Monday 28 December 2020

နိူင်ငံရေးအနှစ်ချုပ် ၁၀

ဒီမိုကရေစီ ဆိုတာ

ကိုယ်ပြောချင်တာတွေချည်း ပြောဖို့မဟုတ်ဘဲ လူထု လိုအပ်ချက်အမှန်ကို ထင်ဟပ်စေတဲ့ ၊

 ပြည်သူက သိချင်နေတဲ့ ကိစ္စတွေကို ပြည်သူနားလည်အောင် ရှင်းပြ တာမျိုးက ပြည်သူတင်မြောက်ထားတဲ့ ဒီမိုကရေစီအစိုးရတိုင်းအတွက် အကျိုးမယုတ်စေပါဘူး။ 

မဟုတ်ရင် အရင်အစိုးရက လည်း သူတို့လုပ်ချင်ရာ လုပ်သွားတယ် ၊ ဒီအစိုးရလည်း မထူးပါဘူး ဆိုတဲ့ ပုံစံပဲ ဖြစ်သွားနိုင်ပါတယ် ။ 

အစုိးရသည်

အချုပ်အားဖြင့် ပြောရင် ပြည်သူစိတ် မွေးဖို့ပါပဲ ကျနေဖို့ လိုပါတယ် ။ 

နေရာရသွားလို့ အစိုးရနဲ့ ပြည်သူ စိတ်ထပ်တူ ၊ အာဏာရသွားလို့ ပြောင်းလဲသွားပြီဆိုတဲ့ ပြောဆိုမှုကို လက်မခံချင်ရင် အစိုးရမှာ ပြည်သူစိတ်ရှိနေဖို့ပဲ လိုပါတယ် 

နောက်တစ်ခု

ပြည်သူတစ်ယောက်က  ၊ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးလုပ်နိုင်စွမ်းဟာ မဲပေးတာပါ ။

 ဒီထက်ပိုပြီး ပြည်သူတစ်ယောက်က ဘာမှ ဝင်မလုပ်ပေးနိုင်ပါဘူး။ နိစ္စဓူဝ စားဝတ်  နေရေးအတွက်ပဲ ပင်ပန်းတကြီး လုပ်ကိုင်ရှာဖွေနေ ရတဲ့ ပြည်သူတွေဟာ နိုင်ငံ့ရေးရာ အလုပ်တွေလုပ်ဖို့ အတွက် သူတို့ယုံကြည်သူကို မဲပေးအပ်နှင်းထားခဲ့ပြီး ဖြစ်ပါတယ် ။

 ပြည်သူက ရွေးချယ်ထားသူတွေက ပြည်သူ့အတွက် တာဝန်ကျေအောင် အလုပ်လုပ်ပေးရမှာပါ။ 

ကိုယ်ပေးတဲ့ ကတိတည်အောင် စွမ်းဆောင်ရမှာပါ။

ဒါမှ တာဝန်ယူမှု တာဝန်ခံမှု တာဝန်သိသာ အစိုးရ ဖြစ်မှာပါ ။

 

အဓိပတိကမ္မ



No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...