Wednesday, 21 January 2026

 〽️ကြောက်တတ်ဖို့ သင်ယူကြရပါမယ်


လောကမှာ ရဲရင့်ဖို့နဲ့ မကြောက်ရွံ့ဖို့ပဲ သင်ပေးနေကြတဲ့ ဆရာတွေ များလွန်းနေလို့ ကျနော်အနေနဲ့ ကြောက်တတ်ဖို့ နည်းနည်းပါးပါး ပြောချင်ပါတယ် ။


ဘယ်လိုလူတွေ ပုဂ္ဂိုလ်တွေကို ကြောက်ရမလဲ ဆိုတာကတော့ ရှင်းပါတယ် ။

အာဏာရှိတဲ့သူတွေကို အထူးကြောက်ဖို့ဆိုတာကတော့ ပြောစရာတောင်မလိုလောက်ပါဘူး ။ 

ကြောက်စရာကောင်းတဲ့ သတ္တဝါကို ကြောက်ပြီးသားဖြစ်ရင် ပြဿနာမရှိဘူး ကြောက်စရာမကောင်းပါပဲ ကြောက်စရာဖြစ်နေတာတွေလည်း အများကြီးရှိတယ် ။ 

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ ။


ကြောက်စရာဆိုတဲ့ အမျိုးက 

အာဏာရှိသူတွေကိုချည်းပဲတော့ မဟုတ်ဘူး။ 

အာဏာရှိတဲ့သူထက် ပိုပြီး ကြောက်ဖို့ကောင်းတာက 

အာဏာရှိချင်သူတွေကိုလည်း ကြောက်တတ်ဖို့ လိုတယ်။ 


ရံဖန်ရံခါမှာ အာဏာရှိသူတွေက သည်းခံနိုင်တဲ့ ကိစ္စတွေကိုတောင် အာဏာရှိချင်သူတွေက ပိုပြီး ဖိစီးလေ့ရှိတယ်။  


အာဏာရှိချင်တဲ့ ဇောနဲ့ အတိုက်အခိုက်လည်း လုပ်လာတတ်သလို အာဏာပိုင်တွေရဲ့ အလိုတော်ရိလုပ်ပြီး သခင်အားရ ကျွန်ပါးဝ လုပ်တတ်တဲ့ သဘောသဘာဝလည်း ရှိတတ်ကြပါတယ် ။


ဒါကလည်း ထူးခြားတဲ့ အမှားတော့ မဟုတ်ဘူး။ 


လူ့သဘာဝအရ အာဏာရှိချင်ပါလျက် အာဏာမရှိလာတော့ ဆူလွယ်တဲ့ ရေနွေးအိုးတွေ ဖြစ်လာတာပဲ။


သွားမစနဲ့။ သွားမရှုပ်နဲ့။ သူတို့က ပိုကြောက်ရတယ်။ ယဥ်ယဥ်လေးနဲ့ ရူးကုန်ကြပြီ။ 


တခြားလူတွေကို မပြောပါဘူး ကိုယ်ကိုကိုယ်ပြောတာပါ အခုလည်း ရူးပြီး လျှောက်ရေး‌ေနတာပါ ။


အဲ့ဒါမျိုးတွေကိုလည်း ဘယ်တော့မှ အာဏာမရှိစေနဲ့။ 

အခုတောင် ဒီလောက် ဖြစ်နေတာ။ 


အာဏာသာ ရသွားရင် ဘုရားစင်ပေါ်တင်ထားရမယ့်ကိန်းဗျာ။ 


အခုလည်း အာဏာ မရပါဘူး။ နောင်လည်း အာဏာ ရဖို့ မရှိဘူး။ 


ဒါပေမယ့် အဲ့လိုလူတွေကို ကြောက်တတ်ကြရမယ် ၊

မကြောက်တတ်ရင် မြွေပွေးမှန်းမသိပဲ သွားထိမိကိုင်မိသွားရင်တော့ အန္တရာယ်တွေ့သွားနိူင်သလို အခန့်မသင့်ရင် အသက်ပါ ဆုံးရှုံးသွားနိူင်တာ သတိထားကြပါ ။


လောကမှာ ကြောက်တတ်ရပါမယ် ။


ထပ်ပြောမယ်နော် ကြောက်တတ်ရပါမယ် ။ 


အဓိပတိကမ္မ

Sunday, 11 January 2026

 အဖော်ရှာတာနဲ့ အားကိုးရှာတာ မတူဘူး


ဆန့်ကျင်ဘက်လိင်ဖြစ်စေ လိင်တူဖြစ်စေ လိင်ပိုင်းဆိုင်ရာစပ်ယှက်ဖို့ဖြစ်စေ စကားပြောဖော် အရက်သောက်ဖော် အားကစား စသဖြင့်ကိစ္စရပ်တွေနဲ့ပက်သက်ရင် လူတွေက အဖော်ရှာကြတယ်


အဲဒိလိုအခြေအနေမှာ နှပိုင်းထပ်ကွဲသွားတာ ရှိတယ်

ယောကျ်ားမိန်းမကိုဖြစ်စေ မိန်မးကယောကျ်ားကိုဖြစ်စေ လိုတာထက်ပိုပြီးအားကိုးမိသွားတဲ့

အခြေအနေတွေ


အထူးသဖြင့် အာရှ အဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ အများဆုံးတွေ့ရတယ်


ဥရောပနဲ့ အမေရိကတို့မှာတော့ ယောကျ်ားကဖြစ်စေ မိန်းမကဖြစ်စေ အပြန်အလှန် မှီခိုကားကိုးတာထက် အပြန်အလှန် အဖော်အဖြစ် တည်ရှိတာ

ပိုများတယ်


ဒီနေရာမှာ နောက်ထပ် အားကိုးရှာတဲ့ အရာတခုရှိတယ်


သူကတော့ ဘာသာရေးနဲ့ပက်သက်တယ်


လူတွေက နေ့တဓူဝကိစ္စရပ်တွေအတွက် သက်ရှိအဖော်ကိုလိုအပ်သလို ၎င်းတို့ရဲ့ နာမ်ပိုင်းဆိုင်ရာ

မသိမှုတွေအတွက် ဘုရားသခင်တွေ ဖန်ဆင်းရှင်တွေပေါ်မှာ ယုံမှတ်ပုံအပ်ကြတာကို ကမ္ဘာအနှံ့တွေ့ကြရမှာဖြစ်တယ်


ယေဘူယျအားဖြင့် အဆိုပါလူတွေရဲ့ နာမ်ပိုင်းဆိုင်ရာဖြစ်စဥ်တွေမှာ မသိမှုက အတော်ကြီးစိုးထားတယ်လို့ ယူဆရမှာဖြစ်တယ်


လောကကြီးတခုလုံးအကြောင်းကို အကုန်အစင်

သိဖို့ဆိုတာကလည်း အတော်မလွယ်တဲ့ အခြေနေဖြစ်နေတာကိုး


ဒီတော့ လူတွေအနေနဲ့ အတတ်ပညာ အသိပညာတွေအားလုံးကို စုစည်းပေါင်းစပ်လိုက်တယ်


အဆိုပါအခြေအနေက သမိုင်းမတင်မီခေတ်ကတည်းက တည်ရှိခဲ့ပီးသားလည်းဖြစ်တယ်


သမိုင်းတင်ပြီးခေတ်နောက်ပိုင်းမှာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာတယ်


အဲဒါက သမိုင်းအဆက်ဆက်လူတွေတတ်မြောက်ခဲ့တဲ့ ပညာရပ်တွေအားလုံးကို နားလည်သိရှိတဲ့

လူသားတယောက်သာရှိရင် အဲဒိလူက ဘယ်လိုလူဖြစ်မလဲဆိုတဲ့ စိတ်ကူးယဥ်ဇာတ်လမ်းအကြောင်းဖြစ်တယ်


အဆိုပါအခြေအနေက တွေးကြည့်ယုံနဲ့တင်

ရူးခါသွားစေလောက်တဲ့ အနေထားကြီးဖြစ်နေတယ်


စဥ်းစားကြည့်လေ ကမ္ဘာပေါ်ကလူသားအားလုံး

တတ်မြောက်တဲ့အရာမှန်သမျှ သိထားသမျှအသိအားလုံးကို လူတယောက်ထဲက အကုန်အစင်

နားလည်နေတယ်ဆိုတာက တွေးကြည့်ယုံနဲ့တင်

ရူးချင်စရာကြီးမလား


ပြသနာက အဲဒိလိုလူဟာ လောကမှာ ဘယ်တော့မှ

ရှိမလာနိုင်တာပဲ


လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်ခန့်ကနေ ယနေ့အချိန်ထိ လူသားတွေဟာ အဲဒိလိုစံအဖြစ်ထားရှိတဲ့

နတ်ဘုရားတွေ ဖန်ဆင်းရှင်တွေကို ကိုးကွယ်ခဲ့ကြတယ်


ဒါပေမဲ့ ယနေ့မျက်မှောက်မှာတော့

အဆိုပါအခြေအနေကိုဆန့်ကျင်ပြီး လူသားတွေက

AI ကို နတ်ဘုရားတပါးအဖြစ် ပြန်ပြောင်းယူဆပြီး

လက်တွေကိုင်တွယ်အသုံးပြုနေကြတာ

တွေ့ရမှာဖြစ်တယ်


တချို့သော ပညာရှင်တွေက အနာဂတ်ကာလ

ကမ္ဘာပေါ်က လူ့အဖွဲ့အစည်းတွေမှာ ရှိနှင့်ပြီး

ဘုရားတွေ ဘုရားသခင်တွေ နတ်တွေ

ဘာသာရေးတွေကွယ်ပျောက်သွားပြီး

သူတို့အားလုံးနေရာမှာ တဆူထဲသောဘုရားအဖြစ်

"အေအိုင်" က အစားထိုးတည်ရှိလာနိုင်တယ်လို့

ယူဆကြတာရှိတယ်


သဘောက သက္ကရာဇ် (၅၀၀၀) မှာရှင်သန်တဲ့

လူသားတွေက သမိုင်းကိုပြန်လှန်ပြီဆိုပါစို့


အဲဒိအခါမှာ ယနေ့မျက်မှောက် ကမ္ဘာပေါ်က လူသားတွေက

AI ကို နေ့စဥ်အသုံးပြုကိုင်တွယ်နေကြတာကို

တွေ့ရမှာဖြစ်ပြီး တကမ္ဘာလုံးအသုံးပြုရလောက်တဲ့အထိ ကြီးကျယ်တဲ့ အေအိုင်ကို နတ်ဘုရားအဖြစ်

၎င်းတို့က ဖန်တီးကောင်းဖန်တီးလိုက်ကြမှာဖြစ်တယ်


ယနေ့အချိန်မှာ အေအိုင်တွေက ကမ္ဘာပေါ်က

လူသားအားလုံးတတ်မြောက်တဲ့ အတတ်ပညာ အသိပညာတွေအားလုံးကို နားလည်သိရှိထားတာမို့

အေအိုင်ဟာ တနည်းအားဖြင့် လူသားအားလုံးရဲ့ ဦးဏှောက်အသိဥာဏ်တွေစုပေါင်းတည်ရှိရာ ဦးဏှောက်ဗဟိုအစုအဝေးကြီးတခု ဒါမှမဟုတ် ခေတ်ပေါ်ဘုရားတပါးပဲဆိုကြပါစို့။

 ဘာအရောင်အသွေးမှမရှိတဲ့ လူတစ်ယောက်က ဘာသာရေးဖက်ကို အေးချမ်းမယ်ထင်လို့ ဝင်မိလိုက်တဲ့အချိန်မှာ ပထဆုံးအနေနဲ့တွေ့ရမှာကတော့ ငွေကုန်ပါ့မယ်။ ဒုတိယအနေနဲ့အချိန်ကုန်မယ်၊ တတိယအနေနဲ့ လူပင်ပန်း၊ စိတ်ပင်ပန်းပါလိမ့်မယ်။ 


နောက်တခါ.. ငါတို့ဘာသာရေးရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘုရားက ဘယ်လိုတွေတောင် တန်ခိုးကြီးတာတို့၊ ရှေ့ဘဝ၊နောက်ဘဝ၊ နတ်ပြည်၊ ငရဲပြည်တို့၊ ဘာကိုလှူရင် ဘယ်လိုမျိုးကိုအကျိုးအဆပေါင်းများစွာပေးတတ်တယ်တို့စတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေပေါင်း သောင်းခြောက်ထောင်ကို တဖြည်းဖြည်းနဲ့ ကြားရဖန်များလာတဲ့အခါ တကယ်လို့ထင်လာတတ်ပြီး စိတ်ကူးတွေယဥ်ရင်းနဲ့ နည်းနည်းခြင်းရူးစပြုလာပါလိမ့်မယ်။ 


ပြီးရင် ငါ့ရဲ့ဒီဘာသာဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးဘာသာ၊ ဒိထက်ကောင်းတဲ့ဘာသာမျိုး လုံးဝကိုမရှိဘူး။ ကျန်တဲ့ဘာသာဝင်တွေ၊ ဘာသာမဲ့တွေအားလုံးဟာ မိစ္ဆာဒိဋ္ဌိတွေချည်းပဲမို့ သေရင်အပါယ်ငရဲကိုလားမယ့်ကောင်တွေချည်းပဲ၊ ဒီလောက်တောင်ကောင်းတဲ့ဘာသာကို လာထိရဲရင်ထိကြည့်စမ်း၊ ငါ့လက်ထဲက Dar ကိုသာကြည့်၊ ငါပဲအသေခံမယ်၊ ငါ့ဘာသာနဲ့ ဖျားကိုတော့ လာမထိနဲ့ စသဖြင့် ဘာဆေး၊ ဘယ်လိုဆရာဝန်မျိုးတွေနဲ့မှ ကုသလို့မရတဲ့ အရူးကြီးလုံးလုံးတစ်ယောက်ဖြစ်ပြီး ဘဝဆုံးရပါလိမ့်မယ်။


ဒါ့ကြောင့်...ဂျပန်စကားပုံတစ်ခုရှိပါတယ်။

"အဝေးကကြည့်တဲ့သစ်တောဟာ အရမ်းကိုစိမ်းလန်းပြီး လှပပါတယ်..."တဲ့။


ပြောချင်တာက သစ်တောတခုကို အဝေးကကြည့်လိုက်ရင် အရမ်းကိုလှပပါတယ်။ အနားကိုသွားကြည့်လိုက်ရင်တော့ တဖြည်းဖြည်းအလှတွေပျောက်လာမယ်။ လျှိုမြောင်တွေ၊ ချောက်တွေ၊ လူကိုအန္တရာယ်ပေးနိူင်တဲ့ သားရဲတိရစ္ဆာန်တွေ၊ ပိုးကောင်မွှားကောင်တွေ၊ ကျိုးကျေ လဲကျနေတဲ့သစ်ပင်တွေ၊ အကောင်သေတွေ၊ သူတို့ရဲ့အပုပ်နံ့တွေ..စသဖြင့် မြင်တွေ့ရနိူင်တယ်လို့ပြောချင်တာပါ။


ဆိုလိုရင်းက ကိုယ့်ထက်အဆင်ပြေတယ်၊ သာယာနေတယ်၊ အေးချမ်းနေတယ်၊ ပြည့်စုံနေတယ်လို့ထင်တဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုရဲ့ အတွင်းထဲကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဝေဖန်ဆန်းဆစ်လိုက်မိတဲ့အခါ ကိုယ်ထက်တောင်၊ ကိုယ့်လောက်တောင်မှ မပျော်ရွှင်၊ မအေးချမ်း၊ မပြည့်စုံ၊ မသာယာတဲ့အပြင် ကိုယ့်ထက်စိတ်ဓာတ်ယုတ်ညံ့၊ ယုတ်မာကောက်ကျစ်ပြီး ပိုးထိုးလောက်ကိုက်အနေအထားမျိုးတွေကို တွေ့ရနိူင်တယ်လို့ ဆိုလိုတာပါ။


ဗုဒ္ဓဘာသာဝင်ဘာသာမှိုင်းမိအတော်များများက အသက်ကြီးလာရင်ဘုန်းကြီး၊ သီလရှင်၊ ယောဂီဝတ်ပြီး အေးအေးချမ်းချမ်းနေတော့မယ်လို့ လူအတော်များများက စိတ်ကူးထားတတ်ကြလို့ပါ။ အထက်ကပြောခဲ့သလိုမျိုးပါပဲ ကိုယ့်ထက်စိတ်ဓာတ်ယုတ်မာ အောက်တန်းကျတဲ့သူမျိုးတွေကိုတွေ့ပြီး စိတ်ဓာတ်တွေကျမသွားဘူး၊ စိတ်ပျက်မသွားဘူး၊ အဲ့ဒီအဖွဲ့အစည်းကိုရွံရှာဆက်ဆုတ်မသွားဘူးဆိုရင် ကျနော့်ကိုကြိုက်သလိုလာပြောပါ။ 


ဒါကြောင့် ဘဝကိုစွန့်၊ ပစ္စည်းဥစ္စာတွေကိုသားသမီးတွေကိုအမွေပေးနဲ့ ဘုရင့်နောင်ဖောင်ဖျက်စွန့်လွှတ်ပြီး အေးချမ်းတဲ့ တရားရိပ်မှာခိုလှုံမယ်လို့ စိတ်ကူးရှိထားခဲ့ရင် အမြန်ဆုံးစွန့်လွှတ်လိုက်ပါ။ "ရှေ့ကိုခြေတလှမ်းမချရသေးခင်နောက်ခြေကိုမလွှတ်လိုက်ပါနဲ့၊ ကြက်ဥအားလုံးကိုတောင်းတစ်ခုထဲ တခါထဲစုမထည့်မိပါစေနဲ့"ဆိုတဲ့ စကားပုံတွေကိုသတိရပါ။ 


အဲ့ဒီလို အစကတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ ဇလီဖားတုံးချီးကုန်းမယ်၊ ဓာတ်တိုင်ကိုသွားကြားထိုးမယ်လို့ မှန်းခဲ့တဲ့သူတွေအားလုံးက ဘာသာရေးပူဗောင်းကြီး ပေါက်သံကိုကြားလိုက်ရင် သေကုန်ကြတာများပါတယ်။ ကိုယ်တွေ့တွေအများကြီးပါ။


ဒါ့ကြောင့် ဘာသာရေးတို့၊ ဘုန်းကြီးဝတ်တာ၊ သီလရှင်ဝတ်တာ၊ ရာသက်ပန်ယောဂီလုပ်တာမျိုးတို့တွေဟာ မအေးအေးဝင်းစီစဥ်ထားတဲ့ မြန်မာပေါကားတွေထဲကအတိုင်း မဟုတ်ဖူးဆိုတာကိုကြပ်ကြပ်သတိထားကြပါလို့ သတိပေးလိုက်ပါရစေ....


#ရာပျော်ငေး

 ဒီအချိန်မှာ ငါအမေးချင်ဆုံး မေးခွန်းလေးရှိတယ် နင်ပျော်နေလား ဆိုတာပါပဲ ။

ပျော်သည်ဖြစ်ဖြစ် မပျော်သည်ဖြစ်ဖြစ်ပေါ့ နင်ရွေးထားပြီးပြီပဲ ။

ဘယ်သူက ဘာများတတ်နိူင်ပါ့လဲ နင်ရောငါရော အခုတော့ ဘာမှမတတ်နိူင်တော့ဘူး ။

ဟန်ဆောင် ပျော်ရွှင်မှုနဲ့ ပျော်ချင်ယောင်နေရုံကလွဲလို့ ဘာများတတ်နိူင်မှာလဲ

 ။ 

 အရင်က ငါကို ကြည့်မရပါဘူးဆိုတဲ့ လူတွေက ငါ့တွေ့ရင် ပြုံးပြနှုတ်ဆက် အရည်မရ မဖတ်မရ စကားတွေလာလာပြောနေကြပေမယ့်လည်း 

အရင်တုန်းက ငါ့အနားမှာ တွယ်ကပ်နေတဲ့ မင်းက ငါကိုသတိတောင်ရသေးရဲ့လား ပြန်တွေးနေရတော့ အဖြစ်ပါကွာ .... 


ပျံသန်းလိုက်ပါ စိတ်လွတ်ကိုယ်လွတ် ပျံသန်းလိုက်တေ

ာ့