#တိုင်းပြည်ကို မြှင့်လိုလျှင်(ဆရာအောင်သင်း)
လူက တိရိစ္ဆာန်ထက်သာသည်ဟုဆိုနိုင်သည်။
သို့သော် တိရိစ္ဆာန်က လူထက်သာသောနေရာပေါင်းများစွာ ရှိသည်။
ေ ခွးတစ်ကောင်းသည် သူ့သခင်၏အနံ့ကို ခွဲခြားသိနိုင်သည်။
ဆင်သည်လူထက်အားကြီးသည် လူသည် ငါးလောက် ရေမကူးနိုင် သမင်းပြေးသလောက် မပြေးနိုင်။
သို့သော် လူကဉာဏ်ပညာကြီးသည်။ ထို့ကြောင့် မိမိထက် အင်အားကြီးသော ဆင်ကိုချွန်းပေါက်ပြီး သစ်ဆွဲခိုင်းသည်။သမင်ကို လေးမြားဖြင့် ပစ်ခတ်စားသောက်သည်။
ဤသို့အားဖြင့် လူသည်ဉာဏ်ပညာကို လက်နက်ပြပြီး တိရိစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်။
လူကပညာကြီးသောကြောင့် တိရိစ္ဆာန်များကို လွှမ်းမိုးနိုင်ခဲ့သည်ဆိုပါလျှင်
လူအချင်းချင်းတွင်လည်း ပညာကြီးသူက ပညာနည်းသူကို လွှမ်းမိုးနိုင်မည်သာသဘာဝပင်ဖြစ်သည်။
ထို့အတူ ပညာကြီးသောလူမျိုးက ပညာနည်းသောလူမျိုးကို လွှမ်းမိုးနိုင်ပေလိမ့်မည်။
ထို့ကြောင့် မိမိတိုင်းပြည်နှင့်လူမျိုးကို မြှင့်တင်လိုသည်ဆိုပါလျှင်
မိမိ တိုင်းပြည်နှင့်လူမျိုးကို စောင့်ရှောက်လိုသည်ဆိုပါလျှင်
ပညာမြင့်အောင် ကြိုးစားကြပေလိမ့်မည်။
လူ အများအပြော နဲ့ဆုံးဖြတ်လို့ မရဘူး။
နိူင်ငံရေးဆိုတာ ရပ်ကွက်ထဲ အတင်းပြောသလို ပြောနေလို့ မရပါဘူး...။
ကိုယ်ပိုင်တွေးခေါ်နိူင်စွမ်းရှိရလိမ့်မယ် ။
Please share now©®©®
အဓိပတိ ကမ္မ

No comments:
Post a Comment