Tuesday 15 December 2020

အလှမွေးကြက်

 တိမ်ညင်ကြက် တစ်စုံမွေးခဲ့တယ် လွန်ခဲ့သော တစ်နှစ်ကျော်လောက်က အိမ်ကို ကြက်ကလေးနှစ်ကောင် ရောက်လာခဲ့တယ် ၊ အိမ်ရောက်ပြီး နောက်တစ်နေ့မှာပဲ ကြက်မ‌ကလေးကို ကြောင်ချီသွားလို့ ‌ကြိုးခြီထားတဲ့ ပေါင်တစ်ချမ်းပဲ ကျန်ခဲ့တာကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရတယ် ။

ကြက်ဖလေး တစ်ကောက်ပဲ ကျန်ခဲ့တော့ အဖော်ကမရှိ

အိမ်ဘေးကလည်း ကြက်မွေးသူက မရှိတော့ သူခဗျာ လူတွေကိုပဲ အဖော်လုပ်ပြီး နေနေရတယ် ။

အဖေတို့ ထိုင်နေရင် လူပေါ်တက် နေတယ် အိပ်နေရင် ရင်ဘတ်ပေါ်တက်နေတယ် ။ အတော်လေး ကြည်နူးမိတာကတော့ လူတွေနဲ့ အတော်လေး ယဉ်တယ် ။ ခေါ်ရင် လာတယ် အော်လွှတ်ရင် ခပ်လှမ်းလှမ်းကနေ တတွန်တွန်ပေါ့ ။

ကြက်မကလေး ရှာမယ် ၊ တစ်စုံမှပိုပြီး အစဉ်ပြေမယ် ဆိုပြီး ကြက်မကလေး ထပ်ရှာပြီး ရလာခဲ့တယ် အဒေါ်ယောင်္ကျားကပဲ ယူလာပေးတာပါ ။ ဒီလိုနဲ့ ကြက်က နှစ်ကောင် ဖြစ်လာတယ် ။

ကြက်ဖလေးက အဖော်ရသွားပြီ 

ကြက်မ‌ေလးက လူနဲ့စိမ်းတော့ သိမ့်ပြီးအကပ်မခံဘူး ကြက်ဖကလည်းကြက်မ နားပဲ ကပ်နေတာ ဆိုတော့ လူတွေနဲ့ ခပ်ဝေးဝေးမှာပဲနေတယ် ။

အရင်က ကြက်ဖလေးက ခေါ်လို့ရတယ် ၊နောက်ကျခေါ်မရတော့ဘူး ။ ကြက်မ အရွယ်ရောက်တော့ ဥ တွေ ဥ‌တယ် ။

ရယ်စရာကောင်းတာက ကြက်မလေးက နေရာအတည်တကျမဥဘူး တစ်နေရာကို တစ်ဥပဲ ဥတယ် ကျနော်တို့အိမ်မှာ ကြက်ဥလိုက်ကောက်ရတဲ့ အလုပ်တစ်ခုတိုးလာတယ် ။

ကြက်မလေး ဥ ဥပြီး ဝွင့်တော့လည်း ဘယ်မှာ ဝွင့်နေသလဲ မသိကြဘူး ရှာလိုက်ရတာ အမောပဲ ၃‌ ၄ ရက်နဲ့လည်း မတွေ့ဘူး ။ နောက်တော့ဥ မဥဘူးတဲ့ ထိုင်ခုံကြားထဲမှာ ဝွင့်နေတာကို ကျနော် ရှာတွေ့ခဲ့တယ် အိမ်ကလူတွေကလည်း ထူးထူးဆန်းဆန်းတွေ ဖြစ်လို့ ဝမ်းသာနေကြတယ် ။

ကြက်ကလည်း ဝွင့်နေတယ် ကြက်ဥကလည်ယ ၁၂လုံးတောင် ဥထားတာဆိုတော့ ထပ်မဥနိူင်တော့ဘူး ။

ဒီကြက်မ ဥမပါပဲ နဲ့ ဝွင့်နေတာပဲလို့ ထင်ပြီး ကြက်ဥ အကောင်ဖောက်ဖို့ နှစ်လုံး ထပ်ပေးလိုက်တယ် ။

နှစ်ပတ် သုံးပတ်နီးပါးရှိတော့ ကျနော် အိမ်ပြန် ထမင်းစားချိန် ကြက်မအစာစား ချင်လို့ ဝွင့်တဲ့နေရာကထွက်လာလို့ ကြည့်လိုက်တော့ ကြက်ဥက ၉လုံးတောင် ဖြစ်နေတာကို အံ့ဩစွာ မြင်ခဲ့ရတယ် ။

အိမ်ကလူတွေကို ပြောတော့ အထူးအဆန်းနဲ့ ကြည့်ကြတာပေါ့ အဖွားကတော့ ကြက်ကလေး မပေါက်နိူင်ဘူးပဲ ပြောနေတယ် ။ မပေါက်နိူင်လည်း မတတ်နိူင်ဘူး ဆိုပြီး ထားလိုက်တော့တယ် ။ အမှန်တကယ် အကောင်ပေါက်တော့ ကြက်ကလေး တစ်ကောင်ပဲ ပေါက်တယ် ။

ကျန်နေသေးတြ့ ဥတွေကို အကောင်ပေါက်အောင် ဖန်သီးတွေ ဝယ် အပူပေး စောင်တွေ မိးကြွမ်း အဖေကဆူ အတော်လေး ဒုက္ခများ။ဒါပေမယ့် နှစ်ရက်ပဲ အသက်ရှင်လိုက်တယ် ကြက်ဖကြီးက ခွပ်လို့ ဆိပ်လို့ တောင်းတစ်တောင်း အောက်မှာ မှောက်ထားလိုက်တာ နောင်တစ်ရက်မှာ ကြက်ကလေးမရှိတော့ဘူး ကြောင်ချီသွားတယ်လို့ ယူဆချက်တစ်ခုပဲ ကျန်ရစ်ခဲ့တယ်။ 

သိမ့်ပြီး မကြာလိုက်ပါဘူး ကြက်မလေးက ထပ်ပြီး ဥတွေထပ်ဥတယ် ။ဒီတစ်ခါတော့ နေရာမှန်မှန်ဥ ဥလာတယ် ပြီးခဲ့တဲ့အခါထက်တော့ ဥအလုံးရေ နည်းပြီး 11လုံးပဲ ဥတယ် ။ပြောဖို့တစ်ခုကျန်သွားတယ် ။ ကြက်မလက လူနဲ့မယဉ်လို့ ယဉ်အောင်လုပ်မယ် ဆိုပြီး ကြက်မ ဥ ဥနေစဉ် တောင်းလိုက်မပြီး ရေအိုးစင်အောက်က ခြံထဲထည့်ထားလိုက်တယ် ကြက်မကလည်း ခြံထဲမှာ ဗြောင်းစံနေအောင် တွန်တယ် ကြက်ဖကလည်း ဘေးမှာပတ်အော်နေတာ သနားဖို့တောင်ကောင်းတယ် ။ 3 4ရက်ကတော့ ထားမယ်လို့ စိတ်ကူးထားတယ် ။ နှစ်ရက်မြှောက်တဲ့နေ့မှာပဲ ကြက်မကလေးက ခြံရဲ့ပေါ်ကနေ တွန်းထိုးကာ အပေါ်အပေါက်ကနေ ညမှာပဲ ခုန်ထွက်ကာ လွတ်‌သွားခဲ့တယ် ။ 

ဝမ်းနည်းစရာက ပျော်ကကနေပျက်တယ် ပြောရမလား ယဉ်စေချင်လို့ ခြံထဲထည့်ပြီးလွတ်သွားကတည်းက အိမ်ကိုမကပ်တော့ဘူး အနောက်ဘက်အိမ်မှာပဲနေတော့တယ် ။

အစာစားချင်မှ အိမ်ကိုပြန်လာတယ် ။ဥ ဥရင်တော့ အိမ်ကိုလာပြီး ဥရှာပါတယ် ။ ဒါဒါပေမယ့်ကြက်ဖက ဥ ဥတဲ့စင်ဘေးမှာ အမြဲစောင့်နေပြီးတော့  လူလာရင် အော်ပြီး အချက်ပြပေးတယ် ။ လူတွေမှာ သိတတ်‌တာမဟုတ်ဘူး တိရိစ္ဆာန်တွေမှာလည်း အသိတရားရှိတယ်ဆိုတာကို နားလည်းပြီး ကျနော်အတ္တတစ်ခုအတွက် အမှားလုပ်ခဲ့မိတယ် ဆိုပြီး ဝမ်းနည်းတတ်လာတယ် ။

ကြက်မ ဝင့်တော့ ၂ကောင်ဖောက်မယ်ဆိုပြီး ကြက်ဥ နှစ်လုံးထည့်ပြီး အကောင်ဖောက်တော့ နှစ်ကောင်လုံးပေါက်တယ် ချစ်စရာလေးတွေ အတောင်ပံအဖြာနဲ့အနက်ရောင် တစ်ကောင် အတောင်ပံအနက် တစ်ကိုယ်လုံးအနက် ဝမ်းပိုက်လေးပဲ ဖြုနေတာက တစ်ကောင် နှစ်ကောင် ။

အရင်တစ်ခါလို ကြက်ဖမဆိပ်အောင် အရင်တစ်ခါလို ကြောင်မခုတ်အောင် တစ်ပတ်လောက် တောင်အောက်မှောက်ထားတယ် တောင်းအပေါ်ကနေတောင် လေးသောအရာတွေ ထပ်ပြီးတင်ထားသေးတယ် ၊ 

ကြက်ဖကြီးကတော့ တောင်းဘေးလာပြီး ‌တွန်လိုက် ယှက်လိုက် အစာရှာလိုက်နဲ့ တောင်းရဲ့ပတ်ချာလည် တစ်ဝိုက်မှာပဲနေတယ် ။

ကျနော်နဲ့ အိမ်ကလူတွေကတော့ 

တစ်နေ့လာလည်း ဒီတောင်းကို ကြည့် နောင်တစ်နေ့လာလည်း ဒိတောင်းလေးကြည့်နဲ့ ကျနော်တစ်နေ့ ကို သုံးလေးခါလောက် ကြည့်မိတယ် ကျနော်အတွက်တော့ အကြာဆုံးရက်သတ်တပတ်လို့ ပြောရလောက်အောင် ကြာမြင့်ခဲ့တယ် ကြက်ကလေးတွေကို အပြင်ထုတ်ပြီး လွှတ်ကြည့်ချင်တယ် အရင်ကြက်ဖနဲ့ကြက်မ လူနဲ့မယဉ်လို့ ဒီကြက်ကလေးနှစ်ကောင်ကို လူနဲ့ယဉ်အောင် ငယ်ငယ်လေးကတည်းက ယဉ်အောင်လုပ်မယ် ရည်မှန်းချက် မျော်လင့်ချက်တွေ ကြီးခဲ့တယ် ။

အကောင်ပေါက်ရင် လိုချင်တယ် ပြောထားတဲ့ သူငယ်ချင်းတွေ အသိတွေ အိမ်နီးနားချင်‌းတွေကို အသိမပေးရဲဘူး လာပြီးတောင်းမှာ ဆိုးရိမ်လို့ ။

သူတိုတ‌ေတွ တောင်းလာခဲ့ရင်လည်း  ငြင်းလို့ ရမှာမဟုတ်လို့ အသိတောင်မပေးခဲ့ဘူး ။

ဒါဒါပေမယ့်ဗျာ ကျနော်ရော ကြက်ကလေးတွေရော ကြက်မကြီး‌ေ‌ရာ ကံမကောင်းရှာဘူး ။

တောင်းအောက်မှောက်ထားတာ တစ်ပတ်တောင် မပြည့်သေးဘူး အဖြစ်ဆိုးနဲ့ကြုံတွေရတယ့် ။

တစ်နေ့ အမေကနံက်ခင်းမှာ အစာမကြွေးလိုက်ပဲ အမေညီမအိမ်က အိမ်တွင်းရေးပြဿနာတွေကြောင့် ဂရုမစိုက်မိလိုက်ဘူး ။ 

ကျနော်ကလည်း မနက်ပိုင်းက အိမ်ကိုမပြန်ဖြစ် နေ့လည် 1နာရီ2နာရီ မှ ရေချိုးထမင်းစားပြန်လာခဲ့တယ် ။

အိမ်ကိုရောက်ရောက်ချင်း ကျနော်ဘာလုပ်လဲ သိရဲ့လား ထုံးစံအတိုင်း ဆိုင်ကယ်ဒေါက်ထောက်ပြီး ကြက်‌ေမှာက်ထား‌ေသာ တောင်းကို ပြေးကြည့်မိတယ် ။

ကြက်ကလေးတွေရော ကြက်မကြီးရော က ကြည့်ရတာ အစဉ်မပြေတော့ဘူး ငြိမ်နေကြတယ် သို့သော် အသံတွေကတော့ ဆူညံ့နေအောင် အော်နေကြတယ် ။

တောင်းမှေားထားသော တောင်းအောက်မှာ ပုရွတ်ဆိတ် အုံကြီးတွေလို့ တောင်းကို လှန်ပြီး ကြည့်လိုက်တော့ ကြက်ကလေးနှစ်ကောင်လုံးမှာ ဒဏ်ရာတွေနဲ့ ပုရွတ်ဆိတ်အကိုက်ခံထားရတယ် ခြေထောက်တွေမှာလည်း ပုရွတ်ဆိတ်တွေ ကပ်တွယ်ပြီး ကိုက်ထားကြတာ သုံး‌ေလးကောင်လောက်တွေ့လို့ ဖယ်ပစ်ရင်း ကြက်ကလေူတွေကို ပြုစုပေးနေတယ် ။

ကြက်မကြီးကတော့ တောင်းလှန်လိုက်ကတည်းက ပြေးထွက်ပြီးနေနေတော့တယ် ။

ကြက်ကလေးတွေ ရှိနေတော့ ဝေးဝေးကိုတော့ မသွားဘူး အနီးနား မလှမ်းမကမ်းကနေ အော်နေရှာတယ် ။

ကြက်ဖကြီးကလည်း ဒေါနဲ့မောနဲ့ ရောက်လာပြီး ကြက်မကြီးကို ထခွပ်ပါရော ကြက်မကြီးက မပြေးနိူင် ပြေးနိူင် ထွက်ပြေးရှာတယ် ။ လမ်းမှန်အောင် ကြက်မကြီးက ‌ေြခမခိုင်တော့ဘူး ယိမ်းယိမ်းယိုက်ယိုင်တွေ ြဖစ်နေတယ် ။

ကြက်ကလေး နှစ်ကောင်ကို တောင်းထဲထည့်ပြီး နေပြတော့ လှုပ်လှုပ်ရွရွ ဖြစ်နေတော့ လှုပ်နိူင်တယ်ထင်ပြီး နေပြထားလိုက်တယ် ။

ဒါနဲ့ကြက်မကြီးကို လိုက်ဖမ်းရင်းနဲ့ ဖမ်းတယ် 

အစကတည်းက လူနဲ့မယဉ်သော ကြက်မကြီးက ပြေးတာပေါ့ ဖမ်းမရဘူး သစ်ပင်ပေါ်တက်ပြေးတယ် ခြေကမခိုင်တော့ ကောင်းကောင်းသစ်ပင်ပေါ်မှာ မနေနိူင်ဘူး တကိုင်းကူး တကိုင်းကူးနဲ့ ဒယိမ်းဒယိုင် ဖြစ်လို့နေတယ် ။

ဖမ်းလို့မရတာနဲ့ အမေဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြတယ် အမေလည်း စိတ်အတော်လေး ဆင်းရဲသွားတယ် ။

ရေချိုးပြီး ထမင်းစား ပြီး ပြန်မယ်လုပ်တော့ အိမ်အပေါက်ဝမှာကြက်မ ဝွင့်နေတာ‌ေတ္ွလို့ ဖမ်းတော့ အတော်လေးဖမ်းလိုက်ရတယ် ။ မိတော့မိသ္ွားပြီး ကြက်ကလေး‌ေတွနဲ့အတူ တောင်းနဲ့ပဲနေရာပြောင်းပြီး ပြန်မှောက်ထားလိုက်ရတယ်။

အမေတို့ကတော့ ကြက်တွေကို ရေတိုက် ငါးပိကျွေးပြီး ကုကြတယ် အနွေးဓာတ်ပေးတာတွေလုပ်ကြည့်ပေမယ့် တနေ့ထက်တနေ့ အခြေအနေက ပိုပြီး ဆိုးလာတယ် ။

ကြက်တွေ အအေးပတ်တယ်ပြောလို့ အနွေးဓာတ်ရအောင်လုပ်ကြရတယ် ။

ကြက်ကလေးတစ်ကောင်ကအ‌ေြခအနေသိမ့်မကောင်တော့ဘူး လဲနေပြီ တစ်ကောင်ကတော့ မလဲသေးဘူး ဒါနဲ့ အဝတ်တွေထဲ ထည့်ပြီးထားပေးတယ် ။

တောင်းအောက်ထားတဲ့ကြက်ကလေးကတော့ သေသွားတော့ ကျနော်ကိုယ်တိုင်ပဲ ကောက်ပြီး လွင့်ပစ်လိုက်ရတယ် ။ ညနေဘက်လညး်ရောက်ရော အဝတ်တွေထဲ ထည့်ထားတဲ့ တစ်ကောင်ပါ ထပ်သေသွားတယ် ။ ပစ်လိုက်ရတာပါပဲ ။

ကြက်မကြီးကတော့ ငါးပိ‌ေတွ ထပ်ကျွေးလည်း မရတော့ဘူး အ‌ေြခအနေက ပိုပြိးတော့သာ ဆိုးဆိုးလာတယ် ။

မသေကလည်း မသေနိူင် ကုလို့ကလည်း ်ပျောက်နဲ့ အတော်လေး ဝမ်းနည်းရတယ် ။

နောင်နေ့ အမေကလည်း မန်းလေးထွက်သွားတယ် ။

ကျနော်မနက်ပြန်တော့ ကြက်မကြီးက မလှုပ်တော့ဘူး ခွေခွေပြီး လဲလဲသွားတယ် ခြေထောက်မထောက်နိူင်တော့ဘူး ။

ညနေရောက်တော့ လဲနေပြီ လုံးဝအ‌ေြခအနေမလည်တော့ဘူး ။ ကြည့်ပဲ ကြည့်နေရတော့တယ် ။

နောင်တစ်ရက် အိမ်ကို ၂နာရီလောက ကျနော်ပြန်တော့ ကြည့်လိုက်တော့ ကြက်မကြီးကို ပုရွက်ဆိတ်တွေတက်ပြီး ကိုက်ခံနေရပြီ အသ်တော့မသေသေးဘူး ပုရွတ်ဆိတ်တွေခါပြီး နေရာပြောင်ပြီး ချထားလိုက်ပြီး ကျနော် ရေချိလိုက်ပြီး ကြည့်လိုက်တော့ ါသ်မရှိတော့တာကို ‌ေတွလိာက်တော့ ပလပ်စတစ်နဲ့လိမ့်ပြီး သေချာချည်ပြီး မြေမြုပ်ပစ်လိုက်ရတယ် ။

နှုတ်ကတစ်ခွန်းပဲ ပြောထွက်ခဲ့တယ် 

"သေသွားပြီပေါ့ ထပ်မဆုံဖြစ်တော့ဘူးနော် အရင်လို ရှောင်ပြေးထွက်စရာမလိုတော့ဘူး နင်ပျော်ပါ "

ဒီစကားတစ်ခွန်းနဲ့ မြေဖို့ပြီး ပြန်လာခဲ့ရတယ် ။

နောက်တစ်နေ့ အိမ်ပြန်တော့ ကြက်ဖကြီးက ကြက်မဥ ဥတဲ့နေရာမှာ ရှာနေတယ် ။

ကြက်မကြီးကိုပဲ ရှာတောလား ကြက်ကလေးလေး‌ေတွကိုပဲ ရှာနေတာလားတော့ မသိဘူး ။

ဪ တိရိစ္တာန်တွေတောင် မေတ္တာတရားနဲ့ ပတ်သတ်လာရင် ခံစားတတ်သော အသိတစ်ခုတော့ ရှိနေတာပါလား ။

ကြက်ဖကြီးကိုကြည့်ပြီး ကြက်မကြီးနဲ့ ကလေးလေးတွေကို မြင်ယောင်ရင်း စိတ်ထဲမှာ လွမ်းတာလိုလို ဆွေးတာလိုလိုနဲ့ ၁၀လ တစ်နှစ်ဝန်းကျင် သံယောဇဉ်လေး ပြတ်ဆဲသွားခဲ့ပြီလို့ သိလာခဲ့တယ် ။

အခုတော့ သေသွားရှာပြီ ကျန်နေသေတဲ့ ကြက်ဖအတွက် ‌အဖော်တစ်ကောင်ရှာဖို့ ကျနော်ကြိုးစားနေဆဲ ။




မသေခင် လိုက်ဖက်မှုတေွနဲ့ အတွဲညီညီ ခြေလှမ်းညီညီ မခွဲမကွာ အတူရှိနေချိန် 



အဓိပတိကမ္မ

18.2.2020


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...