Friday 26 June 2020

ဆွေး ၆

အချစ်ရဲ့ ကြည်နူးမှုက ငါ့ တစ်ဘဝလုံးထိ အလေးအနက် ယစ်မူးမှတော့ ရင်နာလည်း ဆက်ချစ်နေရအုံးမှာပါ ။

သံယောဇဉ် မခိုင်လည်း နင့်ကိုငါ ခိုးခိုးကြည့်ပြီး အရင်ကကြည်စယ်ခဲ့တဲ့ ရင်ခုန်သံတွေကို ကြည်နူးစွာ ခံစားနေမှာပေါ့ ။

အချစ်ကို ဗန်းပြပြီး နှခမ်းဖျားတွေနဲ့ ငါကိုဖမ်းစားခဲ့တယ် ၊ အခုတော့ ဗရမ်းပတာ င့ါအချစ်ကို နင့်က ပစ်ခွာခဲ့ပြီးပြီပဲ ငါတို့အချစ်တွေ အသစ်ကနေ အဟောင်းပြောင်းသွားတာ အဆန်းအပြား မဟုတ်ပါဘူး မိရှင်နွေ ။

ငါတို့ကြားမှာရှိတဲ့ အတားအဆီးတွေကို တိုက်ဖျက် ိချင်တယ် ၊
တစ်ယောက်နဲ့တစ်ယောက် ဇာတ်ရံတွေမပါပဲနဲ့ ကြည်နူးချင်မိတယ် ။
ငါ့ မှာ ဒီလိုမျော်လင့်ချက် နေ့ရက်လေး ခပ်သေးသေးလေး တစ်ခုပဲ ရှိခဲ့တာပါ မိရှင်နွေ ။

ငါဘက်ကသာ မျှော်လင့်နေရတာ နင့်ဘက်က အခြားလူတွေနဲ့ ပေါ်တင်တွဲပြီး ငါအချစ်ကို နင်းခြေကာ ငြင်းပြစ်ခဲ့တုန်းက ငါ ငြင်းခုံ ခဲ့ဖူးလို့လား မိရှင်နွေ ၊ ငါ ငြင်းဆန် ခဲ့ဖူးလား ။
နင် ဖြေစမ်းပါအုံး ။

ငြင်းဆန်ဖို့လည်း ငါမှာ ခွင့်အားလည်း မရှိဘူး ၊ နင့်ဘက်ကလည်း ခွင့်ပြုမပေးခဲ့ဖူးဘူး။
ငါလည်း အတိတ်ကို သတိရတိုင်း လူဖြစ်ချင်စိတ်တောင် တဖြေးဖြေးနည်းပါးလာပြီ မိရှင်နွေ
အနာဂတ်ကို တွေးတာတွေ ငါထည့်မပြောချင်တော့ဘူး ရှင်နွေရယ်

ငါနင့်ကို အရမ်းချစ်တယ် ရှင်နွေ

ငါ ဘဝထဲက ဘယ်တော့မှ ရုန်းမထွက်လိုက်နဲ့ ရှင်နွေ
ငါနင့်ကို ချစ်နေချင်သေးတယ် ။
ရင်နာနာနဲ့ပေါ့ ။

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား မိရှင်နွေ ။

ဒုတိယ အဆင့်တောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် ရှင်နွေနဲ့ကျွန်တော် အဝေးကြီးပဲ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ ကျွန်တော် မေ့ပစ်လို့ရမယ် မထင်ဘူး ။

ရှင်နွေ နှခမ်းများက ရှိရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး မိရှင်နွေ

အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊
ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်

အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းတွေလည်း ရှင်နွေဘက်က ကင်းရှင်းစွာ
သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူးလေ ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ လေသံတွေနဲ့ပဲ ပင်လယ်ပြာပြာမှာ အပြာရောင်အချစ်တွေနဲ့ ရွက်လွင့်ရင်း
နင့်အချစ်ကို ငါမျှော်လင့်နေပါတယ် မိရှင်နွေ ။

တစ်ခါလောက်တော့ နင့် နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငါ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမ္မ
              30AUG2018                   

Uni
.
.
.
ဆွေး ၆

အချစ်ရဲ့ ကြည်နူးမှုက ငါ့ တစ်ဘဝလုံးထိ အလေးအနက် ယစ်မူးမှတော့ ရင်နာလည်း ဆက်ချစ်နေရအုံးမှာပါ ။

သံယောဇဉ် မခိုင်လည်း နင့်ကိုငါ ခိုးခိုးကြည့်ပြီး အရင်ကကြည်စယ်ခဲ့တဲ့ ရင်ခုန်သံတွေကို ကြည်နူးစွာ ခံစားနေမှာပေါ့ ။

အချစ်ကို ဗန်းပြပြီး နှခမ်းဖျားတွေနဲ့ ငါကိုဖမ်းစားခဲ့တယ် ၊ အခုတော့ ဗရမ်းပတာ င့ါအချစ်ကို နင့်က ပစ်ခွာခဲ့ပြီးပြီပဲ ငါတို့အချစ်တွေ အသစ်ကနေ အဟောင်းပြောင်းသွားတာ အဆန်းအပြား မဟုတ်ပါဘူး မိရှင်နွေ ။

ငါတို့ကြားမှာရှိတဲ့ အတားအဆီးတွေကို တိုက်ဖျက် ိချင်တယ် ၊
တစ်ယောက်နဲ့တစ်ယောက် ဇာတ်ရံတွေမပါပဲနဲ့ ကြည်နူးချင်မိတယ် ။
ငါ့ မှာ ဒီလိုမျော်လင့်ချက် နေ့ရက်လေး ခပ်သေးသေးလေး တစ်ခုပဲ ရှိခဲ့တာပါ မိရှင်နွေ ။

ငါဘက်ကသာ မျှော်လင့်နေရတာ နင့်ဘက်က အခြားလူတွေနဲ့ ပေါ်တင်တွဲပြီး ငါအချစ်ကို နင်းခြေကာ ငြင်းပြစ်ခဲ့တုန်းက ငါ ငြင်းခုံ ခဲ့ဖူးလို့လား မိရှင်နွေ ၊ ငါ ငြင်းဆန် ခဲ့ဖူးလား ။
နင် ဖြေစမ်းပါအုံး ။

ငြင်းဆန်ဖို့လည်း ငါမှာ ခွင့်အားလည်း မရှိဘူး ၊ နင့်ဘက်ကလည်း ခွင့်ပြုမပေးခဲ့ဖူးဘူး။
ငါလည်း အတိတ်ကို သတိရတိုင်း လူဖြစ်ချင်စိတ်တောင် တဖြေးဖြေးနည်းပါးလာပြီ မိရှင်နွေ
အနာဂတ်ကို တွေးတာတွေ ငါထည့်မပြောချင်တော့ဘူး ရှင်နွေရယ်

ငါနင့်ကို အရမ်းချစ်တယ် ရှင်နွေ

ငါ ဘဝထဲက ဘယ်တော့မှ ရုန်းမထွက်လိုက်နဲ့ ရှင်နွေ
ငါနင့်ကို ချစ်နေချင်သေးတယ် ။
ရင်နာနာနဲ့ပေါ့ ။

ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား မိရှင်နွေ ။

ဒုတိယ အဆင့်တောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် ရှင်နွေနဲ့ကျွန်တော် အဝေးကြီးပဲ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ ကျွန်တော် မေ့ပစ်လို့ရမယ် မထင်ဘူး ။

ရှင်နွေ နှေခမ်းများက ရှိရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး မိရှင်နွေ

အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊
ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်

အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းတွေလည်း ရှင်နွေဘက်က ကင်းရှင်းစွာ
သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူးလေ ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ လေသံတွေနဲ့ပဲ ပင်လယ်ပြာပြာမှာ အပြာရောင်အချစ်တွေနဲ့ ရွက်လွင့်ရင်း
နင့်အလျစ်ကို ငါမျှော်လင့်နေပါတယ် မိရှင်နွေ ။

တစ်ခါလောက်တော့ နင့်နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ

  • ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငါ ငုတ်တုတ်မေ့

နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမ်မ
              30AUG2018                   

#PhotoByAmaraBo
ရည်းစားဆိုတာ အပျော်သဘောမျိုးနဲ့ပဲ ဖြတ်သန်းခဲ့တဲ့ ငါ ။
အခုတော့ ရည်းစားကြောင့်ပဲ အပျော်မရှိပဲ ငုတ်တုတ်မေ့ နေတာကို ကြည့်ပြီး နင် ကျေနပ်ပျော်ရွှင်နေလား ။

နင့်အတွက် ဒုတိယ နေရာတောင်မရှိခဲ့တဲ့ အခြေအနေကို ရပ်ကြည့်ရင်း တဖြေးဖြေး ဘေးကိုရောက်သွားခဲ့တာ
အခုဆိုရင် နင်နဲ့ငါ ဒဏ်ရာတွေအပြည့်နဲ့ ဝေးကွာသွားခဲ့ရှာပြီ ။

မျက်နှာလေး နီရဲကာ ရှက်ပြုံး ပြုံးတဲ့ ရှင်နွေ အပြုံးတွေကိုတော့ မေ့ပစ်လို့မလွယ်ကူမှန်း သိနေပေမယ့် မေ့ပစ်ဖို့ကြိုးစားရတော့မယ် ။

ရှင်နွေ နှခမ်းများက ရှီရှဲဒိုး နှခမ်းနီနီတွေကလည်း ကယ်တင်မလိုလိုနဲ့ ကျွန်တော် အချစ်တွေကို ပြစ်ချက် မရှိပဲနဲ့ ပစ်ချနင်းခြေက ထွက်သွားခဲ့ပြီ ၊

ဘာကိုမှလည်း စဉ်းစားလို့ မရတော့သလို
ဘာကိုမှလည်း တွေးလို့မရတာ့ဘူး ဒါပေမယ့်
အတူတူနေချင်တာ မနက်ကနေညနက် အထိပဲလေ ၊

ဘာလို့ မိုးလင်းကနေ မိုးချုပ်ထိ လွမ်းရအောင်
အသက်အောင့်ပြီး နမ်းခဲ့တဲ့အနမ်းများနဲ့ ငါ့ အ ချစ်ကို ဖမ်းစားခဲ့ရတာလည်း ငါ သိတယ်
ငါမှာ ဘာအမှားမရှိပဲနဲ့ ပြစ်ဒဏ်ကြီးကြီး ကျခံနေရသလို ခံစားနေရတာတွေ နင်မမြင်နိူင်တော့ဘူး ။

ဘယ်သူမှ မကင်းနိူင်တဲ့ အချစ်နဲ့ ကျွန်တော်လည်း ကင်းလွတ်ခွင့် မရခဲ့ဘူး ။
ဒါပေမယ့် ဖြုစင်ခြင်းကင်းရှင်းစွာ
မဖြစ်ခဲ့တဲ့အချစ် သံယောဇဉ်ကြိုး တွေ မခိုင်မာခဲ့ဘူး ။

အရာရာအသစ်တွေနဲ့ မပြောင်းလဲသေးတဲ့ ချစ်သူရဲ့
အပြုံးတွေနဲ့ ပဲ ပင်လယ်ပြင်က ကောင်းကင်ပြာပြာမှာ အပြာရောင်အချစ်တွေ ရွက်လွင့်ရင်း
နင့်အချစ်ကို ငါမျှော်လင့်နေပါတယ် ။

တစ်ခါလောက်တော့ နင့် နှခမ်းတွေကို ငါကြိုက်တဲ့ ဆေးရောင်လှလှလေးတွေ ဆေးခြယ်ခွင့်ရသေးရင် ငါကို ရွေးချယ်ပေးပါ မိရှင်နွေ ။

နောင်ကို အခါအခွင့်သင့်လို့ အချစ်ကို ရွေးချယ်ခွင့်ရခဲ့ရင် ငါ့ဘဝထဲကနေ ဘယ်တော့မှရုန်းထွက်မသွားတဲ့ အချစ်တွေနဲ့ပဲ ပျော်မွှေ့ချင်တယ် ရှင်နွေ။

ရှင်နွေရေ
ဘာမဟုတ်ညာမဟုတ်လို့ နင်ပြောခဲ့တဲ့ ဒီအချစ်တွေ နဲ့ ငုတ်တုတ်မေ့
နေခဲ့တာ ကြာခဲ့ပါပြီ ။

             #အဓိပတိကမျမ

Wednesday 17 June 2020

★ မဘသ ဘာတွေ သင်ပေးသလဲ★ ဲ
*********************************
✉ ဓားကိုင်ဖို့ သင်မပေးဘူး၊
      တရားထိုင်ဖို့ သင်ပေးတယ်။

✉ လည်ဖြတ်ဖို့ သင်မပေးဘူး၊
      စာဖတ်ဖို့ သင်ပေးတယ်။

✉ လုပ်ကြံဖို့ သင်မပေးဘူး၊
      မဟုတ်မမှန်မပြောဖို့ သင်ပေးတယ်။

✉ ဗုံးခွဲဖို့ သင်မပေးဘူး၊
      ရတနာသုံးပါကို နှလုံးစွဲဖို့သင်ပေးတယ်။

✉ သေနတ်ပစ် သင်မပေးဘူး၊
      လက်အုပ်ချီရှိခိုးဖို့ သင်ပေးတယ်။

✉ ချောက်ချဖို့ သင်မပေးဘူး၊
      ကမောက်ကမ မဖြစ်ဖို့ သင်ပေးတယ်။

✉ လူသတ်ဖို့ မတိုက်တွန်းဘူး၊
      မေတ္တာပို့ဖို့ တိုက်တွန်းတယ်။

✉ နယ်ချဲ့့ဖို့ သင်မပေးဘူး၊
      နယ်မြေမပျောက်အောင်သင်ပေးတယ်။

✉ မီးရှို့ဖို့သင်မပေးဘူး၊
      မီးငြိမ်းဖို့ သင်ပေးတယ်။

✉ ရိတ်စား ဖြတ်ဖို့ သင်မပေးဘူး၊
      စိတ်ထားတတ်ဖို့ သင်ပေးတယ်။

✉ မရိုမသေ စော်ကားဖို့သင်မပေးဘူး၊
      အရိုအသေများဖို့ သင်ပေးတယ်။

✉ အသေမြတ်ဖို့သင်ပေးတယ်၊
      အနေတတ်ဖို့ သင်ပေးတယ်...။
Please share now®©(^_^)
##Please share now®©®©✈ ✈
★ ★ လူထုခေါင်းဆောင် ကြီးတဲ့ ဒူးလောက်မှ မရှိသော ရေကို လှေနဲ့ သွားသည်:-) :-) :-) ★

★ နိူဘယ်ဆု ရှင်ကြီးတဲ့ ဒူးလောက်မှ မရှိသော ရေကို လှေနဲ့ သွားသည်:-) :-) :-)

★ နိူင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကြီးတဲ့ ဒူးလောက်မှ မရှ်ိတဲ့ ရေကို လှေနဲ့ သွားသည်:-) :-)

★ ဝန်ကြီးဌာန ၄ ခုကို ကိုင်တွယ်သော လူကြီး တဲ့ ဒူးလောက်မှ
မရှ်ိတဲ့ ရေကို လှေကြီးနဲ့ သွားသည်:-) :-) :-)

★ နိူင်ငံတကာက လက်ခံသော မြန်မာနိုင်ငံ ရဲ့ ခေါင်းဆောင် တဲ့
ဒူးလောက်မှ မရှိသော ရေ ကို လှေနဲ့ သွားသည်:-) :-) :-)

#အိုဗားမားနဲ့၂ခါနမ်းဖူးသောအမျိူးသမီးတဲ့ ဒူးလောက်မှ မရှိသော ရေကို လှေနဲ့ ကူးသည်:-) :-) :-)

★ လင်မရှိတော့သော လူထုခေါင်းဆောင်တဲ့ ဒူးလောက်မှ မရှိသော ရေကို လှေနဲ့ သွားသည်:-) :-) :-)
မှတ်ချက်:-) :-) photoshop ဆို သတ်ပတ်လိုက်
ရိုက်တဲ့သူကို ဟဲ

             Pyae Phyo Aung
ချစ်သောရှင်နွေ နင်သိမ့်ပျော်နေမှာပေါ့ ။

နင်ပျော်ရင် ငါကျေနပ်ပါတယ် ။

ငါ့အတွက် မပျော်ရပေမယ့် ၊ နင့်ပျော်နေမယ်ဆိုရင် ငါရဲ့ပြောစရာ စကားတွေကို မျိုသိပ်ထားပြီး နှလုံးသားကို ဖြေသိမ့်ပေးနေရတာ ငါအချစ်ရဲ့ ဒုက္ခတစ်ခုပါပဲ ရှင်နွေ...:-) :-) :-)

နင်ဟာ ချစ်စရာ အပြုံးလေးတွေနဲ့ မုန်းပစ်ခဲ့တာ နင့်ရဲ့ စိတ်ကစားဆန်မှုတစ်ခုဆိုရင်လည်း ငါကျေနပ်ပါတယ် ရှင်နွေ .......:-) :-) :-)

နင့်ထားရစ်ခဲ့တဲ့ ငါ့အသည်းကို ရစ်ပတ်ခဲ့တဲ့အပြုံးလေးတွေကို စွဲမက်နေတဲ့ စွဲလမ်းစေခဲ့ပြီပေါ့.....

ရှင်နွေ ငါဟာ လမိုက်ညတွေမှာ ခရီးသွားရတဲ့ မျက်ကန်းတစ်ယောက်ပါ ၊

လမ်းပြအဖြစ်နဲ့ ခဏတာ လက်တွဲခဲ့တဲ့ နင်ကို စွဲကပ်မိတဲ့ ဒီနှလုံးသားကို ထားရစ်ခဲ့ပြီပေါ့ မိရှင်နွေ ......:-) :-) :-)

အတိတ်ကာလ က အတိတ်ပါပဲ အနာဂတ်ကို သူကအကူအညီပေးတဲ့ လက်နက်ခဲယမ်းမိကျောက်တစ်မျိုးပဲပေါ့ ၊

သူကအတိတ်မှာပဲ နေနေခဲ့ရတယ်လေ ၊ရှင်နွေနင်ဟာ ငါ့
ဘ၀ရဲ့ အမှတ်တရ အဖြစ်နဲ့ပဲ မော်ကွန်းတင်နေခဲ့မှာပေါ့ ၊

ငါလည်း နင်ရဲ့ မော်ကွန်းတင်မှတ်တမ်းထဲက တစ်စိတ်တစ်ဒေသ တစ်ခုလေး ဖြစ်ခွင့်ရတဲ့အတွက် 
ငါကျေနပ်ပါတယ် ရှင်နွေ ....:-) :-) :-)
ငါကျေကွဲရပေမယ့်ပေါ့

ဘ၀ကို ကျေကျေနပ်နပ်နဲ့ နေတတ်ဖို့ နောက်ဆုံးမှာခဲ့တဲ့ နင့်စကားတွေနဲ့ ကျကျနန နေတတ်ဖို့ ငါ ကြိုးစားနေပါတယ် မိရှင်နွေ.....:-) :-) :-)

ဟုတ်ပါတယ် နင်နဲ့ငါ ချစ်သူတွေ မဟုတ်ခဲ့ဘူး ၊ နင့်လဲ နင့်ရဲ့စိတ်ကူးနဲ့ သိပ်ထူးခဲ့တာ ငါသိပါတယ် ၊ ငါလည်း ငါစိတ်ကူးနဲ့ ရူးသွပ်ခဲ့တာပေါ့ ၊ အရူးဆန်ခြင်းတွေ ဖြစ်လာခဲ့တာတော့ ဘယ်တတ်မှာလည်း မိရှင်နွေ .....:-) :-) :-)

နင့် ချစ်သူအသစ်နဲ့ နင်ဟာ အသစ်စက်စက် ချစ်ခြင်းတွေနဲ့ပေါ့ ငါလည်း အသစ်စက်စက် ကဗျာတွေနဲ့ ပြာယာခတ်နေတဲ့ ပြဿနာတွေနဲ့ လုံးထွေးသတ်ပုတ်နေရဆဲ ပါပဲ ။

တစ်ခါက ငါလည်း
အလွမ်းတွေကို နှောင်ဖွဲ့ပြီး ငါကြေကွဲခဲ့ရဖူးတယ် ။

နင်တော့ သတိထားမိမယ် မထင်ပါဘူး
ငါကသာ သတိရခြင်းတွေနဲ့ နေသားကျနေနေရတာပါ ။

ငါနင့်ကို ညာခဲ့ဖူးတယ် ။

နင်လိုတော့ ပိပိရိရိ မရှိခဲ့ဘူးပေါ့ ၊ တတိတိနဲ့ နင်းချေဖျက်ဆီးခြင်းတွေနဲ့ ငါချစ်ခြင်းတရားတွေလည်း မတရား နှိပ်ကွပ်ခံနေရတယ် ။

နင့်က ငါ့ကို မချစ်ပဲနဲ့ ချစ်တယ်လို့ ညာခဲ့ဖူးတယ် ။

ငါက နင့်ကို ချစ်နေပါလျက်နဲ့ ငါနင့်ကို မချစ်တော့ဘူးလို့ ညာခဲ့ဖူးပါတယ် ။

ညာတာခြင်းက အတူတူပါပဲ ၊
မညှာမတာ ညာခဲ့တာနဲ့ ငဲ့ညှာခဲ့တာနဲ့ပဲ ကွဲလွဲနေတာပါ ။

ငါကို နင့်သူငယ်ချင်းတွေကြားထဲမှာ ငါကို သနားတဲ့အကြောင်းတွေ နောက်ထပ်မပြောနဲ့ ၊
ငါလည်း နင့်ကို သတိရနေသေးတယ်လို့ မပြောတော့ဘူး .....:-) :-) :-)

မတူညီတဲ့ ချစ်ခြင်းတွေနဲ့ တူညီတဲ့ အယူအဆတွေတော့ အတူတကွထားကြည့်ကြရအောင် မိရှင်နွေ .....:-) :-) :-)

ငါ့ရဲ့ ချစ်ခြင်းတွေကို နင်နားမလည်ခဲ့ဘူး .....
အသစ်တစ်ယောက် ပြောင်းလဲပြီး ချစ်တတ်တဲ့ နင့်ကိုလည်း ငါနားမလည်နိူင်သေးဘူး .......

အသစ်တွေ ဖြစ်ဖို့ အကြောင်းဖန်ပြီး အပြောင်းအလဲကို မြင်တွေ့ရနေပြီ ရှင်နွေ ...:-) :-) :-)

ငါ့အတွက် နင်နဲ့ ပတ်သတ်လာခဲ့ရင် အကြောင်းလည်း မကောင်းခဲ့ဘူး ၊ အကျိူးလည်း မကောင်းခဲ့ဘူး ၊
ငါမတောင်းဆိုခဲ့ဖူးတဲ့ နှုတ်ဆက်ခြင်းတွေကလည်း အခုဆို နှုတ်ဆိတ်နေနေရပြီ မိရှင်နွေ .....:-) :-) :-)

ဒီကဗျာကို ဖတ်ပြီး နင်မငိုပါနဲ့

နင် ၀မ်းမနည်းပါနဲ့ ၊

ငါနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေအတွက်

နင် စိတ်မဆင်းရဲလိုက်ပါနဲ့ ၊ ငါဟာ.:-) :-) :-) :-)

နင်ပျော်ဖို့အတွက်ပဲ မွေးဖွားလာတာပဲလို့ ငါခံယူထားလို့ပါ ရှင်နွေရယ် ။

နင်ပျော်တာဟာ ငါငိုတာ ဖြစ်နေရင်တောင်
နင်ပျော်ဖြစ်အောင် ပျော်လိုက်ပါ ရှင်နွေ...:-) :-) :-)
ငါ့ရဲ့ခံစားချက်တွေကို နင့်ရဲ့ခေါင်းထဲ နှလုံးသားထဲကို လုံးဝမထည့်လိုက်နဲ့။

ငါ့စကားကို ဘယ်သောအခါကမှ နားမထောင်ခဲ့တဲ့ ကောင်မလေး ဒီတစ်ခါလည်း
နားမထောင်ပါစေနဲ့လို့ တိတ်တိတ်လေး ဆုတောင်းနေမိတယ် ။

              #အဓိပတိကမ္မ

Sunday 14 June 2020

သတိရခြင်းကို ထီးနဲ့မိုးပြီး နွေနေပူခေါင်ခေါင်မှာ လမ်းလျှောက်ဖူးခဲ့လား ။

အချစ်သီချင်းကို ပြတင်းတံခါးတွေ အလုံပိတ်ပြီး အလွမ်းတွေကို လွှမ်းခြုံခဲ့ဖူးလား။

နှလုံးသားကို ခံစားချက်ထောင်မှာ အကျဉ်းချပြီး ချစ်ရသူအကြောင်းကို တွေးကြည့်ခဲ့ဖူးလား ။

နောက်တခေါက်ပြန်လိုချင်တဲ့ အချစ်က
နောက်တစ်ခါပြန်မရနိူင်တဲ့ အချစ်တစ်ခုပါ ။

စုတ်ပြတ်သွားသော ငွေစက္ကူတွေလိုပဲ ပစ်ချခံခဲ့ရတဲ့ နှလုံးသားကလည်း အချစ်မရှိရင် ဘာတန်ဖိုးမှ ရှိမနေခဲ့ဘူး ။

ရှင်နွေ
 နင်မရှိတဲ့ အရပ်ဒေသ‌ေတွက ငါနဲ့ ဆန့်ကျင်ဘက်တစ်ခုပါ ၊ နင်ရှိခဲ့တဲ့ အရပ်ဒေသတွေကတော့ ငါရဲ့နာကျင်ခဲ့သော နေရာတစ်ခုပေါ့ ။

ရှင်နွေ
သာယာသော နံက်ခင်းဆိုတာ နင်မရှိတော့တဲ့ ငါ့အတွေးတွေထဲက ကျိန်စာသင့်သော မိုးသောက်ချိန်‌တစ်ခုပေါ့ ။

ရှင်နွေ
နင်ရှိတဲ့ဘက်ကို ရပ်ပြီး နင်မသိအောင် လှမ်းခဲ့မိတဲ့‌ ‌ေြခလှမ်းတစ်ခုရယ် ၊

နင်ရှိလိမ့်မယ်ဆိုတဲ့ အသိတစ်ခုလောက်နဲ့ ကြည့်မိတဲ့ အသိစိတ်တစ်ခုထက် နာကျင်စေရတာမျိုး မရှိခဲ့တာကိုတော့ နင်နားလည်ပေးပါ ။

အချစ်ကသာ ငါ့ဘေးမှာရှိရင်
ငါ့မှာရှိတဲ့ မာနတွေကို ခါးဝါချပြီး တောင်းပန်ချင်သေးတယ် ၊ အခါခါ ဝေးလေကောင်းကောင်းလေပဲလို့ လေလေလွင့်လွင့် တွေးမိတဲ့ ငါစိတ်တစ်ခုအတွက် တောင်းပန်ချင်မိတယ် ။

အတ္တအရောင်ဆိုးဆေးတွေနဲ့ ဖြုစင်ပြီးအဖြုရောင်ဆန်တဲ့ ငါ့အချစ်တွေတောင် နောက်ဆုံးတော့ အလင်း‌ေရာင်လည်း ပျောက်တဲ့ရတယ် ။

သူယောင်မယ်ကလေး ကို အယောင်ဆောင်မှုကင်းကင်းနဲ့ ရူးသွပ်စွာ ရူးခဲ့မိတာလည်း အခါခါမှားယွင်းခဲ့သော အရူးဇာတ်လမ်းတွေပါပဲ ။

ရှင်နွေ
အချစ်ဆိုတာ စိတ်အလိုလိုက်ကာ မချစ်သင့်သော ခံစားမှုလို့ ‌ငါပြောရင် နင်ယုံမလား ?
ငါပြောသောစကားကို အယုံအကြည် မရှိသော လူတွေထဲ နင်ပါဝင်နေပေမယ့်
 ငါ့ရဲ့နောက်ဆုံးအချိန်တွေထိ နင်ဟာ နောက်ဆုံးနှုတ်ဆက်ရမယ့် လူတစ်ယောက်ပဲလို့ ငါယုံကြည်နေပါသေးတယ် ။

#အဓိပတိကမျမ

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...