Saturday 23 May 2020

အရမ်းချစ်တယ် ညီမလေး
မင်းမရှိတေ့ာ ပြသနာသေးသေးလေးတွေကို ‌ေြဖရှင်းဖို့ သိပ်ခက်ခဲနေတယ် ညီမလေးလေးရယ် ။

သီးခံခြင်း သေးသေးလေးတောင် မရှိတဲ့ လမ်းဘေးဆန်တဲ့အချစ်တွေ အတွက် လမ်းဘေး ဓာတ်တိုင်တွေ မှီပြီး ကြေကွဲနေနေရတယ် ။

ပြန်မဆုံနိူင်ခြင်းကြောင့်ပဲလား
 ကံကြမ္မာ ဆိုးရွားခြင်းတွေကြောင့်ပဲလားတော့ မသိဘူး ။

သတိရခြင်းတွေထဲမှာတော့ သာယာချင်း ဆိုတာလုံးဝမရှိနိူင်ပါဘူး ညီမလေးလေးရယ် ။

မင်းရဲ့ အစွန့်ပစ်ခံဘဝကနေ မင်းမရှိတော့တဲ့ ငါ့ရဲ့အသက်ရှုသံတွေထဲမှာ ရင်ခုန်တွေကို ငါရှာဖွေနေမိတယ် မိရှင်နွေ ။

မတွေ့ဆုံခြင်း မနီးစပ်ခြင်း ဆိုတာငါ့ရဲ့အနီးဆုံးတွေပါ ။

အဓိပတိကမ္မ

Monday 18 May 2020

#Depression

နဂါးငွေ့တန်းတွေကို မြင်မိတိုင်း တွေးမိတိုင်း

လူ့လောက လူ့သဘာ၀ လူအလေ့ကျင့် လူ့ဓလေ့ လူသားတွေရဲ့ အရူးဆန်တဲ့ ကိုးကွယ်မှုတွေကို

 လူသားတစ်ယောက်အနေနဲ့ သိမ်ငယ်မိတာကတော့ အမှန်ပဲ:-) :-) :-) :-)
     
ကံ ကံ၏အကျိုးအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်

ဘုရားသခင် ၏ ဖန်ဆင်းသောကြောင့့်ပဲ ဖြစ်ဖြစ်

တမာန်တော်ကြီး ကျေးဇူးတော်ကြောင့်ပဲ ဖြစ်ဖြစ်

ဘာမှ ဖြစ်မလာ ဘာမှ မပိုင်ဆိုင် ဘာမှ ရယူမှုမရှိပဲ
နေရတဲ့ လူ့လောကြီးကို ကျွန်တော် စိတ်ပျက်နေပြီ ။

သေဆုံးခြင်းကို စိတ်ပျက်နေလို့ မွေးဖွားခြင်းကို မုန်းတီးနေတဲ့

ငါမှာ ဒီပတ်၀န်းကျင်နဲ့ သဟာဇာတ ဖြစ်မှုလေး နည်းနည်းပါးပါး လေးမှ မရှိသော

ဒီဘ၀ ဒီခန္ဓာကြီးကို အလွန်စိတ်ပျက်လွန်း၍
ကျွန်တော်ကို နှုတ်ထွက်ခွင့်ပြုပါ ။

နှုတ်စကား သောက်ပိုတွေလဲ ပြောမနေချင်တော့ဘူး။

              #အဓိပတိကမ်မ
သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၄၁
_______________________

ညက ကျွန်တော် အိမ်မက် မက်တယ် ။

အိမ်မက်ထဲမှာ ရှင်နွေက ကျွန်တော်ကို ပြုံးပြနေခဲ့တယ် ။
ရှင်နွေအပြုံးတွေ ကျွန်တော်အတွက် မဟုတ်ခဲ့တာ ကြာခဲ့ပါပြီ ။

ရှင်နွေအပြုံးတွေက အိမ်မက်ထဲမှာတောင် ကျွန်တော်ကို လန်းဆန်းစေခဲ့တယ် ။ သူ့မရဲ့ တစ်ဖက်သားကို ကြည်လင်အေးမြစေသည့် အပြုံးကလေးကို ကျွန်တော်ဖက်တွယ်မိခဲ့တာ နှစ်ကာလ ရှည်ကြာခဲ့ပြီလေ ။ 

ထိုအပြုံးမျက်နှာလေးကို တမေ့တမော ငေးကြည့်နေခဲ့ပေမယ့် ။
ရှု့လို့မဝခင် ကြည့်လို့ မဝခင်မှာပဲ အိပ်ယာမှ နိူးကာ ရင်ထဲမှာဟာကျန်ခဲ့ရသည် ။ အဲ့ဒီနောက် ဆက်အိပ်လို့မရတော့တာနဲ့ ရောင်နီပျို့လာသည်ကို ကျွန်တော် ပြတင်းတခါးကနေ ငေးမောကြည့်နေမိတယ် ။
အတွေးလေးတစ်ခုဝင်လာတာက ရှင်နွေက နံက်ခင်းလေးတွေမှာ စောစောအိပ်ယာထတတ်သူ တစ်ယောက် မဟုတ်လို့ ဒီအချိန် ဘယ်သူကများ ဖုန်းဆက်ပြီး သူရဲ့ နံက်ခင်းတွေမှာ အမိန့်လေသံလေးတွေနဲ့ အိပ်ယာနိူးနေမလဲလို့ ကျွန်တော် တွေးကြည့်မိလိုက်သေးသည် ။

ရှင်နွေ ပျော်နေမှာပါ ကျွန်တော်နဲ့ ပတ်သတ်မှု မရှိသောကြောင့် ရှင်နွေ ရဲ့နံက်ခင်းမိုးသောက်ချိန်တွေမှာ အရင်လို စိတ်အနှောက်အယှက်ပေးတတ်တဲ့ ကျွန်တော်နဲ့ ကင်းဝေးသွားခဲ့လို့ ရှင်နွေ အရမ်းပျော်နေမှာပါ ။
ပျော်နေမှာပဲလို့ ကျွန်တော် သိနေပါတယ် ။ နင်ချစ်တဲ့သူနဲ့ တစ်ရင်းတစ်နီး နေနေရလို့ နင်သိမ့်ပျော်နေမှာပါ ။ နင်ပျော်နေဖို့ပဲ လိုတာပါ ။
ငါ ရဲ့အချစ်တွေ နင့်အတွက် ဘာခံစားမှုမှ မရှိတဲ့ အတွေ့အကြုံ အထိအတွေ့တစ်ခုမျှသာ ဖြစ်နေခဲ့တယ်လေ ။
ဒါပေမယ့် ငါအတွက် အရမ်းကြီး ကြီးကျယ်ခမ်းနားခဲ့တယ် ။တကယ်ကို ခမ်းခမ်းနားနားလည်း ချစ်ခဲ့တာပါ ရှင်နွေ ။

အဲ့လိုအချစ်တွေနဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အထက်ကောင်းကင်ယံကြီးကို ငါတွေးရင်း ဆွေးရင်း ငေးမောနေမိတာပါ ။

ဒါဟာ ငါရဲ့ချစ်ခြင်းမေတ္တာတစ်ခုတည်း အတွက် ငါ့အတ္တကိုငါ ရှေ့တန်းတင်နေခြင်း သဘောသက်သက်ပါပဲ မိရှင်နွေ ။

အချစ်ရဲ့သဘောတရားကို ကျွန်တော် ကောင်းကောင်းကြီး သိနေပါပြီ ။
ဒီလိုပဲ မချစ်တာကိုလည်း ကျွန်တော် သိနေခဲ့တာ ကြာခဲ့ပြီပေါ့

ရှင်နွေက ကျွန်တော်ကို လုံးဝမချစ်ခဲ့ဘူး
နောက်လည်း ချစ်လာမှာ မဟုတ်ပါဘူး။
အခြားတစ်ယောက်ကို ပြောင်းလို့ ချစ်ကြည့်စေချင်တယ်တဲ့ သူငယ်ချင်းတွေက အကြံဥာဏ်ပေးကြပါတယ် ။

ဒီတော့ ကျွန်တော်ပြုံးပြံးလေးနဲ့ ဘာပြန်ပြောလိုက်တယ် ထင်လည်း   

ဘယ်လိုအချိန်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ငါ ရှင်နွေ့ကို ချစ်တဲ့အချစ်နဲ့ ပတ်သတ်နေတဲ့အတွက် ဘယ်သောအခါမှာ သစ္စာမဖောက် သစ္စာ မပျက်နိူင်ဘူးလို့ ပြောနေခဲ့တာ နှစ်ကာလရှည်ကြာနေခဲ့ပြီ။

ကျွန်တော် ရဲ့ ရူးသွပ်မှုထဲက တစ်စိတ်တစ်ဒေသပေါ့ မိရှင်နွေ.........

                  #အဓိပတိကမ္မ

Sunday 17 May 2020

သိမ့်ချစ်တာပေါ့ ရှင်နွေရယ် ၄၀

ငါမှာ အချစ်နေပြီပဲ။
ဘာလို့ ချစ်သူအသစ်ရှာရမှာလဲ ။

အချစ်တစ်ခုတည်းနဲ့တင် ငါ့ရဲ့ နှလုံးသားက 
ပြည့်စုံနေပါပြီ ရှင်နွေ.______

ငါ နှလုံးသား အတွက် နင်ပဲ လိုတယ် ရှင်နွေ အခြားဘာကိုမှ ငါမလိုလားဘူး ။

နင်ဟာ ငါ့ရဲ့ ကမ္ဘာငယ်လေးမှာ အခုချိန်ထိ 
အိမ်မက်ဆန်ဆန် ကျကျနန ရပ်တည်ဖြစ်ပေါ်နေပါသေးတယ် ။

ငါ နင့်ကို အရမ်းချစ်တယ် ရှင်နွေ ။

ဒီစကားကို ငါသေဆုံးသွားတဲ့ အထိ
ရေရွတ်နေမယ် ဆိုသော 
သစ္စာစကားမဟုတ်တဲ့ 
မေတ္တာတရားချစ်ခြင်းတွေနဲ့ တည်ရှိနေလိမ့်မယ် မိရှင်နွေ ။

တချို့သော ငရဲဆန်ခြင်းတွေက တစ်ခါတစ်လေမှာ 
တစ်ယောက်တစ်လေအတွက် နိဗ္ဗာန်ဆန်နေတတ်ပါတယ် ရှင်နွေ ။

ငရဲကို နိဗ္ဗာန်ထင်ခဲ့မိတဲ့ ငါ့ရဲ့ အမှားအတွက် 
အထီးကျန်ဆန်သော နေရာတစ်ခုမှာ လက်ရှိဖြစ်တည်ချက်အတွက် ငါနေသားကျနေပါပြီ ရှင်နွေ ။

ငါ့အတွက် နင်မပူပန်ပါနဲ့ နယုန်လမှာ ဖူးပွင့်တဲ့ စံပယ်ပန်းလေးတွေလိုပဲ အမြဲရိုးသားနေပါ ။
 နင်ဘေးက ဇွန်လ နှင်းဆီတွေ 
ကြားထဲမှာ လှလှပပ ဖူးပွင့်နိူင်အောင်ပဲ နင် ကြိုးစားပါ ။

ငါကတော့ လေပြေလေညှင်းလေးတွေ ရိုက်ခတ်ခံရတဲ့ အစိမ်းရောင်မြက်ခင်းလေးတွေကို အဖော်ပြုပြီး

အထီးကျန်ဆန်မှုလေးတွေနဲ့အတူ နင့်ကို ငါမျှော်လင့်နေပါသေးတယ် မိရှင်နွေ ။

မျှော်လင့်ချက်ဆိုတာ ငါ့ရဲ့ စွဲလမ်းတဲ့ စိတ်အတွက် အတ္တဆန်ဆန် ရူးသွပ်မှုထဲက အရေးပါအရာရောက်တဲ့

တစ်ယောက်သောသူ ရှင်နွေအတွက် နေရာ အလွတ်တစ်ခုပါ အခုချိန်ထိ လွတ်လွတ်လပ်လပ် ရှိနေပါသေးတယ် ။

ငါ့ နှလုံးသားရဲ့ လူမမြင်နိူင်သေးတဲ့ တစ်ဒေါင့်တစ်နေရာမှာပေါ့ ။

         #အဓိပတိကမ
photo by Amara Bo AmaraBo

Friday 8 May 2020

သစ္စာတရားကို အတူတည်ဆောက်ပြီး မေတ္တာတွေ ပျက်ခဲ့ကြတယ် ။

တစ်ယောက်တစ်ခွန်းနဲ့ စကားများလိုက်ကြတာ လုံးဝ စကားမပြောြဖစ်‌ေတာ့တဲ့ အထိပေါ့ ။

တစ်ယောက်အပြစ် တစ်ယောက်ဖို့လို့ တစ်ယောက်နဲ့‌တစ်ယောက် အချစ်တွေကလည်း ပေါ့ဆခဲ့တယ် ။

အရူးဆန်စွာ အချစ်နဲ့ပတ်သတ်ပြီး ရူးသွပ်ခဲ့ဖူးတယ်၊ အခုလည်း လူသားမဆန်အောင် မူးခဲ့ရပြန်ပြီ ။

သူမက သီချင်းကြိုက်တယ် ပြောရင် ဂစ်တာကောက်ကိုင်ခဲ့တဲ့ကောင် ၊

သူမက ကဗျာကြိုက်တယ်ဆိုရင် ကာရန် စပ်ဆိုခဲ့တဲ့ကောင် ၊

သူမက ခရီးသွားချင်ရင် biker တစ်ယောက် ဖြစ်ချင်ခဲ့တဲ့အကောင် အခုတော့ အနာဂတ်မဲ့တဲ့ ပစ္စုပ္ပန်မှာ လမ်းပျောက်ခဲ့ပြီ ။

သူမ ရှိလောက်ပါတယ် ဆိုတဲ့အသိတစ်ခုနဲ့ ခရီးအခေါက်ပေါင်းများစွာ ထွက်ခဲ့တဲ့ ခရီးလမ်းဆိုတာ
သုခရှာဖွေမိတဲ့ငရဲလမ်း တွေပါပဲ ။

သာယာမှုမရှိ ကြင်နာမှုမရှိ စေတနာမရှိတဲ့ တစ်စိမ်းအရပ်ဒေ‌သတွေက သူမရဲ့ရင်ခွင်လိုပဲ ခိုနားဖို့မကောင်းသလို နားခိုဖို့လည်း မသင့်ဘူး ။

အလွမ်းနဲ့ဖြတ်သန်းနေသော ခရီးလမ်းတွေမှာ ကမ္ဘာ့မြေရဲ့ သဘာဝအလှတရားတွေပါ ဆုံးရှုံးသွားခဲ့တယ် ။

 အဓိပတိကမျမ


လူတွေဟာ သေခြင်းတရား ကို

ကြောက်လို့သာ ငြိမ်းချမ်းရေးကို

တမ်းတနေကြတာ ဖြစ်ပြီး

အပြန်အလှန် ယုံကြည်ရေး နှင့်

လုံခြုံရေးရည်ရွယ်ချက်တွေတော့

ဘယ်သူမှ သတိမမူမိကြဘူး:-) :-):-) :-)

တပ်မတော် ဘက်ကထိုးစစ်ဆင်လာခဲ့ရင်

တတိုင်းပြည်လုံးက ငြိမ်းချမ်းရေးထအော်ကြတယ် ။

တိုင်းရင်းသားလက်နက်ကိုင်တွေ

ဘက်က တိုက်ခိုက်မှုတွေ ပြုလုပ်လာရင်

ပြည်သူရော မီဒီယာပါ သောက်ပါးစပ်တွေ

ပိတ်နေကြတယ် ။

တကယ်ပဲ စိတ်ပျက်စရာ အလွန်ကောင်းသော

 တိုင်းပြည်လို့ ပြောချင်ပါတယ် ။

အစိုးရကလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့

အလိုကိုလိုက် နေကြတာ မြင်တွေ့နေရတော့

အတော်လေးလည်း စိတ်ပျက်၀မ်းနည်းမိတာ အမှန်ပါပဲ ။

( တစ်သက်လုံး မှတ်ထား ဒီတိုင်းပြည်မှာနေရင်

သူပုန်နဲ့ ကြည်ဖြုနေရင် ငြိမ်းချမ်းရေးကို မြတ်နိူးသူ ၊

 တိုင်းပြည်ကို ချစ်ရင် တပ်မတော်ကို မချစ်ရဘူး )

ဒီလိုတိုင်းပြည်မှာ နေမိတာပဲ ကျွန်တော် အမှားပါ။

ဒီလိုပြည်သူတွေ ကြားထဲမှာ ရှင်သန်ခဲ့တာပဲ ကျွန်တေ
ာ် အမှားပါ ။

                #အဓိပတိကမ္မ

Wednesday 6 May 2020

သတိရတယ်ဆိုတာထက် ပိုခဲ့ပါတယ် ။

နောင်ဖြစ်လာမယ် မနက်ဖြန်မှာ ခဏတာနိဗ္ဗာန်ဆိုတာ အိပ်စက်ခွင့်မရှိတဲ့ အိမ်မက် တစ်ခုပါပဲ ။

ရင်ခုန်သံတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေက အမှတ်ပြည့်ရတဲ့ အလွမ်းတွေပေါ့ ။

လက်ကိုတွဲမခွဲအတူ ဆိုတာကလည်း အရာရာကိုနားမလည်ပဲ အချစ်ကို ကစားမိတဲ့သူတွေ မှာ သာယာမှုကို ရှာဖွေလို့ တွေ့မှာ မဟုတ်လောက်ဘူး ။

မျက်နှာဖုံးတွေပြည့်နက်နေတဲ့အပြုံးတွေ မှာ မျက်ရည်စတွေနဲ့ အလွမ်းကို အားဖြည့်ပေးနေတယ် ။

ဘဝနဲ့ရင်းပြီး ချစ်ခဲ့မိတော့လည်း ဘဝတစ်ခုလုံးစာ လွမ်းရတာ တန်ပါပေတယ် ။ ဘာတန်ဖိုးမှ မရိှသော အချစ်အတွက် ထိုက်ထိုက်တန်တန် လွမ်းကြည့်ကြတာပေါ့ ။

လိမ်နေတာမှန်းလည်း သိတယ် ။ နင်ညာနေတာမှန်းလည်း သိတယ် ။
 ချစ်လွန်းတော့လည်း နှလုံးသားတွေ နစ်မွန်း‌ေနရင်တောင် ချစ်နေမှာပဲ မိရှင်နွေ

နင်ပြောခဲ့သလို ပူလောင်စေတာ ငရဲသာဆိုရင် ငါအတွက် နင်အနားမရှိချိန်တွေက ငါ့ရဲ့ငရဲတွေပါပဲ

#အဓိပတိကမ်မ


အရမ်းချစ်တယ် ညီမလေး
မင်မရှိတေ့ာ ပြသနာသေးသေးလေးတွေကို ‌ေြဖရှင်းဖို့ သိပ်ခက်ခဲနေတယ် ညီမလေးလေး ။

သီးခံခြင်း သေးသေးလေးတောင် မရှိတဲ့ လမ်းဘေးဆန်တဲ့အချစ်တွေ အတွက် လမ်းဘေး ဓာတ်တိုင်တွေ မှီပြီး ကြေကွဲနေနေရတယ် ။

ပြန်မဆုံနိူင်ခြင်းကြောင့်ပဲလား ကံကြမ္မာ ဆိုးရွားခြင်းတွေကြောင့်ပဲလားတော့ မသိဘူး ။

သတိရခြင်းတွေထဲမှာတော့ သာယာချင်း လုံးဝမရှိနိူင်ဘူး ညီမလေး ။

မင်းရဲ့ အစွန့်ပစ်ခံဘဝကနေ မင်းမရှိတော့တဲ့ ငါ့ရဲ့အသက်ရှုသံတွေထဲမှာ ရင်ခုန်တွေကို ငါရှာဖွေနေမိတယ် မိရှင်နွေ

အဓိပတိကမ္မ
သတိရတယ်ဆိုတာထက် ပိုခဲ့ပါတယ် ။

နောင်ဖြစ်လာမယ် မနက်ဖြန်မှာ ခဏတာနိဗ္ဗာန်ဆိုတာ အိပ်စက်ခွင့်မရှိတဲ့ အိမ်မက် တစ်ခုပါပဲ ။

ရင်ခုန်သံတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေက အမှတ်ပြည့်ရတဲ့ အလွမ်းတွေပေါ့ ။

လက်ကိုတွဲမခွဲအတူ ဆိုတာကလည်း အရာရာကိုနားမလည်ပဲ အချစ်ကို ကစားမိတဲ့သူတွေ မှာ သာယာမှုကို ရှာဖွေလို့ တွေ့မှာ မဟုတ်လောက်ဘူး ။

မျက်နှာဖုံးတွေပြည့်နက်နေတဲ့အပြုံးတွေ မှာ မျက်ရည်စတွေနဲ့ အလွမ်းကို အားဖြည့်ပေးနေတယ် ။

ဘဝနဲ့ရင်းပြီး ချစ်ခဲ့မိတော့လည်း ဘဝတစ်ခုလုံးစာ လွမ်းရတာ တန်ပါပေတယ် ။ ဘာတန်ဖိုးမှ မရိှသော အချစ်အတွက် ထိုက်ထိုက်တန်တန် လွမ်းကြည့်ကြတာပေါ့ ။

လိမ်နေတာမှန်းလည်း သိတယ် ။ နင်ညာနေတာမှန်းလည်း သိတယ် ။
 ချစ်လွန်းတော့လည်း နှလုံးသားတွေ နစ်မွန်း‌ေနရင်တောင် ချစ်နေမှာပဲ မိရှင်နွေ

နင်ပြောခဲ့သလို ပူလောင်စေတာ ငရဲသာဆိုရင် ငါအတွက် နင်အနားမရှိချိန်တွေက ငါ့ရဲ့ငရဲတွေပါပဲ

#အဓိပတိကမ်မ


 အလင်းတွေရှာဖွေရင် အလင်းတွေပျောက်ဆုံးလို့ အမှောင်တစ်ဘက်ခြမ်းထိ ခရီးတွေပေါက်ခဲ့ဖူးတယ် ၊ စိတ်ရဲ့ စေညွှန်ရာကို လှည့်လည်‌လျှောက်လှမ်းရင် စိတ်ရဲ့...