Wednesday 28 February 2024

 သောက်လက်စ ကော်ဖီခွက်ထဲကို 

စိတ်ညစ်စရာတွေ ရောထည့်ပြီး 

မီးမတို့ရသေးတဲ့ ဆေးလိပ်ကို မီးညှိပြီး 

စိတ်လိုလက်ရ ရှုရှိုက်လိုက်မယ်

မီးခိုးငွေ့တွေသန်းနေတဲ့ ကောင်းကင်ပြာနှမ်းနှမ်းကို

မော့ကြည့်ရင်း အဖေါ်မပါပဲ ကိုယ်တစ်ယောက်တည်း

 တွေးမိတွေးရာတွေး ဆွေးမိဆွေးရာဆွေးရင်း စိတ်လိုလက်ရ စိတ်ပျက်လက်ပျက် 

ငေးမောရင်း ရင်မောရင်း ရယ်မောစရာကင်းသော 

ဘဝတစ်ခုကို နေသားကျအောင် ကြိုးစားရင်းပေါ့ ....

အဓိပတိကမ်မ 

Sunday 25 February 2024

 🙂

စိတ်

ကိုယ်ထင်တဲ့အရာတွေကို အမှန်ထင်နတတ်တဲ့ စိတ် 

ကြိုတင် ခန့်မှန်း အမြဲတွက်ချက်နေတတ်တဲ့ စိတ်

ကြောင်ကြောင်ကြားကြားနဲ့ ထင်ယောင်ထင်မှားတတ်တဲ့ စိတ်

ဝေ့‌‌လည်ကြောင်ပတ်နဲ့ အူကြောင်ကြောင် နိူင်တဲ့

ငါကြောက်တဲ့ ငါ့စိတ်တွေထဲက တစိတ်

တစိတ်တပိုင်း အသိတွေထဲ အပိုင်းပိုင်းဖြတ်ထားတဲ့ 

ဆုံးဖြတ်ချက်အသေတွကို ဆုပ်ကိုင်ရင်း ရင်မဆိုင်ရဲတဲ့ ငါ့စိတ်

ငါစိတ်၏ တခြားတစ်ဖက်မှာလည်း ငါ့၏စိတ် 

ငါ၏တခြားတစ်ဖက်မှာလည်း ငါစိတ်

အရာရာအဖြူစင်နိူင်တဲ့ ငါ၏စိတ် 

စိတ် စိတ် စိတ် 

တိတ်ဆိတ်လွန်းသာ်လည်း ကျယ်လောင်လွန်း၏ ငါ၏စိတ် 

အဓိပတိကမ္မ

Friday 23 February 2024

 @pyaephyoaungkm:မနက်ခင်း တိုင်းမှာလဲ မနေ့ကလိုပဲ ဒီနေ့လည်း မင်းကိုငါလွမ်းတယ််သတိရရင် ပြန်လာပါလို့ ငါမပြောချင်ပမယ့် ဒီနေ့ထိ ငါမျှော်လင့်နဆဲပါပဲ 

Thursday 22 February 2024

 တိုင်းပြည်ယနေ့အချိန်အခါသည် ကောင်းမွန်သာ ကဏ္ဍတစ်ခုရှိရင် ချပြပေးစမ်းပါ ထောက်ခံချင်လွန်းလို့ပါ ။ 

ဒီလောက်စုပ်ပြတ်သတ်နေသော နိူင်ငံတစ်ခုမှ အလုံးစုံသာ အာဏာကို ယူထားပြိး မိမိတာဝန်ကို မိမိ ကျေပြွန်‌‌စွာ မထမ်းဆာင်ရုံတင်သာမက ပျက်ယွင်းနသာ အစိုးရကို ထောက်ခံအကာအကွယ်ပးပြာဆိုနေပြီ ဆိုကတည်းက သင့်တို့ရဲ့ နိူင်ငံရးခံယူချက်နဲ့ ရည်မှန်းချက်ကို မေးခွန်းထုတ်သင့်နေတာ အမှမ်ပါပဲ 

 အဖွဲ့အစည်းတစ်ခု ပြိုကွဲ ပျက်ဆီးသွားတာကို မလိုပါဘူး ကျုယ်ချစ်တဲ့အဖွဲ့အစည်း ကိုယ်ယုံကြည်တဲ့အဖွဲ့အစည်း ဆိုပိုလို့ ဆိုးပေါ့ 

သို့ပေမယ့်လည်း 

က‌ေနော်တို့ ယုံကြည်ကိုးစားတဲ့ အဖွဲ့အစည်းအတွင်းကနေ တတိယအဖွဲ့အစည်းလို့ ပုံစံမျိုးသည် အမှန်တကယ်လိုအပ်နပါသည်ဟု ကျနော်ထင်မြင်ယူမိပါသည် ။ 

 နိူင်ငံရးတဲ့ စိတ်ပျက်စရာ အခြေအနေတစ်ခုပါပဲ 

လူ့အဆင့်အတန်းအောက်ဆုံးက ကောင်တွက လူတွင်ကျယ်လုပ် လက်နက်ဆွဲကိုင်လို့ သူတလိုငါတမင်းလုပ်ပြီး ကြီးဆိုချယ်လှယ်နကြတာ သိပ်စိတ်ပျက်ဖို့ကောင်းတယ် ။

တိုင်းပြည်အတွက် နိူင်ငံအတွက် ပြည်သူ့အတွက်လို့သာ ပြောနေကြတာ အမှန်တကယ်တာ့ ထမင်းနပ်မမှန်လို့ ခေတ်ပျက်ကြီးထဲမှာ နိူင်ငံရးဝင်ယာင်နသူတွနဲ့ နိူင်ငံရးနကန်းတစ်လုံးမှ မသိသူတွနဲ့ လူကြိုက်များတဲ့ ခေတ်ဆိုးစနစ်ဆိုး တိုင်းပြည်သည်လည်း ဒဏ်ရာ ပါရပွနဲ့ ပြည်သူသညါလည်း သွေးနဲ့ချွးနဲ့ ဆင်းရဲဒုက္ခအတိ မီးလာင်တိုက်ပါ သွင်းခံရတာတွ ဒုနဲ့ဒေးပါပဲ 

ပြည်သူလူထုဆိုတာ လက်နက်ကိုင်ကြီးဆိုးတဲ့ ခေတ်စနစ်ထဲမှာ ခံဘက်ကပါပဲ ပြည်သူသည် အသုံးချခံ အသုံးတော်ခံ ချနင်းခံရသာ နိူင်ငံရးရဲ့ သားကာင်တွသာ ဖြစ်န၏ ။ 

အဓိပတိကမ်မ 

 ဒီအချိန်အချစ်သာ ရှိရင် ရင်ထဲ ဖြစ်နေတဲ့အတွးတွ စိတ်ထဲဖြစ်နေတဲ့ အကျေလည်မှုတွကို ဖွင့်ပြောမိမှာ အမှန်ပဲ 

ဘဝမှာ 

ရင်ဖွင့်စရာ တိုင်ပင်စရာ တစ်ယောက်တာ့ လိုအပ်ပါတယ် 

လူပင်ပန်းတာရာ စိတ်ပင်ပန်းတာရာ အခုရက်ပိုင်း လူကလည်း နေလို့ သိပ်မကာင်းဘူးရယ် 

အလုပ်တွကတော့ ပြီးပါပြီ လူကတာ့ တမှိုင်မှိုင် တထွေထွေပါပဲ ။

စိတ်ထဲမှာ ပြောစရာတွေ အများကြီးပဲ မြိုသိပ့်ခဲ့တာတွေ များခဲ့လို့ ထင်ပါရဲ ဘဝမှာ ကိုယ်ရဲ့ဖြစ်တည်မှုတွေကိုတောင် ဖွင့်ပြောပြဖို့ တွန့်ဆုပ်တွန့်ဆုပ် ဖြစ်နေဆဲပါပဲ 

ငါဘာဖ့စ်ချင်တာလဲ ငါ ဘယ်လိုရှင်သန်ချင်တာလဲ ငါကိုယ်ငါ ပြန်မေးကြည့်ရင် ဖြေစရာ စကားမရှိ ။ 

ကိုယ်ချစ်ရသူဆိုတာကလဲ မရှိတာလဲ မှန်ပါတယ် 

ဘာကိုချစ်ရမယ်မှန်းလဲ ငါမသိဘူး 

ဘယ်လိုအရာသည် ချစ်ချင်စရာလဲ ငါမသိနိူင်ပါ 

အချစ်ဆိုသည်မှာလဲ လုပ်ယူရတာပဲလား ဖန်တီးယူရသည်ပဲလား 

ဒါမှမဟုတ်လုပ်ယူရသည်ပဲလား ဒီအသက်ဒီအရွယ်ထိ ငါတကယ် မသိသေးဘူး 

ဉာဏ်ရည်တွေပဲ နည်းနေလို့ ထင်ပါရဲ့ ပုန်မှန်လူတွေလို မတွေးတတ် ပုန်ကန်သူ လူနည်းစုနဲ့သာ ထပ်တူကျတဲ့ စိတ်ခံစားမှုတွနဲ့ ဘဝကို တည်ဆောက်ခဲ့တာပဲ အသက်သုံးဆယ်နားကပ်တာတာင် ဖြစ်ဖြစ်မြှောက်မြှောက် ဘာတစ်ခုမှ ဖြစ်မလာပဲ ဒုက္ခနဲ့တုန့်ပြန်ခြင်းသာ ပြန်ရခဲ့တာလည်း ငါရဲ့ကြိုးစားအားထုတ်မှုတွေ နည်းခဲ့တာလား သတ္တိတွပဲ နည်းခဲ့တာလား မပြောတတ်ပါပါဘူး 

ဘာပဲဖြစ်ဖြစ် ဘဝသည် ဒုက္ခနဲ့အဖာ်ပြုထားတာပဲလို့ ရှင်တော်ဂေါတမ ဟောခဲ့တာပဲ အသေဆုပ်ကိုင် ယုံကြည်ရတော့မယ်ပါ့ 

အဓိပတိကမ္မ 

Monday 19 February 2024

လူငယ်

 @pyaephyoaungkm:လူငယ်တွေရဲ့စကားတွေကို အလေးမထားသ၍ ခေတ်မှီသော အတွေးအခေါ်တွေကို သင်တို့ခံစားရမည် မဟုတ် ။

@pyaephyoaungkm:လူ့ငယ်စကားတွေ လူငယ့်အသံတွေသည် လူကြီးတွေ နားလည်မပေးသ၍ ယနေ့ခေတ် လူငယ်အကြောင်း ယနေ့ခေတ်အကြောင်း ကို သင်တို့ သိနိူင်မည် မဟုတ်

@pyaephyoaungkm:လူငယ်တွေကို ငတုံးငအ ထင်နေသ၍ သင်လောက်တုံးအသူမရှိလို့ ပြောလို့ရပါတယ် ။

@pyaephyoaungkm:လူငယ်တွေရဲ့ အတွေးအခေါ်ကို တန်ဖိုးထား အလေးထားမှု မရှိရင် အနာဂတ်မရှိသော မနက်ဖြန်နဲ့ထပ်တူသာ ဖြစ်၏

@pyaephyoaungkm:ပြောလို့သာ ပြောရတာ လူငယ်အကြောင်းမသိသော လူတွေသည် နားလည်မှာမဟုတ်ငလို အလေးထားမှာလည်း မဟုတ်ပါ ။

@pyaephyoaungkm:လူငယ်တွေရဲ့ ထိုးထွင်းတွေးခေါ်နိူင်စွမ်းသည် ခေတ်၏ ရေစီးကြောင်းသာဖြစ်ပြီး ခေတ်လူငယ်တွေရဲ့ အသိအမြင်ကို မမြင်နိူင်မကြားနိူင်ပါလျှင် ခေတ်အကြောင်းကို သင်မသိသေး၍သာ ဖြစ်၏

@pyaephyoaungkm:လူငယ်တွေမှာ မတူညီတဲ့ ရှု့ထောင်တွေရှိတယ် ၊ အသစ်အသစ်သော အရာတွေ မတူညီသော ကွဲပြားခြားနားမှုတွေ အရောင်အသွေး စုံသော ဆန်းသစ်မှုတွေသည် လူငယ်တွေမှာသာ ရှိသည်

@pyaephyoaungkm:လူငယ်နေတွေကို နေရာပေးဖို့ပြောတာ မဟုတ်ပါ အလေးထား နားလည်ပေးဖို့ရယ် အသိအမှတ်ပြုပေးဖို့ကို တောင်းဆိုတာပါ

@pyaephyoaungkm:သူတို့ဖြတ်သန်း ခဲ့အမှောင်ခေတ် တံခါးပိတ်ခေတ်ကြီးနဲ့ နှိုင်းယှဉ်ပြီး တွေးတတ်ခေါ်တယ် မြက်တတ် သော လူတွေမှာ ပွင့်လင်းမြင်သာမှု ဘာမှမရှိ

@pyaephyoaungkm:သူတို့သာသိ သူတို့သာတတ် သူတို့သာ နေရာယူအမြတ်ထုတ်နေကြတာ ခေတ်အဆက်ဆက်သာ ဖြစ်၏

@pyaephyoaungkm:သူတို့၏ အသိတွေ အမြင်တွေသည်လည်း ပိတ် ေလှာင်ခံထားရသလို တံခါးမရှိ ဓားမရှိပါ ရှိတဲ့တံခါးက ပိတ်ထားသလို ရှိတဲ့ဓားသည်လည်း အတွင်းထဲကိုသာ ခုတ်ဖို့ထစ်ဖို့သာ ဖြစ်၏

အဓိပတိကမ္မ 

18022024

အဓိပတိကမ္မ2

 @pyaephyoaungkm:လူငယ်ပီပီ လမ်းဘေးဂစ်တာဝိုင်း ေတွကအစ လမ်းဘေးရိုက်ပွဲတွေမှာလဲ ပါဝင်သတ်ပုတ်ခဲ့ဖူးတာပဲ ၊

လူငယ်ပီပီ အရက် တွေဆေးလိပ်တွေ မူးယစ်ဆေးဝါးတွေလည်း မှီဝဲခဲ့တာပါပဲ ၊ လူငယ်ပဲ လူငယ်လိုနေခဲ့တာပဲ

@pyaephyoaungkm:လူလိုမသိတာတွေ များခဲ့တာတော့ ကျနော်ကံပေါ့ ၊

လူတိုင်းလို မတွေးတတ်တာတော့ ကျနော်အားနည်းချက်ပေါ့

ဘာသာတရားတွေ နိူင်ငံရေးဝါဒတွေကို အားစိုက်ထုတ်ရင်း ခံစားမှုနယ်ပယ်တွေမှာ လွန်စွာအားနည်းခဲ့တယ်

@pyaephyoaungkm:ရသဆိုတာ ဘာလဲလို့ မေးလာခဲ့ရင်တောင် ဖြေစရာအဖြေမရှိ

ဖျော်ဖြေမှုဆိုတာ ဗလာနတ္ထိနဲ့ ဘဝမှာ ပြဿနာတွေကို ဖြေရှင်းတတ်အောင်လည်း မကြိုးစား မရုန်းကန်ခဲ့ဘူး ။ ။

အဓိပတိကမ္မ

 @pyaephyoaungkm:မဖြစ်နိူင်တာတွေကိုပဲ ဖြစ်ချင်နေသလို မပိုင်ဆိုင်နိူင်တာတွေကိုပဲ ပိုင်ဆိုင်ချင်နေတဲ့ ဆန္ဒတွေ တနင့်တပိုး ငါမှာရှိတယ် ။

@pyaephyoaungkm:တချို့အရာတွေကျ ကိုယ်ကိုတိုင်တောင် ငါတကယ် လိုချင်တာက ဘာလဲ မသိလိုက်တာ ငါဘာဖြစ်နေလဲ ဆိုတာလောက်ကိုတောင် မသိနိူင်လောက်အောင် တုံးအနေတဲ့ ကိုယ့်အဖြစ်ကိုတွေးပြီး သနားမိတယ် ။ 🥺

@pyaephyoaungkm:ဘဝဆိုတာ ရှင်သန်နေရတာကလွဲလို့ ဘာအဓိပ္ပါယ်မှ မရှိတော့သလိုပဲ ။

အိပ်စားကာမ ကို အရေးမပါဘူးလို့ မြင်ထားတဲ့ အမြင်တွေနဲ့ ဘဝကို အကျဉ်းချထားခဲ့မိတာပဲ မှားယွင်းနေသလား တခါတခါ သံသရတွေ ပွားမိတယ် ။ 🥺

@pyaephyoaungkm:အသိဉာဏ်ပညာ ဆိုတာ လူမျိုးတွေ ဘာသာတွေ နိူင်ငံတွေအပေါ်မှာသာ တစိုက်မတ်မတ် ဘဝတစ်လျှောက်လုံး ပုံအပ်ခဲ့တာကလွဲလို့ ဘာမှမရှိခဲ့ဘူး

Saturday 17 February 2024

 ဒီနေ့နဲ့မနက်ဖြန်အတွက် ဘာဆုတောင်းပြီးပြီလည်း။

သင်တောင်းသော ဆုတွေသည် ပြည့်ဝခဲ့လို့ ရှိပါသလား ။

 သက်တောင့်သက်သာစွာ နေထိုင်နိူင်ဖို့အတွက်လား ။

 ဘေးကင်းလုံခြုံစွာ အသက်ရှင်နေထိုင်နိူင်ဖို့အတွက်လား။

အစားအသောက်များ လျှံပယ်စွာ စားသောက်နိူင်ဖို့အတွက်လား။

သင်၌ သုံးစွဲစရာငွေကြေး အလုံအလောက် ရှိနေဖို့အတွက်လား ။

ဒါမှမဟုတ် အထက်ပါအချက်တွေ သင်မှာ ပြည်စုံနေပြီလား ပြန်တွေးကြည့်ပါ ။

ထိုအရာတွေအတွက် သင်တောင်းဆုတွေက မှန်ကန်နေရဲ့လား ။

ဆုတွေတောင်းတယ် အကြိမ်ကြိမ်ပါပဲ .....

ဘာအတွက်ဆုတောင်းတာလဲ ဘာကြောင့်ဆုတောင်းတာလဲ ။

သင်ရဲ့လိုအင်ဆန္ဒတွေက ဘာတွေလည်း သင်ကိုယ်တိုင် မြင်အောင် ကြည့်တတ်ဖို့ လိုအပ်ပါတယ် ။

သင့်ဒုက္ခကို သင်ကိုယ်တိုင် မမြင်နိူင်လျှင် ဘာအရာကမှ သင့်ကို မြင်နိူင်မည် မဟုတ်ပါ ။ 

ဆုတောင်းပါ ဆုတောင်းပါ ဆုတောင်းပါ 

ဘာဆုတောင်းရမလဲ သင်‌ကိုယ်တိုင်သိပြီးမှ ဆုတောင်းပါ 

အဓိပတိကမ်မ 

 ကိုယ်ကိုကိုယ်တောင် ဘယ်လိုချစ်ရမယ်မှန်း မသိတဲ့ လူတစ်ယောက်က တခြားလူတစ်ယောက်ကို ချစ်ပြဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး ။

ကိုယ်ကိုယ်ကိုယ်တောင် အထင်ကြီး လေးစားမှု မပေးနိူင်တဲ့ လူတစ်ယောက်က တခြားလူတစ်ယောက်ကို လေးစားပြဖို့ အထင်ကြီးတတ်ဖို့ဆိုတာလည်း မလွယ်ကူပါဘူး ။

ကိုယ်တန်ဖိုးကိုယ်တောင် သေခြာရေရာစွာ မသိပါပဲ တခြားသော လူ တခြားသောတစ်စုံတစ်ယောက်ကို တန်ဖိုးထားတတ်ဖို့ ဆိုတာကလည်း သိပ်ကို ခက်ခဲလွန်းပါတယ် ။

ဟန်ဆောင်ခြင်းတွေ အယောင်ဆောင်ခြင်းတွေ လိမ်ညာစကားတွေနဲ့ ချဉ်းကပ်တယ် ဆိုသည်မှာလည်း တစ်ပါးသူတွေအတွက် သိပ်ကို လွယ်ကူနေတယ် ဆိုပေမယ့် ကိုယ့်အတွက်တော့ သိပ်ကို ခက်ခဲလွန်းလှပါတယ် ။

လူတိုင်းအတွက် အိပ်စားကာမ သည် သိပ်ကိုလွယ်ကူလွန်းသော အလုပ်တွေ ဖြစ်ပေမယ့် ကျနော်အတွက် အရမ်းခက်ခဲလွန်းတယ် ။ 

ငယ်ငယ်လေး ကတည်းက အဲ့ဒီအလုပ်တွေအပေါ်မှာ အလေးထားအလေးပေးခဲ့သော အကျင့်တွေလည်း နည်းပါးခဲ့လို့ ထင်ပါရဲ့ 

စနစ်တကျသင်ပြပေးမယ့် အသိမိတ်ဆေ‌ွတွေပဲ နည်းခဲ့လို့လား မပြောတတ်ပါဘူး ။

ဖြစ်ချင်တာတွေ ‌ဖွင့်ပြောဖ့်ုကြပြန်တော့လည်း ဘဝတစ်ဘလျှာက်လုံး ဖြစ်ချင်တာတွေ ကို မေ့ထားပြီး ဖြစ်သင့်တာတွေ ဖြစ်ထိုက်တာတွေ ဖြစ်နိူင်တာတွေကိုပဲ ဉီးစားပေးအလေးထားခဲ့ရတာဆိုတော့ ဖြစ်တာက ဘာမှန်းမသိသလို ဖြစ်ချင်တွေကိုပါ မေ့နေသလို ဖြစ်နေတယ် ။

မြိုသိပ်ခဲ့ရသော စကားတွေ မြိုသိပ်ထားခဲ့ရသော စကားတွေ များခဲ့လို့ ထင်ပါရဲ့ ပြောချင်ရာတွေ မပြောတတ်တော့ဘူး ။ မိမိစိတ်ခံစားချက်တွေကို အလေးထားသော စကားတွေ နည်းသထက်နည်းလာတယ် ။ 

မိမိနဲ့တိုက်ရိုက်ပတ်သတ်သော အရာတွေသည် မိမိအတွက်အရေးမပါသလို မိမိရဲ့စိတ်ခံစားမှုသည်လည်း မိမိအတွက် ဘာမှ မရေးမကြီးတော့ဘူး ။ 

နိူင်ငံအတွက် တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာအတွက် မိသားစုအတွက် ညီအကိုမောင်နှမနဲ့သူငယ်ချင်းအတွက် ပတ်ဝန်းကျင်အတွက် လူ့အသိုက်အဝန်းအတွက် မိမိအသိုင်းအဝိုင်းအတွက် အချိန်တွေ ငွေတွေ အလုပ်တွေ တာဝန်တွေ ဝတ္တရားတွေ မြှောက်များစွာနဲ့ ဘဝတစ်လျှောက်‌လုံး ဖြတ်သန်းလာခဲ့တော့ မိမ်သည် ပျောက်ကွယ်သွားတယ် မိမိရဲ့ ဖြစ်တည်မှုသည် ပျောက်ဆုံးသွားတယ် မိမိသည် ဘာအတွက် ရှင်သန်မှန်းမသိ မိမိသည် ဘာအတွက်ရပ်တည်မှန်းမသိ မိမိသည် ဘာအတွက် နေထိုင်နေမှန်းမသိ မိမိသည် မိမိမှန်းမသိ ဖြစ်လာခဲ့သည် ။ 

မိမိအတ္တသည် မိမိအတွက် မဟုတ်ပဲ မိမိနဲ့ ပတ်သတ်ဆက်နွယ်သူတွေ မိမိနဲ့ပတ်သတ်ဆက်ဆံသူတွေ အပေါ်မှာ တည်မှီပြီး မိမိမှာ မိမိ ပျောက်ဆုံးသွားခဲ့ရ‌သည်။ 

သိပ်ကို ဝမ်းနည်းဖို့ကောင်းပါသည် ။ 

ဘဝ၏ အဓိပ္ပါသည် မရှိခြင်းနှင့် စပြီး မရှိခြင်းနဲ့ အဆုံးသတ်သည် ။ 

မသိခြင်းတွေကတော့ ရှင်သန်ခြင်းရဲ့ ဖဎားဖက်တော်လို့ အစအဆုံးလွှမ်းမိုးမှုတွေနဲ့ ဘဝကို ခြုံလွှမ်းနေဆဲပါပဲ ။

မိမိမှာ မိမိ မရှိခြင်းထက် ဝမ်းနည်းစရာ မရှိ ......

မိမိမှာ မိမိ မသိခြင်းလောက် စိတ်ပျက်စရာမရှိ ......

မိမိမှာ မိမိ ပျောက်ဆုံးခြင်းလောက် ဆိုးရွားတာမရှိ ......

Tuesday 6 February 2024

 @pyaephyoaungkm:အစက ငါမကြိုက်တဲ့ ကောင်နဲ့ တွဲသွားတယ်လို့ ထင်မိခဲ့တယ် အမှန်က နင်နဲ့တွဲလို့ကို ငါမကြိုက်တာ ရှင်းရှင်းလေးပါ မိရှင်နွေ နင်ဟာ ငါအပိုင်မဟုတ်ရင်တော့ နင့်အပိုင်ဟာ ငါပဲဖြစ်ချင်တယ် 🥺

 ဖြစ်ခဲ့တာတွေ အစကနေပြန်စကြအောင်တဲ့ အစကတည်းက အခြေအနေမတူခဲ့တာတွေကို ငါတို့နှစ်ယောက်လုံးမေ့နေခဲ့တယ် ။ မျှော်လင့်တဲ့အိမ်မက်တွေက တစ်ကယ်မှမဟုတ်တာ နင်ရောငါရော နှုတ်ဆက်ခဲ့ကြတာပဲ တစ်‌မျိုးကောင်းနေရော့သလား 

 @pyaephyoaungkm:တစ်ခါတစ်ခါ သတိရတာကလွဲရင် ဘာမှအပိုမပါခဲ့ပါဘူး ၊

အတိတ်မှာ နစ်မွှန်းလို့ နင့်အပြုံးတွေနဲ့ ငါမျှော်လင့်ချက်တွေ ထပ်တူမကျခဲ့ပေမယ့် ငါ့အိမ်မက်တွေမှာ နင်ဟာ နတ်သမီးတစ်ပါးပါပဲ မိရှင်နွေ ။

 @pyaephyoaungkm:မဖြစ်နိူင်မှန်း သိသိကြီးနဲ့ ချစ်ခဲ့မိတော့ စွန့်လွတ်လိုက်ရတယ် သိူ့ပေမယ့် ချစ်တာမှ နစ်နေတာပါပဲ ဘဝတစ်ခုလုံးလိုလို နစ်မွှန်းလို့ နင့်အကြောင်းတွေတောင် ထုံမွှန်းလို့ ဘော်ဒါတွေကြားထဲ မပြောဖြစ်တော့ဘူး ။

 @pyaephyoaungkm:နောက်ဆုံးပြောတဲ့စကားလေး မှတ်မိသေးတယ် ဝေးသွားမှ မလွမ်းနဲ့တဲ့ ဪအေး ငါက ဝေးသွားပြီ ဆိုကတည်းက လွမ်းနေရတာပါ နင့်စကားတွေ ငါနားမထောင်မိဘူး မိရှင်နွေ

 @pyaephyoaungkm:နိူင်ငံတွေခြားနေတာတဲ့ ငါမှာဖြင့် ကမ္ဘာတွေခြားနေသလား အောက်မေ့ရတယ် ဒီတစ်ခါဝေးပြီးရင်တော့ ပြန်ဆုံကောင်း ဆုံနိူင်ပါရဲ့ မိရှင်နွေရယ်

 @pyaephyoaungkm:အရာအားလုံးက ပြီးဆုံးသွားပါပြီ အဆုံးသတ်မလှခြင်းတွေနဲ့ တစ်ဘဝစာ ဝေးကြရုံပဲ ရှိပါတော့တယ် ရှိစေတော့ကွယ် 🥺

 @pyaephyoaungkm:ကျနော်ကပဲ လမ်းကို သတိရတာလား လမ်းကပဲ သတိရစရာတွေ ဖြစ်ခဲ့တာလား မပြောတတ်ပေမယ့် ၊ ဒီလမ်းတွေထဲ မှာပဲ တွေ့ဆုံခဲ့ကြသလို ဒီလမ်းတွေထဲမှာပဲ အိမ်ပြန်ချိန်တေ ွ မတူညီခဲ့ကြဘူး ၊

@pyaephyoaungkm:လမ်းဟာ လမ်းပါပဲ.....

ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေ ဝေတာတွေ ရှိသလို ရွက်ကြွေပင်တွေကို တွယ်ဖက်လို့ ငိုကြွေးခဲ့သူလည်း ရှိပါသေးတယ်

@pyaephyoaungkm:အသစ် အသစ်တွေနဲ့ အဖြစ်အပျက်တွေက မနေ့ကနဲ့မတူညီခဲ့ဘူး မျှော်လင့်ခဲ့တွေ ရည်မှန်းချက်တွေ ကိုယ်စီကိုယ်ငနဲ့ အိမ်မက်အသေတွေနောက်ကို တစ်စိုက်မတ်မတ် လိုက်ကြရင် မဆုံနိူင်လောက်အောင် ဝေးခဲ့တာလဲ ဒီလမ်းတွေပဲ ။

@pyaephyoaungkm:အသစ် အသစ်တွေနဲ့ အဖြစ်အပျက်တွေက မနေ့ကနဲ့မတူညီခဲ့ဘူး မျှော်လင့်ခဲ့တွေ ရည်မှန်းချက်တွေ ကိုယ်စီကိုယ်ငနဲ့ အိမ်မက်အသေတွေနောက်ကို တစ်စိုက်မတ်မတ် လိုက်ကြရင် မဆုံနိူင်လောက်အောင် ဝေးခဲ့တာလဲ ဒီလမ်းတွေပဲ ။@pyaephyoaungkm:နင့်အကြောင်းတွေလည်း ငါသိသလို ငါ့အကြောင်းတွေလည်း နင်အသိဆုံးပါ နင်ဟာပျော်နေသလား ကျေနပ်နေသလား ဝမ်းနည်းနေသလား ဝမ်းသာနေသလားလား အမြဲလိုလို ဂရုတစိုက် ကြည့်နေတတ်တဲ့ငါက@pyaephyoaungkm:နင်မပျော်မှန်း သိပေမယ့်ငေကြည့်နေရုံပဲ တတ်နိူင်တဲ့ တစ်စိမ်း တစ်ယောက်လို ဖြစ်နေပြီ

ငါကြေကွဲနေမှန်း သိပေမယ့် စာနာတဲ့စကားလုံး တစ်ခွန်းစနှစ်ခွန်းစနဲ့ နှစ်သိမ့်ပေးတတ် နင့်ကို ငါမေတ္တာရှိပါသေးတယ် မိရှင်နွေ

@pyaephyoaungkm:နှစ်ယောက်လုံးရဲ့ ရွေးချယ်မှုတွေ မှားယွင်းခဲ့လို့ ထင်ပါရဲ့ နှစ်ယောက်စလုံး မပျော်ရတဲ့ ဘဝနှစ်ခုက တစ်လမ်းထဲရှိတဲ့လမ်းကို ကျောချင်းကပ်လို့ လျှောက်လာလိုက်တာ ဝေးကွာမှုတွေက မိုင်တွေတောင် မနည်းတော့ဘူး

အဓိပတိကမ္မ 

Saturday 3 February 2024

 စိတ်တွေမတည်ငြိမ်ဘူး ရင်ထဲမှာ ယောက်ရက်တွေ ခတ်နေတယ် ၊ စိတ်လှုပ်ရှားတာမျိုးမဟုတ်ပဲ တစ်ခုခုကို ဆုံးဖြတ်ရမှာ ကြောက်ရွံ့နေသလိုပါပဲ 

ကြောက်ရွံ့တယ်လို့လည်း ပြောမရပြန်ဘူး ကြောက်စရာမရှိတာ ဒါပေမယ့် မဆုံဖြတ်ရဲဘူး ဆိုတာလည်း တစ်ပိုင်းမှန်ပါတယ် ။

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...