Wednesday 17 June 2020

ချစ်သောရှင်နွေ နင်သိမ့်ပျော်နေမှာပေါ့ ။

နင်ပျော်ရင် ငါကျေနပ်ပါတယ် ။

ငါ့အတွက် မပျော်ရပေမယ့် ၊ နင့်ပျော်နေမယ်ဆိုရင် ငါရဲ့ပြောစရာ စကားတွေကို မျိုသိပ်ထားပြီး နှလုံးသားကို ဖြေသိမ့်ပေးနေရတာ ငါအချစ်ရဲ့ ဒုက္ခတစ်ခုပါပဲ ရှင်နွေ...:-) :-) :-)

နင်ဟာ ချစ်စရာ အပြုံးလေးတွေနဲ့ မုန်းပစ်ခဲ့တာ နင့်ရဲ့ စိတ်ကစားဆန်မှုတစ်ခုဆိုရင်လည်း ငါကျေနပ်ပါတယ် ရှင်နွေ .......:-) :-) :-)

နင့်ထားရစ်ခဲ့တဲ့ ငါ့အသည်းကို ရစ်ပတ်ခဲ့တဲ့အပြုံးလေးတွေကို စွဲမက်နေတဲ့ စွဲလမ်းစေခဲ့ပြီပေါ့.....

ရှင်နွေ ငါဟာ လမိုက်ညတွေမှာ ခရီးသွားရတဲ့ မျက်ကန်းတစ်ယောက်ပါ ၊

လမ်းပြအဖြစ်နဲ့ ခဏတာ လက်တွဲခဲ့တဲ့ နင်ကို စွဲကပ်မိတဲ့ ဒီနှလုံးသားကို ထားရစ်ခဲ့ပြီပေါ့ မိရှင်နွေ ......:-) :-) :-)

အတိတ်ကာလ က အတိတ်ပါပဲ အနာဂတ်ကို သူကအကူအညီပေးတဲ့ လက်နက်ခဲယမ်းမိကျောက်တစ်မျိုးပဲပေါ့ ၊

သူကအတိတ်မှာပဲ နေနေခဲ့ရတယ်လေ ၊ရှင်နွေနင်ဟာ ငါ့
ဘ၀ရဲ့ အမှတ်တရ အဖြစ်နဲ့ပဲ မော်ကွန်းတင်နေခဲ့မှာပေါ့ ၊

ငါလည်း နင်ရဲ့ မော်ကွန်းတင်မှတ်တမ်းထဲက တစ်စိတ်တစ်ဒေသ တစ်ခုလေး ဖြစ်ခွင့်ရတဲ့အတွက် 
ငါကျေနပ်ပါတယ် ရှင်နွေ ....:-) :-) :-)
ငါကျေကွဲရပေမယ့်ပေါ့

ဘ၀ကို ကျေကျေနပ်နပ်နဲ့ နေတတ်ဖို့ နောက်ဆုံးမှာခဲ့တဲ့ နင့်စကားတွေနဲ့ ကျကျနန နေတတ်ဖို့ ငါ ကြိုးစားနေပါတယ် မိရှင်နွေ.....:-) :-) :-)

ဟုတ်ပါတယ် နင်နဲ့ငါ ချစ်သူတွေ မဟုတ်ခဲ့ဘူး ၊ နင့်လဲ နင့်ရဲ့စိတ်ကူးနဲ့ သိပ်ထူးခဲ့တာ ငါသိပါတယ် ၊ ငါလည်း ငါစိတ်ကူးနဲ့ ရူးသွပ်ခဲ့တာပေါ့ ၊ အရူးဆန်ခြင်းတွေ ဖြစ်လာခဲ့တာတော့ ဘယ်တတ်မှာလည်း မိရှင်နွေ .....:-) :-) :-)

နင့် ချစ်သူအသစ်နဲ့ နင်ဟာ အသစ်စက်စက် ချစ်ခြင်းတွေနဲ့ပေါ့ ငါလည်း အသစ်စက်စက် ကဗျာတွေနဲ့ ပြာယာခတ်နေတဲ့ ပြဿနာတွေနဲ့ လုံးထွေးသတ်ပုတ်နေရဆဲ ပါပဲ ။

တစ်ခါက ငါလည်း
အလွမ်းတွေကို နှောင်ဖွဲ့ပြီး ငါကြေကွဲခဲ့ရဖူးတယ် ။

နင်တော့ သတိထားမိမယ် မထင်ပါဘူး
ငါကသာ သတိရခြင်းတွေနဲ့ နေသားကျနေနေရတာပါ ။

ငါနင့်ကို ညာခဲ့ဖူးတယ် ။

နင်လိုတော့ ပိပိရိရိ မရှိခဲ့ဘူးပေါ့ ၊ တတိတိနဲ့ နင်းချေဖျက်ဆီးခြင်းတွေနဲ့ ငါချစ်ခြင်းတရားတွေလည်း မတရား နှိပ်ကွပ်ခံနေရတယ် ။

နင့်က ငါ့ကို မချစ်ပဲနဲ့ ချစ်တယ်လို့ ညာခဲ့ဖူးတယ် ။

ငါက နင့်ကို ချစ်နေပါလျက်နဲ့ ငါနင့်ကို မချစ်တော့ဘူးလို့ ညာခဲ့ဖူးပါတယ် ။

ညာတာခြင်းက အတူတူပါပဲ ၊
မညှာမတာ ညာခဲ့တာနဲ့ ငဲ့ညှာခဲ့တာနဲ့ပဲ ကွဲလွဲနေတာပါ ။

ငါကို နင့်သူငယ်ချင်းတွေကြားထဲမှာ ငါကို သနားတဲ့အကြောင်းတွေ နောက်ထပ်မပြောနဲ့ ၊
ငါလည်း နင့်ကို သတိရနေသေးတယ်လို့ မပြောတော့ဘူး .....:-) :-) :-)

မတူညီတဲ့ ချစ်ခြင်းတွေနဲ့ တူညီတဲ့ အယူအဆတွေတော့ အတူတကွထားကြည့်ကြရအောင် မိရှင်နွေ .....:-) :-) :-)

ငါ့ရဲ့ ချစ်ခြင်းတွေကို နင်နားမလည်ခဲ့ဘူး .....
အသစ်တစ်ယောက် ပြောင်းလဲပြီး ချစ်တတ်တဲ့ နင့်ကိုလည်း ငါနားမလည်နိူင်သေးဘူး .......

အသစ်တွေ ဖြစ်ဖို့ အကြောင်းဖန်ပြီး အပြောင်းအလဲကို မြင်တွေ့ရနေပြီ ရှင်နွေ ...:-) :-) :-)

ငါ့အတွက် နင်နဲ့ ပတ်သတ်လာခဲ့ရင် အကြောင်းလည်း မကောင်းခဲ့ဘူး ၊ အကျိူးလည်း မကောင်းခဲ့ဘူး ၊
ငါမတောင်းဆိုခဲ့ဖူးတဲ့ နှုတ်ဆက်ခြင်းတွေကလည်း အခုဆို နှုတ်ဆိတ်နေနေရပြီ မိရှင်နွေ .....:-) :-) :-)

ဒီကဗျာကို ဖတ်ပြီး နင်မငိုပါနဲ့

နင် ၀မ်းမနည်းပါနဲ့ ၊

ငါနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေအတွက်

နင် စိတ်မဆင်းရဲလိုက်ပါနဲ့ ၊ ငါဟာ.:-) :-) :-) :-)

နင်ပျော်ဖို့အတွက်ပဲ မွေးဖွားလာတာပဲလို့ ငါခံယူထားလို့ပါ ရှင်နွေရယ် ။

နင်ပျော်တာဟာ ငါငိုတာ ဖြစ်နေရင်တောင်
နင်ပျော်ဖြစ်အောင် ပျော်လိုက်ပါ ရှင်နွေ...:-) :-) :-)
ငါ့ရဲ့ခံစားချက်တွေကို နင့်ရဲ့ခေါင်းထဲ နှလုံးသားထဲကို လုံးဝမထည့်လိုက်နဲ့။

ငါ့စကားကို ဘယ်သောအခါကမှ နားမထောင်ခဲ့တဲ့ ကောင်မလေး ဒီတစ်ခါလည်း
နားမထောင်ပါစေနဲ့လို့ တိတ်တိတ်လေး ဆုတောင်းနေမိတယ် ။

              #အဓိပတိကမ္မ

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...