Saturday 18 June 2022

ဗိုလ်ဆိုး

 

ဒီနေ့ 08052022 ညနေ 4 45 မိနစ်မှာ ကျနော်ရဲ့ဗိုလ်ဆိုး ဆုံးသွားတယ် မဆုံးခင် တစ်နာလောက်တုန်းက ဆေးတိုက်လိုက်ရပါ‌ေသးတယ် ၊ အစာတွေရော ကျနော် ဖြစ်နိူင်သလောက် ကျွေးလိုက်ရတယ် ၊ နောက်တစ်‌ေခါက် သူအခြအ‌ေနပြန်ကြည့်လိုက်တာ့ အသက်မပါတာ့တဲ့ သူရဲ့ ရုပ် ခန္ဓာကိုယ် ကိုသာ ကျန်ရှိနေတော့တယ် ။

ကျနော်အတွက်သူက ပထမဆုံး အိမ်မွေးကြက်ကလေးပါပဲ ၊ အချိန်တွေ အများကြီးကျနာ်နဲ့ သံယောဇဉ်တွ ဖြစ်နေခဲ့တယ် တခြားကြက်ကလေးတွေ ခဏကြာရင် ခွဲခွါသွားတတ်‌ေပမယ့် သူကတာ့ ရှိနေခဲ့တာပါ ။ 

အမှတ်တရတွေအများကြီး ရှိခဲ့တယ် ၊ မမေ့နိူင်စရာတွေ ရှိခဲ့တယ် ၊ တခြားကြက်‌ေတွနဲ့မတူတာတွေ ရှိတယ် ၊ သူနဲ့လူတွေရဲ့ဆက်ဆံရေးက ကြီးကြီးမားမားရှိခဲ့တယ် ။

ကျနော်တင်သာမကပါဘူး ကျနော်မိသားစုကိုပါ ပေျာ်စရာတွေ ကြည်နူးစရာတွ အများကြီး သူအရှင်‌ေနခဲ့သလာက်ပးခဲ့ပါတယ်။

အမေကတောင် မနေ့တစ်နေ့က ပြန်ပြောပါသေးတယ် မင်းအသက်ရှည်ရှည်နေနော်တဲ့ အခုတော့ အားလုံးပြီးဆုံးသွားပြီပေါ့ ။

အမေဆု‌ေတာင်းလည်း မင်းမကြားနိူင်တာ့ပါဘူး ။  

ကျေးဇူးတင်ပါတယ်ကွာ မင်းကြောင့်ငါတို့ ပြုံးနိူင်ခဲ့တာတွေ ရယ်နိူင်ခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ် ။ 

ငါမင်းကို သတိရနေမှာ အသေအခြာပါပဲ။


အဓိပတိကမ္မ

08052022 

5/05pm 


No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...