Sunday 19 June 2022

 

ငါအရိုးသားဆုံး‌ေပြာရရင် နင်ကိုငါမပြတ်နိူင်သးဘူး ။

နင်နဲ့ရှိခဲ့တဲ့နေရာလေးတွေမှာ 

နင်နဲ့ရှိခဲ့တဲ့ညနေအချိန်‌‌တိုင်း 

အဲ့ဒီ‌‌မိှန်ပြပြလမ်းလေးထဲ နင်ကို သတိရတဲ့စိတ်တွေနဲ့ 

ငါတ‌ေယာက်တည်း လမ်းလျှောက်ချင်နေမိသေးတယ် ။


ငါနင့်ကို သတိတွေရနေသေးတယ် ဆယ်ကျော်သက်ကလေးတစ်ယောက်လိုပဲ

 နင့်ကို မက်မက်မောမော တမ်းတမ်းတတ ဖြစ်နေသေးတယ် ။

ဆယ်စုနှစ်တစ်ခုလောက်ထိ ငါနင့်ကို ချစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိသေးဘူး ၊

 ဒါဒါပေမယ့်လည်း အခုဆို ဆယ်စုနှစ်တစ်ခုစာတောင် ကျော်‌ေနပြီ ၊

 ခံစားချက်တွကတာ့ အရင်ကအတိုင်းပဲ ဘာမှရင့်ကျက်မလာသးဘုး ၊ 

ကဗျာအတိုအစလေးတွေဖတ်ပြီး နင့်ကိုလွမ်းတယ် ၊

 သီချင်း ပေါ့ပျက်ပျက်တွေ နားထာင်ပြီး သတိတွေရနေ‌ေသးတာပါပဲ ။


နင်ကတော့ မေ့လောက်‌ေရာ့ ပေါ့

ငါနဲ့ပျော်ခဲ့ရတဲ့ နင့်ရဲ့ရယ်သံတွေက

 နင့်အတွက် မလုံလောက်ခဲ့ဘူးဆိုတာကို ငါတကယ်မသိခဲ့ဘူး ရှင်နွေရယ် .....။


နင်အခုတွဲ‌ေန တဲ့ ကောင်‌ေလးကို ငါဘယ်လာက်ဂရုစိုက်တဲ့အကြာင်းတွကိုရော ပြောမိ‌ေသးလား ?

 ငါနင့်ကို ပြောဖြစ်ခဲ့တဲ့ ဟာသအတိုအထွာ‌ေတွ‌ေရာ သူနင့်ကို ပြောပြရဲ့လား ? 

ငါထက်တာ့ နင့်ကိုပိုပြီး ပျော်အာင်ထားနိူင်လို့ ငါမျှော်လင့်ပါတယ် ၊ 

ငါနဲ့ပျော်ခဲ့သလာက်တော့ မပျော်ပါနဲ့ (ဒါဟာငါရဲ့က‌ေလးဆန်မှုတစ်ခုပေါ့)....


အဓိပတိကမ္မ




No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...