Monday 21 October 2019

တခိန်က ပဲွညစျေးတန်းကုိလည်း လွမ်းမိတယ် ။


တခိန်က ပဲွညစျေးတန်းကုိလည်း လွမ်းမိတယ် ။ 
တချိန်က ဇာတ်ပွဲရှေ့ဆုံးက လူငယ်တစ်စုကုိလည်း တမ်းတမိတယ် ။
တချိန်က ဇာတ်ပွဲတွေထဲက ဟာသဉာဏ်တွေ သရော်သံတွေ လှမ်းပြီး လွမ်းမိပြန်တယ် ။
တချိန်က လက်လှမ်းမမီခဲ့တဲ့ အတွေးတွေကုိ ပြောခဲ့သော စကားလုံး မရှိသော စကားများကုိလည်း လွမ်းတမ်းတခြင်း တွေရှိခဲ့ဖူးတယ် ။
လူငယ်ဆန်ဆန် ရူးခဲ့တဲ့ရန်ပွဲများ ဇာတ်ထုပ် တွေကုိလှောင်ပြောင်ရင်း ပြေးခုန်ကစားပွဲ တွေကလည်း ဘဝရဲ့တစ်စိတ်တစ်ပုိင်း အဖြစ်ပါဝင်လုိ့ကောင်းနေဆဲ ။
အလွမ်းကုိ အလွမ်းနဲ့ဖြေသိပ့်တာအကောင်းဆုံးပါ ။
သတိရစေသော အတွေးကုိလည်း ကျေးဇူးတင်မိသလုိ ကျေးလက်တောရွာ က လူငယ်ငပေါလေးတွေ ဌာတိပွဲတွေမှာ မတွေ့တော့သလုိ လူစုံလူစုအောင် အရင်လုိ လှမ်းခေါ်ရင်လည်း မကြားနူိင်တော့ဘူး ။
တချိန်က အတွေ့အကြုံ တွေက အခုတော့ အတွေးတွေ အဆွေးတွေ အလွမ်းတွေအဖြစ်နဲ့ ဘဝရဲ့ အမှတ်တရ အလွမ်းသီချင်း တစ်ခုပါပဲ ။

         အဓိပတိကမ္မ 
       22OCT2019

No comments:

Post a Comment

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...