Sunday 9 January 2022

နိူင်ငံရေးသမားဆိုတာ

လူတွေက‌ ကိုယ်ကို ‌ေထာက်ခံ အားပေး‌ေနတဲ့ အချိန် ပျော်တတ်ကြတယ် ၊ မာန ထောင်လွှားတတ်တယ် ၊ 


လူတိုင်းက အဖတ်မလုပ် နှာခေါင်းရှုံ့တဲ့ 

အချိန် ကျဆုံးတဲ့အချိန် ရန်ပြုခံရတဲ့အချိန်မှာလည်း 

လူတွေအပေါ် အပြုံးမပျက် မမုန်းတီးပဲ ရပ်တည်နိုင်ရတယ် ။ 


လူတွေက သူတို့ရဲ့ရပ်တည်ချက်နဲ့ ကိုယ်ရဲ့ရပ်တည်ချက်တူညီရင် ထောက်ခံအားပေးချစ်ခင်တတ်ကြဖို့လည်း ဝန်မလေးတတ်ကြသလို ၊ 

သူတို့နဲ့ ယုံကြည်ချက် ရပ်တည်ချက်နဲ့ မတူညီရင်လည်း နှာခေါင်းရှုံ့ ရန်ပြု အမုန်းထားတတ်ကြတာ သဘာဝပါပဲ ။ 


ဒါပေမယ့် ဆက်လက်ပြီး မိမိရဲ့ရပ်တည်ချက်တွေ ယုံကြည်ချက်တွေကတော့ 

ပတ်ဝန်းကျင်တွေ ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 

အချိန်တွေဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 


တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ မိမိရဲ့သစ္စာတရားတွေကတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့.....


#အဓိပတိကမ်မ 🇲🇲

 နိူင်ငံရေးသမားဆိုတာ

လူတွေက‌ ကိုယ်ကို ‌ေထာက်ခံ အားပေး‌ေနတဲ့ အချိန် ပျော်တတ်ကြတယ် ၊ မာန ထောင်လွှားတတ်တယ် ၊ 


လူတိုင်းက အဖတ်မလုပ် နှာခေါင်းရှုံ့တဲ့ 

အချိန် ကျဆုံးတဲ့အချိန် ရန်ပြုခံရတဲ့အချိန်မှာလည်း 

လူတွေအပေါ် အပြုံးမပျက် မမုန်းတီးပဲ ရပ်တည်နိုင်ရတယ် ။ 


လူတွေက သူတို့ရဲ့ရပ်တည်ချက်နဲ့ ကိုယ်ရဲ့ရပ်တည်ချက်တူညီရင် ထောက်ခံအားပေးချစ်ခင်တတ်ကြဖို့လည်း ဝန်မလေးတတ်ကြသလို ၊ 

သူတို့နဲ့ ယုံကြည်ချက် ရပ်တည်ချက်နဲ့ မတူညီရင်လည်း နှာခေါင်းရှုံ့ ရန်ပြု အမုန်းထားတတ်ကြတာ သဘာဝပါပဲ ။ 


ဒါပေမယ့် ဆက်လက်ပြီး မိမိရဲ့ရပ်တည်ချက်တွေ ယုံကြည်ချက်တွေကတော့ 

ပတ်ဝန်းကျင်တွေ ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 

အချိန်တွေဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 


တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ မိမိရဲ့သစ္စာတရားတွေကတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့.....


#အဓိပတိကမ်မ 🇲🇲

 ဒီမိုကရေစီစနစ်ရဲ့မူများ မည်မျှပင် ကောင်းမွန်နေပါစေ လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရက်တစ်တန်ဖိုးများကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးခြင်း မရှိဘူးဆိုရင်တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခြင်း အောင်မြင်တယ်လို့ ခေါ်ဆိုလို့ မရသေးပါဘူး ။ 


တစ်ဆက်တည်း ဒီမိုကရက်တစ် တန်ဖိုးတွေရဲ့ အဓိကတန်ဖိုးတွေကို အားလုံးသ‌ိအောင် တင်ပြပေးလိုက်ပါမယ် ။


▪️၁ တစ်သီးပုဂ္ဂလ အခွင့်အရေး


▪️၂ ကြောင်းကျိုးဆင်ခြင်မှုပြုြခင်းများ


▪️၃ လွတ်လပ်မှု


▪️၄ တရားမျှတမှု


▪️၅ သဘောထားကြီး သည်းခံမှု တွေပဲ ြဖစ်ပါတယ်။


အထက်ပါအချက်တွေကို အအုပ်ချုပ်ခံ 

ပြည်သူအများစုက လက်ခံကျင့်သုံးခြင်းလည်း မရှိ 

အလေးထားပြုမူဆောင်ရွက်နေထိုင်ခြင်းလည်း မရှိ

ကြရင် ဒီမိုကရေစီနိူင်ငံလို့ပင် မခေါ်ဆိုထိုက်‌ေသးပါ။


နောက်ပြီး အာဏာပိုင်တွေ နိူင်ငံရေးပါတီတွေ အရပ်ဘက် အဖွဲ့အစည်းတွေ ရပ်ရွာအသင်းမပင်းများနဲ့ ပြည်သူများကပါ ဒီမိုကရက်တစ်တန်ဖိုး လက်ခံကျင့်ကြံကြဖို့ များစွာလိုအပ်လှပါတယ် ။


#အဓိပတိကမ်မ 🇲🇲



 နက်တာ ကို သိရက်နဲ့

ဆက်တူးပြီး တိုးဝင်နေတဲ့

မိုက်တွင်းတူးတွေကလည်း

အများကြီး ရှိတယ် ။

ဘယ်လောက်ထိ မိုက်တွင်းတွေ

ဆက်တူးကြမလဲ စောင့်ရအုံးမယ် ၊

ဒီလိုပဲ အချိန်တွေကုန် 

ကာလတွေကုန် အသက်တွေကုန် နဲ့

ဆက်ကြရအုံးမယ် ၊

ဘယ်အချိန် ဘယ်ကာလအထိ 

ဆက်၍ ရွေ့လျှားနေမှာလည်း

အဆိုးသံသရာကြီးရယ် ။


အဓိပတိကမ်မ 🇲🇲

 " ဆင်ခြင်မှု အခြေခံအခွင့်အရေးကို အဓိကထားပြီး တော်လှန်ရေးလုပ်ရင်တောင် အကျိုးရလဒ်က ခန့်မှန်းမရနိူင်ဘူး" လို့ 

ဗြိတိန်ကွန်ဆာဗေးတစ်ဝါဒ ရဲ့ ဖခင်ကြီး အက်မွန့်ဘာ့စ် က ပြောခဲ့ဖူးတယ် ။


ကြောင်းကျိုးဆင်ခြင်မှု နဲ့ အခြေခံလူ့အခွင့်‌အရေးတွေကို မျက်ကွယ်ပြုပြီး လက်ရှိတော်လှန်ရေးလုပ်နေကြတဲ့ မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ အကျိုးရလဒ်က ဘယ်လိုထွက်လာနိူင်လဲ စဉ်းစားတတ်သူတိုင်း စဉ်းစားကြည့်ကြပါ့‌လော့ 


#အဓိပတိကမ်မ 🇲🇲

 NUG / PDF တွေရဲ့ဖက်က ပြောနေတယ် 

သူတို့ နိုင်နေပြီ အရေးတော်ပုံ အောင်နေပါပြီတဲ့ 

တကယ်မြေပြင်မှာတော့ ဆက်လက်ပြီး အဖမ်းခံနေရဆဲ တစ်ချို့တွေက နေအိမ်တွေ လုပ်ငန်းခွင်‌ေတွကုိ စွန့်ပစ်ပြီး ဘေးလွှတ်ရာ ပြေး‌ေနကြရ ပုန်းနေရဆဲပါပဲ ။ 


အဖမ်းခံထားရတဲ့ ခေါင်းဆောင်တွေတောင် လွတ်မြှောက်ဖို့ မပြောနဲ့ အမှုအမျိုးမျိုး ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲနေကြတာတောင် မပြီးနိူင်သေးဘူး 

။ တစ်ချို့တွေက သူတို့တောင် ပြည်ပပြေးရ ကပ်ရ EAOs တွေထဲ ဝင်ပုန်းနေကြရ လုပ်နေကြရပေမယ့် အရေးတော်ပုံ အောင်နေပြီ ၊ ငါတို့တွေ နိူင်နေပြီလို့ onlineနဲ့ media‌ေတွမှာ အော်လို့ကောင်းနေကြတုန်း ။


နစက SAC လော်ဘီတွေနဲ့ အစွန်းရောက်တပ်ထောက်ခံသူတွေကလည်း ငါတို့နိူင်နေပြီတဲ့ ၊ 

MWD MRTV နဲ့ social mediaပေါ်မှာ တပ်မတော်က နိုင်တာတဲ့ ၊ မင်းတို့ ဘယ်တော့မှ တပ်မတော်ကျရှုံး‌‌ေအာင် မတိုက်နိူင်ဘူးတဲ့ ၊


တကယ်မြေပြင်မှာတော့ တပ်ထောက်ခံသူတွေက နေ့စဉ်အသ တ် ခံနေကြရသလို Non CDMတွေကိုပါ ထပ်ပြီး လုပ်ကြံသတ်ဖြတ်နေကြတာ နေ့စဉ်နေ့တိုင်းပါပဲ ၊ ဒါပေမယ့်လည်း တစ်စက်မှ မလျှော့ဘူး ၊ ငါတို့ နိူင်နေပြီတဲ့ ။ 


ကျနော်အမြင်ကတော့ နစက SAC ‌ရော NUG PDFs တွေရော ဒီပွဲမှာ အားလုံးနိူင်ကြပါတယ် ၊


▪️အမှန်တကယ် ရှုံးနေတာက ကျနော်တို့ အောက်ခြေက အခြေခံ ပြည်သူတွေပါ ▪️


အရေးအခင်း မဖြစ်ခင် (72 နာရီ ငြိမ် )

ဆိုကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်း ၊ 

ဘာပစ္စည်းပဲ ဝယ်ဝယ် နှစ်ဆနီးပါး တက်လိုက်ကြတာ အံ့ဩဖို့တောင် ကောင်းပါတယ် ၊ ဆန်ဈေး ဆီဈေးကအစ ဓာတ်ဆီ ဒီဇယ်အဆုံး တက်လိုက်ကြတာ နိဗ္ဗာန်ထိများ အလယ်သွားသလဲ အောက်မေ့ရပါတယ် ၊ 

လူပြောများတဲ့ ဒေါ်လာဈေး နဲ့ ရွှေဈေးကိုတော့ အခြေခံလူတန်းစားတွေ နဲ့ တိုက်ရိုက်မပတ်သတ်လို့မပြောတော့ပါဘူး ။


ကုန်ဈေးနှုန်းက တက်လို့မှ မပြီးသေး ကိုဗစ်ကြောင့် သေလိုက်ကြတာ သင်္ချိုင်းမှာတောင် ချလို့မနိူင် မီးလောင်တိုက်ရှေ့မှာ အလောင်းတွေ တောင်ပုံရာပုံတွေအထိ ဖြစ်ခဲ့ကြရရှာတယ် ။


ဘယ်‌ေဒသကိုမှ လွတ်လွတ်လပ်သွားလို့မရ ၊ နိူင်ငံရေး‌ေတွ စီးပွားရေးတွေ လူမှုရေးတွေကြောင့် စိတ်မချမ်းမသာ ပူလောင်ရလို့ လူသူနည်းပါးတဲ့ ဘုရားကျောင်းကန်အစ ပင်လယ်ကမ်းခြေအဆုံး သွားဖို့လာဖို့ခက်ခဲနေတဲ့ အနေအထား ။ 


(သွားပြန်ရင်လည်း ခရီးမရောက်ခင် ခြိမ်းခြောက်စာ‌ေတွက အရင်ရောက်ရောက်နေကြတာ)


ပုံမှန်လုပ်နေကျ စီးပွားရေးနဲ့ အလုပ်အကိုင်က ပျက်

စစ်တပ်ကြောင့်လား ပီဒီအက်ဖ်ကြောင့်လား နေ့ သေမလားမသိ ည‌ေသမလားမသိ ၊ 

နေ့ဖမ်းခံရမလား ည ဖမ်းခံရမလား သေချာမသိ မိမိအသက်အိုးအိမ်ကို ဘယ်ဘက်က အာမခံနိူင်မလဲ မသိရတဲ့ ဘဝ‌ေတွဖြစ်နေကြပြီ ။


ခင်များတို့ SAC တပ်မတော်ရော ၊ ခင်များတို့ရဲ့ NUG PDF ဖက်က ရော နိူင်ပါတယ် ။


2021 နိူင်ငံရေး ကစားပွဲမှာ

ငါတို့အ‌ေခြခံပြည်သူကတော့ တကယ်ရှုံးနေတာပါ။

မင်းတို့နှစ်ဖက်စလုံး နိုင်ပါတယ် ငါတို့ပဲ ရှုံးနေတာပါ ။


#အဓိပတိကမ်မ 🇲🇲


.

 🇲🇲မြန်မာအိန္ဒိယ ဆက်ဆက်ရေးကောင်မွန်ပါစေ🇮🇳


အိန္ဒိယသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန်

Shringla ဟာ သူ့ရဲ့ 23/24 12 2021ရက် မြန်မာခရီးစဉ် နှစ်ရက်တာ အတောအတွင်း

▪️နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ 

▪️နိုင်ငံရေးပါတီတွေအပြင် 

▪️အရပ်ဖက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်

တွေနဲ့ ဆွေးနွေးအမြင်ဖလှယ်တာတွေလုပ်မယ်လို့

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


▪️မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့အကူအညီတွေပေးဖို့ကိစ္စ၊ 

▪️အိန္ဒိယ-မြန်မာနယ်စပ်ကိစ္စနဲ့လုံခြုံရေးကိစ္စတွေ

အပြင် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့လည်း ဆွေးနွေးအမြင်ဖလှယ်မယ်လို့ 


ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ​ဖော်ပြထားပါတယ်။


မြန်မာဟာ အိန္ဒိယရဲ့ မဟာဗျူဟာအိမ်နီးချင်းနိုင်ငံဖြစ်တဲ့အပြင် နယူးဒေလီရဲ့ အရှေ့ဖော်မူဝါဒ (Act EastPolicy) မှာ သော့ချက်ကျတဲ့နိုင်ငံဖြစ်ပါတယ်။ 


နောက်အိန္ဒိယ နဲ့ အာဆီယံနိုင်ငံတွေအကြား ဘက်ပေါင်းစုံဆက်သွယ်ပေါင်းကူးရာမှာ မြန်မာဟာ ကုန်းရိုးတံတားသဖွယ်ဖြစ်နေပါတယ်။ 


🇲🇲မြန်မာအိန္ဒိယ ဆက်ဆက်ရေးကောင်းမွန်ပါစေ🇮🇳


အဓိပတိကမ်မ 🇲🇲

 တရုတ်တွေ ပြောနေကြ စကားတစ်ခွန်း ကြားဖူးတယ် 


▪️လုပ်ငန်းကြီး လုပ်မဲ့သူဆိုတာ သည်းခံရတယ်▪️တဲ့


တရုတ်တွေက ရည်မှန်းချက်တစ်ခုအတွက် သည်းခံစိတ် အင်မတန်ကောင်းတဲ့လူမျိုးတစ်မျိုးလို့ ကျနော်ထင်တယ် ။


ယူဂိုမြို့တော် ဘဲဂရိတ်က တရုတ်သံရုံးကို အမေရိကန်‌ေတွက ဗုံးကြဲတိုက်ခတ်တုန်းကလည်း တရုတ်‌ေတွက သည်းခံခဲ့လိုက်တယ် ၊ အမေရိကန်သူလျှိုလေယာဉ်ကြောင့် တရုတ်လေယာဉ်မှူး ဝမ်ဝေ

သေရပြန်တယ် တရုတ်တွေ ထပ်ပြီးသည်းခံလိုက်တယ်၊ ဘာမှ ထွေထွေထူးထူး မတုန့်ပြန်ခဲ့ဘူး ၊ 


တကယ်လို့ တရုတ်နိုင်ငံဟာ ဘဲဂရိတ် သံရုံး ကိစ္စ သူလျှို လေယာဉ်ကိစ္စတွေမှာ သည်းမခံပဲ အမေရိကန်နဲ့ စစ်ဖြစ်ခဲ့ရင် အခုလို အင်အားကြီး တရုတ်ပြည်သူ့သမ္မတနိူင်ငံအဖြစ်နဲ့ ကမ္ဘာမှာ ရပ်တည်နိူင်မှာ မဟုတ်ဘူး ၊ 


အချိန်တစ်ခုကို ‌ေ‌စာင့်ပြီး တရုတ်တွေ သည်းခံရင်းကြိုးစားလာခဲ့တာ

အခုတော့ တရုတ်နဲ့စစ်‌ေရးအရတိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်နိူင်တဲ့နိူင်ငံ ကမ္ဘာမှာ မရှိ‌သလောက်ဖြစ်သွားပြီ ၊ 

ဒါဟာတရုတ်တွေရဲ့ အမျှော်မြင်ကြီးမှုနဲ့ သည်းခံတတ်ခြင်းတွေကြောင့် ရလာတဲ့ရလဒ်တွေပဲ ြဖစ်ပါတယ်။


အရင်တစ်ချိန်က ရန်စတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ကြီးလည်း တရုတ်ရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်နေရတဲ့ အနေအထားထက် ဘာမှမပိုနိူင်တော့ဘူး (ရန်လည်း အစရဲတော့ဘူး ) (ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သတ္တိလည်း မရှိတော့ဘူး ) 


တပ်ထောက်ခံသူတွေကို ပြောချင်တာက ရေရှည်ကို မျှော်ကြည့်ကြပါ နိူင်ငံရေးဆိုတာ ပြီးဆုံးမသွားတဲ့ ခရီးရှည်ကြီး တစ်ခုပါ အခုချိန်မှာ နာကျင်ရမျှ နာကျည်းသမျှတွေကို သည်းခံထားလိုက်ပါ ။ 

တပ်ကို အပြစ်ပြောနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်သေးတာမို့ နာကျည်းမှု မှန်သမျှကို သိမ်းထားလိုက်ပါ ၊ ပြောရမယ့်တစ်နေ့ လုပ်ရမယ့် တစ်နေ့ ကျ‌ေရာက်လာရင်တော့ ခွင့်အားအကြီးမားဆုံး ဖြစ်အောင် အသံအကျယ်လောင်ဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားကြပါ ။


တရုတ်တွေပြောတဲ့ စကားတစ်ခွန်းကို အမြဲသတိရပါ မမေ့ပါနဲ့ 

''"လုပ်ငန်းကြီး လုပ်မဲ့သူဆိုတာ သည်းခံရတယ်"''


ဒါပါပဲ......  


#အဓိပတိကမ်မ 🇲🇲


.

 ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်ဟာ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီခန့်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။


အလားတူပဲ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာမ နဲ့ သူရဲ့အမျိုးသား မန္တလေး မြို့လည်ခေါင်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ‌ေတာင် အစိုးရအနေနဲ့ 

ဘာမှတုံ့ပြန်မှုမရှိတဲ့ တပ်မ‌ေတာ်‌ေခါင်း‌ေဆာင်နဲ့အစိုးရအဖွဲ့ကို ကျနော်တို့ ဘာမှအားကိုးစရာမရှိ‌ေတာ့ပါဘူး ။


ပြီးခဲ့တဲ့ အစိုးရသက်တမ်း ၁၀လ တစ်လျှောက်လုံး

စစ်တပ်ထောက်ခံသူတွေ ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ ၊ အမျိုးသားရေးသမားတွေ နဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ တစ်လျှောက်လုံး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာတွေကို သိနေပါလျှက်နဲ့ ဘာတစ်ခုမှ ထိထိရောက်ရောက် အခုချိန်ထိ မထိမ်းချုပ်နိူင်ခဲ့တာ အားလုံးအသိပါ ၊ 


ဘာလုံခြုံမှုမှ မပေးနိုင်တဲ့ ဒီကာလမယ် တန်ဖိုးရှိတဲ့လူတွေအများကြီး ဆုံးရှုံးခဲ့ရတယ် 


(နှမြောမိ ဝမ်းနည်းမိပါတယ်)


ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုတောင် အကာအကွယ်မပေးနိူင်တဲ့ တပ်မတော်ကို ဘာမှအားကိုးစရာမရှိတော့ပါ ။ 


သောက်သုံးမကျတဲ့အစိုးရ အဖြစ်နဲ့ သမိုင်းမှာ ထင်ကျန်ရစ်ပါတော့မယ် ။  


#အဓိပတိကမ်မ 🇲🇲


 နိူင်ငံရေးသမားဆိုတာ

လူတွေက‌ ကိုယ်ကို ‌ေထာက်ခံ အားပေး‌ေနတဲ့ အချိန် ပျော်တတ်ကြတယ် ၊ မာန ထောင်လွှားတတ်တယ် ၊ 


လူတိုင်းက အဖတ်မလုပ် နှာခေါင်းရှုံ့တဲ့ 

အချိန် ကျဆုံးတဲ့အချိန် ရန်ပြုခံရတဲ့အချိန်မှာလည်း 

လူတွေအပေါ် အပြုံးမပျက် မမုန်းတီးပဲ ရပ်တည်နိုင်ရတယ် ။ 


လူတွေက သူတို့ရဲ့ရပ်တည်ချက်နဲ့ ကိုယ်ရဲ့ရပ်တည်ချက်တူညီရင် ထောက်ခံအားပေးချစ်ခင်တတ်ကြဖို့လည်း ဝန်မလေးတတ်ကြသလို ၊ 

သူတို့နဲ့ ယုံကြည်ချက် ရပ်တည်ချက်နဲ့ မတူညီရင်လည်း နှာခေါင်းရှုံ့ ရန်ပြု အမုန်းထားတတ်ကြတာ သဘာဝပါပဲ ။ 


ဒါပေမယ့် ဆက်လက်ပြီး မိမိရဲ့ရပ်တည်ချက်တွေ ယုံကြည်ချက်တွေကတော့ 

ပတ်ဝန်းကျင်တွေ ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 

အချိန်တွေဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ 


တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ မိမိရဲ့သစ္စာတရားတွေကတော့ ဘယ်တော့မှ မပြောင်းလဲလိုက်ပါနဲ့.....


#အဓိပတိကမ်မ 🇲🇲

 NLD ပါတီ စတင်တည်ထောင်စဉ်ကစပြီး ယနေ့အချိန်ထိ တပ်မတော်ကိုထိုးနှက်ဖို့ပဲ အမြဲဦးတည်ခဲ့တယ်၊

တပ်မတော်ကို ဖြိုခွဲပြိုကွဲ‌ေရးကုိပဲ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ် ။


NLDပါတီဟာ နိူင်ငံရေးပါတီတစ်ခု ဆိုတာထက် 

တပ်မ‌ေတာ်ကုိ ဆန့်ကျင်ဖို့ တိုက်ခိုက်ဖို့ လူစုထားတဲ့ လူမှု့အဖွဲ့အစည်းတစ်ခုထက်မပိုခဲ့ပါဘူး ။


မဆလ ခေတ်(ဗိုလ်နေဝင်း) ကစလို့ နဝတ နအဖ (ဦးသန်းရွှေ) ခေတ်တစ်လျှောက်လုံး ပြည်ပအားကိုးပြီး ပြည်တွင်းလက်နက်ကိုင်တွေနဲ့ပေါင်းပြီး တပ်မတော်ကို တိုက်ခိုက်ရန်လို ဖြိုခွဲဖို့ကိုပဲ အမြဲဆောင်ရွက်ခဲ့တာ သမိုင်းသက်သေပါပဲ ။


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ လွတ်တော်ထဲရောက်ပြီး လွတ်တော်ကော်မတီတွေမှာ နေရာပေးလိုက်ပြန်တော့လည်း အစိုးရဝန်ကြီးဌာနတွေကို ကျော်ပြီး လုပ်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့လို ၊ 

 

၂၀၁၅ ‌ေရွးကောက်ပွဲ မဲအနိူင်ရပြီး အစိုးရဖွဲ့ပြီးသွား‌ေတာ့လည်း အတိုက်အခံတုန်းကလိုပဲ လွှတ်‌ေတာ်တွင်းမှာ‌ေရာ လွှတ်တော်ပြင်ပ မှာပါ ရန်လိုမှု တွေ အသာစီးရလိုမှုတွေနဲ့ အာဏာအတွက် ပိုမိုလောဘကြီးလာတာမျိုး‌ေတွ တွေ့ရတယ် ။

၂၀၂၀ ရွေးကေက်ပွဲကတော့ ပြောစရာတောင် မလိုလောက်အောင် ဖြစ်ခဲ့ပါတယ် ။


ခုလည်း အာဏာရှင်မောင်းထုတ်ကြမယ်လို့ အော်နေကြသူတွေ ( လက်လက်စွဲကိုင် ယဉ်ကျေးလိမ်မာသင်တန်းဆင်း‌ေတွ ) ကိုယ်တိုင်က အရပ်သားအာဏာရှင်ခေတ်တစ်လျှောက်လုံး ဖုံးခဲ့ ကာခဲ့ ဖာခဲ့ ကြသူတွေဖြစ်နေတာ အံ့ဩမိပါတယ်ဗျာ ။


ပြောချင်တာက မြန်မာပြည် သမိုင်းတစ်လျှောက်လုံး တပ်မတော်နဲ့ဆန့်ကျင်တဲ့ အဖွဲ့အစည်း 

ဘယ်လောက်ပဲ အင်အားကောင်းနေပါစေ ဘယ်တော့မှ မမြဲဘူးဆိုတဲ့ သီအိုရီကို NLD ထောက်ခံသူတွေ သတိမထားမိတာ မဟုတ်ပါပဲ ၊

မသိချင်ယောင်ဆောင်ပြီး မသိနားမလည် ရိုးသားတဲ့ အညာသားလေးတွေကို သတင်းအမှားအချက်အလက်အမှားတွေနဲ့ ပြည်ပကနေ မိုက်ဇတ်သွင်းနေတာလို့ပဲ ထင်မိပါတယ် ။


ဒီမိုကရေစီနဲ့ ဒေါ်စုကြည်ကို ချစ်တဲ့စိတ်နဲ့

ရိုးသားစွာ ပါဝင်မိလို့ ပေးဆပ်လိုက်ရတဲ့ အသက်တွေ အိုးအိမ်တွေအတွက် ဝမ်းနည်းပေးရုံမှတစ်ပါး ကျနော်လည်း ဘာမှ မတတ်ခဲ့ပါ ။


#အဓိပတိကမ်မ 🇲🇲


 ကျနော်တို့ ကိုးကွယ်သည့် ရဟန်းသံဃာကို ကျနော်တို့ တိုင်းပြည်မှာ အခုလို ရန်သူအဖြစ်သတ်မှတ်လျက် သတ်ဖြတ်မှု ဖြစ်စဉ်တို့ကို ဘယ်သောအခါမှ မမျှော်လင့်မိခဲ့ဖူးသလို တွေးလည်းမတွေးမမိခဲ့ပါ။ 


လွန်ခဲ့သည့် ၉နှစ်ခန့်‌ေလာက် ကျနော်ဆရာတစ်ဦးက

 " မြန်မာ‌ေတွအချင်းချင်း ပြန်သတ်ကြလိမ့်မယ် နောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက ရဟန်းသံဃာတွေကို ဦးတည်ပြီး သတ်ဖြတ်လာကြလိမ့်မည်" ဟု ပြောခဲ့ဖူးသော်လည်း လုံးဝမယုံကြည်ခဲ့ဘူး၊  


ငါ့ဆရာတော့ စာတွေအဖတ်များပြီး လွတ်သွားတာလားလို့ ထင်ခဲ့မိပါတယ် ။ 

ကျ‌ေနာ်တောင်းပန်ပါတယ်ဆရာ ဆရာမကြားနိူင်တော ့ပေမယ့်

အခုတော့ ဆရာပြောခဲ့တာတွေ တကယ်ဖြစ်လာခဲ့တယ် ။

(ဆရာလည်း မရှိတော့ဘူး 2018မှာ ဆီးချိုသွေးချိုရောဂါနဲ့ ဆုံးပါးခဲ့ပါပြီ ) 


ဒါပေမယ့်ယနေ့အချိန်မှာ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို ပျက်ဆီးစေလိုတဲ့ ပြည်တွင်းပြည်ပ အဖွဲ့တွေ လူပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ဖို့ သွေးထိုးလှုပ်ဆော်နေသူတွေ ရှိသလို ဒီမိုကရေစီ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးစိတ်နှင့် ရိုးသားစွာ ပါဝင်မိကြခြင်း‌ေတွလည်း ရှိပါတယ် ။


ဘယ်လိုပဲ ဖြစ်ဖြစ် 2021မှာ နိူင်ငံရေးနဲ့ရောချပြီး ကျနော်တို့ ဘာသာရေးအတော်အထိနာခဲ့ရပြီ 😥။


(ယခုလည်း ၉၄ ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၂၂ ရက်နေ့မနက်တွင် မီးရှို့ခံရသော မေတ္တာဂုဏ်ရည်ကျောင်းတိုက်မှ ကိုရင် ၃ပါးပျံလွန်တော်မူ ခဲ့ရသလို February 1 နောက်ပိုင်းမှ စတင်၍ အကြောင်းတရားအမျိုးမျိုးပြပြီး ရဟန်သံဃာတွေကို လုပ်ကြံသတ်ဖြတ်နေကြသလို ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေကို စော်ကားလာခဲ့ကြတာ အတော်ဝမ်းနည်းရပါတယ် )


#အဓိပတိကမ်မ 🇲🇲

 ရဲရင့်တဲ့သတ္တိအဆင့်ထိမရောက်ဘူးဆိုရင်တောင်

ရိုးသားမှုအဆင့်တော့ ရှိဖို့လိုတယ် ၊


အတုတွေချည်းပဲ ချပြပြီး အချင်းချင်းပြန်လိမ်နေကြရင် ရလာဒ်က အတည်ထွက်မလာပါပဲ 


လီဆယ်တဲ့ အလိမ်အညာ‌ေတွပဲ ရလာဒ်အဖြစ် ထွက်လာတတ်တယ် ။


အမှန်မဟုတ် အမှန်မလုပ်ကြပါပဲ 

သတင်းအမှား အတုအယောင်တွေကို ကြားယောင်ပြီး အဟုတ်ကြီးထင် အရဲစွန့်ကြရင်တော့ ပေးဆပ်ရမှာတွေက အများကြီး ဖြစ်သွားကြလိမ့်မယ် ။


အဓိပတိကမ်မ 🇲🇲

 အရင်တစ်ခေါက်က ချင်းပြည်နယ်က ထန်တလန်မြို့ ပျက်ခဲ့ရသလို အခုတစ်‌ေခါက်ကတော့

ကယားပြည်နယ် လွိုင်ကော်မြို့ပါ ပျက်သွားပြီ၊ 


မြို့နေ ပြည်သူမရှိတော့ပါဘူး လက်နက်ကိုင်အကြမ်းဖက်တွေနဲ့ စစ်တပ်ကစစ်သားတွေပဲရှိတော့တယ်၊ လူနေအိမ်တွေကုိ အကာအကွယ်ယူပြီး ခံတပ်စစ်စခန်းသဖွယ် စစ်တပ်ကို တိုက်ခိုက်ကတည်းက မြို့ပျက်သဖွယ် ဖြစ်လာတော့မယ်လို့ ပြောခဲ့ဖူးတယ် ။ 


အေးအေးချမ်းချမ်းနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ မြို့တွေရွာက ပုံမှန်အတိုင်း အေးအေးဆေးဆေး နေထိုင်လို့ရပါတယ် ၊ အကြမ်းဖက်တွေကို အားပေး လက်ခံတဲ့ မြို့ရွာတွေက ပြေးရလွှားရနဲ့ လူနေအိမ်တွေကိုပါ မီးရှို့ခံရသလို လက်နက်ကြီးထိလို့ ပျက်ဆီးရတာတွေလည်း ရှိနေတယ်။


နိုင်ငံရေးနားလည်လို့ အကျိုးအကြောင်းနားလည်တဲ့ နိုင်ငံရေးပညာတတ်အုပ်စု‌ေတွက မီဒီယာကတစ်မျိုး ဖေ့ဘုတ်စ်ကတစ်မျိုး အမျိုးမျိုး လှုပ်ဆော်နေပေမယ့် နိူင်ငံရေးကို နားမလည်တဲ့လူတွေက ဒီမိုကရေစီကို ချစ်တဲ့စိတ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့စိတ်နဲ့ ရိုးသားစွာ ပါဝင်ခဲ့ကြပေမယ့် ပေးဆပ်လိုက်ရတွေက အစားထိုးမရတဲ့ အသက်တွေပါပဲ ။


အဓိကပြောချင်တာက

အလုပ်အကိုင်က တပ်မတော်သား လို့မှတ်ပုံတင်ထားတဲ့ စစ်သားက စစ်တိုက်တာ သူ့အလုပ်သူလုပ်နေတာဖြစ်ပြီး နိုင်ငံရေးသမားက စစ်ဝင်တိုက်နေတာဟာ သူ့အလုပ်သူမလုပ်တာဖြစ်တယ်။ 

လူတိုင်းကိုယ့်အလုပ်ကိုယ်လုပ်နေကြရင် တိုင်းပြည်ကငြိမ်းချမ်းပါတယ်။ 


စစ်ကို မခေါ်ကြပါနဲ့ စစ်ကို ခေါ်ရင် စစ်ကရောက်လာမှာပါလို့ အရင် ထန်တလန်မြို့ဖြစ်စဉ်ဖြစ်ကတည်းက ပြောထားခဲ့တာ ။ 

စစ်ပွဲဖြစ်လာရင် နေအိမ်တွေ ပျက်ဆီးမယ် တောတွေတောင်တွေထဲ ပြေးကြရမယ် မိန်းမတွေ မုဒိမ်းအကျင့်ခံရမယ် အသက်တွေအများကြီး သေကြမယ် ။ သေနတ်ရှိတဲ့သူက ဖိနပ်နဲ့ချွတ်ပြီးမပစ်ဘူး၊ စစ်ဖြစ်တဲ့နေရာမှာ လူ့အခွင့်အရေးမရှိဘူး၊ စစ်တွင်းကတိတွေက မယုံကြည်ရဘူး၊ 


ဒါ‌ေတွဟာစစ်ပွဲကြောင့်ဖြစ်ရတာဆိုပြီး စစ်မဖြစ်အောင်ဝိုင်းဝန်းကာကွယ်တားဆီးဖို့ပဲလိုတယ်


စစ်ဖြစ်အောင်လက်နက်ကိုင်ခဲ့ကြတဲ့ သူတွေများလေလေ တိုက်ပွဲကြီးတွေဖြစ်လေလေပဲ စစ်ပွဲတွေဖြစ်လေလေ ပြည်သူတွေသေလေလေပဲ ။ 

ဒါကို ပြည်သူအများစုက နားမလည်နိူင်ကြသေးလို့ မြန်မာပြည်ဟာ မငြိမ်းမချမ်းဖြစ်နေကြတာ။

ပြည်သူတွေ မသေစေချင်ရင် ပြည်သူ့အသက်တွေ မဆုံးရှုံးစေချင်ရင် ပြည်တွင်းမယ် စစ်ဘောင်ချုံ့ပြီး နိုင်ငံရေးဘောင်ချဲ့ကြဖို့ ကြိုးစားကြပါလို့ လူထုကို ခေါင်းဆောင်နေတဲ့ ဂေါင်ကြီးပိုင်းတွေကို မေတ္တာရပ်ခံချင်ပါတယ် ။


ခေါင်းကြီးပိုင်းတွေ ခေါင်းကြီးကြီးထားပြီး နိူင်ငံရေးလုပ်ကြပါဗျာ ၊ ခင်များတို့နောက်လိုက်နေတဲ့ လူအုပ်ကြီးက မျက်စိတွေ နားတွေပိတ်ပြီး အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန် မခွဲခြားတော့ပဲ ခိုင်းတာလိုက်လုပ်နေကြတာ ခင်များတို့လည်း သိနေတာပဲ ။

အမှားတွေကို ပြင်ဆင်လိုက်ရင် အမှန်ကို မြင်တွေ့ရပါလိမ့်မယ် ။


ကဲ ....တော်သေးပြီ......။ 


#အဓိပတိကမ်မ 🇲🇲


(နေနည် ပို့စ်ကို မှီငြိမ်းထားပါသည် )

 နိူင်ငံရေးသမားလုပ်တော့မယ် ဆိုရင် တိုင်းပြည်လူမျိုးအတွက်ပဲ လုပ်ကြပါ။


နိူင်ငံရေးလုပ်ကြမယ့် နိူင်ငံရေးသမားတိုင်းမှာ


▪️သမိုင်းကိုလည်းသိထားရပါလိမ့်မယ်


▪️ကုိယ်ပုိင် အရည်အချင်းလည်းရှိထားရပါလိမ့်မယ်

▪️ခေတ်ပညာတတ်ပြီး အနာဂတ်ကိုလည်း ကြိုမြင်တတ်ရပါလိမ့်မယ် 


နိူင်ငံရေးသမားတစ်ယောက်ဟာ ဒါတွေနဲ့ ပြီးပြည့်စုံ‌ေနမှ တိုင်းပြည်အတွက် ထိထိရောက်ရောက် အလုပ်နိုင်ပါလိမ့်မယ်။


သမိုင်းကုိလည်း မသိ အရည်အချင်းကလည်း မရှိ

ခေတ်ပညာလည်း မတတ် ပြုလုပ်ရတဲ့အကြောင်း ဖြစ်ပေါ်လာမည့် အကျိုး‌ေတွ မသိပါပဲ 


နိူင်ငံရေးလုပ်‌ေဆာင်နေကြရင်တော့ တိုင်းပြည်အတွက် အကျိုးမဖြစ်ပါပဲ လုပ်သမျှ နိူင်ငံ ပျက်ဆီးရတာရယ် နိူင်ငံသားတွေ နစ်နာရတာပဲ အဖက်တင်ပြီး တိုင်းပြည်ကို အဆိပ်သင့်စေသော လူတွေ ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါတယ် ။


(အဲ့လိုနိူင်ငံ‌ေရးသမား‌ေတွ မြန်မာပြည်မယ် ပေါများတယ်)


အခုလက်ရှိ နိူင်ငံရေးပဋိပက္ခတွေရဲ့ အရင်းခံက 

နိူင်ငံရေးကို ကောင်းစွာ မကြည့်တတ်ခြင်းကြောင့် ဖြစ်နေရခြင်းဖြစ်ပါသည် ။


ကောင်းစွာ နိူင်ငံရေး လုပ်ဆောင်တတ်သော နိူင်ငံရေးသမားတွေ ဖြစ်ပါစေ .....🇲🇲    


#အဓိပတိကမ်မ         


.

.

 အရှိကို အရှိအတိုင်း 

အမှန်ကို အမှန်အတိုင်း 

ပြောတဲ့သူဟာ 

လောကမှာ ဘယ်သူနှင့်မှ 

ငြင်းခုံရာ မရောက်ပါဘူးတဲ့ ။


မြတ်ဗုဒ္ဓ

 "လူငယ်တွေ နိူင်ငံရေး မလုပ်ကြနဲ့ လူငယ်တွေနိုင်ငံရေးလုပ်ရင် အသုံးချခံပဲ ဖြစ်လိမ့်မယ်" လို့ ဆရာအောင်သင်းက ပြောခဲ့ဖူးတယ် ၊


အခု မြန်မာပြည်ကလူငယ်တွေက နိုင်ငံရေးကို သေချာမလေ့လာကြပဲ February 1 အာဏာသိမ်းပြီးမှ ရဲရဲတောက်တွေ ဖြစ်လိုဖြစ် ၊ နိူင်ငံရေးကပဲ သူတို့ ပခုံးပေါ်ကျရောက်လာတာလိုလို ၊ သမိုင်းပေးတာဝန်ကိုပဲ သူရဲကောင်းဘွဲ့ခံပြီး ယူလိုက်ကြရသလို ဖြစ်ကြပြီး လက်နက်ကိုင်သူက လက်နက်ကိုင် ၊ ဓားဆွဲသူက ဓားဆွဲ ၊ တောခိုသူတွေက တောခိုကြနဲ့ မြန်မာနိူင်ငံရေးလည်း ဖရိုဖရဲ ပရမ်းပတာတွေ ယနေ့အချိန်ထိ ဖြစ်လာခဲ့ရပြီ။


(ဝါရင့်နိုင်ငံရေးသမားဆိုသူ‌ေတွ နဲ့ ပြည်ပအထောက်အပံ့ မီဒီယာသမားတသိုက် က စိတ်ကြိုက်ဂျင်းထည့်ပြီး လိုရာကိုပုံသွင်းခြင်းကို ခံနေကြရတယ် )


Generation Z (GZ )ဘွဲ့ခံပေးလိုက်တော့ ကြောင်းကျိုးရလဒ် ကို စဉ်းစားတွေးခေါ်နိူင်မှုနည်းတဲ့ လူငယ်တွေက နိူင်ငံရေးရဲ့ အသုံးချခံဖြစ်ပြီး သေတဲ့သူတွေ သေ ထောင်ကျတဲ့သူတွေက ထောင်ကျ တောထဲရောက်တဲ့သူတွေက တောထဲရောက် လူသတ်သမားဖြစ်မှန်းမသိဖြစ်နေတဲ့ လူငယ်တွေလည်း အများကြီးပါပဲဗျာ


ခံစရာရှိ လူငယ်တွေပဲ အရင်ခံရတာပါ


ဆန္ဒပြပွဲတွေ အရှိန်မြင့်တုန်းကလည်း လူငယ်တွေရဲ့ အသက်တွေကိုပဲ အရင်နှုတ်ယူခဲ့သလို လူသတ်ဗုံးထောင် မိုင်းခွဲ မီးရှို့တဲ့အမှုတွေနဲ့ အဖမ်းခံရ‌တာ‌ေတွကလည်း လူငယ်တွေပါပဲ ။

ခံစရာရှိတော့ လူငယ်တွေပဲ ခံကြရပြီး 

အာဏာယူချိန် အာဏာရချိန်မှာတော့ လူငယ်တွေကို မေ့ပြစ်ပြီး ငွေရှိတဲ့လူတန်းစား အကပ်ကောင်းတဲ့လူတန်းစားတွေကိုပဲ အာဏာရယူကြတာ 2015 NLD နိူင်ပြီး အစိုးရဖွဲ့ချိန်မှာ ၈၈ က ကျောင်းသားလူငယ်တွေကို နေရာမပေးခဲ့ကြတဲ့ သမိုင်းတွေ လည်းရှိပါတယ် ။


Social media ပေါ်က‌ေန သွေး‌ထိုးလှုပ်ဆော်နေတဲ့ တစ်ရာဖိုးသုံးကောင် နိုင်ငံရေးသမားကြီးတွေ ယခု နိူင်ငံရေးပဋိက္ခမှာ ပေးဆပ်လိုက်ရတဲ့ ကျောင်းသားလူငယ်တွေအတွက် ခင်ဗျားတို့လိပ်ပြာလုံကြပါစေ...။


မြန်မာလူငယ်တို့ရေ အသုံးချခံနိူင်ငံရေးသမားတွေ အဖြစ်မခံကြပါနဲ့ .....


#အဓိပတိကမ်မ 🇲🇲 

 


 NLD ပါတီ စတင်တည်ထောင်စဉ်ကစပြီး ယနေ့အချိန်ထိ တပ်မတော်ကိုထိုးနှက်ဖို့ပဲ အမြဲဦးတည်ခဲ့တယ်၊

တပ်မတော်ကို ဖြိုခွဲပြိုကွဲ‌ေရးကုိပဲ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ် ။


NLDပါတီဟာ နိူင်ငံရေးပါတီတစ်ခု ဆိုတာထက် 

တပ်မ‌ေတာ်ကုိ ဆန့်ကျင်ဖို့ တိုက်ခိုက်ဖို့ လူစုထားတဲ့ လူမှု့အဖွဲ့အစည်းတစ်ခုထက်မပိုခဲ့ပါဘူး ။


မဆလ ခေတ်(ဗိုလ်နေဝင်း) ကစလို့ နဝတ နအဖ (ဦးသန်းရွှေ) ခေတ်တစ်လျှောက်လုံး ပြည်ပအားကိုးပြီး ပြည်တွင်းလက်နက်ကိုင်တွေနဲ့ပေါင်းပြီး တပ်မတော်ကို တိုက်ခိုက်ရန်လို ဖြိုခွဲဖို့ကိုပဲ အမြဲဆောင်ရွက်ခဲ့တာ သမိုင်းသက်သေပါပဲ ။


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ လွတ်တော်ထဲရောက်ပြီး လွတ်တော်ကော်မတီတွေမှာ နေရာပေးလိုက်ပြန်တော့လည်း အစိုးရဝန်ကြီးဌာနတွေကို ကျော်ပြီး လုပ်ဆောင်ခဲ့တာတွေ အများကြီးရှိခဲ့လို ၊ 

 

၂၀၁၅ ‌ေရွးကောက်ပွဲ မဲအနိူင်ရပြီး အစိုးရဖွဲ့ပြီးသွား‌ေတာ့လည်း အတိုက်အခံတုန်းကလိုပဲ လွှတ်‌ေတာ်တွင်းမှာ‌ေရာ လွှတ်တော်ပြင်ပ မှာပါ ရန်လိုမှု တွေ အသာစီးရလိုမှုတွေနဲ့ အာဏာအတွက် ပိုမိုလောဘကြီးလာတာမျိုး‌ေတွ တွေ့ရတယ် ။

၂၀၂၀ ရွေးကေက်ပွဲကတော့ ပြောစရာတောင် မလိုလောက်အောင် ဖြစ်ခဲ့ပါတယ် ။


ခုလည်း အာဏာရှင်မောင်းထုတ်ကြမယ်လို့ အော်နေကြသူတွေ ( လက်လက်စွဲကိုင် ယဉ်ကျေးလိမ်မာသင်တန်းဆင်း‌ေတွ ) ကိုယ်တိုင်က အရပ်သားအာဏာရှင်ခေတ်တစ်လျှောက်လုံး ဖုံးခဲ့ ကာခဲ့ ဖာခဲ့ ကြသူတွေဖြစ်နေတာ အံ့ဩမိပါတယ်ဗျာ ။


ပြောချင်တာက မြန်မာပြည် သမိုင်းတစ်လျှောက်လုံး တပ်မတော်နဲ့ဆန့်ကျင်တဲ့ အဖွဲ့အစည်း 

ဘယ်လောက်ပဲ အင်အားကောင်းနေပါစေ ဘယ်တော့မှ မမြဲဘူးဆိုတဲ့ သီအိုရီကို NLD ထောက်ခံသူတွေ သတိမထားမိတာ မဟုတ်ပါပဲ ၊

မသိချင်ယောင်ဆောင်ပြီး မသိနားမလည် ရိုးသားတဲ့ အညာသားလေးတွေကို သတင်းအမှားအချက်အလက်အမှားတွေနဲ့ ပြည်ပကနေ မိုက်ဇတ်သွင်းနေတာလို့ပဲ ထင်မိပါတယ် ။


ဒီမိုကရေစီနဲ့ ဒေါ်စုကြည်ကို ချစ်တဲ့စိတ်နဲ့

ရိုးသားစွာ ပါဝင်မိလို့ ပေးဆပ်လိုက်ရတဲ့ အသက်တွေ အိုးအိမ်တွေအတွက် ဝမ်းနည်းပေးရုံမှတစ်ပါး ကျနော်လည်း ဘာမှ မတတ်ခဲ့ပါ ။


#အဓိပတိကမ်မ 🇲🇲


 မုန်တိုင်းတွေကြားထဲ ပင်လယ်တွေ

သမုဒ္ဒရာတွေတောင်

လက်ပစ်ကူးခဲ့ ပြီးပြီဘဲ

ပြုံးနေရုံဘဲပေါ့.....

 တန်ဖိုးရှိအောင်နေ 


တန်ဖိုးမသိတဲ့သူတွေ 


သူ့ဘာသာထွက်သွားလိမ့်မယ်

 ရှေ့မီနောက်မီကိုယ်တွေအတွက်တော့။

ဘယ်လိုဖြစ်ဖြစ်အဆင်ပြေပေမယ့်.....

လက်ရှိအနေအထားကနေ

Updateထပ်မတင်ဖြစ်ရင်တောင်


ကိုယ်တွေမျိုးဆက်နိုင်ငံ့အနာဂတ်လေးတွေကိုတော့


ကိုယ်တွေဖြတ်သန်းခဲ့ရတဲ့

သက္ကရာဇ်တွေလိုမျိုး

နေ့ရက်တွေ ထပ်တူမကျစေချင်ပါဘူး။

 ၁၀ နှစ်လောက်လေ့လာခဲ့ပေမယ့် 

နိုင်ငံရေးကို နားမလည်ခဲ့ဘူး

ဒါပေမယ့် ၂ ခါ ၃ ခါလောက် ခံလိုက်ရတော့

တော်တော်ကို နားလည်သွားတယ် 

စာတွေ့နဲ့လက်တွေ့ဆိုတာ အဲ့ဒါပဲ

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...