Tuesday 15 December 2020

 ချင်းပြည်နယ်က မြို့ပြ တစ်နေရာ

____________________


လွမ်းစရာ တောင်ဇလပ် ရနံ့ တွေနဲ့


ကျွန်တော် အတွေးတွေကို နယ်ချဲ့ခဲ့တယ် ။


တောတောင် ရေမြေသဘာဝ ဆိုတဲ့ လောကအနှစ်သာရတွေကို ခုံမင်တတ်လာခဲ့တယ် ။


ကျေးငှက် တေးသံသာတွေကို ချစ်မြတ်နိူးတတ်လာတယ် ။


ဆေးမင်ရည်တွေနဲ့ ပြည့်နက်နေတဲ့ မျက်နှာတွေရဲ့ စိုစွပ်နေတဲ့ အပြုံးတွေနဲ့လည်း ရင်ဆိုင်ခဲ့သေးတယ် ။


တောင်ကျ ချောင်းရေသံတွေကို တန်ဖိုးထားတတ်လာတယ် ။


ရိုးရာ အစဉ်အလာဆိုတာ မျိုးရိုးအဆက်ဆက် မျိုးစေ့ ချခဲ့မှ ကျန်ရစ်ခဲ့တာကို သိလာခဲ့တယ် ။


ထင်းရှူးဆီနံ့ တွေ မွေးပျံ့လာသလောက် ပျောက်ဆုံးလုဖြစ်လာခဲ့တဲ့ အောက်ချင်းငှက်

ရိုးရာအစဉ်အလာတွေကို  မြင်တွေ့လာခဲ့တယ် ။


ချယ်ရီပန်း တွေ မွေးပျံ့ထုံသင်းခြင်းတွေက သစ်ခွပင်တွေရဲ့ ရနံ့တွေက ရင်ကို ပိုပြီး လွှမ်းခြုံထားသွားခဲ့တယ် ။


ပြုပြင်ပြောင်းလဲ မှုများစွာက လွန်ခဲ့သော ၅နှစ်သက်တမ်းနဲ့က အတော်လေး ပြောင်းလဲနေကြတယ် ၊

မပြောင်းမလဲပဲ ကျန်ရစ်နေတဲ့ မိတ်ဆွေ သင်္ဂဟတွေရဲ့ အပြုံးတွေကတော့ အမြဲ လန်းဆန်းနေကြသေးတယ် ။


ကြမ်းတမ်းကွေ့ကောက်တဲ့ လမ်းမတွေမှာ ဖုံတွေ ထုနေပေမယ် ၊ သာယာချမ်းမြေ့လှတဲ့ တောတောင်တွေရဲ့ အလှက ရင်ကို ပိုပြီး အေးချမ်းစေခဲ့တယ် ။


ကောင်းကင်က တိမ်တွေ ထုပြောနေပေမယ့် ရိုးရှင်းဖြုစင်လှတဲ့ သူတို့စကားတွေ ဝဲဝဲလေးတွေနဲ့ နှုတ်ခွန်းဆက်မှုဟာလည်း ၊


ကျွန်တော်တို့ရဲ့ သွေးသားညီအစ်ကို တွေရဲ့ ရင်းနှီးမှုတစ်ခုထဲက တစ်ခုဖြစ်ပါလိမ့်မယ် ။


တောင်တန်းတွေရဲ့ အလှတွေထဲက ကျေးငှက် အသံတွေနဲ့ တောင်ကျချောင်းရေသံတွေဟာ မြို့ပြရဲ့ အင်ဂျင်စက် သံတွေ အီလက်ထရွန် အသံတွေသီချင်းသံ ဆူညံမှုတွေထက်တော့ အတော်လေး ရင်ကို အေးချမ်းစေခဲ့တယ် ၊ 


စိမ်းဖန့်ဖန့် သစ်ပင်ပန်းပင် တွေကလည်း မိတ်ကပ်လိမ်းမထားပဲနဲ့လည်း အရမ်းကြီးလှပနေခဲ့တယ် ။


စိမ်းလန်းစိုပြည် လှတဲ့ လောကအလှကို သဘာဝအလှတရားကို ကြိုးစားပြီး ရှာနေတာ တောင်တန်းတွေပေါ်မှာ ကျွန်တော် အတွေးတွေ နယ်ချဲ့နေခဲ့မိတယ် ။


နေဝင်ချိန်အလှတွေက ကာလာအဆုံနဲ့ ကျွန်တော်တစ်ယောက် အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ရပြီးပြီ ။

             အဓိပတိကမ္မ













No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...