Tuesday 29 December 2020

နိူင်ငံရေးအနှစ်ချုပ် ၁၂

human rights  justice 


“တစ်နေရာမှာ တရားမျှတမှု မရှိခြင်းသည် နေရာတိုင်းမှာ တရားမျှတမှု ရှိခြင်းကို ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။

 "Injustice anywhere is a threat to justice everywihere"


 ဟု လူ့အခွင့်အရေး တိုက်ပွဲဝင်သူ မာတင်လူသာကင်း” (Martin Luther king )က ဒီမိုကရေစီစနစ်တွင် တရားရေး လွှမ်းမိုးမှု  ရှိခြင်း၏ အရေးပါမှုကို အလေးအနက်ထား ပြောဆိုခဲ့သည် ။


တရားရေး အခွင့်အလမ်းမရရှိခြင်းသည် လူ့အဖွဲ့အစည်းမှ ဖယ်ကြဉ်ခံရသော စွန့်ပစ်ခံလူသားများအတွက် တရားမျှတမှုမရရှိခြင်းပင် ဖြစ်သည်။ 

သာတူညီမျှ ဖြစ်သော ကောင်းမွန်သော တရားရေးအခွင့်အလမ်း ရရှိရန် ဆောင်ရွက်ခြင်းသည် ၂၁ ရာစု ဒီမိုကရေစီအစိုးရများ၏ ကြီးမားသော ဦးတည်ချက်တစ်ခု ဖြစ်လာလေပြီ ။


စင်စစ် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတွင် တရားရေးမဏ္ဍိုင်သည် အခြေခံ ဒေါက်တိုင်တစ်ခုဖြစ်သည်။ 

ထို့ကြောင့် တရားရေးလက်လှမ်းမှီမှုနှင့် တရားရေး အခွင့် အလမ်းရရှိမှုတို့သည် စံပြနိုင်ငံတော်၏ အခြေခံပြယုဂ်ဖြစ်သည်ဟု နိုင်ငံရေး တွေးခေါ် ပညာရှင်များက မိန့်ကြားခဲ့ကြခြင်း ဖြစ်ပေသည် ။

 ထိုနည်းတူ နိုင်ငံတစ်ခု၏ အဆင့်အတန်းသည် ထိုနိုင်ငံ၏ ဒီမိုကရေစီ အခြေခံစနစ် မည်မျှခိုင်မာသည်ကို ဖွင့်ဆို ခြင်း ဖြစ်သည်ဟူ၍လည်း ထောက်ပြ ခဲ့ကြခြင်း ဖြစ်ပေသည် ။

အဓိပတိကမ္မ 

ရွှေပြည်တော်၏ပညာရေးခရီးစဉ် ၁


နိူင်ငံရေးအနှစ်ချုပ် ၁၁

 ကောင်းသောအုပ်ချုပ်ရေး


“ကောင်းသောအုပ်ချုပ်ရေး စကားရပ် အား အဓိပ္ပာယ်ဖွင့်ဆိုရလျှင် နိုင်ငံရေး အရ တာဝန်ခံမှုရှိခြင်း၊ ဗဟိုအုပ်ချုပ်မှု ကဏ္ဍတွင် ပွင့်လင်းမှုရှိခြင်း၊ တရားဝင် သော လုပ်ပိုင်ခွင့်အာဏာကိုသာ ကိုင် တွယ် ကျင့်သုံးခြင်း၊ အဖွဲ့အစည်းများ လွတ်လပ်မှုရှိခြင်းနှင့် ပါဝင်ဆောင်ရွက် ခွင့်ရှိခြင်းတို့ ဖြစ်သည်။


အဓိပတိကမ္မ 

pyaephyoaungkm

Monday 28 December 2020

နိူင်ငံရေးအနှစ်ချုပ် ၁၀

ဒီမိုကရေစီ ဆိုတာ

ကိုယ်ပြောချင်တာတွေချည်း ပြောဖို့မဟုတ်ဘဲ လူထု လိုအပ်ချက်အမှန်ကို ထင်ဟပ်စေတဲ့ ၊

 ပြည်သူက သိချင်နေတဲ့ ကိစ္စတွေကို ပြည်သူနားလည်အောင် ရှင်းပြ တာမျိုးက ပြည်သူတင်မြောက်ထားတဲ့ ဒီမိုကရေစီအစိုးရတိုင်းအတွက် အကျိုးမယုတ်စေပါဘူး။ 

မဟုတ်ရင် အရင်အစိုးရက လည်း သူတို့လုပ်ချင်ရာ လုပ်သွားတယ် ၊ ဒီအစိုးရလည်း မထူးပါဘူး ဆိုတဲ့ ပုံစံပဲ ဖြစ်သွားနိုင်ပါတယ် ။ 

အစုိးရသည်

အချုပ်အားဖြင့် ပြောရင် ပြည်သူစိတ် မွေးဖို့ပါပဲ ကျနေဖို့ လိုပါတယ် ။ 

နေရာရသွားလို့ အစိုးရနဲ့ ပြည်သူ စိတ်ထပ်တူ ၊ အာဏာရသွားလို့ ပြောင်းလဲသွားပြီဆိုတဲ့ ပြောဆိုမှုကို လက်မခံချင်ရင် အစိုးရမှာ ပြည်သူစိတ်ရှိနေဖို့ပဲ လိုပါတယ် 

နောက်တစ်ခု

ပြည်သူတစ်ယောက်က  ၊ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးလုပ်နိုင်စွမ်းဟာ မဲပေးတာပါ ။

 ဒီထက်ပိုပြီး ပြည်သူတစ်ယောက်က ဘာမှ ဝင်မလုပ်ပေးနိုင်ပါဘူး။ နိစ္စဓူဝ စားဝတ်  နေရေးအတွက်ပဲ ပင်ပန်းတကြီး လုပ်ကိုင်ရှာဖွေနေ ရတဲ့ ပြည်သူတွေဟာ နိုင်ငံ့ရေးရာ အလုပ်တွေလုပ်ဖို့ အတွက် သူတို့ယုံကြည်သူကို မဲပေးအပ်နှင်းထားခဲ့ပြီး ဖြစ်ပါတယ် ။

 ပြည်သူက ရွေးချယ်ထားသူတွေက ပြည်သူ့အတွက် တာဝန်ကျေအောင် အလုပ်လုပ်ပေးရမှာပါ။ 

ကိုယ်ပေးတဲ့ ကတိတည်အောင် စွမ်းဆောင်ရမှာပါ။

ဒါမှ တာဝန်ယူမှု တာဝန်ခံမှု တာဝန်သိသာ အစိုးရ ဖြစ်မှာပါ ။

 

အဓိပတိကမ္မ



နိူင်ငံရေးအနှစ်ချုပ် ၉

 အစိုးရယန္တရားထိပ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်က ထိပ်ဆုံးမှာ ထိုင်ထား ပါတယ် ။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဝန်ကြီး ဒါတွေအပြင် နိုင်ငံရေး၊ စီးပွားရေး ၊ သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ၊ လူမှုရေးကော်မတီတွေ အပါအဝင် ကော်မတီ ၁၆ ခုရဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတာဝန်လည်း ယူထားပါတယ်။

 နိုင်ငံရေး၊ စီးပွားရေး လူမှုရေး ကိစ္စအဝဝဟာ အတိုင်ပင်ခံရုံးမှာပဲ ရှိနေပါတယ်။

 သေချာတဲ့တစ်ချက်က ၊  စစ်အာဏာရှင်မဟုတ်ဘဲ ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ NLD အစိုးရလက်ထက် မှာ အခုဖြစ်နေတဲ့ အခင်းအကျင်းအပေါ် ဗဟိုချုပ်ကိုင်မှု ကြီးတယ်လို့မပြောဘဲ ဘယ်လို ပြောရမလဲ ၊ 

 ဒါပေမယ့် အစားထိုးသုံးဖို့ စကားလုံး ရှာမတွေ့ပါဘူး။


•အခုလက်ရှိ ဖြစ်လာတဲ့အခြေအနေက ဒေါ်အောင်ဆန်းစုကြည် အလုပ်ပိလာတာပါပဲ။ 

ဒေါ် အောင်ဆန်းစုကြည် အလုပ်တွေ မနိုင်တော့တာကြောင့် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ ပေါ်လာပါတယ် ၊ ။ 

ဒါ့အပြင် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ၂ ခုအောက်မှာ ဌာနကြီး ၂ ခု ခွဲထုတ်ပြီး အဲဒီအောက်မှာ ဌာနခွဲ ၈ ခု ဖွဲ့  သမ္မတရုံးဝန်ကြီးဌာနအောက်မှာလည်း ဌာနကြီး ၅ ခု ခွဲထုတ် ပါတယ် ။

 အဲဒီမှာ ပါနေတဲ့လူတွေကို ကြည့်ပြန်တော့ ချန်ပီယံ ဖြစ်နိုင်လောက်တဲ့သူ  တစ်ယောက်မှ မတွေ့ ပါဘူး။ ဗျူရိုကရေစီယန္တရား အောက်မှာ တဝဲလည်လည် ဖြစ်နေမယ့်သူတွေချည်းပါပဲ။


ဒါ‌ေကြာင့် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ဒီမိုကရေစီအသံကာင်းဟစ်နေပြီး အာဏာရှင်ဇာတ်ခင်းနခြင်းပါပဲလို့ သုံးသပ်ချင်ပါတယ် ။

အဓိပတိကမ္မ

Politics comment

 "ဒီမိုကရေစီမှာ အရေးကြီးတဲ့ စကားလုံးတစ်လုံးက "For the People" (လူထု )ဆိုတဲ့ စကားလုံးပါ။

 ဒီမိုကရေစီစနစ်ကို တည်ထောင်ဖို့ ကြိုးစားခဲ့ကြခြင်း၊ အတွက် လုပ်ဆောင်ခဲ့ကြခြင်းဟာ လူတစ်ဦးတစ်ယောက်အတွက် ၊ ပါတီအဖွဲ့အစည်းတစ်ခု အတွက် မဟုတ်ပါဘူး။

 လူထုအကျိုးစီးပွားကို ပိုမိုကောင်းမွန်အောင် ဖော်ဆောင်ပေးဖို့ အတွက်ပါ။

 ဒီမိုကရေစီမှာ အစိုးရတိုင်းဟာ လူထုအကျိုးစီးပွားကို ဆောင်ရွက်ဖို့ လူထု အကျိုးစီးပွားကို ထင်ဟပ်တဲ့ မူဝါဒတွေ ၊ လုပ်ဆောင်ချက်တွေ ရှိဖို့ လိုပါတယ်။ 

အဲဒီ ၊ လုပ်ဆောင်ချက်တွေဟာလည်း လူတွေရဲ့ ဘ၀ အရည်အသွေးတွေ မြင့်မား မူဝါဒတွေ ၊ လူတွေရဲ့ ပျော်ရွှင်ကျေနပ်မှုကိုပေးဆောင်နိုင်ဖို့ လိုပါတယ် လာဖို့ ။


ဒီမိုကရေစီမထွန်းကားတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီစနစ်ဘယ်လိုမှ အမြစ် တွယ် ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။

 ဒါကြောင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုကို စနစ်တကျ တည်ထောင်ဖို့ ရည်သန်ထားကြတယ်ဆိုရင်တော့ 

ဒီမိုကရေစီတည်ထောင် ရေးမှာ အရပ်ဘက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍကို အလေးထားစဉ်းစားဖို့ လိုပြီဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။



Saturday 26 December 2020


 လွမ်းတတ်ခဲ့့ပြီီီီီီ့ပေါ့ 

Sunday 20 December 2020

နိူင်ငံရေးအနှစ်ချုပ် ၈

 ဒီမိုကရေစီ ပေတံများ ပေကြိုးများ 

များစွာရှိသည်။  စံနှုန်းများ အစုလိုက်အပုံလိုက်ရှိသည် ။

စံသတ်မှတ်ချက်များ များစွာ ပါတီ/ မီဒီယာ / အရပ်ဘက် အဖွဲ့အစည်း ရှိသည်။


 • ဒီမိုကရေစီကို ကိုယ်စားပြုမှုဖြင့် တိုင်းသည် ။


• ပြည်သူပါဝင်မှုဖြင့် တိုင်းသည် ။ 

• မီဒီယာ လွတ်လပ်ခွင့်ဖြင့် တိုင်းသည်


▪️ရွေးကောက်ပွဲဖြင့် တိုင်းသည် ။

▪️အရပ်ဘက် အုပ်ချုပ်မှု စစ်မှန်ခြင်းဖြင့် တိုင်းသည် ။

 • အာဏာများကို ခွဲထားခြင်း၊ ကန့်သတ်ထားခြင်းဖြင့် တိုင်းသည်။


• စီးပွားရေး လွတ်လပ်ခွင့်၊ ဓနဥစ္စာ ပိုင်ဆိုင်ခွင့်များဖြင့် တိုင်းသည်

 ▪️ခြစားမှုကင်းခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုများဖြင့် တိုင်းသည် ။


• အခြေခံလူ့အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ နိုင်ငံရေးအခွင့်အရေးများဖြင့် တိုင်းသည် ။ ၊ 

▪️နိုင်ငံရေးပါတီများဖြင့် တိုင်းသည်။


▪️ပညာရေးလွတ်လပ်ခွင့်၊ သဘောကွဲလွဲခွင့်  ဖြင့်တိုင်းသည် ၊ 

▪️နိုင်ငံရေး ယဉ်ကျေးမှုများဖြင့် တိုင်းသည် 

 ▪️တရားသော ဥပဒေများအောက် တစ်ညီတညွတ်တည်း အသက်ဝင်ခြင်းဖြင့် တိုင်းသည် ။ 

• အခြေခံလူ့အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ နိုင်ငံရေးအခွင့်ရေးများဖြင့် တိုင်းသည် ။ 

▪️ နိုင်ငံရေးပါတီမျာတွင် ပြည်သူပါဝင်မှုဖြင့် တိုင်းသည်။


အဓိပတိကမ္မ

ရွှေပြည်တော်ပညာရေးခရီးစဉ် ၁







နိူင်ငံရေးအနှစ်ချုပ် ၇

“ကမ္ဘာကြီးကို ပြောင်းချင်ရင် ကိုယ့်အမြင်ကို အရင် ပြောင်းဖို့လိုသည် "

ကားမက်စ် ကပြောခဲ့ဖူးသည် ။


အပြောင်းအလဲအတွက် တွန်းအားပေးသည့် အချက် ၆ ချက်ရှိသည် 

၁။ လူမှုလားရာ / ၂။ ကမ္ဘာ့အခင်းအကျင်း / ၃/ယှဉ်ပြိုင်မှု /၄ ဂယက် ရိုက်မှု / ၅။ လုပ်အား အရွှေ့အပြောင်း / ၆။ နည်းပညာ 

ဒါ‌ေတွကို နိူင်ငံ‌ေရးလုပ်မည် ဆိုသူတွ သိထားသင့်ပါတယ် ။


အဓိပတိကမ္မ







နိူင်ငံရေးအနှစ်ချုပ် ၆

 ပါတီလားမြောက်ရေး


ဒီအတွက် ပါတီတွင်း ဒီမိုကရေစီနဲ့ ပါတီ တည်ဆောက်ရေးက ပီပီပြင်ပြင် ဖြစ်မှ ကောင်းတယ် ။

 နိုင်ငံရေးမှာ စကားပြောတာက သက်လုံနဲ့ တစိုက်မတ်မတ် ရှိမှု ဒီနှစ်ခုက အခရာ ကျတယ် 

 နိုင်ငံရေးဆိုတာ ခရီးရှည်ကြီးဖြစ်တယ် ။ နိုင်ငံရေးဆိုတာ နှစ်ရှည်ပင်စိုက်တာနဲ့ တူတယ် ။ နိုင်ငံရေးဆိုတာရေရှည်အတွက်ဖြစ်တယ် ။


သက်လုံကောင်းမှ 

တစိုက်မတ်မတ် ရှိမှ 

စိတ်ရှည်မှ/အရေထူမှ 

စုဖွဲ့အား ကောင်းမှ 

ယုံကြည်ချက်ကို အခြေ ပြုမှ 

စစ်မှန်တဲ့ စိတ်ကောင်း စေတနာကောင်းကို စိတ်ရှိမှ 

မျိုးဆက် အဓိပတိထားမှ/

လမ်းစဉ်မှန်မှ မဟာဗျူဟာ ကြွယ်မှ 

လမ်းဖွင့်ထားသော မျိုးဆက်သစ်ကို မွေးနိုင်မှ

ပါတီတွေက ရေရှည် ရှင်သန်နိုင်တော့မယ်။


အဓိပတိကမ္မ

ရွှေပြည်တော်၏ပညာရေးခရီးစဉ် ၁



နိူင်ငံရေးအနှစ်ချုပ် ၅

အိုင်ဒီဟော်လိုဂျီလော၊ အိုင်ဒီယာလော 

၂၁ရာစုရှိ


▪️ကိုယ့်အိုင်ဒီယာကို လွတ်လပ်စွာ ဖြန့်ချိခွင့်ရှိသည် ။


▪️လူအများထံ တိုက်ရိုက်အစမ်းသပ်ခံနိုင်သည် ။


▪️မိမိအိုင်ဒီယာ၏ အတိုင်းအဆကို လက်တွေ့မှန်းဆခွင့်ရသည် 

▪️ကိုယ်ပိုင်အိုင်ဒီယာကို လွတ်လပ်စွာ ထုတ်လုပ်ခွင့်ရလာသည်


▪️အိုင်ဒီယာသည် လေထဲတွင် ပျောက်ပျက်မသွားတော့ လက်တွေ့အကောင်အထည်ဖော် ခွင့်ပါ ရလာသည်။


▪️အိုင်ဒီယာများ ဖလှယ်ခြင်း၊ 

▪️အိုင်ဒီယာများ ကူးလူးခြင်း၊

▪️အိုင်ဒီယာများ ဓာတ်ပြုခြင်း စသည်တို့ ထုလိုက်လည်လိုက် ဖြစ်လာသည် ။

‌ေ နရာအနှံမှာ ဖြစ်လာသည် ။


အဓိပတိကမ္မ




နိူင်ငံရေးအနှစ်ချုပ် ၄

 နိုင်ငံကြီးသား


(၁) တာဝန်သိခြင်း / 

(၂ ) တာဝန်ရှိခြင်း / 

(၃ ) တာဝန်ယူခြင်း

(၄) တာဝန်ကျေခြင်း

(၅) တာဝန်ခံခြင်း 


စသည့် တာဝန်(၅)ရပ်ဖြင့် ပိုင်းပြသည်။


တာဝန်သိမှုအတွက် -


ပညာရေးအခံ / နိုင်ငံရေးစနစ်အခံ /လူမှုစီးပွား ရေခံ မြေခံနှင့် လူမျိုးတို့၏ ဗီဇ ၊ စရိုက်လက္ခဏာတို့က အပံ့အပိုးပြုသည် ။


အဓိပတိကမ္မ



နိူင်ငံရေးအနှစ်ချုပ် ၃

 တာဝန်ရှိခြင်း

နိုင်ငံသား‌ေကာင်းတစ်ယောက်တွင် အခြေခံတာဝန်များ ရှိသည် 

(က)ဥပဒေကို လေးစားလိုက်နာရန် တာဝန်/

(ခ )ကျေးဇူးသစ္စာစောင့်သိရန် တာဝန်/ 

(ဂ) အမှုထမ်းရန် တာဝန် 

/(ဃ) မဲပေးရန် တာဝန် /

(င ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် တာဝန် 

(စ) အခွန်‌ေဆာင်ရန်တာဝန် 


အဓိပတိကမ္မ






နိူင်ငံရေးအနှစ်ချုပ်

 ဦးသန့် ၏ ဒီမိုကရေစီအမှာစကား


“တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်ပေသည် ။ ဒီမိုကရေစီစနစ် အောင်မြင်စေရန် …. ပြည်သူပြည်သားတို့သည် အသိ ဉာဏ်ပညာနှင့် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိထားကြရမည်၊ 

အသိဉာဏ် ကင်းမဲ့သော နိုင်ငံတွင် ... ဒီမိုကရေစီ စနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည် ။



အစိုးရတစ်ရပ်ဖြစ်လာသောအခါ တွေ့ကြုံရသောအခက်အခဲများကို နားလည် မှု ပေးပါသည်။ နေရာတကာတိုင်း ပွင့်လင်းမြင်သာမှု မပေးနိုင်သော အကြောင်းအရာ များ များစွာရှိပါသည် ။ သို့သော်လည်း “ပြည်သူ့အခြေပြ ု' “ဒီမိုကရေစီ ဟု နှုတ်မှ တဖွဖွ ဆိုခဲ့သူ၏ အစိုးရလက်ထက်တွင် ပြည်သူတို့ကို အလေးမထားတော့သည်မှာ များစွာ အံ့သြဖွယ်ရာကောင်းလှသည်ဟု ဆိုချင်ပါ၏ ။

နိူင်ငံရေးအနှစ်ချုပ်

 နိူင်ငံ‌ေရးအနှစ်ချုပ်


(၁) လူတိုင်းနိုင်ငံရေးနှင့် သက်ဆိုင်ပတ်သက်

 (၂) နိုင်ငံရေးကျမ်းများကို အာဂုံဆောင်ခေတ်မဟုတ်တော့ ၊ နိုင်ငံ့စီးပွားရေး ကို နိုင်ငံရေးလမ်းစဉ်ဖြင့် မည်မျှပံ့ပိုး အကျိုးဖြစ်ထွန်းစေမည်လဲဟူသော ခေတ်ဖြစ်သည် 

(၃) Nation Building. State Building ကို ကောင်းစွာ ဆောင်ရွက်နိူင်ရမည် ။

(၄) နိုင်ငံရေးတွင် တိုက်ဆိုင်မှုမရှိပါ။ တိုက်ဆိုင်မှုရှိခဲ့လျှင် ထိုသို့တိုက်ဆိုင်ရန် ကြိုတင်ကြံစည်မှုသာ ဖြစ်သည် ) 

(၅)နိုင်ငံရေးတွင် ရန်သူ မိတ်ဆွေ အမြဲတမ်းမရှိ၊ အကျိုးစီးပွားသာ အမြဲတမ်းရှိသည် ။


အဓိပတိကမ္မ



Saturday 19 December 2020

daddy

 ခင်များကြည့်ရတာ ငရဲကျနေသလိုပဲ အလွန်ပူလောင်လွန်းတယ် ။

လောဘမီးတွေ တောက်လောင်လွန်းတာ မျက်နှာမှာ မထင်းသားမြင်နေရတယ် ။

ဒေါသမီးတွေနဲ့လည်း ဘဝကိုလောင်မြိုက်နေတာ သိပ်ကို သိသာလွန်းတယ် ။

မသိမှု အဝိဇ္ဖာကြီးထွားလွန်းပြီး သောကတွေ ကြီးသထက်ကြီးမားနေတာ သိပ်ကို သနားဖြိ့ကောင်းတယ် ။

လူဖြစ်ပြီး လူ့ဖြစ်စဉ်ကိုမသိနိုင်ဘူး 

လူဖြစ်လာပြီး လူ့တန်ဖိုးကမြင်နိူင်ဘူး ။

လူဖြစ်ပြီး လူ့သာယာမှုကို မခံစားရဘူး ။

သိပ်ကိုသနားဖို့ကောင်းတယ် DADY


အဓိပတိကမ္မ 

pyaephyoaungkm

19122020



 ငွေအရေးမကြီးတဲ့ သဘာဝပါတ်ဝန်းကျင် ဝါဒီလေးဟာ ငွေသာအဓိက ဝါဒကိုကိုင်ဆွဲလိုက်၊ 


အဖြစ်ပျက်တစ်ခုနဲ့ တိုက်စားခံရတော့ စိတ်ရဲ့တန်ဖိုးထားရာဘက်ကို ပြန်လှည့်လိုက်နဲ့ ပြောင်းလဲနေအုံးမှာပဲ




ဘာသာရေး ကိုင်းရှိုင်းတဲ့ ငတိလေးဟာ လောကဓံနဲ့သိပ္ပံမေးခွန်းတွေကြောင့် ဘာသာမဲ့ ဖြစ်သွားလိုက်


အဖြစ်ပျက်တစ်ခုခုနဲ့ တိုက်စားခံရတော့ ဘာသာတရားရဲ့ ဒသနဘက်ပြန်လှည့်လိုက်နဲ့ ပြောင်းလဲနေအုံးမှာပဲ 




လူတော်ကြောက်ရောဂါ

#လူတော်ကြောက်ရောဂါ

▪️အစိုးရညံ့လျှင် တိုင်းပြည် ညံ့သည် ။

▪️ပြည်သူညံ့လျှင် အစိုးရ ညံ့သည် ။

▪️ပြည်သူသည် သူနှင့်တန်သည့် အစိုးရကို ရသည်။


ဒီမိုကရေစီ၌ ပြည်သူသည် အရာအားလုံးကို ခြယ်လှယ်နိုင်သည် အရာအားလုံး၌ပါဝင်ပတ်သက်နိုင်သည် ။

ပတ်သတ်ခွင့်လည်း ရှိသည် ဒီမိုကရေစီ၌ ပြည်သူဝင်ရောက်နိုင်သော လမ်းကြောင်းများ အရမ်းများလှသည်။ 

ပါဝင်ခွင့်ရှိဖို့ ပါဝင်နိုင်စွမ်းရှိဖို့ နှင့် ပါဝင်ချင်ဖို့ပဲ လိုသည်။

ဒီမိုကရေစီတွင် ပြည်သူပါဝင်ပတ်သတ်မှု မရှိလျှင် ဒီမိုကရေစီစံနှင့်မညီနိူင်ပါ။

အဓိပတိကမ္မ

Politics comment

 ▪️အစိုးရမင်းတို့ စီးပွားရေးပညာကို မသိလျှင် တိုင်းပြည် ဆင်းရဲသည် 

▪️အစိုးရမင်းတို့ နေရာတကာ ဝင်ပါနေချင်လျှင် တိုင်းပြည် မွဲသည် 

▪️အစိုးရမင်းတို့ အုပ်ချုပ်မှု ညံ့လျှင် တိုင်းပြည် ဆင်းရဲသည် ။ 

▪️အစိုးရမင်းတို့ ပဋိပက္ခဖြေရှင်းရေး မကျွမ်းကျင်လျှင် တိုင်းပြည်ဆင်းရဲသည် 


▪️အစိုးရမင်းတို့ အကျိုးစီးပွားများကို စီမံခန့်ခွဲမှု ညံ့လျှင် တိုင်းပြည်ဆင်းရဲသည် ။

Wednesday 16 December 2020

ဆုံးမစာ

 ကလျဏ မိတ္တ ၊ မိကောင်း ဖကောင်း၊ ဆရာကောင်း၊ မိတ်ဆွေ ကောင်းရှိရင် ဘဝ မှာ အောင်မြင်ကြီးပွားဖို့ တစ်ဝက် လောက် သေချာပြီပေါ့။ 


ဒါ ကြောင့် မြန်မာနိုင်ငံမှာ တပ ည့်မွေးဖို့ထက် ဆရာမွေးတတ်တဲ့သူတွေက ကြီးပွားတိုးတက်တာ မဟုတ်လား။ 

ဒီ စိတ်ကူးလေးကို ဘုရားထံ လျှောက်ထား တော့ မြတ်ဗုဒ္ဓက လက်မခံပါဘူး။ 'မဟုတ် ဘူး၊ အာနန္ဒာ ၊ ဒီလိုမပြောနဲ့'တဲ့။ 


လောကမှာ မိကောင်းဖကောင်း၊ ဆရာကောင်း၊ မိတ်ဆွေ ကောင်းရှိတဲ့သူဟာ တစ်ဝက်လောက်ပဲ အောင်မြင်တယ်ဆိုတာမဟုတ်ဘူး။ ရာနှုန်းပြ ည့် အောင်မြင်ကြီးပွားတာ။

 အလုံးစုံ ပြည့်စုံ ဖြစ်ထွန်းတာ။ အရာရာ ပြီးမြောက်နိုင်ပါ တယ်လို့ ပြင်ဆင်ဟောကြား ပါတယ် ။ 

ဘာနဲ့ ဥပမာပေးလည်းဆိုရင် 'ငါ ဘုရားတည်း ဟူသော မိတ်ဆွေကောင်း ဆရာကောင်းနဲ့ တွေ့လို့ လူသူအများ သံသရာတည်းဟူသော အမိုက်တိုက် ကနေ လွတ်မြောက်ရတာ မဟုတ်လား'တဲ့။

ေကာက်နှုတ်ချက်

TheviceJournalMyanmar

အဓိပတိကမ္မ 

ဆုံးမစာ

 လူလားမမြောက်ခြင်းများ


လူစဉ်မမီခြင်းများ


လူညွန့်တုံးခြင်းများ


လူဖြစ်ရှုံးခြင်းများ


ထိုလူများ မသေဆုံးမီ


လူကို လူချင်း ကူညီကြစမ်းပါ လူကို လူချင်း စောင့်ရှောက်ကြစမ်းပါ


သင် လူတစ်ယောက်ဖြစ်ခဲ့တာ


သေချာချင်တယ်ဆိုရင်ပေါ့ ။ ။


လို့ ကဗျာဆရာလှသန်းက 'လူအတွက်လူ' ဆို


တဲ့ ကဗျာထဲမှာ ရေးသားခဲ့ပါတယ် ။


အဓိပတိကမ္မ

ဆုံးမစာ


Military Myanmar

 မြန်မာ့လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်များတွင် အဓိက သုံးနေတာကတော့Y – 8 သည် တရုတ်နိုင်ငံထုတ် ဖြစ်ပြီး ATR – 72 များသည် ပြင်သစ်လေယာဉ်များ ဖြစ်သည်။


ကိုဗစ်ကာလတွင် ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ခြင်း၊ ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပုံး၊ မဲလိတ်များကိုလည်း ယခု လေယာဉ်များနှင့် ပို့ဆောင်ပေးခဲ့ခြင်းဟု သိရသည်။


မြန်မာ့လေတပ်ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလက ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်မှာ အပျော်တမ်း တပ်တခု အဖြစ် စတင်ခဲ့တာ ဖြစ်ပြီး ၁၉၅၀ ခုနှစ်တွင် စဖိုင်းယား လေယာဉ်များ မြန်မာက စတင် ဝယ်ယူနိုင်ခဲ့သည်။


တပ်မတော်၏ ပထမဆုံး ရဟတ်ယာဉ်ကို ၁၉၅၅ ခုနှစ်တွင် အမေရိကန်လုပ် Bell – 47 G အမျိုးအစား ဖြစ်ပြီး ပထမဆုံး လေကြောင်း တိုက်ပွဲမှာ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြန်မာ့ လေပိုင်နက်ထဲတွင် တရုတ်ဖြူ ကျူးကျော် လေယာဉ်များနှင့် တိုက်ပွဲ ဖြစ်ကြောင်း သိရသည်။


တရုတ်ဖြူများကို လာရောက် ထောက်ပံ့ပေးသည့် B – 24 ဗုံးကျဲလေယာဉ်များနှင့် မြန်မာ လေတပ်တို့ကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲများအတွင်း ဗိုလ်ပီတာဆိုသူ အသက်ပေးခဲ့ရသည်။


ယင်းအချိန်အထိ တပ်မတော်တွင် ပန်ကာတပ် လေယဉ်များသာ ရှိခဲ့ပြီး ၁၉၆၂ ခုနှစ်၊ တော်လှန်ရေး ကောင်စီ အစိုးရ လက် ထက် ရောက်သည့်အခါ အမေရိကန်လုပ် အမောင်းသင် ဂျက်တိုက်လေယာဉ်များ ဝယ်နိုင်ခဲ့သဖြင့် ယင်းကာလတွင် မြန်မာ လေတပ်တွင် အရှေ့တောင်အာရှတွင် အင်အား အတောင့်တင်းဆုံး ဖြစ်ခဲ့သည်။


ယင်းနောက်ပိုင်းတွင် လေယာဉ်သစ်များလည်း ထပ်မဝယ်နိုင်တော့သလို B – 23 ဂျက်တိုက်လေယာဉ်များမှာလည်း သက်တမ်းပြည့်သွားခဲ့ကြောင်း၊ P – 7 တို့ P – 9 စသည့် ပန်ကာတပ် တိုက်လေယာဉ်များသာ ထပ်ဝယ်နိုင်ခဲ့ပြီး တိုက် လေယာဉ်များပေါ်တွင် ဗုံးသီးများ၊ ဒုံးများ ရအောင် ချိတ်၍ ပစ်ရကြောင်း သိရသည်။


၁၉၉၀ ခုနှစ်သို့ ရောက်လာသည့်အခါ တရုတ်နိုင်ငံမှ F – 7 နှင့် G – 4 ဂျက်လေယာဉ်များ ဝယ်ယူနိုင်ခဲ့ပြီး ယခုအခါ လေတပ်တွင် MiG – 29 ၊ F – 130 စသည့် စတုတ္တမျိုးဆက် ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်များ ရှိလာကြောင်း သိရသည်။


“အခုချိန်မှာ မဟာဗျူဟာမြောက် စွမ်းရည်အချို့ကို ပိုင်ဆိုင်ပြီးတော့မှ နည်းဗျူဟာမြောက် လေတပ် အဖြစ် ရပ်တည်လျက် ရှိတယ်။ အဆင့်မီတဲ့ လေတပ်တခု ဖြစ်နေပြီ။ လေတပ်တခု ရှိဖို့ဆိုတာ တိုက်လေယာဉ်တွေ ဝယ်ထားရုံနဲ့ ခေတ်မီတဲ့ လေတပ်တခု မဖြစ်ပါဘူး”ဟု တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။


Irrawaddy Myanmar

အဓိပတိကမ္မ



Tuesday 15 December 2020

 အရင်လိုနင်နဲ့ အချိန်တွေ ဖြုန်းချင်ပါသေးတယ် ။

အရင်ကလို ခြေလှမ်းတလှမ်းခြင်းစီ လမ်းတစ်ခုထဲမှာ အတူ‌ေလျှာက် ချင်သေးတယ် ။

အဝေးဆုံးတွေ မသွားချင်ဘူး နင်းနဲ့‌ေဝးရမှာ ငါ‌ေကြာက်လို့  နင်လည်း အဝေးကြီး မသွားပါနဲ့ ငါထပ်ပြီး ပူဆွေ‌ေးနရလိမ့်မယ် ။

ရှင်နွေရယ် 
နင်နဲ့ပတ်သတ်ပြီး ငါလည်း ဝမ်းနည်းတတ်ခဲ့ပြီးပြီး ။
နင်ပျာ်မယ်ထင်လို့ ငါထင်ရာငါမြင်ရာတွကိုပဲ လုပ်ခဲ့တာ ၊ အခုချိန်မှာ နင်ဝမ်းနည်းနေရတဲ့အတွက်လည်း ငါတာင်းပန်ပါ‌တယ် ။

ငါလည်း ငါအတ္တအတွက် နင်ထက်ပိုပြီး ဝမ်းနည်းမိတယ် မိရှင်နွေ ။

အလှမွေးကြက်

 တိမ်ညင်ကြက် တစ်စုံမွေးခဲ့တယ် လွန်ခဲ့သော တစ်နှစ်ကျော်လောက်က အိမ်ကို ကြက်ကလေးနှစ်ကောင် ရောက်လာခဲ့တယ် ၊ အိမ်ရောက်ပြီး နောက်တစ်နေ့မှာပဲ ကြက်မ‌ကလေးကို ကြောင်ချီသွားလို့ ‌ကြိုးခြီထားတဲ့ ပေါင်တစ်ချမ်းပဲ ကျန်ခဲ့တာကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ် ။

ကြက်ဖလေး တစ်ကောက်ပဲ ကျန်ခဲ့တော့ အဖော်ကမရှိ

အိမ်ဘေးကလည်း ကြက်မွေးသူက မရှိတော့ သူခဗျာ လူတွေကိုပဲ အဖော်လုပ်ပြီး နေနေရတယ် ။

အဖေတို့ ထိုင်နေရင် လူပေါ်တက် နေတယ် အိပ်နေရင် ရင်ဘတ်ပေါ်တက်နေတယ် ။ အတော်လေး ကြည်နူးမိတာကတော့ လူတွေနဲ့ အတော်လေး ယဉ်တယ် ။ ခေါ်ရင် လာတယ် အော်လွှတ်ရင် ခပ်လှမ်းလှမ်းကနေ တတွန်တွန်ပေါ့ ။

ကြက်မကလေး ရှာမယ် ၊ တစ်စုံမှပိုပြီး အစဉ်ပြေမယ် ဆိုပြီး ကြက်မကလေး ထပ်ရှာပြီး ရလာခဲ့တယ် အဒေါ်ယောင်္ကျားကပဲ ယူလာပေးတာပါ ။ ဒီလိုနဲ့ ကြက်က နှစ်ကောင် ဖြစ်လာတယ် ။

ကြက်ဖလေးက အဖော်ရသွားပြီ 

ကြက်မ‌ေလးက လူနဲ့စိမ်းတော့ သိမ့်ပြီးအကပ်မခံဘူး ကြက်ဖကလည်းကြက်မ နားပဲ ကပ်နေတာ ဆိုတော့ လူတွေနဲ့ ခပ်ဝေးဝေးမှာပဲနေတယ် ။

အရင်က ကြက်ဖလေးက ခေါ်လို့ရတယ် ၊နောက်ကျခေါ်မရတော့ဘူး ။ ကြက်မ အရွယ်ရောက်တော့ ဥ တွေ ဥ‌တယ် ။

ရယ်စရာကောင်းတာက ကြက်မလေးက နေရာအတည်တကျမဥဘူး တစ်နေရာကို တစ်ဥပဲ ဥတယ် ကျနော်တို့အိမ်မှာ ကြက်ဥလိုက်ကောက်ရတဲ့ အလုပ်တစ်ခုတိုးလာတယ် ။

ကြက်မလေး ဥ ဥပြီး ဝွင့်တော့လည်း ဘယ်မှာ ဝွင့်နေသလဲ မသိကြဘူး ရှာလိုက်ရတာ အမောပဲ ၃‌ ၄ ရက်နဲ့လည်း မတွေ့ဘူး ။ နောက်တော့ဥ မဥဘူးတဲ့ ထိုင်ခုံကြားထဲမှာ ဝွင့်နေတာကို ကျနော် ရှာတွေ့ခဲ့တယ် အိမ်ကလူတွေကလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်လို့ ဝမ်းသာနေကြတယ် ။

ကြက်ကလည်း ဝွင့်နေတယ် ကြက်ဥကလည်ယ ၁၂လုံးတောင် ဥထားတာဆိုတော့ ထပ်မဥနိူင်တော့ဘူး ။

ဒီကြက်မ ဥမပါပဲ နဲ့ ဝွင့်နေတာပဲလို့ ထင်ပြီး ကြက်ဥ အကောင်ဖောက်ဖို့ နှစ်လုံး ထပ်ပေးလိုက်တယ် ။

နှစ်ပတ် သုံးပတ်နီးပါးရှိတော့ ကျနော် အိမ်ပြန် ထမင်းစားချိန် ကြက်မအစာစား ချင်လို့ ဝွင့်တဲ့နေရာကထွက်လာလို့ ကြည့်လိုက်တော့ ကြက်ဥက ၉လုံးတောင် ဖြစ်နေတာကို အံ့ဩစွာ မြင်ခဲ့ရတယ် ။

အိမ်ကလူတွေကို ပြောတော့ အထူးအဆန်းနဲ့ ကြည့်ကြတာပေါ့ အဖွားကတော့ ကြက်ကလေး မပေါက်နိူင်ဘူးပဲ ပြောနေတယ် ။ မပေါက်နိူင်လည်း မတတ်နိူင်ဘူး ဆိုပြီး ထားလိုက်တော့တယ် ။ အမှန်တကယ် အကောင်ပေါက်တော့ ကြက်ကလေး တစ်ကောင်ပဲ ပေါက်တယ် ။

ကျန်နေသေးတြ့ ဥတွေကို အကောင်ပေါက်အောင် ဖန်သီးတွေ ဝယ် အပူပေး စောင်တွေ မိးကြွမ်း အဖေကဆူ အတော်လေး ဒုက္ခများ။ဒါပေမယ့် နှစ်ရက်ပဲ အသက်ရှင်လိုက်တယ် ကြက်ဖကြီးက ခွပ်လို့ ဆိပ်လို့ တောင်းတစ်တောင်း အောက်မှာ မှောက်ထားလိုက်တာ နောင်တစ်ရက်မှာ ကြက်ကလေးမရှိတော့ဘူး ကြောင်ချီသွားတယ်လို့ ယူဆချက်တစ်ခုပဲ ကျန်ရစ်ခဲ့တယ်။ 

သိမ့်ပြီး မကြာလိုက်ပါဘူး ကြက်မလေးက ထပ်ပြီး ဥတွေထပ်ဥတယ် ။ဒီတစ်ခါတော့ နေရာမှန်မှန်ဥ ဥလာတယ် ပြီးခဲ့တဲ့အခါထက်တော့ ဥအလုံးရေ နည်းပြီး 11လုံးပဲ ဥတယ် ။ပြောဖို့တစ်ခုကျန်သွားတယ် ။ ကြက်မလက လူနဲ့မယဉ်လို့ ယဉ်အောင်လုပ်မယ် ဆိုပြီး ကြက်မ ဥ ဥနေစဉ် တောင်းလိုက်မပြီး ရေအိုးစင်အောက်က ခြံထဲထည့်ထားလိုက်တယ် ကြက်မကလည်း ခြံထဲမှာ ဗြောင်းစံနေအောင် တွန်တယ် ကြက်ဖကလည်း ဘေးမှာပတ်အော်နေတာ သနားဖို့တောင်ကောင်းတယ် ။ 3 4ရက်ကတော့ ထားမယ်လို့ စိတ်ကူးထားတယ် ။ နှစ်ရက်မြှောက်တဲ့နေ့မှာပဲ ကြက်မကလေးက ခြံရဲ့ပေါ်ကနေ တွန်းထိုးကာ အပေါ်အပေါက်ကနေ ညမှာပဲ ခုန်ထွက်ကာ လွတ်‌သွားခဲ့တယ် ။ 

ဝမ်းနည်းစရာက ပျော်ကကနေပျက်တယ် ပြောရမလား ယဉ်စေချင်လို့ ခြံထဲထည့်ပြီးလွတ်သွားကတည်းက အိမ်ကိုမကပ်တော့ဘူး အနောက်ဘက်အိမ်မှာပဲနေတော့တယ် ။

အစာစားချင်မှ အိမ်ကိုပြန်လာတယ် ။ဥ ဥရင်တော့ အိမ်ကိုလာပြီး ဥရှာပါတယ် ။ ဒါဒါပေမယ့်ကြက်ဖက ဥ ဥတဲ့စင်ဘေးမှာ အမြဲစောင့်နေပြီးတော့  လူလာရင် အော်ပြီး အချက်ပြပေးတယ် ။ လူတွေမှာ သိတတ်‌တာမဟုတ်ဘူး တိရိစ္ဆာန်တွေမှာလည်း အသိတရားရှိတယ်ဆိုတာကို နားလည်းပြီး ကျနော်အတ္တတစ်ခုအတွက် အမှားလုပ်ခဲ့မိတယ် ဆိုပြီး ဝမ်းနည်းတတ်လာတယ် ။

ကြက်မ ဝင့်တော့ ၂ကောင်ဖောက်မယ်ဆိုပြီး ကြက်ဥ နှစ်လုံးထည့်ပြီး အကောင်ဖောက်တော့ နှစ်ကောင်လုံးပေါက်တယ် ချစ်စရာလေးတွေ အတောင်ပံအဖြာနဲ့အနက်ရောင် တစ်ကောင် အတောင်ပံအနက် တစ်ကိုယ်လုံးအနက် ဝမ်းပိုက်လေးပဲ ဖြုနေတာက တစ်ကောင် နှစ်ကောင် ။

အရင်တစ်ခါလို ကြက်ဖမဆိပ်အောင် အရင်တစ်ခါလို ကြောင်မခုတ်အောင် တစ်ပတ်လောက် တောင်အောက်မှောက်ထားတယ် တောင်းအပေါ်ကနေတောင် လေးသောအရာတွေ ထပ်ပြီးတင်ထားသေးတယ် ၊ 

ကြက်ဖကြီးကတော့ တောင်းဘေးလာပြီး ‌တွန်လိုက် ယှက်လိုက် အစာရှာလိုက်နဲ့ တောင်းရဲ့ပတ်ချာလည် တစ်ဝိုက်မှာပဲနေတယ် ။

ကျနော်နဲ့ အိမ်ကလူတွေကတော့ 

တစ်နေ့လာလည်း ဒီတောင်းကို ကြည့် နောင်တစ်နေ့လာလည်း ဒိတောင်းလေးကြည့်နဲ့ ကျနော်တစ်နေ့ ကို သုံးလေးခါလောက် ကြည့်မိတယ် ကျနော်အတွက်တော့ အကြာဆုံးရက်သတ်တပတ်လို့ ပြောရလောက်အောင် ကြာမြင့်ခဲ့တယ် ကြက်ကလေးတွေကို အပြင်ထုတ်ပြီး လွှတ်ကြည့်ချင်တယ် အရင်ကြက်ဖနဲ့ကြက်မ လူနဲ့မယဉ်လို့ ဒီကြက်ကလေးနှစ်ကောင်ကို လူနဲ့ယဉ်အောင် ငယ်ငယ်လေးကတည်းက ယဉ်အောင်လုပ်မယ် ရည်မှန်းချက် မျော်လင့်ချက်တွေ ကြီးခဲ့တယ် ။

အကောင်ပေါက်ရင် လိုချင်တယ် ပြောထားတဲ့ သူငယ်ချင်းတွေ အသိတွေ အိမ်နီးနားချင်‌းတွေကို အသိမပေးရဲဘူး လာပြီးတောင်းမှာ ဆိုးရိမ်လို့ ။

သူတိုတ‌ေတွ တောင်းလာခဲ့ရင်လည်း  ငြင်းလို့ ရမှာမဟုတ်လို့ အသိတောင်မပေးခဲ့ဘူး ။

ဒါဒါပေမယ့်ဗျာ ကျနော်ရော ကြက်ကလေးတွေရော ကြက်မကြီး‌ေ‌ရာ ကံမကောင်းရှာဘူး ။

တောင်းအောက်မှောက်ထားတာ တစ်ပတ်တောင် မပြည့်သေးဘူး အဖြစ်ဆိုးနဲ့ကြုံတွေရတယ့် ။

တစ်နေ့ အမေကနံက်ခင်းမှာ အစာမကြွေးလိုက်ပဲ အမေညီမအိမ်က အိမ်တွင်းရေးပြဿနာတွေကြောင့် ဂရုမစိုက်မိလိုက်ဘူး ။ 

ကျနော်ကလည်း မနက်ပိုင်းက အိမ်ကိုမပြန်ဖြစ် နေ့လည် 1နာရီ2နာရီ မှ ရေချိုးထမင်းစားပြန်လာခဲ့တယ် ။

အိမ်ကိုရောက်ရောက်ချင်း ကျနော်ဘာလုပ်လဲ သိရဲ့လား ထုံးစံအတိုင်း ဆိုင်ကယ်ဒေါက်ထောက်ပြီး ကြက်‌ေမှာက်ထား‌ေသာ တောင်းကို ပြေးကြည့်မိတယ် ။

ကြက်ကလေးတွေရော ကြက်မကြီးရော က ကြည့်ရတာ အစဉ်မပြေတော့ဘူး ငြိမ်နေကြတယ် သို့သော် အသံတွေကတော့ ဆူညံ့နေအောင် အော်နေကြတယ် ။

တောင်းမှေားထားသော တောင်းအောက်မှာ ပုရွတ်ဆိတ် အုံကြီးတွေလို့ တောင်းကို လှန်ပြီး ကြည့်လိုက်တော့ ကြက်ကလေးနှစ်ကောင်လုံးမှာ ဒဏ်ရာတွေနဲ့ ပုရွတ်ဆိတ်အကိုက်ခံထားရတယ် ခြေထောက်တွေမှာလည်း ပုရွတ်ဆိတ်တွေ ကပ်တွယ်ပြီး ကိုက်ထားကြတာ သုံး‌ေလးကောင်လောက်တွေ့လို့ ဖယ်ပစ်ရင်း ကြက်ကလေူတွေကို ပြုစုပေးနေတယ် ။

ကြက်မကြီးကတော့ တောင်းလှန်လိုက်ကတည်းက ပြေးထွက်ပြီးနေနေတော့တယ် ။

ကြက်ကလေးတွေ ရှိနေတော့ ဝေးဝေးကိုတော့ မသွားဘူး အနီးနား မလှမ်းမကမ်းကနေ အော်နေရှာတယ် ။

ကြက်ဖကြီးကလည်း ဒေါနဲ့မောနဲ့ ရောက်လာပြီး ကြက်မကြီးကို ထခွပ်ပါရော ကြက်မကြီးက မပြေးနိူင် ပြေးနိူင် ထွက်ပြေးရှာတယ် ။ လမ်းမှန်အောင် ကြက်မကြီးက ‌ေြခမခိုင်တော့ဘူး ယိမ်းယိမ်းယိုက်ယိုင်တွေ ြဖစ်နေတယ် ။

ကြက်ကလေး နှစ်ကောင်ကို တောင်းထဲထည့်ပြီး နေပြတော့ လှုပ်လှုပ်ရွရွ ဖြစ်နေတော့ လှုပ်နိူင်တယ်ထင်ပြီး နေပြထားလိုက်တယ် ။

ဒါနဲ့ကြက်မကြီးကို လိုက်ဖမ်းရင်းနဲ့ ဖမ်းတယ် 

အစကတည်းက လူနဲ့မယဉ်သော ကြက်မကြီးက ပြေးတာပေါ့ ဖမ်းမရဘူး သစ်ပင်ပေါ်တက်ပြေးတယ် ခြေကမခိုင်တော့ ကောင်းကောင်းသစ်ပင်ပေါ်မှာ မနေနိူင်ဘူး တကိုင်းကူး တကိုင်းကူးနဲ့ ဒယိမ်းဒယိုင် ဖြစ်လို့နေတယ် ။

ဖမ်းလို့မရတာနဲ့ အမေဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြတယ် အမေလည်း စိတ်အတော်လေး ဆင်းရဲသွားတယ် ။

ရေချိုးပြီး ထမင်းစား ပြီး ပြန်မယ်လုပ်တော့ အိမ်အပေါက်ဝမှာကြက်မ ဝွင့်နေတာ‌ေတ္ွလို့ ဖမ်းတော့ အတော်လေးဖမ်းလိုက်ရတယ် ။ မိတော့မိသ္ွားပြီး ကြက်ကလေး‌ေတွနဲ့အတူ တောင်းနဲ့ပဲနေရာပြောင်းပြီး ပြန်မှောက်ထားလိုက်ရတယ်။

အမေတို့ကတော့ ကြက်တွေကို ရေတိုက် ငါးပိကျွေးပြီး ကုကြတယ် အနွေးဓာတ်ပေးတာတွေလုပ်ကြည့်ပေမယ့် တနေ့ထက်တနေ့ အခြေအနေက ပိုပြီး ဆိုးလာတယ် ။

ကြက်တွေ အအေးပတ်တယ်ပြောလို့ အနွေးဓာတ်ရအောင်လုပ်ကြရတယ် ။

ကြက်ကလေးတစ်ကောင်ကအ‌ေြခအနေသိမ့်မကောင်တော့ဘူး လဲနေပြီ တစ်ကောင်ကတော့ မလဲသေးဘူး ဒါနဲ့ အဝတ်တွေထဲ ထည့်ပြီးထားပေးတယ် ။

တောင်းအောက်ထားတဲ့ကြက်ကလေးကတော့ သေသွားတော့ ကျနော်ကိုယ်တိုင်ပဲ ကောက်ပြီး လွင့်ပစ်လိုက်ရတယ် ။ ညနေဘက်လညး်ရောက်ရော အဝတ်တွေထဲ ထည့်ထားတဲ့ တစ်ကောင်ပါ ထပ်သေသွားတယ် ။ ပစ်လိုက်ရတာပါပဲ ။

ကြက်မကြီးကတော့ ငါးပိ‌ေတွ ထပ်ကျွေးလည်း မရတော့ဘူး အ‌ေြခအနေက ပိုပြိးတော့သာ ဆိုးဆိုးလာတယ် ။

မသေကလည်း မသေနိူင် ကုလို့ကလည်း ်ပျောက်နဲ့ အတော်လေး ဝမ်းနည်းရတယ် ။

နောင်နေ့ အမေကလည်း မန်းလေးထွက်သွားတယ် ။

ကျနော်မနက်ပြန်တော့ ကြက်မကြီးက မလှုပ်တော့ဘူး ခွေခွေပြီး လဲလဲသွားတယ် ခြေထောက်မထောက်နိူင်တော့ဘူး ။

ညနေရောက်တော့ လဲနေပြီ လုံးဝအ‌ေြခအနေမလည်တော့ဘူး ။ ကြည့်ပဲ ကြည့်နေရတော့တယ် ။

နောင်တစ်ရက် အိမ်ကို ၂နာရီလောက ကျနော်ပြန်တော့ ကြည့်လိုက်တော့ ကြက်မကြီးကို ပုရွက်ဆိတ်တွေတက်ပြီး ကိုက်ခံနေရပြီ အသ်တော့မသေသေးဘူး ပုရွတ်ဆိတ်တွေခါပြီး နေရာပြောင်ပြီး ချထားလိုက်ပြီး ကျနော် ရေချိလိုက်ပြီး ကြည့်လိုက်တော့ ါသ်မရှိတော့တာကို ‌ေတွလိာက်တော့ ပလပ်စတစ်နဲ့လိမ့်ပြီး သေချာချည်ပြီး မြေမြုပ်ပစ်လိုက်ရတယ် ။

နှုတ်ကတစ်ခွန်းပဲ ပြောထွက်ခဲ့တယ် 

"သေသွားပြီပေါ့ ထပ်မဆုံဖြစ်တော့ဘူးနော် အရင်လို ရှောင်ပြေးထွက်စရာမလိုတော့ဘူး နင်ပျော်ပါ "

ဒီစကားတစ်ခွန်းနဲ့ မြေဖို့ပြီး ပြန်လာခဲ့ရတယ် ။

နောက်တစ်နေ့ အိမ်ပြန်တော့ ကြက်ဖကြီးက ကြက်မဥ ဥတဲ့နေရာမှာ ရှာနေတယ် ။

ကြက်မကြီးကိုပဲ ရှာတောလား ကြက်ကလေးလေး‌ေတွကိုပဲ ရှာနေတာလားတော့ မသိဘူး ။

ဪ တိရိစ္တာန်တွေတောင် မေတ္တာတရားနဲ့ ပတ်သတ်လာရင် ခံစားတတ်သော အသိတစ်ခုတော့ ရှိနေတာပါလား ။

ကြက်ဖကြီးကိုကြည့်ပြီး ကြက်မကြီးနဲ့ ကလေးလေးတွေကို မြင်ယောင်ရင်း စိတ်ထဲမှာ လွမ်းတာလိုလို ဆွေးတာလိုလိုနဲ့ ၁၀လ တစ်နှစ်ဝန်းကျင် သံယောဇဉ်လေး ပြတ်ဆဲသွားခဲ့ပြီလို့ သိလာခဲ့တယ် ။

အခုတော့ သေသွားရှာပြီ ကျန်နေသေတဲ့ ကြက်ဖအတွက် ‌အဖော်တစ်ကောင်ရှာဖို့ ကျနော်ကြိုးစားနေဆဲ ။




မသေခင် လိုက်ဖက်မှုတေွနဲ့ အတွဲညီညီ ခြေလှမ်းညီညီ မခွဲမကွာ အတူရှိနေချိန် 



အဓိပတိကမ္မ

18.2.2020


 ငွေကိုဘုရားလိုကိုးကွယ်တဲ့လူတွေနဲ့ ဘာသာမဲ့တွေမှာ တူညီတဲ့နောက်ခံအချက်အလက်တွေရှိတယ် 


ဖြစ်ရပ်ကတော့ပြောင်းပြန်ပေါ့


ငွေကဘုရားသခင်ပဲ၊ ပိုက်ဆံရှိရင်ဘာမဆိုဖြစ်နိုင်တယ် ၊ ဘာမဆိုရနိုင်တယ်လို့ အယူရှိသွားတဲ့လူတွေဟာ ငယ်ငယ်က အဆင်မပြေကြတာများတယ်


သာမန်ဝန်ထမ်းမိသားစုလေးမှာကြီးလာမယ်

အသုံးစရိတ်တွေ ခြွေတာခဲ့ရမယ် 

လိုချင်တိုင်းလည်းမရခဲ့ဘူး

စာတွေကဗျာတွေဖတ်မယ် အနုပညာကိုခံစားမယ်

စာပေအသိတွေက ချစ်ခြင်းမေတ္တာနဲ့ အနုပညာအကြောင်းကို သင်ကြားမယ်


ဆယ်ကျော်သက်အရွယ်မှာ ပြသနာစတက်တော့တာပဲ

အပေါင်းအသင်းထဲက Rich kids တွေရဲ့လိုတရ ဘဝကို အားကျမယ်

ပိုက်ဆံမရှိလို့ ငြင်းပယ်ခံရတဲ့ ဖြစ်ရပ်တစ်ချို့ကိုလည်း ထရော်မာရသွားမယ်

ဥပမာ သူ့Crushက ပြိုင်ကားပေါ်ပါသွားတာမျိုး

သွားချင်တဲ့ခရီးကို မိဘကမုန့်ဖိုးမပေးလို့ မသွားရတာမျိုး

ကိုင်ချင်တဲ့ အိုင်ဖုန်းမရတဲ့ အခါမျိုး

အဲ့ဒီမှာ ရှော့ခ်တွေစရတယ်


ငါ့မှာသာငွေရှိရင် ဒီလိုမဖြစ်ဘူးဆိုတဲ့ အတွေးမျိုးစတွေးပီ

အရင်ကသူကိုင်စွဲခဲ့တဲ့ ဘဝနေနည်းတွေကို လွှင့်ပစ်မယ်

အနုပညာတို့၊ စိတ်တန်ဖိုးတို့၊ မေတ္တာတရားတို့နေရာမှာ

ငွေ ငွေ ငွေ ဆိုပြီးဖြစ်လာတယ်

သူတို့ရဲ့ န ံရံလေးဖက်လေးတန်ကို ငွေရဲ့တန်ဖိုးတွေနဲ့ပဲ ကာပစ်လိုက်တယ်

ဘီဂိတ်တို့လောက် အလုပ်ရှုပ်ပြလာမယ်

တစ်ခြားလူတွေကို အထင်သေးလာမယ်

သူ ့ကို တန်ဖိုးထားသူတွေရဲ့ ဂရုစိုက်မှုကို သောက်ပိုတွေလို့ထင်လာမယ်

သူတန်ဖိုးထားခဲ့တဲ့ စံနှုန်းတွေကိုပဲ အားအားယားယားအလုပ်တွေလို့ပြန်ထင်လာမယ်


အစွန်းသမားတွေ ခုန်ကူးရင် အလယ်ကိုဘယ်တော့မှာ မကျဘူး


ငွေကအရေးမကြီးဘူးဆိုတဲ့ ခံယူချက်ကနေ

ငွေသာအရေးကြီးဆုံးဆိုတဲ့ ခံယူချက်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်းမှာ ခုန်ကူးသွားတော့တယ်


တကယ်တမ်းကျ ငွေက အရေးကြီးတဲ့ အခါလည်းကြီးတယ်

မကြီးတဲ့အခါလည်း မကြီးဘူး


သူ့အမေသေလို့ ငွေပေးပြီးပြန်ခေါ်ပွေ့ဖက် ၊ စကားပြောလို့ မရတဲ့ အခါကျမှဘဲ ဒီအချက်ကို သူနားလည်လာလိမ့်မယ်


ဘာသာမဲ့တွေလည်း အဲ့လိုပဲ 

ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ ချာတိတ်ကလေးတွေက စခဲ့တာပဲ

ဘုရားကျောင်းမှာ သီချင်းတွေအော်ဆိုမယ်

ဘုရားသခင်ကို အကြွင်းမဲ့ ချီးမွမ်းမယ်

နတ်ဘုံတွေ ငရဲတွေကို ယုံမယ်

ဘာသာရေး သတ်မှတ်ချက်တွေကို လောကအမှန်တရားလို့ထင်မယ်


လောကဓံ အလှည့်အပြောင်းတွေနဲ့ ကြုံရ 

သိပ္ပံအချက်အလက်လေးဖတ်လာရတော့ မေးခွန်း စထုတ်မယ်

ယုံကြည်ခဲ့တဲ့ အရာတွေနဲ့ ကိုယ်တိုင်ပြန်မေးနေရတဲ့မေးခွန်း နှစ်ခုကြားထဲ ဗျာများပြီး ဘာသာရေးအပြင်ဘက်ကို ခုန်ထွက်တယ်


သူလည်း အစွန်းသမားဆိုတော့ တစ်ဖက်စွန်းကိုခုန်မိတာပဲ 


ဘာသာတရားရဲ့ ဒသနတွေဟာ လောကထဲမှာ လိုတဲ့အခါလည်းလိုမယ် ၊ မလိုတဲ့အခါလည်း မလိုဘူးဆိုတာ သတိထားမိဖို့ အချိန်တော်တော်ပြန်ယူရလိမ့်မယ်


လူဆိုတာကတော့ အဖြစ်ပျက်တွေကိုလိုက်ပြီး အတွေးအခေါ်ခံယူချက်တွေ ပြောင်းနေမှာပါပဲ


ငွေအရေးမကြီးတဲ့ သဘာဝပါတ်ဝန်းကျင် ဝါဒီလေးဟာ ငွေသာအဓိက ဝါဒကိုကိုင်ဆွဲလိုက်၊ 

အဖြစ်ပျက်တစ်ခုနဲ့ တိုက်စားခံရတော့ စိတ်ရဲ့တန်ဖိုးထားရာဘက်ကို ပြန်လှည့်လိုက်နဲ့ ပြောင်းလဲနေအုံးမှာပဲ


ဘာသာရေး ကိုင်းရှိုင်းတဲ့ ငတိလေးဟာ လောကဓံနဲ့သိပ္ပံမေးခွန်းတွေကြောင့် ဘာသာမဲ့ ဖြစ်သွားလိုက်

အဖြစ်ပျက်တစ်ခုခုနဲ့ တိုက်စားခံရတော့ ဘာသာတရားရဲ့ ဒသနဘက်ပြန်လှည့်လိုက်နဲ့ ပြောင်းလဲနေအုံးမှာပဲ 


ဒိုးလုံးရဲ့ သီချင်းတစ်ပုဒ်ကိုနားထဲကြားတယ်

"ပြောင်းလဲချင်းတွေသာ မပြောင်းလဲဘဲ တည်မြဲနေအုံးမှာ"


အစွန်းနှစ်ဖက်ရပ်နေကြတဲ့ လူတွေကြား ကြိုးတန်းလမ်းလျှောက်နေတဲ့ 


မစ္စတာ ရမ်း

ရှင်နွေတမ်းခြင်း

 ကျွန်တော် သူ့ကိုတော့ ချစ်တယ် 

ဒါပေမယ့် သူကျွန်တော်ကိုတော့ မချစ်ဘူး ။

သုနဲ့ ကျွန်တော် ကြားထဲမှာ ဒီလိုတည့်လွဲကလေးတွေကလည်း အများကြီးပါပဲ ။


သူမအတွက်တော့ ကျွန်တော်နဲ့ ပတ်သတ်ပြီး ဘာစိတ်ခံစားမှုမှ များများစားစား ရှိမှာ မဟုတ်ပါဘူး ။


ကျွန်တော် သူကို ချစ်သလောက် သူကျွန်တော် မချစ်ဘူးတဲ့ ။

လှလိုက်တဲ့ စကားလုံးများ လှပေမယ့် ကဗျာမဆန်ခဲ့ဘူး ။

ရင်ခွင်သစ်မှာ သူမပျော်ဘူး ကြားရတော့ ငါပဲ ကြေကွဲရပြန်တယ် ။

အစဉ်ပြေပြေနေပါ ချစ်သူ ။

အချစ်ဆိုတာက အချေအတင် များတိုင်း မျက်နှာပြောင်း အမြဲတမ်း ပြောင်းလဲရင်လည်း မကောင်ဘူးနော် ။


နင်စိတ်ချမ်းသာမှာပါ ။

နင့်စိတ်ချမ်းသူကို ရှာမတွေသေးတာပဲ ြဖစ်ဖြစ် မရှိသေးတာပဲ ြဖစ်ဖြစ် နင်ရဲ့ ချစ်သူအသစ်ဆိုသူတွေနဲ့ နင် ရှာဖွေပါ နင့်နောက်မှာ ငါအမြဲ ရှိနေပါတယ် ။


နင့်ကတော့ မြင်နိူင်မယ် မထင်ဘူး ။

ဂုဏ်ရှင်ကြေးရှင် လူဂုဏ်တန် အသိုင်းအဝိုင်းတွေထဲ မှာ အသက်မပါတဲ့ အပြုံးတွေ အနှစ်သာရမဲ့သော အပြုအမူ တွေနဲ့ အချစ်ကို ဈေးတင်ရောင်းဖို့ ကြိုးစားနေလျက် ။


နင်ဟာလေ ငါတန်ဖိုးထားသလောက် နင်ဟာ တန်ဖိုးမဲ့လွန်းပါတယ် ၊

နင်ဟာ နင့်ကိုတန်ဖိုးထားသူတွေကို မခုံမင်ပဲ နင့်က တန်ဖိုးထားမှ နင့်ကို ဂရုပြုတဲ့ လူတွေနဲ့မှ နင်ဟာ ပျော်တတ်သူ ။


မခင်တွယ်တတ်တဲ့ သူကို ချစ်မိခဲ့တယ် ။

ငါဟာတစ်ခါလောက် ဖွင့်ပြောခဲ့ပြီး တစ်သက်စာ နှုတ်ပိတ်ခဲ့ရတယ် ။

တကယ်လည်း တိတ်ဆိတ်ငြိမ်သက်လွန်းခဲ့တယ် ၊


အချစ်ကို သိမ့်ပြီး တန်ဖိုးတွေ မမြှင့်ပါနဲ့

တန်ဖိုးတကယ်ရှိရင် တန်ဖိုးနဲ့ညီမျှသောတန်ဖိုးရမှာပါ ။


        #အဓိပတိကမ္မ

         2019JUN1


အဓိပတိကမ္မ ၅

 မမှန်ကန်ခြင်း က ပျက်ဆီးစေတာ မဟုတ်ပါဘူး ။

ဦးဏှောက်မရှိခြင်းတွေကြောင့် ပျက်ဆီးရတာပါ ။

မမှန်ကန်ခြင်း တွေကပဲ လူဘောင်ရဲ့ အခွင့်အရေးတစ်ခုပဲ ြဖစ်တယ် ။


 ချင်းပြည်နယ်က မြို့ပြ တစ်နေရာ

____________________


လွမ်းစရာ တောင်ဇလပ် ရနံ့ တွေနဲ့


ကျွန်တော် အတွေးတွေကို နယ်ချဲ့ခဲ့တယ် ။


တောတောင် ရေမြေသဘာဝ ဆိုတဲ့ လောကအနှစ်သာရတွေကို ခုံမင်တတ်လာခဲ့တယ် ။


ကျေးငှက် တေးသံသာတွေကို ချစ်မြတ်နိူးတတ်လာတယ် ။


ဆေးမင်ရည်တွေနဲ့ ပြည့်နက်နေတဲ့ မျက်နှာတွေရဲ့ စိုစွပ်နေတဲ့ အပြုံးတွေနဲ့လည်း ရင်ဆိုင်ခဲ့သေးတယ် ။


တောင်ကျ ချောင်းရေသံတွေကို တန်ဖိုးထားတတ်လာတယ် ။


ရိုးရာ အစဉ်အလာဆိုတာ မျိုးရိုးအဆက်ဆက် မျိုးစေ့ ချခဲ့မှ ကျန်ရစ်ခဲ့တာကို သိလာခဲ့တယ် ။


ထင်းရှူးဆီနံ့ တွေ မွေးပျံ့လာသလောက် ပျောက်ဆုံးလုဖြစ်လာခဲ့တဲ့ အောက်ချင်းငှက်

ရိုးရာအစဉ်အလာတွေကို  မြင်တွေ့လာခဲ့တယ် ။


ချယ်ရီပန်း တွေ မွေးပျံ့ထုံသင်းခြင်းတွေက သစ်ခွပင်တွေရဲ့ ရနံ့တွေက ရင်ကို ပိုပြီး လွှမ်းခြုံထားသွားခဲ့တယ် ။


ပြုပြင်ပြောင်းလဲ မှုများစွာက လွန်ခဲ့သော ၅နှစ်သက်တမ်းနဲ့က အတော်လေး ပြောင်းလဲနေကြတယ် ၊

မပြောင်းမလဲပဲ ကျန်ရစ်နေတဲ့ မိတ်ဆွေ သင်္ဂဟတွေရဲ့ အပြုံးတွေကတော့ အမြဲ လန်းဆန်းနေကြသေးတယ် ။


ကြမ်းတမ်းကွေ့ကောက်တဲ့ လမ်းမတွေမှာ ဖုံတွေ ထုနေပေမယ် ၊ သာယာချမ်းမြေ့လှတဲ့ တောတောင်တွေရဲ့ အလှက ရင်ကို ပိုပြီး အေးချမ်းစေခဲ့တယ် ။


ကောင်းကင်က တိမ်တွေ ထုပြောနေပေမယ့် ရိုးရှင်းဖြုစင်လှတဲ့ သူတို့စကားတွေ ဝဲဝဲလေးတွေနဲ့ နှုတ်ခွန်းဆက်မှုဟာလည်း ၊


ကျွန်တော်တို့ရဲ့ သွေးသားညီအစ်ကို တွေရဲ့ ရင်းနှီးမှုတစ်ခုထဲက တစ်ခုဖြစ်ပါလိမ့်မယ် ။


တောင်တန်းတွေရဲ့ အလှတွေထဲက ကျေးငှက် အသံတွေနဲ့ တောင်ကျချောင်းရေသံတွေဟာ မြို့ပြရဲ့ အင်ဂျင်စက် သံတွေ အီလက်ထရွန် အသံတွေသီချင်းသံ ဆူညံမှုတွေထက်တော့ အတော်လေး ရင်ကို အေးချမ်းစေခဲ့တယ် ၊ 


စိမ်းဖန့်ဖန့် သစ်ပင်ပန်းပင် တွေကလည်း မိတ်ကပ်လိမ်းမထားပဲနဲ့လည်း အရမ်းကြီးလှပနေခဲ့တယ် ။


စိမ်းလန်းစိုပြည် လှတဲ့ လောကအလှကို သဘာဝအလှတရားကို ကြိုးစားပြီး ရှာနေတာ တောင်တန်းတွေပေါ်မှာ ကျွန်တော် အတွေးတွေ နယ်ချဲ့နေခဲ့မိတယ် ။


နေဝင်ချိန်အလှတွေက ကာလာအဆုံနဲ့ ကျွန်တော်တစ်ယောက် အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရပြီးပြီ ။

             အဓိပတိကမ္မ













Sunday 13 December 2020

Photo

 


Human vice people

 လူကိုလူလို့ မမြင်နိူင်တဲ့လူ‌တွေက လူ့အခွင့်အလူ့အခွင့်အရေးအသံကာင်းဟစ်နကြတယ် ။

မတူကွဲပြားမှုကို လက်မခံနိူင်တဲ့လူတွက လူနည်းစုအခွင့်အရး အသံကာင်းဟစ်နကြတယ် ။

အနီအစိမ်းခွဲခြားတတ်တဲ့လူတွက ဘာသာပါင်းစုံညီညွှတ်ရးနှင့် လူ့အခွင့်အရေးကြောင်း ပြောနေကြတယ် ။

လူကိုလူလိုမဆက်ဆံတတ်သူတွေက  လူသားဆန်မှုနဲ့ လူသားအခွင့်အရးတာင်းနကြခြင်းတွ မြင်တွေ့နေရတယ် ။


တကယ်ပဲလောကကြီးက ဘာတွဖြသ်လို့ ဘယ်လိုသုံးသပ်ရပါမလဲ ။


အဓိပတိကမ္မ

Human politics

 လူ့အခွင့်အရေးဆိုတာ လူအများစုအတွက် ဆုတ်ယုတ်စေရင် အလူ့အခွင့်အရေးကို ပြန်လည်မေးခွန်းထုတ်ဖို့လိုပါတယ် ။


မြန်မာပြည်မှာလူ့အခွင့်အရးမပြာပါလာက်ပါဘူး ။

Digitalလွတ်လပ်ခွင့် လုံးဝမရှိသလို လွတ်လပ်စွာပြာဆိုခွင့် ဆိုတာကလည်း အစိုးရဲ့အရေးယူ ထောင်ချမှုတွေ တိုးသထက်တိုးလာတာကလည်း ဝမ်းနည်းစရာပါပဲ ။


ဆက်သွယ်ရေး ဥပေဒတွေ ရေးစွဲပြီး ဒီဥပဒကို လက်နက်သဖွယ် အသုံးပြုပြီး ပြည်သူကို မှိပ်ကွပ်နပါတယ်လို့ လက်ရှိအစိူးရကို သုံးသပ်ချင်ပါတယ်။


ဥပေဒပြင်ဆင်ရးနှင့် လွှတ်တာ်အခန်းကဏ္ဌကို ကြည့်ပြန်တော့လည်း ပြည်သူအတွက် ဥပေဒပြင်ဆင်တာထက် အစိုးရရဲ့အခန်းကဏ္ဌကိုသာ ပြင်ဆင်တာမျိုးတွ့ရပြီး ဖက်ဒရယ်အရေး ဒီမိုကရစီအရး တိုင်းရင်းသား လူနည်းစာအခွင့်အရး နှင့် သတင်းအချက်အလက် ရပိုင်ခွင့် အခွင့်အရေးတွေအတွက် တိကျသော ဥပေဒတွေ ပြဌာဉ်းတာမျိုးတွကလည်း အစုိးရသည် ပြည်သူအတွက် မဟုတ်ပဲ ပါတီအာဏာမြဲရးကိုသာ လက်ရှိသက်တမ်းမှာ ဆောင်ရွက်ခဲ့ခြင်းသာ ြဖစ်ပါတယ်။

ပြုပြင်ပြာင်းလဲရး က လက်ညိုးထိုးပြစရာ ဘာမှမရှိတာကလည်း တိုင်းပြည်ရဲ့လိုအပ်ချက်တွပဲလား အစိုးရရဲ့လိုအပ်ချက်တွေလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ ။


အဓိပတိကမ္မ


အဓိပတိကမ္မ ၄

ဒီနေ့ နဲ့ မနက်ဖြန်
ငါတို့လုပ်နေတာတွေဟာ
နောင်ဘဝအတွက် ဘယ်လောက်ပါသလဲ
သံသရာ အတွက် ဘယ်လောက်ပါသလဲ
လောကကောင်းကျိူး ဘယ်လောက်ပါသလဲ

အားလုံးလုပ်နေသော မကောင်းမှု ပဲ ဖြစ်ဖြစ်
ကောင်းမှုပဲ ဖြစ်ဖြစ်သံသရာအတွက် အထောက်အကူ ဖြစ်မဲ့ အကြောင်းအရာ တွေပါပဲ
လောက လူသားတွေ စဉ်းစားသင့်တယ်
လောဘ ဒေါသ မောဟတွေဟာ
နောင်ဘဝထိ ပါလာမယ် ဆိုတာတွေကို အားလုံး
နားလည်သင့်တယ် သဘောပေါက်သင့်တယ်။

အကျွန်ုပ်တို့ အားလုံးရဲ့ ရှေ့မှာ သေချင်းတရားရှိနေတယ်၊
ကျွန်တော်အား ရှေ့ကို ပဲ လျှောက်နေတယ်
ဒါပေမယ့် ရှေ့ကို လျှောက်သော ခြေလှမ်းတွေ မှာ
မကောင်းမှုတွေ များနေမယ် ဆိုရင် လူဘဝထက် နှိမ့်ကျသော ဘဝမျိူးတွေကို ရောက်မယ်။

ရှင်းရှင်းလေးလောကကြီးကို မရှင်းမလင်းလုပ်ချင်သော
လူတွေက လောကမှာ အများရှိနေခြင်းက လူ့လောကကြီးကို နောက်သို့ ပို့ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

 

Tuesday 8 December 2020

အဓိပတိကမ္မ ၃

 မင်းကြည့်‌ေနသော ချစ်သူက ငါမဟုတ်ဘူး 

ငါကြည့်‌ေန‌ေသာ  ကောင်းကင်ကြီးမှာ လည်း နင်မရှိခဲ့ဘူး ။

ကဗျာတွေ စာ‌ေတွ  သိပ်မ‌ေရးတတ်ပေမယ့် မင်းအနားမှာ အရှိချင်ဆုံးသော လူက ငါပဲ ။

ငါရှင်သန်တော မင်းအတွက်မိရှင်‌ေနွ 

ငါ့ရှင်သန်မှုတွေ အဆုံးသတ်ရတာလည်း မင်းကြောင့်ပဲ မိရှင်နွေ ။


ငါ့ရင်ခွင်က မင်းအသုံးပြု အသုံးချဖို့ပဲလေ 

မင်းစွန့်ပစ်ဖို့ မင်း ဥပေက္ခာပြုဖို့အတွက် မဟုတ်ဘူး မိရှင်နွေ ။

အဓိပတိကမ္မ



အဓိပတိကမ္မ ၂

 အဆိုးမြင်ခြင်းတွေ‌ထဲမှာ လောကကြီးလည်းပါသလို မွေးဖွားခြင်းတွေကလည်း အပါအဝင်ပါပဲ ။

အဲ့ဒိအသိရတဲ့နေ့ကတည်းက စလို့ မွေ့နေတွေမှာ မပျော်နိူင်သလို ရာသီအကူးအ‌ေပြာင် နယူယီးယားတွေမှာလည်း မပျော်တတ်တောဘူး ။

ကြာရင် သေမှာပဲလို့ တွေးတောရင်း အဆုံးမရှိ အစမရှိတဲ့ လူဖြစ်စဉ်ကြီးအကြာက်‌ေးတွး ဦးနှောက်ပျက်ယွင်‌ေးနခဲ့တယ် ။


အဓိပတိကမ္မ

အဓိပတိကမ္မ

 ကျနော်တွေးထားတယ် 

သူမအချစ်တွနဲ့ အသက်ဆက်မယ့်လူလို့‌ေပါ့။

သူမအချစ်တွကြာင့်ပဲ သေဆုံးခဲ့ရခြင်းကို ဘယ်သူမှ မသိလိုက်ဘူး ။

သူနဲ့ဝေးရင် မပျော်နိူင်သလို သူနဲ့နီးရင်လည်း မပျော်ရပြန်ဘူး ။

သူမအနားမှာပဲ ရှင်သန်ချင်တဲ့ လူတစ်ယာက်ကု ိိသူမအနားမှာပဲ သတ်ဖြတ်ပစ်သလို က်စက်စွာ ထားခဲ့ခြင်း ခံခဲ့ရတယ် ။

အဓိပတိကမ္မ 

မုန်းချင်တဲ့လူတွေ မုန်းချင်သ‌ေ လာက်သာ မုန်းပါ မ

 အားငယ်မှုတွေမျးစွာနဲ့  လူကိုမှ လှောင်ရယ်ခြင်းတွေနဲ့ တုန်ပြန်တတ်သူကိုမှ အ‌မှောင်ထဲက မအိပ်စက်နိူင်ပဲ ချစ်နေသူ က ကျ‌ေနာ်။


အလင်းမ‌ေပးတဲ့ ညနက်တွေထဲမှာအလွမ်းတွနဲ့ အသေအချာ သတိ‌ေတွရခြင်း‌ေတွ နဲ့ အလင်းကို တောင်းတနသူကလည်း ကျ‌ေ နာ် ။

ချစ်တယ်ဆိုတာထက် ပိုချစ်တယ် ဆောင်းရယ် ။

အပြင်မှာ အရမ်း အေးချမ်းခြင်းတွေပြည့်နှက်နသာ်လည်း အချစ်စိတ်တွ ပူလောင်လွန်းတယ် မိရှင်နွေ ။


အမုန်းတရားတွေနဲ့ ရက်စက်တတ်တဲ့ လူတွေကြားထဲရှင်ရ‌ေသာ  ငါ့ကို ထပ်မုန်းတဲ့လူတစ်ယာက် ထပ်တိုးလာတာပဲလို့ပဲ ငါသတ်မတ်ပါတယ် ။


မုန်းချင်တဲ့လူတွေ မုန်းချင်သ‌ေ လာက်သာ မုန်းပါ ။

မမုန်းချင်ပဲနဲ့တော့ ရွှေကြောင့် ငွေကြောင့် အဖေကြာင့် အမေကြာင့် မုန်းချင်ယောင်ဆောင်နေခြင်းတွကို တော့ ငါ့မုန်းတယ် မိရှင်နွေ ။


အဓိပတိကမ္မ ။











 ဘဝက တစ်ခါတစ်လေ ခါးတယ်

တခါတရံ ဘဝက မလှပဘူး

တကယ်ဆို လူဖြစ်ဖို့ မထိုက်တန်တဲ့ လူတွေကို ရှင်သန်ခွင့်မပေးသင့်ဘူး

ကျနော်ချစ်တဲ့သူတွေကို‌ရော

ကျနော်မချစ်တဲ့လူတွေကိုရော ပေါ့

လောကကြီးမှာ အသက်ရှိလို့သာ ရှင်သန်နေတာ ရှင်သန်မှုတွေမှာ မပျော်နိူင်််ကြဘူးး

တစ်ယောက်ထဲ တစ်ခါတလေ သေမိန့်ကျနေတာ အခါခါပဲ

လုံးဝမေ့မရတဲ့ အပြစ်တွေ

လုံးဝ မေ့လို့မရတဲ့ အမှားတွေ

ခွင့်မလွတ်နိူင်တဲ့ မွေးဖွားခြင်းတွေကို ကျနော် ရာသက်ပန် မုန်းမိ‌ေတာ့မယ်် ။


 ၁၀-၂-၂၀၂၀

အဓိပတိကမ္မ






 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...