Sunday 13 December 2020

အဓိပတိကမ္မ ၄

ဒီနေ့ နဲ့ မနက်ဖြန်
ငါတို့လုပ်နေတာတွေဟာ
နောင်ဘဝအတွက် ဘယ်လောက်ပါသလဲ
သံသရာ အတွက် ဘယ်လောက်ပါသလဲ
လောကကောင်းကျိူး ဘယ်လောက်ပါသလဲ

အားလုံးလုပ်နေသော မကောင်းမှု ပဲ ဖြစ်ဖြစ်
ကောင်းမှုပဲ ဖြစ်ဖြစ်သံသရာအတွက် အထောက်အကူ ဖြစ်မဲ့ အကြောင်းအရာ တွေပါပဲ
လောက လူသားတွေ စဉ်းစားသင့်တယ်
လောဘ ဒေါသ မောဟတွေဟာ
နောင်ဘဝထိ ပါလာမယ် ဆိုတာတွေကို အားလုံး
နားလည်သင့်တယ် သဘောပေါက်သင့်တယ်။

အကျွန်ုပ်တို့ အားလုံးရဲ့ ရှေ့မှာ သေချင်းတရားရှိနေတယ်၊
ကျွန်တော်အား ရှေ့ကို ပဲ လျှောက်နေတယ်
ဒါပေမယ့် ရှေ့ကို လျှောက်သော ခြေလှမ်းတွေ မှာ
မကောင်းမှုတွေ များနေမယ် ဆိုရင် လူဘဝထက် နှိမ့်ကျသော ဘဝမျိူးတွေကို ရောက်မယ်။

ရှင်းရှင်းလေးလောကကြီးကို မရှင်းမလင်းလုပ်ချင်သော
လူတွေက လောကမှာ အများရှိနေခြင်းက လူ့လောကကြီးကို နောက်သို့ ပို့ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

 

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...