Wednesday, 9 October 2019


ငါ့အတွက် မပူနဲ့ 
အစားလည်း မပျက်
အအိပ်လည်း မပျက် 
ကျန်းကျန်းမာမာလွမ်းနေတယ်  

      #ဆန်းကျော်စွာဝင်း

ငါ့ကိုချစ်လားလို့ မေးရင်
အရင်လိုပဲ မချစ်ဘူးလို့ 
ဖြေပေးပါ ရှင်နွေ……

ငါ့ကိုလွမ်းနေလားလို့ မေးရင်
အရင်လိုပဲ မလွမ်းဘူးလို့
ဖြေပေးပါ ရှင်နွေ

ငါကို သတိရလား တမ်းတနေလား
မေးလာခဲ့ရင်လည်း 
သတိမရတော့ဘူး မတမ်းတတော့ဘူး လို့ပဲ 
ဖြေပေးပါ ရှင်နွေ

ငါ့အတွက်နဲ့ နင့်ကို ဘယ်တော့မှ 
မနာကျင်စေချင်ဘူး……

ငါ့အတ္တ တစ်ခုအတွက်နဲ့ နင့်ကို
ဘာလိုနာကျင်မှုမျိုးနဲ့ မှ 
မနာကျင်စေချင်တာ

ငါ့ရဲ့ ရိုးသားတဲ့ ချစ်ခြင်းတွေထဲ
အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ် မိရှင်နွေ့……

                 #အဓိပတိကမ္မ
                 14JULY2018

No comments:

Post a Comment

 မချစ်သင့်ဘူးဆိုတာ သိသော်လည်း တခါတခါကျပြန်တော့လည်း ရူးလောက်အောင် ချစ်မိနေတတ်တာမျိုး  သူပြန်မချစ်နိူင်ပါဘူး ငါသိနေပြီးသားပါ  သို့သော် အချစ်စိ...