Sunday 24 January 2021

ရှင်နွေတမ်းခြင်း၃၀

 အချစ်ရှိရာ အရပ်အေးချမ်းတယ် သာယာတယ် သဘာဝဆန်တယ် 




အချစ်ရဲ့သဘာဝ အလှတရားတွေကရိုးရိုးရှင်းရှင်းလေးပါပဲ

အချစ်ကို ပုံဖော်တဲ့‌လူတွ ကြောင့်သာ အချစ်ရဲ့ပုံရိပ်အစစ်အမှန်‌ေပျာက်ကွယ်ရရတာပါ ။

အချစ်မျက်နှာတစ်ခုအတွက် အချစ်နဲ့ပတ်သတ်သမျှအရာတွေ ရုပ်ဆိုးအာင် နာမည်ဆိုးအာင် ဖန်တီးပစ်လိုက်ကြတာပါ အချစ်မှာ အတ္တမရှိ ပေမယ့် အချစ်အတွက်အတ္တကြီးသူတွက အများစုပါပဲ ။


အဓိပတိကမ္မ




Minthu

 “Money is GOD or It is a good STORY !”

ပိုက်ဆံက ဘုရားသခင်ပဲ။



လူတွေတော်တော်များများကတော့ လက်ခံလိမ့်မယ်။ တချို့တလေလောက်ပဲ ငြင်းဆန်ကြမယ်ထင်ပါတယ်။

ကျနော် ဖီလော်ကတော့ ပိုက်ဆံက ကိုယ့်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းလို့ ရနေရင် ဒါ သနားစရာကောင်းတဲ့ ဘဝကို ပိုင်နေရပြီ။

ကြီးမားတဲ့ မေးခွန်းကြီးတွေရှိတယ်။

ငါဘာလို့ အသက်ရှင်နေရတာလဲ။

ငါဘာလို့ လူဖြစ်နေရတာလဲ။

ငါတို့ သေပြီးဘာဖြစ်မှာလဲ။

လူသားတွေ ဘယ်ကစဖြစ်လာတာလဲ။

ဘဝနေထိုင်ခြင်းရဲ့ အဓိပ္ပါယ် က ဘာလဲ။

ဒီလိုကြီးမားတဲ့ မေးခွန်းကြီးတွေကို ဖြေရှင်းနိုင်ဖို့ အတွက်၊ဘဝနေထိုင်နည်းတွေအတွက် အဖြေရှာနေရချိန်၊ ပြဿနာကြီးတွေရှိနေချိန် မှာ အဖြေရှာဖို့ မကြိုးစားနိုင်ဘဲ ပိုက်ဆံဆိုတာကို ရှာဖွေနေရင်း သေဆုံးသွားမယ်ဆို ဘယ်လောက် သနားစရာကောင်းလဲ။

ပိုက်ဆံဆိုတာ ရှေးခေတ်လူသားတွေ ထွင်ခဲ့တဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။

တချို့ ပုံပြင်တွေက အားအရမ်းကောင်းလွန်းလို့ ကျနော်တို့က ပုံပြင်လို့တောင် မသိတော့ဘူး။ ဘာသာရေးဆိုတဲ့ ပုံပြင်တွေကတော့ ကမ္ဘာပေါ် မှာ နေရာအယူဆုံး၊ အားအကောင်းဆုံး ပုံပြင်လေ။

ငါဘာလို့ အသက်ရှင်နေတာလဲ။ လူသားတွေ ဘယ်ကဖြစ်လာလဲဆိုတာကို ဖန်ဆင်းရှင် ကဖန်ဆင်းလို့ ဖြစ်လာရတယ်ဆိုတဲ့ ပုံပြင် ကို လက်ခံပြီး အဖြေထုတ်လိုက်သူတွေရှိမယ်။

သံသရာတွေ ဖန်တရာအောင်လည်နေပြီး အစဆိုတာ ဘယ်တုန်းကမှန်းမသိနိုင်အောင် များပြားလွန်းတယ်။ မသိခြင်း အဝိဇ္ဇာ၊ စွဲမတ်ခြင်း တဏှာဆိုတာက အစပဲ လို့ ပြောတဲ့ ပုံပြင်ကို လက်ခံလိုက်သူတွေလည်းရှိတယ်။

ဒီပုံပြင်တွေကို လက်မခံဘဲ မေးခွန်းကြီးတွေ ဆက်မေးနေသူတွေ တချို့ကတော့ လက်တစ်ဆုတ်စာလောက်ပဲရှိမယ်။

ဖန်ဆင်းရှင်ကြောင့်လို့ အဖြေထုတ်ထားသူတွေရဲ့ ဘဝက ဖန်ဆင်းရှင်ဆိုတဲ့ ပုံပြင်ကို ကျွန်ခံနေရတယ်။ အစကတော့ ဖန်ဆင်းရှင်ဆိုတဲ့ ပုံပြင်ပေါ့။ နောက်ပိုင်းတွေမှာ ဒီပုံပြင်ကို ရေရေလည်လည်ပြောနိုင်သူတွေကို  လည်း ကျွန်ခံလိုက်ရတယ်။ ကျွန်ဖြစ်နေသူတို့ စိတ်ထဲဖြစ်နေတဲ့ အကြောင်းအရာတွေကို ပိုပြီး ခိုင်မာလာအောင်၊ကြောက်လန့်သွားအောင် လုပ်နိုင်သူတွေလေ။

သံသရာဆိုတဲ့ အယူအဆ၊ ငါဆိုတာ မရှိဘူးဆိုတဲ့ အယူအဆ နဲ့ ပုံပြင်ကို လက်ခံသူတွေကလည်း ဒီပုံပြင်တွေကို ကျွန်ခံနေရင်းက မလုံလောက်နိုင်သေးလို့ ပုံပြင် ပြန်ပြောသူတွေကိုပါ ကျွန်ခံရင်း နေ့စဥ်ဘဝကို ဖြတ်သန်းနေကြရတယ်။

ဒီ ပုံပြင်တွေက သမိုင်းဦးမှာလူသားတို့ မေးခဲ့တဲ့ လူသားတွေဘယ်က ဖြစ်လာလဲ၊ ငါဘာလို့ အသက်ရှင်နေတာလဲ၊ သေပြီးဘယ်ရောက်မှာလဲဆိုတာတွေကို အတိုင်းအတာတစ်ခုထိ ဖြေနိုင်ခဲ့ပါတယ်။

ဒီ‌နေ့ခေတ်မှာ ပုံပြင်ပြောသူတွေက အလိုအလျောက် အပေါ် ရောက်နေပြီး ပုံပြင်ကို ကျွန်ခံနေသူတွေ က လိုက်နာနေကြာတာ ကို ကျောင်းတော် ဝါဒလို့ ခေါ်ရမှာပဲ။

ကျောင်းတော်ဝါဒ ကို လက်ခံသူတွေကို ကျောင်းတော်ဝါဒီ လို့ ပြောရမယ်။

ဒီ ကျောင်းတော်ဝါဒီတွေက လူတစ်စုခြင်း ပဲ နေထိုင်ကြတယ်။ သူတို့ ကျောင်းတော်ဝါဒ က အမှန်ဆုံးဆိုတာမျိုးပဲ လက်ခံတော့တယ်။

ပိရမစ်ဆိုတဲ့ အဆောက်အဦးတွေလိုမျိုး အပေါ်ဆုံး က လူအတွက် အောက်ဆုံးက လူတွေက အသက်ရှင်ပေးနေရတယ်။

သူတို့ က လွတ်လပ်တဲ့ လူသားတွေ မဟုတ်ကြတော့ဘူး။

တချိန်က သစ်ပင်တွေ၊ သစ်တောတွေကြားထဲ နေထိုင်ပြီး လွတ်လွတ်လပ်လပ်ရှာဖွေစားသောက်ခဲ့တဲ့ ဘိုးဘွားတွေကို အားကျမိတယ်။

သူတို့ ကို ကျွန်ပြုမယ့် ပုံပြင်တွေ မရှိကြသေးဘူး။ ရှိခဲ့ တဲ့ တချို့တလေ တွေကလည်း သူတို့ အသက်ဆက်ရှင် ဖို့၊ ဘဝနေထိုင်နည်းဆိုတာပဲ ရှိမယ်။

သူတို့ ဘဝ နေထိုင်နည်း မှာ ဆိုးကျိုးလို့ ပြောရမလား ကောင်းကျိုးလို့ ပြောရမလားတောင် မသိတော့တဲ့ မျိုးဆက် ပြန့်ပွါးခြင်းကိစ္စရှိတယ်။

အုပ်စု တစ်စုခြင်းစီ စုပေါင်းနေထိုင်းရင်းက အယောက် ၁၅၀ ကျော်တော့ အတူတူတွဲ နေထိုင်လို့ မရကြတော့ ဘူး။

အုပ်စုတွေခွဲ ကြရပြီ။

ဒီလိုနှင့် ရှင်သန်နေထိုင်ရာ ဒေသမှာ အစားအစာနည်းပါးလာကြပြီ။

ဟိုဘက် အုပ်စု နှင့် ဒီဘက် အုပ်စုက အစားအစာတွေကို လဲလှယ် ပြီး စားကြရင်း ငွေ၊ ပိုက်ဆံဆိုတဲ့ ပုံပြင်တစ်ပုဒ် ထက်ပေါ်လာတယ်။

ဟိုဘက်အုပ်စုနေထိုင်ရာဒေသ၊ ဒီဘက်အုပ်စု နေထိုင်ရာဒေသ ဆိုတဲ့ ပုံပြင်လည်း ဖြစ်လာပြန်တယ်။ နိုင်ငံ၊ တိုင်းပြည် ဆိုတဲ့ ပုံပြင်ပေါ့။

မျိုးဆက်ပြန့်ပွါးခြင်း ကို ပြဿနာ အရှင်းအမြစ်လို့ ပြောမယ်ဆိုရင် မှားတယ်။

မျိုးဆက်ပြန့်ပွါးပြီးသားကို မျိုးဆက်အဆင့်မြင့်တင်ခြင်း မလုပ်နိုင်ကြတာကို အပြစ်လို့ ဆိုမှ မှန်လိမ့်မယ်။

သတ္တဝါတွေဖြစ်တဲ့ ကျနော် တို့ လူသားတွေက အခြားသတ္တဝါမျိုးစိတ်တွေထဲ မှာ ဖွံ့ဖြိုးမှု လမ်းကြောင်းအမှန်ဆုံး လို့ ပြောရမယ်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေးအောင် နေထိုင်ကြရင်း ခုလို အခြေအနေတွေထိရောက်လာရတယ်။

အရင်က ကာယဗလ ကြီးသူက အပေါ်မှာ ရှိတယ်။ ခုက ဉာဏ ဗလကြီးသူ အပေါ်ရောက်ပြီ။

အရင်တုန်းကလို ပတ်ဝန်းကျင်ကြီး နှင့် လိုက်လျောညီထွေးအောင် နေနိုင်ဖို့ ဆို ပုံပြင်တွေ ကျန်နေသေးတယ်။

ဒီ ပုံပြင်တွေက ကျွန်ပြုတာ ခံနေရသေးသမျှ ပတ်ဝန်းကျင်ဆိုတာကြီး အဆုံးသတ်သွားလိမ့်မယ်။

ဟုတ်တယ်၊ အရင်တုန်းက မျိုးနွယ်စုအုပ်စု တစ်စုမှာ အယောက် ၁၅၀ လောက်ပဲ အတူတူတွဲနေထိုင်ကြတယ်။

နိုင်ငံဆိုတဲ့ ပုံပြင်တွေ ကို ကျွန်ခံလိုက်ရပြီး နောက်ပိုင်း မှာ ပြဿနာတွေ ဆက်ဖြစ်လာပြီ။

အရင်က အချင်းအချင်းကြားမှာ လွမ်းမိုးမှု အရမ်းမရှိခဲ့ကြဘူး။

ခု ၂၁ ရာစု မှာ မျိုးနွယ် အုပ်စုတွေ အပြန်အလှန် လွမ်းမိုးကုန်ကြပြီ။ ပုံပြင်တွေကလည်း အချင်းအချင်းတွေကြားထဲ မှာ တူလာကြပြီ။ ပုံပြင်အချင်းချင်းကြား သူသာတယ်၊ ငါသာတယ် လုပ်ကုန်ကြပြီ။

ဒီ ရာစုနှစ် ကို ရောက်မလာခင် ကာလ တွေမှာ အုပ်စု တစ်စုထည်း အတွက်လို့ ပြောလို့ မရတဲ့ ဘာသာရေးပုံပြင်တွေ က အခြားမတူတဲ့ ပုံပြင်တွေ နှင့် တိုက်မိတယ်။

ဒီ ပုံပြင်တွေကြောင့် အချင်းချင်း သတ်ဖြတ်ခြင်းတွေ လုပ်ပြီး ကုန်ကြပြီ။ လူအယောက် ၁၅၀ ကျော်ရင် အတူယှဥ်တွဲ နေထိုင်လို့ မရတော့ တဲ့ ဗီဇကြောင့်လို့ ပြောရမလား။

ခုတော့ ကျနော်တို့ အတူတူယှဥ်တွဲ နေထိုင်တဲ့ ပတ်ဝန်းကျင်းကြီး က လည်း ကျဉ်းလာပြီ။

ဟိုးအရင်ခေတ်ကလို့ မတူလို့ ထ သတ်ကြကွာဆိုတာမျိုး မဖြစ်နိုင်လောက်တော့ဘူး။

တတိယ ကမ္ဘာစစ်ဆိုတာ မရှိနိုင်လောက်တော့ဘူး။

ဒါပေမယ့် နိုင်ငံဆိုတဲ့ ပုံပြင်တစ်ခုခြင်းစီ အောက်မှာ ကျွန်ခံနေသူတွေ အချင်းချင်း ကျွန်ဘဝကို မုန်းလာပြီး ရုန်းကန် ထွက်ရင်း ပြဿနာကြီးတွေ ဆက်ဖြစ်နိုင်တယ်။

ပိုက်ဆံဆိုတဲ့ ပုံပြင်ကလည်း အရာအားလုံးကို လွမ်းမိုးသွားလိမ့်မယ်။

ဒီပိုက်ဆံဆိုတဲ့ ပုံပြင်ခြေကုပ်ယူထားတာက သတ္တဝါတို့ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအစာ၊အမိုးအကာ၊ အနွေးဓါတ်တွေပဲ။

ဒီ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပြီး ပုံပြင်တွေကို ကျွန်မခံရသူရဲ့ဘဝ က အကောင်းဆုံးဘဝ။

သူ့ဘဝထက် ကောင်းတဲ့ ဘဝနေထိုင်နည်း ရှာမတွေ့နိုင်ဘူး။

ဒါကျနော် ရှာတွေ့တဲ့ ဘဝနေထိုင်နည်း ပဲ။

ပုံပြင်တွေ အကုန် လုံးကို ပယ်တယ်။

စဥ်းစားကြည့် ငရဲပြည်ကြီးသာမရှိရင်၊

စဥ်းစားကြည့် နတ်ပြည် ကြီးသာ မရှိရင်

စဥ်းစားကြည့် ဘာသာရေးတွေ မရှိရင်

စဥ်းစားကြည့် တိုင်းပြည် နိုင်ငံတွေ ရဲ့ ဘောင်တွေ သာမရှိရင်

စဥ်းစားကြည့် ကျွန်ပြုနေတဲ့ ပုံပြင်တွေမရှိရင်

စဥ်းစားကြည့် ပါ

ဒီလို စိတ်ကလေး ဝင်လာရင် ဘဝရဲ့ လွတ်လပ်မှု အရသာ ကို ပိုပြီး ခံစားရလိမ့်မယ်။

“Imagine by John Lennon”

Imagine there's no heaven

It's easy if you try

No hell below us

Above us only sky

Imagine all the people living for today

Imagine there are no countries

It isn't hard to do

Nothing to kill or die for

And no religion too

Imagine all the people living life in peace, you

You may say I'm a dreamer

But I'm not the only one

I hope someday you'll join us

And the world will be as one

Imagine no possessions

I wonder if you can

No need for greed or hunger

A brotherhood of man

Imagine all the people Sharing all the world, you

You may say I'm a dreamer

But I'm not the only one

I hope someday you'll join us

And the world will be as one


Saturday 23 January 2021

ဟိုရေးဒီရေးဟိုတွေးဒီတွေး

ဒီဇင်ဘာဆာင်းညတွဟာ အလွန်အးဆက်‌ေနတယ်လို့ ထင်ရပေမယ့် ခံစားချက်တွ ပြည့်နှက်နေတဲ့ ညဟာ ပူလောင်လွန်းလှပါတယ် ။

အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံးအရာတွေအတွက် ပူလောင်ရသလို မလိုချင်တာတွေ မလိုအပ်တာတွေနဲ့လည်း ဘဝက ပူလောင်နတယ် ။
အေးဆးခြင်း အေးချမ်းခြင်းအရသာတွေကလည်းငါနဲ့မသက်ဆိုင်တာလိုလို ငါကပဲ မနျစ်သက်တာလိုလိုနဲ့ ငါဆီကနအလိုလို လွင့်ထွက်သွားခဲ့တာ ကြာခဲ့ပါပြီ ။

အချစ်ဆုံးသူတွ ရှိသလို အမုန်းဆုံးလူတွလည်း ငါ့ဘဝကြီးထဲမှာ ရှိနေတယ် ။
အချစ်ဆုံတွေက အမုန်းဆုံးတွေဖြစ်သလို အမုန်းဆုံးတွေကလည်း မေ့ပစ်လို့မရတဲ့ လူတွေဖြစ်နေတတ်တယ် ။
ဘဝက ဆန်းကျယ်တယ်လို့ ထင်ရပေမယ့် ငါ့တို့အတွေးတွေက သဘာဝမဆန်သာ လူတွေနဲ့ဆန့်ကျင်သောအတွးတွ ဖြစ်နေတတ်တယ် ။

မေ့ပစ်လို့ မရတာတွကို မေ့ဖို့ကြိုးစားရင်း အမှတ်ပိုရခဲ့တယ် ။
အမှတ်ပြည်ဘမရခဲ့ဖူးတဲ့ကျောင်းတက်ချိန်တွကို ‌ပြန်တွးရင်း အမှတ်မရှိ အမှတ်တရထပ်လုက်ခဲ့သလို အမှတ်တရာ မရှိ ဘာတန်ဖိုးမှ မရှိတဲ့ ဘဝမှာ ဘာမှမဟုတ်တာတွကို လိုအပ်‌ေနတုန်း မလိုချင်တာတွေကို ရယူဖို့ကြိုးစားရင်း လိုချင်နတာတွေကို စွန့်လွတ်ဖို့ ကြိုးစားတတ်နေပြီ ။

အဓိပတိကမ္မ
pyaephyoaungkm
23012021 Jan

Friday 22 January 2021

Sanfranciso 2

 မြို့တော်အုပ်ချုပ်ရေးအတွက် ရပ်ကွက်ခေါင်းဆောင် အုပ်ချုပ်ရေးမှူး (၁၁)ဦးကို ရပ်ကွက်အလိုက် ရွေးချယ်တင်မြောက်ရပြီး ထိုသူများကို Board is Supervisors များဟုခေါ်သည်။ မြို့၏ ကောင်စီဝင်များလည်းဖြစ်သည်။ သူတို့တာဝန်မှာ ဥပဒေပြုရေးနှင့် ရသုံးငွေစာရင်းပြုစုနိုင်ရေးဖြစ်သည်။ ထိုအဖွဲ့တွင် ဥက္ကဌတစ်ဦးရွေးချယ်ကာ ခေါင်းဆောင်ရသည်။ ရပ်ကွက်များကို District ဟုသတ်မှတ်ထားပြီး တစ်မှ ဆယ့်တစ်အထိရှိသည်။ သူတို့၏ သက်တန်းမှာလည်း လေးနှစ်ဖြစ်၏။ သက်တန်းကန့်သတ်ချက်မရှိ။



မြို့တော်ဝန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပြင် ရွေးကောက်တင်မြှောက်ရသော မြို့တော်အစိုးရအဖွဲ့ဝင်များရှိသေး၏။ မြို့တော် မှတ်တမ်းထိမ်းသိမ်းသူ (City Assessor-Recorder)၊ မြို့တော်အစိုးရရှေ့နေ(City Attorney)၊ ရပ်ကွက်ဒေသရှေ့နေ (District Attorney)၊ ပြည်သူ့ကာကွယ်ရေးရှေ့နေ (Public Defender)၊ ကောင်တီရဲချုပ် (Sheriff)၊ မြို့တော် ဘဏ္ဍာရေးမှူးနှင့် အခွန်ဝန် ( City Treasurer and Tax Collector) တို့ကိုပါ မြို့နေလူထုက ရွေးချယ်ပေးရသည်။ မြို့တော်အုပ်ချုပ်ရေးဥပဒေ ( City Charter) အရ ဆောင်ရွက်ကြရသည်။

ချာတာ (Charter)ဥပဒေနှင့်အုပ်ချုပ်သော ကောင်တီ (County) များမှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၃)ကောင်တီသာရှိသည်။ ကောင်တီဆိုသည်မှာ မြန်မာပြည်မှ မြို့နယ်အဆင့်ကို ဆိုလိုသည်။ ဆန်ဖရန်စစ္စကိုကောင်တီတွင် ဆန်ဖရန်တစ်မြို့ထဲသာရှိသဖြင့် Government of the City and County of San Francisco ဟု မြို့အစိုးရကို ခေါ်ဝေါ်သည်။ အခြားသော အစိုးရဌာနများနှင့် အေဂျင်စီများစွာရှိသည်။ အများစုသောခေါင်းဆောင်များကို မြို့တော်ဝန်က တိုက်ရိုက်ခန့်ထားသည်။

ဆန်ဖရန်စစ္စကိုမြို့အတွက် ၂၀၁၉-၂၀၂၀ ရသုံးငွေစာရင်းကို ဒေါ်လာ(၁၁)ဘီလီယံ သတ်မှတ်ထားသည်။ အမရေိကန်ပြည်ထောင်စုရှိ မြို့ကြီးများအနက် အသုံးစားရိတ်အများဆုံးမြို့လည်းဖြစ်သည်။ ဤ ရသုံးငွေစာရင်းသည် မြန်မာပြည်တစ်ခုလုံး၏ နှစ်စဉ်ဘဏ္ဍာရေးရသုံးငွေစာရင်းနီးပါးရှိ၏။ အစိုးရ၏ ဝင်ငွေများအနက် အိမ်ခြံမြေခွန်သည် ငါးပုံတစ်ပုံရှိသည်။ တစ်နှစ်လျှင် ဒေါ်လာ(၂)ဘီလီယံကျော် ဖြစ်၏။
ရောင်းဝယ်ခွန် အဖြစ် ဆယ်ရာခိုင်နှုန်းနီးပါး(၉.၇၅%) ကောက်ခံသည်။ ဝင်ငွေ (၃၀%) အထိသည် ရောင်းဝယ်ခွန်မှ ရရှိသည်။ ကျန်သောငါးဆယ်ရာခိုင်နှုန်းသာ အခြားဝင်ငွေများဖြစ်၏။

မြို့တော်အစိုးရသည် မြို့၏ အကြီးမားဆုံးအလုပ်ရှင်လည်းဖြစ်၏။ မြို့တော်၏ အမြဲတန်းနှင့် ယာယီအစိုးရဝန်ထမ်းစုစုပေါင်း နှစ်သောင်းခုနှစ်ထောင်အထိ ရှိသည်။ ပြည်သူ့ဝန်ထမ်းဌာန (Department of Public Work) သည် မြန်မာပြည်တွင် စည်ပင်သာယာနှင့်ညီမျှသည်။ မြူနီစပယ် ပို့ဆောင်ရေး အေဂျင်စီ (Municipal Transportation Agency) မြို့တွင်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သည်။ ပြည်သူ့အခြေခံလိုအပ်ချက်များ ကော်မရှင် (Public Utility Commission) သည် ရေ၊မီး၊ ဓါတ်ငွေ့ စသည့်လိုအပ်ချက်များကို ကိုင်တွယ်ရသည်။ ရဲဌာန၊ မီးသတ်ဌာန၊ အကျဉ်းဦးစီးဌာနစသည်ဖြင့် အခြားသောဌာနပေါင်း ရာချီရှိသည်။

ဆန်ဖရန်စစ္စကို၏ ရာဇဝတ်မှုသည် အခြားမြို့ကြီးများနှင့်ယှဉ်လျှင် နည်းပါးသည်။ ရဲဌာနတွင် ရဲအရာရှိပေါင်း နှစ်ထောင့်တစ်ရာကျော်ရှိ၍ ရဲစခန်းဆယ်ခုဖွင့်လှစ်ထားသည်။ ဆန်ဖရန် ရဲဌာနသမိုင်းတွင် ပထမဆုံး အာရှနွယ်ဖွားအမျိုးသမီးရဲချုပ်သည်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ထိုနည်းတူစွာပင် ဆန်ဖရနစစ္စကိုမြို့၏ မီးသတ်ဦးစီးချုပ်သည်လည်း အမျိုးသမီးဖြစ်သည်။ မြို့တော်ဝန်သည်လည်း အမျိုးသမီးဖြစ်သည်။ မြို့အုပ်ချုပ်ရေးမှူးများတွင်လည်း အမျိုးသမီးများစွာပါဝင်သည်။ ဆန်ဖရန်စစ္စကိုမြို့သည် အမျိုးသမီးများ၏ဂဏ္ဍကို များစွာအားပေးသည့်မြို့တစ်မြို့ဖြစ်၏။ ထို့ကြောင့်လည်း မြို့၏ခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးထုအားကောင်းနေခြင်းဖြစ်သည်။ ကျားမခွဲခြားမှုအနည်းဆုံးမြို့ဟု ဆိုသည်။

မြို့၏အထွေထွေကုန်ကျစားရိတ်ကြီးမြင့်သလို လုပ်ခလစာလည်း မြင့်သည်။ အမေရိကန်ပြည်ထောင်စု၏ အနိမ့်ဆုံးလစာသည် (၇.၂၅) ဒေါ်လာသာ သတ်မှတ်ထားသော်လည်း ဆန်ဖရန်စစ္စကိုမြို့အစိုးရက တစ်နာရီလျှင် (၁၅)ဒေါ်လာ သတ်မှတ်ထားသည်။

မြို့တည်နေရာအရ အနောက်ဖက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ မြောက်ဖက်နှင့် အရှေ့ဖက်တွင် ပင်လယ်ကွေ့တို့ဝိုင်းရံထားပြီး တောင်ဖက်သည်သာ ကုန်းပိုင်းဖြစ်သည်။ တောင်တန်းများစွာတည်ရှိသဖြင့်တည်နေရာအလွန်ထူးခြားလှပသည်။ ရေနှင့်ကုန်းမြေတို့သဘာဝ၏ ဆက်စပ်အလှတရားများ၊ လူလုပ်ကျွန်း၊ ပန်းခြံကြီးများ၊ ရှေးဟောင်းအဆောက်အဦများစသည်ဖြင့် ကြည့်ရှုလည်ပတ်စရာ များစွာရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။

ဆန်ဖရန်စစ္စကို လာလည်မည်ဆိုလျှင် မရောက်မဖြစ်သွားလည်ရမည့်နေရာများ မနည်းလှ။ မြို့တွင်းအပြင် မြို့ပြင်ဖက်တွင်ပါ သွားရောက်သင့်သည့်နေရာများစွာရှိသည်။ ထိုနေရာများထဲမှ ကောင်းနိုးရာရာနေရာများကို မိတ်ဆက်ပေးချင်ပါသည်။

(၁)ဂိုးလ်ဒင်းဂိတ်တံတား (Golden Gate Bridge)

Golden Gate တံတားသည် ဆန်ဖရန်၏ သင်္ကေတဖြစ်သည်။ ဆန်ဖရန်မြောက်ဖက်ပိုင်းရှိ မြို့များနှင့်ဆက်သွယ်ရန်အတွက် လေတိုက်နှုန်းအလွန်ပြင်းသော ပင်လယ်ကွေ့အဝကို ဖြတ်သန်းထားသည့် ကြိုးတံတားဖြစ်သည်။ သဘောၤများဝင်ထွက်ရာအပေါက်ဝဖြစ်၍ ကြိုးတံတားဒီဇိုင်းကို ရွေးချယ်ခဲ့သည်။ ခေတ်သစ်ကမ္ဘာ၏ ထူးခြားအံ့မခန်းသောတည်ဆောက်မှုအဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်၏။ ထိုခေတ်အခါက မဖြစ်နိုင်ဟုဆိုသောအရာကို ဖြစ်အောင်လုပ်ပြခဲ့ကြသည့် အင်ဂျင်နီယာများကို လေးစားပါသည်။ ယခုခေတ်တွင် အလွန်တရာရှည်လျှားသော ကြိုးတံတားများ တည်ဆောက်နိုင်ခြင်းမှာလည်း ဤတံတား၏ ဆောက်လုပ်ရေးလုပ်ငန်းမှ လေ့လာသင်ယူခဲ့မှုများကြောင့် ဖြစ်၏။

တံတားအရှည်စုစုပေါင်း (၁.၇)မိုင်ရှည်ပြီး အကျယ်ပေကိုးဆယ်၊ အမြင့် (၇၄၆)ပေရှိသော ဤကြိုးတံတားကို ၁၉၃၃ခု ဇန်နဝါရီလတွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၇ခုနှစ် မေလ(၁၇)တွင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်းရှစ်ဆယ်ကျော်ရှိခဲ့ပြီ။ ဖိုးဖိုးကြီးအရွယ်ရောက်နေပြီဖြစ်သော ထိုတံတားအိုကြီးပေါ်မှ နေ့စဉ်လိုလို ယာဉ်မျိုးစုံအစီးရေစုစုပေါင်း တစ်သိန်းတစ်သောင်းကျော် ဖြတ်သန်းလျှက်ရှိ၏။ ပြုပြင်ထိန်းသိမ်းမှုကောင်းသဖြင့် နှစ်ရာကျော်သည့်တိုင် အသုံးတော်ခံနေမည်မှမလွဲ။ ဘယ်ညာ တစ်ဖက်လျှင် တစ်ပေမျှရွေ့လျှားနိုင်သဖြင့် ငလျှင်ဒါဏ်လည်း ပူစရာမရှိ။

ဤနေရာသည် ရှုခင်းအလှဆုံးတံတားတစ်ခုမို့ ဓါတ်ပုံဆရာများအကြိုက်တွေ့ကြ၍ ဓါတ်ပုံအရိုက်ခံရဆုံးတံတားတစ်စင်းအဖြစ် တည်ရှိနေသည်။ တံတားပေါ်မရောက်မှီမှစ၍ တံတားပေါ်အထိ ဓါတ်ပုံရိုက်ရန်ရှုခင်းပေါင်းစုံက ရင်သတ်ရှုမော။ ရုပ်ရှင်ဇာတ်ကားများစွာတွင် အဓိကဇာတ်ကောင်အဖြစ်အသုံးတော်ခံခဲ့ရသလို ယနေ့တိုင်လည်း အသုံးတော်ခံနေမြဲဖြစ်သည်။

(၂) အယ်ကာထရဇ်ကျွန်း (Alcatraz Island)

ဆန်ဖရန်စစ္စကိုမြောက်ဖက် ကမ်းခြေနှင့် (၁.၂၅)မိုင်အကွာတွင်ရှိသောကျွန်းငယ်လေးသည်လည်း နာမည်ကျော်နေရာတစ်ခုဖြစ်၏။ မီးပြတိုက်ထားရှိရာကျွန်းကလေးမှသည် ၁၉၃၄မှ ၁၉၆၃ အထိ ဗဟိုအစိုးရအကျဉ်းထောင်ဖြစ်ခဲ့သောသည်ကျွန်းလေးတွင် အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော်လူဆိုးကြီး အယ်လ်ကာပုန်း (Al Capone)အပါအဝင် ထိပ်တန်းဒုစရိုက်သမားများစွာကို ထိမ်းသိမ်းထားခဲ့ရာ နေရာဖြစ်၏။

ကမ်းခြေနှင့်တစ်မိုင်သာသာအကွာအဝေးသာဖြစ်၍ အကျဉ်းထောင်မှ ထွက်ပြေးရန်အကြိမ်ကြိမ်ကြိုးစားကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အောင်မြင်မှုမရခဲ့ကြ။ ဖေါက်ထွင်းထွက်ပြေးခဲ့သူ အကျဉ်းသား(၃၆)ဦးတွင် (၂၃)ဦးအရှင်ဖမ်းမိ၊ (၆)ဦးကိုအသေပစ်ခတ်ဖမ်းမိ၊ (၂)ဦးရေနစ်သေဆုံးသည်။ ကျန်သူများမှာ ရေနစ်သေဆုံးဟုယူဆ၍ ပျောက်ဆုံးစာရင်းဝင်သည်။ အလွန်အေးမြသောပင်လယ်ရေနှင့် ပြင်းထန်သောလှိုင်းပုတ်မှုကို အံ့တုနိုင်စွမ်းမရှိခဲ့ကြ။

ယခုအခါ ပြတိုက်ပြုလုပ်ထားသောအကျဉ်းထောင်ဟောင်းပေါ်သို့ သဘောၤဖြင့် သွားရောက်လည်ပတ်နိုင်သလို သဘောၤဖြင့်ပင် ကျွန်းတစ်ပတ်ပတ်၊ ရွှေတံတားကြီးအောက်မှဖြတ်၍ ဆန်ဖရန်စစ္စကိုမြို့၏ ရင်သတ်ရှုမောရှုခင်းများကို အဝေးမှကြည့်ရှုခံစားနိုင်သည်။ နာမည်ကျော် ဂျိန်းစဘွန်းမင်းသားကြီး ရှောင်ကွန်နရီသရုပ်ဆောင်ခဲ့သည့် The Rock အမည်ရှိ အကျဉ်းထောင်ရုပ်ရှင်ကားသည် သည်ကျွန်းကိုအခြေပြု၍ ရိုက်ကူးခဲ့သည်။

(၃) တောင်ကုန်းညီနောင် (Twin Peaks)

အမြင့်ပေ(၉၂၅)ပေမြင့်သော တောင်ကုန်းညီနောင်သည် ဆန်ဖရန်စစ္စကိုမြို့တစ်မြို့လုံးနည်းပါးကို မြင်တွေ့ရသည့်နေရာဖြစ်၏။ တချိန်က အိုလိုနီလူရိုင်းတို့အမဲလိုက်ရာတွင် အပေါ်စီးမြင်ကွင်းအဖြစ်အသုံးပြုခဲ့ရာဖြစ်သော သည်နေရာသည် ဆန်ဖရန်စစ္စကိုမြင်ကွင်းကျယ်ကြိုက်သူများအတွက် မရောက်မဖြစ်ရောက်ရမည့်နေရာဖြစ်၏။ မနက်ပိုင်းနှင့် ညနေပိုင်းဆိုလျှင် မြူများဖုံးနေ၍ မြို့ကိုမမြင်ရတတ်သောကြောင့် နေ့ခင်းပိုင်းတွင် သွားသင့်သည်။

(၄)ဂိုးလ်ဒင်းဂိတ်ပန်းခြံ (Golden Gate Park)

အရှေ့မှအနောက်သို့ သုံးမိုင်ကျော်ရှည်လျှား၍ တောင်မှမြောက်သို့ မိုင်ဝက်ခန့်ကျယ်သော ဤပန်းခြံကြီးကို ၁၈၇၁ခုနှစ်မှစ၍ စတင်အကောင်အထည်ဖေါ်ခဲ့သည်။ မြေဧက တစ်ထောင်ကျော်အကျယ်အဝန်းရှိသည်။ နယူးယောခ်မြို့ရှိဗဟိုပန်းခြံကြီး (Central Park) ထက် နှစ်ဆယ်ရာနှုန်းကျော်ပိုမိုကျယ်ဝန်းပြီး နှစ်စဉ် လူဦးရေ (၁၃)သန်းကျော်လာရောက်လည်ပတ်ကြသည်။ အပင်ပေါင်း တစ်သိန်းခွဲခန့်စတင်စိုက်ပျိုးပြုစုခဲ့ရာမှ ယခုအခါ တောအုပ်ကြီးများ၊ ပန်းမျိုးစုံ၊ ရေကန်ကြီးငယ်များ၊ ကလေးကစားကွင်းများ၊ ငှက်တိရိစ္ဆာန်များဖြင့် သာယာလျှက်ရှိ၏။မြို့ပြ၏ မွန်းကျပ်မှုကို ရှောင်တိမ်းလိုသူတို့အတွက် အကောင်းဆုံးနေရာဖြစ်၏။ မြို့ထဲမှာ တောအုပ်ကြီးဖြစ်အောင် ဖန်တည်းထားသည်။ ပန်းခြံ၏ အနောက်ဖက်အစွန်းသည် ပစိဖိတ်သမုဒ္ဒရာအထိ ကျယ်ဝန်းသဖြင့် ပန်းခြံမှထွက်၍ ကမ်းခြေတလျှောက် လမ်းလျှောက်နိုင်သည်။ ပနိးခြံထဲတွင်အနုပညာဆိုင်ရာ၊ သိပ္ပံဆိုင်ရာ ပြတိုက်ကြီးများလည်းတည်ဆောက်ထားသည်။

ဤနေရာသည် ၁၉၀၆ခုနှစ် ဆန်ဖရန်စစ္စကိုငလျှင်ကြီးအပြီးတွင် ဒုက္ခသည်နှစ်သောင်းအား ယာယီအိမ်ရာများတည်ဆောက်ပေးခဲ့သည့် နေရာလည်းဖြစ်သည်။ တေးဂီတပွဲတော်များလည်း မကြာခဏ ကျင်းပရာနေရာဖြစ်သည်။

(၅) အနုပညာမြောက်နန်းတော်နေရာ (Palace of Fine Arts)

ရောမနှင့်ရှေးဟောင်းဂရိနန်းတော်ဟောင်းကြီးပုံစံ တည်ဆောက်ထားသည်။ ၁၉၁၅တွင်ကျင်းပခဲ့သော ပနားမား ပစိဖိတ် ကုန်စည်ပြပွဲအတွက် အဆောက်အဦပေါင်းများစွာတည်ဆောက်ခဲ့ရာမှ တစ်ခုဖြစ်၏။ ပွဲကြီးအပြီးတွင် အခြားလက်ရာများစွာကို ဖြိုချဖျက်စီးခဲ့သော်လည်း ဤနန်းတော်ဟောင်းပုံစံ အဆောက်အဦးကြီးကို မဖျက်ဆီးလိုသောသူများက စောင့်ရှောက်ပြင်ဆင်ထိန်းသိမ်းခဲ့ရာမှ ယနေ့တိုင် မြင်တွေ့နေရဆဲဖြစ်သည်။

ဓါတ်ပုံရိုက်ရန် အလွန်လှသောနေရာဖြစ်၍ မင်္ဂလာဆောင်ကြမည့်သူများ မရောက်မဖြစ် ရောက်အောင်လာ၍ ရိုက်ကြရသည်။ မရင်နာ (Marina) ခေါ် ပင်လယ်ဆိပ်ကမ်းလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လေကောင်းလေသန့်ရှုနိုင်သည်။

(၆) တံငါဆိပ် (Fishermen’s Wharf)

၁၈၀ဝပြည့်၏ နှောင်းပိုင်းတွင်ရောက်ရှိလာသူ အီတလီနိုင်ငံသားတံငါသည်များ စတင်အခြေချရာမှ တံငါဆိပ်ဖြစ်ပေါ်လာသည်။ ထိုသူတို့သည် ဆန်ဖရန်စစ္စကို မြောက်ပိုင်းကမ်းခြေတွင်နေထိုင်ရာမှ North Beach ရပ်ကွက် ဖြစ်တည်လာသည်။ ထိုနေရာကို ဒေါ်လာ(၁၅)သန်းအကုန်အကျခံကာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားလာရေးအတွက် ပြင်ဆင်ခဲ့ကြသည်။

ဆိပ်ကမ်းအမှတ်(၃၉) တည်ရှိရာဖြစ်၍ Pier 39 ဟုလည်းခေါ်သောသည်နေရာနှင့်တဆက်တည်းတွင် အမျိုးသားရေကြောင်းသမိုင်းပြတိုက်၊ ဒုတိယကမ္ဘစစ်ကအသုံးပြုခဲ့သည့် ရေငုတ်သဘောၤဟောင်း (USS Pampanito)၊ ၁၉ရာစုက အသုံးပြုခဲ့သည့် ကုန်ပစ္စည်းတင်သဘောၤ (Balclutha ) စသည်တို့ကိုပါ တွေ့မြင်နိုင်သည်။ ပင်လယ်ဖျံကြီးများ (Sea Lion)သည်လည်း ဆိပ်ကမ်းတစ်ဝိုက်တွင်နေထိုင်ကြသည်။ ပင်လယ်ပြင်မှ ပြန်လည်ဆိုက်ရောက်လာသော ငါးဖမ်းလှေများလည်း နေ့စဉ်ဆိုက်ကပ်နေဆဲဖြစ်၍ လတ်ဆတ်သော ပင်လယ်စာများ ရရှိသည်။ ပင်လယ်ဂဏန်းကြီးများသည် အလွန်အရသာထူးကဲလှသည်။ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ ပြခန်းများစွာဖြင့် အလွန်စည်ကားသည်။ လွတ်လပ်ရေးနေ့တွင် မီးရှူးမီးပန်းပစ်ဖေါက်ရာနေရာဖြစ်၏။

(၇)ကေဘယ်လ်ကား (Cable Car)

ဆန်ဖရန်စစ္စကိုရောက်လျှင် ကေဘယ်လ်ကားစီးရန်လည်း မမေ့ပါနှင့်။ မော်တော်ကားကဲ့သို့ စက်မပါပဲ မီးရထားလမ်းအောက်တွင် ရွေ့လျှားနေသော ကေဘယ်လ်ကြိုးကြီးဖြင့် ချိတ်ဆက်မောင်းနှင်ခြင်းဖြစ်၏။ ထို့ကြောင့် တစ်နာရီ(၁၃)မိုင်သာသာ အလွန်နှေးသောနှုန်းဖြင့်သာ ရွေ့လျှားသည်။

မြင့်မားသောတောင်ကုန်းများကြောင့် မြင်းလှည်းများလန်ကျ၍ မကြာခဏဒုက္ခဖြစ်ရာမှ ေ၁၈၇၃တွင် ကေဘယ်လ်ကားပေါ်ပေါက်ခဲ့သည်။ ၁၈၉၀အထိ လိုင်းပေါင်း (၂၃)လိုင်းရှိခဲ့သော်လည်း နှစ်တစ်ရာကျော်ခန့်ကြာသောအခါ လိုင်းသုံးလိုင်းသာ ကျန်ရှိသည်။ နေ့စဉ်လူနှစ်သောင်းခန့်ကိုပို့ဆောင်ပေးနေသောကြောင့် နှစ်စဉ်လူခုနှစ်သန်းခန့် စီးနင်းလိုက်ပါသည်။ ကေဘယ်လ်ကားပြတိုက်သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။ မတ်စောက်သောတောင်ကုန်းများပေါ်တွင် တည်ဆောက်ထားသဖြင့် ကားစီးရင်း သဘာဝရှုခင်းကို ခံစားနိုင်သည်။ ယူနီယံစကွဲမှ တံငါဆိပ်အထိကေဘယ်လ်ကားလမ်းသည် ခရီးသည်များအကြိုက်တွေ့ကာ အထင်ရှားဆုံးဖြစ်၏။

(၈)ယူနီယံစကွဲ (Union Square)

မြို့လည်ရှိ ပန်းခြံလေးတစ်ခုဖြစ်၏။ Shopping သမားတို့အကြိုက်ဖြစ်၍ အမျိုးသမီးထုအတွက် မရောက်မဖြစ်။ အလုပ်သမားသမဂ္ဂများကို ထောက်ခံသူတို့စုဝေးရာနေရာဖြစ်၍ Union Square ဟု ခေါ်တွင်သည်။ စီးပွားရေးရပ်ကွက် (Financial District)၊ တရုတ်တန်း (Chinatown )တို့နှင့် ကပ်လျှက်တည်ရှိသည်။ ဟော်တယ်ကြီးများ၊ ဈေးဝယ်စင်တာများ၊ ပြဇာတ်ရုံများ၊ စားသောက်ဆိုင်များ အနီးအနားတွင်ရှိသည်။ တံငါဆိပ်သွားရာ ကေဘယ်လ်ကားဂိတ် စတင်သည့်နေရာဖြစ်သည်။ ပန်းခြံအလယ်တွင် နိုက်ကီ(Nike) ဟုအမည်ရသည့် အောင်မြင်ခြင်းကိုကိုယ်စားပြုသော ဂရိနတ်ဘုရားမ၏ ရုပ်ထုကိုကျောက်တိုင်ထိပ်တွင် မြင်တွေ့နိုင်သည်။ (ကမ္ဘာကျော်ဖိနပ်တံဆိပ်သည် ထို Nike ခေါ် အောင်မြင်ခြင်းဂရိနတ်ဘုရားမ၏ အမည်ပင် ဖြစ်ပါ၏။)

(၉)တရုတ်တန်း (Chinatown)

အမေရိကန်ပြည်ထောင်စုရှိ တရုတ်တန်းများတွင် ရှေးအကျဆုံးဖြစ်သည်။ မိုင်ဝက်ပတ်လည်အလျှားအနံရှိ စတုရန်းပုံသဏ္ဍန်ရှိ ဆန်ဖရန်စစ္စကိုတရုတ်တန်းသည် မြောက်အမေရိကတိုက်တွင် အကြီးမားဆုံးလည်း ဖြစ်သည်။ ဤနေရာကျဉ်းလေးတွင် နေထိုင်ကြသူ လေးသောင်းနီးပါးရှိသဖြင့် နယူးယော့ခ်မြို့၏ မဟက်တန်ရပ်ကွက်မှလွဲလျှင် အမေရိကန်ပြည်ထောင်စု၌ လူနေသိပ်သည်းမှုအများဆုံးဖြစ်၏။ မိသားစုများ စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် ဟော်တယ်ခန်းအရွယ်အခန်းငယ်များတွင် နေထိုင်ကြသည်။ တစ်နှစ်ဝင်ငွေ နှစ်သောင်းခန့်သာရှိသဖြင့် ဝင်ငွေအလွန်နည်းပါးကြသည်။ နေထိုင်သူစုစုပေါင်း၏ ရာနှုန်းပြည့်နီးပါးမှာလည်း တရုတ်လူမျိုးများ သို့မဟုတ် အာရှတိုက်သားများပင် ဖြစ်ကြသည်။ ချမ်းသာသူတရုတ်အများစုကမူ Sunset၊ Richmond စသည့် ပင်လယ်နှင့်နီးသောရပ်ကွက်များတွင် နေထိုင်ကြသည်။ တရုတ်တန်း၏ သမိုင်းကြောင်းမှာ ရှည်လျှားလှသည်။

ဂရန့်လမ်း( Grant Avenue) ပေါ်ရှိ တရုတ်တန်း၏အဝင်ပေါက်တစ်ခုပေါ်ရှိ နဂါးဂိတ် (Dragon Gate) သည် အလှဓါတ်ပုံရိုက်သူတို့အတွက် မျက်စိကျစရာနေရာဖြစ်သည်။ နှစ်တစ်ရာကျော်ပြီဖြစ်သည့် တရုတ်ရှေးဟောင်းလက်ရာ လမ်းမီးတိုင်ကြီးများကိုလည်း တွေ့နိုင်သည်။ တရုတ်ရိုးရာအစားအစာများကိုလည်း ဈေးနုှန်းသက်သာစွာ စားသုံးနိုင်သည်။ အမှတ်တရပစ္စည်းဆိုင်များ၊ ရှေးဟောင်းတရုတ်ဘုရားကျောင်းများ ရှိသည်။

ကမ္ဘာကျော် ကွန်ဖူးဘုရင် ဘရုစလီ ( Bruce Lee) မွေးဖွားခဲ့ရာ တရုတ်ဆေးရုံ (San Francisco Chinese Hospital) ကိုလည်းတွေ့မြင်နိုင်မည်။ ဘရုစလီသည် ထိုဆေးရုံတွင်မွေးဖွားခဲ့ပြီး ဆန်ဖရန်တဖက်ကမ်းရှိ ဥက္ကလံမြို့တွင် ကလေးဘဝက နေထိုင်ခဲ့သည်။ ကိုးနှစ်သားအရွယ်တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့သွားကာ အသက်(၁၈)နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ပြန်လည်ရောက်ရှိလာပြီး ဆန်ဖရန်တရုတ်တန်း၌ လအနည်းငယ်နေထိုင်ပြီးနောက် ဆီရားတယ် (Seattle)မြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။

(၁၀) ကွိုက်တာဝါ (Coit Tower)

မြို့မြောက်ဖက်ရှိ North Beach ရပ်ကွက်ရှိ တယ်လီဂရပ်တောင်ကုန်း (Telegraph Hill ) ပေါ်တွင်တည်ရှိသည်။ ပေပေါင်း (၂၁၀)အမြင့်ရှိသော ကွန်ဂရိတာဝါတိုင်ကြီးဖြစ်သည်။ မြို့လယ် တစ်မြို့လုံးကို အပေါ်မှ ၃၆၀ ဒီဂရီ အနေအထားဖြင့် တွေ့မြင်နိုင်သည်။ ၁၉၃၂-၃၃ တွင် မီးသတ်မျှော်စင်အဖြစ်အသုံးပြုရန် တည်ဆောက်ခဲ့သည်။ တယ်လီဂရပ်တောင်ကုန်း၏ လှေခါးထစ်များသည်လည်း မြင့်မားလှသဖြင့် ကျန်းမာရေးလိုက်စားသူများ၊ လမ်းလျှောက်သူများအကြိုက်တွေ့ကြသည်။

ထိုနေရာများအပြင် အကွေ့အကောက်များလှသဖြင့် ကမ္ဘာ့အကောက်ကွေ့ဆုံးလမ်းဟု တင်စားကြသည့် Lombard Street ၊ ဂျပန်တောင်း (Japantown)၊ မြို့တော်ခန်းမ (City Hall) ၊ ကုလသမဂ္ဂပလာဇာ (United Nation Plaza)၊ ဆန်ဖရန်ဆိပ်ကမ်းရှိ သမိုင်းဝင် Ferry Building ၊ Nob Hill တောင်ကုန်းပေါ်ရှိ သန်းကြွယ်သူဌေးကြီးများ၏ အိမ်များ၊ Cliff House ခေါ် ပင်လယ်အစွန်းကျောက်တုန်းကြီးပေါ်မှ အိမ်ကြီး၊ ကုန်းမြေ၏အဆုံး (Land End)ရှိ ပစိဖိတ်ကမ်းခြေ (Ocean Beach)၊ Sea Cliff မှ အိမ်ကြီးများ၊ Presidio ခေါ် ရေတပ်စခန်းဟောင်းတည်ရှိရာ တောအုပ်ကြီး စသည်ဖြင့် မြို့တွင်းလည်ပတ်စရာတွေ အများအပြား ကျန်ရှိနေသေးပါသည်။

ဆန်ဖရန်မြို့တွင်းကို အားရအောင်လည်ပတ်ပြီးလျှင် မြို့ပြင်နှင့်အနီးအနားတဝိုက်သို့ သွားလည်ကြပါစို့။ ဆန်ဖရန်စစ္စကို၏ နာမည်ကျော် ဂိုးလ်ဒင်းဂိတ်တံတားကြီးကို ကျော်ဖြတ်ပြီးမြောက်ဖက်သို့ (၁၂)မိုင်ခန့်ရောက်လျှင် နာမည်ကျော်မြူရာဝုဒ် ( Muir Wood)အမည်ရ သဘာဝသစ်တောကြီးရှိသည်။

ထိုသစ်တောကြီးသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအထိမ်းအမှတ်အဖြစ် ထားရှိရာသစ်တောကြီးဖြစ်၍ ဧကပေါင်း (၅၅၄)ဧက ကျယ်ဝန်းသည်။ ဝက်သစ်ချပင်များ၊ မဟော်ဂနီပင်များသည် နေပျောက်မထိုးနိုင်အောင် အကိုင်းအခက်များက ယှက်ဖြာနေကြသည်။ တောင်တန်းကြီးပေါ်မှ ဆန်ဖရန်၏ အဝေးမြင်ရှုခင်းနှင့် ပစိဖိတ်သမုဒ္ဒရာကမ်းခြေကြီးကို အလျှားလိုက်မြင်နိုင်သည်။ အနီးအနားရှိ ကမ်းခြေ(Beaches)များသည်လည်း အလွန်သာယာလှပသလို သန့်ရှင်းသည်။ တစ်နှစ်လျှင် ဧည့်သည်တစ်သန်းကျော် လာရောက်လေ့လာကြသည်။

မြို့၏တောင်ဖက်တွင် ဆန်ဘရူနို(San Bruno)တောင်တန်းကြီးက ကန့်လန့်ဖြတ်တည်ရှိသဖြင့် ခြေလျှင်တောင်တက်သမားများအကြိုက်တွေ့ကြသည်။ မြို့မှထွက်၍ အဝေးပြေးလမ်းမ I-280 အတိုင်း(၁၀)မိုင်ခန့်ဆင်းလာလျှင် လမ်း၏ညာဖက်၌ ပစိဖိတ်မြေသားအပိုင်း ( Pacific Plate) နှင့် အမေရိကမြေသားအပိုင်း (America Plate)တို့ဆုံရာ ဆန်အန်ဒရေးရ ( San Andreas) အမည်ရှိ ငလျှင်ကြော (Fault line) ကြီးကို မြင်တွေ့နိုင်သည်။ ထိုငလျှင်ကြောကြောင့် ၁၉၀၆ခု ငလျှင်ကြီးဖြစ်ပေါ်ခဲ့ခြင်းဖြစ်၏။ တောင်မှမြောက်၊ မြောက်မှတောင် တွန်းနေကြသော မြေသားအပိုင်းနှစ်ခုသည် တစ်နှစ်လျှင် တစ်လက်မခန့် ဆန့်ကျင်ဖက်သို့ ရွေ့လျှားနေကြသည်။ နှစ်နှစ်ရာလျှင် တစ်ကြိမ်ခန့် ပျမ်းမျှအားဖြင့် ငလျှင်ဖြစ်ပေါ်လေ့ရှိသည်။

တောင်ဖက်သို့ မိုင်နှစ်ဆယ်ကျော်ဆက်သွားပါက ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခုဖြစ်သော စတန်းဖို့ဒ်တက္ကသိုလ်ကိုတွေ့ရမည်။ ထိုမှဆက်၍ တောင်ဖက်သို့အနည်းငယ်ဆက်သွားပါက ကမ္ဘာကျော်ဂူဂဲလ်(Google)ဖေ့ဘွတ် (Facebook) စသည့်ကုမ္ပဏီရုံးချုပ်များကိုတွေ့ရမည်။ ပန်းသီးရုံးချုပ်( Apple Headquarter) ကြီးနှင့် ရာဟူးရုံးချုပ် (Yahoo! Headquarter) တို့ကိုတွေ့ရမည်။ ထိုနေရာတို့ကား ဆီလီကွန်တောင်ကြား (Silicon Valley) ဒေသပင်တည်း။ ကမ္ဘာ့အဆင့်မြင့်နည်းပညာများကို ဖြန့်ချီရာ၊ ထိန်းချုပ်ရာ ထိုဒေသသည် ဆန်ဖရန်ပင်လယ်ကွေ့ (San Francisco Bay Area) ဒေသတွင် ရှိသည်။

ဆန်ဖရန်စစ္စကိုအနီးတစ်ဝိုက်တွင် လည်ပတ်စရာတွေ များလှသဖြင့် ကုန်စင်အောင်မရေးပြနိုင်ပါ။

သည်မျှဆိုလျှင် ဆန်ဖရန်စစ္စကိုနှင့်ပတ်သက်၍ အတန်အသင့်သော ဗဟုသုတများကို ခြုံငုံမိပြီထင်ပါသည်။ သမိုင်းဆရာမဟုတ်သည်မို့ အကျဉ်းချုံးရေးရာတွင် လိုအပ်ချက်များရှိပါက ခွင့်လွှတ်ပါ။

အချုပ်အားဖြင့်ဆိုရသော် ဆန်ဖရန်စစ္စကိုမြို့သည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အတန်းအစားပေါင်းစုံ စုရုံးနေထိုင်သောမြို့တစ်မြို့သာဖြစ်သည်။ သဘာဝဘေးဒါဏ်ကို အကြိမ်ကြိမ်ခံစားခဲ့ရသည်။ မြို့လုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့သည်။ အကြိမ်ကြိမ်ပြိုလဲခဲ့သော်လည်း မြို့သူမြို့သားများသည် မတူညီသောအရာများမှ ခွန်အားတစ်ရပ်ဖေါ်ဆောင်ကာ ပြန်လည်တည်ဆောက်ခဲ့ကြသည်။ အမုန်းတရားများကို ချစ်ခြင်းအားအဖြစ် ပြောင်းလည်းနိုင်ခဲ့သည်။ ခရစ်ယာန်၊ ဗုဒ္ဓ၊ ဟိန္နူ၊ အစ္စလ္လမ်၊ လူဖြူ၊ လူမဲ၊ လူဝါ၊ ကျား၊ မ၊ လိင်တူချစ်သူ ဟူသည့် အမည်နာမများမှ ဖေါက်ထွက်ကာ အရည်အချင်းရှိသူကို အရည်အချင်းရှိသလို နေရာပေးနိုင်သော အခြေအနေတစ်ရပ်ကို ဖန်တည်းနိုင်ခဲ့သည်။

ထို့ကြောင့်လည်း မတူညီမှုများညီညွတ်ခဲ့သည့်ဆန်ဖရန်စစ္စကိုမှ လူဖြူခေါင်းဆောင်များအပြင် အာရှနွယ်ဖွားမြို့တော်ဝန်၊ လူမဲအမျိုးသမီးမြို့တော်ဝန်၊ အမျိုးသမီးရဲချုပ်၊ အမျိုးသမီးမီးသတ်ဦးစီးချုပ်၊ လိင်တူချစ်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည်တို့ ထွက်ပေါ်ခဲ့သလို ကမ္ဘာပေါ်ရှိ အနယ်နယ်အရပ်ရပ်မှ အခြေချရန်ရောက်ရှိလာကြသည့် သူမှန်သမျှကို နွေးထွေးစွာဖြင့် ကြိုဆို နေဆဲဖြစ်သည်။မည်သူဖြစ်စေ ဥပဒေအောက်တွင် လူတိုင်းကို ညီမျှစွာအခွင့်အရေးရစေသည်။ ထို့ကြောင့်လည်း ဆန်ဖရန်စစ္စကိုမြို့သို့ လာလည်ကြသူဧည့်သည်အပေါင်းမှာ ဝင်လာမစဲတသဲသဲ။ မြို့၏နာမည်သည်လည်း ကမ္ဘာ့အလည်တွင် ထွန်းတောက်နေဆဲ။

ကျွန်တော်တို့ မြန်မာပြည်တွင်လည်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေကြသည်။ ခုချိန်ထိတော့ တိုက်ကြခိုက်ကြ ဆဲကြဆိုကြသည့် အမုန်းကမ္ဘာထဲမှ မထွက်နိုင်ကြသေး။ မယုံကြည်မှုများစွာမှ ဖေါက်မထွက်နိုင်ကြသေး။ မတူညီမှုတွေကို အားတစ်ခုဖြစ်လာရန် ညီညွတ်စွာ မတည်ဆောက်နိုင်ကြသေး။ တစ်နေ့နေ့မှာတော့ ထိုညီညွတ်မှုကို မြင်ရနိုင်ကောင်းပါသည်။ ထိုနေ့ကို မျှော်လင့်ရင်းဖြင့် ဆန်ဖရန်စစ္စကိုဆောင်းပါးရှည်ကြီးကို အဆုံးသတ်လိုက်ပါရစေ။

ချစ်သော မိတ်ဆွေသူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော်မောင်လူပေပါ။

ချစ်တဲ့

မောင်လူပေ

အဓိပတိကမ္မ 

Sanfrancisco 1

 


ဆန်ဖရန်စစ္စကို (စ-ဆုံး)

ဆယ်ပိုင်းပေါင်းပြီး ဖတ်ဖို့


ဆန်ဖရန်စစ္စကို


အမိမြေနှင့် မိုင်သောင်းချီဝေးသောမြို့။ ငယ်ငယ်ကကြည့်ခဲ့ဖူးသည့် Take me Away ဆိုသော ဂျပန်ရုပ်ရှင်ထဲမှာ မြင်ဘူးတဲ့မြို့။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာ မကြာခဏ ပါတဲ့မြို့။


ဒီမြို့ကို ၁၉၉၆မှာ စတင်ရောက်ဖူးသည်။ တောင်ကုန်းတွေအပြည့်နဲ့မြို့မို့ လမ်းတွေက အတက်အဆင်းကြမ်းသည်။ ဝါယာကြိုးကြီးနဲ့ ရွေ့လျှားတဲ့ ကေဘယ်လ်ကား ဆိုတာကြီးလည်းတွေ့သည်။ မြို့ပတ်ရထားစီးသည်။ တရုတ်တန်းသွားသည်။ အမှတ်တရ ဓါတ်ပုံရိုက်သည်။ ဒီမြို့မှာ အလုပ်သမားဖြစ်မည်ဟု ယောင်လို့တောင် အိပ်မက်မမက်ခဲ့။ ဒီမြို့အကြောင်းလည်း ဘာမျှမသိခဲ့။


ဆန်ဖရန်စစ္စကိုတဝိုက်မှာ စတင်နေထိုင်သူများသည် အိုလိုနီ(Ohlone) အမည်ရှိသော ဌာနေအင်းဒီယန်း(Native Indian) တို့ဖြစ်၍ ဘယ်အချိန်ထဲက ရောက်နေကြသည်မသိ။ အနည်းဆုံးတော့ နှစ်ပေါင်းသောင်းချီမည်။ ခရစ်တော်မပေါ်မှီ နှစ်သုံးထောင်ခန့်(3000 BC) ကနေထိုင်ခဲ့ကြသည့်အထောက်အထားတွေတော့ တွေ့ရှိခဲ့ပြီ။ သူတို့ကို အာရှအလယ်ပိုင်းမှ ရောက်ရှိလာကြသော လူတွေဟု ယူဆကြသည်။ အုပ်စုလေးတွေဖွဲ့ကာ နေကြသည်။ ထိုအာရှသားတို့ပင် အမေရိကတိုက် အနှံ့ပျံ့နှံ့နေထိုင်ကြကာ မာယာ(Maya)လူ့အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့ကြ၏။ အမေရိကတိုက်၏ မူလပိုင်ရှင်များမှာ သူတို့ဖြစ်ကြသည်။


ဒုတိယရောက်လာသူများကား ဥရောပတိုက်သားစပိန်များပင်။ စပိန်ဘုရင်အတွက် အိန္ဒိယတိုက်သို့သွားသော ပင်လယ်ရေလမ်းခရီးရှာဖွေရင်း မျက်စိလည်လမ်းမှားကာ အမေရိကတိုက်ကို ကိုလံဘတ်တွေ့ပြီးနောက်ပိုင်း ဥရောပသားတွေ နယ်မြေသစ်ရှာဖွေရန် ခြေဆန့်ကြသည်။သာသနာပြုမစ်ရှင်တွေကို အကြောင်းပြုကာ ဒီနေရာသို့ ပထမဆုံး ရောက်လာသည်က ဟိုဆေး(José) မိုရာဂါ(Moraga) နှင့် ဖရန်စစ္စကို( Francisco) တို့သုံးဦးသား။ နေရာသစ်ကို စိန့်ဖရန်စစ်(St Francis) အားဂုဏ်ပြုသည့်အနေဖြင့် ဆန်ဖရန်စစ္စကို(San Francisco) ဟု အမည်သညာ ပေးကြလေ၏။ ၁၇၇၆ခုနှစ် ဇွန်လ လေးရက်နေ့တွင် နာမည်သစ်နှင့်အတူ စပိန်လက်အောက် ရောက်ခဲ့ပြန်သည်။


ထိုအချိန်တွင် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးမှာ လူအနည်းငယ်သာရှိသည့်အတွက် ဆန်ဖရန်တစ်ဝိုက်မှာ ကျီးနှင့်ဖုတ်ဖုတ်အခြေအနေ။ အနေအထားပြောင်းချင်တော့ ဒီဒေသကြီးတစ်ခုလုံးသည် ၁၈၂၁တွင် စပိန်လက်အောက်မှ မက္ကဆီကိုအောက်ရောက်လာခဲ့သည်။ ထိုမှတဖန် ၁၈၄၈ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုအောက်သို့ ရောက်လာ၏။


ထိုအချိန်အထိ မည်သူမှျှ စိတ်မဝင်စားသည့်အနေအထား။ မြေပြင်ပေါ်မှာလည်း သစ်ပင်ကြီးတွေကလွဲလို့ ဘာမျှမရှိ။မမြင်ရသည့် မြေအောက်တွင်တော့ ရွှေကြောကြီးတွေအပြည့်။ ဒီရွှေကြောကြီးက ပဲ့ထွက်လာသော ရွှေသားအပဲ့အပိုင်းအစတွေကို မတော်တဆတွေ့သွားရာမှ ရွှေပြည်နယ်(Golden State)အဖြစ် နာမည်ကြီးကာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းသို့ ရွှေရှာကြမည့်လူများ အလုံးအရင်းဖြင့် ဝင်လာကြသည်။ ၁၈၄၉မှာ အများဆုံးရောက်လာကြ၍ ၄၉သမား( 49ers) တွေဟု ခေါ်ကြပါ၏။


ဒီလူတွေအတွက် ဆန်ဖရန်စစ္စကိုသည် ပျော်စရာနေရာဖြစ်ဖို့ ဖန်တည်းခဲ့သည်။ ၁၈၄၈ခုနှစ်က လူဦးရေတစ်ထောင်သာရှိသောဆန်ဖရန်စစ္စကိုသည် နောက်တစ်နှစ်ဖြစ်သော ၁၈၄၉တွင် လူနှစ်သောင်းခွဲအထိ တိုးပွားလာခဲ့ရာမှ ၁၈၅၀တွင် တရားဝင်မြို့အဆင့်သို့ ရောက်လာသည်အထိ။ ထိုနှစ်မှာပင် ကယ်လီဖိုးနီးယားပြည်နယ်သည်လည်း အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်ပြည်နယ်တစ်ခုအဖြစ်တရားဝင် သတ်မှတ်ခံရခြင်းဖြစ်လေသည်။


ဆန်ဖရန်စစ္စကို၏ စည်ကားမှုက မယုံနိုင်စရာ။ ရွှေတူးပြီး ချမ်းသာဖို့စိတ်ကူးယဉ်အိပ်မက်ကိုယ်စီနှင့် အမေရိကန်ပြည်ထောင်စုအနှံ့မှ ရောက်လာကြသူအပေါင်းကြောင့် ရွာသိမ်လေးဘဝမှ မြို့အဖြစ်ရုပ်ချည်းပြောင်းခဲ့ခြင်းဖြစ်သည်။


မြို့ကွက်တွေအမြန်ဖေါ်၊ အမြန်ရောင်း၊ ရေ၊မီး၊ မိလ္လာ၊ ဘာမှပြည့်စုံအောင် မရှိခဲ့။ ခါတော်မှီကန်ထရိုက်တွေဆောက်ပေးသော အရည်အသွေးမမှီ အထပ်မြင့်တိုက်တွေ အစီအရီပေါ်လာသည်။ စီစစ်နိုင်မှုအားနည်းတော့ ဖြစ်သလိုဆောက်ကြသည့် အရည်အသွေးနိမ့်အိမ်တွေအများကြီး။ လမ်းတွေကကျဉ်း၊ မြင်းလှည်းပင် ဝင်ရထွက်ရခက်သည်အထိ။


ဒါတွေက အရေးမကြီးလှ။ မြို့တော်ဘဝပြောင်းတော့ အနယ်နယ်ကလူတွေစုံသည်။ ရွှေတွင်းတူးသူတွေက ရွှေစတွေသယ်လာ၊ ရောင်းချပြီးငွေရွှင်တော့ သုံးဖြုံးကြသည်။ နယ်စုံက ဒုစရိုက်သမားတွေရောက်လာသည်။ တည်းခိုခန်းတွေအစီအရီပေါ်လာသည်။ အပျော်မယ်တွေ၊ ဇိမ်ခန်းတွေ၊ အရက်ဘားတွေ၊ အနှိပ်ခန်းတွေ၊ လောင်းကစားဝိုင်းတွေ လက်ညှိုးထိုးမလွဲဖြစ်လာသည်။ လပ်စ်ဗေးဂတ်(Las Vegas) မရှိသေးခင်က ဆန်ဖရန်စစ္စကိုသည် ထိုမြို့အလား စည်ကားခဲ့၏။ ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ်ပေါ့။ ရွှေတူးသမားတွေအများစုကတော့ အပျော်အပါးပေါတဲ့မြို့မှာ ရလိုက် သုံးလိုက် ကုန်လိုက်နှင့်ပင် လုံးပါးပါးကြသည်ဟု ဆိုသည်။ စုမိဆောင်းမိသူ အနည်းငယ်မျှသာ။


ချမ်းသာဖို့အာမခံချက်က အတော်ကြီးတော့ အနယ်နယ်က ဆိုက်ရောက်လာသည့် လှေသဘောၤမှ သဘောၤသားများလည်း ရေပျော်ဘဝကိုစွန့်ခွာကာ ရွှေမိုင်းရှိရာဆီခရီးနှင်ကြသည်။ သဘောၤသားမရှိတော့၍ ဆိပ်ကမ်းမှာသောင်တင်ပြီးကျန်ခဲ့သည့်သဘောၤအစင်းရေ ငါးရာခန့်အထိရှိခဲ့၏။ ထိုသဘောၤများသည်လည်း ပင်လယ်ကွေ့တဝိုက်ကျောက်ချထားရင်း၊ စတိုခန်း၊ တည်းခိုခန်းစသည်ဖြင့် ဘဝပြောင်းကြရသည်။


ရွှေဝယ်သူ၊ရွှေရောင်းသူ၊ ငွေပို့လိုသူတွေ စည်ကားလှတော့ ဘဏ်လုပ်ငန်းတွေ အတော်အဆင်ပြေကြသည်။ အမေရိကန်ပြည်ထောင်စု၏ နာမည်ကျော်ဘဏ်ကြီးများဖြစ်သည့် Well Fargo, Bank of America စသည်တို့သည် ဆန်ဖရန်စစ္စကိုမှာ စတင်တည်ထောင်ကြီးပွားခဲ့ခြင်းဖြစ်၏။ ၁၈၇၀မှ ၁၉၀ဝပြည့်နှစ်များအထိ ဆန်ဖရန်စစ္စကိုသည် အမေရိကန်ပြည်ထောင်စု အနောက်ဖက်ကမ်းတွင် အကြီးဆုံးမြို့ ဖြစ်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံလောက်မှာ ဆန်ဖရန်စစ္စကိုတွင် နေခဲ့ပါ၏။


သည်လိုမြို့ကြီးဖြစ်လာသည်က ရွှေတူးလုပ်ငန်းတစ်ခုတည်းကြောင့်မဟုတ်။ ၁၈၆၉တွင် ပစိဖိတ်မီးရထားလမ်းက အမေရိကန်ပြည်ထောင်စု အရှေ့ဖက်မှ အနောက်ဖက်ကမ်းအထိ ရောက်ရှိလာသောကြောင့်လည်းပါသည်။ ဆန်ဖရန်စစ္စကိုသည် ကုန်သွယ်ရေကြောင်းမှဝင်လာသောပစ္စည်းများကို ဖြန့်ချီရာ ကုန်သွယ်မြို့လည်း ဖြစ်လာခဲ့၏။ စီးပွားရေးလုပ်ငန်းရှင်များကလည်း စက်ရုံများတည်ထောင်ရာ ကမ္ဘာကျော် ဂျင်းဘောင်းဘီတံဆိပ်ဖြစ်သော လီဗိုက်( Levi Strauss), ချော့ကလက်ကုမ္ပဏီကြီးများဖြစ်သည့် Ghirardelli, Domingo တို့ ပေါ်ပေါက်လာသည်။


ပစိဖိတ်မီးရထားလမ်းဖေါက်သည့်အချိန်မှာ အလုပ်သမားရှားပါးသဖြင့် တရုတ်ပြည်ကွမ်တုန်၊ ရှန်ဟိုင်းစသည့်မြို့များသို့သွားကာ အချိန်ပိုင်းလုပ်သားများအား စုဆောင်းခဲ့ရာမှ တရုတ်အလုပ်သမားများသောင်းချီပြီးရောက်လာကြသည်။ ထိုသူတွေမှာလည်း မီးရထားလမ်းဖေါက်လုပ်ရေးပြီးဆုံးသောအခါ ရွှေတွင်းအလုပ်သမားတွေ ဖြစ်လာကြသည်။ ဆန်ဖရန်မှာစတင် အခြေချကြသည်။ ဤသို့နှင့် ဆန်ဖရန်စစ္စကိုမြို့လယ်တွင် တရုတ်တန်း(China Town) ကို ၁၈၇၀တွင် စတင်တည်ထောင်ခဲ့ကြ၏။ မြို့၏(၈%) သည် တရုတ်လူမျိုးများဖြစ်ကြသည်။ ( ယခုတော့ ၂၀%အထိ တိုးပွားနေပါပြီ။)


တောင်ကုန်းတွေများသောမြို့မို့ မြင်းလှည်းများသွားလာရေးတွင် အခက်အခဲရှိ၏။ အလွန်မတ်စောက်သောတောင်ကုန်းများဆိုလျှင် မြင်းလှည်းတွေ လန်ကျသည်အထိဖြစ်ကြရ၏။ သည်အခက်အခဲကိုကျော်လွှားဖို့ ကြံဆကြရင်း ၁၈၇၃တွင် ကြိုးနှင့်ဆွဲသော ကေဘယ်လ်ကား( Cable car) များစတင်ပေါ်ပေါက်လာခဲ့သည်။


မြို့လူထု၏တောင်းဆိုမှုကြောင့် ကျောင်းများ၊လမ်းများ၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်တို့ချဲ့ခဲ့၏။ အများပြည်သူအပန်းဖြေရန် Golden Gate Park , Presidio Park စသည့် ပန်းခြံကြီးတွေ ဖြစ်တည်လာသည်။ Presidio တွင် ရေတပ်စခန်းတည်ဆောက်ပြန်တော့ စစ်သားတွေနှင့် မိသားစုဝင်တွေ ထပ်ရောက်လာပြန်သည်။ သည်လို တစစ ကြီးထွားခဲ့ရာမှ ၁၈၅၀တွင် လူဦးရေ နှစ်သောင်းခွဲရှိခဲ့သော ဆန်ဖရန်စစ္စကိုသည် နောင်နှစ်လေးဆယ်အကြာ ၁၈၉၀တွင် လူဦးရေသုံးသိန်းကျော်အထိ တိုးပွားလာခဲ့၏။ အမေရိကန်ပြည်ထောင်စုတွင် နံပါတ်(၈)အကြီးဆုံးမြို့ ဖြစ်ခဲ့သည်အထိ။ ဒါတွေက မြို့၏ ရွှေထီးဆောင်းခဲ့သည့်အချိန်များပေါ့။ သို့သော် မမြင်နိုင်သည့် ကံကြမ္မာဆိုးများကို မမျှော်လင့်ပဲ ကြုံတွေ့ရသောအခါ ဆန်ဖရန်စစ္စကိုသည် ဗုန်းဗုန်းလဲခဲ့ရပြန်ပါသည်။


ကံကြမ္မာဟူသည် မည်သူကိုမျှ အမြဲတစေ မျက်နှာသာပေးသည်မဟုတ်။ ဒုက္ခပေးသည်လည်းရှိသည်။ ဆန်ဖရန်စစ္စကိုသည်လည်း ထိုနည်းလည်းကောင်း။


ဆန်ဖရန်စစ္စကို၏ ပထမဆုံးတွေ့ရသော ကံကြမ္မာဆိုးကား ၁၉၀ဝပြည့်နှစ်တွင် တရုတ်တန်းမှ စတင်ဖြစ်ပွားခဲ့သည့် ပလိပ်ရောဂါ ပျံ့ပွားမှုကြီးဖြစ်ပါ၏။ ၁၈၅၅ခုနှစ်တွင် တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့မှာ ပလိပ်ရောဂါဆိုးကြောင့် လူပေါင်း(၁၅)သန်းခန့် သေဆုံးခဲ့ဘူးသည်။ထိုနိုင်ငံများရှိ ကြွက်အပေါင်းမှာလည်း ရောဂါပိုးတွေကူးစက်လျှက်။ ထိုကြွက်များက ကုန်သွယ်ရေကြောင်းသဘောၤများတွင် ခိုကပ်လိုက်ပါကာ ဆန်ဖရန်သို့ရောက်ရှိခဲ့ဟန်တူပါ၏။


ဆန်ဖရန်စစ္စကို တရုတ်တန်းမှ တရုတ်လူမျိုးများသည် ထိုအချိန်က လူမျိုးရေးခွဲခြားမှု ပြင်းထန်စွာခံစားရချိန်ဖြစ်၏။ အိမ်ခန်းပိုင်ရှင်များက အိမ်ခန်းကောင်းလျှင် ငှားရမ်းဖို့ငြင်းဆန်သည်။ မည်သူမျှမငှားလိုသည့် စုတ်ပြတ်နေသော အိမ်ခန်းများကိုသာ တရုတ်များကို ငှားသည်။တရုတ်များ မသွားရနယ်မြေလည်း ကန့်သတ်ထားသေး၏။ ဆန်ဖရန်တရုတ်တန်းသေးသေးလေးမှာ လူတွေပြည့်ကျပ်လာတော့ သန့်ရှင်းမှုလည်းမရှိ။ အမှိုက်တွေပွရှုပ်လာ၏။ အမှိုက်သိမ်းသမားလည်း မလာ။ ကြွက်တွေခိုအောင်းရာနေရာ ဖြစ်လာ၏။ ရောဂါကူးနေသောကြွက်မှတဆင့် လူဆီသို့ ကူးစက်ပျံ့ပွားလာခဲ့သည်။


ဆန်ဖရန်မှာပလိပ်ရောဂါ စတင်ပျံ့ပွားစဉ်က အချိန်မှီသိခဲ့ကြသော်လည်း ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး(ဝန်ကြီးချုပ်)က သည်သတင်းကို ပြည်သူတွေသိအောင် ဖြန့်ချိဖို့ သဘောမတူခဲ့။ သူ့အကြောင်းပြချက်က ဆန်ဖရန်စစ္စကို၏ဂုဏ်သိက္ခာကျဆင်းမည်၊ ဧည့်သည်မလာဖြစ်ကာ ဝင်ငွေကျဆင်းမည်ဟူ၏။ သည်လိုနှင့်(၂)နှစ်တာမျှ ပလိပ်ရောဂါသတင်းကိုဖုံးဖိခဲ့ကြသည်။ ၁၉၀၂ ခုနှစ်ရောက်မှ အုပ်ချုပ်ရေးမှူးအသစ်တက်လာကာ သည်ကိစ္စကို ကိုင်တွယ်ခဲ့ရသည်။ ထိုအချိန်တွင် လူတစ်ရာ့နှစ်ဆယ်ခန့်သေဆုံးပြီး ဖြစ်သည်။ နောက်ပိုင်းနှစ်များစွာအထိ ပြန်လည်ဖြစ်ပွားနေမှုကြောင့် ထပ်မံ၍ လူပေါင်းရာချီ သေခဲ့ကြရသဖြင့် ကြွက်ကောင်ရေပေါင်း သန်းချီကာ သတ်ဖြတ်နှိမ်နှင်းခဲ့ကြရပါ၏။


ဒုတိယကြမ္မာဆိုးကတော့ ၁၉၀၆ခုနှစ် ဧပြီလ(၁၈)ရက်နေ့မနက် ငါးနာရီဆယ့်နှစ်မိနစ်အချိန်က လှုပ်ခတ်ခဲ့သော ဆန်ဖရန်စစ္စကိုငလျှင်ကြီးပင်။ အမေရိကန်ပြည်ထောင်စုသမိုင်း၌ အဆိုးဝါးဆုံး သဘာဝဘေးအန္တရာယ်ကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။


ရစ်တာစကေး (၇.၉) အဆင့်ရှိ ပြင်းထန်သောငလျှင်ကြီး၏ လှုပ်ခတ်မှုဒါဏ်ကြောင့် အဆင့်အတန်းမမှီသောအဆောက်အဦများပြိုကျပျက်စီးကာ မြို့၏တစ်ဝက်ခန့်မှာ အုပ်ပုံဘဝရောက်သွားသည်။ ငလျှင်လှုပ်ပြီးနောက် လောင်ကြွမ်းခဲ့သောမီးကိုလည်း သုံးလေးရက်ခန့်ထိ မငြိမ်းသတ်နိုင်ခဲ့။ မြို့ရေပေးဝေရေးစနစ်တစ်ခုလုံး ပျက်စီးသွား၍ဖြစ်သည်။ မီးငြိမ်းသတ်ရေးအတွက် မပြိုသေးသောအဆောက်အဦများကို ဒိုင်းနမိုက်ဖြင့်ခွဲခါ မီးကြီးကို တားဆီးခဲ့ကြရသည်။ ထိုမီးကြီးကြောင့် မြို့၏လေးပုံသုံးပုံမှာ ပြာအတိကျသွားခဲ့ရပြီး လူပေါင်းလေးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြ၏။ သေဆုံးသူဦးရေမှာ တရားဝင်စာရင်းအရ(၄၉၈)ဦးဟု ဆိုသော်လည်း နှောင်းခေတ်လေ့လာမှုများအရ သုံးထောင်နီးပါးသေဆုံးသည်ဟု ယူဆကြသည်။ တရုတ်တန်းတစ်ခုထဲမှာပင် လူပေါင်းနှစ်ထောင်ကျော်ပျောက်ဆုံးခဲ့ရ၏။ သည်လူတွေက တရားဝင်နေထိုင်သူများစာရင်းမှာ ထည့်သွင်းခံကြရသူတွေမဟုတ်တော့ တရားဝင်သေဆုံးသူစာရင်းထဲမှာ မပါခဲ့။ ဒုက္ခသည်တွေထဲမှ အချို့ကတော့ ဆန်ဖရန်စစ္စကို ကိုစွန့်ခွာကာ ပင်လယ်ကွေ့၏အရှေ့ဖက်(East Bay) သို့ ပြောင်းရွှေ့သွားကြသည်။


မီးလောင်ပျက်စီးခဲ့ရသောဆန်ဖရန်စစ္စကိုအတွက် အဆိုးထဲမှ အကောင်းဖြစ်ခဲ့ရသည်ကတော့ မြို့ကို စည်းကမ်းတကျ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါ၏။ အဆင့်အတန်းမမှီ၊ ဖြစ်သလိုတည်ဆောက်ခဲ့သော နေအိမ်များအစား အဆင့်အတန်းမှီ ခိုင်ခန့်သောနေအိမ်များ၊ အထပ်မြင့်တိုက်များဖြင့် အစားထိုးနိုင်ခဲ့ကြသည်။ မြို့ပြဖွံ့ဖြိုးမှုအတွက် စနစ်တကျဖေါ်ဆောင်နိုင်ရန်အတွက် ငွေ၊လူ၊ နည်းပညာ ပံ့ပိုးမှုတွေရခဲ့လေတော့ ငလျှင်ဘေးကြီးအပြီး (၇)နှစ်ခန့်တွင် မြို့သစ်ကြီးတစ်ခုကို အောင်မြင်အောင် ဖေါ်ဆောင်နိုင်ခဲ့ကြပါ၏။ သည်အဖြစ်အပျက်ကြောင့် ဆန်ဖရန်စစ္စက်ုမြို့ကို မီးလျှံထဲမှနိုးထလာသော ဖီးနစ်ငှက်အဖြစ် တင်စားခဲ့ကြရသည်။ မြို့နေလူထု၏ မဆုတ်သောဇွဲလုံ့လ၊ အစိုးရ၏ ထောက်ပံ့မှုများက အရာထင်ခဲ့လေပြီ။


ဆန်ဖရန်စစ္စကိုငလျှင်ကြီးအပြီး ဆယ်နှစ်ခန့်တွင် မြို့တော်ကြီးမှာ အရင်အတိုင်းပင် စည်းကားစွာဖြင့် ပြန်လည်လှုပ်ရှားအသက်ဝင်ခဲ့ပြန်ပါသည်။


ဆန်ဖရန်စစ္စကိုမြို့ကို ငလျှင်ဘေးဒါဏ်သင့်ထားသော အုပ်ပုံဘဝမှ မြို့သစ်အဖြစ် ပြန်လည်တည်ဆောက်ရာတွင် စီမံကိန်းရေးဆွဲရေးနှင့် ဆင်ခြေဖုံးဒေသ ဖွံ့ဖြိုးမှု လေ့လာရေးအသင်း (San Francisco Planning and Urban Research Association)ဟူ၍ အသေအချာဖွဲ့ကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကို ရည်တို၊ရည်ရှည်၊ နောင်နှစ်ငါးဆယ်စသည်ဖြင့် အသေးစိတ် အကောင်အထည်ဖေါ်ခဲ့ကြသည်။


ထိုစီမံကိန်းမှ အကောင်အထည်ဖေါ်ခဲ့သော ဆင်ခြေဖုံးမှ မြို့တွင်းအထိပြေးဆွဲသည့် ထရော်လီရထားလမ်းများဖြစ်သည့် J,K,L,M နှင့် M လိုင်းတို့သည် နောင်နှစ်တစ်ရာကျော်ကြာသော ယခုအချိန်အထိ သုံးစွဲနေဆဲဖြစ်ကြသည်။ မီးငြိမ်းသတ်ရာတွင်သုံးရန် သီးသန့်ရေလှောင်ကန်များ၊ ရေလိုင်းများ၊ ရေပန့်စက်များကို တည်ဆောက်ခဲ့သည်။ ရေဆိုးထုတ်ပိုက်လိုင်းများ အပြင် ရေဆိုးသန့်စင်စက်ကြီးများပါ တည်ဆောက်သည်။ ဆောက်လုပ်ရေးဆိုင်ရာများအတွက် လိုက်နာရန်စည်းကမ်းသစ်များ ထပ်မံရေးဆွဲသည်။


ထို့အပြင် မြို့နေလူထု တိုးတက်များပြားမည်ကို ကြိုတင်တွက်ဆပြီး ဆန်ဖရန်စစ္စကိုနှင့် မိုင်ပေါင်းနှစ်ရာနီးပါးဝေးကွာသည့် တောင်တန်းကြီးပေါ်မှာ Hetch Hetchy Reservoir, Herch Hetchy Aqueduct, O’Shaughnessy Dam စသည့် ရေလှောင်ကန်၊ ရေကာတာဆည်ကြီးများ တည်ဆောက်ခဲ့သည်။ ထိုရေများသည် တောင်ထိပ်ရှိနှင်းများအရည်ပျော်ရာမှ ကျဆင်းလာသည့် သဘာဝရေသန့်များဖြစ်ရာ အလွန်ကြည်လင်အေးမြလှ၏။ သဘာဝရေသန့်များကို ဆန်ဖရန်အရောက် ရေပိုက်လုံးကြီးများ၊ ရေတွန်းစက်များဖြင့် သွယ်တန်းနိုင်ခဲ့ကြသည်။ ယခုတိုင်အောင် သောက်ရေ သုံးရေအတွက်မပူရပဲ သုံးစွဲနေရသည်မှာ ထိုခေတ်က ဦးဆောင်သူများ၏ ကျေးဇူးတရားများကြောင့်ဆိုလျှင်မမှား။


မြို့ကိုပြန်လည်တည်ဆောက်ပြီးကြောင်း ပြသနိုင်ရန်အတွက် ငလျှင်လှုပ်ပြီး ကိုးနှစ်အကြာ ၁၉၁၅တွင် အပြည်ပြည်ဆိုင်ရာ ပနားမား ပစိဖိတ် ကုန်စည်ပြပွဲကြီး (Panama-Pacific International Exposition) ကို လက်ခံကျင်းပခဲ့သည်။ ဆန်ဖရန်စစ္စကိုဟုဆိုလျှင် ငလျှင်ဒါဏ်ကြောင့် ပျက်စီးခဲ့သည့်မြို့ဟု သိထားကြသည့် ကမ္ဘာ့နိုင်ငံများစွာမှ ရောက်လာကြသူအပေါင်းမှာ မြို့သစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ထားပြီးကြောင်း ကိုယ်တွေ့မျက်မြင်ဖြစ်၍သာ ယုံကြည်သွားကြရ၏။


၁၉၂၉တွင် အမေရိကန်ပြည်ထောင်စုသမိုင်း၌ အဆိုးဝါးဆုံးစီးပွားပျက်မှု (Great Depression) နှင့်ရင်ဆိုင်ခဲ့ရာတွင် နယူးယော့ခ်၊ ချီကာဂိုစသည့်မြို့ကြီးများစွာ ဒုက္ခပင်လယ်ဝေခဲ့သည်။ ဘဏ်များစွာ ဒေဝါလီခံရသည်။ လူများစွာ အလုပ်လက်မဲ့ဖြစ်ကာ အငတ်ဘေးဆိုက်ခဲ့သည်။ ထိုဘေးဆိုးကြီးတွင် ဆန်ဖရန်စစ္စကို မပါဝင်ခဲ့။ ခိုင်ခန့်သော စီးပွားရေးအဆောက်အဦများဖြင့် ကျားကန်နိုင်ခဲ့မှုကြောင့် ဆန်ဖရန်အခြေစိုက်ဘဏ်များ မပြိုကျအောင် တောင့်ခံနိုင်ခဲ့သည်။


အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်ဖန်တည်းရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းများစွာ အကောင်အထည်ဖေါ်ခဲ့ရာတွင် ပင်လယ်ကွေ့တံတားဟုခေါ်သော(Bay Bridge) နှင့် ဂိုးလ်ဒင်းဂိတ်တံတား ( Golden Gate Bridge ) တို့သည်လည်း ပါဝင်သည်။ ၁၉၃၆နှင့်၁၉၃၇ တို့တွင် ထိုတံတားနှစ်စင်းကို ရှေ့နောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လမ်းပမ်းဆက်သွယ်ရေးများ ပိုမိုလွယ်ကူလာခဲ့သည်။ ပင်လယ်ကွေ့တံတား (Bay Bridge) အလယ်ရှိ ရတနာကျွန်း ( Treasure Island ) သည် လူလုပ်ကျွန်းတစ်ခုဖြစ်ပြီး ထိုကျွန်းပေါ်တွင် Golden Gate International Exposition အမည်ရ အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲကြီးကို ၁၉၃၉တွင်း ကျင်းပခဲ့ပြန်သည်။ ပင်လယ်ကွေ့၏ အလယ်တည့်တည့်တွင် လူလုပ်ကျွန်းဖန်တည်းခြင်းသည် တံတားအတွက်ဖြစ်သလို အိုးအိမ်သစ်များတည်ဆောက်ရန်လည်းပါဝင်သည်။


ဆန်ဖရန်စစ္စကို၏ နောက်ထပ်ထူးခြားမှုတစ်ခုမှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးကြောင်း ကြေညာနိုင်ခဲ့သည့် ဂျပန်တို့လက်နက်ချခြင်းစာချုပ်ကို လက်မှတ်ထိုးခဲ့သည့်မြို့လည်း ဖြစ်သည်။ ကမ္ဘာစစ်တစ်ခု ထပ်မံဖြစ်ပွားမည့်အရေးကို ရှောင်ရှားနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးပါဝင်သည့် ကမ္ဘာ့ကုလသမဂ္ဂ(United Nation) အဖွဲ့ကြီးစတင်တည်ထောင်မွေးဖွားခဲ့သည့်မြို့၊ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကြီးကို စတင်ပြီး လက်မှတ်ရေးထိုးခဲ့သည့်မြို့မှာလည်း ဆန်ဖရန်စစ္စကိုမြို့ပင်ဖြစ်ပါ၏။ နောက်နှစ်နှစ်အကြာမှ ကုလသမဂ္ဂရုံးချုပ်ကို နယူးယော့ခ်မြို့သို့ ရွှေ့ပြောင်းခဲ့ကြသည်။


ဆန်ဖရန်စစ္စကိုသည် ၁၉၀၆ခုနှစ် ငလျှင်ဘေးဆိုးကြီးရင်ဆိုင်ရပြီးနောက်တွင်လည်း ငလျှင်ဘေးတစ်ခုကို ၁၉၈၉တွင်ရင်ဆိုင်ရခဲ့သေး၏။ Loma Prieta ငလျှင်ဟုခေါ်ကြသည်။ ထိုငလျှင်ကြောင့် အဝေးပြေးလမ်းပိုင်းအချို့၊ တံတားအစိတ်အပိုင်းတစ်ခု၊ အိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူသေပျောက်မှုအနည်းငယ်ရှိသော်လည်း ၁၉၀၆ငလျှင်ကြီးလို ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် မကြုံတွေ့ခဲ့ရ။


ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသ (San Francisco Bay Area) ကြီးသည်လည်း ဆန်ဖရန်နှင့်အပြိုင်ဖွံ့ဖြိုးတိုးတက်လာရာတွင် မိုင်လေးဆယ်အကွာရှိ ဆန်ဟိုဆေးမြို့ (San José) မြို့တဝိုက်ရှိ ဆီလီကွန်တောင်ကြား( Silicon Valley) သည် အဆင့်မြင့်နည်းပညာများ၏ ဗဟိုချက်မ ဖြစ်လာခဲ့သလို ဆန်ဖရန်စစ္စကိုသည်လည်း နည်းပညာကုမ္ပဏီမှ ဝန်ထမ်းများစွာနေထိုင်အခြေချရာ မြို့ဖြစ်လာခဲ့၏။ နည်းပညာကုမ္ပဏီအချို့လည်း အခြေစိုက်လာကြ၏။ မိုးပျံတံတားများပေါ်မှ မြင်တွေ့ရသည့် မိုးမျှော်တိုက်ကြီးများစွာသည် အမေရိကန်ပြည်ထောင်စုအနောက်ဖက်ပိုင်း၏ စီးပွားရေးဗဟိုချက်မြို့ဖြစ်သည်ဟုသော သင်္ကေတပင်။


ဆန်ဖရန်စစ္စကိုမြို့သည် ထူးဆန်းခေတ်မှီသော အဆောက်အဦများသာရှိသည့်မြို့မဟုတ်။ မြို့ကြီးတိုင်းလိုလိုမှာ မိုးမျှော်တိုက်များရှိကြသဖြင့်မထူးဆန်းလှ။ ထူးဆန်းသည်က ဆန်ဖရန်စစ္စကိုမြို့၏ ဝိဒေသများ၊ ဆန်ဖရန်သားတို့၏ အတွေးအမြင်များဖြစ်သည်။ လွတ်လပ်သောအတွေးအခေါ်ရှိသူများ နေထိုင်ရာမြို့ဖြစ်သည်နှင့်အညီ မိရိုးဖလာအယူအဆ၊ အနေအထိုင်များမှ ဖေါက်ထွက်ခဲ့ကြသည်ကိုလည်း မကြာခဏတွေ့မြင်ကြရသေးသည်။ မှန်သည်လည်းရှိသလို မှားသည်လည်းရှိခဲ့သည်။ နှောင်းလူတို့အတွက် သင်္ခန်းစာယူစရာတွေအပြည့်နှင့်။


မြို့တိုင်းမှာ သူ့ဝိဒေသနှင့်သူ ရှိကြသည်။ သူ့အလှနှင့်သူ။ ဆန်ဖရန်စစ္စကို၏ ထင်ရှားသောဝိဒေသက အမြဲလိုလိုမြူတွေဆိုင်းနေတတ်ခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြူနှင်းမြို့တော် (Fog City) ဟုခေါ်ကြသည်။


ထို့အပြင်ဆန်ဖရန်စစ္စကိုသည် နိုင်ငံရပ်ခြားမှလာရောက်အခြေချသူ အများဆုံးမြို့လည်းဖြစ်၏။ မြို့နေလူထု၏ လေးဆယ်ရာခိုင်နှုန်းကျော်သည် နိုင်ငံရပ်ခြားမှာ မွေးဖွားခဲ့သူများဖြစ်သည်။ တရုတ်လူမျိုးများက မြို့လူထု၏ ငါးပုံတစ်ပုံကျော်ရှိကာ အများဆုံးဖြစ်သည်။ အာရှတိုက်သားများ၊ စပိန်နွယ်ဖွားများ အများအပြားနေထိုင်ကြသဖြင့် ကွဲပြားခြားနားသော ယဉ်ကျေးမှု၊ အနုပညာတို့ကို တထိုင်တည်း မြင်တွေ့နိုင်သည်။


ဆန်ဖရန်စစ္စကိုတရုတ်တန်းသည် အမေရိကန်ပြည်ထောင်စုတွင်ရှိသော တရုတ်တန်းများအနက် ရှေးအကျဆုံးဖြစ်၏။ နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်ရှိခဲ့ပြီ။ ဆန်ဖရန်စစ္စကိုတရုတ်နှစ်သစ်ကူးပွဲတော် အလှပြလှည့်လည်ရေး (San Francisco Chinese New Year Parade) ပွဲသည်လည်း တရုတ်ပြည်ပြင်ပ၌ ကျင်းပသည့်ပွဲများအနက် အကြီးဆုံးပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကျင်းပခဲ့သည်မှာလည်း ရွှေတွင်းတူးအလုပ်သမားများခေတ်မှစတင်ခဲ့ရာ နှစ်ပေါင်းတစ်ရာကျော်ရှိခဲ့ပြီ။ အလှပြလှည့်လည်ပွဲတွင်ပါဝင်သူ ငါးထောင်ကျော်ရှိပြီး အားပေးကြည့်ရှုသူ သန်းဝက်ခန့်ထိ ရှိသည်။


တရုတ်တန်း (Chinatown) အပြင် ဂျပန်တန်း (Japantown) ကလည်းအထင်ကရ။ ဂျပန်ဗုဒ္ဓဘာသာရိုးရာ ငြိမ်းချမ်းရေးစေတီ (Japantown Peace Pagoda) သည် အထပ်ခြောက်ထပ်ရှိကာ အဝေးမှမြင်နိုင်သည်။ ငြမ်းချမ်းရေးမီးလျှံသည်လည်း (၂၄)နာရီထွန်းလင်းလျှက်ရှိ၏။ ဂျပန်တန်းရှိ ဈေးဝယ်စင်တာကြီးကလည်း ဂျပန်ပိသုကာပုံစံအတိုင်းပင်။ ယခင်က ဂျပန်လူမျိုးများစွာနေထိုင်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်တွင် ထိမ်းသိမ်းရေးစခန်းများ၌ ထိမ်းသိမ်းခံခဲ့ရ၍ စစ်ပြီးသောအခါ ဂျပန်သို့ ပြန်ကြသူများကြောင်းသိရသည်။


အာရှတိုက်သားစုစုပေါင်းသည် ဆန်ဖရန်စစ္စကိုလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်ရှိ လူဦးရေနှစ်သိန်းကျော်နှင့်အထက်နေထိုင်သော မြို့ကြီးများအနက် ဆန်ဖရန်စစ္စကိုသည် ပထမဆုံးသော တရုတ်လူမျိုး အာရှသားမြို့တော်ဝန်နှင့် ပထမဆုံးသော အာဖရိကနွယ်ဖွားအမျိုးသမီးမြို့တော်ဝန်တို့ ပေါ်ပေါက်ခဲ့သည့်မြို့ဖြစ်သည်။ မြို့လူထုအများစုသည် လွတ်လပ်သောအတွေးအခေါ်ရှိသူများဖြစ်ကြသည်။


ရှေးဟောင်းအနုပညာ ယဉ်ကျေးမှုတို့မှ ဖေါက်ထွက်သည့် ခေတ်သစ်အနုပညာ (Modern Art) တချို့သည် ၁၉၅၀တွင် ဆန်ဖရန်စစ္စကိုမှစတင်ခဲ့သဖြင့် ယင်းတို့ကို San Francisco Renaissance ဟုခေါ်ကြ၏။


လွတ်လပ်မှုကိုရှာကြရာမှ ဖြစ်ပေါ်လာသော ဟစ်ပီ(Hippies) ယဉ်ကျေးမှုသည်လည်း ၁၉၆၀တဝိုက်တွင် ဆန်ဖရန်စစ္စကိုရှိ Haight-Ashbury လမ်းတဝိုက်မှ စတင်ခဲ့ခြင်းဖြစ်၏။ ၁၉၆၇တွင် ဟစ်ပီယဉ်ကျေးမှုအမြင့်ဆုံးဖြစ်ကာ Golden Gate Park ထဲတွင် နွေရာသီအချစ်မေတ္တာ (Summer of Love) ပွဲကြီး ဆင်နွဲခဲ့ကြ၏။ “ If you’re going to San Francisco, be sure to ware flowers in your hair “ ဟူသော သီချင်းစာသားကို သည်ပွဲတော်တွင် ရေးစပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် မူးယစ်ဆေးပြသနာ၊ အိုးအိမ်မဲ့ပြသနာ၊ ရာဇဝတ်မှုပြသနာ များစွာဖြေရှင်းခဲ့ရ၍ ဟစ်ပီယဉ်ကျေးမှု တိမ်ကောသွားခဲ့သည်။


LGBT ဟု ခေါ်ကြသည့် လိင်တူချစ်သူများအခွင့်အရေးလှုပ်ရှားမှုသည်လည်း ၁၉၇၀တွင် ဆန်ဖရန်စစ္စကိုမှ စတင်လှုပ်ရှားခဲ့ကြသည်။ Harvey Milk သည် လိင်တူချစ်သူများတွင် ရပ်ကွက်ကိုယ်စားလှယ်( ရပ်ကွက်အုပ်ချုပ်ရေးမှူး)အဖြစ် ပထမဆုံးရွေးကောက်ခံရသူဖြစ်လာသည်။ ကက်စထရို (Castro) ရပ်ကွက်တွင် ပထမဆုံး လိင်တူချစ်သူတို့ရွာအဖြစ် တည်ထောင်နိုင်ခဲ့သည်။


ဆန်ဖရန်စစ္စကို၏ လိင်တူချစ်သူများအလှပြလှည့်လည်ရေးပွဲ ( San Francisco Gay/ Pride Parade) သည်လည်း အမေရိကန်ပြည်ထောင်စုတွင်ကျင်းပသည့် လိင်တူချစ်သူပွဲများအနက် အကြီးဆုံးဖြစ်သည်။ နိုင်ငံအသီးသီးမှ လိင်တူချစ်သူများ၊ နိုင်ငံတွင်းမှ လိင်တူချစ်သူများ သန်းနှင့်ချီကာ လာရောက်ဆင်နွှဲကြသည်။


ထို့အပြင် အားကစားပြိုင်ပွဲမျိုးစုံ၊ ဂီတဖျော်ဖြေပွဲမျိုးစုံ၊ လူမျိုးပေါင်းစုံ၏ ရိုးရာယဉ်ကျေးမှုပြပွဲမျိုးစုံ၊ ကုမ္ပဏီကြီးငယ်များစွာ၏ တွေ့ဆုံဆွေးနွေးပွဲ (Convention)မျိုးစုံ၊ ပြပွဲမျိုးစုံတို့ကို တစ်နှစ်ပတ်လုံးကျင်းပလျှက်ရှိ၏။ ယခင်အခါက ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သော်လည်း ပင်လယ်ဆိပ်ကမ်းကြီးကို ဥက္ကလံမြို့(Oakland)သို့ရွှေ့သွားသဖြင့် ကမ္ဘာလှည့်ခရီးသည်များကို များစွာအားထား၍ သည်လိုပွဲတွေ အမြဲတစေ ကျင်းပခြင်းဖြစ်သည်။


ဆန်ဖရန်စစ္စကိုတွင် ထူးခြားသောလမ်းမတစ်ခုရှိ၏။ Van Ness Ave ဟုခေါ်တွင်သည်။ ယင်းလမ်းမသည် ၁၉၀၆ခု ဆန်ဖရန်ငလျှင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သော မီးလောင်မှုကို မြို့အနောက်ဖက်ဆီသို့မကူးစက်ရေးအတွက် အဓိက တားဆီးခဲ့ရာ လမ်းမကြီးဖြစ်သည်။ ဤလမ်းမပေါ်ရှိ မပြိုသေးသော အဆောက်အဦအားလုံးကို အမေရိကန်စစ်သားများက ဒိုင်းနမိုက်များဖြင့် ဖြိုချပြီး မီးတားလမ်းအဖြစ် အသုံးပြုခဲ့ရသည်။ ထိုသို့တားဆီးနိုင်၍သာ မြို့လုံးကျွတ်မီးလောင်မည့်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။ ငလျှင်ဘေးနောက်ပိုင်းတွင် စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပြီး ယခုအချိန်တွင် တန်ဖိုးကြီးအထပ်မြင့်အိမ်ယာများစွာ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံများဖြင့် စည်ကားလျှက်ရှိ၏။


ဘဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် တားဆီးနိုင်ရေးအတွက်ဆိုလျှင် နည်းမျိုးစုံသုံးကြရသည်။ အိမ်ကြီးအိမ်ကောင်းများစွာကို ဖြိုချပြီးတားဆီးရသည်မှာ လွယ်လှသည်မဟုတ်။ ပိုင်ရှင်များကလည်း နားလည်သဘောပေါက်စွာဖြင့် ခွင့်ပြုကြ၍သာ အောင်မြင်ခြင်းဖြစ်သည်။


ဆန်ဖရန်စစ္စကိုမြို့သည် အကျယ်အဝန်းအားဖြင့် (၄၇)စတုရန်းမိုင်နီးပါးသာရှိသော်လည်း ၂၀၁၇စာရင်းအရ လူဦးရေစုစုပေါင်း ရှစ်သိန်းရှစ်သောင်းကျော်နေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နယူးယော့ခ်မြို့ပြီးလျှင် ဒုတိယမြောက် လူနေသိပ်သည်းမှုအများဆုံးမြို့ကြီးလည်းဖြစ်၏။


ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသ (San Francisco Bay Area)တဝိုက်တွင်ရှိသော အုက္ကလံ (Oakland)၊ ဆီလီကွန်တောင်ကြားတည်ရှိရာ ဆန်ဟိုဆေး (San Jose) တို့အပါအဝင် လူဦးရေစုစုပေါင်း ဆယ်သန်းနီးပါးနေထိုင်ကြ၏။ ထိုဧရိယာ၏ ဂျီဒီပီစုစုပေါင်းသည် ဒေါ်လာဘီလီယံကိုးရာကျော်ရှိသည်။ ဆန်ဖရန်စစ္စကိုတစ်မြို့ထဲ၏ ဂျီဒီပီက ဒေါ်လာဘီလီယံတစ်ရာ့ငါးဆယ်ရှိ၏။ ထို့ကြောင့် ၂၀၁၇စာရင်းအရ ဆန်ဖရန်စစ္စကိုသည် အမေရိကန်ပြည်ထောင်စု၏ ဝင်ငွေမြင့်သောမြို့များစာရင်းတွင် အမှတ်စဉ်(၇)ရှိသည်။ ကမ္ဘာ့အချမ်းသာဆုံးမြို့များစာရင်းတွင် အမှတ်စဉ်(၁၄)ရှိသည်။


၁၉၄၀ခန့်က မြို့နေလူထု၏ ၉၂% ရှိခဲ့သော လူဖြူများသည် ၂၀၁၇တွင် ၄၂%သာ ကျန်ရှိတော့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြောင်းရွှေ့လာသူများက သူတို့နေရာတွင် ဝင်ရောက်နေထိုင်ကြသည်။ ၁၉၉၀မှ ၂၀၀ဝပြည့်နှစ်အထိ ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသသို့ ကမ္ဘာနိုင်ငံအသီးသီးမှ ဝင်ရောက်လာသူစုစုပေါင်း ရှစ်သိန်းခွဲခန့်အထိ ရှိခဲ့ရာ အယ်လ်အေနှင့် နယူးယော့ခ်ပြီးလျှင် အများဆုံးဖြစ်၏။


အာရှသားသုံးပုံတစ်ပုံနေထိုင်သော ဆန်ဖရန်စ္စကိုမြို့၌ ဒုတိယအများဆုံးအာရှသားများမှာ ဖိလစ်ပိုင်လူမျိုးများဖြစ်သည်။ အာရှသားများ၏ လေးဆယ်ရာနှုန်းသည် တရုတ်ပြည်မှာမွေးဖွားသူများဖြစ်၍ ၁၃%သည် ဖိလစ်ပိုင်ပြည်မှာ မွေးဖွားသူများဖြစ်၏။ မြန်မာပြည်ဖွားများစွာ ဆန်ဖရန်စစ္စကိုမြို့တွင် နေထိုင်ကြသော်လည်း စာရင်းအတိအကျမသိရပါ။ ထောင်ဂဏန်းမျှတော့ ရှိနိုင်ပါသည်။ ဆန်ဖရန်စစ္စကို၏ အိမ်ခြံမြေဈေးကွက်က အမေရိကန်ပြည်ထောင်စုတွင် အမြင့်ဆုံးသောဈေးကွက်မို့ ယခင်နှစ်များစွာက ရောက်ရှိလာကြသည့် မြန်မာပြည်ဖွားများနှင့် ဆွေမျိုးသားချင်းများသာ အများစုဖြစ်သည်။ ဆန်ဖရန်စစ္စကိုနှင့်ကပ်လျက်ရှိသည့် ဒေးလီစီတီ (Daly City) မြို့၊ ဖရီးမောင့် (Fremont)မြို့ စသည်တို့တွင်လည်း မြန်မာမိသားစုများစွာနေထိုင်သည်။ ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသတစ်ခုလုံးဆိုလျှင် မြန်မာနွယ်ဖွား တစ်သောင်းကျော်မျှရှိမည်ဟု ခန့်မှန်းကြသည်။


ဆန်ဖရန်စစ္စကိုမြို့သည် ၂၀၁၄စာရင်းအရ အမေရိကန်ပြည်ထောင်စုတွင် လူနေမှုအဆင့်အမြင့်ဆုံးမြို့များ၌ ပထမနေရာရခဲ့သည်။ သို့သော် အလွန်ကြီးမြင့်လှသော လူနေမှုစာရိတ်ဒဏ်ကြောင့် ကော်လာပြာလုပ်သားဟုခေါ်ကြသည့် အလုပ်သမားမိသားစုများပါဝင်သည့် အလယ်အလတ်တန်းစားများသည် မြို့ကိုစွန့်ခွာ၍ ပို၍သက်သာရာဒေသသို့ ပြောင်းရွှေ့သွားကြသည်။ သူတို့နေရာတွင် ကော်လာဖြူဟုခေါ်သည့် မန်နေဂျာကြီးများအပါအဝင် ဝင်ငွေကောင်းသည့် အဆင့်မြင့်နည်းပညာ (High Tech)လုပ်သားများက အစားထိုးဝင်ရောက်လာသည်။ ကွန်ဒိုအခန်းများသည် ဒေါ်လာသန်းချီတန်ဖိုးများဖြစ်ကုန်ပြီး အခန်း(၂)ခန်းပါ သာမန်အိမ်ခန်းတစ်ခု၏ ငှားရမ်းခသည် တစ်လလျှင် ဒေါ်လာလေးထောင်ကျော်အထိ ပေးရသည်။


၂၀၁၄ခုနှစ် Pew Research Center စာရင်းအရ ဆန်ဖရန်စစ္စကိုမြို့သားများ၏ တစ်ဝက်နီးပါးဖြစ်သည့် ၄၈%က ခရစ်ယာန်၊ ၃၅% ဘာသာမရှိ၊ ၅% ဟန္နူ၊ ၃% ဂျူး၊ ၂% ဗုဒ္ဓ၊ ၁% အစ္စလ္လမ် ဘာသာတို့ဖြစ်၏။ ၅၅% သာ အိမ်မှာ အင်္ဂလိပ်ဘာသာတစ်မျိုးတည်း ပြောကြ၍ ကျန်သူတို့တွင် ၁၉%က တရုတ်စကားမျိုးစုံ၊ ၁၂% က စပိန်စကား၊ ၃% က တဂလို့( Tagalog)ခေါ်ဖိလစ်ပိုင်စကား၊ ၂% က ရုရှစကားများကို အိမ်သုံးစကားပြောကြသည်တဲ့။ ရုရှလူမျိုးဦးရေလည်း ဆန်ဖရန်စစ္စကိုတွင်မနည်းလှ။ မြန်မာများကတော့ အားလုံးလိုလိုပင် အိမ်သုံးစကားကို မြန်မာစကားသာ သုံးကြမည်ထင်ပါသည်။ မြန်မာပြည်ဖွား အမေရိကန်များတွင် တရုတ်နွယ်ဖွားများက အများစုဖြစ်ပါသည်။


အိမ်ထောင်စုစုစုပေါင်း၏ ၄၄%က ရိုးရိုးဘွဲ့တစ်ခု သို့မဟုတ် မြင့်မားသောဘွဲ့များ ရှိကြသူတွေဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဆီယားတယ်လ် (Seattle) မြို့ပြီးလျှင် ပညာတတ်အများဆုံးဖြစ်၏။ ပညာတတ်များသဖြင့် ကလေးမွေးဖွားမှုနှုန်းသည်လည်း အမေရိကန်ပြည်ထောင်စုတွင် အနည်းဆုံးဖြစ်ရသည်။ ၂၀၁၈တွင် ကလေးမွေးနှုန်းထက် ခွေးမွေးနှုန်းက ပိုများသည်ဟုဆို၏။ ပညာတတ်များက အိမ်ထောင်ပြုနောက်ကျသည့်အပြင် ကလေးမယူသူ၊ ယူလျှင်လည်း ကလေးငယ်တစ်ယောက်ထက်ပို၍မယူကြသူများ၏။ တစ်ယောက်တည်းသမားဘဝနှင့် နေသူတွေလည်းမနည်းလှ။


ဆန်ဖရန်စစ္စကိုလူဦးရေစုစုပေါင်း၏ ၁၅%မှာ LGBT ခေါ် လိင်တူချစ်သူများဖြစ်ကြသဖြင့် အမေရိကန်ပြည်ထောင်စုမြို့ကြီးများတွင် လိင်တူချစ်သူနေထိုင်မှုနှုန်း အမြင့်ဆုံးဖြစ်၏။


အထက်ပါ ကိန်းဂဏန်းများအရ ဆန်ဖရန်စစ္စကိုသည် အစစ ပြည့်စုံသည့်မြို့ကြီးအဖြစ် ထင်စရာရှိပါ၏။ သို့သော် ပြသနာပေါင်းများစွာကိုလည်း ဖြေရှင်းနေရဆဲဖြစ်သည်။ အဓိကမှာ အိမ်ရာမဲ့လူများပြသနာ (Homelessness Problem) ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ မြို့နယ်အသီးသီးမှ ရောက်ရှိလာသည့် အိမ်ရာမဲ့များစွာသည် မြို့လယ်လမ်းဘေးပလက်ဖောင်းများပေါ်၊ အဝေးပြေးလမ်းမကြီးများ၏ အောက်လစသည်တို့တွင် ဖြစ်သလိုနေထိုင်ကြသည်။ ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်ပေါင်းစုံ၊ အနံ့အသက်ပေါင်းစုံနှင့် သည်လိုနေထိုင်နေသူဦးရေ ရှစ်ထောင်ခန့်ထက်မနည်းရှိသည်။ အိမ်ရာမဲ့စုစုပေါင်းမှာ ခန့်မှန်းစာရင်းအရ တစ်သောင်းလေးထောင်ခန့်ရှိပြီး ကျန်သူများက မြို့မှစီစဉ်ပေးသော ယာယီအခန်းများတွင် နေကြသည်။ ထိုသူများ၏ သုံးပုံနှစ်ပုံသည် စိတ်ဝေဒနာရှင်များ၊ အေအိုင်ဒီအက်ဝေဒနာသည်များ၊ မူးယစ်ဆေးစွဲနေသူများ ဖြစ်ကြသည်။ မြို့တော်အစိုးရမှ ထောက်ပံ့ငွေများ၊ ထောက်ပံ့မှုများရှိသော်လည်း မူးယစ်ဆေးသံသရာမှရုန်းမထွက်နိုင်ကြ၍ ပြသနာကို မရှင်းနိုင်သေး။ ၂၀၁၇-၁၈ မြို့တော်သုံးငွေစုစုပေါင်း၏ ဒေါ်လာသန်းပေါင်းသုံးရာကျော်ခန့်ကို အိမ်ရာမဲ့ပြသနာအတွက် သုံးစွဲခဲ့ရသည်။


ဆန်ဖရန်စစ္စကိုမြို့လည်ရှိ Civic Center တွင် ခန့်ညားလှသော မြို့တော်ခန်းမကြီးရှိပြီး မြို့တော်အစိုးရရုံးစိုက်သည်။ အစိုးရကို မြို့နေလူထုကရွေးချယ်ပေးသော မြို့တော်ဝန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အခြားရွေးချယ်ခံပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။


မြို့တော်ဝန်သည် လေးနှစ်သက်တန်းကို နှစ်ကြိမ်အထိသာ တာဝန်ထမ်းဆောင်နိုင်သည်။ အစိုးရအဖွဲ့ကို ဦးဆောင်ရသူဖြစ်၍ ဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာမြို့တော်အေဂျင်စီခေါင်းဆောင်များဖြင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ (Board of Supervisors) နှင့် ပေါ်လစီများဆွေးနွေးလုပ်ဆောင်ရသည်။ လစ်လပ်နေရာများအတွက် နာမည်စာရင်း တင်သွင်းရသည်။ မြို့တော်ဘဏ္ဍာရေးရသုံးငွေစာရင်းကို အတည်ပြုလက်မှတ်ထိုးရသည်။ အုပ်ချုပ်ရေးမှူးများတင်ပြလာသည့် ဥပဒေသစ်များကို မဆီလျှော်ပါက ဗီတိုဖြင့်ပယ်ချနိုင်ခွင့်ရှိသည်။ လက်ရှိမြို့တော်ဝန်ဖြစ်သူ နှုတ်ထွက်လျှင်၊ သို့မဟုတ် သေဆုံးလျှင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်က ခေတ္တတာဝန်ယူရသည်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထဲမှ သင့်တော်သူကို ခေတ္တမြို့တော်ဝန်အဖြစ် မဲပေးခန့်ထားနိုင်သည်။



Thursday 21 January 2021

ဟစ်ပီ

စက်တင်ဘာ ၁ ရက် ၂၀၁၃ မှာ ရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)


လူဖြစ်တာကိုက ကိုယ့်ရွေးချယ်ခွင့်၊ ကိုယ့်သဘောထားနဲ့ ကိုယ့်အလိုမပါပဲဖြစ်လာရတာပဲ။ အဲ့ဒီနေရာမှာ လူဖြစ်လာရခြင်းအတွက် ဘာ မန်ဝံ့နေစရာများရှိပါသလဲ။ ဘာ ဂုဏ်မောက်နေစရာများရှိပါသလဲ။ တခါ လူဖြစ်ပြီးပြန်တော့ (ဘာသာယုံတဲ့မိဘကမွေးတာဆိုရင်)မိဘတွေ အဲ့ဒီဘာသာဖြစ်လို့ ကိုယ်လည်း ဘာငြင်းပယ်ခွင့်၊ ဘာဝေဘန်ပိုင်းခြားခွင့်မှမရှိပဲ အဲ့ဘာသာဝင်ဖြစ်ရတာပဲ။ အဲ့ဒီနေရာမှာ အဲ့ဘာသာဝင်ဖြစ်ရလို့ ဘာဂုဏ်ယူစရာ ဘာမောက်မာနေစရာများရှိပါသလဲ။ ဆိုတော့ အဲ့ဘာသာဝင်တဲ့ အဲ့မိဘတွေကမွေးလာသမို့ ကိုယ့်ဘဝဟာ အခြားလူတွေဘဝထက် ပိုမြင့်မြတ်သယောင် ပိုတန်ဖိုးရှိသယောင် တွေးထင်ယုံမှတ်မိတာထက်ပိုဆိုးတဲ့ ဦးနှောက်သင်းသတ်ခံရတဲ့အဖြစ်မျိုးတော့ ရှိမယ်မထင်။ ဘာမှန်းမှ မသိတတ်သေးရွယ်ကစပြီး အမှန်တရားလို့အသွန်သင်ခံရတဲ့ ကိုယ်ကလည်းအမှန်လို့ထင်ထားတဲ့တရားတခုခုကို ဟုတ်မှဟုတ်ရဲ့လားလို့ စတွေးမိလိုက်ချိန်ဟာ ဒါမှမဟုတ် ကိုယ်မှန်တယ်လို့ ယူထားတဲ့တရားအပေါ် သံသယစိတ်နဲ့ စချဉ်းကပ်မိလိုက်ချိန်ဟာ ”လူူဘော်ဝင်ချိန်” ဒါမှမဟုတ် ”လူ့အကြီးစချိန်” လို့ပြောရမယ်တွေးတာပဲ။ ဒီနေရာမှပဲ လူဟာ (၃)မျိုးကွဲသွားတယ်ထင်တယ်။ ပထမတမျိုးက သေသာသွားရော လူဘော်မဝင်လိုက်ဘူး လူကြီးမဖြစ်လိုက်ဘူး။ ပိုလည်း သိမ်ဖျင်းနုံ့နဲ့သွားတယ်။ နောက်တမျိုးက အဲ့သလို စသိမြင်လိုက်တဲ့ပြီးနောက် သေချာကျနလေ့လာပြီး သေသည်အထိ ယုံကြည်ကြိုးကုပ်သွားတယ်။ ပိုလည်းလေးနက်သွားတယ်။ နောက်တမျိုးက အဲ့သလို စသိမြင်ပြီးနောက် ဂဃနဏစိတ်ဖြာပြီး အဲ့တရားတွေကို အပြီးအပြတ်စွန့်လွှတ်လိုက်တယ်။ ပိုလည်း ပေါ့ပါးသွားတယ်။ ဘာပဲပြောပြော နောက် (၂)မျိုးက ပထမအမျိုးအစားနဲ့ မယှဉ်သာအောင်ကွာခြားတယ်။ ဘာသာရှိရင်ရှိမယ်။ မဲ့ရင်မဲ့မယ်။ ဒါပေမယ့် အဘိဓမ္မာမမဲ့ဘူး။ တရားမမဲ့ဘူး။ အစွန်းမရောက်ဘူး။ သူတပါးဖျားယောင်းလို့မလွယ်ဘူး။ သူ့အဘိဓမ္မာပေါ်သူ ခိုင်ခိုင်ကြည်ကြည်နဲ့ လေးနက်သူအဖြစ်နဲ့နေတယ် သေတယ်။ စိတ်တော့ သိတ်ချမ်းသာလှမယ်မထင်ဘူး။ ပထမအမျိုးကတော့ မိရိုးဖလာခေါင်းစဉ်အောက်ကနေ ရုန်းမထွက်ဘူး။ သူတပါး အဖျားယောင်းရလွယ်တယ်။ အစွန်းရောက်တတ်တယ်။ သူယုံတာကို ဘာမှန်းမသိသူအဖြစ်နဲ့နေတယ်။ သေတယ်။ စိတ်တော့ချမ်းသာမလားမပြောတတ်ဘူး။


ပင်န်ဆယ်လ်ဗေးနီးယား တောကြိုတောင်ကြားထဲက အသီးအနှံစားပြီး စိုက်ပျိုးမွေးမြူရေးလုပ်နေတဲ့ သဘာဝနွယ်မြက်သစ်ပင်တွေနဲ့ကုတဲ့ဆေးဆရာလုပ်နေတဲ့ ဂျာမန်နွယ်ဖွား အမေရိကန် ဟစ်ပီဟောင်းလင်မယားနေတဲ့ခြံရောက်တုန်းက သူတို့ပြောခဲ့ဖူးတာမှတ်မိနေတယ်။ ”ကမ္ဘာမြေကို ဥပဒေနဲ့ပြဌာန်းပြီးမှ ချစ်လို့ရတာမဟုတ်ဘူး”တဲ့။ ”ကောင်းကင်ဘုံ၊ ငရဲနဲ့ဘုရားသခင်သာမရှိရင် လူ့လောကခုထက်ပို နေချင့်စဖွယ်ဖြစ်မယ်”တဲ့။ ”သူ့အသက်သတ်တာမကောင်းပြောပြီး သူ့အသားစားတဲသူဟာ ကြောင်သူတော်”တဲ့။ ”စစ်ဆိုတာ ဥပဒေနဲ့လူသတ်လိုင်စင်”တဲ့။ ”စစ်ကို စစ်နဲ့ချုပ်ငြိမ်းအောင်လုပ်ရင်း စစ်တလင်းကမ္ဘာမြေပဲ နာတာရှည်လူမမာဖြစ်နေရတာ”တဲ့။ ဟစ်ပီလို့ဆိုလိုက်ရင် ”ဆံရှည်ဘုတ်သိုက် ကို့ယို့ကားယားတွေဝတ် ဂစ်တာတွေတဒေါင်ဒေါင်တီး ဆေးခြောက်တွေ ထောင်းလမောင်းထအောင်ရှူ မိန်းမယောင်္ကျားတွေတနေရာမှာစုပြီး ကိုယ်လုံးတီးတွေနေ ကာမပိုင်ရယ်လို့မရှိ လိင်ကိစ္စကြိုက်သလိုပြုမှု ဥပဒေတွေချိုးဖေါက် လူသောက်မြင်ကပ်အောင်နေ” ဆိုတဲ့ဟာမျိုးလောက်ပဲ မျက်စေ့ထဲပြေးမြင်အောင် သရုပ်အဖော်ခံခဲ့ကြရတာမဟုတ်လား။ တကယ်လည်း အဲ့သလောက်ပဲနေတဲ့ဟစ်ပီတွေ ရှိပါရဲ့။ ဒါပေမယ့် သဘာဝတရားကြီးကို လူလူချင်းကို သတ္တဝါတွေကို ချစ်မြတ်နိုးတတ်အောင် လက်တွေ့ပြသနေထိုင်ခဲ့ကြတာ၊ ဗီယက်နမ်စစ်နဲ့အတူ ကျူးကျော်စစ်မှန်သမျှကို တိတိလင်းလင်း ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတာလည်း အဲ့ဒီ ဟစ်ပီတွေပဲဆိုတာတော့ တမင့်ကိုဖျောက်ကွယ်ခဲ့ကြတယ်မဟုတ်လား။ ဟစ်ပီလို့ဆိုရင် ”လမ်းသူရဲ”တွေပါကွာလို့ထင်တတ်အောင် သင်ပေးခဲ့တဲ့ခေတ်ထဲ ကြီးပြင်းခဲ့ရပြီး ခု အသက် ၅၀ အရွယ်ရောက်တော့ ဟစ်ပီဟောင်းကြီးတွေနဲ့ အမေရိကားမှာဆုံခွင့် ပြောခွင့် ရင်းနှီးခွင့်တွေရလာတယ်။ ထိုက်သလောက်လေးအနေနီးမှ ထဲဝင်မှ ပိုလည်းရင်းရင်းချာချာဖြစ်ရသလို ခံစားမိတယ်။ သူတို့အကြောင်းလည်း နည်းနည်းချင်းသိခွင့် ရလာတယ်။ လောကကိုမဖျက်စီးသူတွေ၊ လူနဲ့သတ္တဝါတွေကို မညှဉ်းဆဲသူတွေထဲမှာ ဟစ်ပီတွေပါတယ်။ သူ့အသက်သတ်တာ မကောင်းဘူးပြောပြီး သူ့အသားကျမြိန်ရေယှက်ရှည်စားသူတွေထဲ ဟစ်ပီတွေမပါဘူး။ လောကရှိသမျှလူသားတိုင်းဟာ ကမ္ဘာမြေရဲ့ဧည့်သည်တွေပဲလို့သင်ကြားပေးတာ ဟစ်ပီတွေဖြစ်တယ်။ ကမ္ဘာမြေမှာနေကြသူချင်း အိမ်ရှင်-ဧည့်သည်အယူနဲ့ သွေးမခွဲဘူး မှိုင်းမတိုက်ဘူး။ အမျိုး ဘာသာ သာသနာအကန်းစိတ်ပိုက်ပြီး လူသတ်သူတွေထဲ ဟစ်ပီတွေမပါဘူး။ မနေ့ကပဲ ဖုန်းဆက်ပြီး ဆီးရီးယားကိစ္စနဲ့ပတ်သက်လို့ တီးခေါက်ကြည့်တော့ ”တိုက်မယ်ဆိုဆန့်ကျင်မယ်၊ အာဆတ်ကိုသတ်ရင် အာဆတ်သတ်သမားဖြစ်တာက လွဲလို့ ဆီးရီးယားငြိမ်းချမ်းရေးမရဘူး”လို့ ခတ်တိုတိုပြန်ဖြေတယ်။ သူတို့အိမ်က လက်နှိပ်ရေပန့်ခ်လေးပေါ်မှာ "LOVE MOTHER EARTH" လို့ရေးထားတယ်။လောကထဲအသစ်ရောက်လာတဲ့ ကြက်ပေါက်စလေးနဲ့ ဟစ်ပီဟောင်းမကြီးကိုတွေ့ရပါမယ်။ နောင်များ အလျဉ်းသင့်တဲ့အခါ ပြောပါဦးမယ်တွေးထားပါတယ်။


ကို Kyaw Mawက ကျနော့်ဆီလာပြီး ”မိုင်းဆက်”တွေပြင်ရမယ်ဆိုပြီး ကွန်မန့်လာရေးတော့ ဟိုအကိုကြီးတွေပြောပြောနေတဲ့ ”မိုင်းဆတ်”တွေပြင်ရမယ်ဆိုတာတောင် သွားသတိရတယ်။ စကြားကြားခြင်း ဘာမိုင်းဆတ်ပါလိမ့်။ မိုင်းဆတ်ဘက်ဘာများဖြစ်သလဲ။ နဂိုကတည်းက အဲ့ဒီဘက် ရှမ်းပြည်တလွှားမှာ ကားလမ်းတွေကကောင်းတာ မဟုတ်ဘူး။ မိုးတွင်းဆို ပိုဆိုးသေးတယ်။ စိုင်းထီးဆိုင်ကလည်း ဟမ်းငိုင်းလမ်းကြီးအကြောင်း ဆိုဖူးတယ်။ သူပုန်သူကန်ကလည်း တမှောင့်။ အရင်ကလည်း မိုင်းတုံမိုင်းဆတ်တို့ သူပုန်သိမ်းဖူးတယ်။ ခု သိမ်းများ သိမ်းပြန်ပလား။ ခုလည်း ဒီအကိုကြီးတွေက မိုင်းဆတ်ပြင်ရမယ် ပြင်ရမယ်ချည်းပြောနေတော့ မိုင်းဆတ်ဘက် ဘာတွေများ ဖြစ်ကုန်ကြပြီလဲဆိုပြီး တွေးမိသေးတယ်။ နောက်မှ တယောက်က အင်္ဂလိပ်လိုပြောတယ် Mind Set တဲ့ Mindset တဲ့။ အဲ့တော့မှ ဟာ..ကနဲဖြစ်ပြီး ကိုယ့်နဖူးကိုယ်ရိုက်မိတာတာ။ ငါ့နှယ်နော်..ဖြစ်မှဖြစ်ရပလေဆိုပြီး။


စစ်နဲ့တော်လှန်ရေး မကွဲသူဟာ ကျူးကျော်စစ်၊ ခုခံစစ်၊ တော်လှန်စစ်ဆိုတာတွေ ဘာမှန်းသိဖို့မဆိုနဲ့ ”လက်နက်ကိုင်တော်လှန်ရေးနဲ့ လက်နက်ကိုင်အင်အားစု”ဆိုတဲ့ အနက်ကိုတောင် မှန်အောင် ဖတ်နိုင်ဖို့ ဖြစ်နိုင်မယ်မထင်ပါ။ သူဟာ အားကြီးသူရဲ့ ဝါဒဖြန့်ချက်ကို မှန်/မမှန်တွေးတာထက် ”အားကြီးနေတာ မှန်လို့”ဒါမှမဟုတ် ”မှန်လို့အားကြီးနေတာ” ဒါမှမဟုတ် ”အားဆိုတာအမှန် Might is right.” ဆိုတာမျိုးတွေးတဲ့ဘက် ရောက်သွားတာလို့မြင်တယ်။ ဒီတော့ အားကြီးဖို့တွေးတယ်။ အားနည်းသူကို ဖိတာမျိုး၊ အားနည်းသူကို များများချေမှုန်းနိုင်လေ မိမိအားကြီးလေလေအဖြစ်မျိုးကို (ရမယ်ဆိုရင်) နှစ်ခြိုက်လာတယ်။ လိုချင်လာတယ်။ ဒီတင် မရှိတဲ့ ”စစ်မန်” တက်လာတယ်။ ”စစ်ဆာ” လာတယ်။ ”စစ်မှန်သမျှ မှန်တယ်”လို့ယုံလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တော်လှန်ရေးသမားလို့ထင်လာတယ်။ သေနတ်ဟာ အရာရာကိုဆုံးဖြတ်တယ်ဆိုတဲ့တရားကိုစွဲကိုင်လာတယ်။စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးအတွက် လုပ်နေပြောနေပါဝင်နေသူတွေကို ရန်သူလိုမြင်ပြီး ရမ်းကားတော့တယ်။ အဲ့ဒီလူဟာ သူယုံကြည်တဲ့အတိုင်း လုပ်နေသေးရှိနေသေး ပါဝင်နေသေးတယ်ဆိုရင်တောင် ပြောစရာသိတ်မရှိလှဘူး။ ဆန့်ကျင်ရုံ တိုက်ခိုက်ရုံပဲ။ ခက်နေတာက အဲ့ဒီသူဟာ သူယုံကြည်တဲ့ဆိုတဲ့တော်လှန်ရေးကို အစောဆုံးစွန့်ခွာ လာသူတွေထဲကတယောက်ဖြစ်ပြီး ကျည်ကွယ်မျက်ကွယ်ကနေ သူမြတ်နိုးတယ်လို့ပြောတဲ့ ပုန်ကန်သူဘဝ(သူပုန်ဘဝ)ကို သူရူးတစ်ယောက်လို ကယောင်ကတမ်းဖက်တွယ်ပြပြပြီး စစ်ဆာနေသူလို သွေးရူးသွေးတမ်းဖြစ်ပြနေတာပဲ။ ဆိုတော့ ဆန့်ကျင်တိုက်ခိုက်လောက်သူ စာရင်းထဲမဝင်ဘူး။ ဘေးမဲ့ပေးပြီး ”ပျော်သလိုနေပါစေ”လို့ ထားရမယ့်သူပဲ။

ဟစ်ပီ

 


ကျွန်တော် ဟစ်ပီ



(၄) ရက်နေ. ။

ကိုဝမ်းတင်က ကျောင်းသူဆောင်တစ်ဆောင် ရှေ့မှာ သူ့ရဲ့ပျောက်သွားတဲ့ကဗျာနဲ့ဘဝကို ပြန်ရှာဖွေနေတယ် ။အကို...အခု ကျနော် ဘာလုပ်ပေးရမလဲဗျ??? ပလက်ကင် တီးကွာ ငါ ရင်ဖွင့်မယ်..။...ဟုတ်...အကို ဘာသီချင်းလဲဗျ ။ငါ့ကိုယ်ပိုင် သီချင်းကွာ မင်းတီးချင်တာ တီး ငါ့သီချင်းက တီးလုံးမရွေးဘူးကွ 


။ေဩာ်... အိုကေဗျာ ဖြစ်တယ်။ ရှာဖွေနေရတာလည်း ကြာလှပါပြီ ။ခြေသလုံးအိမ်တိုင်ဖြစ်သော ကျွနု်ပ်သည် မွေးကတည်းက ယခုထိ အိမ်မရှိပါချေ ။နေထိုင်ရာ အတည်တကျ မရှိပါလေ ။ဘာနဲ့ ခပ်ဆင်ဆင်တူသလဲဆိုတော့ ဆယ်နှစ်ပွဲဈေးသည်နဲ့ တူတယ် ထင်တယ် ။ဒီပွဲတော်ရက်က (၁၀)ရက် ရှိတယ်လေ ။ကျွန်ုပ်၏ အသက်ထက်ပိုမို တန်ဖိုးထားချစ်ခင်မြတ်နိုးတွယ်တာ စုံမက်ရပါသော အိုဘယ့် ချောသိင်္ဂီရတနာခိုင်စုလှိုင်သင်းပျံ့ပျံ့မွှေး ရေ....မင်းရောတွေ့လား ။ဘုရားကြီးပွဲဈေးမှာ မင်းရဲ့ ခြေလက်အတက်လေးတွေ ငါ့ကိုမြင်တော့ ခပ်ဝေးဝေးက ရှောင်ပြေးကြတယ် ။ငါလည်း အကောင်းဆုံးရှာဖွေနေတာပါပဲလေ ။မင်းဘယ်နားမှာ ပစ်ချထားခဲ့တာလဲ ။

တစ်ခါတစ်လေ ခဏတာ မျက်နှာငယ်ရတတ်ပေမဲ့ ........တစ်ခါတစ်ခါ မျက်နှာငယ်ရခြင်းဟာ တစ်ဘဝစာ ဖြစ်သွားတတ်တယ် ။

မင်းကတော့ မင်းဘဝကို အလှဆုံးဆင်ယင်နေချိန်မှာ တစ်ပါးသူတွေ ဘာလုပ်နေကြလဲ မင်းအဝေးမြင်အသိဉာဏ်နဲ့ မျှော်ကြည့်တတ်ပါစေ ။ကိုညီလင်းဆက်တို့ကို လေးစားပါ၏။

မြို့ပြလူသားများကဲ့သို့ဟန်ပန်မာယာမရှိပဲ ရိုးသားပြီး လူနေမှုအဆင့်အတန်းအသိပညာ နိမ့်သော်လည်း အမှန်တကယ်ဒုက္ခရောက်နေ၍ အမှန်တကယ်ပင် စိတ်ရှည်သည်းခံကာ ကိုယ်ဖိရင်ဖိ ပြုစုထူမပေးနေခြင်းအား ဦးညွှတ်ဂုဏ်ပြုပါ၏။ လူ့ဘဝမှာ ဘယ်အရာက တန်ဖိုးအဖြစ်ရှင်သန်ခွင့် ပေးတာလဲ ။ဘုရားသခင်ပဲ သိမှာလား ။ခင်ဗျားလည်း ဖြေလို့ရပါတယ် ။ငါ့စာတွေ ဘယ်သူမှ ကြည့်မရဘူး....ဟုတ်လား...ေဩာ် ...ဒါများ ထူးဆန်းသလား ။သဘာဝကျကျ ဖြစ်တဲ့အပြုအမူပဲလေ ငါကျေနပ်ပါတယ် ။

ခင်ဗျားက ခပ်ညံ့ညံ့စာတွေ ရေးတာကိုး ။

ကျွနု်ပ်၏စာမျက်နှာထံသို့ ချောင်းမြောင်းကြည့်ရှူ့သူများ နေထိုင်ကြ၏။

မင်းထင်တာတွေ အမှန်တကယ် မှားမှန်းသိရင် ဘာလုပ်မလဲ ။

မင်းကိုယ် မင်း ရင့်ကျက်ပြီလို့ မြင်ထားရင်တော့ ပြန်စီစစ်လိုက်ပေါ့ ကွယ်။

ကြည့်မြင်တတ်တဲ့ အလေ့အထ ရှိရင်တော့ ဘယ်သူမှ ပြောစရာမလိုဘုူး 

။မင်းကိုယ်တိုင် က ရေလို ပျော့ပျောင်းနေပြီလေ ။အချိုးအကွေ့ လေး တွေကို အသာအယာ စီးဆင်းနိုင်ပြီပေါ့ ။


မနက်ဖြန် မင်းလာမှာလား ။

အေး...ဆက်ဆက် လာခဲ့ပါမယ်ကွ ။

မင်းသာ အိပ်ရာထ နောက်မကျစေနဲ့ ။အင်း.. ပြီးတာပဲလေ ။

ကျနော်က အိပ်ရာထပဲ နောက်ကျတာပါ.. စိတ်ဓာတ်တော့ နောက်မကျပါဘူးဗျ ။

အေးပါကွာ ထားပါတော့ ....မင်းကတော့ လေပဲ ။ပြီးရင် လာကြပါ ကြည့်ရှူ့ကြပါ မအော်နဲ့ ။

အဲဒါတွေကြောင့် မင်းကို စိတ်ပျက်တာ ကြာပြီ ။ကိုယ့်တန်ဖိုးလေးနဲ့ ကိုယ်နေစမ်းပါကွာ ။

လူတွေက.. အထင်ကြီးတယ် အထင်သေးတယ် ဆိုတာတွေ မင်းကို ဘယ်လောက်ပြောင်းလဲပေးနိုင်လို့လဲ ။

ဒါတွေက အပေါ်ယံ ခဏတာတွေပါ ။

ကျနော် စီးဆင်းတဲ့မြစ် အကြောင်း ရေးဖို့ရှိတယ် ။အဲဒါဟာ လူမျိုးစု တစ်စုသာဖြစ်မယ် ။

ဘဝတစ်ခုစာ မျက်နှာဖြစ်တယ် ။

ပြောင်းလဲ မရတဲ့ အကြောင်းတရား ဖြစ်မယ် ။တကယ်တော့ ကမ္ဘာကြီးက အဟောင်းကြီးပါကွာ ။

အရာရာ ဟောင်းနွမ်းနေတာပဲလေ ။မကြားဖူးတာ မတွေ့ကြုံဖူးတာ အသစ်လား ။

ကျနော့်ချစ်သူ၏ အကြောင်းများသည် သူသေဆုံးသွားသည့်တိုင် အမြဲသစ်လွင်နေပါ၏။

 ကျနော်သည် ရူးသွပ်နေတဲ့ ရွက်သင်္ဘောတစ်စီး ဖြစ်သည် ။

Solo travels

 (Unicode)

ကျွန်တော်တို့တွေ ပုံမှန်အားဖြင့်တော့ ခရီးသွားမယ်ဆို အနည်းဆုံး အဖော်တစ်ယောက်တော့ ပါတက်တာပေါ့လေ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ပဲဖြစ်ဖြစ်၊‌ကိုယ်တိုင်လည်း တစ်ခါတစ်လေ တစ်ယောက်တည်း solo ပဲ ဖြစ်ဖြစ် ခရီးသွားမယ်ဆို ကြိုသိသင့်တာလေးတွေ ရှိတယ်ဗျ။ အဲဒါကတော့

  • ကိုယ့်မသိစိတ်ကို အားကိုးပါ။ ဘားမှာ၊‌စားသောက်ဆိုင်မှာ၊‌နောက်ဆုံး ကိုယ်တည်းနေတဲ့ နေရာမှာကိုယ့်အတွက်မလုံခြုံသလိုခံစားရတယ်၊‌စိတ်မလုံသလိုဖြစ်လာတယ်၊‌မူမမှန်တော့ဘူးလို့ ခံစားလာရတယ်ဆို ရှောင်ထွက်သွားတာ အကောင်းဆုံးပါ‌။
  • သူစိမ်းတွေရဲ့ ဖော်ရွေမှုကို အမြဲသတိထားပါ။ တစ်ကိုယ်တည်း ခရီးသွားတဲ့အခါ ပထမဆုံးအချက်က ကိုယ့်ရဲ့ လုံခြုံရေးပါ။ ဆိုတော့ လူတိုင်းမဟုတ်ပေမယ့် သူစိမ်းတွေရဲ့‌လိုတာထက်ပိုတဲ့ ဖော်ရွှေမှုမျိုး၊‌အစားအသောက်တွေ လာကျွေးတာမျိုးဆို မသိမသာ သတိထားသင့်ပါတယ်။
  • လူများတဲ့ နေရာမှာ သွားလာပါ။ တစ်ကိုယ်တည်းခရီးသွားတဲ့အခါ လူပျက်တဲ့နေရာတွေကို တက်နိုင်သမျှရှောင်ကြဉ်ပြီး လူသူထူထပ်တဲ့ နေရာကို အကာအကွယ်ယူပြီး ခရီးသွားပါ။
  • မိမိတည်းခိုတဲ့နေရာကို သူစိမ်းများ မလိုအပ်ပဲ မသိပါစေနှင့်။ ကိုယ်တည်းတဲ့ နေရာဟာ ကိုယ့်အတွက် အရေးကြီးတဲ့ အချက်ဖြစ်တာမို့ တခြားသူစိမ်းတွေကို မလိုအပ်ပဲ အသိမပေးတာ အကောင်းဆုံးပဲဖြစ်ပါတယ်။
  • အလွန်အကျွံ အရက်မသောက်သင့်ပါ။ Solo ခရီးသွားမယ်ဆို နိုးနိုးကြားကြားနဲ့ သတိရှိတာက အကောင်းဆုံးဖြစ်တာမို့ ကြုံကြိုက်လို့‌အရက်သေစာ သောက်သုံးတဲ့အခါ သင့်ရုံသာ သောက်သုံးပါ။
  • တန်ဖိုးရှိပစ္စည်းတွေကို သိုသိုဝှက်ဝှက်ထားပါ။ အပြင်ထွက်လည်တဲ့အခါ တန်ဖိုးရှိပစ္စည်းနဲ့‌အရေးကြီး တဲ့ စာရွက်စာတမ်း ပတ်စ်ပို့တွေကို တည်းခိုတဲ့ နေရာမှာ လုံလုံခြုံခြုံထားခဲ့တာ အကောင်းဆုံးပါ။ ဒ့ါအပြင် တစ်နေ့စာ လုံလုံလောက်လောက်သုံးရုံ ပမာဏကိုသာ ငွေကိုယူသွားသင့်ပါတယ်။
  • မိမိပစ္စည်းကို ကိုယ်နဲ့ နီးနီးကပ်ကပ်ထားပါ။ ပိုက်ဆံအိတ်၊ ကင်မရာ၊ ဖုန်း စတာတွေကို ကျောပိုးအိတ်ထဲ ထည့်လွယ်သွားတာထက် ကင်မရာကို လည်မှာ ချိတ်ဆွဲမယ်၊‌ပိုက်ဆံအိတ်နဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲ လုံလုံခြုံခြုံထည့်ပြီး အပြင်ထွက်လည်သင့်ပါတယ်။
  • တည်းခိုရာ ဟိုတယ် ရဲ့‌လိပ်စာကဒ်ကို အမြဲယူသွားပါ။ တစ်ကိုယ်တည်း ခရီးသွားတဲ့အခါ အချိန်တန်ရင် တည်းခိုတဲ့ နေရာကို ပြန်ရောက်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒါမို့‌ ဒေသခံတွေဆီက လိုအပ်တဲ့အကူအညီတောင်းနိုင်ဖို့ ကိုယ့်ရဲ့‌ဟိုတယ်လိပ်စာကဒ်ကို အမြဲသွားပါ။
  • ပို့ဆောင်ရေး စနစ်ကို နားလည်ပါ။ ကိုယ်သွားလည်တဲ့ ဒေသမှာ ဘယ်လိုမျိုး ပို့ဆောင်ရေး စနစ်တွေ ရှိလဲ ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ကားဖြစ်စေ၊‌ဘက်စ်ကားဖြစ်စေ၊ ဆိုင်ကယ်ဖြစ်စေ ဒါတွေအကြောင်းသိထားဖို့လိုအပ်ပါတယ်။ ဥပမာ – ဘယ်ဟာက ဘေးကင်းတယ်၊‌ ကုန်ကျစရိတ်ဘယ်လောက်ရှိတယ်၊ ဘယ်အချိန်တွေအထိ ရှိတယ်၊ ကိုယ်သွားမယ့် နေရာကို ရောက်မရောက် စတာတွေ သိထားရင် ပိုကောင်းပါတယ်။ နောက်ပြီး ကိုယ်သွားလည်မယ့် ဒေသရဲ့‌မြေပုံပါ ကိုယ်နဲ့‌မကွာဆောင်ထားရင် အကောင်းဆုံးပါပဲ။

ကဲ ဒါကတော့ တစ်ယောက်တည်း ခရီးသွားဖို့‌စီစဉ်နေတယ်ဆို ကြိုသိထားသင့်တာလေးတွေပါ။

တစ်ကိုယ်တည်းခရီးသွားခြင်း၏အကျိုးကျေးဇူး
May 2, 2018 - by Dr.KKMM

နေ့စဉ် သွားလာ လှုပ်ရှားမှုတွေမှာ လူတွေအချင်းချင်း ဆက်ဆံကြရပါတယ်။ ကျောင်းမှာပဲဖြစ်ဖြစ်၊ ရုံးပဲသွားသွား သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအဖော်တွေကို အဖော်ပြုပြီး နေကြရပါတယ်။ လူတွေနဲ့ ဆက်ဆံရေးကြောင့် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ တစ်ယောက်တည်း အချိန်ဆိုတာ လိုအပ်လာပါတယ်။ ဒါကြောင့် စိတ်လွတ်လက်လွတ်လည်း အပန်းဖြေနိုင်အောင်၊ ကိုယ့်ကိုယ်ကိုလည်း အပြည့်အဝ အချိန်ပေးနိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ်လည်း ကိုယ်ရပ်တည်နိုင်အောင် အဖော်မပါဘဲ တစ်ယောက်တည်း ခရီးထွက်ကြည့်လိုက်ပါ။

.

.

.
တစ်ကိုယ်တည်းခရီးသွားခြင်း၏အကျိုးကျေးဇူးများ

၁။ မိမိကိုယ်ကိုရှာဖွေပါ

မသိတဲ့နေရာတစ်ခုဖြစ်ဖြစ်၊ ရောက်ဖူးတဲ့နေရာပဲ ဖြစ်ဖြစ် တစ်ကိုယ်တည်း ခရီးထွက်ရင် ပထမဦးဆုံး ကြုံရတာက ကိုယ့်အားကိုယ် ကိုးတာပါပဲ။ စိတ်ထဲရှိတာ၊ လုပ်ချင်တာတွေ လုပ်ပြီး စိတ်ရောကိုယ်ပါ ကျေနပ်မှု ရနေပါလိမ့်မယ်။ ဘယ်အရာကို လုပ်နိုင်တယ်၊ ဘယ်အရာကို လုပ်ဖို့ ကြောက်နေတယ်ဆိုတာတွေ သိလာပြီး ကြောက်တဲ့အရာတွေကို တစ်ယောက်တည်း ရင်ဆိုင်ကျော်လွှားနိုင်ပါလိမ့်မယ်။

၂။ သူငယ်ချင်း၊ မိတ်ဆွေအသစ်ဖွဲ့ပါ

ရင်းနှီးပြီးသား သူငယ်ချင်းတွေ၊ အဖော်တွေနဲ့ ခရီးထွက်ရင် တခြားဘယ်သူနဲ့မှ စကားမပြောဖြစ်တော့ဘဲ ကိုယ့်အဖွဲ့နဲ့ကိုယ် သီးသန့်နေဖြစ်ပါလိမ့်မယ်။ တခြားသူနဲ့ စကားပြောရင်တောင် အပေါ်ယံ မိတ်ဆက်စကားလောက်ပဲ ပြောဖြစ်မှာပါ။ တစ်ယောက်တည်း ခရီးသွားတဲ့အချိန်မှာတော့ တခြားခရီးအတူ သွားဖော်သွားဖက်တွေကို ရင်းနှီးအောင်မိတ်ဖွဲ့တာ၊ ဒေသခံတွေနဲ့ စကားပြောတာတွေက သူ့အလိုလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်တည်း ခရီးသွားရင် လူတွေကို ရှက်ရွံတာတွေ မရှှိတော့သလို သူစိမ်းတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲဆိုတာပါ သိသွားပြီး မိတ်ဆွေ၊ သူငယ်ချင်းအသစ်တွေ ရလာမှာပါ။

၃။ အတွေ့အကြုံအသစ်တွေ ရရှိနိုင်ပါတယ်

တစ်ယောက်တည်းခရီးသွားရင် တခြားခရီးသွားဖော်တွေ၊ ဒေသခံတွေက ပိုဖေးမကူညီကြပါတယ်။ ဒါကြောင့် အတွေ့အကြုံအသစ်တွေ ပိုရနိုင်ပါတယ်။ ဒေသခံတွေ၊ မိတ်ဆွေတွေက သူတို့အိမ်တွေကို ဖိတ်မယ်၊ စကားပြောပြီး ရင်းရင်းနှီးနှီး ပိုနေဖြစ်ပါမယ်။ အဲဒီကနေ ဒသခံတွေရဲ့ အပြုအမူတွေ၊ စကားပြောသံဟန်ပန်တွေကို ပိုနီးနီးကပ်ကပ် သိခွင့်ရပြီး ဒေသထွက်အစားအစာတွေ၊ နာမည်ကြီးတဲ့နေရာတွေ၊ သမိုင်းကြောင်းတွေထိပါ လေ့လာလို့ရပါတယ်။

၄။ ပိုပြီး လွတ်လပ်ပေါ့ပါးနေပါလိမ့်မယ်

တစ်ယောက်တည်း ခရီးသွားရင် ကြိုက်တဲ့နေရာကို ကြိုက်သလို သွားလို့ရပါမယ်။ နားချင်ရင်နား၊ စားချင်ရင်စား၊ စိတ်တိုင်းကျနေထိုင်ပြီး အပန်းဖြေလို့ ရပါလိမ့်မယ်။ ခရီးအစီအစဉ်ကိုလည်း စိတ်တိုင်းကျပြောင်းပြီး စိတ်ကြိုက်လုပ်လို့ရမှာပါ။ အဖွဲ့လိုက်ရဲ့ ခရီးအစီအစဉ်တွေအတိုင်း လိုက်လုပ်စရာ မလိုပါဘူး။ ဒါကြောင့် ခရီးသွားဖော် မကောင်းတာထက်စာရင် တစ်ယောက်တည်း ခရီးသွားတာက အများကြီး ပိုလွတ်လပ်ပျော်ရွှင်ရပါတယ်။

၅။ အထီးကျန်သလို ခံစားရမှာ မဟုတ်တော့ပါဘူး

တစ်ယောက်တည်း ခရီးသွားပေမယ့် အထီးကျန်တယ်လို့ ခံစားရမှှာ မဟုတ်တော့ပါဘူး။ တည်းခိုခန်း၊ ဟိုတယ်ကို ဝင်သွားလိုက်တာနဲ့ ကိုယ့်လို တစ်ယောက်တည်း ခရီးသွားတဲ့သူတွေကို မြင်လိုက်ရင် စိတ်က ရင်းနှီးပြီး အလိုလိုနေရင်း ပျော်သွားမှာပါ။ အိမ်ကိုတော့ စစချင်းမှာ လွမ်းနေနိုင်ပေမယ့် သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းအသစ်တွေနဲ့ စကားတွေပြောရင်း ရင်းနှီးသွားသလို အတွေ့အကြုံအသစ်တွေလည်း ရလာမှာပါ။

၆။ ကြောက်ရွံနေတဲ့အရာတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာပါ

တစ်ယောက်တည်း ရှိနေချိန်မှာ ကိုယ့်ကိုယ်ကို အားကိုးပြီး နေရလို့ စိတ်ဓာတ်ပိုခိုင်မာလာမှာပါ။ ခါတိုင်း မလုပ်ရဲဘူးလို့ ထင်တဲ့အရာတွေကိုတောင် ခုမဖြစ်မနေ လုပ်ရင်းနဲ့လုပ်ရဲသွားမှာပါ။ ဒါကြောင့် ခရီးများများ ထွက်လေ၊ ကြောက်စိတ်တွေ နည်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလေဖြစ်မှာပါ။

၇။ နေရာအစုံမှာ စားတတ်လာမှာပါ

ခရီးသွားတာရဲ့ရင်ခုန်စရာအကောင်းဆုံးတစ်ခုက အစားအသောက်ဆိုရင် မှားမယ် မထင်ပါဘူး။ လမ်းဘေးအစာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကြီးအစာပဲဖြစ်ဖြစ် ဘာမှမရွေးဘဲ စားတတ်လာမှာပါ။ တစ်ယောက်တည်း ခရီးသွားရင် ကိုယ်ကြိုက်တဲ့နေရာမှာကြိုက်သလို စားလို့ရပါတယ်။ ကိုယ့်စိတ်ကြိုက်အစားအသောက်ချည်းပဲ တစ်နေကုန် ပတ်စားလည်းရပါတယ်။

၈။ ပိုက်ဆံပိုချွေတာဖြစ်တယ်

တစ်ယောက်တည်း ခရီးသွားတာက အဖွဲ့လိုက် ခရီးသွားတာထက်စာရင် ပိုက်ဆံပိုချွေတာ ဖြစ်ပါတယ်။ ကိုယ်ရောက်ရာ နေရာမှာ ဘယ်နေရာက အစားအစာပဲဖြစ်ဖြစ် စားပြီး တစ်ယောက်တည်း နေရာအစုံကို သွားလည်နေရတာနဲ့ လက်ဆောင်ပစ္စည်းဆိုတာလည်း ဝယ်ဖို့ အချိန်ရှိမှာမဟုတ်တော့သလို စားဖို့နေရာ၊ နေဖို့နေရာလည်း သိပ်ရွေးတော့မှာမဟုတ်ပါဘူး။

၉။ မိမိကိုယ်ကို ယုံကြည်မှု ပိုရစေပါတယ်

တစ်ယောက်တည်း ခရီးသွားနေချိန်မှာ အခက်အခဲ အမျိုးမျိုး၊ လူအကျင့်စရိုက်အမျိုးမျိုးနဲ့ ကြုံရတတ်ပါတယ်။ အဲဒါတွေ အကုန်လုံးကို စိတ်အားတင်းပြီး ရင်ဆိုင်ဖြေရှင်းရင်း မိမိကိုယ်ကို ယုံကြည်မှု ပိုရလာစေပါတယ်။

၁၀။ စိတ်ရှုပ်စရာတွေ ရှိလာမှာ မဟုတ်တော့ပါဘူး

လူအမျိုးမျိုး စိတ်အထွေထွေပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်တူကိုယ်တူဖြစ်ဖို့က ရှားပါတယ်။ ကိုယ်နဲ့ခရီးအတူတူသွားနေတဲ့ သူငယ်ချင်းရဲ့ စိတ်အလိုကျကို လိုက်လုပ်ပေးစရာ မလိုတော့သလို၊ သဘောထား မတိုက်ဆိုင်လို့ စကားအချေအတင် ပြောရပြီး စိတ်ညစ်စရာလည်း မလိုတော့ပါဘူး။ ကံမကောင်းရင် ခရီးစဉ်ပျက်သွားတဲ့အထိ ရန်ဖြစ်စရာလည်း မလိုတောပါဘူး။ ကိုယ့်စိတ်ကြိုက် စိတ်လွတ်ကိုယ်လွတ် ခရီးထွက်လို့ရပါပြီ။

ဒါကြောင့် တစ်ယောက်တည်း ခရီးထွက်ဖို့ကြောက်မနေဘဲ အတွေ့အကြုံသစ်တွေ ရှာဖို့အခုပဲ ပြင်ဆင်လိုက်ကြပါစို့လားနော်။


စာရေးသူ – ဒေါက်တာအိမ့်
Ref – https://etramping.com

 

Wednesday 20 January 2021

ရှင်နွေတမ်းခြင်း ၃၀

 သူfacebook wall ထဲဝင်လို့ တစ်ခါမှ မပျော်ရွှင်ခဲ့ရဖူးဘူး ။

ဒါပေမယ့်ငါကအမြဲဝင်ကြည့်‌ေနမိတယ် ။

ရင်ခုန်သံတွနဲ့ ထပ်တူမကျခဲ့သော ညနက်တွေထဲမှာ ငါမှာ‌ေနစရာမရှိလာက်အောင် ရောက်ရက်ခတ်‌ေနမိတယ် ။

ပျော်ခဲ့ဖူးတဲ့ ည‌ေန‌ေတွကို ကြင်နာသူက ဖျက်ဆီးခဲ့လည်း မင်းကတော့ ငါ့ရဲ့အချစ်ဆုံးလေးပါပဲ ။

ယုံကြည်ခြင်းတွေ ဆိတ်သုံးပြီးလည်း နှလုံးသား‌ထဲက ခံစားမှု‌ေတွက မင်းကိုပဲ စွဲလမ်းနေတယ် ။


အဓိပတိကမ္မ

Monday 18 January 2021

ရှင်ရှင်နွေတမ်းခြင်း၂၉

 လွမ်း‌ေသးလား မေးလာခဲ့ရင် လွမ်းပါတယ်လို့ ဖြေရမှာပါ ။ 



သတိ‌ေတွဘာတွေညာ‌ေတွကလည်း သတိရနေပါတယ် ။

ငါက နင့်ကို လွမ်းတယ် ဆိုတာထက်တာင် ပိုပြီး ဆွေးလည်း ဆွေးရပါတယ် ။

မဆွေးမြေ့နိူင်သေးသော အချစ်‌ေတွ‌ေကြာင့် လွမ်းရ‌ေဆွးရတာလည်း ငါရဲ့ အ‌ခြေခံဝတ္ထု ဆိုလည်း ၀ဋ်ကြွေးတွေလည်း မကျေ‌ေစချင်‌ေသးဘူး ။


အဓိပတိကမ္မ



 မကြိုက်ဘူး....


မကြိုက်တာကို မကြ်ိုက်ဘူး...လို့ ခုထိပြောလို့မရသေးဘူးလား....


လွတ်လပ်စွာ မကြိုက်ပိုင်ခွင့် မရှိသေးဘူးလား...


ခင်ဗျားတို့ ကြိုက်တာ လိုက်မကြိုက်ရင်၊ ခင်ဗျားတို့သိထား လက်ခံထားတာတွေနဲ့ ဝါဒ အမြင် မတူဘူးဆိုရင်... အရူး...လို့ယူဆတုန်းဘဲလား...


ကြိုက်နှစ်သက်မှုက အစ စက်ရုံက ထုတ်သလိုခင်ဗျားတို့နဲ့ တစ်ထပ်တည်းတူမှ အဆင်ပြေမှာလား....


ငါနဲ့ အကြိုက်မတူ ငါ့ရန်သူ.....ဆိုတဲ့ဝါဒကို ခုထိ ကိုင်စွဲထားတုန်းဘဲလား... 

သူရစိုး

 နေ့စွဲဆိုတာ...

ပြောင်းလဲခြင်းနိမိတ်ပုံတွေ

အမှတ်တရတွေရော 

ထာဝရတွေကိုပါ 

မနက်ဖြန်တွေတိုင်းမှာ

ထားခဲ့ရတယ်။



ကိုယ်,ပိုင်ဆိုင်မယ့်အရာဆိုလို့ ဘာများရှိမလဲတွေးကြည့်တယ်..။


မနက်ခင်း လေပြည် 

ညနေခင်း အလင်းရောင် 

ကူးပြောင်းခြင်း ရယူခြင်း 

ညနက်နက် အတွေး အတ္တ 

နူးညံ့ခြင်း ရက်စက်ခြင်း 

အားလုံးက ဒီနေ့တွေမှာကျန်ခဲ့ရမယ်...။


တကယ်ဆို..

ဆုတွေသာတောင်းနေခဲ့တာ 

အနာဂတ်ဆိုတာ

ဝေဝေဝါးဝါး လှမ်းမြင်နေပါရက်နဲ့ 

အနီးရောက်မှ 

ဂငယ်ကွေ့ကွေ့ရင်ကွေ့သွားတတ်တာ တစ်စုံတစ်ခုကို

ဖမ်းဆုပ်ချင်တယ် 

ပိုင်ဆိုင်ချင်တယ် 

လိုချင်တယ် 

ကိုယ့်'နေ့စွဲတွေထဲ…📈

Sunday 17 January 2021

ရှင်နွေတမ်းခြင်း၂၈

စိတ်ရူးပဲ ပေါက်လွန်းတာလား အတိတ်မှာပဲ ရစ်မူးနေတာလား  မသဲကွဲဘူး အသည်းရူး‌ေအာင် ချစ်ခဲ့ဖူးတဲ့ နင့်ရဲ့ အမည်နာမလးကို ညည အိမ်မက်‌ေယာင်လို့ ထထပြီး အော်မိ‌မှာကို အခုထိ စိုးရိမ်စိတ်‌ေတွနဲ့ အိပ်‌စက်နေရသူက ကျနော် ။



အရူးလိုဆက်ဆံပြီး မျှော်လင့်ချက်အသေတွေ ပေးတတ်တဲ့ နင့်ကိုမှ မဟာမျှာ်လင့်ခြင်းတွနဲ့ တစ်ဘဝ ချစ်ခဲ့ဖူးတာလည်း ကျနော် ။

တိမ်တွေကို ဆေးလိပ်မီးခိုး‌ေငွ့‌ေတွနဲ့ အရောင်ဆိုးပြီး သူမကို နဂိုက ချစ်ခဲ့ဖူးတဲ့ အချစ်‌ေတွ လွင့်ပါသွားအာင် သက်ပြင်းခပ်ပြင်းပြင်းနဲ့ မှုတ်ထုတ်‌ေနပြီး အသက်ထွက်မတတ် ချစ်နေသူကလည်း ကျနော် ။

ရည်းစားတွေများပြီ အးသဲ‌ေတွ ခဏခဏ ကွဲတတ်တဲ့ ချစ်သူကို ချစ်မိပြီး သူမ‌ေကြာင့် ကွဲခဲ့ရတဲ့ ကော်ဖီဆိုင်က ဖန်ပုလင်းအကွဲလေးတာင် လွှင့်မပစ်ရက်ပဲ တယုတရ သိမ်းစည်းပြီး သတိရတိုင်း အမြဲထုတ်ထုတ်ကြည့်‌ေနတတ်တဲ့ အကျင့်‌ေတွ ရှိနေတာကလည်း ကျနော် ။


အပြစ်‌ေတွ အမျိုးမျိုးပြောပြီး ပစ်ကာထားရစ်‌ေသာ အမျိုးသမီးငယ်တစ်ယောက်ကို တစ်ပျစ်တညှစ် ချစ်နေမိခြင်းနေသော ဘဝ၀ဋ်ကြွး‌ေတွကို သုခအဖြစ်နဲ့ တစ်ဝကြီး စားသုံးနတာကလည်း ကျနော်ပါပဲ ။


နောက်ဆုံး‌ေသာအချိန်‌ေတွထိ အဝေးကနေငးရင်း အတွေးတွေထဲမှာ အချစ်‌ေတွ ရှင်သန်တမ်းတရင်း ရှင်နွေတမ်းခြင်းကဗျာတွေကို blogs မှာ သူမမြင်နိူင်‌ေအာင်ရးသားရင်း တိတ်တခို းခိုးခိုးပြီး ချစ်နေမှာကလည်း ကျနော်ပါပဲ ။


အဓိပတိကမ္မ

မရေးဖြစ်တာတောင်အတော်ကြာပြီ မိရှင်နွေရယ် ငါနင့်ကို အရမ်းချစ်တယ် ဒီစကားမှန်ကန်နရင် နင့်ကို ချစ်နေသေးတာ နင်မသိပါစေနဲ့ ။

Saturday 16 January 2021

 ရောင့်ရဲဖို့ ရဟန်းဝတ်ရာက သိမ်းပိုက်ဖို့ 

ကြိုးစားလာတဲ့ စည်းစိမ်ရှင် ရဟန်းများ

______________________________



အဖေကိုးကွယ်တဲ့ဆရာတော်၊အမေကိုးကွယ်တဲ့ဆရာတော်စသဖြင့် ကျနော်တို့ ကြားခဲ့ဖူးတယ်။နာမည်ကြီးရင် ကြီးသလောက် 

ဥပသကာတွေများလာတယ်။

လာဘ်လာဘပေါတယ်။


ဆရာတော်ကြီးတွေရတဲ့ လာဘ်လာဘတွေကို မနာလိုလို့ပြောတာမဟုတ်ဘူး။ဒါပေမယ့် သိပ်တွန့်တိုတတ်တဲ့ အဒေါ်ကြီးတွေ၊အမှိုက်ကောက်တဲ့ ကောင်လေးတွေကို ဟိန်းဟောက်

 မောင်းထုတ်တတ်တဲ့ ဦးလေးကြီးတွေက ဆရာတော်ကြီးတွေအပေါ်တော့ သိပ်ကို စေဆနာတွေပိုတာမြင်တော့ ကျနော် အံ့သြရတယ်။


ဘာကိုအံ့သြတာလဲဆိုတော့ သူတို့ ဘယ်လိုစိတ်နဲ့ လှူသလဲဆိုတာကို အံ့သြတာ။

ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး ကျနော်တိုင်းတဲ့ ပေတံကသိပ်ရိုးရှင်းပါတယ်။


စိတ်ထားကောင်းသူတိုင်းတော့ တရားရနေကြတာမဟုတ်ဘူး။ဒါပေမယ့် တရားရှိသူတိုင်း 

စိတ်ထားကောင်းကြတယ်။စွန့်ရအခက်ဆုံး ဘဝတဏှာအထိစွန့်ဖို့ရည်ရွယ်တယ်။

ဖြတ်ရအခက်ဆုံး မာနကိလေသာအထိ

 ဖြတ်ဖို့ရည်ရွယ်တဲ့သူတွေဟာ သူတော်စင် သူတော်ကောင်းတော့ ဖြစ်သင့်ရဲ့မဟုတ်လား။


ကိုးကွယ်ခြင်းငါးမျိုးရှိပါသတဲ့။


ဘယ - ကြောက်လို့ကိုးကွယ်ခြင်း

လာဘ - လာဘ်လိုချင်လို့ကိုးကွယ်ခြင့း

ကုလ - မျိုးရိုးအလိုက် ကိုးကွယ်ခြင်း

အာစရိယ - ဆရာဖြစ်လို့ ကိုးကွယ်ခြင်း

နိဿရဏ - သံသရာကလွတ်မြောက်ဖို့ ကိုး 

                   ကွယ်ခြင်း


ရတနာသုံးပါးကို ဆည်းကပ်တဲ့အခါ 

နိဿရဏကိုးကွယ်ခြင်းမျိုးနဲ့သာ 

ကိုးကွယ်အပ်တယ်တဲ့။


ဘယ်ဆရာတော်က ဘာစွမ်းတယ်။

ညာစွမ်းတယ်ဆိုတဲ့ သတင်းတွေ 

ကျနော်ကြားဖူးတယ်။


လူတွေက ဘယ်လောက် အကျိုးမျှော်လွန်းသလဲဆိုရင် လက်ျာရံ အဂ္ဂသာဝကနဲ့ လက်ဝဲရံ အဂ္ဂသာဝကနှစ်ပါးဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာမောဂ္ဂလာန် တို့ကို ရုပ်တုထုပြီး မကိုးကွယ်ဘူး။လာဘ်လာဘအရာမှာ အမြတ်ဆုံးဘွဲ့ကိုရထားတဲ့ ရှင်သီဝလိကို ရုပ်တုထုကိုးကွယ်ကြတယ်။ဒါဟာဘာလဲဆိုရင် မဟာသာဝက ရဟန္တာတစ်ပါးကို ကိုးကွယ်တာတောင် နိဿရဏနဲ့ မကိုးကွယ်ဘဲ 

လာဘနဲ့ကိုးကွယ်ခြင်းမျိုးပေါ့။


ဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ကို မကြိုက်ကြတော့ဘူး။လောကီချမ်းသာကို ဦးစားပေးနေကြပြီ။

ဆရာတော်တစ်ပါးဟောတဲ့တရား

(သို့မဟုတ် ) ရေးတဲ့စာအုပ်ကို မဖတ်ဖူးသေးဘဲ

တန်ခိုးကြီးတယ်ဆိုယုံနဲ့ ဖူးချင်တဲ့သူက 

ဒုနဲ့ဒေး။


သာသနာ့အာဇာနည်ဆရာတော်တွေဆိုတာ သူ့အလုပ်နဲ့သူတောင်မအားဘူး။

နန်းမတော်မယ်နုကိုးကွယ်တဲ့ ညောင်ကန်ဆရာတော်ဦးဗုဓ်ဆိုရင် တန်ခိုးထွားနေတဲ့ 

ဘုရင့်မယား မယ်နုကို စကားတောင် 

အဖက်လုပ်မပြောဘူး။

သူ့မှ ကျမ်းပြုစရာတွေရှိနေသေးတော့ မိတ်ဖြစ်ဆွေဖြစ်ကို စကားပြောလိုစိတ်မရှိတာ။

မင်းကွန်းဆရာတော်ကြီးကလည်း တရားဟောတဲ့အလုပ်၊ကျမ်းပြုတဲ့အလုပ်ကိုပဲ 

တစိုက်မက်မက်လုပ်သွားကြတယ်။


သူ့ရုပ်ကြီးထိုင်ဖူးနေလို့ ဘာတရားမှမရဘူးလို့ ဘုရားရှင်ကတောင် ပြတ်ပြတ်သားသား

 မြိန့်ကြားပြီးသား။


ဗုဒ္ဓခေတ်တုန်းက ဗုဒ္ဓဘာသာကိုဝင်ကြသူတွေဟာ ဗုဒ္ဓရဲ့ဒေသနာကို နားကြားပြီးမှ နှစ်သက်လက်ခံလို့ ဗုဒ္ဓရဲ့အဆုံးအမကို နာယူပါမယ်ဆိုပြီး ဗုဒ္ဓဘာသာအဖြစ်ခံယူကြတာ။

ဒီနေ့လို ဗုဒ္ဓဘာသာဝင်မိဘနှစ်ပါးကမွေးရုံနဲ့ ဘုမသိဘမသိ ဗုဒ္ဓဘာသာတန်းမဖြစ်ဘူး။


{ ကြောက်လို့ကိုးကွယ်ရုံနဲ့ ဗုဒ္ဓဘာသာမမည်ဘူး။

လာဘ်လိုချင်လို့ လောကီချမ်းသာချင်လို့ ကိုးကွယ်ရုံနဲ့လည်း ဗုဒ္ဓဘာသာမမည်ဘူး။

မိဘမျိုးရိုးအရ မိရိုးဖလာကိုးကွယ်ရုံနဲ့လည်း

ဗုဒ္ဓဘာသာမမည်ဘူး။

လောကီချမ်းသာအတွက်

 ဗုဒ္ဓပေးတဲ့နည်းကို

 ကြိုက်လို့ကိုးကွယ်ရုံနဲ့လည်း

 ဗုဒ္ဓဘာသာမမည်ဘူး။ }


သံသရာလွတ်မြောက်ဖို့ ရည်စူးတဲ့စိတ်နဲ့ ကိုးကွယ်မှသာ ဗုဒ္ဓဘာသာလို့ခေါ်ထိုက်တယ်။

ဗုဒ္ဓပွင့်လာတာလည်း ဒီအတွက်ပဲ။


ဘုန်းကြီးသေရင် ဧရင်ကျူးတဲ့ဓလေ့က ဘယ်ကစတယ်မသိ။ခုထိကျင့်သုံးနေတုန်း။

ဓမ္မအလိုက်ဟောဖို့ထက် ပုဂ္ဂိုလ်အကြိုက်

 ဟောချင်တဲ့ဘုန်းကြီးက ပိုများနေပြီလား။


ဘုံကထိန်ပဲဆိုပါစို့။မြောက်ကျွန်းက ပဒေသာပင်ကြီးကို ရည်မှန်းပြီး ပဒေသာပင် သီးသတဲ့။

တကယ့်ပကာသနစစ်စစ်ပါ။ပိုက်ဆံတွေခေါက်၊အရုပ်တွေလုပ် ။အချိန်ကုန်။လူပန်း။

လှူတယ်ဆိုတာ ပကာသနအတွက်မဟုတ်။

ကြွားဝါချင်လို့မဟုတ်။လိုအပ်တာကို ရိုးရိုးလေးလှူလိုက်ရင် မပြီးဘူးလား။


တပါးသူကို ချမ်းသာစေလိုတဲ့ မေတ္တာစိတ်၊

ကိုယ့်ပစ္စည်းကို တွယ်မက်တဲ့တဏှာကို ဖြတ်တဲ့အလေ့အကျင့်လေးရယ်။

ဒီအတွက်လှူတယ်။

"နိဗ္ဗာန ပစ္စယောဟောတု"

နိဗ္ဗာန်အတွက် အထောက်အပံ့ဖြစ်ပါစေတဲ့။


တချို့ဒကာဒကာမတွေများကျတော့ နိဗ္ဗာန်ကို လိုချင်လို့လှူတာမဟုတ်ဘူးဘုရား။

ချမ်းသာချင်လို့ ၊အဆင်းလှချင်လို့ ဆိုလာခဲ့ရင်


လှူမှာသာလှူစမ်းပါ။အဆင်းလည်းလှစေရမယ်။ချမ်းလည်းချမ်းသာစေရမယ်။

လှူဖြစ်အောင်လှူဖို့အရေးကြီးတယ်။ 

ဒီလိုပြန်ပြောမယ့် ဘုန်းကြီးတွေရှိတယ်။


မင်းနားကပ်ပြီးစားသောက်တဲ့သူကို မင်းမြှောင်လို့ခေါ်ရင် ဒီခေတ်မှာ ရဟန်းမြှောင်တွေလည်း သိပ်ပေါတယ်။


အလှူတွေကို လိုက်ပိတ်ပင်ချင်တာမျိုးမဟုတ်သလို ရဟန်းတွေကြီးပွားကောင်းစားနေတာကိုလည်း မနာလိုလို့မဟုတ်ဘူး။


လှူတယ်ဆိုတာ ဖြည့်တာ။ပိုလျှံနေတဲ့နေရာကို ထပ်ထည့်တာမဟုတ်ဘူး။ရေများရာမိုးရွာ

 နေကြသလားပဲ။လှူတယ်ဆိုတာ ရွှေတွေနဲ့ ထူထပ်နေပြီဖြစ်တဲ့ မဟာမုနိဘုရားကြီးရဲ့ ကိုယ်ကို ရွှေပြားတွေ ထပ်ထပ်ကပ်တာမဟုတ်ဘူး။ဘယ်ပုဂ္ဂိုလ်ကို လှူတယ်ဆိုတာထက် ဘယ်လိုစိတ်နဲ့လှူတယ်ဆိုတာက 

ပိုအရေးကြီးတယ်။


မြန်မာနိုင်ငံက အလှူအတန်းသိပ်လုပ်ကြပါတယ်။ဒါပေမယ့် မရှိသူကို လှူကြတာမဟုတ်ဘူး။

ရှိသူကိုပဲ ထပ်ထပ်ပြီးလှူကြတာမျိုး။

သူတောင်းစားဘဝကတော့ အနေချောင်ချင်မှ ချောင်လိမ့်မယ်။သင်္ကန်းသာဝတ်လိုက်။

တရားအားထုတ်သည်ဖြစ်စေမထုတ်သည်ဖြစ်စေ၊သီလရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ၊

ထမင်းတော့ ဝစေရမယ်။


သင်္ကန်းမြင်လို့ကတော့ ဦးသာကုန်းချဟေ့ဆိုတဲ့ စကားဟာ ဗုဒ္ဓခေတ်မှာတောင်မမှန်ဘူး။

အနေအစားချောင်ချင်လို့ ဘုန်းကြီးဝတ်တဲ့သူ၊

ရာဇဝတ်ဘေးရှောင်ချင်လို့ ဘုန်းကြီးဝတ်တဲ့သူ

ဆိုတာ ဗုဒ္ဓခေတ်ကတည်းကရှိတယ်။

အခုတော့ ပိုပေါတာပေါ့လေ။


"ပရိယတ္တိသာသနာ အဓွန့်ရှည်ဖို့ ၊

ပဋိပတ္တိသာသနာ ကျင့်သုံးနိုင်ဖို့၊

ပဋိဝေဒသာသနာအောင်မြင် ရောက်ရှိစေဖို့ "

အားထုတ်ကြိုးပမ်းနေတဲ့ ရဟန်းစစ်ရဟန်းမှန် တွေ အများကြီးရှိပါတယ်။

ပစ္စည်းလေးပါး ၊ ပရိက္ခရာရှစ်ပါးအပြင် ခေတ်နဲ့ လျော်ညီစွာ လိုအပ်နေတဲ့ အခြားအသုံးအဆောင်တွေလည်း လိုအပ်နေမှန်းသိပါတယ်။

ဒယိကာ ဒယိကာမတွေကလည်း လိုအပ်တာကိုသာ လှူသင့်သလို ရဟန်းတွေဘက်ကလည်း လိုအပ်သလောက်ပဲ အလှူခံသင့်တယ်။

လှူနည်းကိုလည်း လမ်းညွှန်သင့်တယ်။


လာဘမစ္ဆာရိယ၊ကုလမစ္ဆာရိယ၊အာဝါသ မစ္ဆာရိယတွေ သိပ်ပေါလေတော့ ငါ့ကျောင်းလာလှူရင်ပြီးရော တကယ်လိုအပ်နေတဲ့ 

အခြားကျောင်းကို လှူဖို့ တိုက်တွန်းတဲ့အကျင့်လည်း ရှားပါးနေပြီ ထင်ပါရဲ့။


((( ရောင့်ရဲဖို့ ရဟန်းဝတ်ရာက သိမ်းပိုက်ဖို့ 

ကြိုးစားလာတဲ့ စည်းစိမ်ရှင် ရဟန်းတွေ 

သိပ်ကိုများလာတယ်။ )))


ဘိုးတော်ယောင်ယောင် ၊ ဝိဇ္ဇာယောင်ယောင် 

ဘုန်းကြီးတွေလည်း ရှိနေကြသေးတယ်။


လူသတ်ဖို့အားပေးတဲ့ဘုန်းကြီး၊

အစွန်းရောက်တရားတွေနဲ့ ဘုန်းကြီး၊

ဗုဒ္ဓဘာသာကို အတ္တမာနနဲ့ ဆုပ်ကိုင်ခိုင်းနေတဲ့ ဘုန်းကြီးတွေမှာလည်း ဝန်းရံကိုးကွယ်သူတွေ သိပ်ကိုများနေကြတယ်။


သာသနာပျက်ပြီဆိုရင် ဖျက်ဆီးမယ့်သူက 

ရဟန်းတွေကိုယ်တိုင်ပဲလို့ ကြားဖူးခဲ့တာ

သိပ်ကို မှန်နေမှာပါ။


credit 

ဝိသပနာတရားရှိသူတို့ဆုံဆည်းရာ


ကိုယ့်မှာတော့ တကယ်ချစ်ပေမယ့် ဆက်ပြီးတော့ကလဲ မချစ်ချင်......

အချစ်မရှိပဲလဲ မနေတတ်ပြန်တော့ အချစ်အတွက် ကြိုးပမ်းရပြန်.....

ရလောက်ပြန်တော့လဲ ဆက်မချစ်ချင်ပြန်နဲ့ အတော်ကို ရောက်ရတဲ့

ချစ်ဒုက္ခပါပဲ၊၊ 

 

သူ့အချစ်ကို မရနိူင်လောက်ခင်ကတော့ သူချေသမျှ နာကျင်စွာ ခံစားရင်း တစ်ဖက်သတ်ဆန်ဆန်ပဲ ဆက်ချစ်နေနိူင်ခဲ့တယ်၊၊

အဲဒီအချိန် သူ့ရဲ့ အဖက်လုပ်မှုလေးတွေ ရတယ်ဆိုရင်တောင် 

ကိုယ်ဆိုတာ ကမ္ဘာမှာ အပျော်ဆုံး လူသားပေါ့။

အဲ ကိုယ့်ကြိုးစားမှုတွေက အရာထင်ပြီး သူ့အချစ်ကို ရလောက်တော့မယ်လဲ သေချာသိရော သူ့အပေါ် ကိုယ့်စိတ်တွေ အလိုလိုကို

သွေးအေးသွားတယ်😞

 ချစ်ခဲ့ဖူးတယ်

နှုတ်ဆက်ခဲ့တယ်

ဝေးသွားရတယ်

ဘယ်သူကိုမှ မကြင်နာခဲ့ဖူးဘူး

ဘယ်သူ့မှတော့ မမုန်းခဲ့ဖူးဘူး 

ဒါပေမယ့် ငါကိုတော့ 

ကြင်နာတတ်သောလူတွေကပဲ မုန်းသွားကြတယ် ။

အဓိပတိကမ္မ 

pyaephyoaungkm


 ကံတရားက သိပ်ထူးဆန်းတယ်

သဘာဝတရားကြီးကလည်း သိပ်ထူးဆန်းတယ်

လူတွေရဲ့ စိတ်ကလည်း သိပ်ထူးဆန်းတယ်

စိတ်တွေရဲ့ ထူးဆန်းမှုကြောင့်ပဲလား ကံတရားရဲ့ ထူးဆန်းမှုကြောင့့်ပဲလား လူတွေရဲ့ ရှင်သန်နေထိုင်မှု၊ချစ်ပုံချစ်နည်းတွေကလည်း

သိပ်ထူးဆန်းတယ်။

အဲဒီလို ထူးဆန်းတဲ့ လူတွေထဲမှာမှ ကိုယ်လို ငနဲတွေရဲ့ 

ထူးဆန်းမှုကတော့ အတော့်ကို ထူးဆန်းတယ်။

ကိုယ်ကတော့ အဲဒီလို ထူးဆန်းမှုအတွက် သိပ်စိတ်ပျက်တယ်။


ကြာတော့ ကိုယ့်အတွက် အချစ်ဆိုတာ ကိုယ်နာကျင်ဖို့အတွက်ပဲ

ဖြစ်ပေါ်လာရတယ်လို့ မြင်လာမိတယ်။


သူ့အချစ်ကို မရနိူင်လောက်ခင်ကတော့ သူချေသမျှ နာကျင်စွာ ခံစားရင်း တစ်ဖက်သတ်ဆန်ဆန်ပဲ ဆက်ချစ်နေနိူင်ခဲ့တယ်၊၊

အဲဒီအချိန် သူ့ရဲ့ အဖက်လုပ်မှုလေးတွေ ရတယ်ဆိုရင်တောင် 

ကိုယ်ဆိုတာ ကမ္ဘာမှာ အပျော်ဆုံး လူသားပေါ့။

အဲ ကိုယ့်ကြိုးစားမှုတွေက အရာထင်ပြီး သူ့အချစ်ကို ရလောက်တော့မယ်လဲ သေချာသိရော သူ့အပေါ် ကိုယ့်စိတ်တွေ အလိုလိုကို

သွေးအေးသွားတယ်😞

တကယ်ဆို ရွှေလက်တွဲပြီး ပျော်ပျော်ကြီး ချစ်ပွဲဝင်သင့်တာ မဟုတ်လား၊

ပိုဆိုးတာက အဆင်ပြေနေတဲ့ အခြေနေတစ်ခုကို မျက်ကွယ်ပြုပြီး

အချစ်ငတ်သူတစ်ယောက်ရဲ့ အထာနဲ့ အခြားတစ်ယောက်ရဲ့ အချစ်ကို အနာကျင်ခံပြီး မျှော်လင့်ဖို့ အစပျိုးပြန်တာပဲ၊၊

(သူ နာကျင်စေတော့ဆိုတဲ့စိတ်မျိုး မရှိရိုး အမှန်ပါ)


ဘယ်လိုကြောင့် အဲဒီလို ဖြစ်ဖြစ်သွားရတာလဲ?


ကိုယ်ယုံကြည်တာတော့ အဲဒါ သစ္စာမဲ့မှု မဟုတ်သလို အချစ်ကို ကစားတာလည်း မဟုတ်ဘူးလို့ပေါ့။

ဒါပေမယ့် မကောင်းတာတော့ အတော်ကို မကောင်းတာပါ။


ဆရာကြီးရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ရူပကလျာဏီဝတ္ထုထဲမှာ

နယ်စားကြီးတစ်ယောက်ရဲ့ ချစ်ဒုက္ခအကြောင်း ဖတ်ခဲ့ရဖူးတယ်။

နယ်စားကြီးက ရူပနန္ဒီမင်းသမီးကို အတော်စွဲစွဲလမ်းလမ်း

ချစ်မိတော့ မင်းသမီးကို မရ ရအောင် အမျိုးမျိုး ကြိုးစားတယ်။

မင်းသမီးက ပြန်မချစ်ပေမယ့် နောက်ဆုံးမှာတော့ မငြင်းနိူင်တဲ့ 

အခြေနေတွေအရ နယ်စားကြီးရဲ့

အချစ်ကို လက်ခံပြီး သူနဲ့ လက်ထပ်ရဖို့ ဖြစ်လာခဲ့တယ်။

လက်မထပ်ခင်မှာ မင်းသမီးက သူ့ဦးရီးတော်နဲ့ တိုင်ပင်ပြီး

နယ်စားကြီိ်းကို ခတ်ဖို့ ထူးဆန်းတဲ့ အဆိပ်တစ်မျိုး တီထွင်လိုက်တယ်။

လက်ထပ်တဲ့နေ့မှာ နယ်စားကြီးကို အဲဒီအဆိပ် ခတ်လိုက်တယ်။

ညရောက်လို့ မင်္ဂလာအိပ်ခန်းထဲမှာ ချစ်ပွဲဝင်ကြတော့မယ်လဲဆိုရော

အဲဒီအဆိပ်က တန်ခိုးပြတော့တာပေါ့။

သူ့တန်ခိုးက သိပ်ကြောက်ဖို့ ကောင်းတယ်။

နယ်စားကြီးခမျာ ငါ့မယားလေးဆိုပြီး ဖက်လိုက်တော့မယ်လဲ 

အကြံပေါက်ရော မင်းသမီးအပေါ် ချေးမုန်းသေးမုန်း မုန်းပြီး

လက်ဖျားနဲ့တောင် မထိတော့ပဲ အခန်းအပြင် ထွက်သွားတော့တယ်တဲ့။

အခန်းအပြင်ရောက်လို့ မင်းသမီးကို မမြင်ရတော့ဘူးလဲဆိုရော

နယ်စားကြီးရဲ့ ပင်ကိုယ်ချစ်စိတ်တွေက တဖွားဖွား ပေါ်ပေါက်လာပြီး

မင်းသမီးကို တွေ့ရဖို့ အခန်းထဲ ပြေးဝင်ပြန်တယ်တဲ့။

အခန်းထဲရောက်လို့ ချစ်တော့မယ်ဟဲ့ ကြိုက်တော့မယ်ဟဲ့လဲဆိုရော

ပထမတစ်ခါလို အော်ဂလီဆန်စိတ်နဲ့ အခန်းပြင် ပြေးထွက်လာခဲ့ရပြန်တယ်တဲ့။

မင်းသမီးကတော့ အဲဒီထူးဆန်းတဲ့ အဆိပ်ရဲ့ ကျေးဇူးကြောင့်

အပျိုရည်မပျက်ပဲ နယ်စားကြီးနဲ့ လင်မယားအဖြစ် ဆက်လက်ပေါင်းသင်း နေနိူင်ခဲ့တာပေါ့။


ကိုယ်တွေးမိတာက အဲဒီအဆိပ်ဆန်ဆန် အဆိပ်တစ်မျိုးမျိုးကို

ကိုယ်ချစ်ခဲ့ဖူးသူတွေထဲက တစ်ယောက်ယောက်ကများ

သူပေးတဲ့ အပျော်တွေထဲ ရောထည့်ပြီး ကိုယ့်ကို ခတ်ခဲ့တာလားပေါ့။

ကိုယ့်မှာတော့ တကယ်ချစ်ပေမယ့် ဆက်ပြီးတော့ကလဲ မချစ်ချင်......

အချစ်မရှိပဲလဲ မနေတတ်ပြန်တော့ အချစ်အတွက် ကြိုးပမ်းရပြန်.....

ရလောက်ပြန်တော့လဲ ဆက်မချစ်ချင်ပြန်နဲ့ အတော်ကို ရောက်ရတဲ့

ချစ်ဒုက္ခပါပဲ၊၊

ဒီလို ချစ်ဒုက္ခနဲ့ ဒဏ်ခတ်ခံရလောက်အောင်လဲ ကိုယ့်ဘက်က

နယ်စားကြီးလို ယုတ်မာမှုမျိုးလဲ မရှိခဲ့ရပါဘူးလေ။

ထားပါတော့လေ............

ဒီလို ပုံမှန်မဟုတ်တဲ့ ဂွကျကျအဖြစ်မျိုးတော့ သူတို့ ခတ်တဲ့

အဆိပ်ကြောင့် မဟုတ်ရရင်တောင် အတော်ဆိုးတဲ့ 

ကံကြမ္မာကြောင့်လို့ပဲ ဆိုရစေတော့။

ကံကြမ္မာကို ယိုးစွပ်တာပဲ စိတ်သက်သာတယ်။


မဟုတ်ရင် အဲဒီစိတ္တဇနဲ့ ရွာသာကြီး ဒိုးရကိန်း ရှိတယ်😀😀

ထက်ခေါင်း

 ငါ့ဟာနဲ့ကို အရက်သောက်ချင်သောက်မယ်..ဘိန်းရောင်းချင်ရောင်းမယ်...သူများအိမ်ထောင်ရေး ကြာခိုချင် ခိုမယ်။

ငါလုပ်သမျှ ဘယ်သူမှ သတိမထားမိသမျှ ငါ့မှာ ဘာအပြစ်မှ မရှိဘူး။

ငါကြိုက်တဲ့ဟာ လုပ်ချင်ရာလုပ်နေတာ။ကုသိုလ်,အကုသိုလ်,ကောင်းမှု,မကောင်းမှု သတ်မှတ်ရအောင် သူ့natureမှာကိုက ကုသိုလ်လည်း မရှိဘူး အကုသိုလ်လည်း မရှိဘူး။

ဒါတွေက ဘာသာတရားတွေ လူတွေရဲ့ သတ်မှတ်ချက်တွေ။

ကိုယ်ချင်းစာတရားလား?

ငါရှိချင်ရှိမယ် မရှိချင်မရှိဘူးပဲ။

ငါရှိချင်တဲ့သူအပေါ် ရှိချင်ရှိမယ်

မရှိချင်တဲ့သူအပေါ် မရှိချင်မရှိဘူး။

ရှိလို့လဲ ကုသိုလ်မဟုတ်သလို

မရှိလို့လဲအကုသိုလ်ဖြစ်မသွားဘူး။

အဓိကက ကိုယ်လုပ်တဲ့လုပ်ရပ်က

အစိုးရဥပဒေ ပတ်ဝန်းကျင်ဥပဒေနဲ့

ငြိနေတယ်ဆိုရင် သူများမသိအောင် လုပ်တတ်ဖို့ပဲ။အဲလို ပါးပါးနပ်နပ်နဲ့ လုပ်တတ်နေသ၍ ငါ့မှာ ဘာအပြစ်မှ မရှိဘူး ဘာပြစ်ဒဏ်မှ ပြန်ခံစရာမလိုဘူး။

ပုံ/ comfort zoneထဲ ရောက်နေသူ

Friday 15 January 2021

စစ်သမိုင်းပြတိုက် နှင့် တပ်မတော် မော်ကွန်းတိုက်

 စစ်သမိုင်းပြတိုက်သည် ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၈ ဒသမ ၇၂၄ ဧက ကျယ်ဝန်းသည်။ ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အဆောက်အအုံ ဆောက်လုပ်ရန် စတင် ပန္နက်ချခဲ့သည်။ စစ်သမိုင်းပြတိုက် အဆောက်အအုံပုံစံကို ဆောက်လုပ်ရေး လုပ်ငန်းမှ ပုံစံထုတ်ပေးခဲ့သည်။ စစ်သမိုင်းပြတိုက် အဆောက်အအုံ၏ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၁၀၉ ကျပ် ဖြစ်သည်။ စစ်သမိုင်းပြတိုက်ကို ၁၉၉၄ ခု၊ မတ်လ ၂၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ စစ်သမိုင်း ပြတိုက်သည် ၄၉ ကြိမ်မြောက် တပ်မတော်နေ့ပြပွဲစ၍ စတင်ခင်းကျင်း ပြသလာခဲ့သဖြင့် ယခုအခါ တပ်မတော်ဆိုင်ရာ ပြခန်းများသာမက ဝန်ကြီးဌာနများ၏ ပြခန်းများကိုပါ ပြသလျက်ရှိသည်။

တပ်မတော် မော်ကွန်းတိုက်ကို မူလက စစ်သမိုင်း ဌာနခွဲအဖြစ် ဖွဲ့စည်းစဉ်က ရုံး၏ တည်နေရာမှာ စစ်ရုံးအတွင်း၌ ဖြစ်သည်။ ၁၉၅၅ ခု၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတီးဝပ်လမ်းရှိ မြို့မကျောင်းသားဟောင်းများ အဆောက်အအုံသို့ ပြောင်းရွှေ့ပြီး ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ‘တပ်မတော်မော်ကွန်းတိုက်’ အမည်သို့ ပြောင်းလဲခဲ့သည်။ တပ်မတော် မော်ကွန်းတိုက် အဆောက်အအုံကို ၁၉၇၅ ခု၊ ဧပြီလ ၂၁ ရက်နေ့တွင် အမှတ် ၄၀ ၊ ဦးဝိစာရလမ်းသို့ ပြောင်းရွှေ့လာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့တွင် တပ်မတော် မော်ကွန်းတိုက်မှူးရုံးအဖြစ် အမည်ပြောင်းလဲပြီး ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့်ရှိ စစ်သမိုင်းပြတိုက် အဆောက်အအုံသစ်ကို ပြောင်းရွှေ့ခဲ့သည်။

စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက် တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်မော်ကွန်းတိုက်မှူးများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • (၁) ဒုတိယဗိုလ်မှူးကြီး ဘသန်း( ၁၅-၆-၅၅ မှ ၁-၂-၅၉ ထိ)
  • (၂) ဒုတိယဗိုလ်မှူးကြီးမောင်ဘို( ၂-၂-၅၉ မှ ၂၅-၈-၆၄ ထိ)
  • (၃) ဒုတိယဗိုလ်မှူးကြီး မောင်လွင်( ၂၆-၈-၆၄ မှ ၉-၃-၇၃ ထိ)
  • (၄) ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်( ၁၀-၃-၇၃ မှ ၂၉ - ၄- ၇၅ ထိ)
  • (၅) ဒုတိယဗိုလ်မှူးကြီး လူမော်(၃၀-၄-၇၅ မှ ၂၉-၁၁-၇၆ ထိ)
  • (၆) ဒုတိယဗိုလ်မှူးကြီး စန်းလွင်(၃၀-၁၁-၇၆ မှ ၂၇-၄-၈၁ ထိ)
  • (၇) ဒုတိယဗိုလ်မှူးကြီးခင်မောင်ကြီး(၂၈-၄-၈၁ မှ ၂၀-၁၀-၈၁ ထိ)
  • (၈) ဒုတိယဗိုလ်မှူးကြီးလှကြည်(၂၁-၁၀-၈၁ မှ ၃၀-၉-၈၉ ထိ)
  • (၉) ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်(၂၂-၁-၉၁ မှ ၈-၁-၉၁ ထိ)
  • (၁၀) ဒုတိယဗိုလ်ချုပ်ကြီးရဲထွဋ်(၉-၁-၉၁ မှ ၁၉၉၈ ) 

 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...