Friday 27 October 2023

လင်းညီညာ မြောက်သုံးကောင်

 မြန်မာပြည်မြောက်ပိုင်းက 

တိုက်ပွဲစဉ်တွေအားလုံးက

တရုတ်ရဲ့ Proxy War ပဲ

၂၀၀၉ လောက်ကိုင်ဖြစ်စဉ်တုန်းကတော့

တရုတ်က မြန်မာအစိုးရနဲ့အဆင်ပြေနေတဲ့

အချိန်ဆိုတော့ တစ်ပတ်လောက်အတွင်း

အားလုံးကိစ္စပြတ်ခဲ့တယ်


ဒီလိုနဲ့ ၂၀၁၁ နောက်ပိုင်း

နိုင်ငံရေးအပြောင်းအလဲနဲ့အကူးအပြောင်းမှာတော့

အခုဖြစ်နေတဲ့ မြောက်ပိုင်းက KIA နဲ့ 

၂၀၁၅ မှာ ကိုးကန့် လောက်ကိုင်ဒေသ

တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဆိုတဲ့ 

TNLA, AA, MNDAA ဆိုတာလည်း 

တရုတ်ရဲ့အထောက်အပံ့နဲ့ 

ဩဇာအောက်က အဖွဲ့တွေပဲ


သတိထားကြည့်မယ်ဆိုရင်

မြောက်ပိုင်းတိုက်ပွဲတွေဖြစ်လာတဲ့အချိန်တိုင်းဟာ

တရုတ်နဲ့ တစ်ခုခု အဖုအထစ်ရှိတဲ့ အချိန်တွေချည်းပဲ

အခုကတော့ ကျားဖျန့်ကို အခြေခံတယ်

အရင်ကတော့ မြစ်ဆုံ လက်ပတောင်းတောင်

စတဲ့အကြောင်းတွေနဲ့ တစ်ခုမဟုတ်တစ်ခုနဲ့

အမြဲတိုက်ဆိုင်တယ်


တရုတ်ကဘယ်ကနေ ထောက်ပံ့လဲဆို

UWSA ဝ ဆီကနေတဆင့်သွားတာ

မြောက်ပိုင်းတိုက်ပွဲဖြစ်စဉ်တွေမှာ

ဝ တိုက်ရိုက်မပါပေမဲ့ 

နောက်ကွယ်နေကအမြဲပါတယ်

၂၀၁၁ မတိုင်ခင်က UWSA ဟာ

တပ်ရဲ့ကွပ်ကဲမှုနဲ့ ဆက်ဆံရေး 

အတော်လေးအဆင်ပြေသေးတယ်

၂၀၁၁ နောက်ပိုင်းမှာတော့

UWSA ဟာဟာ သိသိသာသာ

စစ်ရေးပြင်ဆင်တာတွေ

အင်းအားအလွန်အကျွံတိုးချဲတာတွေကို

ပြောင်ပြောင်တင်းတင်းလုပ်လာတယ်

တပ်နဲ့ ထိပ်တိုက်တွေ့စေမယ့်ကိစ္စတွေကို

တမင် အကြိမ်ကြိမ်ဖန်တီးလာတယ်


တပ်နဲ့ဆက်ဆံရမယ့် ဆွေးနွေးရမယ့်ကိစ္စတွေကို

တမင်ရှောင်လွှဲပြီး အစိုးရအဖွဲ့နဲ့တိုက်ရိုက်သွားတဲ့ လမ်းကြောင်းကိုသိသိသာသာလုပ်လာတယ်

အဲ့ဒီမှာ ဘာတွေဖြစ်လာလဲဆိုတော့ 

တချိုသော စစ်ရေးဆိုင်ရာကိစ္စတွေ

နယ်မြေကိစ္စတွေမှာ လက်နက်ခဲယမ်းကိစ္စတွေလို တပ်မတော်ဘက်က ခွင့်မပြုထားတဲ့ကိစ္စတော်တော်များများဟာ ခွင့်ပြုချက်ရကုန်ပြီး

တပ်ရဲ့ ကွပ်ကဲမှုနဲ့ဆက်ဆံရေးအောက်ကနေ

လုံးဝနီးပါး ရုန်းထွက်သွားခဲ့တယ်


UWSA နဲ့ SSA ဟာ ရှမ်းအရှေ့မှာ

နယ်မြေကိစ္စနဲ့ပတ်သက်လို့ တင်းမာမှုရှိတယ်

ဒီတော့ SSA နဲ့ အဆင်မပြေတဲ့

TNLA ကို UWSA က နောက်ကနေပံ့ပိုးပေးတယ်

ရှမ်းမြောက်မှာ TBNLA နဲ့ SSA မကြာခဏ

တိုက်ပွဲတွေဖြစ်တယ်

အဲ့ဒီတော့ SSA ဟာ တပ်နဲ့ပိုနီးကပ်လာတယ်


မိုင်းလားအဖွဲ့ခေါင်းဆောင် စိုင်းလင်းက

MNDAA ဖုန်ကြားရှင်ရဲ့သမီး ဖုန်စင်ချွန်းကို

ယူထားတာ 

ဖုန်ကြားရှင် ပြေးနေရတဲ့အချိန်

MNDAA ကို လက်နက် ခဲယမ်း လူ 

အကုန်လုံးကိုထောက်ပံ့ထာားတာက

ဖုန်စင်ချွန်းဦးဆောင်တဲ့ မိုင်းလားအဖွဲ့


အဲ့ဒီအချိန် မိုင်းလားမှာ

ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတွေ

အကြိမ်ကြိမ်လုပ်ခဲပေမဲ့ 

ထိထိရောက်ရောက် အဖြေမထွက်ခဲ့ဘူး

အရက်ဝိုင်းနဲ့ပဲပွဲသိမ်းသွားခဲ့တာပဲ

(ကိုယ်တိုင်အမြဲပါခဲ့လို့သိနေတာ)

ဖုန်ကြားရှင်ကို ထောက်ပံ့နေမှန်းသိပေမဲ့

ထိရောက်တဲ့ ဟန့်တားမှု ကန့်ကွက်မှု

ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး

မိုင်းလားအဖွဲ့ထဲမှာလည်း

လူမျိုးရေးနဲ့ အုပ်စုဖွဲ့ အဖွဲ့ကွဲတွေရှိနေပြီး

အက်ကြောင်း ၃ ခုလောက်ရှိတယ်

အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ် 

အသတ်ခံရတာက သက်သေပြနေတယ်


(ဆက်ရေးပါဦးမယ်)

 အရှေ့ နဲ့ အနောက်

တောင် နဲ့ မြောက်မှာကွယ်


အဆိုးများက နေရာတိုင်း ဝိုင်း 

ဝိုင်းရံထားဆဲ ဒီအခြေအနေ 


မင်းအသိပဲကွယ်.....

Tuesday 24 October 2023

 ပိုင်ဆိုင်လိုစိတ်တွေ များလာရင် တကယ် ပင်ပန်းတယ် ။

အချစ်ပဲ ‌ဖြစ်စေ 

မေတ္တာပဲ ဖြစ်စေ 

လိုချင်တာတွေ ပိုင်ဆိုင်ချင်တာတွေ ဖြစ်လာတိုင်း ပင်ပန်းတယ် ။

မျှော်လင့်ချက်တွေ လောဘကြီးလာတဲ့အခါ စိတ်ရော လူပါ ပင်ပန်းတယ် ။

တစ်ခါတစ်ခါ ပိုင်ဆိုင်ချင်စရာတွေ သိပ်များတဲ့ လောကထဲမှာ

ပိုင်ဆိုင်ချင်စိတ်တွေ များတတ်လာတာလည်း အထူးအဆန်းကြီးလည်း မဟုတ်ပြန်ပါဘူး ။


ဟောကတွေနဲ့ပါ 

အသက်မပါတဲ့ရယ်သံတွေ နောက် 

အပတ်တကုတ်လိုက်ရင်း မောတယ် ။


မောတယ် တကယ်မောတယ် ။


အဓိပတိကမ်မ 

Saturday 21 October 2023

 ပြောချင်ပေမဲ့မပြောရဲပါဘူး

ဒါပေမယ့်

ရင်ထဲမှာတော့ နာကျည်းချက်တွေဒဏ်ရာဒဏ်ချက်‌ေတွများစွာနဲ့ပါ ၊


တန်ဖိုးမဲ့ ရက်စက်စက်အသတ်ခံရသူတွေ နှင့် မိသားစုဝင်တွေကို အကူအညီအကာအကွယ်ပေးဖို့လည်း မသိသလို ၊ 


ရှင်လျှက်နဲ့အလုပ်အကျွေးပြုနေတဲ့သူတွေတောင်

တန်ဖိုးထားရမှန်း မသိ ကျန်တာတွေတော့ မမျှော်လင့်နဲ့တော့ဗျာ


ပြန်တွေးပြန်ပြောရရင် ရင်နာစရာတွေ ချည်းပါပဲဗျာ 


ပြောချင်စိတ်မရှိလောက်အောင် စိတ်ပျက်နေတာတော့ အမှန်ပါပဲ 


စနစ်ကိုပဲပြောရမလား အုပ်ချုပ်ခဲ့တဲလူတွေကိုပဲ 


ပြောရမလား မသိတော့ဘူး 


ကျနော်တိုခေတ်မှာတော့ဒီလိုနဲ့ပဲ 


ဖြတ်သန်းနေရပေးမယ့်လည်း နောင်လာမယ့် အနာဂတ်မှာတော့ 


ပြည်သူအားကိုးရမဲ့အစိုးရ ဖြစ်ရင်တော့ သိပ့်ကောင်းမယ်ဗျာ


သို့ပေမယ့်လည်း သိပ်ပြီး မမျှော်လင့်ရဲဘူး 


ဒီတိုင်းပြည် ဒီနိူင်ငံက 


ကျိန်စာသင့်နေသလိုဖြစ်နေတာ ခေတ်အဆက်ဆက်ပါပဲ .......


#အဓိပတိကမ်မ

 ဥပမာ ဆိုပါစို့။


မောင်ဘ မပြောတဲ့ စကားကို မောင်ဘက ပြောပါတယ် လို့ မောင်မဲက မောင်ဖြုကို လာပြောတယ် ဆိုရင် မောင်မဲဟာ ဘယ်လိုလူလဲ။


အသက်ညှာဆုံး စွတ်စွဲရရင် အဲဒီ မောင်မဲဟာ မရိုးသားတဲ့ လူဘဲ။


နည်းနည်းလေး တိုးပြောရရင် မောင်မဲဟာ မောင်ဖြူအပေါ် သစ္စာဖောက်သူပါဘဲ။


မောင်ဖြုဟာ မောင်မဲပြောစကားကို ယုံကြည်ပြီး မောင်ဘကို 

အပြစ်မြင် အဆိုးမြင်နေရင်တော့ မောင်ဖြုရဲ့ အရည်အသွေးပဲ ....


မောင်ဘကတော့ ကြားထဲက နစ်နာသူပေါ့ ။


သင်တို့နေထိုင်တဲ့ ပတ်ဝန်းကျင် သင်တို့လုပ်နေတဲ့ လုပ်ငန်းခွင်ထဲမှာ 

မောင်မဲတွေ အများကြီးရှိတယ် ။


#အဓိပတိကမ်မ

Saturday 7 October 2023

 သံယောဇဉ်တွေ ကင်းမဲ့သွားရင် 

ချစ်တယ် ပြောတာတောင် ရန်သူဖြစ်ချင်ဖြစ်သွားတယ် 

ပြုံးနေတဲ့ ဓာတ်ပုံလးတွက ကြည်ကြည်နူးနူး ဖြစ်နေချိန်ကန

ကြေကြေကွဲကွဲနဲ့ မျက်ရည်စို့လာတာတွထိ ဖြစ်ခဲ့တာတွ ရှိသေးတယ် 


အဓိပတိကမ္မ

 မလွတ်လပ်တဲ့ သံယောဇဉ်‌‌တွေက 

လူကို နာကျင်စေမှာပဲလေ 

လွတ်လွတ်လပ်လပ်ပဲ ခွင့်လွှတ်ပေးလိုက်မယ် 

နင်လည်း သွားချင်ရာ ထွက်ခွါနိူင်တယ် 

ငါလည်း လွမ်းချင်သ‌ေလာက်  လွမ်းမယ် 

ငိုချင်သလောက်ငိုမယ် ဆွေးချင်သလောက် ဆွေးမယ် ပြီးရင်

ဆေးလိပ်လး ဖွာပြီး အတိတ်ဆီ ပြန်တမ်းတနမယ် မိရှင်နွေ 

 ပျံချင်သပ ဆိုလည်း လွတ်လပ်စွာ ပျံသန်းပါ 

ဘာမှ ငဲ့ကြည့်မနေနဲ့တော့ နှုတ်ဆက်ချိန်တွက 

ပင်ပန်လွန်းအားကြီးတယ်လ မိရှင်နွေရယ် 

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...