Tuesday 15 December 2020

ရှင်နွေတမ်းခြင်း

 ကျွန်တော် သူ့ကိုတော့ ချစ်တယ် 

ဒါပေမယ့် သူကျွန်တော်ကိုတော့ မချစ်ဘူး ။

သုနဲ့ ကျွန်တော် ကြားထဲမှာ ဒီလိုတည့်လွဲကလေးတွေကလည်း အများကြီးပါပဲ ။


သူမအတွက်တော့ ကျွန်တော်နဲ့ ပတ်သတ်ပြီး ဘာစိတ်ခံစားမှုမှ များများစားစား ရှိမှာ မဟုတ်ပါဘူး ။


ကျွန်တော် သူကို ချစ်သလောက် သူကျွန်တော် မချစ်ဘူးတဲ့ ။

လှလိုက်တဲ့ စကားလုံးများ လှပေမယ့် ကဗျာမဆန်ခဲ့ဘူး ။

ရင်ခွင်သစ်မှာ သူမပျော်ဘူး ကြားရတော့ ငါပဲ ကြေကွဲရပြန်တယ် ။

အစဉ်ပြေပြေနေပါ ချစ်သူ ။

အချစ်ဆိုတာက အချေအတင် များတိုင်း မျက်နှာပြောင်း အမြဲတမ်း ပြောင်းလဲရင်လည်း မကောင်ဘူးနော် ။


နင်စိတ်ချမ်းသာမှာပါ ။

နင့်စိတ်ချမ်းသူကို ရှာမတွေသေးတာပဲ ြဖစ်ဖြစ် မရှိသေးတာပဲ ြဖစ်ဖြစ် နင်ရဲ့ ချစ်သူအသစ်ဆိုသူတွေနဲ့ နင် ရှာဖွေပါ နင့်နောက်မှာ ငါအမြဲ ရှိနေပါတယ် ။


နင့်ကတော့ မြင်နိူင်မယ် မထင်ဘူး ။

ဂုဏ်ရှင်ကြေးရှင် လူဂုဏ်တန် အသိုင်းအဝိုင်းတွေထဲ မှာ အသက်မပါတဲ့ အပြုံးတွေ အနှစ်သာရမဲ့သော အပြုအမူ တွေနဲ့ အချစ်ကို ဈေးတင်ရောင်းဖို့ ကြိုးစားနေလျက် ။


နင်ဟာလေ ငါတန်ဖိုးထားသလောက် နင်ဟာ တန်ဖိုးမဲ့လွန်းပါတယ် ၊

နင်ဟာ နင့်ကိုတန်ဖိုးထားသူတွေကို မခုံမင်ပဲ နင့်က တန်ဖိုးထားမှ နင့်ကို ဂရုပြုတဲ့ လူတွေနဲ့မှ နင်ဟာ ပျော်တတ်သူ ။


မခင်တွယ်တတ်တဲ့ သူကို ချစ်မိခဲ့တယ် ။

ငါဟာတစ်ခါလောက် ဖွင့်ပြောခဲ့ပြီး တစ်သက်စာ နှုတ်ပိတ်ခဲ့ရတယ် ။

တကယ်လည်း တိတ်ဆိတ်ငြိမ်သက်လွန်းခဲ့တယ် ၊


အချစ်ကို သိမ့်ပြီး တန်ဖိုးတွေ မမြှင့်ပါနဲ့

တန်ဖိုးတကယ်ရှိရင် တန်ဖိုးနဲ့ညီမျှသောတန်ဖိုးရမှာပါ ။


        #အဓိပတိကမ္မ

         2019JUN1


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...