Wednesday 9 October 2019

အချစ်ဆိုတာ အချိန်တို အတွင်းမှာ
ပင်ကူအိမ်တွေလို လွယ်လင့်တကူ 
ပျက်စီးလွယ်တဲ့ အမျိုးအစားလား ¿

အချစ်ဆိုတာ အချိန်တိုအတွင်းမှာ
လွယ်လွယ်ခိုနားပြီး အချိန်တိုအတွင်းမှာ
လွယ်လွယ်လေး ထားခဲ့လို့ရတဲ့ အမျိုးအစားလား ¿

အချစ်ဆိုတာ ဝင်ချင်သလိုဝင်လာပြီး
ထွက်ချင်သလို ကျောခိုင်းလို့ရတဲ့ အမျိုးအစားလား..
ဘာပဲပြောပြော ချစ်မိတဲ့လူက ရှုံးရတာတော့ 
ကောင်းကောင်းကြီးနားလည်လိုက်တယ် ......

နင်တကယ်ချစ်ရင် ငါဆီပြန်လာခဲ့ပါ ...
နင်အလိုမရှိရင် နင်ဆီက ငါထွက်သွားပေးမယ် ...
နင်မှာတကယ်မရှိတဲ့ အချစ်တွေကို ငါမမျှော်လင့်တော့ဘူး .....

သံယောဇဉ်ဆိုတာ လူကို ပင်ပန်စေတယ်တဲ့
သံယောဇဉ် ဆိုတာ ဘာတပ်မက်မှုမှ မပါတဲ့ ဖြုစင်ခြင်းတွေ ပြည့်နက်နေရင်တောင် သံယောဇဉ်ဆိုတာ တပ်မက်အပ်သော အရာမဟုတ်ဘူး .....

ဒီသံယောဇဉ်ကြီးကို ခင်တွယ်ရင်း ကိုယ် ပင်ပန်းမှာဆိုးလို့ ဘာမျှော်လင့်ချက်မှ မထားပဲ ကိုယ်ကိုကိုယ် သတိပေးနေတာတောင် မင်းနဲ့ပတ်သတ်လာရင် သတိလက်လွတ်နဲ့ အရင်ကလို ခံစားနေရတုန်းပဲ မိရှင်နွေ....

ကျနော်မရှိလည်း ဖြစ်တယ်ဆိုတဲ့ လူတွေကို မရှိမဖြစ်လိုအပ်နေတာက ကျနော် ။

ကိုယ့်ဒုက္ခကို ကိုယ်က ထွေးပိုက်ပြီး ဒီဒုက္ခကြီးက ပင်ပန်းတယ် လို့ ပြောနေသူက ကျနော် ။

       အဓိပတိကမ္မ
    30JUN2019

ဟိုရောက်ဒီရောက် ဦးတည်ချက်ပျောက်နေသော Post

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...