Saturday 7 May 2022


 နစကကောင်စီ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ကောက်နှုတ်ချက် #27042022


▪️၂၀၀၈ ခြေ/ဥသည်လည်း လူထုဆန္ဒခံယူပွဲလုပ်ပြီးအတည်ပြုထားတဲ့ ခြေ/ဥဖြစ်တယ် ။

▪️အကြမ်းဖက်တိုက်ခိုက်မှု‌ေတွ‌ေကြာင့်ရွေးကောက်ပွဲမလုပ်ရရင် ပြည်သူတွေပဲ နစ်နာစေတာဖြစ်တယ် ။

▪️ပြည်သူစစ်အဖွဲ့‌ေတွကို တရားဝင်ဖွဲ့စည်းထားသည် ၊ ဒေသခံအဖွဲ့အစည်း‌ေတွရဲ့တာင်းဆိုမှု‌ေကြာင့် ဖွဲ့စည်းထားတာ‌ေတွရှိတယ် ၊ ပြည်သူပါဝင်တဲ့ ပြည်သူ့စစ်အင်အားကို လိုအပ်သည့်အ‌ေထာက်အပံ့ပစ္စည်း‌ေတွကုိ လိုအပ်သလောက်တိုးမြင့်တပ်ဆင်ပေးမည် အစီအစဉ်တွေရှိသည် ။


▪️တိုင်းဒေသကြီးနဲ့ပြည် န‌ယ်တွေ

မယ် စစ်ရှောင်စခန်း‌ေတွကို လူကယ်ပြန်ဝန်ကြီးဌာန နဲ့ပူး‌ေပါင်းပြီ းဖွင့်လှစ်နိူင်ရန်ဆောင်ရွက်‌ေနတာ‌ေတွ ရှိပါတယ် ။


▪️စစ်ပွဲဖြစ်နေရင်တောင် ကျောင်းတွေ ဆေးရုံတွေကိုတော့ ဖွင့်ထားရ‌ေပမယ့် ကိုဗစ်‌ေကြာင့် အောက်ဆီဂျင်လိုအပ်လို့ သယ်တဲ့ကားကို မိုင်းခွဲတယ် ၊ဆေးရုံတွေဖွင့်ထားရင် ဆရာဝန်သူနာပြုတွေကို အသက်အန္တာရယ်ခြိမ်းခြောက်တယ်။စာသင်‌ေကျာင်း‌ေတွ ဖွင့်ဖို့ အစည်းအ‌ေဝးပွဲကျင်းပ‌ေနတဲ့ ဆရာ/မတွေရှိတဲ့‌ေကျာင်းကုိ ဗုံးခွဲသွားတယ် ၊  

အဲ့ဒီလူ‌ေတွ ဖွင့်တဲ့စာသင်ကျောင်‌ေးတွ ဆိုတာ မျောက်ပြပြီး ဆန်တောင်‌ေးနတာပါပဲ ။


▪️ဆာဆာကာဝါသည် AAနဲ့ ငြိမ်းချမ်းရေးဆွေးနွေး‌‌ပွဲတွေအတွက်ပါဝင်တာဖြစ်ပြီး တခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေ းတွေ့ဆုံဆွေးနွေးပွဲတွေနဲ့ မသက်ဆိုင်ပါဘူး ။


▪️ EAO sတွေက အစိုးရကတစ်မျိုး တပ်မတော်ကတစ်မျိုးလို့ အရင်က ပြောခဲ့တာတွေရှိခဲ့ပေတယ် ၊ ကာချုပ်တစ်ယောက်တည်းပဲရှိတဲ့အတွက် 

လက်ရှိငြိမ်းချမ်းရေး‌ေ‌ဆွးနွေးပွဲသည် အကောင်းဆုံးအချိန်ဖြစ်သည် ။ 

ဒီလိုအချိန်မှာ Eaos များအ‌ေနနဲ့ တိုင်းရင်းသားပြည်သူအကျိုးကို ကြည့်ပြီး ဆွေးနွေးစေချင်ပါတယ် ။ 

▪️ သတ္တိရှိလို့ စစ်တိုက်ရဲရင် သတ္တိရှိရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်လာခဲ့ဖို့ဖိတ်‌ေခါ်ပါတယ်။


▪️ရာဇဝတ်မှု ကျုးလွန်ထားခြင်း မရှိသေးရင် တောထဲ‌ေရာက်နတဲ့ လူငယ်‌ေတွကို ပြန်လည်လက်ခံသွားဖို့ ရှိပါတယ် ။

ဘယ်သူသေ‌ေသ မြန်မာပြည်သားတွပဲ သေဆုံးတာဖြစ်လို့ အကြမ်းဖက်သမားတွေ သေဆုံးတာ‌ေတွကိုလည်း ဘာမှထူးပြီး ဝမ်းသာစရာမရှိပါဘူး ။


▪️မီဒီယာများအ‌ေနနဲ့ အခုလက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သတ်လို့ ဂုဏ်သိက္ခာရှိရှိ အပြုသဘောမျိုးနဲ့ သတင်း‌ေတွရေးဖို့ တောင်းဆိုချင်ပါတယ် ။


▪️PDF တွေကို လက်နက်တပ်ဆင်‌ေပး သင်တန်းပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုပြောချင်တာက ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တောင်းဆိုနေတာ‌ေတွက ဘာလဲ ၊ ရပ်တည်‌ေနတာ‌ေတွက ဘာလဲ ၊ 

မဲလိမ်မဲခိုးလုပ်ပြီး တွေ့ဆုံ‌ေဆွးနွေးရေးလမ်းကို မရွေးချယ်ပဲ လက်နက်ကိုင်လမ်းစဉ်‌ေရွးချယ်ခဲ့တဲ့လူ‌ေတွနဲ့ မပူးပေါင်းဖို့နဲ့ မိမိတို့ရဲ့ ဒေသအကျိုး မိမိတို့ရဲ့ ပြည်သူအကျိုးကို ကြည့်ပြီး ပါတီစုံဒီမိုကရေစီ ဖက်ဒရယ်ပြည်ထာင်စုစနစ်ကို တပ်မတော်က အာမခံပြီး ငြိမ်းချမ်းရေး‌ေ‌ဆွးနွေးပွဲ့ကို လာ‌ေရာက်တက်ဖို့ ဖိတ်ခေါ်ပါတယ်။ 

တပ်မတော်အနေနဲ့တိုင်းဒေသကြီး/းပြည်နယ်လွှတ်‌ေတာ်‌ေတွကို ဝန်ကြီးချုပ်ခန့်သွားပေးဖို့အထိရှိပါတယ် ။


▪️ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး 2022မှာ လုပ်ဆောင်မည့် မဟာဗျုဟာ နည်းဗျုဟာတွေ အများကြီးရှိပါတယ် ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ‌ေတွ အောင်မြင်‌ေအာင်‌ေဆာင်ရွက်သွားမည် အောင်မြင်သွားရင် တပ်မတော်အ‌ေနနဲ့ မိမိ‌ေနရာပြန်သွားပါလိမ့်မယ် ။ 


▪️လာမည်ငြိမ်း‌ချမ်းရး ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ နဲ့ ‌ေတွဆုံဖို့ ရှိပါတယ်၊ Eaos‌ေတွကလည်း တွေ့ဆုံဖို့ ဆန္ဒရှိ‌ေနတယ်လို့လည်း ကြားသိရပါတယ်။


▪️အုပ်ချုပ်ရေးမှုး‌ေတွကို ကာကွယ်ပေးနိူင်မှု‌ေတွ လစ်ဟင်းခဲ့တာ မှန်ပါတယ် ၊ ဒါပေမယ့် အုပ်မှုး‌ေတွ‌ လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းတွေကို တပ်ဆင်‌ေပးနိူင်အာင် ဆောင်ရွက်‌ေနပါတယ် ။ 


▪️အသက်အန္တရာယ်ခြိမ်း‌ေခြာက်ခံ‌‌ေနရတဲ့ သတင်းထောက်‌ေတွအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးဌာန‌ေတွကို ဆက်သွယ်လာရင် လုံခြုံ‌ေရးအရလိုအပ်တာတွေကို တတ်နိူင်သလောက် စီစဉ်‌ေပး‌ေနပါတယ် ။


▪️ကုန်ဈေးနှုန်း‌ေတွ ကျဆင်း‌ေအာင် လုပ်ဆောင်နေပါတယ် ၊ ကျဆင်းလာမယ်လို့လည်း မျှော်လင့်ပါတယ် ။


▪️အကြမ်းဖက်သမားတွေ ပြန်လွှတ်ပေး‌ေနခြင်းကို ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသားတွေ လွှတ်‌ေပးခြင်းကို ကြည့်ရင် မူတွေပြောင်းနသိပြီဆိုတာ သိရပါလိမ့်မယ် ၊ နစကအ‌ေနနဲ့ပြောင်းလဲပြီး ဆောင်ရွက်‌ေနခြင်း‌ေတွ မြင်‌ေတွ့ရပါလိမ့်မယ် ။


#အဓိပတိကမ္မ 🇲🇲


09697867969

 စနစ်နဲ့ ကိုယ်ကျင့်တရား (System and Morality)အရေးကြီးပုံကိုမသိရင်စစ်မှန်သော ဒီမိုကရေစီ မရနိူင်ပါ 


အားမနာတမ်းပြောရရင်

ကျနော်တို့ မြန်မာအများစုက ပြဿနာတိုင်းကို မိမိယုံကြည်ချက်ထားရှိတဲ့အရာတွေအပေါ်မှာသာ အခြေခံစဉ်းစားတတ်ကြပြီးတော့ အချက်အလက်‌တွေကိုအခြေပြုပြီးစဉ်းစားတတ်ဖို့ တွေးခေါ်တတ်ဖို့ကို အခုချိန်ထိ စိတ်မပါတတ်ကြပါဘူး။ 


အချက်အလက်တွေအပေါ် အခြေပြုပြီး စဉ်းစားတတ်တဲ့လူနည်းစုကလည်း အချက်အလက်တွေက မှန်ကန်မှုရှိမရှိကိုလည်း စီစစ် စစ်ဆေးပြီး သိနိူင်မြင်နိူင်ခြင်းတွေလည်း အင်မတန်နည်းပါးလွန်းပါ‌သေးတယ် ။

နိူင်ငံရေးပြဿနာတွေပေါ်လာတိုင်း

ပြဿနာတွေကို ရှုမြင်ရာမှာလည်း မိမိချစ်တဲ့အဖွဲ့အစည်း/လူပုဂ္ဂိုလ် တွေက ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် အမြဲမှန်နေတယ်လို့ ယူဆတတ်ကြပြီး ၊ မိမိတို့နဲ့ပြိုင်ဘက်တွေ မိမိတို့နဲ့ အမြင်မတူသူတွေ ဘာလုပ်လုပ် အမှားအယွင်းတွေ အဖြစ် အမြဲမြင်တတ် သမုတ်တတ်ကြပြီး ရန်သူအဖြစ် သဘောထားတာမျိုးတွေ အပုပ်ချတိုက်ခိုက်တာ‌တွေ အများကြီး တွေ့နေရတယ် ။


ဒီနေရာမှာ ဖြစ်ပေါ်လာတဲ့ အနေအထားကတော့ ဖြစ်ရပ်ကို ဘက်နဲ့ကြည့်ပြီး ချစ်လုံးလုံးမုန်းလျားလျား စိတ်အခံ‌တွေနဲ့ တစ်ဖက်ဖက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ။ (ဥပမာ-မနီရင်အစိမ်း မစိမ်းရင်အနီီ ဆိုတဲ့ လော့ဂျစ်တွေပေါ့) 

နောက်ပြီးတော့ ကိုယ့်အမြင်က အမှန် 

ကိုယ်သိထားတာတွေက အမှန် တခြားဟာတွေတခြားအမြင်‌တွေက အမှားတွေလို့သတ်မှတ်တတ်ပြီး မိမိကိုယ်တိုင်က ဒီမိုကရေစီဆန်ဆန်မတွေးမခေါ်တော့တာမျိုးတွေအထိဖြစ်နေတာတွေ မြန်မာပြည်မယ် အများကြီးရှိနေပြီး ပြည်သူတွေတင်သာမက နိူင်ငံရေးသမားတွေအထိပါ အမြစ်တွယ်နေပါသေးတယ် ။


ဒီလိုနဲ့ပဲ ပြဿနာတစ်ခုကို အဖြေရှာကြတဲ့အခါတိုင်း တစ်လမ်းသွား၊ တစ်ဖက်ပိတ် အမြင်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး အကျိုးအကြောင်းသင့်လျော်တဲ့ အဖြေတွေထွက်ပေါ်လာဖို့ ခက်ခဲသွား‌စေခဲ့တာပါ။

အကျိုးအကြောင်းမသင့်လျော်တဲ့ အဖြေတွေနောက်ကနေ မဖြစ်သင့်တဲ့အပြုအမူတွေကိုပါ ထပ်မံလုပ်ဆောင်လာကြပြီး အခုလို တတိုင်းပြည်လုံး မငြိမ်းမချမ်းတဲ့အခြေအနေသို့ ကျနော်တို့အားလုံး ခုန်ဆင်းသွားခဲ့တာပါပဲဗျာ ။


ပြည်သူတိုင်းကတော့ "ဒီမိုကရေစီ"လို့ အမြဲအော်နေကြတာပါပဲ ၊ ဒါပေမယ့်ဒီမိုကရေစီဆိုတာ ဘာလဲသေချာမသိကြသေးဘူး။

ဒီမိုကရေစီရဲ့ ကျင့်ဝတ်တွေကို ‌ကောင်းစွာမသိကြသလို လိုက်နာနိူင်မှုကလည်း နတ္ထိပါပဲ ။ ဒီမိုကရေစီရဲ့ အနှစ်သာရ‌တွေကိုလည်း သေချာမသိထားကြသေးပါဘူး ။

ကျနော်တိုင်းပြည်ကို ဒီမိုကရေစီ စနစ်နဲ့ရှေ့ဆက်စေချင်ရင်တော့ အများပြည်သူကို ဒီမိုကရေစီ နဲ့ ပတ်သက်ဆက်နွယ်သော စနစ်နဲ့ ကျင့်ဝတ်တရား (System and Morality) ‌ေတွေရဲ့အရေးကြီးပုံ တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြည်သူတွေသိလာအောင် ဆောင်ရွက်သင့်ပါတယ် ။

ပြောလို့သာ ပြောနေရတာပါ တော်တော်များများက မဆလခေတ်က သင်ခဲ့ရတဲ့ ပြည်သူ့နီတိတောင် ကောင်းကောင်းမဖတ်ဖူးကြသေးပါဘူးဗျာ ။


ပြောနေကြအတိုင်းပဲ ပြန်ပြောရရင် မြန်မာပြည်သူအများစုက ဒီမိုကရေစီအတွက် လက်ရှိအချိန်မယ် အသင့်အဖြစ်သေးဘူးဆိုတာကိုပဲ ပြန်ပြောရပါလိမ့်မယ် ။ 



#အဓိပတိကမ်မ 🇲🇲

 မြန်မာ့တပ်မတော်မှ လိုင်ဇာမြို့ကို သိမ်းပါတော့မယ် ၊ မိုင်ဂျားယန်ကိုလည်း သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပါပြီတို့ နဲ့ အမျိုးမျိုးလော်ကြပါတော့မယ် ။

တပ်မတော်ဘက်ကလည်း 

NUG တို့ရဲ့ မြို့သိမ်းတိုက်ပွဲတွေလိုပဲ လေလှိုင်းထဲမှာတင် လမ်းဆုံးနေကြတာ မြင်ရပါတော့မယ် ။


အရင်လိုပဲ လိုင်ဇာနားကပ်ပြီး စုပေါင်းထမင်းချက်စားပြီး ပြန်လာကြအုန်းမှာလားလို့ 

အောင်တပ်မတော်ကြီးကို မေးချင်ပါတယ် ။ 😁🤭

 ပညာရှင်အများစုကတော့ ကျနော်တို့ နိူင်ငံကို "သယံဇာတ ကျိန်စာသင့်နေတဲ့ တိုင်းပြည်"တဲ့ 


ကျနော်အမြင်ကတော့ သယံဇာတ ကျိန်စာသင့်တာတင်မကဘူး အသိဉာဏ်ကျိန်စာပါ သင့်နေသော တိုင်းပြည်တစ်ခုအဖြင့်ပါ မြင်နေမိတယ် ။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား မိန့်ခွန်းကောက်နှုတ်ချက် 


▪️"အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကိုထောက်ခံပံ့ပိုးနေတဲ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသည်အထိ နှိမ်နင်းမယ်" 


▪️"လက်ရှိအကြမ်းဖက်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဆီက မြစ်ဖျားခံလာတာတွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို မကူညီမထောက်ပံ့ဖို့" 


▪️"ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားအင်အားစုတွေဟာ တပ်မတော်ကိုပြိုကွဲအောင် ပြည်တွင်းပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် တပ်တွင်းစည်းလုံးရေးအမြဲရှိနေဖို့လိုအပ်မှာဖြစ်တယ်" 


လို့တပ်မတော်နေ့အခမ်းအနား မိန့်ခွန်းမှာတပ်ချုပ်ကပြောပါတယ်။


အဓိပတိကမ်မ 🇲🇲

 နိူင်ငံရေးစကားပြောတော့မယ်ဆိုရင် အပြန်အလှန်လေးစားမှု ရှိကြရပါမယ် ။


အပြန်အလှန်လေးစားမှုမရှိရင် အချင်းချင်းပဲဖြစ်ဖြစ် ပြိုင်ဘက်တွေပဲဖြစ်ဖြစ် ရန်သူတွေပဲဖြစ်ဖြစ် တိုင်းပြုပြည်ပြုနိူင်ငံရေးစကားပြောလို့မရဘူး ။ 


စကားပြောလို့မရရင် နိုင်ငံရေးလုပ်လို့မရဘူး ။

နိူင်ငံရေးသမားတွေစကားမပြောပဲ နိူင်ငံရေးလုပ်ရင် နိူင်ငံပျက်ဆီးရာပျက်ဆီးကြောင်းပဲ ဖြစ်နေလိမ့်မယ် ။


မြန်မာပြည်မှာ နိူင်ငံရေးလုပ်နေကြတဲ့ လူအများစုက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အထင်သေး‌ေနကြသလို အမုန်းတရား‌ေတွကလည်း တင်းပြည့်ကျပ်ပြည့် ရှိနေသမျှ ဘယ်တော့မှ တိုင်းပြုပြည်ပြုနိုင်ငံရေးလုပ်မရနိုင်ပါဘူး။


ပြည်သူပြည်သားအားလုံး မတူညီမှုတွေကို အပြန်အလှန်လေးစားတန်ဖိုးထားတတ်သော အမူအကျင့်တွေ နှလုံးသားတိုင်းမှာ အမြန်ဆုံးတည်တံ့ပါစေ ...။


#အဓိပတိကမ်မ



 နိုင်ငံတော် ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သရေစည်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား သတိုးမဟာသရေစည်သူဘွဲ့နှင့် သတိုးသီရိသုဓမ္မဘွဲ့ နှစ်ခုအား နိုင်ငံတော် ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတိုးမဟာသရေစည်သူ သတိုးသုဓမ္မဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးအပ်ချီးမြင့်လိုက်ပါသည်။🙄

 

ငါတော့ နားမလည်‌ေတာ့ဘူး

နားလည်တဲ့လူတွေလည်း ရှင်းပြကြပါအုံးဗျာ...။


#အဓိပတိကမ်မ


 ကိုယ့်စရိုက်က လူတွေနဲ့ မျှောမလိုက်တတ်တာ

နောက်ပြီး မျှောလိုက်နေတဲ့လူတွေကြည့်ပြီးလဲ ပြုံးကြည့်နေတတ်တာ ကျနော်ပါ 🤗


အဓိပတိကမ်မ

 ဒီကောင်တွေ အသေရရ အရှင်ရရ သတ်ချင်နေတဲ့စာရင်းထဲမှာ အဓိကပါဝင်နေတဲ့ ကိုယ်က ဒလန်တစ်‌ေယာက်‌ေပါ့ ။


ကိုယ်လည်းပဲ ကိုယ့်အသက်ကိုယ် ရှင်သန်အောင် စောင့်ရှောက်ရင်း တစ်နှစ်ကျော်အချိန် ဒီအထိရောက်လာခဲ့တယ် ။


ကိုယ်လိုပဲ အသက်ရှင်သန်နိူင်ဖို့ ကြိုးစားရင်း ဘဝတွေရော အသက်တွေရော လုပ်ကြံခံလိုက်ရတဲ့ ကိုယ့်မိတ်ဆွေတွေ အများကြီးရှိခဲ့တယ် ။


#အဓိပတိကမ်မ

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...