Saturday 17 February 2024

 ကိုယ်ကိုကိုယ်တောင် ဘယ်လိုချစ်ရမယ်မှန်း မသိတဲ့ လူတစ်ယောက်က တခြားလူတစ်ယောက်ကို ချစ်ပြဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ဘူး ။

ကိုယ်ကိုယ်ကိုယ်တောင် အထင်ကြီး လေးစားမှု မပေးနိူင်တဲ့ လူတစ်ယောက်က တခြားလူတစ်ယောက်ကို လေးစားပြဖို့ အထင်ကြီးတတ်ဖို့ဆိုတာလည်း မလွယ်ကူပါဘူး ။

ကိုယ်တန်ဖိုးကိုယ်တောင် သေခြာရေရာစွာ မသိပါပဲ တခြားသော လူ တခြားသောတစ်စုံတစ်ယောက်ကို တန်ဖိုးထားတတ်ဖို့ ဆိုတာကလည်း သိပ်ကို ခက်ခဲလွန်းပါတယ် ။

ဟန်ဆောင်ခြင်းတွေ အယောင်ဆောင်ခြင်းတွေ လိမ်ညာစကားတွေနဲ့ ချဉ်းကပ်တယ် ဆိုသည်မှာလည်း တစ်ပါးသူတွေအတွက် သိပ်ကို လွယ်ကူနေတယ် ဆိုပေမယ့် ကိုယ့်အတွက်တော့ သိပ်ကို ခက်ခဲလွန်းလှပါတယ် ။




လူတိုင်းအတွက် အိပ်စားကာမ သည် သိပ်ကိုလွယ်ကူလွန်းသော အလုပ်တွေ ဖြစ်ပေမယ့် ကျနော်အတွက် အရမ်းခက်ခဲလွန်းတယ် ။ 

ငယ်ငယ်လေး ကတည်းက အဲ့ဒီအလုပ်တွေအပေါ်မှာ အလေးထားအလေးပေးခဲ့သော အကျင့်တွေလည်း နည်းပါးခဲ့လို့ ထင်ပါရဲ့ 

စနစ်တကျသင်ပြပေးမယ့် အသိမိတ်ဆေ‌ွတွေပဲ နည်းခဲ့လို့လား မပြောတတ်ပါဘူး ။


ဖြစ်ချင်တာတွေ ‌ဖွင့်ပြောဖ့်ုကြပြန်တော့လည်း ဘဝတစ်ဘလျှာက်လုံး ဖြစ်ချင်တာတွေ ကို မေ့ထားပြီး ဖြစ်သင့်တာတွေ ဖြစ်ထိုက်တာတွေ ဖြစ်နိူင်တာတွေကိုပဲ ဉီးစားပေးအလေးထားခဲ့ရတာဆိုတော့ ဖြစ်တာက ဘာမှန်းမသိသလို ဖြစ်ချင်တွေကိုပါ မေ့နေသလို ဖြစ်နေတယ် ။


မြိုသိပ်ခဲ့ရသော စကားတွေ မြိုသိပ်ထားခဲ့ရသော စကားတွေ များခဲ့လို့ ထင်ပါရဲ့ ပြောချင်ရာတွေ မပြောတတ်တော့ဘူး ။ မိမိစိတ်ခံစားချက်တွေကို အလေးထားသော စကားတွေ နည်းသထက်နည်းလာတယ် ။ 


မိမိနဲ့တိုက်ရိုက်ပတ်သတ်သော အရာတွေသည် မိမိအတွက်အရေးမပါသလို မိမိရဲ့စိတ်ခံစားမှုသည်လည်း မိမိအတွက် ဘာမှ မရေးမကြီးတော့ဘူး ။ 


နိူင်ငံအတွက် တိုင်းပြည်အတွက် လူမျိုးအတွက် ဘာသာအတွက် မိသားစုအတွက် ညီအကိုမောင်နှမနဲ့သူငယ်ချင်းအတွက် ပတ်ဝန်းကျင်အတွက် လူ့အသိုက်အဝန်းအတွက် မိမိအသိုင်းအဝိုင်းအတွက် အချိန်တွေ ငွေတွေ အလုပ်တွေ တာဝန်တွေ ဝတ္တရားတွေ မြှောက်များစွာနဲ့ ဘဝတစ်လျှောက်‌လုံး ဖြတ်သန်းလာခဲ့တော့ မိမ်သည် ပျောက်ကွယ်သွားတယ် မိမိရဲ့ ဖြစ်တည်မှုသည် ပျောက်ဆုံးသွားတယ် မိမိသည် ဘာအတွက် ရှင်သန်မှန်းမသိ မိမိသည် ဘာအတွက်ရပ်တည်မှန်းမသိ မိမိသည် ဘာအတွက် နေထိုင်နေမှန်းမသိ မိမိသည် မိမိမှန်းမသိ ဖြစ်လာခဲ့သည် ။ 


မိမိအတ္တသည် မိမိအတွက် မဟုတ်ပဲ မိမိနဲ့ ပတ်သတ်ဆက်နွယ်သူတွေ မိမိနဲ့ပတ်သတ်ဆက်ဆံသူတွေ အပေါ်မှာ တည်မှီပြီး မိမိမှာ မိမိ ပျောက်ဆုံးသွားခဲ့ရ‌သည်။ 

သိပ်ကို ဝမ်းနည်းဖို့ကောင်းပါသည် ။ 


ဘဝ၏ အဓိပ္ပါသည် မရှိခြင်းနှင့် စပြီး မရှိခြင်းနဲ့ အဆုံးသတ်သည် ။ 

မသိခြင်းတွေကတော့ ရှင်သန်ခြင်းရဲ့ ဖဎားဖက်တော်လို့ အစအဆုံးလွှမ်းမိုးမှုတွေနဲ့ ဘဝကို ခြုံလွှမ်းနေဆဲပါပဲ ။


မိမိမှာ မိမိ မရှိခြင်းထက် ဝမ်းနည်းစရာ မရှိ ......

မိမိမှာ မိမိ မသိခြင်းလောက် စိတ်ပျက်စရာမရှိ ......

မိမိမှာ မိမိ ပျောက်ဆုံးခြင်းလောက် ဆိုးရွားတာမရှိ ......




အဓိပတိကမ်မ 

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...