Tuesday 29 December 2020

နိူင်ငံရေးအနှစ်ချုပ် ၁၂

human rights  justice 


“တစ်နေရာမှာ တရားမျှတမှု မရှိခြင်းသည် နေရာတိုင်းမှာ တရားမျှတမှု ရှိခြင်းကို ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။

 "Injustice anywhere is a threat to justice everywihere"


 ဟု လူ့အခွင့်အရေး တိုက်ပွဲဝင်သူ မာတင်လူသာကင်း” (Martin Luther king )က ဒီမိုကရေစီစနစ်တွင် တရားရေး လွှမ်းမိုးမှု  ရှိခြင်း၏ အရေးပါမှုကို အလေးအနက်ထား ပြောဆိုခဲ့သည် ။


တရားရေး အခွင့်အလမ်းမရရှိခြင်းသည် လူ့အဖွဲ့အစည်းမှ ဖယ်ကြဉ်ခံရသော စွန့်ပစ်ခံလူသားများအတွက် တရားမျှတမှုမရရှိခြင်းပင် ဖြစ်သည်။ 

သာတူညီမျှ ဖြစ်သော ကောင်းမွန်သော တရားရေးအခွင့်အလမ်း ရရှိရန် ဆောင်ရွက်ခြင်းသည် ၂၁ ရာစု ဒီမိုကရေစီအစိုးရများ၏ ကြီးမားသော ဦးတည်ချက်တစ်ခု ဖြစ်လာလေပြီ ။


စင်စစ် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတွင် တရားရေးမဏ္ဍိုင်သည် အခြေခံ ဒေါက်တိုင်တစ်ခုဖြစ်သည်။ 

ထို့ကြောင့် တရားရေးလက်လှမ်းမှီမှုနှင့် တရားရေး အခွင့် အလမ်းရရှိမှုတို့သည် စံပြနိုင်ငံတော်၏ အခြေခံပြယုဂ်ဖြစ်သည်ဟု နိုင်ငံရေး တွေးခေါ် ပညာရှင်များက မိန့်ကြားခဲ့ကြခြင်း ဖြစ်ပေသည် ။

 ထိုနည်းတူ နိုင်ငံတစ်ခု၏ အဆင့်အတန်းသည် ထိုနိုင်ငံ၏ ဒီမိုကရေစီ အခြေခံစနစ် မည်မျှခိုင်မာသည်ကို ဖွင့်ဆို ခြင်း ဖြစ်သည်ဟူ၍လည်း ထောက်ပြ ခဲ့ကြခြင်း ဖြစ်ပေသည် ။

အဓိပတိကမ္မ 

ရွှေပြည်တော်၏ပညာရေးခရီးစဉ် ၁


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...