ကို ဝင်ကြည့်ပါ လို့ပဲ ပြောခဲ့လိုက်တယ်။ ဒါပေမယ့် ဟိုတစ်နေ့က ဆရာရဲထက်ရဲ့ အိုရှိုး စာအုပ် ထွက်လာပါတယ်။ ( ကျနော် မြင်ဖူးသလောက်မှာ – အိုရှိုးနဲ့ ပတ်သက်လို့ ဒီတစ်အုပ်က ထင်ထင်ပေါ်ပေါ် ပထမဆုံးပါ။



တကယ်လို့ ကျနော် မသိခဲ့ဘဲ အခြား ရှိရင်လည်း ပြောနိုင်ပါတယ် ) အဲ့အထဲက အိုရှိုးနဲ့ ပတ်သက်လို့ ဆရာရဲထက်ရဲ့ နိဒါန်းဟာ အိုရှိုး အတ္ထုပ္ပတ္တိကို သိလိုသူတွေ အတွက် အာသာ အနည်းငယ်တော့ ပြေလောက်မယ် ထင်ပါတယ်။



ဆရာ့စာက နည်းနည်း ရှည်နေပါတယ်။ သဘောတရားဆန်ဆန် တွေက ကြားမှာ နည်းနည်းပါနေတယ်။ အွန်လိုင်းပေါ် တင်လို့ လွယ်အောင် – ကျနော် သိမိသလောက်နဲ့ တစ်ချို့ ကို ဖြတ်တောက် ထားတယ်၊ တစ်ချို့ကို ဖြည့်စွက်ထားပါတယ်။

တကယ်လို့ အမှားအယွင်း တစ်စုံတစ်ရာ ရှိလာခဲ့ရင် ကျနော့ချို့ယွင်းချက်သာ ဖြစ်ပြီး၊ သဘောကျ နှစ်သက်နိုင်မယ် ဆိုရင်တော့ ဆရာရဲထက်ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်သာ ဖြစ်ကြောင်း လက်ခံပေး စေလိုပါတယ်။

ဇေယျ

……………………………………………………….

အိုရှိုး ( သို့မဟုတ် ) ညရဲ့ သခင်

( ၁၉၃၁ – ၁၉၉၀ )



အိုရှိုး ( Osho ) ရဲ့ စာပေလက်ရာ တွေနဲ့ ပတ်သက်လို့ နှစ်သက်သူတွေ ရှိသလို ၊ မနှစ်သက်သူ တွေလည်း ရှိတယ်။ အထူးသဖြင့် အိုရှိုးရဲ့ စကားလုံးတွေ ဟာ ပြောင်မြောက်တယ် ။ စူးရှထက်မြက်တယ်။ အိုရှိုး အကြောင်းကို လေ့လာတော့မယ် ဆိုရင် ပထမ ဦးဆုံး အရေးကြီးတာက လေ့လာမယ့်သူဟာ အလယ်အလတ်လမ်းစဉ် အတိုင်း စိတ်ထားနိုင်ဖို့။ ပျော့ပျောင်းတဲ့ သဘောထား ရှိဖို့ အဓိက လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အိုရှိုးရဲ့ ဟောပြောစကား၊ သူ့ရဲ့ ဒဿနတွေဟာ အစဉ်အလာနဲ့ လမ်းခွဲတယ်။ အနာဂတ် လူသား အသစ်ရဲ့ လွတ်လပ်မှုကို ရည်စူး ဟောပြောနေတာ တွေ ဖြစ်ပါတယ်။



အိုရှိုးဟာ သူ့ကိုုယ်သူ ဖြစ်တည်မှု ပဓာန ဝါဒီ ( Existentialist ) စစ်စစ် တစ်ယောက် ဖြစ်တယ်လို့ ယုံကြည်ထားသူ ဖြစ်တယ်တဲ့။



ဒါပေမယ့် ကမ္ဘာ့ စာပေ အနုပညာ နယ်ပယ်မှာ ရှိနေတဲ့ ဖြစ်တည်မှု ဝါဒီတွေနဲ့တော့ မတူဘူး။ Existentialism ဖြစ်တည်မှု ပဓာန ဝါဒကို ရှေ့ဆောင်ခဲ့ကြတဲ့ ကဲဂီးဂတ်၊ ပြင်သစ်စာရေး ဆရာကြီး ယန်းပေါဆတ် ( Jean Paul Satre: 1905 )၊ ဆိုင်မွန် ဒီဗူးဗွား ( Simone Debauvoir: 1908 ) နဲ့ အဲလ်ဘတ်ကမူး တို့ အယူအဆတွေဟာ အိုရှိုးရဲ့ သဘောထားတွေနဲ့ ခြားနားပါတယ်။

ဥပမာ ယန်းပေါဆတ်ရဲ့ ဖြစ်တည်မှု ပဓာန ဝါဒက ဘုရားမဲ့ အယူအဆဘက်ကို တိမ်းညွတ်တယ်။ မတ်စ်ဝါဒ ကို အစားထိုးချင်တဲ့ နိုင်ငံရေး အယူအဆ တစ်မျိုး ဖြစ်တယ်လို့ ဝေဖန်ရေး ဆရာတွေက အကဲဖြတ်ပါတယ်။ အိုရှိုးရဲ့ ဖြစ်တည်မှု ပဓာန ဝါဒကတော့ ဘာသာရေး သဘောတရားတွေနဲ့ ပေါင်းစပ်ထားတဲ့ ယုံကြည်မှု နည်းလမ်း တစ်ခု ဖြစ်တယ်လို့ ပြောနိုင်တယ်။



တစ်ဖက်မှာလည်း သူ့ရဲ့ ရေးသား ဟောပြောချက် အချို့ဟာ ဖြစ်တည်မှု ပဓာန ပညာရေး ဝါဒီ မာတင်ဘူဘာ ( Martin Buber 1876-1965 ) နဲ့ ဂျော်ဂျ် ကနီးလား ( George Kneller ) တို့ရဲ့ အတွေးအခေါ်မျိုးနဲ့ သွားနီးစပ်နေတာလဲ တွေ့ရပါတယ်။ နောက်တစ်ဖက်မှာ တရုတ်ဒဿန ဆရာ လောက်ဇူ ( Lao Tzu ) ရဲ့ ဒဿနတွေလည်း သွားတူနေတာမျိုး ရှိပါသေးတယ်။

အိုရှိုးဟာ လောက်ဇူနဲ့ ပတ်သက်လို့ အတွဲ ( ၅ ) တွဲ ရေးသားခဲ့ပါတယ်။ လောက်ဇူ ဟာ တရုတ်ဒဿန နယ်ပယ်မှာ စာပိုဒ်ရေ ( ၈၁ ) ပိုဒ်သာ ပါဝင်တဲ့ အတိုဆုံး အပါးဆုံး ကျမ်းစာ တစ်အုပ်တည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။



( ဒါကလည်း အကြမ်းဖျဉ်းအားဖြင့် ပြောရတာ ဖြစ်ပါတယ်။ အကျယ်ကိုတော့ နောက်ပို့စ်များ မှ ရှင်းပါမယ် ) ဒါပေမယ့် လောက်ဇူဟာ တရုတ်ဒဿန လောကရဲ့ ကနဦး ဆရာ ဖြစ်တယ်ဆိုတာ အိုရှိုး ကောင်းကောင်း နားလည် ခဲ့ပါတယ်။ ဒါကြောင့် လောက်ဇူ ဆိုတဲ့ အဲ့ဒီ တရုတ်ပညာရှိကြီး အကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် ရေးသား ထားခဲ့တယ်။ အလားတူပဲ ဂရိတွေးခေါ်ရှင် ပလေတိုနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြည့်စုံအောင် ရေးသား ခဲ့ပြန်တယ်။





ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ ဒဿန ဆရာ၊ အကျော်အမော် တွေ အကြောင်း သူ ဘယ်လိုပဲ ရေးခဲ့ ရေးခဲ့၊ အိုရှိုးက အိုရှိုးပဲ ဖြစ်နေမယ် ။ သူဟာ ဘယ်သူနဲ့မှ ထပ်တူမကျတဲ့ သူ့ အယူအဆ တစ်ခုလုံးကို သူ့ကိုယ်ပိုင် အတွေ့အကြုံထဲကနေ တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ လူ့ အနွယ်သစ် တစ်ရပ်ဟာ ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို အဓိကထားပြီး သူရေးခဲ့ ဟောပြောခဲ့တယ်။ အိုရှိုးဟာ လမ်းသစ် တစ်ခု၊ ဂိုဏ်းဂဏ တစ်ခုကို တည်ထောင်သူလို့ ယုံကြည်ထားကြတယ်။ ဒီနေရာမှာ သူ့ကို ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာတော့ အထက်မှာ ပြောခဲ့သလိုပဲ လွတ်လပ်တဲ့ အမြင်နဲ့ သူ့ကို ကြည့်မြင်ရမှာ ဖြစ်ပါတယ်။





လက်တွေ့ ဖြစ်ရပ်တွေအရ အိုရှိုးဟာ ရဲရင့်တဲ့ ဒဿန ပညာရှင်တစ်ဦး ဆိုတာရယ်၊ သူ့ယုံကြည်ချက်ကို ထွန်းကားအောင် စွမ်းဆောင်နိုင်သူ တစ်ဦး ဖြစ်နေတယ် ဆိုတာရယ်ဟာ အထင်ရှားဆုံးပါပဲ။ ခေတ်သစ် တရုတ် စာပေ ပညာရှင်တွေရဲ့ အကဲဖြတ်ချက်ကတော့ အိုရှိုးဟာ ၂၀ ရာစုရဲ့ လျှို့ဝှက်ဆန်းကြယ်သူလို့ တင်စားပြောဆိုတာကို တွေ့ရတယ်။





မြန်မာပြည်မှာတော့ အိုရှိုးစာပေနဲ့ အိုရှိုး အယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဘာသာပြန် ရေးသားသူဟာ စာရေးဆရာကြီး ပါရဂူပဲ ဖြစ်ပါတယ်။ ‘စိန္တာမယ’၊ ‘ဘာဝနာမယ’၊ ‘ကလေး ပြဿနာ’၊ ‘အတ္ထကထာ’ စတဲ့ စာအုပ်တွေဟာ အိုရှိုးရဲ့ လက်ရာတွေကနေ ပြန်ဆိုထားတာ ဖြစ်ပြီး ယနေ့ ဆရာပါရဂူရဲ့ စာပေလက်ရာ ရာခိုင်နှုန်း ၅၀ ကျော်ဟာ အိုရှိုးရဲ့ ဒဿနများနဲ့ ရောနှောနေတာကို တွေ့ရပါတယ်။



Early Days



အိုရှိုးရဲ့ အမည်ရင်းက ရဂျနီရှ် ( Rajanish ) ပါ။ ဟိန္ဒူ ဘာသာမှာ ရဂျနီရှ် ရဲ့ အနက်အဓိပ္ပာယ်ဟာ ညရဲ့ သခင် ဆိုတဲ့ အဓိပ္ပာယ်ကို ရပါတယ်။ ညဟာ အမှောင်ကို ကိုယ်စားပြုတဲ့ စကားလုံး ဖြစ်ပြီး၊ အမှောင်ထဲက သခင် ဆိုတာ အမှောင်ကိုခွင်း၊ အလင်းဆောင်နိုင်တဲ့ ရှေ့ဆောင် လမ်းပြ ကို ပြောတာ ဖြစ်တယ်။



အမှောင်ဟာ မကောင်းမှုရဲ့ သင်္ကေတ တစ်ခု ဖြစ်သလို အလင်းဟာ ကောင်းမှုကို ထွန်းညှိပြတဲ့ နိမိတ်ပုံလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမှောင်ရဲ့ သခင်ကြီး ရဂျနီရှ်ဟာ အလင်းကို ပိုင်ဆိုင်သူ ဖြစ်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက် ပါတယ်။



ရဂျနီရှ် ဆိုတဲ့ အမည်ဟာ အဓိပ္ပာယ် ရှိတယ် ဆိုပေတဲ့ နိုင်ငံတကာမှာတော့ အိုရှိုး ဆိုတဲ့ အမည်ကိုသာ ပိုလူသိများတယ်။ မျက်မှောက် ကာလမှာတော့ အိုရှိုးကို သိသလို၊ အိုရှိုး ဖောင်ဒေးရှင်း ( Osho Foundation ) ကိုလည်း ကမ္ဘာအရပ်ရပ်က သိနေကြပါပြီ။ သူ့ စွမ်းဆောင်နိုင်ရည်ကြောင့် ၂၀ ရာစု အတွင်း ကမ္ဘာအရပ်ရပ်မှာ အိုရှိုးရဲ့ နောက်လိုက် ၊ ဒါမှမဟုတ် အိုရှိုးဝါဒီ အမည်ခံတွေ ပေါ်ထွန်း လာတာကို တွေ့ရတယ်။





ဒါပေမယ့် အမေရိကန် အစိုးရနဲ့ ဥရောပ အစိုးရတွေက အိုရှိုးကို သိပ်မကြိုဆိုဘူး။ အိုရှိုး ကမ္ဘာလှည့် တရားဟောဖို့ ပြည်ဝင်ခွင့် တောင်းတော့ ဥရောပ နိုင်ငံ တော်တော်များများက ပြည်ဝင်ခွင့် မပေးဘူး။ ဒါဘာကြောင့်လဲလို့ စူးစမ်းကြည့်ရင် အိုရှိုးရဲ့ အတွေးအခေါ်နဲ့ စွမ်းဆောင်နိုင်မှု အပေါ် သူတို့ သံသယ ရှိကြလို့ပဲ ဖြစ်ပါတယ်။



ဘာသာရေး ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနဲ့ ဆက်နွယ်မယ့် ပြဿနာ တွေ ဖြစ်နိုင်ပါတယ်။ နောက်ဆုံး အိုရှိုးရဲ့ ကမ္ဘာပတ် အစီအစဉ်က မအောင်မြင်ဘဲ ရှိခဲ့ရတယ်။

ဘာသာရေး သမားတွေနဲ့ အရှေ့တိုင်း ဝါဒီ အချို့က အိုရှိုးဟာ Sex လိင်ကိစ္စတွေမှာ ပေါ့ပေါ့လျော့လျော့ ရှိတယ်-တင်းကျပ်တဲ့ သဘောထား မရှိဘူးလို့ ပြင်းပြင်း ထန်ထန် ဝေဖန်ကြတာတွေ လည်း ရှိပါတယ်။ ဒါပေမယ့် အိုရှိုးရဲ့ အယူအဆတွေ ကတော့-



လှုပ်ရှားမှုထဲမှာ တည်ငြိမ်မှုကို တည်ဆောက်တယ်။

အနှောင်အဖွဲ့ထဲမှာ လွတ်လပ်မှုကို ရှာဖွေတယ်။

အတ္တဟာ ရေခဲတောင်ပြင်ကြီးနဲ့ တူမယ်။ ပြင်းပြတဲ့ ဆန္ဒတွေ ငြိမ်းသတ်ပြီး စင်စစ် ငြိမ်းချမ်းမှုဆီကို သွားမယ်။



သေခြင်းတရားကို အစောကတည်းက သဘောပေါက်နားလည် ထားရမယ်။

စသဖြင့် – ဒါတွေဟာ အိုရှိုး အတွေးအမြင်တွေထဲက ထင်ရှားတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။





အိုရှိုးကို ၁၉၃၁ ခုနှစ်က အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသ၊ မက်ဒရာပါရာဒက်စ် ပြည်နယ်၊ ကုချဝါဒါ ရွာမှာ မွေးဖွားခဲ့တယ်။ Jabalpur ကောလိပ်မှာ ဒဿနိကဗေဒ အထူးပြုနဲ့ စိတ်ပညာ၊ ဘာသာတရား ကိုးကွယ်မှုဆိုင်ရာ ပညာရပ်တွေကို သင်ကြားခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ ( Sagar ) သာဂရ မြို့ တက္ကသိုလ်ရဲ့ ဒဿနပညာနဲ့ မဟာသိပ္ပံ ဘွဲ့ ရွှေတံဆိပ်ဆုကို ရရှိခဲ့တယ်။ နောက်ပိုင်း Jabalpur ကောလိပ်မှာ ပါမောက္ခ တာဝန် ထမ်းဆောင်ရင်း သူ့ရဲ့ နာမည်ဟာ ( Achary Rajanish ) အာစရိယ ရာဂျနီရှ် အဖြစ် ထင်ရှားကျော်ကြား လာခဲ့တယ်။



အိုရှိုးဟာ ပါမောက္ခ တာဝန်နဲ့ အိန္ဒိယ တစ်နိုင်ငံလုံးကို လှည့်လည်သွားရောက်ခဲ့ပြီး၊ သူ့ရဲ့ ယုံကြည်မှုကို ရှာဖွေ စူးစမ်းခဲ့တယ်။ လူအမြောက်အမြား နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ အမှန်မှာ အိုရှိုးဟာ ပါမောက္ခတာဝန်ကို မထမ်းဆောင်ခင် ၁၉၅၃ ခုနှစ်၊ မတ်လ ၂၁ ရက်၊ အသက် ၂၁ နှစ်မှာပဲ တရားရခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ တရားဆိုတာက သူကိုယ်တိုင် ရှာဖွေတွေ့ခဲ့တယ် ဆိုတဲ့ တရားကို ဆိုလိုတာပါ။ အဲ့လိုနဲ့ ၁၉၆၀ ခုနှစ်မှာ ဘာသာရေး ဂိုဏ်းတစ်ခုလို ဖြစ်လာတယ်။



 အိန္ဒိယ နိုင်ငံရဲ့ နေရာတော်တော်များများ မှာ အိုရှိုး နည်းစနစ်ကို ကျင့်သုံးတဲ့ တရားစခန်းတွေ ဖွင့်လှစ်ထူထောင်ခဲ့တယ်။ ၁၉၆၆ ခုနှစ် မှာ ပါမောက္ခ ရာထူးက နှုတ်ထွက်တယ်။ သူတီထွင် ခဲ့တဲ့ တရားပြ နည်းစနစ်သစ် ( Zorba the Buddha ) ကို အဲ့ဒီ တရားစခန်းတွေမှာ ပြသပေးခဲ့တယ်။ အဲ့နည်းတွေရဲ့ အနှစ်ချုပ်က လောကီ၊ လောကုတ္တရာ နှစ်ဖြာစလုံး အတွက် ပျော်ရွှင်ချမ်းမြေ့မှု၊ ကျေနပ်နှစ်သိမ့်မှု စတဲ့ ခံစားခွင့်တွေ ရရှိလာအောင် ပျိုးထောင်ပေးတဲ့ နည်းတွေ လို့ ဆိုကြပါတယ်။





စင်စစ်က အိုရှိုးဟာ အနောက်တိုင်း သိပ္ပံပညာနဲ့ အရှေ့တိုင်း ဉာဏ်ပညာကို အချိုးညီညီ ပေါင်းစပ်ပြီး၊ အသစ်ဖြစ်တဲ့ သင်ခန်းစာတစ်ရပ်ကို ပြည့်စုံ ကြွယ်ဝအောင် ဖန်တီး ပြုစုခဲ့သူလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူ့အနွယ်သစ်ဟာ ဘယ်လို အနှောင်အဖွဲ့မှ မရှိဘဲ လွတ်လပ်နေမယ်။ ဖြူစင်တဲ့ စိတ်နဲ့ မိမိကိုယ်တွင်းမှာ မိမိ အမှန်တရားကို မိမိ ပြန်ရှာတွေ့နိုင်ဖို့ ဦးတည်ပါတယ်။ အဲ့ဒီ အကျိုးဆက် အနေနဲ့ ၁၉၇၀ အစောပိုင်း ကာလ တွေမှာ အနောက်တိုင်းသား အများအပြားဟာ အိုရှိုး နောက်လိုက်တွေ ဖြစ်လာခဲ့ကြတယ်။ အထူးသဖြင့် ပညာရှင်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ပါတယ်။



၁၉၇၀ ခုနှစ်မှာ အိုရှိုးဟာ ဘုံဘေ ( မွန်ဘိုင်း ) မြို့ကို ရောက်လာတယ်။ အဲ့ဒီမှာလည်း တရားစခန်း ဖွင့်လှစ် ဟောပြောခဲ့ပြီး ၁၉၇၀ စက်တင်ဘာလမှာ ဟိမဝန္တာတောင်တန်းက မနာလီ မြို့မှာ တရားစခန်း အသစ်တစ်ခု ဖွင့်လှစ်ခဲ့ပြန်တယ်။





အဲ့ဒီမှာ ဘာသာရေး ဂိုဏ်းကြီး တစ်ခု စတင် ထူထောင်လိုက်ကြောင်း တရားဝင် ကြေညာခဲ့ပြီး အများက သူ့ကို ( Bhagawan Rajanish ) သူတော်စင် ရာဂျနီရှ် လို့ သူတော်စင် ဘွဲ့ပေးအပ်ခဲ့တယ်။ ဒါပေမယ့် အိုရှိုး အကြိမ်ကြိမ် ပြောခဲ့တာက သူဟာ သာမာန် လူတစ်ယောက်သာ ဖြစ်တယ်။ ဒါကြောင့် အခြား သာမာန်လူအများလည်း တရားကို ရှာတွေ့နိုင်တယ်။ မိမိရဲ့ ဖြစ်တည်မှု ၊ မိမိရဲ့ ဗလာကျင်းထားတဲ့ စိတ်နဲ့ မိမိကိုယ်ကိုယ် လူသား အသစ် ဖြစ်စေရမယ်။ စသဖြင့်။



Later



၁၉၇၄ ခုနှစ်မှာ အိုရှိုးဟာ ( Maharastra ) မဟာရဋ္ဌ ပြည်နယ်၊ ပူးနားမြို့ကို ရောက်တယ်။ အဲ့မှာလည်း တရားစခန်း ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီအချိန်မှာတော့ ရာဂျာနီရှ် ( ခ ) အိုရှိုးဟာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားစ ပြုနေပြီ ဖြစ်ပါတယ်။ အလားတူပဲ သူ့ရဲ့ ဟောပြောချက်တွေက ပိုပြီး ကျယ်ပြန့် ၊ ကြွယ်ဝလာတယ်။



ဗုဒ္ဓ၊ ယေရှု၊ မိုဟာမက်၊ ခရစ်ရှနား၊ ရှီဝ၊ မဟာဝီရ၊ ရှန်ဂရီလာ၊ နာရဒ စတဲ့ ဘုရား၊ သူတော်စင်တွေ အကြောင်း၊ လူ့လောက တစ်ခုလုံးမှာ ပေါက်ဖွား စီးမျောနေတဲ့ ဒဿန အခြင်းအရာ တွေ အကြောင်း သူဟောပြောခဲ့တယ်။ အဲ့လို ဒဿနတွေကို ဟောပြောရင်းနဲ့လည်း ကျင့်စဉ်ပိုင်းဆိုင်ရာတွေကို ပို့ချပေးခဲ့သေးတယ်။ ယောဂကျင့်စဉ်၊ တန္တရ၊ တာအို၊ ဇင်၊ ဆူဖီ၊ ဟာဒီသ စတဲ့ ဂိုဏ်း ဂဏ ဝါဒ ဆိုင်ရာ ပြဿနာတွေနဲ့ သူတို့ရဲ့ နည်းစနစ်တွေ အကြောင်း အသေးစိတ် ဟောပြောခဲ့တယ်။



ဒါတွေတင် မကသေးဘူး။ သူ့ခေတ်အခါက အိန္ဒိယ နိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ သူတော်စင်တွေ အကြောင်းကိုလည်း ချန်လှပ်မထားခဲ့ဘူး။ ဂုဏ်ပြု ပြောကြားတာလည်း ရှိသလို ဝေဖန်ရေး လည်း လုပ်ခဲ့ပါသေးတယ်။ ဥပမာ – မဟတ္တမဂန္ဒီ အကြောင်းကို အကောင်းဘက်က ပြောခဲ့သလို အဆိုးမြင် ဘက်က နေပြီးလည်း ထောက်ပြခဲ့တယ်။





သူ့နောက်လိုက် တပည့်အပေါင်းက အိုရှိုး ဟောကြားခဲ့တဲ့ တရားစာအုပ် အများအပြားထဲက လက်ရွေးစင် စာအုပ် ၆၀၀ ကျော် ကို ထုတ်ဝေခဲ့ပြီး ကမ္ဘာ့ဘာသာပေါင်း ၃၀ ကျော် ပြန်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အိုရှိုးက သူ့ရဲ့ ကိုယ်ပိုင်ဟောပြောပို့ချချက်တွေနဲ့ ပတ်သက်လို့ ဒီလို ပြောခဲ့ဖူးတယ်။ “ကျွန်တော် ဟောပြော နေတာဟာ ဝါဒ တစ်ခု မဟုတ်သလို ကြံစည်ရမယ့် နည်းနာ လည်း မဟုတ်ပါဘူး။ ကျွန်တော် ပေးချင်တာက လူသားတွေရဲ့လက်ရှိကနေ ပြောင်းလဲပေးမယ့် သိပ္ပံနည်းတစ်ခုပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။





၁၉၇၉ ခုနှစ် တစ်နေ့မှာ အိုရှိုး တရားဟောနေစဉ် အတွင်း လူတစ်ဦးက သူ့ကို လုပ်ကြံဖို့ ကြိုးပမ်းခဲ့တယ်။ ဒီလုပ်ကြံမှုက အောင်မြင်မသွား ခဲ့ပေမယ့် အိုရှိုးရဲ့ ကျန်းမာရေးက ရုတ်တရက် ဆိုသလို ဆိုးရွားသွားခဲ့တယ်။ ၁၉၈၁ နောက်ပိုင်းက စပြီး ဘယ်ဟောကြားမှုမှ မလုပ်ခဲ့တော့ပဲ ဝစီပိတ် နေလာခဲ့တယ်။ ၁၉၈၁ ခုနှစ် မှာ Osho Centre ဗုံးကွဲတဲ့ သတင်းထွက်လာတယ်။



အဲ့သတင်းဆိုးဟာ ကမ္ဘာအနှံ့ပြန့်သွားပြီး ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားချက် နှစ်မျိုး ထွက်ပေါ် လာခဲ့တယ်။ ပထမ တစ်မျိုးက အိုရှိုးဂိုဏ်းကို ဆန့်ကျင်တဲ့ အစွန်းရောက် ဝါဒီ တစ်ချို့က လုပ်ကြံဖောက်ခွဲတာလို့ ဆိုတယ်။ ဒုတိယ တစ်မျိုးက ပေးဆောင်ရမယ့် အခွန်အတုတ်တွေ များလို့ ဒါကို ရှောင်ထွက်ဖို့ အတွက် အိုရှိုး ကိုယ်တိုင်က ဗုံးခွဲခိုင်းတာလို့ ဆိုတယ်။ ဘယ်သူ ဘာပဲပြောနေနေ အိုရှိုးဟာ သူ့လမ်းအတိုင်း သူ ဆက်လျောက်သွားပါတယ်။



၁၉၈၁ ၊ ဇွန်လမှာ သူ့တပည့်တွေက အိုရှိုးကို အမေရိကန် နိုင်ငံကို ခေါ်ဆောင်သွားကြတယ်။ အမေရိကန် နိုင်ငံ အိုရီဂန် ဒေသမှာ မြေဧက ၆၄၀၀၀ အကျယ်အဝန်းကို အိုရှိုးဂိုဏ်းသားတွေက ဝယ်ယူလိုက်တယ်။ အိုရှိုးမြို့ကြီး တစ်မြို့လို ထူထောင်လိုက်ကြပါတယ်။ အဲ့ဒီ မြို့မှာပဲ အိုရှိုး တရားစခန်း၊ အိုရှိုးတက္ကသိုလ်တွေ တည်ဆောက် ဖွင့်လှစ်တယ်။ စီမံကိန်းတွေ ချပြီး ဆောင်ရွက်ခဲ့ကြတယ်။ အဲ့ဆောင်ရွက်ချက် တွေထဲက ရဂျနီရှ် ပူရမ် ( Rajanish puram ) ဟာ ကြီးကျယ် ထင်ရှားတဲ့ တရားရိပ်သာ မြို့တော် ဖြစ်ပါတယ်။



 ၁၉၈၁ ခုနှစ်တည်းက ဘာမှ မပြောတော့တဲ့ အိုရှိုးဟာ ၁၉၈၄ မှာ တရားစတင် ဟောပြောလာပါတယ်။ အမေရိကန် နိုင်ငံမှာ အိုရှိုးရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် အာဏာပိုင်တွေနဲ့ နောက်ပိုင်း ပဋိပက္ခ ဖြစ်လာခဲ့တယ်။ အိုရှိုးရဲ့ လှုပ်ရှားမှုတွေကို ပိတ်ပင် တားမြစ်တာတွေ ဖြစ်လာတယ်။ ၁၉၈၅ မှာ အမေရိကန် အစိုးရဟာ အကြောင်းအမျိုးမျိုးပြပြီး အိုရှိုးကို စွဲချက်တင်တယ်။ နောက်ဆုံးတော့ တရားစွဲဆို ထောင်ချလိုက်တယ်လို့ သိရတယ်။ ဘယ်ရွေ့ဘယ်မျှ ၊ ဘယ်လောက်ကြာကြာ – ဆိုတာနဲ့ ပတ်သက်လို့ စာရင်းတွေထဲမှာ အသေးစိတ် မတွေ့ရပါဘူး။



အမေရိကန် အစိုးရနဲ့ အဆင်မပြေဖြစ်ခဲ့တယ် ဆိုတာလောက်ပဲ အကြမ်းဖျင်းတွေ့ရတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ နောက်ပိုင်းမှာ မသမာသူတစ်ဦးရဲ့ လက်ချက်ကြောင့် အိုရှိုးဟာ ဟေလီယမ် ဓာတုဗေဒ အဆိပ် အခတ်ခံခဲ့ရတယ်လို့ သိရတယ်။ အဲ့ဒီ အဆိပ်ဟာ တဖြည်းဖြည်းနဲ့ မျှဉ်းပြီး ဒုက္ခပေးတဲ့ အဆိပ်မျိုး ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အမိနိုင်ငံ အိန္ဒိယကို ပြန်ရောက်လာခဲ့ပြီး၊ ၁၉၈၆ မှာ ကမ္ဘာ့လှည့် တရားဟောပြောဖို့ စတင် စီစဉ်ပါတယ်။



 ဒါပေမယ့် နိုင်ငံပေါင်း ၂၁ နိုင်ငံက အိုရှိုးကို ပြည်ဝင်ခွင့် မပေးဘူး။ အဲ့ဒီ နိုင်ငံတွေမှာ ဂရိ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ အင်္ဂလန်၊ အနောက်ဂျာမနီ၊ ဟော်လန်၊ ကနေဒါ၊ ဂျမေကာ၊ စပိန် စတဲ့ ဒီမိုကရေစီ နိုင်ငံတွေ ပါဝင်ပါတယ်။ ၁၉၈၆ ၊ ဇူလိုင်လမှာ ဘုံဘေ ( မွန်ဘိုင်း ) မြို့ကို ရောက်ရှိခဲ့ပြီး၊ ၁၉၈၇ ၊ ဇန်နဝါရီလမှာ သူ့ရဲ့ ဘူမိနက်သန် ပူနား မြို့ ( Osho Commune International ) ကျောင်းကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။



၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နေ့ ပူနားမြို့ အင်တာနေရှင်နယ် စင်တာမှာ သူတရားဟောနေတုန်း သူ့တပည့်သား တစ်သောင်းကျော်က သူ့ကို အိုရှိုး ( Osho ) လို့ သောင်းသောင်းဖြဖြ ဘွဲ့ပေးကြတယ်။ အဲ့အချိန်က စပြီး အိုရှိုး ဆိုတဲ့ အမည် တိတိပပ တွင်ကျယ်သွားခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။



 အိုရှိုး လို့ ဘာကြောင့် ခေါ်ရသလဲ ဆိုတာကိုတော့ ခန့်မှန်း အနေနဲ့ပဲ သိမိပါတယ်။ အဓိက ဖြစ်နိုင်တာက ဂျပန် ဘာသာစကားက ယူတယ်လို့ ထင်ပါတယ်။ ဂျပန် ဒဿန နယ်ပယ်က အိုရှိုးရဲ့ အတွေးအမြင်ကို လေးလေးစားစား ကြိုဆိုခဲ့ကြတယ်။ သူတို့ကပဲ အိုရှိုးလို့ စတင်သမုတ်ခဲ့ပုံ ရပါတယ်။ ဂျပန် ဘာသာစကားမှာ အိုရှိုး ဆိုတာ ကျောင်းထိုင် ဆရာတော်ကြီး လို့ အဓိပ္ပာယ် ရပါတယ်။ ၁၉၈၉ နောက်ပိုင်းမှာ အိုရှိုး ဆိုတဲ့ အမည်နဲ့ပဲ ကမ္ဘာတစ်ဝှမ်း နာမည်ကျော်ကြား သွားခဲ့တယ်။



မကျန်းမမာ ဖြစ်နေတဲ့ကြားက ၁၉၈၉ ၊ ဧပြီလကနေ ၁၉၉၀ ဇန်နဝါရီ ၁၆ ရက်နေ့ အထိ နေ့စဉ်မပျက် တရား ဟောပြော နေဆဲ ဖြစ်ပါတယ်။



ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ တရား မဟောပြောတော့ဘဲ ရုတ်တရက် နှုတ်ဆက်ပြီး အိပ်ဆောင်ကို ပြန်သွားခဲ့တယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သူ့ရဲ့ ဆရာဝန်က တရားခန်းမကို ရောက်လာတယ်။ အိုရှိုး တရား မပြနိုင်တော့ကြောင်း သတင်းပို့လာပါတယ်။ တပည့် ယောဂီ အပေါင်းက ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြရတယ်။ ဇန်နဝါရီလ ၁၉ ရက် ညနေ ၅ နာရီမှာ ဆရာကြီး အိုရှိုး ကွယ်လွန်သွားခဲ့ပါတယ်။



 အိုရှိုး ကွယ်လွန်သွားတာဟာ ၂၀ ရာစု ဒဿန နယ်ပယ် အတွက် အစားထိုး မရနိုင်တဲ့ ကွက်လပ်ကြီး တစ်ခု ဖြစ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဆရာ အိုရှိုးရဲ့ စွမ်းဆောင်ချက်တွေ ထဲမှာ ကမ္ဘာသူ ကမ္ဘာသားတွေ အတွက် အတိုင်းအတာ တစ်ခုအထိ အမြင်၊ အတွေး ပေးသွားခဲ့ပါတယ်။ သူ့စကား ၊ သူ့အယူ အဆတွေက လူတစ်ယောက်ရဲ့ နှလုံးသားထဲကို ၊ ဦးနှောက်ထဲကို စူးစူးရှရှ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့တယ်။

တကယ်က သူဟာ ကျေးလက်လူတန်းစား မိသားစု က မွေးဖွားလာခဲ့သူ ဖြစ်ပြီး ငယ်ရွယ်စဉ်က ဂျိမ်းဘာသာဝင် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။



သူရေးသားခဲ့တဲ့ ကျမ်းစာတွေ အနက် ထင်ရှားတဲ့ လက်ရာတွေက ဗုဒ္ဓ၊ ဥပနိသျှဒ်ကျမ်း၊ ဂီတာကျမ်း၊ မဟာဝီရကျမ်း၊ ဘဂဝါဂီတကျမ်း၊ ဟိန္ဒူ ဘာသာရေးကျမ်း၊ ကဗီရ၊ ဒါဒူ၊ ပလေတို၊ သုန္ဒရဒတ်၊ အရှ်တာဝကရ၊ မဟာဂီတ၊ နိဗ္ဗာန် စတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ အိုရှိုးဟာ အားလုံးထဲမှာ ဗုဒ္ဓကို ပိုပြီး အရိုအသေ ပေးခဲ့တယ်ဆိုတာ သူရေးသား ဟောပြောချက်တွေ မှာ တွေ့နိုင်ပါတယ်။ အိုရှိုး ရေးသားခဲ့တဲ့ ထာဝရ တည်မြဲနေသော ဓမ္မတရား ( သနန္တန ဓမ္မ – အမည်ဖြင့် ဆရာပါရဂူ ပြန်လည်ရေးသားခဲ့သည်။ ) ဟာ ဘုရားဟော ဓမ္မပဒ ဂါထာတော် အများကို သူ့အယူအဆသစ် နဲ့သူ အနက် အဓိပ္ပာယ် ချဲ့ထွင် ရေးသားခဲ့တယ်။ ဓမ္မပဒ ဋီကာသစ်တစ်ရပ်လိုတောင် ဖြစ်ခဲ့ပြီး နာမည် ကျော်ကြားခဲ့တယ်လို့ ဆိုပါတယ်။



တစ်တွဲကို စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ ဓမ္မပဒ ၁၂ တွဲကို ရေးသားခဲ့တယ်။ The Book of Ego, The Book of Man, The Book of Women စတဲ့ သူ့ရဲ့ စာအုပ်တွေ မှာလည်း အံ့ဩစရာ ကောင်းတဲ့ အတွေးအခေါ်၊ စူးရှတဲ့ အရေးအသား တွေကို တွေ့ရပါလိမ့်မယ်။ သူ့စာပေတွေဟာ ရိုးရှင်းတယ်၊ ရဲရင့် ပြတ်သား တယ်။



 အမြဲ သတိရနေကြမယ့် သူ ဆိုလေ့ ရှိတဲ့ စကားက –





“ရိုးရှင်းမှုဟာ ရေနဲ့ လေလိုပဲ၊ ဖြစ်ချင်တာတွေ ဖြစ်နေပါစေ- ရှိချင်တာတွေ ရှိနေပါစေ- အဲ့ဒီ ရှိနေ ဖြစ်နေတာတွေက ထွက်ပြေးဖို့ မကြိုးစား ဖို့ပါပဲ။ ဖြစ်ရှိတဲ့ အတိုင်း သိမြင် နားလည်ပြီး နေထိုင်နိုင် ရမယ်။ ဒီလို သိမြင် လက်ခံပြီး ကျင့်ကြံ နေထိုင်သွားခြင်း အားဖြင့်သာ ပြောင်းလဲမှု ဆိုတာ သူ့အလိုလို ဖြစ်လာ ပါလိမ့်မယ်။ အဲ့ပြောင်းလဲမှုက ခင်ဗျားကို ပိုမိုမြင့်မားတဲ့ နေရာ ယူဆောင် သွားပါလိမ့်မယ်”



မူရငျး blog post



http://sharevideo1.com/v/Q0wxekd3TlVXWlk=?t=ytb&f=sy







အဓိပတိကမ်မ

Saturday 11 April 2020

သေခြင်းတရားတွေက လူဘဝရဲ့ အဆုံးသတ်
ဖြစ်ပါတယ်။
သေခြင်းတရားဟာ ကြောက်ရွံ့ခြင်းတရားတွေကို
ဖြစ်ပေါ်စေတာ မဟုတ်ပါဘူး။
ကြောက်ရွံ့ခြင်းတွေ မရှိခြင်းဟာ. သေချင်းတရားမှာမှ
တွေရှိရမှာ ဖြစ်ပါတယ်။
လူတွေ တော်တော်များများက သေချင်းတရားကို ကြောက်ရွံ့နေကြပါတယ်။

ဒါပေမယ့် လူတိုင်းကြုံရမယ် ဆိုတာ သိကြပါတယ်။
မသိချင်ရောင် ဆောင်သူတွေလည်း ရှိသလို့
သတိမေ့သူတွေလည်း အများကြီးရှိပါသည်။

တကယ်တမ်းတော့ သေချင်းတရားဟာ မေ့သင့်မေ့ထိုက်သောအကြောင်းအရာ မဟုတ်ပါဘူး။

သေချင်းတရားကို မေ့နေခြင်းက မနက်ဖြန်ကို မေ့နေခြင်းတစ်မျိူးပါပဲ။

သေရမှာ မေ့နေသော လူတွေဟာ သေရမှာ ကြောက်နေကြတယ်။

ဒီနေ့ နဲ့ မနက်ဖြန်
ငါတို့လုပ်နေတာတွေဟာ
နောင်ဘဝအတွက် ဘယ်လောက်ပါသလဲ
သံသရာ အတွက် ဘယ်လောက်ပါသလဲ
လောကကောင်းကျိူး ဘယ်လောက်ပါသလဲ

အားလုံးလုပ်နေသော မကောင်းမှု ပဲ ဖြစ်ဖြစ်
ကောင်းမှုပဲ ဖြစ်ဖြစ်သံသရာအတွက် အထောက်အကူ ဖြစ်မဲ့ အကြောင်းအရာ တွေပါပဲ
လောက လူသားတွေ စဉ်းစားသင့်တယ်
လောဘ ဒေါသ မောဟတွေဟာ
နောင်ဘဝထိ ပါလာမယ် ဆိုတာတွေကို အားလုံး
နားလည်သင့်တယ် သဘောပေါက်သင့်တယ်။

အကျွန်ုပ်တို့ အားလုံးရဲ့ ရှေ့မှာ သေချင်းတရား
ရှိနေတယ်၊ ကျွန်တော်အား ရှေ့ကို ပဲ လျှောက်နေတယ်
ဒါပေမယ့် ရှေ့ကို လျှောက်သော ခြေလှမ်းတွေ မှာ
မကောင်းမှုတွေ များနေမယ် ဆိုရင် လူဘဝထက် နှိမ့်ကျသော ဘဝမျိူးတွေကု ရောက်မယ်။

ရှင်းရှင်းလေးလောကကြီးကို မရှင်းမလင်းလုပ်ချင်သော
လူတွေက လောကမှာ အများရှိနေခြင်းက လူ့လောကကြီးကို နောက်သို့ ပို့ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

သေချင်းတရားဟာ ဘဝအကူးပြောင်း ကာလ ဖြစ်ပါတယ်။ အကူးအပြောင်း ကောင်းအောင် အသက်ရှင်နေချိန်တွေမှာ ကောင်းတာတွေပါ လုပ်သင့်ပါတယ်။
သေရဲသောသတ္တိတွေကို ကုသိုလ်တွေကသာ မွေးမြုပေးနိူင်ပါတယ် ဒါတွေကိုလည်း မသေခင်အချိန်မှာပဲ
လုပ်ဆောင်လို့ ရပါတယ် ။
မသေခင်အချိန်မှာ လောဘ ဒေါသ မောဟ အကုသိုလ်
ကင်းအောင် နေချင်းက မိမိ၏ သံသရာ ကို အကောင်းမွန်ဆုံး လျှောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။

အားလုံး အားလုံး အားလုံး
သေချင်းတရား ရင်ဆိုင်ရဲသော သတ္တိ
လောဘ ဒေါသ မောဟ ကင်းနိူင်သော စိတ်ထားတွေကို မွေးမြုနိူင်အောင် ကြိုးစားရင်း အသက်ရှင်နေထိုင်စေချင်ပါတယ်။
ကျွန်တော် အားလုံးဟာ သေမိန်ကျပြီးသာ အကျဉ်းသား
တွေ ဖြစ်နေတာကို မမေ့စေချင်ပါ ။

Please share now©®©®
        Credit; အဓိပတိ ကမ္မ
                    13-11-2017

Tuesday 7 April 2020

ချစ်ခြင်းမေတ္တာကို သံယောဇဉ်ရှိသူ
တွေက သင်တယ်

အမုန်းတရားကို လူအမည်ခံ
တွေက သင်တယ်

ဥပက္ခာတရားကို ကိုယ်ချစ်ရသူက
 ွ သင်တယ်

ယူလို့မကုန်တဲ့ ဘဝအတွေ့အကြုံ သင်ခန်းစာတွေကိုတော့
လူတွေက သင်ပေးတယ်။

တစ်ကယ်တော့ လောကကြီးက ဆရာတွေစုဝေးရာ

ကိုယ့်ကိုယ်ကိုယ်ဆရာထင်နေသူတွေကို ဟားတိုက်နေမလား လောကကြီးရေ။

မင်းကြောင့်✉

မင်းအကြောင်းတွေ ကဗျာတွေ ရေးဖွဲ့
မင်းသိအောင် ကဗျာတွေ ဖတ်ပြချင်တယ်၊

မင်းအကြောင်းတွေ ကာရန်တွေ ရေးဖွဲ့
မင်းနားလည်အောင် ကာရန်တွေ ရေရွတ် ပြချင်တယ်၊

မင်းအကြောင်းတွေ စာတွေ ရေးချ
မင်းသဘောပေါက်အောင် ရှင်းပြချင်တယ်၊

ဒါတွေက တကယ်တော့ အိမ်မက်တစ်ခုလိုပဲ လွင့်ပျောက် သွားတာဟာ မင်းသုံးနှုန်းလေ့ရှိတဲ့ စကားအချို့ကြောင့်ပဲ ဆိုတာကို မင်းနားမလည်းသေးတာလား
မင်းနားမဝင်သေးတာလား
တစ်ခုခုတော့ တစ်ခုခုပဲလေ .......
          အဓိပတိကမ္မ
           ၂၅.၁၁.၂၀၁၆
လူတစ်ယောက်ကိုတွေ့လို့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း ဖြစ်ရတယ်ဆိုတာ
အဲဒီလူနဲ့သက်ဆိုင်တာထက်
အဲဒီလူကို တို့နှလုံးသားနဲ့ခံစားရွေးချယ်ထားလို့ မဟုတ်လား
ရှင်နွေရယ်.......!
ငါရဲ့ နှလုံးသားတစ်စုံကို
စက္ကန့် တိုင်း ထိန်းချူပ်ပြီး
အဖွင့်အပိတ်လုပ် ကာ
ကွဲအက်သွားတဲ့ ငါနှလုံးသားကို
နင်ယူကာ အမှိုက်ပုံးလေးထည့်သွားခဲ့တာ
ငါမသိခဲ့လိုမှ မဟုတ်တာ
ရှင်နွေရယ်........!!!©®|®

ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး

မနက်ဆို
မြင်ချင်တဲ့စာသားလေးက
Good morning....
သို့သော် ဖုန်းထဲ
ညက သတင်းဆိုးတွေကြည့်ရင်း
ဇဝေဇဝါ နိုးလာရတာကြာပြီ။

ဆရာဝန်လေးကပြောတယ်
သူအိမ်မပြန်တော့ဘူး တဲ့
သူ့ကိုကူးစက်ရင် သူပြန်ထနိုင်စွမ်းရှိတယ်
သူ့မိသားစုကို ကူးရင်တော့
အရာရာ အမှောင်ကျနိုင်လို့ပါ တဲ့
ဆရာဝန်လေးလည်း ဆေးရုံမှာကြာပြီ
ဆေးဝါးနဲ့အကာအကွယ်တွေ မပြည့်စုံပေမယ့်
သူက ဘယ်တော့မှ
အရှုံးပေးမှာမဟုတ်ဘူး။

အဆိုတော်လေးကဆိုတယ်
အရင်လို အချစ်သီချင်းတွေမဟုတ်ဘူး
ညှိုးနွမ်းတဲ့ မျက်နှာပေးနဲ့
နာကျင်တဲ့စာသားတွေ ရွတ်တယ်
လူလူချင်း အမုန်းကင်းစင်ပြီး
အချစ်တွေဝင်ကြဖို့ အမြဲထည့်ဆိုတယ်
ကျန်းမာရေးသာ အဓိကလို့အမြဲထည့်ဆိုတယ်
ကိုယ်လုံးကို ဘယ်ညာယိမ်းပြီး
သူ့မျက်ရည်မကျအောင် ထိမ်းနေတာကြာပြီ
အဆိုတော်လေးက
ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။

အလုပ်သမားလေးကပြောတယ်
အစိုးရကြီး အဆင်ပြေလား တဲ့
maskတစ်ခုတန်ဖိုးက မနက်စာပဲ
ဘတ်စကားပေါ်မှာတော့
၃ပေလည်းမခွာနိူင် ၃လက်မလည်းခွာမရ
ဘဝနဲ့အစာအိမ်ကို
Lock down လုပ်မရခဲ့ဘူး
stay home ချင်ပေမယ့်
ဒီနေ့လည်း အလုပ်သွားရပြန်တယ်
အလုပ်ကလည်း စစ်မြေပြင်ဆန်လွန်းလှရဲ့
ဒီနေ့ရတဲ့လုပ်အားခဆိုတာ
မနေ့ကအကြွေးဆပ်ဖို့ဖြစ်ခဲ့တာ ကြာပြီ
ချို့တဲ့ပေမယ့်
ဘယ်တော့မှ
အရှုံးပေးမှာမဟုတ်ဘူး။

ပေါက်ခေါင်းက သူငယ်ချင်းကပြောတယ်
လန်ဒန်က သူငယ်ချင်းကပြောတယ်
နယူးယော့က သူငယ်ချင်းကပြောတယ်
သူတို့လည်း ဘယ်တော့မှ
အရှုံးမပေးဘူး တဲ့
အောင်ပွဲကသေချာလို့ ပြောတဲ့စကားပေါ့
လက်နက်ကိုင်တွေလည်း ပြောတာပဲ
မြေကြီးကို မီးမွှေးခဲ့မိတာ
ခုနေခါ နောင်တရပါပြီ တဲ့
နိူင်ငံရေးတာဇံတွေကပြောတယ်
ုကြုံတိုင်းပါတီစွဲရတာ
နောင်တရပါပြီ တဲ့
ဒီလိုပါပဲ
နောင်တဆိုတာ နောင်မှရတာလည်း
သမိုင်းအဆက်ဆက်ကြာပြီ
ဒီမြေကြီးကို လူတွေကမချစ်ရင်
ဘယ်သူချစ်မလဲ
ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။

ခရစ်ယာန်တစ်ယောက်က
ဘုရားသခင်ကို ဆုတောင်းတယ်
ကပ်ဆိုးကို ဖယ်ရှားပေးပါ တဲ့
ဗုဒ္ဓဘာသာတစ်ယောက်က
ရတနသုတ်ရွတ်တယ်
လူတွေရောဂါဘယကင်းစေချင်တဲ့ စေတနာနဲ့
ဒီလိုပဲ အစ္စလာမ်ဖြစ်ဖြစ် ဟိန္ဒ ူဖြစ်ဖြစ်
ယုံကြည်မှုမှာ အားကိုးရှာတာလည်းကြာပြီ
ကိုဗစ်ကိုနိူင်ရင် ပြီးတာပဲလေ
ဘယ်ဘုရားကမှ အရှုံးပေးမှာမဟုတ်ဘူး။

ကပ်ဆိုး တဲ့
တဖြည်းဖြည်းကပ်ကပ်လာတယ်
တဖြည်းဖြည်းဆိုးဆိုးလာတယ်
လူနဲ့ဗိုင်းရပ်စ် စစ်ပွဲမှာ
အကျအဆုံးများခဲ့တာလည်း ကြာပြီ
ဒါပေမဲ့ မင်းရောငါရော အားလုံက
ရင်ဆိုင်တိုက်ပွဲဝင်ဆဲပေါ့
တို့ပိုင်တဲ့ ကမ္ဘာကြီးရဲ့အနာဂတ်အတွက်...

ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး
ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး
ဘယ်တော့မှ
အရှုံးပေးမှာမဟုတ်ဘူး။

စုမောင်မောင်
၃ ၄ ၂၀
နံနက်ခင်းစောစော ကော်ဖီခါးခါး

ကျွန်တော်အဓိပတိ ကော်ဖီတစ်ခွက်
သောက်တယ်၊
ပထမ တော့ အရမ်းပူလောင်တယ်၊
အရမ်းလည်း ခါးသက်တယ်၊
ဒါပေမယ့် ကျွန်တော်သောက်လက်စ
ကော်ဖီလေးကို ဆက်လက်သောက်နေတယ်၊

အပူရှိန်လေး မပြောပသလောက်
လျော့ကျသွားပါပြီ၊
ဒါပေမယ့် ပိုမို ခါးသက်လာတယ်၊

ခါးသက်မှုအပြည့် အပြည့်ရှိနေလည်း
ယခု ခါးလည်း ခားသက်နေပါစေ၊

တစ်ချိန်ကြ ချိုမိန်လာလောက်ပါတယ်ဆိုတဲ့
အတွေးလေးတစ်ခုနဲ့ ဆက်ပြီး ကော်ဖီကို သောက်နေသော်လည်း 

ကော်ဖီခါးခါး တစ်ခွက်ကတော့ ကုန်ဆုံးကာ နီးလာပါပြီ၊

ငါနားလည်ပါပြီကွာ 

  ဒါဟာ
ကျွန်တော်အတွက် နံနက်ခင်း
ကော်ဖီခါးခါး တစ်ခွက်ရဲ့

အမှတ်တမဲ့ အမှတ်တရ လေးပါ၊

ကော်ဖီခါးခါး ကို ကော်ဖီလိုပဲ တွေးကြည့်ပါ...........!!!!!!
အခြားဟာတွေကို တွေးတောခြင်း စိတ်ကူးယဉ် ကြည့်ခြင်း မလုပ်လိုက်ပါနဲ့

အခြားသော အချက်တွေက
ယခု ကျွန်တော်သောက်နေတဲ့

ကော်ဖီ ခါးခါးထက် အရသာ ပိုမို ခါးသက်သက်သက် ဖြစ်သွားလိမ့်မယ် 
______________________
 Credit __အဓိပတိလုလင် ကမ္မ

..........................................
ဘယ်တော့မှ မမေ့ကြပါနဲ့

ကားတွေမောင်း လည်းမမေ့ကြပါနဲ့

ဖုန်းတွေမြင်တိုင်းမမေ့ကြပါနဲ့

ဧရာဝတီ မြင်တိုင်း မမေ့ကြပါနဲ့

ရွှေတိဂုံ မြင်တိုင်း မမေ့ကြပါနဲ့

နိူင်ငံ ရေး အကျန်းသားတွေ မြင်တိုင်း မမေ့ပါနဲ့

NLD အားလုံးကို ထောင်ထဲက ထုတ်ပေးတာ အမြဲတွေးကြပါ

အခမဲ့ ပညာရေး တွေ့မြင်တိုင်း မမေ့ကြပါနဲ့

ရခိုင် အရေးအခင်း တွေးတိုင်း မမေ့ကြပါနဲ့

မိထ္တီလာကို မြင်တိုင်း မမေ့ကြပါနဲ့

OIC ကိစ္စတွေးတိုင်း မမေ့ကြပါနဲ့

ကင်တားနား မြင်လည်း မမေ့ကြပါနဲ့

ဗီဇာ ကင်းလွှတ်ခွင့် တွေ မြင်လည်း မမေ့ကြပါနဲ့

လမ်းတံတားတွေ တွေ့လည်း မမေ့ကြပါနဲ့

လစာတိုးတာတွေ တွေးတိုင်း မမေ့ကြပါနဲ့

မျက်စိ ထဲမြင်သမျှကို ဘယ်တော့ မှ မမေ့ကြပါနဲ့ ဗျာ

ဘယ်သူဘာပြောပြော ကျွန်တော် ရင်ထဲမှာဘယ်တော့မှမေ့လို့ ရမှာမဟုတ်ဘူးဗျ

အရာအားလုံး အတွက် ဘဘကြီးဦးသိန်းစိန်ကို
ရင်ထဲမှာ မေ့ဖျောက်ဖို့ ဘယ်တော့မှ ကြိုးစားမှာ မဟုတ်ဘူး

PYAEPHYOAUNG

Please share now
ကြောင်သူတော်ကြွက်သူခိုးဆိုတာ ဘယ်လိုမျိုးလဲ

လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကားက
အရမ်းမှန်ကန်ပါတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့
ဘယ်တော့မှ အတွင်းစိတ်ကို မသိနိုင်ပါဘူး။ လူတစ်ယောက်
အကြောင်းကို သေသေချာချာ ပေါင်းကြည့်တဲ့ အခါမှ သူ့ရဲ့
ဟန်ဆောင်မှုတွေနဲ့ ဖုံးကွယ်ထားတဲ့ စိတ်နေသဘောထားက
အတ္တကြီးပြီး ဟန်လုပ်တတ်တဲ့သူမှန်း သိလာစေပါတယ်။
လူတစ်ယောက်ဟာ ကြောင်သူတော် ကြွက်သူခိုးတစ်ယောက်မှန်း
သိသာစေတဲ့ အချက်တွေကို ပြောပြရရင်တော့
၁) သူပြောတဲ့အတိုင်း ဘယ်တော့မှ မလုပ်ဘူး။ သူတို့က အမိန့်တွေ၊
အကြံဥာဏ်တွေပေးရတာကို နှစ်သက်ပေမဲ့ သူတို့ ပေးတဲ့အကြံ
အတိုင်းတော့ ဘယ်တော့မှ မလုပ်တတ်ပါဘူး။ ငါပြောသလိုလုပ်
ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ လူစားမျိုးတွေ ဖြစ်ပါတယ်။
၂) ကိုယ့် အမှားကို အမြဲရှာပြီး ပြောနေတတ်တယ်။ သူတို့ကိုသူတို့
ပြီးပြည့်စုံအောင် တော်တဲ့သူတွေလို့ထင်အောင် လုပ်တတ်ပြီး သူများ
အပြစ်ကို အမြဲရှာဖွေတတ်တယ်။ ဘယ်လောက်သေးငယ်တဲ့
အမှားဖြစ်ပါစေ ပုံကြီးချဲ့ပြီး ပြောတတ်တယ်။
၃) စည်းမျဉ်း ဥပဒေတွေကို ဘယ်တော့မှ မလိုက်နာတတ်ဘူး။
သူတို့ကို သူတို့ ဥပဒေရဲ့ အထက်မှာရှိတဲ့သူလို့ အမြဲထင်တယ်။
စည်းကမ်းချက်တွေ ထုတ်တတ်ပြီး ဒီစည်းကမ်းချက်တွေက သူတို့
လိုက်နာဖို့ မဟုတ်ဘဲ ကိုယ်လိုက်နာဖို့ပဲ ထုတ်ထားတဲ့ စည်းမျဉ်း
တွေ ဖြစ်တတ်တယ်။
၄)သူတို့ပဲ အမြဲခံရတဲ့သူတွေ ဖြစ်အောင် လုပ်ပြတတ်တယ်။
သူတို့အမှားလုပ်ပြီး သူတို့့ပဲ ခံရတဲ့သူတွေဖြစ်သလိုလို ဇာတ်နာအောင်
လုပ်တတ်တာ မာယာများတဲ့ လူတွေရဲ့ အကျင့်ပဲ ဖြစ်ပါတယ်။သူတို့
ဘယ်လောက်မှားမှား တခြားတစ်ယောက်ကို အပြစ်ပုံချပြီး
ကိုယ်လွတ်ရုန်းတတ်တယ်။
၅) သူတို့က အားလုံးထက် သာလွန်ထက်မြက်နေတဲ့ ပုံစံမျိုး
လုပ်တတ်တယ်။ သူများကို နှိမ့်ချပြောဆိုတတ်ပြီး အထင်မကြီး
တတ်ဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီးအမြဲ ပြောဆိုတတ်တယ်။ကိုယ်က
လွဲရင် တခြားသူတွေက ဘာမှအရေးမပါဘူးလို့ ယူဆထားတတ်တယ်

သူငယ်ချင်းတွေကိုလည် ပြန် Share ပေးခဲ့ပါဦးနော် ....

Wednesday 1 April 2020

#တိုင်းပြည်ကို မြှင့်လိုလျှင်(ဆရာအောင်သင်း)

လူက တိရိစ္ဆာန်ထက်သာသည်ဟုဆိုနိုင်သည်။
သို့သော် တိရိစ္ဆာန်က လူထက်သာသောနေရာပေါင်းများစွာ ရှိသည်။
ေ ခွးတစ်ကောင်းသည် သူ့သခင်၏အနံ့ကို ခွဲခြားသိနိုင်သည်။
ဆင်သည်လူထက်အားကြီးသည် လူသည် ငါးလောက် ရေမကူးနိုင် သမင်းပြေးသလောက် မပြေးနိုင်။
 သို့သော် လူကဉာဏ်ပညာကြီးသည်။ ထို့ကြောင့် မိမိထက် အင်အားကြီးသော ဆင်ကိုချွန်းပေါက်ပြီး သစ်ဆွဲခိုင်းသည်။သမင်ကို လေးမြားဖြင့် ပစ်ခတ်စားသောက်သည်။
ဤသို့အားဖြင့် လူသည်ဉာဏ်ပညာကို လက်နက်ပြပြီး တိရိစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်။

လူကပညာကြီးသောကြောင့် တိရိစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်ဆိုပါလျှင်

 လူအချင်းချင်းတွင်လည်း ပညာကြီးသူက ပညာနည်းသူကို လွှမ်းမိုးနိုင်မည်သာသဘာဝပင်ဖြစ်သည်။
 ထို့အတူ ပညာကြီးသောလူမျိုးက ပညာနည်းသောလူမျိုးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။
 ထို့ကြောင့် မိမိတိုင်းပြည်နှင့်လူမျိုးကို မြှင့်တင်လိုသည်ဆိုပါလျှင်
 မိမိ တိုင်းပြည်နှင့်လူမျိုးကို စောင့်ရှောက်လိုသည်ဆိုပါလျှင်
ပညာမြင့်အောင် ကြိုးစားကြပေလိမ့်မည်။

လူ အများအပြော နဲ့ဆုံးဖြတ်လို့ မရဘူး။
နိူင်ငံရေးဆိုတာ ရပ်ကွက်ထဲ အတင်းပြောသလို ပြောနေလို့ မရပါဘူး...။
ကိုယ်ပိုင်တွေးခေါ်နိူင်စွမ်းရှိရလိမ့်မယ် ။

Please share now©®©®

         အဓိပတိ ကမ္မ

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...