Monday 27 June 2022

 

ဟစ်ပီတစ်ယောက်ရဲ့ခရီးစဉ်


ဆူးတွေကို ကြောက်တတ်တဲ့ ငါက 

စူဆူးမှာ းမ‌ေကြာက်တဲ့ခြေလှမ်းတွေနဲ့

မြို့ပြနဲ့‌ေဝးတဲ့ ဒီတော‌ေတွ‌ဒီ‌ေတာင်‌ေတွထဲ စိတ်လွတ်ကိုယ်လွတ် ပြေးထွက်လာခဲ့တယ် ။


ငါ့ကိုယ်ငါ အမဲလိုက်သလို 

မြို့ပြရဲ့ ယှဉ်ပြိုင် နှိုင်းယှဉ်မှုတွေနဲ့ 

ဝေးရာ တောင်တန်းတွေထဲဆီ အစီအစဉ်မရှိ အချိန်အကန့်အသတ်မရှိ ခြေဦးတည်ရာထွက်ခွါ လာခဲ့တယ် ။



နေမညိုခင်တော့ တောအလယ်တော့ အချိန်မီ ရောက်နိူင်‌ေကာင်းပါရဲ့ 

မရောက်လည်း ကိစ္စမရှိပါဘူး ရောက်တဲ့နေရာမှာ အိပ်ဖို့ထက် ရောက်တတ်ရာရာ တေွးရင်းတောရင်း ရှင်သန်ချိန်တွေ ကုန်လွန်ဖို့ပဲ လိုအပ်တာပဲ မဟုတ်လား ။


ငါ့လက်ထဲက ဆေးပါ့လိပ် က ငါ့အတွက်‌ေဆးဝါး ၊

ကျောနောက်က ဂီတာအိပ်က ငါအတွက် ဂီတ ၊ 

ခြေဗလာနဲ့ ထွက်ခဲ့တဲ့ ဒီခရီးလမ်းမှာ ဆူးမ‌ေကြာက် ၊ 

ဒူးထာက်ရလာက်တဲ့ ပုဂ္ဂိုလ်ထူးလည်း ငါမ‌ေတွ့ ချင် ။


ငါဟာ ငါနဲ့ ဖြစ်တည်ပြီး ငါးနဲ့ရေသာ ရှိတဲ့ စမ်းချောင်းကြည်ကြည်လင်လင်မှာ ငါရဲ့ ညစ်ညမ်းတဲ့ စိတ်ကို တတ်နိူင်သ‌ေလာက်သန့်စင်ပစ်မယ် ။


အဓိပတိကမ္မ

25062022




 

ဖြစ်နိူင်မယ် ဆိုရင် လှေကားတစ်ခုလာက် ဝယ်ချင်တယ် ။

လှေကားလေး ရှိရင် အမြင့်ကို လွယ်လွယ်နဲ့တက်နိူင်မယ် ၊ အရာအားလုံးနီးပါးကို အပေါ်ကနေ ကြည့်လို့ရမယ်၊ ခပ်လှမ်းလှမ်းကို ပိုပြီး မြင်နိူင်မယ် လို့ ယူဆပြီး ငါမှာ လှေကားတစ်ခုလာက် လိုချင်‌ေနမိတယ် ။

လှေကားလေးနဲ့သာဆို ခပ်မြင့်မြင့်ကို ခပ်မြန်မြန် တက်နိူင်တယ်‌ေလ ။ 

လှေကားလေးနဲ့သာဆို ခပ်ဝေးဝးကို ပိုပြီး မြင်နိူင်တယ်လေ ။


အဓိပတိကမ္မ




 

ငါမှားခဲ့တယ် 

ငါက နင်နဲ့မှ ပထမဆုံးရည်းစားစထားဖူးတာ 

ငါမှာ ဘာအတွေ့အကြုံမှ မရှိဘူး။

နင်ကို အခက်အခဲတွေ အများကြီး ပေ

းခဲ့မိတယ် ။

နင်ငါ့ကို မုန်းသွားလောက်အောင် ငါမှာလိုအပ်ချက်တွေ အများကြီးရှိခဲ့တယ် ။


နင်က ငါရဲ့ ပထမဆုံးနဲ့နောက်ဆုံး မိန်းကလေးတစ်ယောက်ပဲ ။

ငါမှာ နင့်ကို လုံလောက်အာင် ပျှော်ရွှင်မှုတွ မပေးနိူင်ခဲ့ဘူး ၊ အားနည်းချက်‌‌တွေကလည်း အများကြီးပဲ 


နင့်ရဲ့

‌ေမွးနေ့ကို ငါအလွတ်မရဘူး ပွင့်ပွင့်လင်းလင်း‌ေပြာရရင် ငါအခုထိ မှတ်မထားမိဘူး ။ နင်အကြိုက်ဆုံး အဖြုရောင် ခရင်မ်ကိတ်တွေ ငါမဝယ်မိဘူး ၊ နင်ကြိုက်တဲ့ ချောကလက်‌ေတွ ငါတကယ် မသိဘူး ။


အခုတော့ ဆိုင်မှာအကောင်းဆုံး ချောကလက်နဲ့ အဖြုရောင် ခရင်မ်ကိတ်တစ်လုံးဝယ်ပြီး ငါတစ်ယောက်တည်း အရက်ထိုင်သောက်နေတယ် ၊ နင့်နဲ့ငါနဲ့ ပေ

ြာဖြစ်ခဲ့တဲ့ စကားတွကို ပြန်တွေးကြည့်ရင်း ငါဘာ‌ေတွများ မှားခဲ့သလဲ ပြန်တွေးနရင်းပါ့ ....

သေချာတာ တစ်ခုကတော့ ဒီနေ့က နင့်မ‌ေွးနေ့မဟုတ်တာပါပဲ ....

မနက်ဖြန်လည်း နင့်မွေးနေ့ မဟုတ်ပြန်ဘူး ....

သဘက်ခါလည ဟုတ်မယ်မထင်ပါဘူး .....

နင်မွေးတုန်းက ချမ်းချမ်းအးအး ဆောင်ရာသီကြီးလို့ နင်ပြောခဲ့တာ ငါမှတ်မိသေးတယ် ၊ 

အခုက ဇွန် ဂျုလိုင် မိုးတွေရွာလိုက် လေတွေတိုက်လိုက်နဲ့ နင့် နဲ့ငါနဲ့လို့ပဲ ဘာမှ မဆိုင်ပါဘူး ။ 

နင်ကတော့ နင်ရဲ့ ဆံပင်‌ေက‌ေထာင်ထောင် အကောင်တစ်ကာင်နဲ့ မိုးရေတွေ ကြားထဲမှာ မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ လျှောက်သွားပြီး ပြုံးပျော်နေတာ လမ်းဘက်ကို လှမ်းမြင်နိူင်တဲ့ င့ါအခန်း ပြတင်းတခါးက‌ေန မြင်လိုက်မိတယ် ။

 သူကိုနင်က အရမ်းချစ်ပါတယ်လို့ ငါတုန်းကလိုပဲ ရယ်ရယ်မောမောနဲ့ ပေြာပြီး‌ေရာ‌ေပါ့ ...

နင် အဲ့ဒီတစ်ယာက်နဲ့ ပျော်ရွှင်ပါစေလို့ ငါမျှော်လင့်ပါတယ် 

ငါနဲ့တုန်းက ပျော်ခဲ့သလိုတော့ မပျော်ပါစေနဲ့ ပေါ့....။  

ငါပြောခဲ့တဲ့ ဟာသ‌ေတွကို သူကို ပြန်မပြာပါ‌ေစနဲ့ ....။

ငါနဲ့အတူရေရွတ်‌‌ခဲ့တဲ့ ကဗျာအတိုအစတွေကို မဖတ်မိပါ‌ေစနဲ့ ......။

ငါနဲ့အတူသွားခဲ့တဲ့ နေရာတွဆီ သူကို ခေါ်မသွားမိပါစေနဲ့.....။



အဓိပတိကမ္မ 

25062020

PyaePhyoAungKM


Sunday 19 June 2022

 

ငါအရိုးသားဆုံး‌ေပြာရရင် နင်ကိုငါမပြတ်နိူင်သးဘူး ။

နင်နဲ့ရှိခဲ့တဲ့နေရာလေးတွေမှာ 

နင်နဲ့ရှိခဲ့တဲ့ညနေအချိန်‌‌တိုင်း 

အဲ့ဒီ‌‌မိှန်ပြပြလမ်းလေးထဲ နင်ကို သတိရတဲ့စိတ်တွေနဲ့ 

ငါတ‌ေယာက်တည်း လမ်းလျှောက်ချင်နေမိသေးတယ် ။


ငါနင့်ကို သတိတွေရနေသေးတယ် ဆယ်ကျော်သက်ကလေးတစ်ယောက်လိုပဲ

 နင့်ကို မက်မက်မောမော တမ်းတမ်းတတ ဖြစ်နေသေးတယ် ။

ဆယ်စုနှစ်တစ်ခုလောက်ထိ ငါနင့်ကို ချစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိသေးဘူး ၊

 ဒါဒါပေမယ့်လည်း အခုဆို ဆယ်စုနှစ်တစ်ခုစာတောင် ကျော်‌ေနပြီ ၊

 ခံစားချက်တွကတာ့ အရင်ကအတိုင်းပဲ ဘာမှရင့်ကျက်မလာသးဘုး ၊ 

ကဗျာအတိုအစလေးတွေဖတ်ပြီး နင့်ကိုလွမ်းတယ် ၊

 သီချင်း ပေါ့ပျက်ပျက်တွေ နားထာင်ပြီး သတိတွေရနေ‌ေသးတာပါပဲ ။


နင်ကတော့ မေ့လောက်‌ေရာ့ ပေါ့

ငါနဲ့ပျော်ခဲ့ရတဲ့ နင့်ရဲ့ရယ်သံတွေက

 နင့်အတွက် မလုံလောက်ခဲ့ဘူးဆိုတာကို ငါတကယ်မသိခဲ့ဘူး ရှင်နွေရယ် .....။


နင်အခုတွဲ‌ေန တဲ့ ကောင်‌ေလးကို ငါဘယ်လာက်ဂရုစိုက်တဲ့အကြာင်းတွကိုရော ပြောမိ‌ေသးလား ?

 ငါနင့်ကို ပြောဖြစ်ခဲ့တဲ့ ဟာသအတိုအထွာ‌ေတွ‌ေရာ သူနင့်ကို ပြောပြရဲ့လား ? 

ငါထက်တာ့ နင့်ကိုပိုပြီး ပျော်အာင်ထားနိူင်လို့ ငါမျှော်လင့်ပါတယ် ၊ 

ငါနဲ့ပျော်ခဲ့သလာက်တော့ မပျော်ပါနဲ့ (ဒါဟာငါရဲ့က‌ေလးဆန်မှုတစ်ခုပေါ့)....


အဓိပတိကမ္မ




Saturday 18 June 2022

 

denial minthu

အိမ်ရှေ့မျက်နှာစာက စာဗိုက်ဝါလေး လင်မယားတော့ ဒီနေ့မနက်ပဲ ရေးကြီး သုတ်ပြာနဲ့ ပြောင်းသွားကြပြီ။ 


လင် တစ်လှည့် မယားတလှည့် သူတို့အိမ်ကို ပြန်ဖျက်ပြီး အပြေးအလွှားတွေ သယ်သွားကြတယ်။ 

ကောက်ရိုးမျှင်တွေ ဟိုတစ ဒီတစပြန့်ကျဲ ကျန်ခဲ့လေတယ်။ 


ဘာဖြစ်လို့လဲ မေးဖော်တောင် မရလိုက်ပါဘူး။ 


နေ့တိုင်းအော်အော် ဆိုနေတဲ့ ရေဝိုင်းရဲ့ (Raywai) ပေးစာ သီချင်းသံကို ကြားရလွန်းလို့လား။


နေ့တိုင်း ငူငူကြီး ထိုင်ထိုင်ကြည့်နေမိလို့လား။ 


ဟုတ်တယ် ငါ မင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နေတဲ့ ဘဝလေးကို အားကျမိလို့ ထိုင်ကြည့်နေမိတာပါ။ 

တကယ်တော့လည်း တခါတလေ ငါဘာကြည့်နေမှန်းတောင် ငါမသိရဘူး။ 


ဟိုးအဝေးက ချောင်းမှာ လေတိုက်တိုင်း လှိုင်းထ နေတဲ့ရေပြင်ကို လည်း မြင်ရတယ်။ 


သွားလာ လှုပ်ရှားနေသူတွေကိုလည်း မြင်ရတယ်။ 


ရွှေရင်အေး ဆိုပြီး အော်အော်ရောင်းနေတဲ့ ဦးလေကြီးကို လည်း မြင်ရတယ်။ ပူလိုက်တာ။


ငါ ဘာမြင်နေမှန်း ငါကိုယ်တိုင်လည်း မသိရပါဘူး။ 


မင်းတို့ လင်မယား ပျံသွားလိုက် ပျံလာလိုက် လုပ်နေတာတွေကို လည်း ကြည့်မိပြီး ပြုံးမိတာတော့အမှန်ပဲလေ။ 

တခါတလေ ရန်ဖြစ်ကြသေး။ 

ချစ်ကြည်နူးနေတယ်ပဲ ငါထင်တာပဲ။ 


ပူလွန်းလို့ ဖင်ပြောင်ကြီး အိမ်မှာ လျှောက်သွားနေတဲ့ ငါ့ကို မြင်မိလို့လား။ 

ယပ်တောင်ကြီး တကားကားနဲ့ လေ။ 

ဟာသပြောတာပါ။ 


ဟိုသာလိကာမလေး 

မနက်မိုးလင်းတိုင်း အခန်းတံခါးကို 

လာခေါက်မယ် ထင်ပြီး ငါ မျှော်နေမိသေးတယ်။ 

မင်းတို့လိုပဲ။ သူကအတော်စကားများတယ်။


ခုတော့ မင်းတို့ ထွက်သွားကြပြီ။ 

ဘာလို့လဲ။ 

ဘာလို့လဲကွာ။ 


ပူလွန်းလို့ ဖြစ်မှာပါလေ။ 


တိတ်ဆိတ်တဲ့ အသံဟာ ကြောက်စရာကောင်းမှန်း ငါသိပြီ။

09697867969


Evil self နှင့် စကားပြောခြင်း” Daniel Min thu

 


“Evil self နှင့် စကားပြောခြင်း”


အသက်ရှင်နေထိုင်ရတာ ပင်ပန်းလိုက်တာ။ 


သေလိုက်တာ ပို မကောင်းဘူးလား။ 

သတ်သေတာက စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ပြည့်စုံတယ်။ 


ဟုတ်တယ်နော်။ 

သတ်သေခြင်းက စဉ်းစားခြင်ဆင်ဉာဏ်နဲ့ ပြည့်စုံဆုံး အလုပ်ပဲ။ 

လူတွေက ပြောကြတယ်။ suicide က အသိတရားကင်းမဲ့တာ။ တာဝန်ယူစိတ်မရှိတာ။ 

ကျန်ရစ်သူတို့ကို မစာနာ။ 

စသဖြင့်ပေါ့လေ။ 

ဒါပေမယ့် မိမိရဲ့ အသက်၊ ဖြစ်တည်မှု တစ်ခုလုံးကို တောင် ရပ်တန့်နိုင်တဲ့လုပ်ရက်ဟာ ဘယ်လောက် ရဲရင့်လိုက်သလဲ။ 

ဘယ်လောက်တာဝန်ယူမှု အားကြီးသလဲ။ 


ဟုတ်တယ်။ suicide က စဉ်းစားခြင်ဆင်ဉာဏ်နဲ့ ပြည့်စုံတဲ့ လုပ်ရပ်မှန်း တွေးခေါ်ပညာရှင်တွေကလည်း သုံးသပ်တယ်။ 

ရှင်သန်နေထိုင်ရတာ အဓိပ္ပါယ်မှ မရှိတာ။ 

ဖြစ်တည်နေရတာ က အဓိပ္ပါယ်မဲ့လွန်းတယ်။ 


ဒါကို အပြည့်အဝ လက်ခံတယ်။ ဘဝဆိုတာ ဒုက္ခ မဟုတ်လား။ 

ထာဝရ ခံစားနေရတဲ့ သဘောတရားအစစ်ပဲ။ 

ဒါ့ကြောင့် ဒုက္ခက သစ္စာဖြစ်နေတာပေါ့။ 

ဒါပေမယ့် လည်း Sisyphus happiness ကို မမေ့သင့်ဘူး မဟုတ်လား။ 

ပုံပြင်ကွဲတွေ အများကြီး ရှိနေတဲ့ အဲဒီ Sisyphus happiness မှာ တောင်ပေါ်ရောက်ခါနီးတိုင်း ပြုတ်ပြုတ်ကျ သွားတဲ့ကျောက်တုံးကြီး ကို အခါခါ ထပ်တလဲလဲ သယ်နေရတယ်။ 

အောင်မြင်ခါနီးတိုင်း (အောင်မြင်လုနီးပါး) အခြေအနေမှာ ရလိုက်တဲ့ ပျော်ရွင်မှုက ဘဝ ကို အဓိပ္ပါယ်တစ်ခု ဖြစ်စေတယ်။ 

ဘဝကြီးက Sisyphus လိုမျိုးပဲ။ တောင်အောက်က နေ လေးလံတဲ့ ကျောက်တုံးကြီးပေါ်မှာ သောကပရိဝေဒ တွေ သယ်လာပြီး တောင်ပေါ်ရောက်တိုင်း ဒီသောကတွေ လွတ်ချ လိုက်ရမယ်။ ဒါက ခဏလေး ဖြစ်ရင်တောင် အဓိပ္ပါယ်တစ်ခု ဖြစ်မသွားဘူးလား။ 

ဒီပျော်ရွင်မှုလေးကိုလည်း မမေ့သင့်ဘူးလေ။ 


တကယ်တော့ Sisyphus happiness က အဓိပ္ပါယ်မရှိဘူး။ 

လောကကြီးမှာ လူတွေ တကယ်လိုချင်တာက ဘာလဲ။ 

လက်တွေ့ ရနေတာကဘာလဲ။ 

လောကကြီးကနေ လူတွေ လိုချင်နေတာက အဓိပ္ပါယ်တွေ မဟုတ်လား။ 

အဓိပ္ပါယ် တစ်ခုခု ရှိမယ့် အကြောင်းပြချက်တွေ မဟုတ်လား။ 

ပြန်ရတာ အဓိပ္ပါယ် တစ်ခုမှ သတ်မှတ်လို့ မရတဲ့ ပရမ်းပတာ လောကကြီး မဟုတ်လား။ 

ဒီတော့ sisyphus happiness ဆိုတာ အဓိပ္ပါယ်မရှိဘူး။ 

ဖြစ်တည်နေထိုင်နေတာ၊ အသက်ရှင်သန်နေတာ က အကြောင်းပြချက် မရှိဘူး။ 

ပရမ်းပတာ လောကကြီးကနေ ကြုံရာကျပန်း ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုပဲ။ 

ဒီအခြေအနေ တစ်ခုမှာ အဓိပ္ပါယ် တစ်ခု ထပ်ထည့်လိုက်လို့ အဓိပ္ပါယ် ရှိမလာဘူး။ 


ဒါဆို ဘာကအမှန်တရားလဲ။ 


အမှန်တရားမရှိဘူး။ 

ဖြစ်တည်မှုက အဓိပ္ပါယ် မဲ့လွန်းတယ်။ 

ဆဲလ်တွေ အက်တမ်တွေက ဖြစ်လာလို့ အက်တမ်တွေ အဖြစ်ကို ပြန်ရောက်တာပဲ အမှန်တရားရှိမယ်။ 

သိစိတ်ဆိုတာလည်း အဲဒီ ပရမ်းပတာအခြေအနေကြီးက ထွန်းထွက်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ။ 


အဲဒီသိစိတ်ကို အမှန်တရားတစ်ခုလို မှတ်ယူလို့ရော မရဘူးလား။ 

ငါတို့သိနေတာတွေကို တကယ်မှန်ကြောင်းတောင် ငါတို့မသိနိုင်ဘူး။

ဒါပေမယ့် ငါတို့ တွေ့ကြုံခံစားလိုက်တာက တကယ်ပဲ။ 

စိတ်ခံစားချက်တွေကို အမှန်တရားတစ်ခုလို လက်ခံပြီး နေထိုင်ရင်ရော။ 

ကြည်အေးရဲ့ မီဝတ္ထုထဲက မီ လို။ 

လေးကို ချစ်လည်း မချစ်ဘူး။ မုန်းလည်းမမုန်းဘူး။ 

စိတ်ထဲ ဖြစ်လာတဲ့ စိတ်ခံစားချက်တွေအတိုင်းပဲ ဘားသွားရင် သွားလိုက်မယ်။ သောက်လိုက်ချင်ရင် သောက်လိုက်မယ်။ 

ကလိုက်ချင်ရင် ကလိုက်။ 

စိတ်မှာ ဖြစ်ပေါ်လာသမျှ တိုင်းက အမှန်တရားပဲ။ 

ပြီးတော့

မောင်၊က်ိုကိုနဲ့ မြနန္ဒာ ဝတ္ထုထဲက မြနန္ဒ လိုနေရင်ရော။ 

သမီးလေးက ဘဝရဲ့ အဓိပ္ပါယ်တစ်ခု ဖြစ်နေတယ်။ 

ဒါပေမယ့် အချိန်တစ်ခု မှာ သူ့စိတ်ခံစားချက်တွေအတိုင်း တစ်ယောက်ထည်းနေချင်နေမယ်။ 

ဖဲဝိုင်းသွားရင်သွားမယ်။ 

သောက်ရင်သောက်မယ်။ 

ဖြစ်တည်မှုက အဓိပ္ပါယ်မဲ့တယ်။ 

အဓိပ္ပါယ်တစ်ခု ထည့်ဖို့ ကြိုးစားတာလည်းအဓိပ္ပါယ်မရှိဘူး။ 

ဒီတော့ သိစိတ်က လှုံ့ဆော်လိုက်တဲ့ စိတ်ခံစားချက်တွေအတိုင်း ရှင်သန်နေထိုင်ရင်ရော။ 


နေလို့ရတာပဲ။ ဒါပေမယ့် လက်ရှိ မိမိပတ်ဝန်းကျင်ကြီးရဲ့ ဖွဲ့စည်းပုံမှာ ဒီလိုလူတွေ အတွက် နေရာမရှိဘူး မဟုတ်လား။ 

သူတို့ကို စည်းပြင်က လူတွေလို့ မှတ်ကြမှာပေါ့။ 

လူတွေက အလွယ်တကူလည်း နားလည်မှာ မဟုတ်ဘူး။ 

လူ့ရဲ့ သိစိတ်မှာ ကိန်းအောင်းနေတဲ့ ဘောင်ဝင်ချင်တဲ့ စိတ်၊ sense of belonging ကြောင့် အတင်းဝင်ဖို့ ကြိုးစားလည်း အထီးကျန်စိတ်နဲ့ ၊ အမြဲလည်း အထီးကျန်နေမှာပဲ။ 

ဒီလိုပဲ ရှင်သန်နေရမှာ။ 

ဒီလိုဘဝ မျိုးရှင်သန်ရှင်း နောက်ဆုံး အဆုံးသတ်ဖို့ စိတ်ဖြစ်လာလည်း ရပ်တန့်ပလိုက်။ 

အမှန်လည်းမဟုတ်သလို၊ အမှားကြီးလည်း ဖြစ်မသွားဘူး။ 


သိစိတ်တစ်ခုထည်းရှိတဲ့ သတ္တဝါ မဟုတ်တော့ မသိစိတ်ရဲ့ တွန်းအားတစ်ခုနဲ့လည်းရှင်သန်နေရတယ်။ 

သိစိတ်က ဒါတွေကို အဓိပ္ပါယ် ရှာတယ်။ 

အဓိပ္ပါယ် မဲ့မှန်းသိတယ်။ 

မသိစိတ်မှာ တော့ အဓိပ္ပါယ် ရှိရှိမရှိရှိ သူ့အလုပ်အတိုင်း ဆက်လုပ်နေတာပဲ။ 

ဆဲလ်လေးတွေရဲ့ အလုပ််က သင်ယူမယ် ပြန့်ပွါးမယ် မဟုတ်လား။ 

သေဖို့ ဆိုတာ ကို သိစိတ်ကပဲ သိတယ်။ 

ရပ်တန့်ပြစ်ဖို့ သိစိတ်ကပဲ လုပ်ချင်နေတာ။ 

မသိစိတ်က တော့ ရှင်သန်လိုနေမှာပဲ။ 

ရှင်သန်ချင်မှလည်း ရှင်သန်ချင်မှာပေါ့လေ။ သိမှ မသိတာကိုး။ 


သိစိတ်ကြောင့်ပဲ ခုလိုတွေ သိနေရ၊ စိတ်ခံစားနေရ၊ အထီးကျန်နေရတယ်။ 

သိစိတ်ကို ရပ်တန့်ဖို့ဆိုတာ စိတ်ခံစားချက်အတိုင်းနေထိုင်နေလို့ရော၊ ဖြစ်တည်မှုပဓါန ထားလို့ရော ဖြစ်မလာဘူး။ 

မရပ်တန့်သွားဘူး။ 

သိစိတ်ရပ်တန့်ချိန်က သေဆုံးချိန်ပဲ။

09697867969


ဗိုလ်ဆိုး

 

ဒီနေ့ 08052022 ညနေ 4 45 မိနစ်မှာ ကျနော်ရဲ့ဗိုလ်ဆိုး ဆုံးသွားတယ် မဆုံးခင် တစ်နာလောက်တုန်းက ဆေးတိုက်လိုက်ရပါ‌ေသးတယ် ၊ အစာတွေရော ကျနော် ဖြစ်နိူင်သလောက် ကျွေးလိုက်ရတယ် ၊ နောက်တစ်‌ေခါက် သူအခြအ‌ေနပြန်ကြည့်လိုက်တာ့ အသက်မပါတာ့တဲ့ သူရဲ့ ရုပ် ခန္ဓာကိုယ် ကိုသာ ကျန်ရှိနေတော့တယ် ။

ကျနော်အတွက်သူက ပထမဆုံး အိမ်မွေးကြက်ကလေးပါပဲ ၊ အချိန်တွေ အများကြီးကျနာ်နဲ့ သံယောဇဉ်တွ ဖြစ်နေခဲ့တယ် တခြားကြက်ကလေးတွေ ခဏကြာရင် ခွဲခွါသွားတတ်‌ေပမယ့် သူကတာ့ ရှိနေခဲ့တာပါ ။ 

အမှတ်တရတွေအများကြီး ရှိခဲ့တယ် ၊ မမေ့နိူင်စရာတွေ ရှိခဲ့တယ် ၊ တခြားကြက်‌ေတွနဲ့မတူတာတွေ ရှိတယ် ၊ သူနဲ့လူတွေရဲ့ဆက်ဆံရေးက ကြီးကြီးမားမားရှိခဲ့တယ် ။

ကျနော်တင်သာမကပါဘူး ကျနော်မိသားစုကိုပါ ပေျာ်စရာတွေ ကြည်နူးစရာတွ အများကြီး သူအရှင်‌ေနခဲ့သလာက်ပးခဲ့ပါတယ်။

အမေကတောင် မနေ့တစ်နေ့က ပြန်ပြောပါသေးတယ် မင်းအသက်ရှည်ရှည်နေနော်တဲ့ အခုတော့ အားလုံးပြီးဆုံးသွားပြီပေါ့ ။

အမေဆု‌ေတာင်းလည်း မင်းမကြားနိူင်တာ့ပါဘူး ။  

ကျေးဇူးတင်ပါတယ်ကွာ မင်းကြောင့်ငါတို့ ပြုံးနိူင်ခဲ့တာတွေ ရယ်နိူင်ခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ် ။ 

ငါမင်းကို သတိရနေမှာ အသေအခြာပါပဲ။


အဓိပတိကမ္မ

08052022 

5/05pm 


 ငရဲကို သက်ရှိထင်ရှား ဘယ်သူမှ မကြုံဘူး မမြင်ဘူးပေမယ့် ထောင်ကိုတော့ လောကငရဲအဖြစ် တင်စားပြောဆိုလေ့ ရှိပါတယ်။ လက်တွေ့မကြုံဘူးကြပေမယ့် ဗုဒ္ဓစာပေမှာ ဖော်ပြထားတာတွေအရ စာတွေ့နဲ့ ငရဲကို ခံစားပြောဆိုကြတာပါ။ ငရဲကြီးရှစ်ထပ်နဲ့ ထောင်နဲ့ဟာ အသွင်သဏ္ဌာန်အရရော အနှစ်သာရပါ သိပ်မကွာခြားလှဘူးလို့ ဆိုကြပါတယ်။ ထောင်ကို အကျဉ်းထောင်၊ နရသိန်၊ ကြေးတိုက်၊ ဘဝတက္ကသိုလ် စသဖြင့် အမျိုးမျိုးခေါ်ခဲ့ကြတယ်။ တကယ်တော့ ထောင်ဆိုတာ အုပ်ချုပ်ရေးယန္တရားအတွက် အသုံးပြုတဲ့ ကိရိယာပါပဲ။




ထောင်ဟာ အုပ်ချုပ်သူတို့ရဲ့ တီထွင်ချက်တခုပါ။ ဒါကြောင့်လည်း ထောင်ဟာ အုပ်ချုပ်သူ အုပ်ချုပ်ခံ ဆိုတာနဲ့အတူ ပေါ်လာတာလို့ ဆိုကြပါတယ်။ အရှေ့တိုင်းမှာတော့ ဘုရင်အုပ်ချုပ်ရေး စတင်ခဲ့တဲ့ မဟာသမ္မတမင်း လက်ထက်ကတည်းက ပေါ်ပေါက်ခဲ့တာလို့ မှတ်သားရတယ်။ အထင်အရှား ရှိခဲ့တာကတော့ ဗိမ္ဗိသာရမင်းပါပဲ။ ကြေးတိုက်အုတ်ရိုးနဲ့အခြေခံအုတ်မြစ်တွေကို အိန္ဒိယ ရှေးဟောင်းအဖွဲ့က တူးဖော်ထားတာတွေကလည်း အထင်ကရပါ။ မြန်မာတို့ရဲ့ ပဒေသရာဇ်ကာလ တလျှောက်လုံးမှာလည်း ကြေးတိုက်ဆိုတဲ့ အမည်ဟာ ထောင်ဝေါဟာရတခု ဖြစ်ခဲ့တယ်။ ထောင်ကို လူတိုင်းက ရွံရှာစက်ဆုပ်ကြတယ်။ ထောင်ဆိုတာ မကောင်းမှုပြုသူတွေရဲ့ ပြစ်ဒဏ်ခံယူရာ အရပ်ဒေသတခုအဖြစ် မှတ်ယူခဲ့ကြတယ်။




ထောင်မှာ ခိုးဆိုး လုယက် လူသတ် မုဒိမ်းသမားတို့သာမက တည်ဆဲဥပဒေနဲ့ ဆန့်ကျင်သူတွေ၊ အုပ်ချုပ်သူရဲ့ အာဏာကို လက်မခံ တော်လှန်သူတွေလည်း အုပ်ချုပ်သူတွေရဲ့ ပြစ်ဒဏ်ပေးတာကို ခံကြရတာပါ။ ဒါကြောင့် ထောင်ဟာ စာရိတ္တပျက်ယွင်းသူတွေသာမက စာရိတ္တ ကောင်းသူတွေလည်း အခန့်မသင့်ရင် နားခိုသွားရတတ်တဲ့ နေရာတခု ဖြစ်ခဲ့တယ်။ ထောင်ကျတယ်ဆိုတိုင်း လူဆိုးတွေရှိတဲ့ အရပ်တခုလို့တော့ သတ်မှတ်ရခက်ပါတယ်။ ထောင်ဆိုတာကတော့ မနေသင့် မနေအပ်တဲ့ ပစ္စန္တရစ်အရပ်၊ မစည်ကားအပ်တဲ့အရပ် ဆိုတာကတော့ အသေအချာပါ။




















😃 ပထမဆုံး ပုသိမ်ထောင်က အခု အမှတ် ၃ ကျောင်းနေရာရဲ့ မြောက်ဘက်မြေနေရာမှာ အကျဉ်းထောင်ကို ဆောက်ပြီး သူ့တောင်ဘက်မှာ တရားရုံး ဆောက်ခဲ့တာ။ ၁၈၈၈ ရောက်မှ လက်ရှိနေရာကို ပြောင်းလဲဆောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် ပုသိမ်ထောင် နေရာဟောင်းအရ ပြောရင်တော့ ရန်ကုန်ထောင်နောက်မှ ဆောက်ခဲ့တာလို့ ဆိုရမှာပါ။ စိတ်ဝင်စားစရာ ကောင်းတာက ဟင်္သာတထောင်ပဲ။




ဟင်္သာတထောင်ဟာ မြန်မာ့တော်လှန်ရေး သူရဲကောင်းတဦးဖြစ်တဲ့ ဗိုလ်မြတ်ထွန်းကို အကြောင်းပြုပြီး တည်ဆောက်ခဲ့တာလို့ ဆိုတယ်။ ပဲခူး၊ ဟင်္သာတနဲ့ ဧရာဝတီဆိုပြီး ခရိုင်ဖွဲ့လို့ ကပ္ပတိန် ဆယ်ယာကို အုပ်ချုပ်ရေးခန့်တာ။ ဗိုလ်မြတ်ထွန်းနဲ့ တော်လှန်ရေးသမားတွေက ဒီဒေသတွေမှာ တော်လှန်တော့ စစ်ပွဲတွေ ရာဇဝတ်မှု ထူပြောလို့ဆိုပြီး ၁၈၅၄ မှာ ဟင်္သာတထောင်ကို ဆောက်လုပ် အုပ်ချုပ်ခဲ့တာ။ ၁၈၆၄ ကျတော့ ထောင်ကိုဖျက်ပြီး ဂတ်တဲလုပ်ခဲ့တယ်။ လက်ရှိအသုံးပြုနေတဲ့ ထောင်သစ်ကို ပြန်လည်တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။




၁၈၇၅ ထဲမှာတော့ မအူပင်ထောင်ကို တည်ဆောက်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၁၅၀ ပြည့်တော့မှာပါ။ စတင်ဆောက်လုပ်စဉ်က မြို့လယ်ခေါင်နဲ့ အတော်လေး ဝေးရာမှာ ရှိခဲ့တာ။ နှစ်တွေကြာလာပြီး မြေပြိုခဲ့တာကြောင့် အခုဆိုရင် မအူပင်မြို့လယ်တောင် ရောက်နေပြီလို့ ဆိုပါတယ်။ မြောင်းမြထောင်ကတော့ ၁၉၀၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့တာပါ။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပြီးမှ ဖွင့်တယ်ဆိုပေမယ့် သူလည်း စောခဲ့တာပါပဲ။ သူ့ထက်စောတာက ထားဝယ်ထောင်ပါ။ ထားဝယ်ထောင်က ဒုတိယ အင်္ဂလိပ်ကျူးကျော်စစ်ပြီးမှ ၁၈၇၂ ခုနှစ်မှာ တည်ခဲ့တာ။ ထားဝယ်မြို့ရဲ့ အရှေ့ဘက် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ လေးထောင့်ပုံ ထောင်တမျိုးပါပဲ။




သရက်ထောင်ကတော့ ၁၈၆၃ မှာ တည်ဆောက်တာ။ စတင်အသက်ဝင်တာက ၁၈၆၉ မှပါ။ ဒီထောင်တည်တာက အင်္ဂလိပ်ကို ပုန်ကန်ခြားနားတဲ့ မြန်မာသူပုန်တွေ၊ တော်လှန်ရေးသမားတွေကို ချုပ်နှောင်ဖို့ ရည်ရွယ်ရင်းပါပဲ။ မြန်မာပြည်အလယ်ပိုင်း ပုန်ကန်ခြားနားသူတွေ အတွက်လို့ ဆိုပါတယ်။ သရက်မြို့ရဲ့ မြောက်ပိုင်းရပ်ကွက်နဲ့ အနောက်ပိုင်းရပ်ကွက်တွင်းမှာ ရှိတာပါ။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး တည်ဆောက်ခဲ့တဲ့ ထောင်ထဲမှာ ပေါင်းတည်ထောင်လည်း အပါအဝင်ဖြစ်ခဲ့တယ်။ ပေါင်းတည်ထောင်ကိုတော့ ၁၈၇၅ မှာ စတင်တည်ဆောက်ခဲ့တာ။ ၁၈၇၈ မှာ စတင်အသုံးပြုခဲ့တယ်။




ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီး ထောင်အားလုံးရဲ့ ဝန်ထမ်းတွေက အိန္ဒိယလူမျိုးတွေ ခေါ်ယူအသုံးပြုခဲ့တာ။ မြန်မာထဲက ထောင်ဝန်ထမ်းလုပ်သူ မရှိသလောက်ပါပဲ။ အစောပိုင်းမှာ ထောင်အုပ်ချုပ်ရေး ယန္တရားဟာ ဆေးမင်းကြီးလို့ခေါ်တဲ့ ကျန်းမာရေးဌာနကပဲ အုပ်ချုပ်ခဲ့တာ။ အချို့ထောင်တွေကိုတော့ ကျောက်ထိုးဆရာတွေက အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီးထိ အကျဉ်းထောင် အုပ်ချုပ်ရေးဟာ တရားရေးဝန်ရဲ့ လက်အောက် မရောက်ခဲ့သေးဘူးလို့ တချို့မှတ်တမ်းများမှာ တွေ့ရကြောင်း တင်ပြလိုက်ပါတယ်။




ဆရာေဋ္ဌး      




































ထင်အရှား ရှိနေတာကတော့ ကိုလိုနီခေတ် ထောင်တွေပါပဲ။ ဒီနေ့အထိ မပျက်မစီး ရှိနေပါသေးတယ်။ အချို့သော ကိုလိုနီထောင်တွေကတော့ လိုအပ်ချက်အရ ဖြိုဖျက်ပြီး အဆောက်အအုံသစ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမကျူးကျော်စစ်ပြီးတာနဲ့ အင်္ဂလိပ် မဟာဝန်ရှင်တော်မင်းကြီးရဲ့ အုပ်ချုပ်ရေးနဲ့အတူ သူ့အုပ်ချုပ်ရေးကို အထောက်အကူပြုမယ့် အကျဉ်းထောင်ဆိုတာလည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါ်လာခဲ့တာ။




ကိုလိုနီခေတ် အစောဆုံးထောင်က စစ်တွေအကျဉ်းထောင်ပါ။ ၁၈၂၇ ခုနှစ်မှာ စစ်တွေမြို့ဟာ အင်္ဂလိပ်အစိုးရရဲ့ ရုံးစိုက်ရာမြို့ ဖြစ်လာတယ်။ ရုံးစိုက်ရာမြို့ ဖြစ်တဲ့အလျောက် ၁၈၂၇ ခုနှစ်မှာပဲ အကျဉ်းသား ၄၆၄ ယောက် ထားနိုင်တဲ့ စစ်တွေအကျဉ်းထောင်ကို တည်ဆောက်ခဲ့တာကြောင့် ဒီထောင်ဟာ ကိုလိုနီယန္တရားရဲ့ ပထမဆုံး အကျဉ်းထောင် ဖြစ်ခဲ့တယ်။ ဒုတိယအကျဉ်းထောင်က ၁၈၃၀ ထဲမှာ ဆောက်ခဲ့တဲ့ သံတွဲအကျဉ်းထောင်ပါ။ မူလအစကတော့ လက်ရှိ သံတွဲဈေးနေရာမှာ ဆောက်ခဲ့တာ။ အကျဉ်းထောင်ငယ်လေးတခုပါ။ (ဃ) အဆင့်ထောင်အဖြစ် သတ်မှတ်ခဲ့တာ။ ၁၈၉၆ ခုနှစ်ထဲရောက်မှ လက်ရှိနေရာမှာ တိုးချဲ့ပြောင်းလဲ ဆောက်လုပ်ပြီး (ခ) အဆင့် အကျဉ်းထောင်အဖြစ် သတ်မှတ်ခဲ့တာ။




၁၈၂၄ အောက်ဗမာပြည်ဖြစ်တဲ့ တနင်္သာရီကို သိမ်းပြီးတဲ့နောက် မလေးရှား ဝန်ရှင်တော်မင်းကြီးအောက်မှာ ထားခဲ့တာ။ အဲ့ဒီအချိန်က ကျိုက္ခမီမှာ ရုံးစိုက်ခဲ့တော့ ကျိုက္ခမီမှာပဲ ယာယီထောင်တခု ဆောက်ခဲ့တာ။ နောက်တော့ မော်လမြိုင်ကို ရုံးပြောင်းစိုက်တယ်။ ဒါကြောင့် ၁၈၃၂ ခုထဲရောက်မှ မော်လမြိုင်ထောင်ကို ဆောက်ခဲ့တာ။ မော်လမြိုင်ထောင်က အင်္ဂလိပ်တို့ တတိယမြောက် ဆောက်ခဲ့တဲ့ အကျဉ်းထောင်ပါ။ (က) အမျိုးအစား အကျဉ်းထောင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီမှာ တခုပြောစရာရှိတာက သထုံအကြောင်းပါ။ ၁၈၂၄ ခုနှစ်မှာ သထုံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပေမယ့် သထုံခရိုင်တခုလုံးက ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပြီးမှ သူတပါးလက်အောက် ရောက်ခဲ့တာ။ ဒါကြောင့် သထုံထောင်ဟာ ၁၈၈၉ ရောက်မှ ထောင်ငယ်လေးအဖြစ် ဆောက်ခဲ့တာလို့ မှတ်တမ်းတွေက ဆိုပါတယ်။




အခုဖော်ပြခဲ့တာဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီး အုပ်ချုပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အကျဉ်းထောင်တွေပါ။ ဘယ်ခေတ်ဘယ်ကာလ ဘယ်အစိုးရမဆို အုပ်ချုပ်ရေး တည်ငြိမ်ဖို့အတွက် ဖိနှိပ်ရေးယန္တရားအဖြစ် အကျဉ်းထောင်ကို အသုံးပြုခဲ့ကြတာ။ ခေတ်များစွာ ဖြတ်သန်းခဲ့ရပေမယ့် အစိုးရဆိုတာနဲ့အတူ ပေါ်လာတဲ့ ထောင်ကတော့ ပပျောက်မသွားတဲ့အပြင် ပိုလို့ တိုးပွားလာတာပဲ ရှိပါတယ်။ အချို့က စာရိတ္တနဲ့ပတ်သက်တာ ဖြစ်သလို အချို့ကြတော့ အာဏာအကြောင်းတရားကြောင့် ပြစ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ချထိန်းသိမ်းခဲ့ခြင်း ခံရတာ။ ကိုလိုနီခေတ်ဦး ထောင်တွေမှာတော့ မြန်မာတော်လှန်ရေးသမားတွေဟာ အများစု ထိန်းသိမ်းခံကြရတာပါ။ အဲ့ဒီခေတ်က အကျဉ်းသားတွေကိုတော့ ဆေးမင်းကြီးလို့ခေါ်တဲ့ ကျောက်ထိုးဆရာတွေရဲ့ လက်အောက်မှာ ထားရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်မှ အကျဉ်းထောင်မင်းကြီးလက်အောက် ထားရှိခဲ့တာပါ။ ကိုလိုနီခေတ်ဦး မြန်မာနိုင်ငံထောင်အကြောင်း ဆက်ပြောဖို့ ရှိပါသေးတယ်။ အခုတော့ ဒီမှာပဲ တခန်းရပ်လိုက်ပါတယ်။




ဆရာေဋ္ဌး




09697867969


09697867969


 

ပွင့်ပွင့်လင်းလင်း ပြောရရင် နင်ကို အခု ငါမလိုချင်တော့ဘူး ငါကိုယ့်ငါပဲ ပြန်လိုချင်မိတာ တစ်ခုပါပဲ ...

နင်နဲ့မပတ်ခဲ့ဘူးတဲ့ အူကြောင်ကြောင်ကောင်ကလေးတစ်ယောက်အဖြစ်ပဲ ငါတကယ် လိုလိုလားလား နဲ့ပြန်လိုအပ်နေတာတစ်ခုပါပဲ မိရှင်နွေရယ် ...

ငါကသာ အဖြစ်တွေသည်းလွန်း ကဲလွန်းခဲ့တာ နင်ကတော ငါနဲ့ပြတ်တာတောင်မကြာသေးဘူး အသစ်တစ်ယောက်နဲ့ အချစ်အဟောင်းမေ့ပစ်နိူင်လိုက်တာ ငါဖြစ် အံ့ဩရတာ တကယ်ပါပဲ မိရှင်နွေရယ် ....

ငါကအရင်လိုပါပဲ ခံစားလွယ်တုန်း သိမ်ငယ်လွယ်တုန်း အားငယ်လွယ်တတ်တဲ့ စုပ်ချာချာ ငါညံ့ ငါနှံတစ်ကောင်အတိုင်းပါပဲဟာ တွေ့သမျှလူတိုင်းရဲ့ လှည့်စားခြင်း ကိုအမြဲခံနေရတာ ခပ်ညံ့ညံ့ ခပ်ပေပေ တစ်ယောက်ကို နင်က ခပ်ခွာခွာ နေခဲ့တာပဲ ကောင်းပါတယ်လို့ အကောင်းဘက်ကနေ မြင်ကြည့်ပေမယ့်လည်း ငါဝမ်းနည်းလာတာပဲ အဖတ်တင်ပါတယ် မိရှင်နွေရေ ...

နင်လည်း နင့်ရည်းစားအသစ်ကြီးနဲ့အစဉ်ပြေဖို့ ကြိုးစားပါ ၊

ငါနဲ့တော့ နာမည်တွေ မှားယွင်းပြီး မခေါ်မိစေနဲ့နော် ဘာမှမဆိုင်တော့ပေမယ့် သူနဲ့ငါ နဲ့က နာမည်ဆင်တူကလေးဆိုတော့ နင်မှားပြီး ခေါ်မိမှာ ဘာမဆိုင်ညာမဆိုင် ငါစိုးရိမ်လို့ပါ ...


နင်ပျော်ပါစေကွာ ငါနဲ့တုန်းက ပျော်ခဲ့သလောက်တော့ နင်မပျော်ရွှင်ပါစေနဲ့ ....



အဓိပတိကမ္မ 





 

အခုလက်ရှိအချိန်မှာ ဖက်ဒရယ် ဖက်ဒရယ် အားလုံးအော်နေချိန် သခင်ကိုယ်တော်မှိုင်းနယ်လှည့်တဲ့ အခါ ပြောလေ့ရှိတဲ့ စကားလေးပြန်သတိရမိတယ် ။ 


"ငါတို့က တို့ဗမာအစစ်ကွ တို့ဗမာသီချင်းထဲမှာ 

ဗမာတစ်ပြည်လုံးကို ဒို့ အိမ်မှတ်ပါ ၊ ဒို့ယာမှတ်ပါ အဲ့ဒါ ဒို့ဗမာ ၊ ငါတို့ဗမာ လို့ 

ဆိုခဲ့ပြောခဲ့တာတွေ ပြန်ကြားယောင်မိရင်း ၊ 

အခုအော်နေကြတဲ့ဖက်ဒရယ် ဆိုတာကြီးကို ကျုပ်တို့က ရယ်ချင်မိတာ အမှန်ပဲ ။


ပြည်ထောင်စုကြီး ချစ်ပါတယ်လို့ ကြွေးကြော်ပြီး ရှမ်းပြည်တို့ ကချင်ပြည်တို့ ကရင် ကရင်နီပြည်တို့ကို သွားရင်တောင် ဗီဇာလျှောက်ရမယ့် အဖြစ်ကို တွေးတွေးပြီး ရယ်ချင်မိ‌တာတော့ အမှန်ပဲဗျို့ ...

ဘာတဲ့ မနေ့တ‌ေန့က ပြည်ဖျက်မီဒီယာမှာ တွေ့လိုက်မိတာ အညာဒေသဖက်ဒရယ်တဲ့ တော်‌‌ေတာ်လည်း သောက်ရှက်မရှိတဲ့ ပြည်ဖျက်အောက်‌တမ်းစား‌ေတွ ။


ဆရာကြီး သခင်ကိုယ်တော်မှိုင်း သာ ဒီအချိန်ရှိကြည့်ပါ့လား ငါကိုင်ပြီး ဆဲလိုက်မယ့် ဖြစ်ခြင်း မြင်ယောင်သေးတယ်......။ 


အဓိပတိကမ္မ 🇲🇲



0


Friday 3 June 2022

 

နိူင်ငံတာ်စီမံအုပ်ချုပ်ရးကာင်စီ ၁၅ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ (ကောက်နူတ်ချက် )

▪️ press Briefing (15/2022)


▪️ယခင်၂၀၁၅ခုနှစ် ငြိမ်းချမ်ရေးအတွက် အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် သဘောတူညီမှု EAOs 14 အဖွဲ့အထိသဘောတူညီမှုရရှိခဲ့ပြီး ဖြစ်ပါလျက်နဲ့ ငြိမ်းချမ်းရေးကိုဖျက်ဆီးလိုသော တချို့သောအဖွဲ့အစည်း/လူပုဂ္ဂိုလ်တွေကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့ပဲ ရေးထိုးနိူင်ခဲ့ပါတယ် ။


▪️NCAနှင့် ၂၁ ပင်လုံညီလာခံ ရဲ့2015-2018-2020ခုနှစ်က အကြောင်းအရာတွေ ပြန်လည်ရှင်းလင်း ပြောပြ ။

▪️ယခု ၂၀၂၂ ခုနှစ်မှာ အဖွဲ့တစ်ဖွဲ့ကို ၃ရက်အထိ ခေါ်ယူငြိမ်းချမ်းရးဆွေးနွေးပွဲအကြောင်းအရာနှင့် သဘောတူညီမှုရရှိသော အချက်အလက်တွေပြောကြား ။

▪️နောက်ပြီး နိူင်ငံရေးပါတီအစုအဖွဲ့တွေကိုလည်း ဒုဗိုလ်ချုပ်ကြီး ရာပြည့် တို့အဖွဲ့က ဦးဆောင်ပြီး ဆွေးနွေးနေပါတယ် ။

▪️တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်‌ေကျးမှုတွေကို ပညာရေးဝန်ကြီးဌာနနဲ့ ညှိ့နှိုင်းပြီး သင်ယူနိူင်အောင် ဆောင်ရွက်‌ေနပါတယ် ။လက်ရှိအထိ တိုင်းရင်းသားဘာသာစကား 72မျိုးအထိ သင်ယူပပေးနေပါတယ် ။

▪️တိုင်းရင်းသားတွေမှာ နိူင်ငံသားဖြစ်ခွင့်ရှိတဲ့အတွက် နိူင်ငံသားကဒ်တွေ ကိုင်ဆောင်နိူင်အောင်ကိုလည်း ဆောင်ရွက်နေပါတယ် ။


▪️သဘာဝဘေးအန္တာရာယ် ကာကွယ်ရေးအတွက် ဒုကာချုပ်ကိုယ်တိုင် ဦးဆောင်ပြီး 

ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာတွေရှိသလို နိူင်ငံတော်ပိုင် မီဒီယာတွေကန‌ေ ၃နာရီတစ်ခါ သတိပေး အသိပေးနေတာတွေလည်း ရှိတယ် ။ 


▪️မီဒီယာတွေအနေနဲ့လည်း မုန်တိုင်းသတင်းတွေကို ဖော်ပြရာတွင် စာတမ်းထိုးတာတင်သာမက ပြည်သူတွေသတင်းမှန်ရလာအောင် ထိ‌ေရာက်‌ေအာင်ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါတယ် ။

▪️တပ်မတော်အနေနဲ့လည်း ဘသာဝဘေးအန္တာရာယ်ဖြစ်လာရင် အမြန်ဆုံးသွားရောက်ကူညီပေးနိူင်စေရန် တပ်ချုပ်က အမိန့်ပေးထားပြီး ြဖစ်ပါတယ်။

▪️မေျာက်ကျောက်ရောဂါနှင့်ပတ်သတ်တာသော ရောဂါလက္ခာဏာနှင့် ကူးဆက်နိူင်ပုံတွေ ရှင်းပြပြီး ရောဂါကာကွယ်ရေးကဏ္ဍတွေကိုပါ ရှင်းရှင်းလင်းလင်းပြောကြား ။

▪️ယခုနှစ် ကျောင်းအပ်နှံမှုအခြေအနေ ပြောကြား ကချင် 101.08% ကရင် 135.41%

ချင်း 66.99 %(အနည်းဆုံး)း

စစ်ကိုင်း 49.45% မကွေး 100.54%

ရန်ကုန် 118.56% ဧရာဝတီ 110.92 %(အများဆုံ)း စသဖြင့် ။


▪️ကလေးတွေပညာရေးအတွက် အစိုးရမှာတင် တာဝန်ရှိတာ မဟုတ်ပဲ မိဘပြည်သူတွမှာလည်း တာဝန်ရှိပါတယ် ။


▪️သရက်ချောင်း PDFအဖွဲ့တွေ ကျောင်းသုံးစာအုပ်‌ေတွကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးမှု မှတ်တမ်းတွ ပြသ ။( ဒါတွေက ကျနော်နိူင်ငံရဲ့ အနာဂတ်ကို ဖျက်ဆီးနတာဖြစ်ပါတယ်) ဟု ပြောကြား ။


▪️ကသာ ထားဝယ် ကလေး မြိုနယ်တွေမှာ ယခင်လအတွင်း စာသင်ကျာင်း‌ေတွ မီးရှို့ခံရ။ ‌ေေ‌ကျောင်းမီးရှို့ခံရခြင်း ၃ကြိမ် အထိရှိခဲ့ပြီး

နောင်ချို မြို့နယ်တွင်လည်း ပညာ‌ေရးမှုးရုံး မီးရှို့ခံရ ပြီး ပညာရးဝန်ထမ်းတချို့ အသတ်ခံရ ။


▪️ကျောက်မဲခရိုင် ၂၀၂၀ မဲခိုးမှု ပြဿနာ နှင့် NLD ကိုယ်စားလှယ် အသတ်ခံရမှုကို ရှင်းလင်း ။


▪️NLD ပါတီဖျက်သိမ်းရန်ကိစ္စကို ဝေ့လည်ကြောင်ပတ် နစက - UEC မှ ပြန်လည်ဖြေဆို 😁


▪️ကျောင်းတွေဖွင့်လှစ်နိူင်‌ေရးကို ဆောင်ရွက်‌ေန‌ေသာ‌်လည်း ပညာရေးဝန် ထမ်းတွနဲ့ ကျောင်းသား/သူတွေ

အန္တာရာယ်ကင်းကင်း နှင့် ပညာသင်ကြားနိူင်အာင် တပ်မတော် ရဲတပ်ဖွဲ့ စစ်မှုထမ်းဟောင်းများနှင့် ရပ်မိရပ်ဖတွေ ပူပေါင်းပြီး ထိုက်သင့်သလောက် လုံခြုံရေးပေးနေပါတယ် ။ ပြည်သူတွေအနနဲ့ ဝိုင်းဝန်းပူပေါင်းပါဝင်ပေ‌ေးစ‌လို ပါတယ် ။


▪️ယခုငြိမ်းချမ်းရေး‌ေဆွး‌ေနွးပွဲကို မသိချင်ယာင်ဆာင်‌ေနသူ‌ေတွ သိအောင် မကြားချင်ယာင်ဆာင်နသူတွကြားအောင် ကျနော်တို့အနနဲ့ လုပ်ဆောင်သွားမှာ ြဖစ်သည်။


▪️


▪️တပ်မတော်ပိုင် စက်ရုံ‌ေတွက‌ေန ကျောင်းဝတ်စုံနှင့် စာအုပ်တွေကို ထုတ်လုပ်ပြီး ကျောင်းသားတွေကို နှစ်စမှာ တစ်ကြိမ် နှစ်အလယ်ပိုင်းမှာ နေ ဆာက်တစ်ကြိမ် ဆက်လက်ထာက်ပံ့သွားမှာဖြစ်ပါတယ် ။


▪️တိုက်ရဲရမယ် သေရဲရမယ် သတ်ရဲရဲမယ် ဆိုတဲ့ ယခင်က ဗကပ လမ်းစဉ်ကို လိုက်ခဲ့သူတွ ဘယ်လိုဖြစ်သွားသလဲ သတိရပါ ။

အရှုံးမပေးသေးသ၍ ငါတို့နိူင်တယ်ဆိုတာ စကားလုံးအရ နားထာင်လို့ကာင်း‌ေပးမယ့် လက်တွေ့မှာတော့ မကောင်းတာတွေ အများကြီး ရှိနေတယ်။


▪️ဖြိုးဇေယျာသော်နှင့် ဂျင်မီ ရာဇသတ်ကြီးအမှုတွေအတွက် ပြည်သူလူထုကို ရက်ရက်စက်စက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့အတွက် ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပေးထားပါတယ် ပေးပါလိမ့်မယ် ။


▪️နေပြည်တော် ပြည်ခိုင်ဖြိုးရုံးချုပ်မှာ အကြမ်းဖက်းဘေးရှောင် ပြည်သူ ၂၃၀ကျော်ရှိပြီး ဝန်ထမ်း ၄၀ ကျော် ရှိတယ်။

အားလုံးက မိသားစုဝင်တွေ အသတ်ခံထားရသူတွေဖြစ်တယ် တချို့ဆိုရင် မိသားစုဝင် ၄ဦးအထိ အသတ်ခံထားရသူတွေ ြဖစ်ပါတယ်။ သူတို့ကို ပါတီက နှစ်ကြိမ် ထောက်ပံ့ပေးထားပြီး အစိုးရအနေနဲ့ ထောက်ပံ့ပေးမှုတွေ မရှိသေးသလို နေရပ်ကိုလည်း တစ်နှစ်ကျော်တဲ့အထိ အိမ်ကို ပြန်နိူင်ကြ‌ေသးပါဘူး (ဦးလှ‌ေဆွ(ဘူးလက်)-လွှတ်တော်ကိုယ်စားလှယ်ဟောင်း )

ပင်စင်စားတွေကို လစာ‌ေနပြည်‌ေတာ်မှာ ပဲ ထုတ်နိူင်အောင် ဆောင်ရွက်‌ေပးသွားမှာဖြစ်ပါတယ် ။ 

(လူကယ်ပြန်ဌာနမှ တာဝန်ရှိသူမှ ဝေလည်‌ေကြာင်ပတ် ဖြေဆိုသွားပါတယ် )


▪️ဖက်ဒရယ် ဒီမိုကရေစီစနစ်နဲ့ သွားမည်ဖြစ်၍ လိုအပ်လျှင် ဖွဲ့စည်းပုံကို လိုအပ်ရင် ပြင်ဆင်ပေးသွားမှာ ဖြစ်တယ် ။ 

" ဝ "ဒေသတွင်သာမက တခြားတိုင်းရင်းသားဒေသတွေကိုပါ ယခုထက်ပိုပြီး ရပိုင်ခွင့်‌ေတွကို ပေးသွားဖို့ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမှာပါ ။ 

ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး ပါတီစုံဒီမိုကရစီကို အခြေခံပြီး ဖက်ဒရယ်စနစ်နဲ့ ရှေ့ဆက်သွာပါးမည် ။


▪️စက်သုံးဆီဈေးနဲ့ ပတ်သတ်ပြီး မြန်မာပြည်မှာ တင်သာမက ကမ္ဘာမှာပါ တက်နေတာပါ ။ အာဆီယံနိူင်ငံမှာ ဆိုလျှင် မြန်မာပြည်က အဆင့်10 အထိ ဈေးနှုန်းချိုနေတာ မြင်တွေ့ရမှာဖြစ်တယ် ။ မြန်မာထက်ဈေးနှုန်းချိုသာသာ နိူင်ငံ နှစ်နိူင်ငံ သုံးနိူင်ငံသာ ရှိနေတယ်။ ဆီလုံလောက်မှုကို ယခုလ ၁၆ရက်နေ့အထိ ပြည့်စုံလုံလောက်ပြီး ြဖစ်ပါတယ်။


▪️CDM ဆရာ ဆရာမ တွေအတွက် အချိန်တိုးမြှင့်ပးထားတယ် လစာဖြတ်တာတွေ မရှိပါဘူး ၊ အစားထိုးဆရာမတွကို သင်တန်းပေးပြီးမှ တာဝန်ပးတာဖြစ်တယ် ၊ ကျောင်းလုံခြုံရေးအတွက် အခင်နှစ်ကထက် ပိုပြီး တတ်နိူင်သမျှလုံခြုံအောင် ဆောင်ရွက်နပါတယ် ။ 

ကျောင်းလုံခြုံရေးအတွက် ပြည်သူတွေပါဝင်လာမယ်ဆိုရင်အချိန်မရွေး ဝမ်းသာစွာ ကြိုဆိုပါတယ် ။ တစ်ချို့ဒေသတွေမှာ ပြည်သူစစ်အဖွဲ့တွေ လက်တွေ့ဆောင်ရွက်နေပါတယ် ။


▪️တပ်မတာ်အနေနဲ့ လိုအပ်တဲ့‌ေနရာတွေမှာ လိုအပ်တဲ့ လုံခြုံရေးတွေ လိုအပ်တဲ့ စစ်ဆင်‌ေရးတွေ ဆောင်ရွက်‌ေနပါတယ် ။

KNU သိမ်းယူလိုက်တဲ့ စခန်းက ပြောပလောက်တဲ့ စခန်းမဟုတ်ဘူး ဆိုတာကုိလည်း ပြောချင်ပါတယ် ။ 


▪️နိူင်ငံ့ဝန်ထမ်‌ေးတွအတွက် လစာတိုးမြှင့််ပေးဖို့ အစီအစဉ်မရှိသးပါဘူးတဲ့ 😁


▪️လက်ရှိမြန်မာနိူင်ငံရဲ့လူဦးရေက ၅၅ သန်းအထိရှိလာခဲ့ပြီး ။ လဝက စာရင်းအရ ၁နှစ်ကို ၁၈နှစ်ပြည့်ပြီးသူ ၅သိန်းကျော်ထိ နှစ်စဉ် ရှိနေပါတယ် ။


▪️ဘာမှန်းမသိဘူး USA သမ္မတ ဘိုင်ဒန်ကို စိန်ခေါ်သွားတာပါပဲ 😁


#အဓိပတိကမ်မ 🇲🇲

01062022 15/22

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...