Sunday 19 January 2020

ヅ•အစိုးရသည် ဘာလဲ ဘယ်လဲ! ヅ
(Aritcle)

ကျွန်တော်တို့ မြန်မာနိုင်ငံတော်အစိုးရ သည် ဘာတွေ လုပ်ဆောင်နေကြတာလဲ...
ကျွန်တော်တို့ မြန်မာနိူင်ငံတော်အစိုးရ သည်
ဘယ်ကို သွားကြမှာလဲ ....
ဘယ်ကို ဦးတည်ပြီး သွားနေတာလဲ...

တိုင်းပြည်တစ်ပြည် ဖွဲ့ဖြိုးတိုးတက်သော နိူင်ငံတော် ဖြစ်လာဖို့အတွက် အစိုးရတစ်ရပ်၏ အခန်းကဏ္ဍသည် အဓိကကျလှပါတယ်။
အစိုးရ၏ လုပ်ဆောင်ချက်တွေက ပြည်သူ၏ လက်ရှိလိုအပ်နေသော အလုပ်တွေကို ပိုပြီးဦးပေးပြီိး လုပ်ဆောင်မယ်ဆိုရင်တော့ ပြည်သူပြည်သားအားလုံးက အတော်လေးဝမ်းသာပီတိ ဖြစ်မိမှာ အမှန်ပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်အခါမှာ အစိုးရ၏ လုပ်ဆောင်ချက်တွေကတော့ အပိုတွေပဲ လုပ်ဆောက်နေတယ်လို့ ကျွန်ုပ် ကမြင်မိပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ငြိမ်းချမ်းရေးလည်း ဖြစ်ဖြစ်မြှောက်မြှောက် ဖြစ်မလာတာကို မြင်တွေ့နေရပါသည် ၊ ၂၁ပင်လုံငြိမ်းချမ်းရေး ညီလာခံလုပ်ဆောင်နေကြတာ ဒုတိယညီလာခံပြီးလို့ တတိယညီလာခံကိုတောင် လုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါသည် ၊ အမှန်ငြိမ်းချမ်းရေးမြင်တွေ့ရခြင်းတော့ မရှိခဲ့ပါဘူး ၊တိုင်းပြည်ကတော့ မငြိမ်းမချမ်းနဲ့ အေးချမ်းမှုလဲ မရှိသေးတာကို ပြည်သူတွေအားလုံး ကသိကြပါသည် ၊ ကျွန်ုပ် ကြားဖူးတာ တစ်ခုကို လက်ဆင့်ကမ်းပြောပြရရင်တော့ သခင်သန်းထွန်း ပြောပြခဲ့တဲ့ **ငြိမ်းချမ်းရေးညီလာခံ ငြိမ်းချမ်းရေး ဆွေွးေးပွဲတွေဟာ ကတိပါအိတ်စွပ်ထားတဲ့ သံလက်သီးတွေပါပဲ.**တဲ့
ဟုတ်မြန်းဟုတ်နေမလားတော့ မသိဘူး..ဒါပေမယ့် ဖြစ်ဖို့က ပိုပြီးများပါတသည်။
မြန်မာပြည်အစိုးရ အဆက်ဆက်က င်ြမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်ကြတာ များခဲ့ပါပြီ ၊ ဘယ်မှာလဲ ငြိမ်းချမ်းရေး ၊ ဘယ်မှာလဲ အပစ်အခတ်ရပ်စဲရေး ဘာကိုမှ ရေရေရာရာ မြင်တွေ့ရခြင်း မရှိခဲ့ကြတာ ကို ပြည်သူအားလုံး အသိပဲ ဖြစ်ပါသည်။

ဘယ်မှာလဲ အပြောင်းအလဲ ဘယ်မှာလည်း ငြိမ်းချမ်းရေး နှစ်ပေါင်း ၁ဝဝ ရာကျော်တော့မယ် ငြိမ်းချမ်းရဲ့ အနှစ်သာရကို ပြည်သူတွေမခံစားရသေးဘူး..၊ ငြိမ်းချမ်းရေး ရဲ့ အေးချမ်းမှုတွေကို ပြည်သူတွေ မခံစားရသေးဘူး.၊ ဒုတိယ ကမ္ဘာစစ်သာပြီးဆုံးသွားတာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးက ရောင်လည်လည်နဲ့ ခရီးမပေါက်မရောက်နဲ့ တိုင်းပြည် မငြိမ်းမချမ်းနဲ့ ပဲ ရှေ့ကို သွားနေရသည် ။
ကျွန်ုပ်တို့ရဲ့ ငြိမ်းချမ်းရေးခရီးလမ်းကြောင်းကပဲ မှားယွင်း နေတာလား ကျွန်ုပ် တို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစင်တွေကပဲ မှားယွင်း နေတာလား ဆိုတာတွေကို ပြည်တွင်းငြမ်းချမ်းရေး လုပ်ဆောင်သူတွေ အပတ်ခတ်ရပ်စဲရေး လုပ်ဆောင်နေကြသူတွေသာ အမှန်တကယ် ငြိမ်းချမ်းရေးကို မြတ်နိုးတတ်မယ်ဆိုရင်တော့ ၊ မိမိတို့ရဲ့ အဖွဲ့အစည်း မိမိတို့ ရဲ့ အသင်းအဖွဲ့တွေက ပြန်လည်သုံးသပ်သင့်နေပါပြီ....၊
လို့ ပြောကြားတင်ပြချင်ပါသည်။
နောက်တစ်ခု ထပ်လောင်းပြောကြားချင်တာကတော့ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဗန်းစကားတစ်ခွန်းစ နှစ်ခွန်းဆနဲ့ ပြည်သူကို ညာစားနေကြသော ညာတာပါတေး ငြိမ်းချမ်းသမားတွေကို ထုတ်ပယ် ပစ်ပြီး ငြိမ်းချမ်းရေးကို ခရီးပေါက်အောင် လုပ်ဆောင်နိူင်ကြသော ပြည်သူခေါင်းဆောင်တွေကို ပြောင်းလဲ ခန့်အပ်စေချင်ပါသည် ၊။
အလုလက်ရှိငြိမ်းချမ်းရေး ခရီစဉ်အတိုင်းသာ ငြိမ်းချမ်းရေး ခရီးလမ်းကို ဖြတ်သန်းနေကြမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်လှမ်းနိူင်မယ် မထင်မိပါဘူးလို့
ပြောချင်ပါသည်။ ။
ဒါက ငြိမ်းချမ်းရေး ပါ၊

တစ်ခါ စီးပွားရေးဘက်ကို တစ်ချက်လောက် လှည့်ကြည့်ကြရအောင်...၊
ပြည်သူတွေ အားလုံးက ရွေးကောက်တင်မြှောက်ထားသော အစိုးရသစ်ဆိုတော့ ပြည်ပရင်းနှီး မြုပ်နှံမှုတွေ တစ်ရှိန်ထိုး တိုးမြင့်ဘာလိမ့်မယ်လို့ တွေးထင်ထားမိသေးတယ် ၊ တကယ်တမ်း အစိုးရသစ် တက်လာလို့ ၂နှစ်ပြည့်ခါနီးတာတောင် ပြည်ပရင်းနှီး မြုပ်နှံမှုတွေ က ဝင်ရောက်ခြင်းမရှိသေးဘူး...၊
ပြည်ပရင်းနှီး မြုပ်နှံမှုကလည်ယ ထင်သလောက် ဝင်မလာ ၊ ပြည်တွင်းအလုပ်အကိုင် ရရှိမှုကလည်း တိုးတက်မလာ၊ နိူင်ငံလူဦးရေမှာ အလုပ်လက်မဲ့ လူဦးရေများပြားမှုတွေကလည်ယ တိုင်းပြည်ရဲ့ စီးပွားရေး ကို ယိမ်းယိုင်စေတာ အမှန်ပဲ ဖြစ်ပါသည်။ လက်ရှိအစိုးရလက်ထက်မှာ တစ်ဦးတစ်ယောက်ရဲ့ လုပ်ခ လစာ ၃၆ဝဝကျပ် မှ ၄၆ဝဝ ကျပ် အထိ တိုးမြှင့်သတ်မတ်ပေးမှု က အားရစရာ အချက်ပဲ ဖြစ်ပါသည်။ ဒါပေမယ့်လည်း ကုန်စျေးနှုန်းမြင့်တက်လာမှု တွေကြောင့် ထူးထူးခြားခြား ပြောင်းလဲတိုးတက်လာခြင်းမရှိတာလည်း မြင်တွေ့ရပါသည်၊ နိူင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး တရှိန်ထိုး မြင့်တက်လာပြီလို့ ပြောကြားထားပေမယ့် နိူင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင် တွေ၏ ပြောကြားချက်တွေကတော့ တိုင်းပြည်ရဲ့ စီးပွားရေးက ဒီအချိန်မှာ အကျဘက်ကို စိုက်ရောက်နေတယ်လို့ ပြောကြားတာတွေကိုလည်း ကြားသိရပါသည်။ အစိုးရပြောသော စကားလုံးနဲ့ အရပ်ဘက်ပြောသော စကားတွေက အလွဲအချော်တွေ ဖြစ်နေတာတော့ အမှန်ပဲ ဖြစ်ပါသည် ဘယ်သူပြောတာ အမှန်လဲ ဆိုတာကတော့ ပြည်သူတွေပဲ အသိဆုံးဖြစ်သည်။ ကမ္ဘာဘဏ်က ချေးငွေတိုးရပါသည် ၊ နိူင်ငံတကာက ချေးငွေတွေ များရပါသည် ၊ ထောက်ပံ့ကြေးတွေ တိုးရလာသည် ၊ ပြည်တွင်းအခွန်ငွေ တိုးရလာသည် ၊ စသည်တို့ တိုးပွားလာသည် ၊ ဒါပေမယ့် ဒီလိုချေးငွေတွေ တိုးရလာတိုင်း မကောင်းပါဘူး လက်ရှိအခြေအနေ အစဉ်ပြေစေဖို့ အတွက်ပဲ ကြည့်လို့ မရပါဘူး. ၊ ရေရှည်စီမံကိန်းတွေ ရေးစွဲ ၊ စီးပွားရေး ရည်မှန်းချက် မူဝါဒတွေ ရေးစွဲပြီးမှ နိူင်ငံစီးပွားရေး ပြန်လည်ဦးမော့လာမည် ဖြစ်ပါသည် ။ အောက်ခြေအခြေခံလူတန်းစားတွေရဲ့ အခန်းကဏ္ဍတွေကို စီးပွားရေးဦးတည်ချက်ထဲမှာ မဖြစ်မနေထည့်သွင်း ရေးစွဲရန်လိုအပ်နေပါသည်။

ဆက်လက်ဖော်ပြရေးသားပါမည်။
 Please share now©®©®

          အဓိပတိ ကမ်မ
      19-1-2018,6.30am

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...