Saturday 7 May 2022

 စနစ်နဲ့ ကိုယ်ကျင့်တရား (System and Morality)အရေးကြီးပုံကိုမသိရင်စစ်မှန်သော ဒီမိုကရေစီ မရနိူင်ပါ 


အားမနာတမ်းပြောရရင်

ကျနော်တို့ မြန်မာအများစုက ပြဿနာတိုင်းကို မိမိယုံကြည်ချက်ထားရှိတဲ့အရာတွေအပေါ်မှာသာ အခြေခံစဉ်းစားတတ်ကြပြီးတော့ အချက်အလက်‌တွေကိုအခြေပြုပြီးစဉ်းစားတတ်ဖို့ တွေးခေါ်တတ်ဖို့ကို အခုချိန်ထိ စိတ်မပါတတ်ကြပါဘူး။ 


အချက်အလက်တွေအပေါ် အခြေပြုပြီး စဉ်းစားတတ်တဲ့လူနည်းစုကလည်း အချက်အလက်တွေက မှန်ကန်မှုရှိမရှိကိုလည်း စီစစ် စစ်ဆေးပြီး သိနိူင်မြင်နိူင်ခြင်းတွေလည်း အင်မတန်နည်းပါးလွန်းပါ‌သေးတယ် ။

နိူင်ငံရေးပြဿနာတွေပေါ်လာတိုင်း

ပြဿနာတွေကို ရှုမြင်ရာမှာလည်း မိမိချစ်တဲ့အဖွဲ့အစည်း/လူပုဂ္ဂိုလ် တွေက ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် အမြဲမှန်နေတယ်လို့ ယူဆတတ်ကြပြီး ၊ မိမိတို့နဲ့ပြိုင်ဘက်တွေ မိမိတို့နဲ့ အမြင်မတူသူတွေ ဘာလုပ်လုပ် အမှားအယွင်းတွေ အဖြစ် အမြဲမြင်တတ် သမုတ်တတ်ကြပြီး ရန်သူအဖြစ် သဘောထားတာမျိုးတွေ အပုပ်ချတိုက်ခိုက်တာ‌တွေ အများကြီး တွေ့နေရတယ် ။


ဒီနေရာမှာ ဖြစ်ပေါ်လာတဲ့ အနေအထားကတော့ ဖြစ်ရပ်ကို ဘက်နဲ့ကြည့်ပြီး ချစ်လုံးလုံးမုန်းလျားလျား စိတ်အခံ‌တွေနဲ့ တစ်ဖက်ဖက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ။ (ဥပမာ-မနီရင်အစိမ်း မစိမ်းရင်အနီီ ဆိုတဲ့ လော့ဂျစ်တွေပေါ့) 

နောက်ပြီးတော့ ကိုယ့်အမြင်က အမှန် 

ကိုယ်သိထားတာတွေက အမှန် တခြားဟာတွေတခြားအမြင်‌တွေက အမှားတွေလို့သတ်မှတ်တတ်ပြီး မိမိကိုယ်တိုင်က ဒီမိုကရေစီဆန်ဆန်မတွေးမခေါ်တော့တာမျိုးတွေအထိဖြစ်နေတာတွေ မြန်မာပြည်မယ် အများကြီးရှိနေပြီး ပြည်သူတွေတင်သာမက နိူင်ငံရေးသမားတွေအထိပါ အမြစ်တွယ်နေပါသေးတယ် ။


ဒီလိုနဲ့ပဲ ပြဿနာတစ်ခုကို အဖြေရှာကြတဲ့အခါတိုင်း တစ်လမ်းသွား၊ တစ်ဖက်ပိတ် အမြင်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး အကျိုးအကြောင်းသင့်လျော်တဲ့ အဖြေတွေထွက်ပေါ်လာဖို့ ခက်ခဲသွား‌စေခဲ့တာပါ။

အကျိုးအကြောင်းမသင့်လျော်တဲ့ အဖြေတွေနောက်ကနေ မဖြစ်သင့်တဲ့အပြုအမူတွေကိုပါ ထပ်မံလုပ်ဆောင်လာကြပြီး အခုလို တတိုင်းပြည်လုံး မငြိမ်းမချမ်းတဲ့အခြေအနေသို့ ကျနော်တို့အားလုံး ခုန်ဆင်းသွားခဲ့တာပါပဲဗျာ ။


ပြည်သူတိုင်းကတော့ "ဒီမိုကရေစီ"လို့ အမြဲအော်နေကြတာပါပဲ ၊ ဒါပေမယ့်ဒီမိုကရေစီဆိုတာ ဘာလဲသေချာမသိကြသေးဘူး။

ဒီမိုကရေစီရဲ့ ကျင့်ဝတ်တွေကို ‌ကောင်းစွာမသိကြသလို လိုက်နာနိူင်မှုကလည်း နတ္ထိပါပဲ ။ ဒီမိုကရေစီရဲ့ အနှစ်သာရ‌တွေကိုလည်း သေချာမသိထားကြသေးပါဘူး ။

ကျနော်တိုင်းပြည်ကို ဒီမိုကရေစီ စနစ်နဲ့ရှေ့ဆက်စေချင်ရင်တော့ အများပြည်သူကို ဒီမိုကရေစီ နဲ့ ပတ်သက်ဆက်နွယ်သော စနစ်နဲ့ ကျင့်ဝတ်တရား (System and Morality) ‌ေတွေရဲ့အရေးကြီးပုံ တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြည်သူတွေသိလာအောင် ဆောင်ရွက်သင့်ပါတယ် ။

ပြောလို့သာ ပြောနေရတာပါ တော်တော်များများက မဆလခေတ်က သင်ခဲ့ရတဲ့ ပြည်သူ့နီတိတောင် ကောင်းကောင်းမဖတ်ဖူးကြသေးပါဘူးဗျာ ။


ပြောနေကြအတိုင်းပဲ ပြန်ပြောရရင် မြန်မာပြည်သူအများစုက ဒီမိုကရေစီအတွက် လက်ရှိအချိန်မယ် အသင့်အဖြစ်သေးဘူးဆိုတာကိုပဲ ပြန်ပြောရပါလိမ့်မယ် ။ 



#အဓိပတိကမ်မ 🇲🇲

No comments:

Post a Comment

 ဒုက္ခပေးတတ်ဖို့ပဲ လိုတာပါ အပြင်မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ် ကိုယ့်ကြောင့်တစ်ဖက်လူ စိတ်အနှောက်အယှက် အနည်းငယ်ဖြစ်သွားခဲ့ရင် ကိုယ်မှာအနည...