သတိရတယ်ဆိုတာထက် ပိုခဲ့ပါတယ် ။
နောင်ဖြစ်လာမယ် မနက်ဖြန်မှာ ခဏတာနိဗ္ဗာန်ဆိုတာ အိပ်စက်ခွင့်မရှိတဲ့ အိမ်မက် တစ်ခုပါပဲ ။
ရင်ခုန်သံတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေက အမှတ်ပြည့်ရတဲ့ အလွမ်းတွေပေါ့ ။
လက်ကိုတွဲမခွဲအတူ ဆိုတာကလည်း အရာရာကိုနားမလည်ပဲ အချစ်ကို ကစားမိတဲ့သူတွေ မှာ သာယာမှုကို ရှာဖွေလို့ တွေ့မှာ မဟုတ်လောက်ဘူး ။
မျက်နှာဖုံးတွေပြည့်နက်နေတဲ့အပြုံးတွေ မှာ မျက်ရည်စတွေနဲ့ အလွမ်းကို အားဖြည့်ပေးနေတယ် ။
ဘဝနဲ့ရင်းပြီး ချစ်ခဲ့မိတော့လည်း ဘဝတစ်ခုလုံးစာ လွမ်းရတာ တန်ပါပေတယ် ။ ဘာတန်ဖိုးမှ မရိှသော အချစ်အတွက် ထိုက်ထိုက်တန်တန် လွမ်းကြည့်ကြတာပေါ့ ။
လိမ်နေတာမှန်းလည်း သိတယ် ။ နင်ညာနေတာမှန်းလည်း သိတယ် ။
ချစ်လွန်းတော့လည်း နှလုံးသားတွေ နစ်မွန်းေနရင်တောင် ချစ်နေမှာပဲ မိရှင်နွေ
နင်ပြောခဲ့သလို ပူလောင်စေတာ ငရဲသာဆိုရင် ငါအတွက် နင်အနားမရှိချိန်တွေက ငါ့ရဲ့ငရဲတွေပါပဲ
#အဓိပတိကမ်မ

No comments:
Post a Comment